← Chapters

ကောင်းကင်အမြုတေဓါး

Vol. 34 Ch. 502

ကောင်းကင်အမြုတေဓါး

Vol. 34 Ch. 502

စိတ်ဝိညာဉ်သော့ခတ်ပန်းသည် ဆူဇီမို၏ ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို သော့ခတ်ထားနိုင်သော်လည်း အဲ့ဒါက သူ့ရင်အုပ်ထဲရှိ အတွင်းအမြုတေကိုတော့ မချုပ်နှောင်ထားနိုင်ပေ။

သားရဲများ ကျင့်ကြံသော အတွင်းအမြုတေများက စိတ်ဝိညာဉ်ချီနှင့် မပတ်သတ်ပေ။

တစ်ခဏအတွင်း ရွှေအမြုတေနှစ်ယောက်က သေသွားလေပြီ။

ဆူဇီမို၏ သားရဲပုံစံ၌ သူတို့နှစ်ယောက်က ကူကယ်ရာမဲ့စွာနှင့် အသက်တစ်ရှိုက်စာတောင် တောင့်မခံနိုင်ခဲ့ကြပေ။

ကန်းလန်နှင့် အခြားနှစ်ယောက်သည်လည်း တုန်လှုပ်ချောက်ချားသွားကြပြီး လှည့်ပြေးကြလေတော့သည်။

သို့သော်လည်း ဝင်္ကပါ၏ အစပ်သို့ ရောက်လာပြီးနောက် သူတို့၏ အမူအယာများက ပြောင်းလဲသွားကြ၏။

ရုတ်တရက်.. သူတို့သုံးယောက်သည် တစ်စုံတစ်ရာကို နားလည်သွားကြ၏။

ယခု ထန်ဟောက်က သေသွားပြီဖြစ်တာကြောင့် သူတို့သုံးယောက်သည် တစ်ခဏအတွင်း သူ၏ ဝင်္ကပါကို ဖျက်ဆီးနိုင်ကြမှာ မဟုတ်ပေ။

ဆူဇီမိုသည် ဝင်္ကပါသခင်ထန်ဟောက်ကို အရင်သတ်ရသည့် အကြောင်းရင်းမှာလည်း သူသည် အဲ့ဒါကို တွေးထားပြီးသောကြောင့် ဖြစ်လေသည်။

ဤထောင်ချောက်သည် မူလကတော့ ဆူဇီမိုကို သတ်ဖို့ ပြင်ဆင်ထားခြင်းဖြစ်၏။ ဘယ်သူက တွေးမိမှာလဲ.. အဲ့ဒါက သူ့တို့ရဲ့အုတ်ဂူအဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့။

စီမာကျီသည် လှည့်ထွက်ပြေးရုံ ရှိသေးသည်.. ဆူဇီမို၏ လက်ဝါးကြီးက ဖြန့်ကား၍ သူ့ဆီသို့ ရောက်ရှိလာပြီဖြစ်၏။

ဘုန်း.. ဝုန်း.. ဝုန်း..

“သွား”

ပြေးလို့ မလွတ်နိုင်တော့တာကြောင့် စီမာကျီသည် သိုလှောင်အိတ်ထဲကနေ ဓါးပျံနှစ်လက်ကို ဆွဲထုတ်ပြီး အထဲသို့ ရွှေအမြုတေတစ်ယောက်၏ စွမ်းအားကို ထိုးသွင်းလိုက်၏။ ချက်ချင်းပင် ဓါးနှစ်လက်က လင်းလက်တောက်ပလာပြီး အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲသွားကာ သူ့ဦးခေါင်းထက် လွှမ်းခြုံလာသော လက်ဝါးကြီးသို့ ပစ်ဝင်သွား၏။

“အစစ်အမှန်မီးအာကာသလောင်မီးကျခြင်း”

တစ်ချိန်တည်းမှာပင် စီမာကျီသည် လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်၍ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်၏။

သူ့လက်ဖဝါးထဲမှာ ခြစ်ခြစ်တောက် ပူပြင်းသော မီးတောက်များက လောင်ကျွမ်းလာ၏။

စီမာကျီသည် သူ့လျှာကိုကိုက်၍ မီးတောက်များထဲသို့ သွေးအဆီအနှစ်တစ်လုတ်ကို ထွေးထုတ်လိုက်၏။

ချက်ချင်းပင် မီးတောက်များက ကောင်းကင်ထက်သို့ ပျံတက်သွား၏။

“သွား”

သူသည် ပြင်းထန်စွာနှင့် သူ့လက်ထဲမှ မီးတောက်များကို ဆူဇီမို၏ မျက်နှာဆီသို့ ပစ်သွင်းလိုက်၏။

“မင်းဟာမင်း ဘယ်လိုမွန်းစတားဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ.. လောင်ကျွမ်းစမ်း”

စီမာကျီသည် သူ့ရင်ထဲရှိ အကြောက်တရားကို ဖိနှိမ်နေသည့်အလား အားကုန် အော်ဟစ်လိုက်၏။

ဆူဇီမို၏ အမူအယာက ပုံမှန်အတိုင်း အေးစက်မြဲပင်။

သူ၏ သားရဲသွင်ပြင်တွင် စီမာကျီ၏ သာလွန်အဆင့်ဓါးပျံက လုံးဝ ခြိမ်းခြောက်ဖွယ်ရာ မဟုတ်ပေ။

ဆူဇီမိုသည် ဝင်ရောက်လာသော ဓါးပျံများကို ဖမ်းယူပြီး သူ့လက်ကို တင်းကျပ်အောင် ဆုပ်ပြီးမှ လွှတ်ချလိုက်၏။

သာလွန်အဆင့်ဓါးပျံနှစ်လက်က ကြေမွ၍ မြေပြင်ပေါ်သို့ အပိုင်းပိုင်းအတစ်တစ် ပြုတ်ကျသွားလေသည်။

ထိုသည်ကို မြင်သောအခါ စီမာကျီနှင့် အခြားနှစ်ယောက်သည် ချောက်ချားသွားကြ၏။

အဲ့ဒါက ဘယ်လိုခန္ဓာမျိုးလဲဟ..

သာလွန်အဆင့်လက်နက်ကတောင် သူ့ကို မထိခိုက်နိုင်ဘူးလား..

မီးတောက်များ ဝင်လာသည်ကို တွေ့သော်လည်း ဆူဇီမိုက ရှောင်လဲမရှောင်၊ နောက်လဲမဆုတ်ပေ။ သူ့ပါးစပ်ကို ဖွင့်ပြီး ကြီးမားသည့် လေစီးကြောင်းတစ်ခုကို မှုတ်ထုတ်လိုက်၏။

ရွှစ်..

တဝှီးဝှီး လေသံနှင့်အတူ သူ၏ သွေးနီရောင်းသားရဲချီများက အံ့ဩမှင်တက်စရာပုံစံနှင့် ရုန်းကန်ထွက်လာ၏။

မီးတောက်များက ချက်ချင်း ငြိမ်းသေသွား၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်သည် ဆူဇီမိုထံမှ သားရဲချီလေမှုတ်ချက်နှင့်ပင် ငြိမ်းသေသွားရ၏။

“သေလိုက်တော့”

ဆူဇီမိုက ခေါင်းလောင်းထိုးသံကြီးကဲ့သို့ အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဘုန်း..

လက်ဝါးတစ်ဖက်က ကျဆင်းလာပြီး စီမာကျီ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းစုတ်ပြဲ၍ သေဆုံးသွားလေသည်။

“ဘာမှ မကြောက်နဲ့”

သူ့မှာ ပြေးစရာနေရာ မရှိဆိုတာကို မြင်လိုက်ရပြီး လျန့်ဟမ်က လျှင်မြန်စွာ ဣန္ဒြေထိန်း၍ လေးနက်စွာ ပြောလိုက်၏။

“ကန်းလန်က ဒီပြဿနာက မင်းကနေ စခဲ့တာပဲ.. အခု ငါတို့နှစ်ယောက်မှာ ထွက်ပေါ်က တစ်ခုပဲရှိတယ်.. အဲ့ဒီကောင်စုတ်ကို သတ်ဖို့ပဲ”

“ငါတို့ ပူးပေါင်းလိုက်ရအောင်”

ကန်းလန်က အံ့ကိုကြိတ်၍ တံတွေးမျိုချလိုက်၏။

“ခင်ဗျားမှာ ဝှက်ဖဲတွေ ရှိနေသေးတယ်ဆို အကုန်ထုတ်သုံးဖို့ အချိန်တန်လာပြီ.. ဆက်ပြီး လျှိုမနေနဲ့တော့”

လျန့်ဟမ်၏ မျက်လုံးများက ပြတ်သားလာပြီး သူ့သိုလှောင်အိတ်ကိုပုတ်၍ တလက်လက်တောက်ပနေသော ငွေသတ္တုချိန်းကြိုးတစ်ကြိုးကို ဆွဲထုတ်လိုက်၏။

“သွား”

လျန့်ဟမ်က ဟိန်းဟောက်၍ ငွေသတ္တုချိန်းကြိုးကို ဆူဇီမို၏ ဦးခေါင်းဆီသို့ ပစ်လိုက်၏။ အဲ့ဒါက ဆူဇီမို၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချသွားပြီး ထပ်တလဲလဲ တင်းကျပ်စွာ ချုပ်နှောင်လိုက်၏။

သူ၏ သွေးနီရောင်သားရဲချီများက ထိုဝင်းလက်နေသော ငွေသတ္တုချိန်းကြိုး၏ ဖိနှိမ်ခြင်းကို ခံလိုက်ရပုံရပြီး တဖြည်းဖြည်း မှိန်ဖျော့သွား၏။

ဆူဇီမို၏ ဘေးပတ်လည်ကနေ ဝန်းရံနေသော သားရဲဘုရင် ခုနှစ်ပါး၏ ပုံရိပ်များကလည်း တဖြည်းဖြည်း မှိန်ဖျော့၍ ပျက်ပြယ်တော့မည့် လက္ခဏာပြလာ၏။

ကန်းလန်သည် ကျေနပ်သဘောကျသွားပြီး ချီးကျူးလိုက်၏။

“မိုက်လိုက်တဲ့ နည်းလမ်းဗျာ.. အစ်ကိုလျန့်ဟမ်ရာ”

လျန့်ဟမ်က စိတ်သက်သာစွာ သက်ပြင်းချပြီး ဂုဏ်ယူဝင့်ကြွားကာ ကြေညာလိုက်၏။

“ဒါက လွန်ခဲ့တဲ့ နှစ်၈၀တုန်းက ဥပစာရှေးဟောင်းတိုက်ပွဲမြေကနေ ငါရလာခဲ့တဲ့ ရတနာပဲ.. အဲ့ဒါက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ဆိုပေမယ့်လဲ သားရဲချုပ်သော့က အထူးသဖြင့် သားရဲတွေပေါ်မှာ အရမ်းထိရောက်တယ်”

“ဒါနဲ့သာ ချုပ်နှောင်ခံရရင် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်တောင်မှ ဦးညွှတ်ကျသွားလိမ့်မယ်”

ဆူဇီမိုသည် ခွန်အားကို စိုက်ထုတ်၍ ငွေသတ္တုချိန်းကြိုးကနေ ရုန်းထွက်ဖို့ ကြိုးစားလိုက်၏။

သို့သော်လည်း အဲ့ဒါက မကျေနပ်သည့်အလား ငွေသတ္တုချိန်းကြိုးက ပို၍ တင်းကျပ်သွားပြီး သူ့အသားထဲသို့ပင် နစ်ဝင်သွား၏။

“ဟမ့်”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။

“ဟီးဟီး”

လျန့်ဟမ့်က လှောင်ရယ်လိုက်၏။

“ကောင်လေး.. မင်းပိုရုန်းကန်လေ ဒီသော့က ပိုတင်းကျပ်လာလေ ဖြစ်မှာပဲ.. စေတနာအကြံပေးလိုက်မယ်.. မင်းကိုမင်း ပိုပြီး ဒုက္ခရောက်အောင် မလုပ်စမ်းပါနဲ့”

“အစ်ကိုလျန့်ဟမ်.. သူ့ကို စကားပြောပြီး အချိန်ဖြုန်းမနေပါနဲ့ဗျာ.. ကျုပ်တို့ နောက်နောင် ပြဿနာထပ်မပေါ်လာရအောင် တစ်ခုထဲ သတ်လိုက်ကြရအောင်”

“ဒါပေါ့”

လျန့်ဟမ်က အေးစက်၍ တလက်လက်တောက်ပနေသော ဓါးတစ်လက်ကို ဆွဲထုတ်လိုက်၏။ တစ်ကယ်ပဲ သူက ဓါးကျင်ကြံသူတစ်ယောက်ပင်။

ကန်းလန်ကလည်း ထိပ်တန်းအဆင့်ဓါးပျံတစ်လက်ကို ဆင့်ခေါ်လိုက်ပြီး ဆူဇီမို၏ ဦးခေါင်းကို ပိုင်းချဖို့ ပြင်လိုက်၏။

“ဟဟဟားဟား”

ရုတ်တရက်.. ဆူဇီမိုသည် တောဝင်သွားသောအကြည့်ဖြင့် ခေါင်းကိုမော့၍ ရယ်ချလိုက်၏။

“ဒီ သံချေးတက်နေတဲ့ ချိန်းကြိုးလေးနဲ့ ငါ့ကို ချုပ်နှောင်ထားနိုင်မယ်လို့ ထင်နေကြတာပေါ့လေ”

ဝေါ..

ဆူဇီမို၏ ကိုယ်တွင်းရှိ သွေးချီများက တလိပ်လိပ်တက်လာပြီး သူ့အတွင်းအမြုတေက အရူးအမူး အရူးအမူး လည်ပတ်လာ၏။ သွေးနီရောင်သားရဲချီများက အတောမတတ် ထုတ်ပေါ်လာလေသည်။

ရှေးကျသော သားရဲဘုရင် ခုနှစ်ပါးက တစ်ဖန်ပြန်စုဖွဲ့လာပြီး သူတို့၏ မျက်လုံးများက လင်းလက်လာ၏။

“ဖျက်ဆီးစမ်း”

ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ရင်း ဆူဇီမို၏ အသားများက ပြန့်ကားလာပြီး သူ့သွေးချီစွမ်းအားက အကန့်အသတ်ထိ မြင့်တက်လာ၏။ ချက်ချင်းပင် ငွေသတ္တုချိန်းကြိုးက စတင်၍ တဗျစ်ဗျစ် မြည်လာ၏။

လျန့်ဟမ်၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွား၏။

သူ မတုံ့ပြန်နိုင်သေးခင်မှာပင် ဖောင်းကနဲ အသံက ထွက်ပေါ်လာ၏။

ဆူဇီမို၏ အန္တိမသားရဲခွန်အားဖြင့် ငွေသတ္တုချိန်းကြိးက အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သတ္တုကျိုးပဲ့စများက ပြန့်ကျဲထွက်သွား၏။

“သေစမ်း”

ရူးသွပ်စွာ ဟိန်းဟောက်၍ ဆူဇီမိုသည် ခြေလှမ်းကျဲကြီးဖြင့် လျန့်ဟမ်ရှေ့သို့ ရောက်လာ၏။ သူ၏ ကြီးမားသည့် လက်ဖဝါးကြီးကို ဖြန့်၍ ထိုသူအပေါ်သို့ အုပ်မိုးလိုက်၏။

ဆူဇီမို၏ ကြောက်စရာကောင်းလှသည့် ခန္ဓာကိုယ်ကို မြင်တွေ့ထားဖူးပြီးပြီဖြစ်တာကြောင့် လျန့်ဟမ်သည် နမော်နမဲ့ မလုပ်ရဲဘဲ အံကိုတင်းတင်းကြိတ်လိုက်၏။ သူ့ခန္ဓာကိုယ်ရှိ ရွှေအမြုတေကို လှည့်ပတ်ကာ ဟိန်းဟောက်လိုက်၏။

“ရွှေအမြုတေနယ်မြေ.. ကောင်းကင်အမြုတေဓါး”

ချွမ်း.. ချွမ်း..!

ဓါးသံများက ထွက်ပေါ်လာပြီး ဝင်္ကပါအတွင်းမှာ ပဲ့တင်ထပ်သွား၏။

လျန့်ဟမ့်နောက်တွင် ကြီးမားသည့် ဆိုင်ကလုန်းတစ်ခုက ဖြစ်ပေါ်လာပြီး ထက်ရှသောဓါးများက တဟူးဟူး မြည်ကြွေး၍ ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်သွား၏။

ကောင်းကင်အမြုတေဓါးများက ရောက်မလာသေးခင်မှာပင် ဆူဇီမို၏ အရေပြားက အနည်းငယ် စုတ်ပြဲသွား၏။

ရွှေအမြုတေအဆင့်မှာ ရွှေအမြုတေနယ်မြေများက အသန်မာဆုံး ဖြစ်လေသည်။

All Chapters