နဂါးတစ်ကောင် မြေမှုန်လောကသို့ကျဆင်းလာပြီ....လူသတ်သမားကတော့မင်းပဲဖြစ်လိမ့်မယ်....
Vol. 1 Ch. 1
ခိုင်းယွမ်ပထမနှစ်မှာ.... မင်းရဲ့ခမည်းတော်ကကျင်းတိုင်ပြည်ကိုတည်ထောင်ခဲ့တယ်....အဲ့ဒီ့နှစ်မှာပဲမင်းကိုမွေးခဲ့တဲ့အတွက် အိမ်ရှေ့စံအဖြစ်အပ်နှင်းခဲ့တယ်.....ဒါပေမယ့် သစ္စာဖောက်တွေက မင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်...ကံကောင်းထောက်မစွာနဲ့ကျွမ်းကျင်သူတစ်ယောက်က ကယ်တင်ပေးခဲ့လို့သာ မင်း အသက်ရှင်နိုင်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် မသေမျိုးတာအိုကျင့်စဉ်ကိုရရှိခဲ့တယ်......
ခိုင်းယွမ်ဒုတိယနှစ်မှာ မင်းကိုတာအိုဘုန်းတော်ကြီး ချင်ရှုက လုံချီဘုရားကျောင်းကိုခေါ်သွားခဲ့တယ်....အကြီးဆုံးစီနီယာအစ်ကိုကြီး သိုင်းလေ့ကျင့်နေချိန် ဝင်ရှုပ်ခဲ့မိလို့ သေမလိုဖြစ်ခဲ့တာကို အခြားစီနီယာအစ်ကိုတစ်ယောက်က ဝင်ကယ်ပေးခဲ့တယ်...ရှင်သန်ခြင်းဆုလာဘ်အဖြစ် နတ်ဘုရားအရိပ်ခြေလှမ်း ကျင့်စဉ်ကိုရရှိခဲ့ပြန်တယ်......
ခိုင်းယွမ်စတုတ္ထနှစ်.....မြို့တော်ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြောင့် လုံချီဘုရားကျောင်းလည်း ငလျင်ဒဏ်ခံခဲ့ရတယ်...မင်းအပေါ်ထုပ်တန်းပြိုကျပြီးသေမလိုဖြစ်ခဲ့တယ်..အကြီးဆုံးစီနီယာအစ်ကိုဝင်ကယ်ထားလို့အသက်ရှင်နိုင်ခဲ့ပြီး ရှင်သန်ခြင်းးလာဘ်အဖြစ် ကောင်းကင်ကိုးပါးနဂါးခြေလှမ်းကျင့်စဉ်ကိုရရှိခဲ့တယ်.....
ခိုင်းယွမ်ပဉ္စမနှစ်မှာ တနိုင်ငံလုံး ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေချိန် မင်းလည်းရောဂါကူးစက်ခံရတယ်... ဒါပေမယ့် တတိယဆရာတူအစ်မက ဆေးဖက်ဝင်အပင်တွေ လုံလုံလောက်လောက်စုဆောင်းပြီးကုသပေးလိုက်တာကြောင့် ဘေးဥပဒ်မှလွတ်မြောက်ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် နွေဉီးဆောင်းဉီးစွယ်စုံကျမ်းကိုရရှိခဲ့တယ်...
နိုင်ငံကို တည်ထောင်ပြီး ခြောက်နှစ်အကြာမှာ စစ်သူကြီး ချောင်ဟူပေါင် ပုန်ကန်ခဲ့တယ်...ပုန်ကန်မှုမအောင်မြင်ခဲ့တာကြောင့်ဘလုံချီဘုရားကျောင်းမှာ ပုန်းအောင်းနေစဉ် မင်းကို တိုက်ခိုက်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘုန်းတော်ကြီးချင်ရှုက မင်းကို ကယ်တင်ခဲ့တယ်.... ရှင်သန်ခြင်းဆုလာဘ်အဖြစ် ချီလင်သားမြီးယပ်တောင်မှော်လက်နက်ကိုရရှိခဲ့တယ်.....
….............
နံနက်စောစောတွင် ပထမဆုံး နေရောင်ခြည်သည် စိမ်းလန်းသော တောင်တန်းများကို ဖြတ်ကျော်ဝင်ရောက်ကာ အမှောင်ထုကို ဖယ်ထုတ်လိုက်သည်။ မဏ္ဍပ်တစ်ခု၏ အပေါ်ဆုံးထပ်တွင် ရှေးခေတ် ကြေးခေါင်းလောင်းကြီးတစ်ခု ချိတ်ဆွဲထားပြီး တာအိုကိုရင်လေးတစ်ပါးကတော့ ငိုက်မြည်းနေသည်။
ထိုကိုရင်လေးသည် ဇာတ်လိုက်ကျော် ကျန်းချန်ရှန်းဖြစ်ပြီး အသက် ၁၂နှစ်အရွယ်ရောက်နေခဲ့ပြီ..... မနက်တိုင်း ခေါင်းလောင်းမတီးခင် သူ့ဘဝရဲ့ ပထမနှစ်ဝက်မှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်သတိရနေဆဲပင်......
တညလုံးကိုယ်ခံပညာလေ့ကျင့်နေရသော်ကြောင့် နံနက်တိုင်း အိပ်ငိုက်နေစမြဲပင်..... ကံကောင်းထောက်မစွာဖြင့် သူ၏တာဝန်မှာ အလွန်ရိုးရှင်းပါသည်။ နေ့တိုင်း အချိန်မှန် ခေါင်းလောင်း တီးခတ်ပြီး ကျမ်းဂန်များ ရွတ်ဆိုရန် လူတိုင်းကို သတိပေးရုံသာ....
အသက်ခြောက်နှစ်အရွယ် ဒီအလုပ်ကို စလုပ်ကတည်းက အခက်အခဲတွေ ထပ်မကြုံတော့တာကြောင့် တဖြည်းဖြည်း ပျင်းရိလာသည်။ သို့သော် ကျင့်စဉ်များ၊သိုင်းပညာများနှင့် ဆေးဝါးပညာများကိုလေ့လာနေရသဖြင့်သိပ် မငြီးငွေ့နိုင်တော့ပေ။
ကျန်းချန်ရှန်း၏ ရှင်သန်မှုစနစ်သည် ယခင်ဘဝကနေမြစ်ဖျားခံလာခြင်းဖြစ်သည်။ သူသည် ယခင်ဘဝက ဂိမ်းတီထွင်သူဖြစ်ပြီး ဂိမ်းတစ်ခုကိုတီထွင်ခဲ့သည်။
'သင်သာ ထာဝရအသက်ရှင်နိုင်လျှင် မသေမျိုးလောကတွင် မည်မျှကြာကြာနေနိုင်မည်နည်း......'
ကစားသမားများသည် အကန့်အသတ်မရှိ သက်တမ်းရှိသော်လည်း ၎င်းတို့ကို သတ်နိုင်သည်။ သူတို့ရဲ့ကျင်ကြံမှုလမ်းကြောင်းမှာ အခက်အခဲမျိုးစုံနဲ့ သွေးဆောင်မှုတွေ ကြုံရလိမ့်မည်။ဤသည်ကို ကျန်းချန်ရှန်းကိုယ်တိုင် စမ်းသပ်ခဲ့ဖူးသည်။ အများစုမှာ သူသည် နှစ်ပေါင်း တစ်သောင်းကျော် အသက်ရှင်နေထိုင်ခဲ့ပြီး အလွန်ခက်ခဲခဲ့သည်။
ဤဂိမ်းသည် ရွေးချယ်စရာ မျိုးစုံရှိသော ရိုးရှင်းသောဂိမ်းမဟုတ်ပေ။ ထိုဂိမ်းတွင် အမှန်တကယ် ဂိမ်းကစားခြင်းနှင့် စူးစမ်းရှာဖွေရေး အစိတ်အပိုင်းများပါရှိသည်။ တစ်နေရာတည်းမှာ ပုန်းနေရင်တောင် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရမည်သာ....အရှင်းဆုံးပြောရလျှင် ဂိမ်းထဲက ကောင်းချီးတွေနဲ့ ကံဆိုးမှုတွေကို မှန်းဆလို့မရပေ။
ဒီဂိမ်းဟာ ထွက်ရှိပြီးပြီးချင်း အချိန်တိုအတွင်းမှာ လူကြိုက်များခဲ့သည်။ ဒါပေမယ့် နောက်ကွယ်က အချက်အလက်တွေကို ကြည့်ပြီး စိတ်လှုပ်ရှားလွန်းတာကြောင့် အချိန်အတော်ကြာ အိပ်ယာထနောက်ကျခဲ့တဲ့ ကျန်းချန်ရှန်းဟာ ကွန်ပြူတာရှေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့ပြီး ဒီဘဝမှာ လူဝင်စားပြန်ဖြစ်လာခဲ့လေသည်။
ဤဘဝတွင် ထာဝရအသက်ရှင်နေမည်ဟု အာမမခံနိုင်ပေ။ နှစ်ပေါင်းများစွာကြာမှသာ အဖြေရနိုင်လိမ့်မည်။ မတိုင်ခင်ထိ သူ့ဘဝရဲ့ဘေးဆိုးတွေကို ရင်ဆိုင်ဖို့ လုံလောက်တဲ့ ခွန်အားဖြစ်လာဖို့ သူ့ရဲ့ရှင်သန်မှုဆုလာဘ်တွေကို အားကိုးခဲ့ရသည်။
တာအိုကျင့်စဉ်ကိုလေ့ကျင့်ရာတွင် ဒုတိယအဆင့်တွင် ရပ်တန့်နေသော်လည်း နတ်ဘုရားအရိပ်ခြေလှမ်းနှင့် ကောင်းကင်ကိုးပါး နဂါးခြေလှမ်းပညာရပ်တို့ကို လုံးလုံးကျွမ်းကျင်နေပြီဖြစ်သည်။ နွေဦးဆောင်းဉီးစွယ်စုံကျမ်းထဲမှ ကျယ်ပြန့်လေးနက်သော
အကြောင်းအရာများကိုလည်း သေချာကျက်မှတ်ပြီးခဲ့ပြီ။မှော်လက်နက်နှင့်ပတ်သက်ပြီး သူသည် ဝိညာဉ်စွမ်းအားကို မမွေးမြူရသေးသောကြောင့် ၎င်းကို အသုံးမပြုနိုင်ပေ။ ဒီရတနာကို သူ့စိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။တာအိုကျင့်စဉ်၏ စတုတ္ထအဆင့်အထိကျင့်ကြံနိုင်မှသာ ဝိညာဉ်စွမ်းအားကိုရရှိနိုင်လိမ့်မည်။အခုအချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲမှာ စစ်မှန်တဲ့ စွမ်းအင်တွေပဲ ရှိနေပြီး စစ်မှန်တဲ့ စွမ်းအင်က ကိုယ်ခံပညာကိုသာ ပိုအားကောင်းစေနိုင်သည်။
သူ့အပေါ်ကို နေရောင်ခြည် တောက်ပစွာဖြာကျနေချိန်မှာ ကျန်းချန်ရှန်း သန်းဝေလိုက်ပြီး ဘေးမှာ ချိတ်ထားတဲ့ သစ်သားတုံးကို ကိုင်လိုက်ပြီး ခေါင်းလောင်းကို စတင်တီးခတ်လိုက်တော့သည်။
ဒေါင်—
ခေါင်းလောင်းသံက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။ ကောင်းကင်နှင့်မြေပြင်ကြားရှိ စိမ်းလန်းသောတောင်တန်းများ၊ မြစ်များနှင့်အတူ အေးမြသောခေါင်းလောင်းသံသည် အေးချမ်းသာယာသောအခြေနေကို ထင်ဟပ်စေသည်။
ခေါင်းလောင်တစ်ချက်ထိုးပြီး အသက်ရှူငါးကြိမ်စာ နားရသည်။ ထို့နောက်ဆယ်ချက်တိတိ ဆက်တိုက်ထိုးပြီး ရပ်နားလိုက်တော့သည်။
“နေ့တနေ့ရဲ့စွန့်စားခန်းတွေစတင်ခဲ့ပြီ..
ခေါင်းလောင်းထိုးပြီးသည်နှင့် အောက်ထပ်ကိုဆင်းလာခဲ့သည်။ သူသည် ခဲပြာရောင် တာအို၀တ်စုံကို ဝတ်ဆင်ထားပြီး သူ၏အဝတ်အစားများသည် နေရောင်အောက်တွင် လေနှင့်အတူ လွင့်နေသည်။ သူ့ထံတွင် ထူးခြားသော မသေမျိုးအော်ရာအချို့ရှိနေသည်။
သူ အောက်ထပ်သို့ ဆင်းလာစဉ် အသက် ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်အရွယ် တာအိုဘုန်းတော်ကြီးတစ်ပါး ပြေးလာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။ ထိုသူသည် မောဟိုက်နေပြီး ချွေးများ တသွင်သွင် စီးကျနေသည်။
“ဂျူနီယာချန်ရှန်းရေ...ပြသာနာတက်နေပြီ.....မနေ့ညက ဘုရားကျောင်းထဲမှာ ဧည့်သည်တစ်ယောက် သေဆုံးသွားတယ်.... ဆရာက မင်းကို မင်ရှင်းခန်းမဆီလာဖို့ခေါ်ခိုင်းလိုက်တယ်....."
ဧည့်သည် သေသွားတယ်.....
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ အင်ပါယာတရားရုံးမှ အရာရှိများသည် မကြာသေးမီက ဧည့်သည်များအဖြစ် လာခဲ့ကြသည်ကို သူသိသော်လည်း တစ်စုံတစ်ယောက်သေဆုံးရန် မမျှော်လင့်ထားပေ။
စီနီယာ ဒီလောက်ပြာယာခတ်နေပုံထောက်ရင် ကွယ်လွန်သူက ရာထူးကြီးကြီးထဲကပဲဖြစ်ရမယ်.....
သူသည် ညတိုင်း ကိုယ်ခံပညာကို လျှို့ဝှက်လေ့ကျင့်လေ့ရှိပြီး လုံချီဘုရားကျောင်းသည် သေးငယ်သောနေရာမဟုတ်ပေ။ မနေ့ညက ထူးထူးခြားခြား ဘာမှ သတိမထားမိခဲ့ပေ။
ကျန်းချန်ရှန်း ထွေထွေထူးထူး စဉ်းစားမနေဘဲ စီနီယာအစ်ကိုနဲ့အတူ မင်ရှင်းခန်းမဆီ လိုက်သွားခဲ့သည်။
“ဂျူနီယာချန်ရှန်း..... မင်းကတော့ ဘယ်သိပါ့မလဲ...ဒါပေမယ့် အဲ့ဒီ ထိပ်တန်း ပညာရှင်က အရမ်းတော်တယ်.... အလောင်းကိုတစ်ချက်ကြည့်လိုက်ရုံနဲ့ သေဆုံးတဲ့အချိန်၊အကြောင်းအရာ၊မသေဆုံးမီရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာတွေကိုပါခန့်မှန်းနိုင်တယ်......"
“သေဆုံးသူက အစိုးရ၀န်ကြီးဌာန အရာရှိတစ်ယောက်လေ....ဒီလိုအာဏာရှိတဲ့သူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ သတ္တိရှိတယ်ဆိုတော့....လက်ဖျားခါလောက်ပါပေတယ်.....”
စီနီယာအစ်ကို၏အပြောကြောင့် ကျန်းချန်ရှန်း မျက်လုံးများ မှိတ်ထားလိုက်သည်။
ရယ်စရာကောင်းလိုက်တာ.....
သူသည် ကျန်းမင်းဆက်၏ ပထမဆုံး အိမ်ရှေ့စံဖြစ်ပြီးပြန်ဝင်စားခဲ့သော်လည်း ကံကောင်းအကြောင်းမလှနိုင်ခဲ့ပေ။
သူကြုံတွေ့ခဲ့ရသည့်အရာတိုင်းအတွက် ဒေါသထွက်သင့်သလား....
ကျန်းချန်ရှန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဤကမ္ဘာသည် ရှေးခေတ် တရုတ်ပြည်နှင့် ဆင်တူသည်။ သူသည် သူ့မိခင်ဝမ်း၌ရှိနေစဉ် အပြင်မှ အသံများကို ကြားနေရသည်။ သူသည် တရုတ်ပြည်၏တော်ဝင်မိသားစုတွင် မွေးဖွားကြောင်း သိလိုက်ရသောအခါ အလွန်စိတ်လှုပ်ရှားခဲ့သည်။ ထို့အပြင် နိုင်ငံ ထူထောင်ရေး အစောပိုင်း အဆင့်များတွင် ဖြစ်နေသောကြောင့် သူ့အဖေက သူ့အမေကို အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းမည့်အကြောင်း ပြောတဲ့အခါ သူ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်တော့မည်ဟု ခံစားခဲ့ရသည်။
မိဘနှစ်ပါးက ငယ်လင်ငယ်မယားဖြစ်ကြပြီး မိခင်ဖြစ်သူသည် ဖခင်နှင့်အတူ အခက်အခဲများတွေ့ကြုံခဲ့ရကာ ကမ္ဘာတစ်ဝှမ်းလုံးတွင် တိုက်ပွဲဝင်ကာ မင်းဆက်သစ်တစ်ခုကို တည်ထောင်ခဲ့သည်။ ထိုသို့သော နောက်ခံဖြင့် ထီးနန်းတက်သရွေ့ ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ရမည်။
ကံမကောင်းစွာပဲ၊ အရာအားလုံးက စီစဉ်ထားတဲ့သည့်အတိုင်းဖြစ်မလာနိုင်ခဲ့ပေ။
လူယုတ်မာများက အမှန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်!
အတိတ်သည် အတိတ်ဖြစ်သောကြောင့် ကျန်းချန်ရှန်းတစ်ယောက် ဒါတွေကိုသိပ်ပြီးမစဉ်းစားခဲ့ပေ။ သူ့ကိုယ်သူ ချန်ရှန်းအဖြစ် အမည်ပေးလိုက်သည်ကပင် သူ့ရဲ့ လက်ရှိဆန္ဒတွေကို ပြသဖို့ လုံလောက်နေပြီဖြစ်သည်။
အမွှေးတိုင်တစ်ဝက်စာလောက်ကြာပြီးနောက် ကျန်းချန်ရှန်းတို့နှစ်ယောက် မင်ရှင်းခန်းမရှေ့သို့ ရောက်ခဲ့ကြသည်။ ကျယ်ပြန့်သော မင်ရှင်းခန်းမပတ်လည်တွင် တပည့်များဖြင့် ပြည့်ကျပ်နေပါသည်။ ရာနှင့်ချီသောလူများက ထိုနေရာကို ဝိုင်းထားပြီး အ၀င်ဝတွင် စောင့်နေသော တပ်သားများလည်းရှိသည်။ အားလုံးပေါင်းလိုက်လျှင်အနည်းဆုံး လူအယောက် နှစ်ဆယ်၊သုံးဆယ်ခန့်ရှိလိမ့်မည်။
ကျန်းချန်ရှန်းကိုတွေ့သောအခါ တပည့်များက တယောက်ပြီး တယောက်ကြည့်ကြသည်။ သူသည် လုံချီဘုရားကျောင်းတွင် သိုသိုသပ်သိပ်နေထိုင်ခဲ့သော်လည်း ချောမောသော အသွင်အပြင်ကို ကွယ်ဝှက်မထားနိုင်ခဲ့ပေ။
" ချန်ရှန်း.... ဆရာက မင်းကို ရှာနေတာ...ဝင်သွားလိုက်ပါ.... "
အမျိုးသမီးတပည့်တစ်ဦးက ပြောသည်။ လုံချီဘုရားကျောင်းသည် ရိုးရာတာအိုဘရားကျောင်းမဟုတ်ဘဲ အမျိုးသားရော အမျိုးသမီးပါတက်ရောက်နိုင်သည့် သိုင်းသင်တန်းကျောင်းတစ်ခုနှင့် ပိုတူသည်။
ကျန်းချန်ရှန်းက စီနီယာအစ်မကို ခေါင်းညိတ်ပြပြီး ခန်းမထဲသို့ ၀င်သွားသည်။
တစ်ချက်ကြည့်လိုက်တော့ မြေပြင်ပေါ်မှာ အဝတ်ဖြူနဲ့ ဖုံးထားတဲ့ အလောင်းကို တွေ့လိုက်ရသည်။ သူ၏ညာဘက်တွင် ဘုန်းတော်ကြီးချင်ရှုနှင့် စီနီယာအစ်ကို သုံးယောက် ရပ်နေသည်။ သူ၏ဘယ်ဘက်တွင် လုံချီဘုရားကျောင်း၏ဧည့်သည်ခြောက်ယောက်ရှိသည်။ ရှေ့တွင် ရပ်နေသော ပညာရှင် ချန်လီ၊ ထိပ်တန်း ပညာရှင် ချန် လီက ကျန်းချန်ရှန်းရှိရာဆီ ရွေ့လျားလာသည်။
ခန်းမထဲသို့ သူဝင်လာကတည်းက ချန်လီ၏အကြည့်ကိုခံစားနေရသည်။
ကျန်းချန်ရှန်းက ဘုန်းတော်ကြီးချင်ရှုကုိ ဦးညွှတ်လိုက်သည်။
“ဆရာ.....”
ဘုန်းတော်ကြီးချင်ရှုသည် ငယ်စဉ်ကတည်းက သူ့ကို ကယ်တင်ခဲ့သူဖြစ်ပြီး အမြဲလေးစားခဲ့သည်။ချင်ရှု လေးနက်သောပုံပေါက်သော်လည်း လုံချီဘုရားကျောင်းတွင် စည်းကမ်းများစွာမရှိပေ။ လူတိုင်းသည် သူ့တပည့်များဖြစ်ကြပြီး တပည့်များကြားတွင် အသက်အရွယ် ခွဲခြားမှုမရှိပေ။
ချင်ရှုသည် ဆံသားများဖြူဖွေးနေသည့်အပြင် မြင်းမြီးတုတ်တံကို ကိုင်ထားသဖြင့် ပညာရှိသူတစ်ဉီးနှင့်တူနေသည်။ သူက အနည်းငယ် ခေါင်းညိတ်ပြီး .....
"ချန်ရှန်း....မင်း မနေ့ညက ဘယ်ကိုသွားခဲ့တယ်ဆိုတာ လူကြီးမင်းချန်းကိုပြောပြလိုက်ပါ..."
ကျန်းချန်ရှန်းက ချန်းလီ ဘက်လှည့်ပြီး......
“မနေ့ညက လေ့ကျင့်နေခဲ့တာပါ...ဒါကိုစီနီယာအစ်ကိုအစ်မတွေနဲ့ဆရာလည်း သိပါတယ်..... "
ခြောက်နှစ်ကြာအောင် သူဘယ်လို ဖုံးကွယ်နိုင်မလဲ.... သူသည် ခြောက်နှစ်သားကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သည်။ ထိုနှစ်အကုန်တွင် ချင်ရှုက သူ့ကို အပြစ်တင်ခဲ့သည်။ သူနားလည်ပြီဟုသာ ပြောခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူစတင်လေ့ကျင့်စဉ်တွင် သူ၏လှုပ်ရှားမှုများက ကမောက်ကမဖြစ်နေခဲ့သည်။ ချင်ရှုက သိပ်ပြီးမစဉ်းစားဘဲ သူ့ကိုပင် အနည်းငယ်လမ်းညွှန်သင်ကြားပေးခဲ့သေးသည်။ နှစ်အနည်းငယ်ကြာပြီးနောက်၊ အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကိုနှင့် တတိယအစ်မတို့သည်လည်း ဤကိစ္စကို သိသွားခဲ့ကြသည်။ သို့သော်လည်း သူတို့သည် အခြားတပည့်များကို ထုတ်မပြောဘဲ ညဥ့်နက်မှသာ လေ့ကျင့်ဖို့ခွင့်ပြုခဲ့သည်။
သာမာန်တပည့်များ၏အမြင်တွင် ကျန်းချန်ရှန်းသည် နိမ့်ကျသောတပည့်တစ်ဦးမျှသာဖြစ်သည်။
တပည့်သုံးယောက်၏အမြင်တွင် သူသည် ငယ်စဉ်ကတည်းက ကိုယ်ပိုင်သိုင်းပညာကို ဖန်တီးနိုင်သည့် ကိုယ်ခံပညာထူးချွန်သူဖြစ်သည်။
အကြီးဆုံးအစ်ကို လီချန်သည် ငယ်စဉ်ကပင် လက်သီးသိုင်းတစ်ခု ဖန်တီးခဲ့ပြီး အခုတို တပည့်ငယ်တွေကိုပင် သင်ကြားပေးနေပြီဖြစ်သည်။
"မင်း ဘယ်မှာ လေ့ကျင့်နေတာလဲ..."
"ခေါင်းလောင်းမျှော်စင်ရှေ့မှာပါ... ပုံမှန်ဆို အပေါ်ထပ်တက်ပြီး လေ့ကျင့်မှုပြီးတာနဲ့ ခေါင်းလောင်းခေါက်တယ်.... ပြီးတာနဲ့ တာအိုကျမ်းစာရွတ်ဖတ်သံတွေကိုနားထောင်တယ်...."
ထိုသို့ မေးမြန်းခံနေရသော်လည်း ကျန်းချန်ရှန်း စိတ်မခုခဲ့ပေ။မည်သို့ပင်ဆိုစေ သူသည် သေဆုံးသူကို မသတ်ခဲ့ပေ။ ထို့အပြင် ကျူးလွန်ခံရသူကို လုံးဝမသိပေ။
ချန်းလီဘက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက.....
“က်ိုရင်လေး.... မင်းရဲ့အသားအရေက နုနယ်ပြီး မင်းလက်တွေက ချောမွတ်နေတယ်... မင်းက ကိုယ်ခံပညာ လေ့ကျင့်သူတစ်ယောက်လို မဟုတ်ဘူး... မင်းက ဘယ်လိုသိုင်းပညာမျိုးကို လေ့ကျင့်နေတာလဲဆိုတာ ငါသိချင်တယ်....."
သူ၏ ရန်လိုသောလေသံသည် ကျန်းချန်ရှန်း ၏နားထဲတွင် အတန်ငယ် စူးစူးရှရှဖြစ်နေသည်။
ချန်းလီက ပြုံးလိုက်ပြီး.....
" ကိုရင်လေး... ကျုပ်တို့ကို စိတ်မဆိုးပါနဲ့..... နှစ်နာရီကြာ စုံစမ်းစစ်ဆေးခဲ့ပြီးပြီ.... ကျုပ််တို့ပတ်ဝန်းကျင်ရှိတဲ့သူတိုင်း အပြစ်ကင်းကြောင်းသက်သေပြပြီးကြပြီ. ...ကျုပ်တို့က လုံချီဘုရားကျောင်းကိုသံသယဝင်နေတာမဟုတ်ပါဘူး....တရားခံက ရုပ်ဖျက်ပြီး တပည့်တွေကြားမှာပုန်းအောင်းနေတာမျိုးဖြစ်နေမှာစိုးလို့ပါ....."
ရုပ်ဖျက်ထားတယ်......
ကျန်းချန်ရှန်းသည် ငယ်ငယ်ကတည်းက လုံချီဘုရားကျောင်းမှ တဖဝါးမခွာဖူးခဲ့ပေ။ ထို့ကြောင့် ပြင်ပကမ္ဘာ၏ ရုပ်ဖျက်နည်းများ မည်မျှ ကျွမ်းကျင်သည်ကို မသိပေ။
“ကျွန်တော်က အတွင်းအားကို လေ့ကျင့်နေတာပါ”
အသက်ခြောက်နှစ်အရွယ်ရှိ တပည့်များသည် လုံချီဘုရားကျောင်း၏ အတွင်းအားကျင့်စဉ်များကို သင်ယူနိုင်ကြသည်။ ကျန်းချန်ရှန်းသည် ထိုပညာများကို သင်ယူဟန်ဆောင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ အင်မော်တယ်ကျင့်စဉ်များကိုသာကျင့်ကြံနေခဲ့သည်။
သင်သာ အင်မော်တယ်ကျင့်စဉ်ကိုကျင့်ကြံနိုင်လျှင် အဘယ်ကြောင့် သာမာန်သိုင်းပညာများကိုလေ့ကျင့်နေမည်နည်း.....
အတွင်းအားကျင့်ကြံနေသည်ဟု ပြောခဲ့ရခြင်း အကြောင်းရင်းမှာ သူ၏ ကိုယ်ခံပညာအားလုံးသည် ခြေလှမ်းနည်းစနစ်များဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ သိုင်းပညာဖြင့်သာ ကျူးလွန်ခံရသူသေဆုံးသွားပါက တိုက်ဆိုင်မှုကြီးလွန်းသည်မဟုတ်လော။
" လုံချီဘုရားကျောင်းရဲ့ သိုင်းပညာတွေကကိုယ်ခံပညာလောကမှာ ပြိုင်ဘက်ကင်းတယ်လို့ ကောလဟာလတွေခဲ့ဖူးတယ်.... ဧကရာဇ်လုံဝေ အားနည်းနေတဲ့အချိန် ဘုန်းတော်ကြီးချင်ရှုက ကျန်းချီကိုသုံးပြီး ဘုရင်မင်းမြတ်ကို ကယ်တင်ခဲ့တယ်... သူ့ရဲ့ ကျန်းချီကို အသက်သွင်းလိုက်တာနဲ့ မျက်လုံးတွေက ညလင်းပုလဲတွေလို တောက်ပလာလိမ့်မယ်....ကိုရင်လေး ....မင်း နှစ်အတော်ကြာ လေ့ကျင့်ပြီးပြီမို့ ကျုပ်တို့ကို လက်တွေ့ပြနိုင်မလား....."
ထိုအခါ ဒုတိယတစ်ကို မန်ချွဲ့ဟေးက ပြုံးပြီးပြောသည်။
“ညီငယ်လေးက အရမ်းတော်တယ်... ထုံးစံအတိုင်း သူကအတွင်းအားကျင့်စဉ်ကို တတ်ကျွမ်းနေပါပြီ....ချန်ရှန်း ..သူတို့ကိုပြလိုက်ပါ...."
ကျန်းချန်ရှန်း ရှက်သွားသည်။
သူသည် ကျန်းချီကျင့်စဉ်ကို လုံးဝမလေ့ကျင့်ခဲ့ပေ။
ကျန်းချီကျင့်စဉ်မှာ အထူးအကျိုးသက်ရောက်မှုရှိနေတာလား.....
သူဘာကြောင့်မသိခဲ့တာလဲ.....
ကျန်းချန်ရှန်း စတင် တုန်လှုပ်နေလေပြီ....
မန်ချွဲ့ဟေး၏စကားကိုကြားသောအခါ ခန်းမအပြင်ဘက်ရှိ တပည့်များ အချင်းချင်း ဆွေးနွေးကြသည်။ ဒုတိယအစ်ကို၏ ချီးကျူးခြင်းကိုခံရလောက်အောင် ကျန်းချန်ရှန်းသည် အမှန်တကယ် ကိုယ်ခံပညာထူးချွန်သူဖြစ်နိုင်ပါသလား.....
လူတိုင်း၏အကြည့်အောက်တွင် ကျန်းချန်ရှန်း အမှန်တိုင်း ဝန်ခံလိုက်တော့သည်။
"တောင်းပန်ပါတယ်၊ ကျွန်တော် ကျန်းချီကျင့်စဉ်ကို မလေ့ကျင့်ဘူး.... ကိုယ်ခံပညာကို ကိုယ်တိုင်ဖန်တီးရတာ ကြိုက်တယ်... လက်ရှိမှာတော့ ကျွန်တော့်ရဲ့ သိုင်းကို စူးစမ်းလေ့လာနေဆဲပါ.... ကိုယ်ခံပညာနဲ့ပတ်သက်ရင်…”
"တိုက်တိုက်ဆိုင်ဆိုင် မင်းက ခြေလှမ်းသိုင်းပညာကို လေ့ကျင့်နေတာ မဟုတ်လား...."
ကျန်းချန်ရှန်း အံ့အားသင့်သွားပြီး ချန်းလီကို ကြည့်လိုက်သည်။
ချန်လီသည် ငုံ့၍ အလောင်းပေါ်တွင် လွှမ်းထားသော အဝတ်ဖြူကိုဆွဲလှန်လိုက်သည်။အသတ်ခံရသူမှာ ကျောက်စိမ်းလက်စွပ်ဝတ်ဆင်ထားသော လူငယ်ဖြစ်ပြီး သန်မာသူဖြစ်ကြောင်း မြင်နိုင်သည်။ ဆိုလိုသည်မှာ လုယက်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
ချန်းလီက အလောင်းရဲ့ ဝတ်ရုံရင်ဘတ်ကို ဆွဲဖွင့်လိုက်သည့်အခါ အလောင်းပေါ်တွင် ခြေရာတစ်ခုကိုအထင်းသားတွေ့မြင်နေရသည်။
ဘယ်လို တိုက်ဆိုင်မှုမျိုးလဲ.....
ကျန်းချန်ရှန်း အရားအားလုံးကိုသဘောပေါက်နားလည်ခဲ့ပြီဖြစ်သည်။ ခြောက်နှစ်ကြာအောင် ငြိမ်းချမ်းပြီးနောက် ကံဆိုးခြင်းများရောက်လာခဲ့လေပြီ.....
သေဆုံးသူမးဘက်တွင် အာဏာပိုင်များရှိနေကြသည်။ သူအဖမ်းခံရပြီး ဘုန်းတော်ကြီးချင်ရှုသာ သူ့ကို မကာကွယ်နိုင်ခဲ့ရင် ဒုက္ခရောက်ရလိမ့်မည်။
ဘုန်းတော်ကြီးချင်ရှု သူ့ကို ကယ်တင်တဲ့တုန်းက ချင်ရှုရဲ့ အသွင်အပြင်ကို မြင်ပြီး သူဘယ်မှာနေတယ်ဆိုတာကို လူယုတ်မာတွေ သိသွားကြလိမ့်မည်။
ကျန်းချန်ရှန်းကို သစ္စာဖောက်မျာ ဖမ်းဆီးခေါ်ဆောင်သွားချိန်အတွင်း ၎င်းတို့၏ အထောက်အထားများကို ကြားဖူးသည်။ အရပ်ဘက်၊စစ်ဘက်ဆိုင်ရာအရာရှိတွေအပြင် ခိုင်းမင်းဆက်တည်ထောင်သူတွေတောင် ပါဝင်နေခဲ့သည်။ ဒါဟာ ကောင်းကင်ဘုံကို ထိတ်လန့်စေမယ့် ပူးပေါင်းကြံစည်မှုတစ်ခုပင်....
သူတို့သည် ကျန်းချန်ရှန်း တာအိုဘုရားကျောင်းမှ ထွက်ခွာရန် စောင့်မျှော်နေရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဘုန်းတော်ကြီးချင်ရှုသည် ရှေးယခင်က ဧကရာဇ်ကျန်းယွမ်ကို ကယ်တင်ခဲ့သောကြောင့် ဧကရာဇ်မင်းမြတ်၏ ကြင်နာမှုဖြင့် ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် လုံချီဘုရားကျောင်းသည် မြို့တော်ရှိ တစ်ခုတည်းသော ကိုယ်ခံပညာဂိုဏ်းဖြစ်သည်။ အစိုးရရုံးများသည် ၎င်းတို့အား စုံစမ်းစစ်ဆေးရန် ခွင့်မပြုသည့်အပြင် စစ်တပ်ပင်လျှင်ဝင်ခွင့်မရှိပေ။
" ကိုရင်လေး...ဘာလို့ နှုတ်ဆိတ်နေတာလဲ..... မင်းက လူသတ်သမားဖြစ်နေလို့လား..."
ချန်းလီသည် ပူလောင်သောအကြည့်ဖြင့် ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။