← Chapters

မကုန်ဆုံးနိုင်သော ဘဝသက်တမ်း...မထင်မှတ်ထားသောကောင်းချီးများ.....

Vol. 1 Ch. 2

မကုန်ဆုံးနိုင်သော ဘဝသက်တမ်း...မထင်မှတ်ထားသောကောင်းချီးများ.....

Vol. 1 Ch. 2

ချန်းလီနှင့်အခြားသူများ၏ ဖော်ရွေမှုမရှိသော အကြည့်များနှင့် သူ့တပည့်ဖော်များ၏ အံ့အားသင့်နေသည့် အကြည့်များကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်ရှန်း ထိတ်လန့်ခြင်းမရှိပေ။

အဲ့ဒီအစား သူမေးလိုက်တာက.....

“မှန်ပါတယ်...ကျွန်တော် ခြေလှမ်းသိုင်းပညာလေ့ကျင့်ခဲ့ပါတယ်... ဒါပေမယ့် ဘုရားကျောင်းမှာ တပည့်ရာပေါင်းများစွာရှိတဲ့

ကြားကနေ ကျွန်တော်တစ်ယောက်တည်းကို ဘာလို့သံသယဝင်နေရတာလဲ....ကျွန်တော် လူသတ်ခဲ့တယ်လို့ ဘာလို့တပ်အပ်ပြောနိုင်ရတာလဲ....မတိုင်မီကတည်းက တပည့်တွေအားလုံးကို စစ်ဆေးခဲ့တာများလား...."

တစ်နာရီမပြည့်မီ ရာနှင့်ချီသော တပည့်များ၏ ကိုယ်ခံပညာကို စစ်ဆေးကြည့်ရှုခဲ့ခြင်း လုံးဝမဖြစ်နိုင်ပေ။ လူသတ်မှုကျူးလွန်သူသည် လုံချီဘုရားကျောင်းမှ ဖြစ်သည်ဟု တစ်ဖက်လူက အဘယ်ကြောင့်တပ်အပ်စွပ်စွဲနေရသနည်း.....

ချန်းလီက ခေါင်းခါလိုက်ပြီး .......

မနေ့ညက မိုးရွာခဲ့ပြီး လွန်ခဲ့သည့် နှစ်နာရီကမှမိုးစဲသွားတယ်မလား...အဲ့တော့ တောင်ပေါ်တလျှောက်လုံး ရွှံ့ထူနေလိမ့်မယ်....တပည့်တွေသာ မနေ့ညက အပြင်မထွက်ရင် ဒီနေ့ ဒီကိုရောက်တဲ့အခါ သူတို့ရဲ့ ဖိနပ်ပေါ်က ရွံ့တွေခြောက်သွေးနေမှာမဟုတ်ဘူး... လူတိုင်း အတူတူပဲ....ဒါပေမယ့် မင်းရဲ့ ဘောင်းဘီပေါ်မှာပေနေတဲ့ရွံ့တွေကခြောက်နေပြီ.... မင်းခြေထောက်တွေက မနေ့ညက လေ့ကျင့်ခန်းတွေ အများကြီးလုပ်ခဲ့တယ်.....”

ကျန်းချန်ရှန်း ငုံ့ကြည့်သည်။ အမှန်တော့၊ သူ့ဘောင်းဘီမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ ရွှံ့အစွန်းအထင်းတွေ အများကြီးရှိသည်။

ခန်းမအပြင်ဘက်ရှိ တပည့်များ အသံတိုးတိုးဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။

သို့သော်လည်း ကျန်းချန်ရှန်း မထိတ်လန့်သေးပေ။ သူက ချန်းလီ ကို ကြည့်လိုက်ပြီး ....

"လူကြီးမင်းချန်းရဲ့ ခန့်မှန်းချက်က ကျိုးကြောင်းဆီလျော်ပါတယ်.... ဒါပေမယ့် ကျွန်တော်က ဘာလို့သူ့ကိုသတ်ရမှာလဲ....ကျွန်တော်က ငယ်ငယ်ကတည်းက လုံချီဘုရားကျောင်းမှာ နေထိုင်ခဲ့ပြီး တစ်ခါမျအပြင်မထွက်ခဲ့ဖူးဘူး.... ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလည်း ခင်ဗျားတို့နဲ့ မေးထူးခေါ်ပြောတောင်လုပ်ခဲ့ဖူးတာမှမဟူတ်တာ.... သူ့ကို ဘာလို့သတ်ရမှာလဲ....."

ဘုန်းတော်ကြီးချင်ရှုဘက်က ဘာမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အကြီးဆုံးတပည့်သုံးယောက်ကတော့ အတွေးနက်နေခဲ့သည်။

ချန်းလီ၏ နောက်ကွယ်မှ ဧည့်သည်ငါးဦးပင်လျှင် အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။

မှန်တယ်.....ဘာကြောင့် သူ့ကိုသတ်ချင်တာလဲ......

ချမ်းသာတဲ့ မိန်းမပျိုတစ်ယောက်က.....

“မှန်တယ်....ဒီလူက သူ့အခန်းထဲမှာ သေဆုံးသွားတာ.... ဒီကိုရင်လေးသာ သတ်ခဲ့တယ်ဆို သတ်ဖို့ ညနက်မှ သူ့အခန်းထဲ ဝင်ရလိမ့်မယ်.... ဒီလောက်ထိ မုန်းတီးနေတာမျိုး ဖြစ်နိုင်ပါ့မလား....."

ကျင်းမင်းဆက်ဟာ ပွင့်လင်းမြင်သာမှုရှိတာကြောင့် အမျိုးသမီးတွေလည်း အပြင်ထွက်နိုင်ကြသည်။ ချမ်းသာသောမိသားစုမှ ဤအမျိုးသမီးငယ်သည် ချန်းလီနှင့်တစ်ဖွဲ့တည်းမဟုတ်ပေ။

သူမသာ် စိတ်တည်ငြိမ်အောင် တရားထိုင်ရန် လုံချီဘုရားကျောင်းကို လာခဲ့ခြင်းဖြစ်သည်။သူမနှင့်အတူပါလာသော အစေခံများက ခန်းမအပြင်ဘက်တွင် စောင့်နေကြသည်။

ကျန်းချန်ရှန်းသည် ချန်းလီနှင့်အခြားသူများကို စတင်သံသယဝင်လာခဲ့သည်။

လူသတ်သမားသည် ၎င်းတို့အထဲမှ ဖြစ်နိုင်ခြေ မြင့်မားသည်ဟု ခံစားမိသည်။

အမ်..... သူ့ခန္ဓာကိုယ်ထဲမှာ အစစ်အမှန်ချီတွေရှိတယ်....

ကျန်းချန်ရှန်းသည် သာမာန်ရွက်ကြမ်းရေကြိုရုပ်ရည်ရှိသော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးကို အာရုံစိုက်မိလိုက်သည်။ တာအိုကျင့်စဉ်များသည် သဘာဝနည်းစနစ်များသာဖြစ်သည်။ သူသည် မည်သည့်ဝိညာဉ်စွမ်းအင်ကိုမျှ မရရှိသေးသော်လည််း သူ၏အာရုံခံစားမှုများသည် သာမန်လူများထက် သာလွန်ထူးခြားစွာ ထိလွယ်ရှလွယ်သည်။

ပိန်ပိန်ပါးပါး ယောက်ျားသည် ကုန်သည်ကဲ့သို့ ၀တ်စားဆင်ယင်ထားပြီး အားနည်းချိနဲ့နေပုံရသည်။ သူသည် ကိုယ်ခံပညာသမားဖြစ်သည်ကို စိတ်ကူးရခက်သည်။ ထို့အပြင်၊ သူ၏စစ်မှန်သောစွမ်းအင်သည် အလွန်အားနည်းပြီး ရှာဖွေရခက်သော်လည်း ကျန်းချန်ရှန်း၏အာရုံများမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အပ်စိုက်အမှတ်များမှ စွမ်းအင်အစစ်အမှန်အချို့ကိုထုတ်လွှင့်နေသောကြောင့်သာ အာရုံခံမိခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ဤလူသည် လှည့်စားမှုကို ဖန်တီးရန် သူ၏ အပ်စိုက်အမှတ်များထဲတွင် စွမ်းအင်အစစ်အမှန်ကို တံဆိပ်ခတ်ထားခြင်းဖြစ်သည်။

ချန်းလီက မျက်မှောင်ကြုတ်ပြီး ......

"တကယ့်အကြောင်းအရင်းအစစ်အမှန်ကိုဘယ်သူမှမသိနိုင်တဲ့အတွက် ကိုရင်လေးတို့ဘက်က စစ်ဆေးမှုမှာပူးပေါင်းပေးဖို့ဆန္ဒရှိရဲ့လား.....”

ကျန်းချန်ရှန်းက ချန်းလီကို ရုတ်တရက် နှောင့်ယှက်လိုက်ပြီး .....

"ဒါဆို ဒကာချန်းတို့ဘက်မှာ ကိုယ်ခံပညာတတ်ကျွမ်းတဲ့သူမရှိဘူးလို့ဆိုလိုချင်တာလား....."

ချန်းလီက ခေါင်းညိတ်ပြီး....

“မှန်ပါတယ်...ဒါကို ကိုရင်လေးရဲ့ စီနီယာ ညီအကို မောင်နှမ သုံးယောက်စလုံး စစ်ဆေးပြီးပြီ.....”

ဆိုလိုတာက သူတို့ရဲ့ ကိုယ်ခံပညာက အဲ့လောက်ထိကျွမ်းကျင်မနေဘူး......ဒါဆို ဆရာတော်ချင်ရှုကိုယ်တိုင်ဘာလို့မစစ်ဆေးတာလဲ......

ဇဝေဇဝါဖြစ်နေသော်လည်း ဆရာတော်ချင်ရှု ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည် စိုးသောကြောင့် ထပ်မမေးဝံ့ပေ။

"ဒါဆို ကျွန်တော်ကိုယ်တိုင်စစ်ဆေးလို့ရမလား"

“ဒါက မသင့်တော်ပါဘူး.....ကျူပ်တို့တွေခုနကလေးတင် စစ်ဆေးခံပြီးပြီ....”

သူ့စကားမဆုံးခင်မှာ ကျန်းချန်ရှန်းရုတ်တရက် ယိမ်းနွဲ့သွားပြီး လျင်မြန်စွာလှုပ်ရှားလိုက်သည်။ သူသည် ချန်းလီကို ကျော်ဖြတ်ကာ ပိန်ပိန်ပါးပါး လူရှေ့သို့ ရောက်ရှိလာသည်။ သူ့ကို ဖမ်းဖို့ လက်မြှောက်လိုက်ပေမယ့် ပိန်လှီတဲ့လူက အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး ရှောင်ထွက်သွားခဲ့သည်။

ချန်းလီ လှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။ ကျန်တဲ့ ဧည့်သည် လေးယောက်လည်း ချန်းလီနှင့်မထူးမခြားနားပင်.....

သူတို့ထဲက တစ်ယောက်က ကိုယ်ခံပညာတန်ကျွမ်းတယ်ပေါ့.......

ခန်းမအပြင်ဘက်ရှိ အစေခံများ ပြေးဝင်လာကာ ဝိုင်းထားကြသည်။

ပိန်ပိန်ပါးပါး ယောက်ျားက အရင်ကလို ကြောက်ရွံ့မနေတော့ဘဲ ကောက်ကျစ်သောအပြုံးဖြင့် ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။

" ကိုရင်လေးရဲ့ကျင့်ကြံမှု ဒီလောက်မြင့်မားမယ်လို့ထင်မထားမိခဲ့ဘူး.... ငါ့ရဲ့ ကျင့်စဉ်နည်းစနစ်ကို မြင်နိုင်တယ်ဆိုတော့ မင်းကဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပုံရတယ်...."

ကျန်းချန်ရှန်းကလည်း အေးဆေးတည်ငြိမ်စွာတုံ့ပြန်လိုက်သည်။

"ခင်ဗျားရဲ့ကိုယ်ဖော့သိုင်းက ထင်သလောက်မရိုးရှင်းဘူး....."

ချမ်းသာသော အမျိုးသမီးငယ်သည် ကြောက်ရွံ့စွာဖြင့် ဆုတ်ခွာသွားပြီး .....

“ရွှယ်ဟိုင်က ဘယ်လိုလုပ် သိုင်းပညာတတ်ကျွမ်းနေတာလဲ” ဟု ထိတ်လန့်စွာ မေးလိုက်သည်။

ရွှယ်ဟိုင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"မင်း ငါ့ကို သိသားပဲ...."

ချမ်းသာသောမိသားစုမှ မိန်းမပျိုလေး တိတ်ဆိတ်နေ၏။

ရွှယ်ဟိုင်က ချန်းလီကို ကြည့်ပြီး .....

"အရာရှိ.... တစ်ဖက်လူရဲ့ အစွမ်းထက်တဲ့ ကိုယ်ခံပညာကြောင့်သာ မဟုတ်ရင် သူ့ကို အုပ်ချုပ်ရေးရုံးမှာ အတင်းအကြပ်ဖမ်းဆီးပြီး အပြစ်ပေးတော့မယ်မလား....ခင်ဗျားတို့ ချန်းမိသားစုက အမြဲဒီလိုပဲနော်..... ချူမင်းဆက်ရှိစဉ်တုန်းကတည်းက ခင်ဗျားတို့အားလုံး ဒီအတိုင်းပဲ....”

ချူးမင်းဆက်သည် ကျန်းမင်းဆက်မတိုင်မီ မင်းဆက်ဖြစ်သည်။ ချူးမင်းဆက်၏မပျက်သုန်းမီနောက်ဆုံးဧကရာဇ်လက်ထက်တုန်းက မိန်းမစိုးတွေ ချယ်လှယ်ခဲ့ကြသဖြင့် တိုင်းသူပြည်သားများ ရုန်းကန်ခဲ့ရသည်။ ဖြောင့်မတ်သောလူအချို့၏ ပုန်ကန်မှုကြောင့် ချူးမင်းဆက်ပြိုကွဲကာ နယ်မြေများကို လက်အောက်ခံအဖြစ် သိမ်းပိုက်သည့်ခေတ်တွင် မင်းဆက်သစ်တစ်ခုထူထောင်နိုင်ခဲ့ကြသည်။ကျင်းယွမ်သည် မြေရှင်တစ်ဉီးမဟုတ်ဘဲ ကိုယ်ခံပညာလေ့ကျင့်သူတစ်ဦးသာဖြစ်သော်လည်း ကျန်းမင်းဆက်ကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့သည်။

ကျန်းဧကရာဇ်မင်းဆက်တွင် ကိုယ်ခံပညာထူးချွန်သူ ဧကရာဇ်ကြောင့် ယခင်မင်းဆက်များထက် များစွာကျော်လွန်သည့် ကိုယ်ခံပညာယဉ်ကျေးမှုကို ကျင့်သုံးခဲ့သည်။

ချန်းလီက မျက်မှောင်ကြုတ်ကာ .....

"ရွှယ်ဟိုင်.....မင်း သူ့ကို ဘာလို့သတ်လိုက်တာလဲ"

ရွှယ်ဟိုင် ပြန်မဖြေဘဲ ရုတ်တရက် အလွန်လျင်မြန်သည့်အရှိန်ဖြင့် ချန်းလီဆီသို့ ပြေးသွားသည်။

ကျန်းချန်ရှန်းသည် ချန်းလီကို မကျေမနပ်ဖြစ်နေ၍ သည်အတိုင်းသာကြည့်နေခဲ့သည်။ ချန်းလီ သူ့ကိုဖမ်းဆီးဖို့ကြိုးစားခဲ့သည်မဟုတ်လော......

"ဟမ့်..."

ဘုန်းတော်ကြီးချင်ရှုက ဟစ်အော်လိုက်ပြီး ချန်းလီ ရှေ့တွင် ဝင်ရပ်လိုက်ကာ ရွှယ်ဟိုင်၏ လက်ဝါးရိုက်ချက်ကို လက်ဝါးရိုက်ချက်ဖြင့်တုံ့ပြန်လိုက်လေသည်။ရိုက်ချက်ကြောင့်

ရွှယ်ဟိုင် လက်ကျိုးသွားပြီး နောက်သို့ လွင့်စင်သွားကာ သွေးအန်နေသည်။ သူသည် တံခါးနှင့် ပြတင်းပေါက်များကို ဖြတ်၍ အပြင်ဘက်ရှိ တပည့်များကို ထိတ်လန့်စေခဲ့သည်။

ရွှယ်ဟိုင်သည် လက်ဖဝါးရိုက်ချက်သိုင်းပညာကိုတတ်ကျွမ်းပါလျှက်နှင့်အဘယ်ကြောင့်ခြေလှမ်းသိုင်းပညာကိုသုံး၍လူသတ်ခဲ့သနည်း....

ကျန်းချန်ရှန်းက ရွှယ်ဟိုင် သူ့ကို တမင်တကာ အကွက်ချစီစဉ်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူ လေ့ကျင့်နေတာကို ရွှယ်ဟိုင်မြင်သွားလို့လား.....

ရွှယ်ဟိုင်သည် မြေပြင်ပေါ်မှ ကုန်းရုန်းထကာ ပေဒါဇင်များစွာမြင့်သော နံရံကိုခုန်ကျော်ထွက်ပြေးသွားလေသည်။

"လိုက်စမ်း!"

ဒုတိယအစ်ကို မန်ချွဲ့ဟေး ပြေးထွက်လာပြီး အော်လိုက်သည့်အခါ ဒါဇင်နဲ့ချီသော တပည့်များခြံဝင်းထဲမှပြေးထွက်သွားကြသည်။

ချန်းလီ ထိတ်လန့်တုန်လှုပ်နေသည်မှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်...

ချင်ရှုက ချန်းလီရဲ့ ပခုံးကို ဆုပ်ကိုင်လိုက်သည်။

“ ဒကာတော်ချန်း..... ကမ္ဘာကြီးက ငြိမ်သက်နေပေမယ့် ရေစီးကြောင်းတွေက ရှိနေတုန်းပဲ..... ကျင်းမင်းဆက်ရဲ့ ပထမဆုံးသော ပညာရှင်ဖြစ်တဲ့ သင်က ပေါ့ပေါ့ဆဆ သွားလာတာမျိုးမလုပ်သင့်တော့ဘူး.... ဒီလိုမှမဟုတ်ရင် ဒီနေ့လို ဘေးအန္တာရာယ်တွေ အနာဂတ်မှာ ထပ်ဖြစ်လိမ့်မယ်”

ချန်းလီ ဆရာတော်ကို အမြန်ကျေးဇူးတင်လိုက်ပြီး ကျန်းချန်ရှန်းကို တောင်းပန်လိုက်သည်။ သူ၏ ရိုးသားသော သဘောထားကို ကြည့်ပြီး ကျန်းချန်ရှန်း ခက်ခဲအောင်မလုပ်ချင်တော့ပေ။

ပြသာနာပြီးဆုံးသွားပြီးနောက် ကျန်းချန်ရှန်းသည် အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ တရားခံနောက်ကိုမလိုက်သွားသော တပည့်များက သူ့ကို ဝိုင်းရံပြီး စောနကအသုံးပြုခဲ့သော ကိုယ်ဖော့သိုင်းပညာအကြောင်းစပ်စုနေကြသည်။

အကြီးဆုံးအစ်ကိုလီချင်းချီနှင့်ဒုတိယအစ်ကို မန်ချွဲ့ဟေးတို့ပင် စိတ်ဝင်စားနေကြသည်။

ဘုန်းတော်ကြီး ချင်ရှုက....

"ချန်ရှန်း... မင်း နောက်ဆို တာအိုကျမ်းစာ

တွေ မကြာခဏ နားထောင်နေစရာ မလိုတော့ဘူး.... ကိုယ်ခံပညာကို လွတ်လွတ်လပ်လပ်လေ့ကျင့်နိုင်ပြီ..... မနက်ခင်း ခေါင်းလောင်းထိုးတာကလွဲလို့ မင်းရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို မင်းဘာသာဆုံးဖြတ်နိုင်တယ်.....”

ချင်ရှု၏မိန့်ကြားချက်ကြောင့် လီချင်းချီနှင့် မန်ချွဲ့ဟေး အပါအဝင် တပည့်ပေါင်းများစွာက သူ့ကို မနာလိုစွာ ကြည့်နေကြသည်။ အကြီးဆုံးတပည့်နှစ်ယောက်သည် ဂျုနီယာများကိုသင်ကြားပေးနေရသဖြင့် လွတ်လွတ်လပ်လပ် မလေ့ကျင့်နိုင်ကြပေ။

ကျန်းချန်ရှန်းက ဆရာတော်ကို ကျေးဇူးတင်စကားမပြောခင် ခဏလောက် ကြောင်အနေလေ၏။

ဘုန်းတော်ကြီ ချင်ရှု လှည့်ထွက်သွားသည်နှင့် ခန်းမအပြင်ဘက်ရှိ တပည့်များ ချက်ချင်းဝိုင်းရံလာကြသည်။

အချိန်ခဏလောက် စကားပြောဆိုပြီးမှသာ ကျန်းချန်ရှန်းတစ်ယောက် ထွက်သွားဖို့ အခွင့်အရေးရှာတွေ့ခဲ့လေသည်။ သူဌေးသမီးလေးတောင် သူ့ကို စိတ်ဝင်စားနေလေ၏။

လူသတ်မှုကို ယာယီပိတ်သိမ်းခဲ့သည်။ လူသတ်မှုကျူးလွန်သူကို ဖမ်းမိခြင်းရှိ၊ မရှိကျန်းချန်ရှန်းနှင့်မသက်ဆိုင်တော့ပေ။ ကျန်တပည့်များက ထုံးစံအတိုင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ကြပြီး သူကတော့ အခန်းဆီပြန်ခဲ့သည်။

လုံချီဘုရားကျောင်းအတွင်းရှိ ခြံဝင်းတစ်ခုတွင် အခန်းလေးခန်းရှိပြီး နှစ်ယောက်တစ်ခန်းနှုန်းဖြင့် နေထိုင်ကြသည်။

ကုတင်ပေါ်ထိုင်ရင်း ကျန်းချန်ရှန်း အတွေးတွေကို စတင်စုစည်းလိုက်သည်။

ဘုန်းတော်ကြီးချင်ရှုက ငါ့အကြောင်းကိုတကယ်သိတာလားမသိဘူးလား..... ငါ့ကို လုံချီဘုရားကျောင်းဆီ ခေါ်လာပြီးကတည်းကထွေထွေထူးထူး ဂရုမစိုက်တော့တဲ့အတွက် တိုက်ရိုက်သွားမေးလို့လဲမရဘူး.....

ယနေ့အဖြစ်အပျက်သည် ယခင်မင်းဆက်နှင့်ပတ်သက်နိူင်သည်။ သူ၏ ကိုယ်ခံပညာကို ထုတ်ဖော်ပြသပြီးနောက် ဘုန်းတော်ကြီးချင်ရှု သည် သူ့အား အကြီးမားဆုံးသော လွတ်လပ်မှုကို အမှန်တကယ် ပေးစွမ်းခဲ့ပြီး သူ၏ စိတ်ကူးစိတ်သန်းများကို အကောင်ထည်ဖော်ပေးခဲ့သည်။

" ခိုင်းယွမ် မင်းဆက် ဆယ့်နှစ်နှစ်တွင် ရာဇ၀တ်မှုကျူးလွန်ခဲ့သော ယခင်မင်းဆက်များ၏ အကြွင်းအကျန်များနှင့် ကြုံတွေ့ခဲ့ရပြီး ဘေးဥပဒ်ထဲသို့ ဆွဲသွင်းခံခဲ့ရသည်။ သင်သည် အန္တရာယ်မှလွတ်မြောက်ရန် သင်၏စွမ်းရည်များကို အားကိုးပြီး ရှင်သန်နိုင်သည့်အတွက် ရှင်သန်မှုဆုလာဘ်အဖြစ် ခုန်းရှောင်ကျင့်စဉ်ကိုပေးအပ်လိုက်သည်....."

သူတစ်ယောက်တည်း မြင်နေရသည့် စာသားတစ်ခု သူ့ရှေ့တွင် ပေါ်လာသည့်အတွက် ပြုံးလိုက်မိသည်။

နောက်ထပ် ဘေးအန္တာရယ်တစ်ခုကျော်လွှားနိုင်ခဲ့ပြန်ပြီ....

အကယ်၍ သူသည် ကိုယ်ခံပညာကို ခြောက်နှစ်ကြာ လေ့ကျင့်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ယနေ့တွင် ရွှယ်ဟိုင်သည် သူ၏ စွမ်းရည်များကို ပြသရန် တွန်းအားပေးနိုင်မည် မဟုတ်ပေ။ သူသည် ထိုမှူးမတ်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရပေမည်။

“အနာဂတ်မှာ အားမလျှော့ဘဲ ကြိုးစားလုပ်ရမယ်.. ဒီနေ့ ဖြစ်ပျက်ခဲ့တာက တရားဝင် အကြောင်းပြချက် ရှိသရွေ့တော့ တရားရုံးက ငါ့ကို ခေါ်ထုတ်ဖို့ နည်းလမ်း ရှာနိုင်သေးတယ်....”

ကျန်းချန်ရှန်း တိတ်တဆိတ် တွေးနေမိသည်။

ချင်ရှု တကယ်ပဲ ရွှယ်ဟိုင်ရဲ့ ကိုယ်ခံပညာကို မမြင်ခဲ့တာလား....

မည်သို့ပင်ဆိုစေ သူတပါးကို အကြွင်းမဲ့ ယုံကြည်ရန် မရွေးချယ်နိုင်ပေ။ သူ့ကိုယ်သူသာ ယုံကြည်နိုင်သည်။

ကျန်းချန်ရှန်း ဒါကို တွေးပြီးတဲ့အခါ သူ့စိတ်ထဲမှာ နောက်ထပ် ကိုယ်ခံပညာတစ်ခုကို လက်ခံသင်ယူနေခဲ့သည်။

ခုန်းရှောင်ကျင့်စဉ်သည် စစ်မှန်သောစွမ်းအင်ဖြင့် လည်ပင်းသွေးကြောများကိုလှုံ့ဆော်ပေးသည့် သိုင်းပညာတစ်ခုဖြစ်သည်။ ရန်သူများကို ထိခိုက်ဒဏ်ရာရစေရန် တစ်စုံတစ်ယောက်၏ အသံကို ထူးထူးခြားခြား ကျယ်လောင်စေနိုင်သည်။ ကျွမ်းကျင်သောအခါတွင် နတ်ဆိုးများကိုပါ နှင်ထုတ်နိုင်သည်။

'နတ်ဆိုး' ဟူသော စကားလုံးများက သူ့နှလုံးသားကို တင်းကျပ်စေခဲ့သည်။

ဒီကမ္ဘာမှာ နတ်ဆိုးတွေ တကယ်ရှိနိုင်ပါ့မလား.....

သူတောင် ပြန်ဝင်စားနေပြီမို့ နတ်ဆိုးတွေ ရှိနေသည်မှာ ထူးဆန်းမနေတောပေ။

အကယ်၍ ဤဘဝသည် ယခင်ဘဝက ရေးဆွဲခဲ့သော ဂိမ်းနှင့်တူနေလျှင် သူ၏ သက်တမ်းသည် အကန့်အသတ်မရှိ ဖြစ်လိမ့်မည်။ ဘေးဥပဒ်ကို ရှောင်ရှားပြီး စဉ်ဆက်မပြတ် ကျင့်ကြံဖို့သာ လိုအပ်သည်။ အနှေးနှင့်အမြန်ဆိုသလို၊ သူသည် မသေနိုင်သောသူတစ်ယောက်ဖြစ်လာလိမ့်မည်။

အင်မော်တယ်တစ်ယောက်ဖြစ်လာပြီဆိုမှတော့ ဘာကိုများကြောက်နေရဉီးမည်နည်း....

….................

ရက်အနည်းငယ်ကြာမြင့်ခဲ့သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံ့တွေ့နေရဆဲပင်.... တပည့်များက သူ့အကြောင်းကို အလွန်သိချင်နေကြသည်။ နေ့ဘက်တွင်သာမက ညဘက်တွင်ပါ တပည့်များ၏စပ်စုချင်စိတ်ကြောင့် အနှောက်အယှက်ဖြစ်နေရစမြဲပင်.... ကျန်းချန်ရှန်း ထက်တစ်နှစ်ငယ်တဲ့ ဂျုနီယာလေးဆီကတောင် အနှောင့်ယှက်ခံခဲ့ရသေးသည်။ နောက်ဆုံးတွင်မူ ကူကယ်ရာမဲ့စွာဖြင့် ကောင်းကင်ကိုးပါးနဂါး ခြေလှမ်းသိုင်းပညာ၏ အခြေခံသိုင်းကွက်အချို့ကို ပေးလိုက်မှသာ နှောက်ယှက်မှုများရပ်တန့်သွားခဲ့သည်။

တစ်နေ့သ၌......

ကျန်းချန်ရှန်းသည် အခန်းထဲတွင် တာအိုကျင့်စဉ်နှင့်သဘာဝကျင့်စဉ်ကို လေ့ကျင့်နေသည်။

ဘန်းးးးး

တံခါးဖွင့်သံနှင့်အတူ ဂျုနီယာချင်ကု ပြေးဝင်လာပြီး စိတ်လှုပ်ရှားစွာနဲ့....

“အစ်ကိုကြီး....ဟိုပညာရှင် ဒီကို ပြန်ရောက်လာပြန်ပြီ....အစ်ကိုကြီးကို ကျေးဇူးတင်စကားပြောချင်လို့တဲ့.....ဆရာတော်က ခွင့်ပြုပေးလိုက်လို့ ခြံဝင်းထဲတောင်ရောက်နေပြီ...အခုတွေ့ခွင့်တောင်းနေတယ်....."

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်ပြီး....

" ကျေးဇူးတင်စရာ မလိုဘူးလို့ ပြောလိုက်ပါ....”

ချင်ကု အံ့အားသင့်သွားသည်။ သူသည် ကျန်းချန်ရှန်းနှင့်အတူ ကြီးပြင်းခဲ့ပြီး အရေးကြီးကိစ္စများ ကြုံလာသောအခါတွင် အလွန်နာခံခဲ့သည်။ ထို့ကြောင့် ခေါင်းညိတ်ကာ အိမ်အပြင်ဘက်သို့ လှည့်ထွက်ခဲ့သည်။

"ဟာဟားဟား၊ ကိုရင်လေးကအငြိုးကြီးသားပဲ.... အဲ့ဒီတုန်းက ကျုပ် တကယ်ကို မိုက်မဲခဲ့တယ်.... တောင်းပန်ဖို့နဲ့ မင်းကို ချန်းမိသားစုရဲ့ ကိုယ်ပိုင်သိုင်းပညာတွေပေးဖို့ရောက်လာတာပါ.... လက်ခံမယ်လို့ မျှော်လင့်ပါတယ်....”

ထိုစကားကိုပြောပြီးနောက် ချက်ချင်းဆိုသလိုပင် ချန်းလီသည် သူ့မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဆယ့်တစ်နှစ်အရွယ် ချင်ကု သူ့ကို မတားနိုင်ခဲ့ပေ။

"ရုတ်တရက်ကြီးဘယ်လိုဖြစ်ရတာလဲ....."

ချန်းလီက ထိုင်ချလိုက်ပြီး ရွှေရောင်ချည်နဲ့ချုပ်လုပ်ထားပြီး အပြာရောင်သားရေဖြင့်ဖုံးထားသော လျှို့ဝှက်စာအုပ်တစ်အုပ်ကို စားပွဲပေါ်တင်လိုက်သည်။

“ဒီသိုင်းပညာကို ချီလက်ချောင်းသိုင်းလို့ခေါ်တယ်.... အစစ်အမှန်ချီကို ရပြီးရင် ဒါကိုလေ့ကျင့်နိုင်ပြီ.....ကျုပ်တို့ချန်းမိသားစုက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကတည်းက သိုင်းပညာတွေအစား စာပေပညါတွေပဲလေ့လာခဲ့ကြတာ....ဒါကြောင့်မို့ ဒီသိုင်းပညာကို မင်းဆီပေးခဲ့မယ်......"

သူ့မိသားစုရဲ့ သမိုင်းကြောင်းကို ပြောတဲ့အခါ သူ့လေသံက အနည်းငယ် ပျော့ပျောင်းနေသည်။

ကိုယ်ခံပညာကို ထောက်ခံအားပေးခဲ့သည့် ကျန်းမင်းဆက်တွင် ချန်းမိသားစုအတွက် ခက်ခဲဖွယ်အတိပင်.....

All Chapters