← Chapters

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(က)

Vol. 50 Ch. 756

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(က)

Vol. 50 Ch. 756

ရွှမ်ကျန်းပြက္ခဒိန်၊ (၂၉၃၂)နှစ် အောက်တိုဘာလကုန်တွင်…

ရှေးဘုရင်ရွှမ်ယုံ၏ (၃၉၁၅)ကြိမ်မြောက်မြေးဆက် ကြီးမြတ်သော ကောင်းကင်အထွတ်အမြတ် ဧကရာဇ်ရွှမ်ကျန်း၏ သတ္တမမြောက်သားတော် ကူယွဲ့ကျန်းကန်သည် အင်ပါယာ၏ အမိန့်တော်ကို လိုက်နာလျက် ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ပြီး ရှေးဘုရင်ရွှမ်ယုံ၏ နဝမမြောက်နန်းတော်ကို ဖွင့်လှစ်ခဲ့သည်။

သတ္တမမင်းသားသည် ကောင်းကင်နက်မျိုးနွယ်၏ နတ်ဘုရားဖြစ်သော နီလာနတ်သမီးကို နဝမမြောက်နန်းတော်ထဲသို့ ဆင့်ခေါ်ခဲ့ပြီး နန်းတော်ထဲမှ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားကို ဝါးမျိုစေခဲ့သည်။ ယင်းက ဖုန်းဟိုင်ဒေသငယ်၏ ပုန်းကွယ်နေသော အန္တရာယ်ကို အမြစ်ဖြတ်ဖယ်ရှားစေခဲ့ပြီး ဒေသငယ်ထဲမှ လူသန်းပေါင်းများစွာ၏ ဘေးကင်းလုံခြုံရေးကို သေချာစေခဲ့သည်။

ကြီးမြတ်သော ကောင်းကင်အထွတ်အမြတ် ဧကရာဇ်ရွှမ်ကျန်း၏ မြင့်မြတ်သောအမိန့်တော်ကို ဖြည့်ဆည်းပေးခြင်းဖြင့် စစ်ပွဲတွင် အောင်ပွဲရလဒ်များသည် လူသားမျိုးနွယ်ဘက်သို့ တဖန်ဦးမော့လာခဲ့သည်။

ယင်းသည် ဘေးပတ်ဝန်းကျင်မှ ဒေသကြီးများကို ထိတ်လန့်သွားစေပြီး ရှေးဟောင်းလူမျိုးစုများနှင့် မျိုးနွယ်စုများကြားတွင် ကြီးမားသော လှိုင်းဂယက်တစ်ခုကို အစပျိုးလာစေသည်။

ဖုန်းဟိုင်ဒေသငယ်အတွင်းရှိ သန်းပေါင်းများစွာသော မျိုးနွယ်စုများသည် အော်ဟစ်ချီးမြှောက်ကြပြီး လူသားမျိုးနွယ်သည် ခေါင်းမြင့်မြင့်မော့နိုင်လာသည်။ လူသားဧကရာဇ်သည် သတ္တမမင်းသား၏ ကြီးမားသော အောင်မြင်မှုများကို ဂုဏ်ပြုချီးကျူးခဲ့သည်။

ထိုတစ်လတည်းတွင် ရှေးဘုရင်ရွှမ်ယုံ၏ နဝမနန်းတော်ကို ဖွင့်လှစ်ပြီး ကိုးရက်အကြာမှာ ကြီးမြတ်သော ကောင်းကင်အထွတ်အမြတ် ဧကရာဇ်ရွှမ်ကျန်းသည် ကောင်းကင်နက်မျိုးနွယ်၏ လပေါင်းများစွာ ဘေးကျပ်နံကျပ် တိုက်ခိုက်ခံရပြီးနောက် မဟာနန်းမြို့တော်ဒေသကြီး၏ အစွမ်းပကားကို နောက်ဆုံးမှာတော့ ထုတ်ပြလိုက်သည်။

သူက အာရုဏ်ဦးနေမင်းကို ကောင်းကင်နက်မျိုးနွယ်၏ ပိုင်နက်ထဲသို့ ပစ်လွှတ်လိုက်သည်။

လုံးဝန်းပြီး အရွယ်အစားကြီးမားကာ နေသူရိန်ကဲ့သို့ ထွန်းလင်းတောက်ပသော ပစ္စည်းသည် လူသားမျိုးနွယ်ပြန်လည်ထမြောက်လာခြင်း၏ အမှတ်သင်္ကေတဖြစ်သည်။ ၎င်းသည် ကောင်းကင်နက်ဒေသကြီးထဲမှာ ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်ပြီး အကန့်အသတ်မရှိသော အလင်းတန်းများနှင့် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများကို ထုတ်လွှတ်လိုက်သည်။

၎င်းသည် ကောင်းကင်နက်မျိုးနွယ်၏ ဒေသကြီးတစ်ခုလုံးကို လောင်မြိုက်သွားစေပြီး ကောင်းကင်ကို ပြိုကျသွားစေကာ မြေကြီးကို အက်ကွဲသွားစေသည်။ မရေမတွက်နိုင်သော ကောင်းကင်နက်မျိုးနွယ်ဝင်များသည် မီးလောင်ပြာကျသွားကြပြီး ကောင်းကင်နက်မျိုးနွယ်ကျင့်ကြံသူများသည် ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။

မုန်တိုင်းသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။ ၎င်းသည် မီးပင်လယ်ကို ထာဝရမီးတောက်ကြီးတစ်ခုသို့ ပြောင်းလဲသွားစေပြီး အရပ်မျက်နှာအဘက်ဘက်မှ ကြည့်မြင်နိုင်သည်အထိ ထွန်းလင်းတောက်ပ၏။

ကောင်းကင်နက်မျိုးနွယ်၏ မှောင်မိုက်သော ဒေသကြီးသည် တောက်ပသောအလင်း၏ ဖုံးလွှမ်းခံလိုက်ရသည်။

အကြမ်းဖျဉ်းခန့်မှန်းမှုအရ ထိုအလင်းနှင့် အပူသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေလိမ့်မည်ဖြစ်ပြီး ၎င်း၏ သက်ရောက်မှုသည် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားလိမ့်မည်။ ရာစုနှစ်များစွာ ကြာမြင့်သွားသည့်တိုင်အောင် တငွေ့ငွေ့လောင်ကျွမ်းနေမည့် မီးစများကြားတွင် အမှောင်ထုသည် ကောင်းကင်နက်မျိုးနွယ်၏ ဒေသကြီးထဲမှာ ပြန်လည်နေရာရရန် ရုန်းကန်ရပေလိမ့်မည်။

မရေမတွက်နိုင်သော သက်ရှိများသည် သေကြေပျက်စီးသွားကြလိမ့်မည်။ အသစ်မွေးဖွှားလာကြမည့် မျိုးနွယ်ဝင်များသည် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားကြလိမ့်မည်။

ထိုအဖြစ်အပျက်၏ သက်ရောက်မှုသည် ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားပြီး မျိုးနွယ်စုအားလုံးကို အံ့အားသင့်သွားစေသည်။ ယခင်က လူသားမျိုးနွယ်၏ နန်းမြို့တော်ဒေသကြီးကို ပါဝင်တိုက်ခိုက်ရန် အကြံအစည်ရှိခဲ့ကြသော မျိုးနွယ်စုများသည် ချက်ချင်း အနောက်ဆုတ်သွားကြပြီး သူတို့၏ နယ်စပ်များကို ပိတ်ဆို့လိုက်ကြသည်။ သူတို့သည် ကြောက်လန့်သွားကြသည်။

ယင်းက အထက်မျိုးနွယ်များ၏ အာရုံစိုက်မှုကိုခံရပြီး လောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ထိုအဖြစ်အပျက်သည် နှစ်ထောင်သောင်းကြာသွားသည်အထိ မမြင်တွေ့ခဲ့ရသော အထွတ်အမြတ် ခေတ်သစ်တစ်ခု၏ နိဒါန်းဟုပင် ပြောစမှတ်တွင်ခဲ့သည်။

လူသားဧကရာဇ်ရွှမ်ကျန်း၏ နာမည်သည် တစ်လောကလုံးကို ကြေညာလိုက်ပြီး ဟိုးလေးတကျော်ကျော်ဖြစ်သွားသည်။

အာရုဏ်ဦးနေမင်းကို ပစ်လွှတ်လိုက်သည့်နေ့တွင် လူသားဧကရာဇ်သည် လောကကြီးထဲမှ မျိုးနွယ်စုအားလုံးကို ယနေ့မှစ၍ လူသားမျိုးနွယ်သည် သားကောင်နေရာမှ နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။ တစ်နည်းအားဖြင့် “ ငါတို့မှာ… ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိသွားပြီ ”ဟု တစ်လောကလုံးကို အသိပေးလိုက်သည့်သဘော ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အာရုဏ်ဦးနေမင်းသည် ဒေသစစ်လက်နက် ဖြစ်သည်။

ထို့အပြင် ယင်းကို နတ်ဘုရားများက ပြုလုပ်ထားခြင်းမဟုတ်ဘဲ လူသားများက ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုတစ်လတည်းတွင် ဆုံးရှုံးမှုကြီးနှင့် တွေ့ကြုံပြီးနောက် ကောင်းကင်နက်မျိုးနွယ်၏ စစ်တပ်သည် ထိတ်လန့်မှုနှင့် ခံပြင်းဒေါသဖြင့် ပြည့်နှက်သွားကြသည်။ သို့သော်လည်း သူတို့သည် အနောက်ဆုတ်မသွားကြပေ။

ယင်းအစား သူတို့သည် အစွမ်းကုန်ကြိုးစား၍ သူတို့၏ ကိုယ်ပိုင်ဒေသစစ်လက်နက်ကို ထုတ်ဖော်လိုက်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် နန်းမြို့တော်ဒေသကြီး၏ သုံးဆယ်ရာခိုင်နှုန်းကို ဖျက်ဆီးပစ်လိုက်သည်။

ကောင်းကင်နက်မျိုးနွယ်သည် ခေါင်းမာပြီး နောင်တမရပေ။ သူတို့သည် လူသားမျိုးနွယ်၏ တောင်းဆိုချက်များကို မှားယွင်းသည်ဟု ယုံကြည်ပြီး မောက်မာထောင်လွှားစွာ ငြင်းပယ်ခဲ့သည်။

သူတို့၏ သဘောထားကျဉ်းမြောင်းမှုအရ လူသားမျိုးနွယ်၏ ဒေသစစ်လက်နက်သည် ရိုးရာဒေသစစ်လက်နက်များနှင့် အခြေခံအားဖြင့် ကွဲပြားခြားနားသည်ဟု ဆိုကြသည်။

၎င်းမှာ တိကျသော ပုံပန်းသဏ္ဍာန်မရှိပေ။ ၎င်းသည် တစ်ခါသုံး နည်းလမ်းတစ်ခုဖြစ်သည်။

ထို့ကြောင့် ၎င်းသည် တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်သော ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ရမည်ဟု ကောင်းကင်နက်မျိုးနွယ်က အခိုင်အမာ ယုံကြည်ကြသည်။

သို့ဖြစ်၍ စစ်ပွဲခရာသံများသည် ဆက်လက်မြည်ထွက်လာသည်။

ရွှမ်ကျန်းပြက္ခဒိန်၊ (၂၉၃၂)ခုနစ် နိုဝင်ဘာလတွင်…

အာရုဏ်ဦးနေမင်းကို ပထမအကြိမ် ပစ်လွှတ်ပြီး ခုနစ်ရက်အကြာတွင် လူသားဧကရာဇ်ရွှမ်ကျန်းသည် လူသားမျိုးနွယ်၏ အင်အားကို နောက်ထပ်တစ်ကြိမ် ထုတ်ဖော်ပြသခဲ့သည်။ သူသည် တစ်ခုထက်ပိုသော အာရုဏ်ဦးနေမင်းကို ကောင်းကင်နက်မျိုးနွယ်၏ နောက်ထပ်ပိုင်နက်တစ်ခုနှင့် သန့်စင်ရေလှိုင်းဒေသကြီး၏ နယ်စပ်များဆီသို့ ပစ်လွှတ်ခဲ့သည်။

အာရုဏ်ဦးနေမင်းနှစ်စင်းသည် ကြီးမားသော မီးလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပြီး ထာဝရတည်တံ့နေမည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်လာသည်။

ချက်ချင်းဆိုသလို ကောင်းကင်နက်မျိုးနွယ်၏ ဒုတိယဒေသကြီးသည် ကြေမွပျက်စီးသွားသည်။ ကုန်းမြေသည် လောင်ကျွမ်းပြာကျသွားပြီး ကောင်းကင်သည် အနီရောင်သို့ ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ကောင်းကင်နက်မျိုးနွယ်ဝင်များသည် အလင်းရောင်ထဲမှာ နာနာကျင်ကျင် အော်ဟစ်ညည်းတွားလျက် ယိုယွင်းပျက်စီးသွားကြသည်။ အများစုသည် မီးတောက်မီးလျှံများကြားထဲမှာ ပြာမှုန်သို့ ပြောင်းလဲသွားကြသည်။ ကျင့်ကြံသူများဖြစ်စေ သာမန်သက်ရှိများဖြစ်စေ ကောင်းကင်နက်မျိုးနွယ်နှင့် အချိတ်အဆက်ရှိသော မည်သူမဆို ဤမြင်ကွင်းသည် အလွန်ကြေကွဲဝမ်းနည်းဖွယ်ရာကောင်း၏။

သေဆုံးသွားသော လူဦးရေသည် အံ့မခန်းများပြားသည်။ ဤသည်မှာ နတ်ဘုရားအစွမ်းက ကောင်းကင်နက်မျိုးနွယ်အပေါ်သို့ သက်ဆင်းသွားသည့်အလားပင်။

ထိုသို့သက်ရောက်မှုသည် သန့်စင်ရေလှိုင်းဒေသကြီးအတွင်းထဲမှာလည်း အတူတူ ဖြစ်သည်။ မီးလျှံမုန်တိုင်းများသည် အစပျိုးထွက်ပေါ်လာပြီး သူတို့၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးဝါးမျိုပစ်လိုက်သည်။

ထိုကိစ္စဖြစ်ပေါ်လာသည်နှင့်ချက်ချင်း စစ်ပွဲအပေါ် အာရုံစိုက်နေကြသော မျိုးနွယ်စုအားလုံးသည် နှုတ်ဆိတ်သွားသည်။

ကောင်းကင်နက်မျိုးနွယ်သည် ထိတ်လန့်သွားသည်။ သူတို့သည် နာကျင်စွာ အော်ဟစ်ငိုကြွေးလျက် နီလာနတ်သမီးကိုဆင့်ခေါ်ပြီး လူသားမျိုးနွယ်ကို အပြစ်တော်ချရန် မရေမတွက်နိုင်သော မျိုးနွယ်ဝင်များကို ယဇ်ပူဇော်ကာ သူတို့၏ နတ်ဘုရားအတတ်ပညာများကို ထုတ်သုံးလိုက်ကြသည်။

သို့သော်လည်း သူတို့၏ ဆင့်ခေါ်မှုသည် ကျရှုံးခဲ့သည်။

သူတို့က ရိုးရာဓလေ့ကို သုံးကြိမ်ကျင်းပခဲ့သော်လည်း သုံးကြိမ်စလုံး ကျရှုံးခဲ့သည်။

ကောင်းကင်နက်မျိုးနွယ်၏ စိတ်ဓာတ်သည် နောက်ဆုံးမှာတော့ ပြိုလဲပျက်စီးသွားသည်။ သူတို့သည် ယခင်ကဲ့သို့ မမောက်မာနိုင်တော့ဘဲ အနောက်သို့ ပြန်ဆုတ်ခွာသွားကြသည်။ လူသားမျိုးနွယ်၏ နန်းမြို့တော်စစ်တပ်သည် သူတို့နောက်သို့ ထက်ကြပ်မကွာလိုက်ပြီး သနားညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်သည်။ ရလဒ်အနေဖြင့် ကောင်းကင်နှင့် မြေပြင်ကို သွေးလွှမ်းသွားစေမည့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်နက်မျိုးနွယ်သည် ဆုံးရှုံးမှုကြီးကို ခံစားသွားရသည်။ သူတို့မှာ ရွေးချယ်စရာမရှိတော့သည့်နောက် လူသားမျိုးနွယ်၏ စစ်တပ်ကျူးကျော်လာမှုကို တားဆီးရန် ဒေသစစ်လက်နက်ဖြင့် ရေခဲအလွှာတစ်ခုကို ဖန်တီးလိုက်ပြီး သူတို့၏ ပိုင်နက်များကို ကာကွယ်လိုက်ရသည်။

ထိုစစ်ပွဲသည် ဝမ်ကူးကုန်းမြေပေါ်မှ မရေမတွက်နိုင်သော မျိုးနွယ်များကို လုံးလုံးလျားလျား ထိတ်လန့်သွားစေသည်။ လူသားမျိုးနွယ်၏ အံ့ဖွယ်အစွမ်းသည် ထပ်မံပေါ်ထွက်လာခဲ့သည်။ လူသားဧကရာဇ်ရွှမ်ကျန်း၏ နာမည်သည် ဝမ်ကူးကုန်းမြေတစ်လျှောက် ထင်ပေါ်ကျော်ကြားလာသည်။

လူသားမျိုးနွယ်က ကြီးမားသော အောင်ပွဲကို ရရှိခဲ့သော်လည်း လူသားဧကရာဇ်ရွှမ်ကျန်းသည် လောဘမကြီးချေ။ သူက ကောင်းကင်နက်မျိုးနွယ်၏ နယ်မြေအတွင်းတစ်လျှောက် သတ်ဖြတ်ခြင်းမပြုခဲ့ချေ။ ယင်းအစား အာရုဏ်ဦးနေမင်း၏ ဖန်တီးမှုသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတုန်းက လူသားဧကရာဇ်ကျင့်ယွင် အဆိုပြုခဲ့သောအရာဖြစ်ကြောင်း ဝမ်ကူးကုန်းမြေထဲမှ အင်အားစုအသီးသီးထံသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဤခရီးစဉ်တွင် အလှည့်အပြောင်းများစွာဖြင့် ပြည့်နှက်နေသော်လည်း အဆုံးသတ်မှာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ဖန်တီးမှု၏ နောက်ကွယ်မှ အခြေခံသဘောတရားကိုတော့ လူသားဧကရာဇ်ရွှမ်ကျန်းသည် လျှို့ဝှက်ချက်အဖြစ် သိမ်းမထားခဲ့ပေ။ သူတို့သည် အာရုဏ်ဦးနေမင်းကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ ဤကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ် သိမ်ဆည်းထားရန် အလွန်ခက်ခဲလှပေသည်။ အနှေးနှင့်အမြန် သိရှိသွားကြမည့်အတူတူ ဤအကြောင်းကို ပွင့်ပွင့်လင်းလင်း အသိပေးကြေညာလိုက်ခြင်းသည် ပိုမိုကောင်းမွန်သည်။ ယင်းက လူသားမျိုးနွယ်၏ အစွမ်းတန်ခိုးကို ထုတ်ဖော်ပြရာရောက်ပြီး မကောင်းသော ရည်ရွယ်ချက်ရှိသည့်လူများကို ခြိမ်းခြောက်နိုင်လိမ့်မည်။

အာရုဏ်ဦးနေမင်းသည် ဆည်းဆာမျိုးနွယ်နှင့် ဆက်စပ်နေသည်။

ဆည်းဆာမျိုးနွယ်သည် လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ သူတို့၏ မျက်လုံးသည် အလွန်အမင်း ထူးခြားပြီး နေရောင်ခြည်ကို စုပ်ယူနိုင်သည်။ ယင်းက အလင်းနှင့် အပူကို သိုလှောင်ထားနိုင်သည်။ သူတို့သည် မျက်လုံးကို ဝမ်ကူးကုန်းမြေတစ်လျှောက် ရောင်းချကြသည်။

သို့သော် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတုန်းက ဝမ်ကူးကုန်းမြေပေါ်တွင် ဆည်းဆာမျိုးနွယ်မရှိခဲ့ကြောင်း လူနည်းစုသာလျှင် သိရှိထားကြသည်။ ဆည်းဆာမျိုးနွယ်သည် လူသားမျိုးနွယ်၏ မျိုးနွယ်အခွဲတစ်ခုဖြစ်ပြီး လူသားဧကရာဇ်ကျင့်ယွင်ခေတ်အတွင်း ဖန်တီးခံခဲ့ရသည်။

သူတို့၏ မျက်လုံးသည် အာရုဏ်ဦးနေမင်း၏ အသေးစားပုံစံ ဖြစ်သည်။

ဤသတင်းသည် အမှားအမှန်ပြောရန် ခက်ခဲသည်။ လူသားမျိုးနွယ်၏ အကြံအစည်သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက စတင်ခဲ့သည်ဟူသော အချက်တစ်ခုတည်းကပင် ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံးကို နှလုံးတုန်သွားစေရန် လုံလောက်သည်။ သူတို့က ဤစစ်ပွဲအတွက် အစီအစဉ်များကို ဆက်တိုက် ကြိုပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် စစ်ပွဲသည် မပြီးဆုံးသေးပေ။

ထိုတစ်လတည်းတွင် ကောင်းကင်နက်မျိုးနွယ်က အရေးနိမ့်သွားစဉ် ဖုန်းဟိုင်ဒေသငယ်သို့ရောက်ရှိနေသည့် လူသားဧကရာဇ်ရွှမ်ကျန်း၏ သတ္တမမြောက်သားတော်သည် စစ်သည်တော်ပေါင်း သန်းခြောက်ဆယ်ပါဝင်သော စစ်တပ်ကို ဦးဆောင်လျက် သန့်စင်ရေလှိုင်းမျိုးနွယ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး လူသားမျိုးနွယ်အတွက် ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်ခဲ့သည်။

စစ်တပ်သည် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ဆုံးရှုံးသွားသော ဖုန်းဟိုင်ဒေသငယ်မှ ပြည်နယ်သုံးခုကို ပြန်လည်ရယူခဲ့သည်။ ထို့နောက် သူတို့သည် သန့်စင်ရေလှိုင်းဒေသကြီး၏ အတွင်းပိုင်းထဲသို့ ဆက်လက်ချီတတ်သွားကြပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်ခိုက်ခဲ့ကြသည်။ သွေးသည် မြေပြင်ပေါ်တွင် မြစ်ကြီးတစ်စင်းနှယ် စီးဆင်းသွားပြီး ကောင်းကင်သည်ပင် နီညိုရောင်သို့ ပြောင်းလဲသွားရသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည် တစ်လှမ်းပြီးတစ်လှမ်း အနောက်ဆုတ်ပေးလိုက်ရပြီး မရေမတွက်နိုင်သော အသက်များနှင့် ပိုင်နက်များကို ဆုံးရှုံးလာကြသည်။

All Chapters