← Chapters

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ခ)

Vol. 50 Ch. 757

လူသားမျိုးနွယ်၏ ဒေသစစ်လက်နက် အာရုဏ်ဦးနေမင်း(ခ)

Vol. 50 Ch. 757

သတ္တမမင်းသားသည် နတ်ဘုရားအစွမ်းဖြင့် အပ်နှင်းခံထားရပြီး ထူးခြားသော အရည်အချင်းနှင့် ရဲရင့်သော နှလုံးသားရှိသည်။ သူသည် ကိုယ့်အသက်ကို ပဓာနမထားဘဲ ရန်သူကို အကြောက်အရွံ့မဲ့စွာ တိုက်ခိုက်ခဲ့ပြီး နယ်မြေများကို ဆက်လက်ချဲ့ထွင်ခဲ့သည်။ ထိုသို့ဖြင့် သူသည် သန့်စင်ရေလှိုင်းဒေသကြီး၏ တစ်ဝက်နီးပါးကို သိမ်းယူနိုင်ခဲ့သည်။

ပြည့်အရှင်လေးပါးသည် ထိတ်လန့်သွားပြီး ဒေါသထွက်သွားကြသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဘိုးဘေးအင်ပါယာသည် အဆင့်ချိုးဖြတ်သွားပြီး မဟာလောကတစ်ခုကို သူ၏ ပခုံးထက်တွင် သယ်ဆောင်နိုင်သွားသည်။ နောက်ဆုံးမှာတော့ သူသည် ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းနိုင်သွားပြီး သန့်စင်ရေလှိုင်းဒေသကြီး၏ ကောင်းကင်နှင့်မြေပြင်ကို ပြောင်းလဲသွားစေသည်။

သူက ကောင်းကင်နက်မျိုးနွယ်နှင့် သွေးချင်းဆက်နွယ်မှုကိုလည်း ဖြတ်တောက်ပစ်ခဲ့ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ကို ကောင်းကင်နက်မျိုးနွယ်၏ လက်အောက်မှ လွတ်မြောက်သွားစေကာ သူတို့၏ လွတ်လပ်မှုကို ပြန်လည်ရယူခဲ့သည်။

ဝိညာဉ်စုစည်းခြင်းအဆင့် ပေါ်ထွက်လာသည်နှင့်ချက်ချင်း တိမ်တိုက်များသည် အရပ်မျက်နှာပေါင်းစုံမှ ပေါ်လျှိုးထွက်လာသည်။ ထိုအခါ လူသားဧကရာဇ်ရွှမ်ကျန်း၏ သတ္တမမြောက်သားတော်ဦးဆောင်သော စစ်တပ်၏ ဖျက်ဆီးမှုအရှိန်အဟုန်သည် ရပ်တန့်သွားသည်။ ထို့နောက် သတ္တမမင်းသားသည် အကြင်နာတရားနှင့် သူတော်ကောင်းအကျင့်ကို ထုတ်ဖော်ပြကာ သန့်စင်ရေလှိုင်းမျိုးနွယ်ကို ဩဇာလွှမ်းမိုးပြီး သူတို့ကို ငြိမ်းချမ်းရေးသဘောတူညီမှု ကမ်းလှမ်းခဲ့သည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည် စစ်ပန်းနေကြပြီး သတ္တမမင်းသား၏ သဘောထားသည် အစစ်အမှန်ဖြစ်သည်။ သို့ဖြစ်၍ အဆုံးမှာတော့ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဘိုးဘေးအင်ပါယာသည် သတ္တမမင်းသား၏ သဘောဆန္ဒကို နားလည်သွားပြီး လူသားမျိုးနွယ်ဘက်သို့ ပြန်လည်ဝင်ရောက်ရန် သဘောတူညီလိုက်သည်။

ထိုအဖြစ်အပျက်သည် ကြီးမားသော လှိုင်းဂယက်တစ်ခုကိုဖြစ်ပေါ်စေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို ရိုက်ခတ်သွားသည်။

သို့သော်လည်း ပြန်လည်ဝင်ရောက်မည့်ကိစ္စသည် အချိန်တိုအတွင်း ပြီးမြောက်နိုင်မည့်အရာမဟုတ်ချေ။ ယင်းသည် နှစ်ဦးနှစ်ဖက်ကြား အသေးစိတ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်သည်။

ထိုကိစ္စအဝဝကို ဦးစီးဦးဆောင်မည့် သတ္တမမင်းသားသည် ဆွေးနွေးညှိနှိုင်းမှုကို ကြီးကြပ်ပြီး အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားနိုင်ရန် သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ ဆက်လက်ရှိနေမည်ဖြစ်သည်။

သို့ဖြစ်၍ နှစ်ဝက်ကြာမြင့်ခဲ့သော ဤစစ်ပွဲသည် အဆုံးသတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဤစစ်ပွဲမှာ ကောင်းကင်နက်မျိုးနွယ်သည် ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံခဲ့ရသည်။ လူသားမျိုးနွယ်သည် ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ပြီး ဝမ်ကူးကုန်းမြေပေါ်မှ မျိုးနွယ်စုအားလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည်။

အထူးသဖြင့် ဤစစ်ပွဲတွင် သတ္တမမင်းသားသည် အထူးအရေးပါခဲ့သည်။ သူသည် ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ပေးခဲ့ပြီး ဧကရာဇ်၏ အမိန့်တော်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့သည်။ သူသည် နယ်မြေချဲ့ထွင်ပြီး သန့်စင်ရေလှိုင်းမျိုးနွယ်ကို လူသားမျိုးနွယ်ဘက်သို့ ပြန်လည်ရောက်ရှိလာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုသို့အောင်မြင်မှုများစွာသည် သူ၏ ဂုဏ်သတင်းကို အတိုင်းအတာသစ်တစ်ခုထိ မြင့်တတ်သွားစေသည်။ သူ့ကို သူရဲကောင်းအဖြစ် ကြိုဆိုဂုဏ်ပြုကြပြီး အနာဂတ်တွင် ဧကရာဇ်၏ အရိုက်အရာကိုဆက်ခံရန် အရည်အချင်းပြည့်မီသူဟု သတ်မှတ်ကြသည်။

ဖုန်းဟိုင်ဒေသငယ်၏ လူသားမျိုးနွယ်သော်လည်းကောင်း သို့မဟုတ် တခြားဒေသငယ်များမှ လူသားမျိုးနွယ်သော်လည်းကောင်း ထိုသို့ရလဒ်များနှင့် အစီအရင်ခံမှုများကို မြင်တွေ့သွားကြသောအခါ သူတို့၏ စိတ်ဓာတ်နိုးကြားမှုသည် မြင့်တတ်သွားကြပြီး အလွန်စိတ်လှုပ်ရှားသွားကြသည်။

ရှေးဘုရင်ရွှမ်ယုံကို ရည်စူးတည်ဆောက်ထားသော နတ်ကွန်းထဲတွင် သတ္တမမင်းသားအတွက် အသက်ရှည်ကမ္ဗည်းတိုင်ကို စိုက်ထူခဲ့သည်။

မည်သို့ဖြစ်စေ ဤသည်မှာ ရွှမ်ကျန်းပြက္ခဒိန်စတင်သည့်အချိန်မှစ၍ လူသားမျိုးနွယ်က ပထမဆုံးအကြိမ် နယ်မြေချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမှန်မှာတော့ အကယ်၍ တစ်စုံတစ်ယောက်က ဟိုးအတိတ်ကို ပြန်တွေးကြည့်မည်ဆိုလျှင် ဤသည်မှာ လူသားဧကရာဇ်တုံးရှန့်ခေတ်ပြီးနောက် လူသားမျိုးနွယ်က ပထမဆုံးအကြိမ် သူတို့၏ နယ်မြေကို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်၍ ယင်းက မည်မျှအဓိပ္ပာယ်ရှိကြောင်း မှန်းဆကြည့်နိုင်ပေသည်။

သန့်စင်ရေလှိုင်းမျိုးနွယ်သည် တာအိုရှီကျဲခေတ်အတွင်း တစ်ဖက်လက်အောက်သို့ ကူပြောင်းသွားခဲ့သည်။ ထိုအဖြစ်အပျက်သည် လူသားဧကရာဇ်တာအိုရှီကျဲအတွက်သာမက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ရင်နာစရာကိစ္စဖြစ်ခဲ့သည်။ ယခုတော့ ရွှမ်ကျန်းပြက္ခဒိန်ကာလတွင် သူတို့သည် သတ္တမမင်းသား၏ ဩဇာလွှမ်းမိုးခြင်းခံရပြီး လူသားမျိုးနွယ်ဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ယင်းက ကြီးမားသော အောင်မြင်မှုမှတ်တမ်းဖြစ်သည်မှာ မလွဲဧကန်ပင်။

ထိုနေရာသို့ရောက်ရှိလာသောအခါ ဤစစ်တုရင်ကစားပွဲသည် အဆုံးသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

အပြင်လူများမြင်တွေ့နိုင်သည်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ အတွင်းပိုင်းလုပ်ဆောင်မှု၏ နက်နဲရှုပ်ထွေးမှုနှင့် ဆုံးဖြတ်ချက်များသည် တစ်ကိုယ်ကောင်းဆန်ပြီး ရှုထောင့်များစွာ ရှိသည်။ ယင်းတို့ကို စကားလုံးအနည်းငယ်မျှဖြင့် အပြည့်အဝ နားလည်နိုင်အောင် အကျဉ်းမချုပ်နိုင်ပေ။

ထို့အပြင် ဤသည်မှာ စစ်ပွဲဖြစ်သည်။

စစ်ပွဲဟူသည် ရန်သူများကြားတွင် အပြန်အလှန် တိုက်ခိုက်နေပြီး သတ်ဖြတ်နေရုံမျှဖြင့်ပြီးသော အရာမဟုတ်ပေ။ ထိုသို့သရုပ်ဖော်ခြင်းသည် အလွန်ရိုးရှင်းခြင်း သို့မဟုတ် စိတ်ကူးယဉ်ခြင်းသာ ဖြစ်သည်။

များသောအားဖြင့် စစ်ပွဲ၏ အဓိပ္ပာယ်အမှန်သည် စစ်မြေပြင်ပေါ်တွင် မြင်တွေ့နေရသော သေလွှမ်းမြင်ကွင်းများထက် အများကြီး ပိုရှုပ်ထွေးသည်။

ဖုန်းဟိုင်ဒေသငယ်မှ လူသားမျိုးနွယ်တွင်ပင် စစ်ပွဲ၌ ကိုင်တိုင်ပါဝင်ခဲ့ကြသော လူများမှလွဲလျှင် ဤစစ်ပွဲ၏ နက်နဲရှုပ်ထွေးမှုကို နားမလည်ကြချေ။ သူတို့အတွက် နားလည်ရန် အကြောင်းအရင်းလည်း မလိုပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့လျစ်လျူရှုမှသာလျှင် သူတို့သည် ပျော်ရွှင်ခြင်းနှင့် ငြိမ်းချမ်းခြင်းဟူသော ခံစားမှုကို ရရှိနိုင်ကြလိမ့်မည်။

ရွှီချင်းသည် ဓားကိုင်အိမ်ယာထဲမှာ ထိုင်နေသည်။ သူ၏ လက်ထဲတွင် အမိန့်တော်ဓားကို ကိုင်ထားပြီး ဝင်ရောက်လာသော သတင်းအချက်အလက်များနှင့် အစီအရင်ခံမှုများကို တိတ်တဆိတ် ဖတ်ရှုနေသည်။ သူသည် ဆက်လက်နှုတ်ဆိတ်နေပြီး အစီအရင်တစ်ခုစီကို ချင့်ချိန်စဉ်းစားနေသည်။

အပြင်ဘက်၌ အော်ဟစ်ချီးမြှောက်သံများသည် နေ့စဉ်နှင့်အမျှ ပဲ့တင်ထပ်နေလေသည်။

ယခုဆိုလျှင် အမှန်တရားကို သူသိရှိပြီးနောက် ရက်ပေါင်းနှစ်ဆယ် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

ထိုရက်နှစ်ဆယ်အတွင်းတွင် နေ့စဉ်နေ့တိုင်း တိုက်ပွဲသတင်းများကို ကြေညာခဲ့သည်။ တိုက်ပွဲသတင်းတစ်ခါကြေညာပြီးတိုင်း အော်ဟစ်ချီးမြှောက်သံများသည် ဆူညံပွက်လောရိုက်စွာ ထွက်ပေါ်လာလေ့ ရှိသည်။

ဒေသငယ်မြို့တော်တစ်ခုလုံးသည် စိတ်ဓာတ်တတ်ကြွနေကြသည်။ မြို့တော်ထဲရှိ သေမျိုးအားလုံး၏ မျက်နှာပေါ်တွင် အပြုံးပန်းများရှိသည်။ စစ်မြေပြင်ပေါ်မှာ ရုံးတော်သခင်ကျဆုံးသွားမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ကြ၍ ဝမ်းနည်းပူဆွေးနေကြသော ဓားကိုင်များသည်ပင် ယခုအချိန်မှာ ဝမ်းသာပျော်ရွှင်နေကြသည်။

ခုန်းရှန်းလုံသည် ဤရက်ပိုင်းတွင် ပျောက်ဆုံးနေသည်။ သူက တစ်နေရာရာမှာ တစ်ယောက်တည်း အမူးသောက်နေဟန် ရသည်။

ရွှီချင်းသည်လည်း သေရည်သောက်နေသည်။ သူသည် ဘေးမှ ဝိုင်ပုလင်းကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။

ထိုသို့ဖြင့် ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။

စစ်ပွဲပြီးဆုံးသွားသည့်အခါ သတ္တမမင်းသားသည် သန့်စင်ရေလှိုင်းမျိုးနွယ်နှင့် ဆွေးနွေးညှိနှိုင်းမှုမစတင်ခင် ဖုန်းဟိုင်ဒေသငယ်ဆီသို့ ပြန်ရောက်လာသည်။ သတ္တမမင်းသား၏ ပြန်ရောက်လာမှုသည် ဒေသငယ်မြို့တော်ထဲမှ လူများ၏ နှလုံးသားကို အလင်းရောင်ပေးလိုက်သည်။ သူတို့သည် ကြိုဆိုပွဲကို ယခင်ကထက် ပိုပြီးကြီးကျယ်ခမ်းနားစွာ ကျင်းပကြသည်။ ဤသည်မှာ သူတို့က လူသားဧကရာဇ်တစ်ပါးကို လက်ခံကြိုဆိုနေကြသည့်အလားပင်။

ကြိုဆိုပွဲသည် တစ်နေ့လုံးကြာမြင့်ခဲ့သည်။ ညအချိန်သို့ကျရောက်သောအခါ ဒေသအကြီးအကဲ၏ ခြံဝန်းထဲရှိ အိမ်ယာတစ်ခုတွင် သတ္တမမင်းသားသည် ထိုနေရာ၌ တစ်ယောက်တည်း မတ်တတ်ရပ်နေလျက် အဝေးမှ လောကကြီးကို ကြည့်ရှုနေသည်။

အချိန်အတော်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ကျေးဇူးတင်ပါတယ် ”

သူ၏ စကားသံပျံ့လွင့်သွားသောအခါ ပုံရိပ်တစ်ခုသည် သတ္တမမင်းသား၏ ဘေးတွင် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုသူသည် သိမ်မွေ့ညင်သာသောမျက်နှာဖြင့် ယုတ်မာသောစိတ် စိုးစဉ်မျှမရှိဟန်ရသော လက်ထောက်ဒေသအကြီးအကဲမှလွဲ၍ တခြားမည်သူဖြစ်မည်နည်း။

“ ငါက မင်းကို ကူညီတယ်… မင်းက ငါ့ကို ပြန်ကူညီတယ်… ဒါက မျှတတဲ့ အပေးအယူပဲမလား… ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ”

လက်ထောက်ဒေသအကြီးအကဲသည် ပြုံးလိုက်ပြီး သတ္တမမင်းသားနှင့်အတူ ညကောင်းကင်ယံကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သတ္တမမင်းသားသည် နှုတ်ဆိတ်လျက် ရှိသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။

“ ငါက အကျိုးဆောင်မှုတွေကို လိုချင်တယ်… သန့်စင်ရေလှိုင်းမျိုးနွယ်ကတော့ ကောင်းကင်နက်မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ပစ်နိုင်မယ့် နည်းလမ်းနဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်ကို တတ်လှမ်းနိုင်မယ့် ဖြစ်နိုင်ခြေကို လိုချင်တယ်… ငါတို့အားလုံးက ကိုယ်လိုချင်တာကို ရပြီးသွားကြပြီ ”

“ ဒီတော့ မင်းလိုချင်တာက နန်းမြို့တော်ထဲမှာ လူသားဧကရာဇ်ကျင့်ယွင် ချန်ထားခဲ့တဲ့ ပစ္စည်းတစ်ခုပဲလား ”

လက်ထောက်ဒေသအကြီးအကဲသည် ညင်သာစွာ ပြုံးလိုက်သည်။

“ ဟုတ်တာပေါ့… ငါမင်းကို မလိမ်ပါဘူး… ပြီးတော့ တစ်ခုကို မင်းပြောဖို့ မေ့နေခဲ့တယ်… ငါက ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲလည်း ဖြစ်ချင်တယ် ”

လက်ထောက်ဒေသအကြီးအကဲသည် ညင်သာစွာ ဆက်ပြောသည်။

“ ပြီးတော့ ဒေသစစ်လက်နက်က လူသားဧကရာဇ်ဆီမှာ တစ်ချိန်လုံး ရှိနေခဲ့တယ်… ချီးမွမ်းလောက်တဲ့ နည်းဗျူဟာတွေ၊ ဉာဏ်များတဲ့ လှည့်စားမှုတွေ… မင်း ငါနဲ့ပူးပေါင်းချင်တာ မဆန်းပါဘူး… ဘာလို့လဲဆိုတော့ ငါတို့က အဲ့ဒါကို ပုံမှန်ပဲလို့မြင်မယ်ဆိုရင် မင်းက ဒီစစ်ပွဲကနေ ကြီးမားတဲ့ အကျိုးဆောင်မှုတွေကို ရရှိလာမှာမဟုတ်ဘူး… အဲ့ဒါတွေအားလုံးက လူသားဧကရာဇ်ဆီ ရောက်သွားမှာ… မင်းရဲ့ မူလတာဝန်က ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ဖို့ပဲ… အရေးကြီးဆုံးကတော့ နီလာနတ်သမီးကို အစာကျွေးပြီး ဒေသစစ်လက်နက်ကို အသက်သွင်းနိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးဖို့ပဲ ”

“ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကမ္မကိုစုစည်းတာက မင်းအတွက် အရေးကြီးလို့လား ”

သတ္တမမင်းသားသည် အစောနက လက်ထောက်ဒေသအကြီးအကဲ၏ စကားကို မကြားဟန်ဆောင်လိုက်ပြိး တည်ငြိမ်စွာ ပြောသည်။

“ အသက်ကဒ်ဘေးအလင်းဆေးလုံးနဲ့ သန့်စင်ခံထားရတဲ့ ကမ္မက အတော်လေး အရေးကြီးတယ်… ပြီးတော့ အရင်ဒေသအကြီးအကဲက ငါသေချာဂရုတစိုက် ရွေးချယ်ထားတဲ့ အသင့်တော်ဆုံး အစားထိုးသူပါ ”

“ အဆိပ်တွေကို သူက စုပ်ယူလိုက်တော့ ဖုန်းဟိုင်ဒေသငယ်ရဲ့ ကမ္မက အန္တရာယ်မရှိတော့ဘူး… သစ်သီးက မကြာခင် ရင့်မှည့်တော့မယ်… အဲ့ဒါက ငါ့အရှင်ဆီပေးမယ့် ငါ့ရဲ့လက်ဆောင်ပဲ ”

လက်ထောက်ဒေသအကြီးအကဲသည် နွေးနွေးထွေးထွေး ပြုံးလိုက်သည်။ သူသည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားသလို တစ်ဖက်လူက ကတိဖျက်သွားမည်ကိုလည်း မစိုးရိမ်ပေ။

သတ္တမမင်းသားသည် မျက်မှောင်ကြုတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ မင်းက တကယ်ပဲ ဘယ်သူလဲ ”

“ ငါက အမည်မရှိတဲ့လူလေးပါ ”

All Chapters