← Chapters

ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(ဂ)

Vol. 50 Ch. 770

ကျစ်လွီဆဲ့အိမ်ရှေ့စံ၏ တပည့် ပိုင်ရှောင်ကျိုး(ဂ)

Vol. 50 Ch. 770

ရုပ်သေးရုပ်သည် ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

လက်ထောက်ဒေသအကြီးအကဲသည် ရွှီချင်းထံသို့ မချဉ်းကပ်သေးပေ။

ထိုအခိုက်အတန့်မှာ နူးညံ့သော သက်ပြင်းချသံသည် ဟင်းလင်းပြင်ထဲမှ မြည်ဟိန်းထွက်လာသည်။

သက်ပြင်းချသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း သတ္တမမင်းသားနှင့် သူ၏ စစ်ဗိုလ်ချုပ်အားလုံးသည် ခေါင်းမော့လိုက်ကြသည်။ လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးသည်ပင် အနည်းငယ် မှေးကျဉ်းသွားသည်။

ပုံရိပ်တစ်ခုကို ပန်းချီဆရာတစ်ယောက်က ဗလာဟင်းလင်းပြင်းထဲတွင် ရေးဆွဲလိုက်သည့်ပမာ ရွှီချင်း၏ အရှေ့တွင် ထွက်ပေါ်လာသည်။ ထိုသူက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လျှောက်လာနေသော ရုပ်သေးရုပ်ပေါ်သို့ ဖိချလိုက်သည်။

ကောင်းကင်သည် ဝုန်းခနဲ လှုပ်ခါသွားပြီး မြေပြင်သည် တုန်ယင်သွားသည်။

လမ်းလျှောက်လာနေသော ရုပ်သေးရုပ်၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ ၎င်းသည် ခေါင်းမော့လိုက်ပြီး ရွှီချင်း၏ အရှေ့မှ ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။

ရွှီချင်း၏ နှလုံးသည် အပြင်းအထန် ခုန်လာသည်။ သူ၏ အရှေ့မှ ရင်းနှီးသော ပုံရိပ်ကိုကြည့်နေရင်း သူ၏ မျက်လုံးသည် အနည်းငယ် နီရဲလာသည်။ သူက အမှားလုပ်ထားသော ကလေးငယ်ပမာ ခေါင်းငုံ့လိုက်သည်။

“ ဆရာ ”

ရုတ်တရက် ထွက်ပေါ်လာသော ပုဂ္ဂိုလ်သည် လူအုပ်ကြားထဲမှာ ပုန်းအောင်းနေသော သတ္တမသခင်ကြီးမှလွဲ၍ တခြားလူမဟုတ်ပေ။

သူ့တပည့်များကို တစ်နေရာရာသို့ သူထွက်သွားပြီး ပုန်းအောင်းနေမည်ဟု ပြောခဲ့သည်။ သို့သော် အမှန်မှာတော့ သူ့အတွက် ပုန်းအောင်းရန် အကောင်းဆုံးနေရာသည် အန္တရာယ်အများဆုံးဖြစ်သော ဒေသငယ်မြို့တော်သာ ဖြစ်သည်။

ထို့အပြင် အင်မော်တယ်တားမြစ်နယ်မြေထဲ၌ ထိုသို့ကိစ္စကြီးဖြစ်ပွားပြီးနောက် သူ့တပည့်နှစ်ယောက်ကို ဒေသငယ်မြို့တော်ထဲမှာ မည်သို့သူစိတ်ချမည်နည်း။ ထို့ကြောင့် ဒေသငယ်မြို့တော်ထဲမှာ ပုန်းအောင်းခြင်းသည် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

သို့ဖြစ်၍ ရွှီချင်းနှင့် ချန်းအားညိုကို တစ်လကြာပြီးနောက် ဤနေရာမှ ထွက်ခွာရန် သူမှာကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက သူတို့နှစ်ယောက်နောက်မှ တိတ်တိတ်လေးလိုက်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်မှာ သူသည် ထွက်လာရန် ရွေးချယ်ခဲ့သည်။

ရွှီချင်း၏ နီရဲသော မျက်လုံးနှင့် အမှားလုပ်ထားသော သူ့ပုံစံကို သတိထားမိသောအခါ သတ္တမသခင်ကြီးသည် နက်ရှိုင်းစွာ အော်လိုက်သည်။

“ ခေါင်းမော့ထားစမ်း ”

ရွှီချင်းသည် တုန်ယင်သွားပြီး ခေါင်းမော့လိုက်သည်။

“ ရွှီချင်း မင်းဒါကို မှတ်ထားရမယ်… ဆရာက ဒီကိစ္စမှာ မင်းအမှားလုပ်တယ်လို့ မထင်ဘူး… အဲ့ဒီအစား မင်းလိုတပည့်မျိုးရတဲ့အတွက် ငါဂုဏ်ယူတယ် ”

“ မင်း ဘယ်လိုကြိုပြင်ဆင်ထားလဲ ငါမသိပေမဲ့ ငါက မင်းရဲ့ဆရာ… တပည့်က သေရေးရှင်ရေးအခြေအနေကို ကျရောက်နေတဲ့အချိန် ဆရာဖြစ်တဲ့ငါက ဘယ်လိုလုပ် ဘေးကနေ ရပ်ကြည့်နေနိုင်မှာလဲ ”

“ မင်းက ငါ့ကို အရိုအသေပေးပြီး လက်ဖက်ရည်ဆက်ခဲ့တယ်… အဲ့ဒီအချိန်ကတည်းက ငါ့မှာ မင်းကို ကာကွယ်ပေးရဖို့ တာဝန်ရှိလာပြီးသား ”

“ ငါ့ကိုလည်း မေ့မထားနဲ့ဦး ”

လူအုပ်ကြားထဲတွင် အပြာရောင်အလင်း တောက်ပသွားပြီး ခေါင်းဆောင်၏ ပုံရိပ်က ပြေးထွက်လာသည်။ သူသည် အစောကြီးကတည်းက တိုက်ခိုက်ရန် ကြိုပြင်ဆင်ထားသည်။ သို့သော်လည်း သူ၏ ဂျူနီယာညီလေးဆီမှာ အမြဲတမ်း ဝှက်ဖဲကတ်များရှိကြောင်း သူသိသည်။ သို့ဖြစ်၍ သူက အရေးကြီးဆုံးအခိုက်အတန့်ကျမှ ထွက်ပေါ်လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ယခု ဆရာထွက်ပေါ်လာသည်ကို မြင်သောအခါ ခေါင်းဆောင်သည် လုံးဝမတုံ့ဆိုင်းတော့ပေ။ သူက ချက်ချင်း ပျံသန်းထွက်လာပြီး ရွှီချင်း၏ ဘေးတွင် ရပ်လိုက်ကာ ပြုံးလိုက်သည်။

“ ကိစ္စကြီးကို လုပ်တော့မယ်ဆိုရင် ငါမပါလို့ ဘယ်ဖြစ်မလဲ ”

ဤအခိုက်အတန့်မှာ အရပ်မျက်နှာပေါင်းစုံမှ မရေမတွက်နိုင်သော အကြည့်များသည် သူတို့သုံးယောက်ထံသို့ စုပြုံကျရောက်သွားကြသည်။ ရွှီချင်း၏ ဦးခေါင်းထက်မှ ကမ္မစွမ်းအင်သည် ပိုပြီးကြီးမားစွာ ပေါက်ကွဲထွက်လာသည်။

ကောင်းကင်သည်ပင် သက်ရောက်ခံလိုက်ရပြီး ကြီးမားသော ဝဲကတော့တစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ယင်းကို သေမျိုးများ၏ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။ လျှပ်စီးသည် ဝဲကတော့အတွင်းမှာ ပျံ့နှံ့ထွက်လာပြီး မိုးထစ်ချုန်းသံများသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

ယင်းက မြို့တော်ထဲမှ လူတိုင်းအပေါ် သက်ရောက်မှုရှိသည်။

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လှိုင်းများက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ဆက်လက်ပေါ်လျှိုးလာနေစဉ် သတ္တမသခင်ကြီးသည် ခေါင်းမော့လိုက်ပြီး လက်ထောက်ဒေသအကြီးအကဲကို ကြည့်လိုက်သည်။

“ ကျစ်လွီဆဲ့ကို ငါတစ်ခါမြင်ဖူးတယ် ”

လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးထဲတွင် လှိုင်းအတတ်အကျတချို့ ရှိသည်။

“ ငါ့စတုတ္ထတပည့်ပြောတာ မှန်တယ်… မင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံနောက်လိုက်ဖို့ တကယ်မထိုက်တန်ဘူး… ဘာလို့လဲဆိုတော့ မင်းက အချိန်အကြာကြီး အကွက်ချခဲ့ရတယ်… ပြီးတော့ သတ္တိမရှိဘူး ”

“ ယင်ဟွမ်ပြည်နယ်ရဲ့ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်က အထက်လူကြီးတွေကို အာခံပြီး ပုန်ကန်ချင်တယ်… ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး ဒီမဟာမိတ်အဖွဲ့ကို ဖျက်ဆီးပစ်ဖို့ ကြေညာတယ် ”

“ မင်းက ငါ့ကို ဖြဲခြောက်ချင်တာလား… ငါမင်းကို ရိုက်ပစ်မယ် ”

သတ္တမသခင်ကြီးသည် ရယ်မောလိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လက်ထောက်ဒေသအကြီးအကဲဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ဒုတိယရုပ်သေးရုပ်သည် အရှေ့သို့ တိုးသွားပြီး သတ္တမသခင်ကြီး၏ အရှေ့မှာ ပိတ်ရပ်လိုက်သည်။ တိုက်ပွဲသည် ချက်ချင်း စတင်ဖြစ်ပွားလာသည်။

သတ္တမသခင်ကြီးသည် ရုပ်သေးရုပ်၏ ပြိုင်ဘက်မဟုတ်သော်လည်း သူသည် နည်းလမ်းများစွာကို တတ်ကျွမ်းပြီး နတ်ဘုရားအတတ်ပညာများကိုပင် အသုံးပြုနိုင်သည်။ အကယ်၍ သူသာ အစစ်အမှန် ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူဖြင့် ရင်ဆိုင်ရမည်ဆိုလျှင် မည်သို့မှ တတ်စွမ်းလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ဗလာနတ္ထိစတုတ္ထအဆင့် ရုပ်သေးရုပ်ကိုတော့ အချိန်တစ်ခဏကြာအောင် သူရင်ဆိုင်နိုင်သည်။

အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားသည်။ ယနေ့တွင် လူတိုင်းသည် အလှည့်အပြောင်းများစွာဖြင့် တွေ့ကြုံခဲ့ကြရသည်။

မြို့တော်တစ်ခုလုံး ဆက်လက်တုန်ယင်သွားသည်နှင့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒသည် လက်ထောက်ဒေသအကြီးအကဲ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤကိစ္စကို ဆက်လက်ကြန့်ကြာစေခြင်းသည် မကောင်းမွန်ကြောင်း သူသိသည်။ သို့ဖြစ်၍ သူက အားလုံးကို ဖိနှိပ်ရန် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရုပ်သေးရုပ်နှင့် ဆန့်ကျင်တိုက်ခိုက်နေသော သတ္တမသခင်ကြီးသည် အော်ပြောလိုက်သည်။

“ မင်းဒီမှာရှိနေတာ ငါမသိဘူးလို့ မထင်လိုက်နဲ့… ငါ့တပည့်က မင်းကိုယ်စား အရှေ့တတ်ခဲ့တာလို့ သတ်မှတ်နိုင်တယ်… ဘာလို့ မင်းက ကိုယ့်ကိုယ်ကို လူရှေ့ထုတ်ပြရမှာ ကြောက်နေသေးတာလဲ… ငါ့တပည့်နှစ်ယောက် အသက်စတေးရမှာကို မင်းက မြင်ချင်တာလား ”

သတ္တမသခင်ကြီး၏ စကားသံမဆုံးမီ သွေးနီရောင်ပုံရိပ်တစ်ခုသည် ရုတ်ချည်း စင်မြင့်အောက်မှ ပျံသန်းထွက်လာသည်။ သူ၏ အလျင်သည် အလွန်မြန်ဆန်သည်။ သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် လူတိုင်း၏ စိတ်ကူးထားမှုထက် ကျော်လွန်သွားသည်။

မျက်စိတစ်မှိတ်အတွင်း သွေးနီရောင်ပုံရိပ်သည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး ငှက်ကြီးချင်းချင်းနှင့် တိုက်ခိုက်နေသော ပထမရုပ်သေးရုပ်၏ ဘေးသို့ တိုက်ရိုက်ရောက်ရှိသွားသည်။

ထိုသူသည် သွေးနီစစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အနီရောင်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ သူ၏ တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော သွေးနီအလင်းတန်းကို ထုတ်လွှတ်နေသည်။ ရုတ်တရက် ထွက်ပေါ်လာသော ထိုပုဂ္ဂိုလ်သည် ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးမှလွဲ၍ တခြားလူမဟုတ်ပေ။

သူ၏ ထွက်ပေါ်လာမှုသည် သတ္တမမင်းသား၏ ဘေးပတ်ပတ်လည်မှ တခြားစစ်ဗိုလ်ချုပ်များ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သတ္တမမင်းသားတစ်ယောက်တည်းသာ ပုံမှန်အတိုင်း ဆက်ရှိနေသည်။ သူက လုံးဝမအံ့ဩပေ။

ရွှီချင်းသည်လည်း သွေးအိမ်မက်ဆိုးကို ကြည့်လိုက်သည်။

ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးသည် ဘေးပတ်ဝန်းကျင်မှ ဂယက်ထမှုကို လျစ်လျူရှုထားလျက် သူ၏ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို အလျှင်အမြန် ဖွဲ့စည်းလိုက်ပြီး ငှက်ကြီးချင်းချင်းနှင့် တိုက်ခိုက်နေသော ရုပ်သေးရုပ်ဆီသို့ ဖိကပ်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ တရားရေးရုံးတော်သခင် ညီအကိုဟမ့်ရှင်း နိုးထတော့ ”

ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးထံမှ စကားသံမြည်ဟိန်းထွက်လာသည်နှင့်ချက်ချင်း မြေကွက်လပ်ထဲမှ သိန်းပေါင်းများစွာသော ကျင့်ကြံသူများသည် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့၏ စိတ်ထဲမှာ ကြီးမားသော လှိုင်းတံပိုးများ ထွက်ပေါ်လာကြသည်။

ရွှီချင်း၏ နှလုံးသည် ပရမ်းပတာဖြစ်သွားသည်။

တရားရေးရုံးတော်မှ ကျင့်ကြံသူများသည် ထိတ်လန့်သွားကြပြီး ဒေါသထွက်သွားကြသည်။

မြို့တော်ထဲမှ သေမျိုးများသည် ပို၍ပင် တုန်လှုပ်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော တရားရေးရုံးတော်သခင် ကျန်းဟမ့်ရှင်းသည် မြောက်ဘက်စစ်မြေပြင်ကို အကာအကွယ်ပေးရင်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့သောကြောင့် ဖြစ်သည်။

ဗိုလ်ချုပ်သွေးအိမ်မက်ဆိုး၏ အော်သံကြောင့် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားပြီး တုန်ယင်လာသည်။ ၎င်း၏ အသက်မဲ့နေသော မျက်လုံးထဲမှာ လှိုင်းအတတ်အကျတချို့ ဖြစ်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ အပြင်းအထန် ရုန်းကန်နေသော လက္ခဏာများ ထွက်ပေါ်လာသည်။

၎င်းသည် မသိစိတ်မှ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်တင်လိုက်ပြီး ဗိုလ်ချုပ်သွေးအိမ်မက်ဆိုးကဲ့သို့ တူညီသော ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။

ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းပြီးသည်နှင့်ချက်ချင်း ရုပ်သေးရုပ်သည် နားကွဲလုမတတ် ကျယ်လောင်သော အော်ညည်းသံကို ထုတ်ဖော်လိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ စစ်ချပ်ဝတ်သည် အက်ကွဲသွားပြီး ဒဏ်ရာအများအပြားဖြင့် ပြည့်နှက်နေသော ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။

All Chapters