အမှန်တရားပေါ်ပြီ(ခ)
Vol. 50 Ch. 755
“ တကယ်လို့ မင်းက ဒေသအကြီးအကဲကို အဆိပ်ခတ်ချင်တယ်ဆိုရင် ပြင်းထန်တဲ့ ချဉ်းကပ်နည်းကို သုံးစရာမလိုဘူး… မင်းလုပ်ဖို့လိုအပ်တာက သိမ်မွေ့ညင်သာတဲ့နည်းလမ်းကိုပဲ အသုံးပြုရမှာ ”
“ ဘယ်လိုသိမ်မွေ့ညင်သာရမလဲဆိုတော့ မင်းက သူ့ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်ရမယ်… ပြီးတော့ အဲ့ဒီပတ်ဝန်းကျင်ဆိုတာ ဒေသငယ်မြို့တော်ထဲက လူသားတွေ ”
“ ဘယ်လိုသိမ်မွေ့ညင်သာရမလဲဆိုတော့ မင်းက သူလိုအပ်တဲ့ အာဟာရဖြည့်စာတွေကို ပြောင်းလဲပစ်ရမယ်… လူသားတွေက အသက်ကဒ်ဘေးအလင်းဆေးလုံးရဲ့ ဥပဒေသတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ ကမ္မဖြစ်မလာဘူးလား ”
“ ဒေသအကြီးအကဲကို သူကိုယ်တိုင်သတိမထားမိဘဲ အဲ့ဒါကို ဖြည်းဖြည်းချင်း စုပ်ယူစေပြီး သူ့ကို အတွင်းထဲမှာ လွှမ်းမိုးစေမယ် ”
“ လက်ထောက်ဒေသအကြီးအကဲက ဒေသအကြီးအကဲရဲ့ အခြေအနေကို ပြောင်းလဲစေခဲ့တာမဟုတ်ဘူး ဒေသအကြီးအကဲရဲ့ ကိုယ်ပိုင်စွမ်းအားကပဲ သူ့အခြေအနေကို ပြောင်းလဲစေခဲ့တာ… လက်ထောက်ဒေသအကြီးအကဲလုပ်ခဲ့တာဆိုလို့ သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ လိုချင်တဲ့လမ်းကြောင်းအပေါ်ရောက်အောင် အာဟာရဖြည်စာတွေကို ဖန်တီးပေးခဲ့ရုံလေးပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်နေရင်း ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာသည်။ သူ၏ စိတ်ထဲမှာ လှိုင်းများသည် ပိုပြီးကြီးမားသထက် ကြီးမားလာသည်။
“ ဒီတော့ လက်ထောက်ဒေသအကြီးအကဲက ဒေသအကြီးအကဲကို တိုက်ရိုက်အဆိပ်ခတ်ခဲ့တာမဟုတ်ဘူး… သူက ဒေသအကြီးအကဲကို ဆေးဖက်ဝင်အပင်လို့ သဘောထားခဲ့တာ… သူအဆိပ်ခတ်တဲ့ ပစ်မှတ်က ဆေးဖက်ဝင်အပင်တည်ရှိရာ ပတ်ဝန်းကျင်ဖြစ်တဲ့ ဒေသငယ်မြို့တော်ထဲက လူသားတိုင်းကိုပဲ… ”
“ ဈေးချိုပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဓာတ်ပြယ်ဆေးလုံးတွေထဲ အသက်ကဒ်ဘေးအလင်းဆေးလုံးရဲ့ စွမ်းအားကို ထည့်သွင်းပြီး ဒေသငယ်မြို့တော်အတွင်း ဖြန့်ဖြူးခဲ့တယ်… အဲ့ဒါကို လူသန်းပေါင်းများစွာက နှစ်တွေအကြာကြီး သောက်သုံးခဲ့ကြတယ်… အဲ့ဒါက သူတို့ရဲ့ ကံတရားကို ပြောင်းလဲစေပြီး ဒေသအကြီးအကဲရဲ့ အာဟာရဖြည့်တင်းမှုကို လမ်းလွှဲစေခဲ့တယ် ”
“ ဒါက ဒေသအကြီးအကဲကို အဆိပ်ခတ်ဖို့ ဒေသငယ်မြို့တော်ထဲက လူသားမျိုးနွယ်ရဲ့ ကံတရားကို အသုံးပြုခဲ့တာပဲ ”
“ ဒီလိုနည်းလမ်းက… ”
ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ ဤအတွေးသည် ယုတ္တိကျသည်။ ဤအခိုက်အတန့်မှာ အရာအားလုံးသည် ရှင်းလင်းသွားသည်။
အတိတ်တွင် ဗလာဆန္ဒသေတ္တာထဲ၌ အသက်ကဒ်ဘေးအလင်းဆေးလုံး ရှိခဲ့သည်။ ဆန္ဒသေတ္တာထဲတွင် ယင်းကို အချိန်အတော်ကြာ သိမ်းဆည်းထားခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် ကွေ့ဟွားပန်းနံ့သည် သေတ္တာထဲမှာ ဆက်လက်စွဲမြဲနေသည်။ ယင်းက လုံးလုံးလွင့်ပြယ်မသွားခဲ့ပေ။
အတိတ်တုန်းက တာဝန်မာတိကာထဲတွင် သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှ လူသားမျိုးနွယ်၏ သူလျှိုသည် လျှို့ဝှက်ချက်ကြီးတစ်ခုဖြင့် လွတ်မြောက်သွားခဲ့သည်ဟု ဖော်ပြထားခဲ့သည်။
ယခုအခြေအနေအရဆိုလျှင် တကယ့်သူလျှိုက သေဆုံးသွားလောက်ပြီ ဖြစ်သည်။ ရွှီချင်းနှင့် တခြားလူများသည် သူလျှို၏ သားဖြစ်သော လူငယ်လေးဆီမှ ဗလာဆန္ဒသေတ္တာကို ရရှိခဲ့ကြသည်။
ရလဒ်အနေဖြင့် ဒေသအကြီးအကဲ၏ သေဆုံးမှုအတွက် နောက်ဆက်တွဲ ဆက်လက်စုံစမ်းစစ်ဆေးနိုင်ရန် အခြေခံအုတ်မြစ်ဖြစ်သော သီးသန့်စာရွက်စာတန်း(၁၉)ကို ဖန်တီးပေးနိုင်ခဲ့သည်။
ရှင်းလင်းသွားပြီ… အခု အားလုံးရှင်းလင်းသွားပြီ။
ထို့နောက် ရွှီချင်းသည် (ဃ၁၃၂)ထဲမှ လူငယ်လေးကို သတိရသွားသည်။ တစ်ဖက်လူသည် ဖုန်းဟိုင်ဒေသငယ်၏ ကံတရားအမျှင်တန်းတစ်ခုမှ အသွင်ပြောင်းလဲခံထားရသူ ဖြစ်သည်။ ဆန္ဒသေတ္တာကို ပြန်လည်သိမ်းယူပြီးနောက် သူက စိတ်ဓာတ်ကျနေပုံ ဖြစ်ပေါ်လာသည်။
ထိုအချိန်တုန်းက ရွှီချင်းသည် တစ်ဖက်လူက အားနည်းနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ မသန့်စင်သော တစ်စုံတစ်ခုရှိနေသည်ဟု ခံစားမိခဲ့သည်။
သို့သော်လည်း လူငယ်လေးသည် အလျှင်အမြန် ပြန်ကောင်းမွန်လာခဲ့သည်။ သို့ဖြစ်၍ ရွှီချင်းသည် ယင်းကို အများကြီး မစဉ်းစားခဲ့ပေ။ ထိုအချိန်တုန်းက သူ့မှာ သတင်းအချက်အလက်နည်းပါးသောကြောင့် အကြောင်းအရာများကို တစ်ခုနှင့်တစ်ခု မချိတ်ဆက်နိုင်ခဲ့ပေ။
ထို့နောက် ဒေသအကြီးအကဲသေဆုံးသွားပြီး အကျဉ်းထောင်ဌာနပြိုလဲပျက်စီးသွားသောအခါ လူငယ်လေးသည် ပျောက်ဆုံးသွားခဲ့သည်။
အကျဉ်းထောင်ဌာန၏ ပြိုလဲပျက်စီးမှုက လူငယ်လေးကို ပျောက်ကွယ်သွားစေခဲ့သည်ဟု ရွှီချင်း တွေးထင်ခဲ့သည်။ သို့သော် ယခုတော့ ထိုသို့ဖြစ်ခဲ့ဟန်မရချေ။
ထို့အပြင် ရုံးတော်သခင်သည် သီးသန့်စာရွက်စာတန်း(၁၉)ကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးနောက် ထိုကိစ္စကိုလည်း စုံစမ်းစစ်ဆေးခဲ့ဟန် ရသည်။ သို့သော်လည်း ကံမကောင်းခဲ့သည်မှာ သူသည် အဖြေမှန်နှင့် မနီးစပ်ဘဲ အချိန်သာ ကုန်ဆုံးခဲ့သည်။ ထို့နောက် ဒေသအကြီးအကဲသေဆုံးပြီး စစ်ပွဲရောက်ရှိလာသောကြောင့် သူ၏ ကြိုးစားအားထုတ်မှုတွင် အဟန့်အဟားရှိလာသည်။
အဆုံးမှာတော့ လူတိုင်းကိုသာ သူသံသယဝင်နိုင်တော့သည်။
ရွှီချင်း၏ ဦးရေပြားသည် ထုံကျင်လာသည်။
အထူးသဖြင့် မရေမတွက်နိုင်သော လူများက ဓာတ်ပြယ်ဆေးလုံးကို မဟာကုသိုလ်အဖြစ် မှတ်ထင်နေကြသည်ကို သူတွေးမိသွားသောအခါ ဖြစ်သည်။ ထို့အပြင် လက်ထောက်ဒေသအကြီးအကဲက အဖြေကို တစ်လောကလုံးသိအောင် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။
သို့သော်လည်း မည်သူမှ ထိုအထဲမှ အမှန်တရားကို မမြင်နိုင်ခဲ့ကြပေ။
ဓာတ်ပြယ်ဆေးလုံးသည် ကြီးမားသော အလိမ်အညာ ဖြစ်သည်။
လက်ထောက်ဒေသအကြီးအကဲက ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းကို ပေါ်ပေါ်ထင်ထင် လှောင်ပြောင်နေခြင်းဖြစ်သည်။
မိုးထစ်ချုန်းသံများသည် ရွှီချင်း၏ စိတ်ထဲမှာ အစဉ်မပြတ် ပေါက်ကွဲထွက်သွားပြီး သင်ခန်းစာပို့ချချိန်တုန်းက လက်ထောက်ဒေသအကြီးအကဲ၏ အကြည့်က သူ၏ စိတ်ထဲမှာ ပြန်ထင်ပေါ်လာသည်။
အကြည့်သည် ထိုအချိန်တုန်းက သိမ်မွေ့ညင်သာဟန် ရသော်လည်း ယခုအခါတော့ ထိုအထဲတွင် ဖုံးကွယ်နေသော သရော်လှောင်ပြောင်မှုနှင့် ရယ်မောမှုတို့ရှိနေသည်။ လက်ထောက်ဒေသအကြီးအကဲအတွက် ယင်းသည် ပဟေဠိကစားပွဲတစ်ခုထက် မပိုပေ။
‘ ငါမင်းကို အဖြေပြောပြတယ်… ငါလူတိုင်းကို အဖြေပြောပြထားတယ်… ဒါပေမဲ့ မင်းတို့က ဘာဖြစ်လို့ အဲ့ဒါကို နားမလည်သေးရတာလဲ ’
ထိုသို့ အဖြစ်မှန်ကို နားလည်သဘောပေါက်သွားပြီး အမှန်တရားကို သိမြင်လာသောအခါ ရွှီချင်း၏ စိတ်ထဲတွင် စိတ်မသက်မသာဖြစ်သော ခံစားမှုတစ်ခု ပေါ်လျှိုးလာသည်။
“ လက်ထောက်ဒေသအကြီးအကဲက ဘာဖြစ်လို့ အဲ့လိုလုပ်ရတာလဲ… သူနဲ့ အလင်းရောင်က… ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သို့သော်လည်း သူ၏ စကားသည် တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားသည်။
“ တကယ်တော့ ချူထျန်းချွင်က သူမသေခင်မှာ အဖြေကို ငါ့ကို ပြောပြသွားခဲ့တယ် ”
ကျစ်လွီဆဲ့နှင့် ညဉ့်ငှက်အကြောင်း သူမေးသည့်အခါ ချူထျန်းချွင်ပြောကြားခဲ့သော အဖြေကို ရွှီချင်း အမြဲတမ်း မှတ်မိသည်။
“ ပင်လယ်ရဲ့အရောင်ကို ဘယ်လိုပြောင်းလဲရမလဲ မင်းသိလာတဲ့တစ်နေ့ အရာအားလုံးကို နားလည်လာလိမ့်မယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး ညအမှောင်ထုအောက်မှ ဒေသငယ်မြို့တော်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ လက်ထောက်ဒေသအကြီးအကဲရဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပင်လယ်ရဲ့အရောင်ကို အလွယ်လေး ပြောင်းလဲလို့ရတယ်… ပင်လယ်ထဲ စီးဆင်းသွားမယ့် မရေမတွက်နိုင်တဲ့ မြစ်ချောင်းတွေရဲ့ အရောင်ကို ပြောင်းလဲပစ်လိုက်ရုံလေးနဲ့ ပင်လယ်က တဖြည်းဖြည်း အရောင်ပြောင်းလဲသွားလိမ့်မယ် ”
“ ဒါက အဖြေပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
“ လက်ထောက်ဒေသအကြီးအကဲက ကျစ်လွီဆဲ့လား ဒါမှမဟုတ် ညဉ့်ငှက်လား ”
“ အဲ့ဒါသူပဲ… သူက ဒေသအကြီးအကဲကို အဆိပ်ခတ်ခဲ့တာ ”
“ ရုံးတော်သခင်ရဲ့ နောက်ဆုံးအချိန်မှာ ထွက်ပေါ်လာခဲ့တဲ့ ထူးဆန်းတဲ့လူက အမတ်ယောင်မဟုတ်ဘူး… သူက လက်ထောက်ဒေသအကြီးအကဲပဲ ”
ရွှီချင်းသည် အမှန်တရားကို နားလည်သွားသည်။
သို့သော်လည်း ဤအကြောင်းကို မည်သူ့ဆီတင်ပြသင့်ကြောင်း သူမသိပေ။
သူ့အား ကိစ္စအားလုံးကို စုံစမ်းစစ်ဆေးခိုင်းခဲ့သည့် ပုဂ္ဂိုလ်သည် ဤလောကမှ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် လက်ထောက်ဒေသအကြီးအကဲသည် ဖုန်းဟိုင်ဒေသငယ်၏ ကျောရိုးမကြီးသဖွယ် ဖြစ်သည်။ ဒေသငယ်ထဲမှ အကြီးအကဲအားလုံးသည် သူ့အား မှီခိုနေကြရသည်။ သူ၏ ဓာတ်ပြယ်ဆေးလုံးများက အကျိုးဆောင်မှုကြီးကို ပြုလုပ်ခဲ့သောကြောင့် လက်တောက်ဒေသအကြီးအကဲသည် သတ္တမမင်းသားထံမှ မျက်နှာသာပေးခြင်းကို ရရှိထားရုံသာမက ပြည်သူပြည်သားများထံမှလည်း ယုံကြည်မှုကို ရရှိထားသည်။
သူက ဖုန်းဟိုင်ဒေသငယ်တွင် ကောင်းကင်ပေါ်မှ နေမင်းကြီးသဖွယ် ရှိသည်။
သတ္တမမင်းသားရောက်ရှိလာပြီးနောက် သူ၏ လှုပ်ရှားမှုများကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူတို့နှစ်ယောက်က အစောကြီးကတည်းက အတူပူးပေါင်းထားပြီးဖြစ်ကြောင်း မြင်နိုင်ရန် မခက်ခဲလှပေ။
“ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ကျောက်စိမ်းဖြူလက်ပေါ်လာရတဲ့ အကြောင်းပြချက်က တကယ်တော့ သဘောတူညီမှုတစ်ခုပဲ ”
ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဓားကိုင်အိမ်ယာ၏ တံခါးကို ဖွင့်လိုက်သည်။ သူက တံခါးဝမှာ မတ်တတ်ရပ်လိုက်ပြီး အပြင်ဘက်မှ ညဉ့်နက်ကောင်းကင်ကို ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် အဝေးမှ ကောင်းကင်ယံတွင် အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကို လင်းထိန်သွားစေသည်။
၎င်း၏ ထွက်ပေါ်လာမှုက အာရုဏ်တတ်ချိန်ကို ယခင်ထက် အများကြီး ပိုမိုမြန်ဆန်စေသည်။
ကောင်းကင်သည် လင်းထိန်လာပြီး မြေပြင်သည် နွေးထွေးလာသည်။
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်ထဲမှ ကျင့်ကြံသူအားလုံးသည် လက်ထောက်ဒေသအကြီးအကဲထံမှ သတိပေးချက်ကို ရရှိသွားကြသည်။
“ လူသားဧကရာဇ်ရွှမ်ကျန်းက လွန်ခဲ့တဲ့နာရီနှစ်ဆယ်လောက်က ကောင်းကင်နက်မျိုးနွယ်ရဲ့ ဒေသကြီးထဲမှာ လူသားမျိုးနွယ်ပိုင် ဒေသစစ်လက်နက်ကို မြှောက်တင်ခဲ့တယ် ”