← Chapters

သိုင်းလောကအရေးနှင့် ဘုရားကျောင်းမှသူလျှိုများ.....

Vol. 1 Ch. 3

သိုင်းလောကအရေးနှင့် ဘုရားကျောင်းမှသူလျှိုများ.....

Vol. 1 Ch. 3

"ဒကာတော်ချန်းသာ တကယ်ဆန္ဒရှိရင် ဘုရားကျောင်းကို တိုက်ရိုက်ပေးလို့ရပါတယ်

....ဘာလို့ ကျွန်တော့်တစ်ယောက်တည်းကို ပေးရတာလဲ...."

ကျန်းချန်ရှန်းက ချန်းလီကို စိုက်ကြည့်ရင်း မေးလိုက်သည့်အတွက် ချန်းလီ အံ့ဩသွားသည်။ ဒီကလေးရဲ့ ပုံမှန်မဟုတ်တဲ့ ရင့်ကျက်မှုကို ကြုံတွေ့ခဲ့ရပေမယ့် တုန်လှုပ်နေဆဲပင်....

သူက ခေါင်းယမ်းပြီး ရယ်မောလိုက်သည်။

“ဘုရားကျောင်းမှာ ဘယ်လိုအခြေအနေရှိလဲ ကျုပ်မှမသိတာ.... ကျုပ်က ကိုရင်လေးနဲ့ပဲ မိတ်ဖွဲ့ချင်ပါတယ်...ကိုရင်လေးက အသက်ငယ်ငယ်နဲ့ သိုင်းပညာကိုဒီလောက်ထူးချွန်နေတယ်ဆိုတော့ အနာဂတ်မှာလည်း ဒီ့ထက်မကထူးချွန်မှာသေချာတယ်..... တစ်နေ့မှာသိုင်းလောကရဲ့ ထိပ်တန်းပညာရှင်ဖြစ်လာပြီး တော်ဝင်နန်းတွင်းကို အမှုထမ်းနေတာတောင် ဖြစ်နိုင်တယ်.....”

သူသည် ယမန်နှစ်တွင် ထိပ်တန်းပညာရှင်ဖြစ်ခဲ့ပြီး သူ၏နောက်ခံအကြောင်းအရာသည် လူအများ၏ဆွေးနွေးမှုကို ဆွဲဆောင်ခဲ့သည်။ သို့သော် စာအုပ်များသည် အရေးကြီးသော အမွေအနှစ်တစ်ခုဖြစ်ပြီး အများစုမှာ မင်းမျိုးမင်းနွယ်များ၏ လက်ထဲတွင်သာ ရှိနေသည်။ထို့ကြောင့် သာမန်လူများ စာမေးပွဲကို မည်သို့အောင်မြင်နိုင်မည်နည်း။ ယခုနှစ်တွင် ဧကရာဇ်မင်းသည် အရပ်ဘက်နှင့် စစ်ဘက်ရေးရာ နှစ်ခုစလုံးတွင် ထိပ်တန်းပညာရှင် နှစ်ဦးကို အထူးရာထူးတိုးခဲ့သည်။

ဤကမ္ဘာပေါ်တွင် သိုင်းပညာလေ့ကျင့်ဖို့ ကုန်ကျစရိတ် ကြီးကြီးမားမားမဟုတ်သောကြောင့် ကျောင်းသားများကို လက်ခံသော ဤကမ္ဘာပေါ်တွင် ဂိုဏ်းခွဲများစွာရှိသည်။ သိုင်းပညာကို လေ့ကျင့်ရာတွင် အရည်အချင်းရှိရန် လိုအပ်သော်လည်း လေ့လာခြင်းသည်လည်း အရည်အချင်းရှိရန် လိုအပ်ပါသည်။ ယှဉ်ပြောရလျှင် သာမန်လူများသည် သိုင်းပညာတွင် တတ်ကျွမ်းဖို့ပိုလွယ်ကူသည်။

လုံချီဘုရားကျောင်းသည် ဧကရာဇ်မင်းမြတ်မှ သီးသန့်အမိန့်ပေးသော တာအိုဘုရားကျောင်းဖြစ်သည်။ ဧကရာဇ်၏သံသယကို အလွယ်တကူနှိုးဆွနိုင်သောကြောင့် ချန်းမိသားစုသည် ဘုန်းတော်ကြီးချင်ရှုကို တိုက်ရိုက်မိတ်ဖွဲ့ရန် မဝံ့ရဲခဲ့ပေ။

ချန်းလီရဲ့စကားတွေက အဓိပ္ပါယ်ရှိမှန်း ကျန်းချန်ရှန်း ခံစားမိနေသည်။ ဤကမ္ဘာကြီးတွင် တစ်ယောက်တည်း ပုန်းအောင်းနေရုံနဲ့ တည်ငြိမ်တဲ့ ဘဝတစ်ခုကို မရရှိနိုင်ပေ။ ယင်းအစား သြဇာကြီးသူအချို့နှင့် မိတ်ဖွဲ့ခြင်းကသာပိုအကျိုးရှိပေလိမ့်မည်။

ပိုအရေးကြီးသည်မှာ ကျန်းချန်ရှန်းအနေဖြင့်သူ့ကံကြမ္မာကို လက်ခံလိုက်ပေမဲ့ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။ သူသည် ထိုမင်းသားအတုကို သတ်ရန် နည်းလမ်းကို တွေးနေရသည်။ ထို့အပြင် သူ့နောက်ကွယ်မှ မှူးမတ်များကိုလည်း လက်မလွှတ်ခဲ့ပေ။

လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်လောက်က အဖြစ်ပျက်တွေကိုပြန်တွေးလိုက်သော်လည်း သူကြားဖူးတဲ့ ဆွေတော်မျိုးတော်တွေထဲမှာ ချန်းမျိုးရိုး တစ်ယောက်မျှပါဝင်မနေခဲ့ပေ။

ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး .....

“ဒါဆို ကျွန်တော် လက်ခံလိုက်မယ်

... ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒကာချန်းကို အရှက်ရစေလို့ဘယ်ဖြစ်မလဲ...."

ချန်းလီ ပြုံးရုံသာပြုံးနေ၏။ တစ်ဖက်က လက်ခံထားသရွေ့တော့ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုတစ်ခုပင်မဟုတ်လော....

သူအခုလို အင်မတန်စိတ်အားထက်သန်ရတဲ့ အကြောင်းရင်းကလည်း သူ့မိသားစုရဲ့ လွှမ်းမိုးမှုကြောင့်သာပင်.... ချန်းမိသားစုသည် အစွမ်းထက်သော သိုင်းပညာရှင်များကို အလွန်လိုအပ်နေသည်။ သိုင်းပညာရှင်အများအပြား ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့အားလုံးသည် အကျိုးကျေးဇူးများကြောင့် ယိမ်းယိုင်သွားကြသည်။ ကျန်းချန်ရှန်းသည် ငယ်ရွယ်သော်လည်း အခြားသူများနှင့်မတူပေ။ သူ့ကို အရင်းအမြစ်တွေ ပေးထားသရွေ့ ချန်းမိသားစုအတွက် သူ့ကိုယ်သူ မြှုပ်နှံထားလိမ့်မည်သာ.....

ချန်းလီသည် လူသတ်မှုကိစ္စနှင့် ပတ်သက်၍ စတင်ပြောဆိုခဲ့သည်။ ရွှယ်ဟိုင်က သူ့( ချန်းလီ)ကို လုပ်ကြံချင်ပေမယ့်လည်း ဘုန်းတော်ကြီးချင်ရှုနှင့် တာအိုဝါဒအကြောင်းဆွေးနွေးနေသဖြင့်အခွင့်မသာနိုင်ခဲ့ပေ။ ရွှယ်ဟိုင်၏ ခိုးကြောင်ခိုးဝှက် လုပ်ရပ်များကို မြင်သဖြင့် သေဆုံးသူက တိတ်တဆိတ်ခေါ်ယူစစ်မေးသည့်အခါ ရွှယ်ဟိုင်ကနှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ကျန်းချန်ရှန်းကတော့ ပဲလှော်ကြားဆားညှပ်ခဲ့ခြင်းပင်....ရွှယ်ဟိုင်သည် ကျန်းချန်ရှန်း၏ ခြေလှမ်းသိုင်းကိုမြင်ခဲ့ပြီး တရားခံဖြစ်အောင်စွပ်စွဲခဲ့သည်။

"ကျုပ် ဉာဏ်တိမ်ပြီး ရွှယ်ဟိုင်ရဲ့စကားတွေကြောင့် ကိုရင်လေးအပေါ် အထင်လွဲခဲ့မိတယ်.....ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိတဲ့အတွက်ရှက်မိပါတယ်..”

ချန်းလီ ရှက်ရွံ့နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။

အမှားကို ဝန်ခံနိုင်တာကိုမြင်တော့ ကျန်းချန်ရှန်း သူ့အပေါ် အထင်အမြင်တွေ ပြောင်းလဲသွားခဲ့သည်။

"ရွှယ်ဟိုင်က ဒကာတော်ကိုဘာလို့သတ်ချင်တာလဲ....."

ချန်းလီသည် ချင်ကုကို တစ်ချက်ကြည့်လိုက်သည်။ ချင်ကုကလည်း သတိရှိရှိဖြင့် ထွက်သွားပြီး တံခါးကိုသေချာပိတ်ပေးခဲ့သည်။

“ဒီကိစ္စက အရင် မင်းဆက်နဲ့ ပတ်သက်နေတယ်.... ကျုပ်တို့ချန်မိသားစုက ယခင်မင်းဆက်တွေထဲက အရာရှိမျိုးရိုးတွေပါ..ဒါပေမယ့်လည်း လက်ရှိမင်းဆက်မှာ ခိုလှုံခဲ့ကြတယ်.... ရွှယ်ဟိုင်က အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တစ်ယောက်ပါ.ယ လက်ရှိ မင်းဆက်ကို အပြစ်တင်ဖို့နဲ့ လက်နက်ချခဲ့တဲ့ မင်းမျိုးမင်းနွယ်တွေကို သတိပေးဖို့ ကျုပ်ကိုသတ်ချင်နေခဲ့တာပါး... ကံမကောင်းစွာပဲ သူကျရှုံးခဲ့တယ်”

ချန်းမိသားစုက တကယ်ကို စိတ်မကောင်းဖြစ်ရသည်။ ၎င်းတို့သည် လက်ရှိမင်းဆက်တွင် အဆင်မပြေသည့်အနေအထားတွင် ရှိနေကြပြီး ယခင်မင်းဆက်၏ လက်တုံ့ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ရသည်။

ချန်းလီအပေါ် က ဂရုဏာမထားနိုင်ခဲ့ပေ။

ခင်ဗျားကို ပထမဆုံး ပညာရှင်ဘယ်သူဖြစ်ခိုင်းလို့လဲ...ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ.....

သစ္စာဖောက်များသည် ရန်သူများထက် ပို၍မုန်းတီးဖွယ်ကောင်းသောကြောင့် ရွှယ်ဟိုင်၏ခံစားချက်ကိုအပြည့်အဝနားလည်ပေးနိုင်သည်။

ချန်းလီက တရားရုံးမှာ အငြင်းပွားမှုတွေအကြောင်း အများကြီး မပြောခဲ့ပေ။ကျန်းချန်ရှန်းသည် တောင်ပေါ်မှတောင်အောက်သို့တခါမျှမဆင်းဖူးသော်ကြောင့် သိုင်းကောလ၏ စိတ်ဝင်စားဖွယ်ကောင်းသော အရာများကိုသာ ပြောပြခဲ့သည်။

သိုင်းလောကရှိ သန်မာသော ပုဂ္ဂိုလ်များသည် ဂိုဏ်းကြီး ရှစ်ခုကို တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်ပြီး သိုင်းလောကကို တုန်လှုပ်စေခဲ့သည်။

အနက်ရောင် တည်းခိုခန်းပိုင်ရှင် ရှောင်အာကြောင့် ဘုန်းတော်ကြီးဖူယောင် ဒဏ်ရာရပြီး အဆိပ်ခတ်ခံရသည်။

တစ်စုံတစ်ယောက်က ရွှမ်းယင်မျှော်စင်၏သူတော်စင်အမျိုးသမီး၏ အခန်းထဲသို့ ခိုးဝင်ပြီး သူမ၏ ပစ္စည်းများကို ခိုးယူသွားခဲ့သည်။

ကုမူနတ်ဆိုးဘုရင်ကို အင်ပါယာတရားရုံးက ဖမ်းဆီးပြီး အကျဉ်းချခဲ့သည်။

အစရှိသည့် ကျန်းဟူလောကမှ သတင်းထူးများကို စိတ်ဝင်စားဖွယ်နားထောင်ခဲ့ရသည်။

ချန်းလီက ကိုယ်ခံပညာအဆင့်များအကြောင်းလည်း သင်ပေးခဲ့သည်။ အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ၊ ၎င်းတို့ကို တတိယ ဒုတိယ၊ ပထမအဆင့်နှင့် အစစ်အမှန်နယ်ပယ်ဟူ၍ ပိုင်းခြားထားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းတို့၏ကိုယ်တွင်းရှိ စစ်မှန်သောစွမ်းအင်အသုံးပြုကာ ရန်သူကို တိုက်ခိုကနိုင်ခဲ့ပါက၊ ၎င်းတို့သည် စစ်မှန်သောစွမ်းအင်နယ်ပယ်သို့ ဝင်ရောက်လာမည်ဖြစ်သည်။ ရွှယ်ဟိုင်သည် အနှစ်နှစ်ဆယ်နီးပါး လေ့ကျင့်သင်ကြားခဲ့သော အစ်အမှန်နယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။

သေချာစွာတွေးတောကြည့်ပါက ကျန်းချန်ရှန်းကိုသတ်ဖို့အတွက် ရွှယ်ဟိုင်အတွက်ခက်ခဲမနေခဲ့ပေ။ကျန်းချန်ရှန်းသည် တာအိုနည်းစနစ်များမှ အကျိုးကျေးဇူးအချို့ရရှိခဲ့သော်လည်း ဒုတိယအဆင့်ကိုသာ ကျွမ်းကျင်သေးသည်။ သူ၏ခန္ဓာကိုယ်ရှိ စစ်မှန်သောစွမ်းအင်သည် နတ်ဘုရားအရိပ်ခြေလှမ်းနှင့် ကောင်းကင်နဂါးခြေလှမ်းများကို အသုံးချရန်အတွက်သာ လုံလောက်သည်။

တစ်နာရီကြာပြီးနောက် ချန်လီ ထွက်ခွာသွားခဲ့သည်။

ကျန်းချန်ရှန်းက စားပွဲပေါ်ရှိ လျှို့ဝှက်စာအုပ်ကို ကြည့်ပြီး လေးလေးနက်နက် တွေးလိုက်မိသည်။

လျှို့ဝှက်စာအုပ်က အဆိပ်သင့်နိုင်သလား....

…...............

နွေဦးပေါက်ပြီး ဆောင်းဦးရောက်လာခဲ့ပြန်သည်။ ချန်းလီထွက်သွားသည်မှာလည်း လအတော်ကြာခဲ့ပြီဖြစ်သည်။ လုံချီဘုရားကျောင်းဝင်းအတွင်းရှိ သစ်ရွက်များ တဖြည်းဖြည်း အဝါရောင်ပြောင်းသွားချိန်တွင် ကျန်းချန်ရှန်း၏နေ့ရက်များ ပုံမှန်ပြန်ဖြစ်လာပြီး တပည့်များကလည်း သူ့အကြောင်းကို မသိချင်ကြတော့ပေ။

သိုင်းပညာကိုအရူးအမူးစွဲလမ်းနေသော ချင်ကုတစ်ယောက်သာ ကျန်ချန်ရှန်းကိုအနှောက်အယှက်ဖြစ်စေခဲ့သည်။

အပြောင်းအလဲများကို ပြောရလျှင် အကြီးမားဆုံး ပြောင်းလဲမှုမှာ နေ့ရက်တိုင်း ပွင့်ပွင့်လင်းလင်း လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ စစ်မှန်သော စွမ်းအင်များ တိုးပွားလာကာ ခုန်းရှောင်ကျင့်စဉ်၏ ကနဦးအဆင့်များကို ကျွမ်းကျင်နေပြီဖြစ်သည်။ချီလက်ချောင်းကျင့်စဉ်ကိုတော့ မလေ့ကျင့်ရသေးပေ။

သူသည် ချီလက်ချောင်းကျင့်စဉ်ကို မလေ့ကျင့်မီ ခုန်းရှောင်ကျင့်စဉ်ကို အပြည့်အဝကျွမ်းကျင်စေချင်သည်။

ချန်းလီ နောက်တဖန် ပြန်မရောက်လာခဲ့သလို ဘုန်းတော်ကြီးချင်ရှုကိုလည်း လူသတ်မှုပြီူကတည်းက မမြင်ရတော့ပေ။

တစ်နေ့သ၌.......

နောက်ဆုံးတွင် သဘာဝကျင့်စဉ်၏

တတိယအဆင့်သို့ရောက်ရှိသွားခဲ့ပြီး သူ၏အာရုံများလည်း အလွန်တိုးတက်လာခဲ့သည်။ ပေပေါင်းထောင်ချီအကွာက ခြင်တွေရဲ့အသံကိုတောင် ကြားနိုင်ပြီး တခြားတပည့်တွေရဲ့ အသက်ရှုသံကိုတောင် ကြားနေရ၏။ဤခံစားချက်သည် အလွန်ထူးဆန်းလွန်းလှသည်။

သူ၏စစ်မှန်သောချီဓာတ်များ တိုးမလာသော်လည်း အနည်းငယ်ပြောင်းလဲသွားသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ဝိညာဉ်စွမ်းအားသို့ ဦးတည်သွားခြင်းဖြစ်နိုင်သည်။

နာရီများစွာကြာပြီးနောက် ခြံဝင်းထဲသို့ သူရောက်လာသည်။ တပည့်များသည် ခြံထဲသို့ မပြန်သေးဘဲ ခန်းမထဲတွင် တာအိုကျမ်းစာများ နားထောင်နေကြဆဲဖြစ်သည်။ထို့ကြောင့် အချိန်ရတုန်း ခုန်းရှောင်ကျင့်စဉ်ကိုလေ့ကျင့်နေခဲ့သည်။

ခုန်းရှောင်ကျင့်စဉ်ကို လေ့ကျင့်သောအခါ အဆုတ်အားကိုသုံး၍အော်စရာမလိုဘဲ လည်ချောင်းထဲက လျှို့ဝှက်ထားတဲ့ မရီဒျန် တွေကိုသာသုံးဖို့လိုအပ်သည်။ သူ၏ စစ်မှန်သောစွမ်းအင်များ၏ ပဲ့တင်ထပ်မှုက သူ၏ အော်သဲစွမ်းအားကို ဆုံးဖြတ်နိုင်သည်။ တစ်ခါမျှ မမြင်ဖူးသော မရီဒျန်များကို အသက်သွင်းဖို့ ခက်ခဲလွန်းလှသည်။ စွမ်းအင်ကျင့်စဉ်များကို ကျင့်ကြံနိုင်မှသာ မမြင်နိုင်သော မရီဒျန်များထဲသို့ စစ်မှန်သော စွမ်းအင်များ လောင်းထည့်သည့် လုပ်ငန်းစဉ်သည် ယခင်ကကဲ့သို့ ချောမွေ့လာပြီး မနာကျင်တော့ကြောင်း တွေ့ရှိခဲ့သည်။

ကျန်းချန်ရှန်း ပျော်ရွှင်နေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း စွမ်းအားကျင့်ကြံခြင်းသည် သူ၏အခြေခံဖြစ်သည်။ သူသည် အနာဂတ်တွင် စွမ်းအားကျင့်ကြံရန်အတွက် အချိန်အများစုကို ကုန်ဆုံးရပေဦးမည်။

ညနေခင်းတွင် ချင်ကူ အိမ်သို့ပြန်လာခဲ့သည်။

“အကိုကြီး၊ ဒုတိယအစ်ကိုက တပည့်ဆယ့်ငါးယောက်ကို လေ့ကျင့်ပေးဖို့ တောင်အောက်ဆင်းခိုင်းမယ်တဲ့... အစ်ကိုသွားချင်လားလို့ မေးခိုင်းလိုက်တယ်....."

သူတို့အားလုံးနီးပါးက မိဘမဲ့တွေဖြစ်ကြသည်။ လေ့ကျင့်ပြီးတိုင်း တပည့်သစ်တစ်စုကို ပြန်ခေါ်လာကြလိမ့်မည်။

တောင်ပေါ်ရောက်ပြီးကတည်းပ ချင်ကူ တောင်အောက်မဆင်းဖူးသေးပေ။သာယာဝပြောသောခေတ်ရောက်လာပြီး လူ့လောကတွင် စစ်မဖြစ်နိုင်တော့ကြောင်း ဧည့်သည်များထံမှ ကြားသိရသောကြောင့် လူငယ်ပီပီ တောင်ခြေက အရာအားလုံးကို သိချင်နေခဲ့သည်။

ကျန်းချန်ရှန်း က ခေါင်းခါပြီး.....

"ငါ မသွားဘူး"

ချင်ကူ သူ့ကို ကြိမ်ဖန်များစွာ စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံး ချင်ကူသာ လက်လျော့လိုက်ရရှာသည်။

တောင်ပေါ်ကဆင်းဖို့လား?

မဖြစ်နိုင်ဘူး!

လုံလောက်အောင် မသန်မာသေးသ၍တောင်ပေါ်ကဆင်းဖို့မဖြစ်နိုင်သေးပေ။လုံချီဘုရားကျောင်းသည် မြို့တော်တွင်ရှိပြီး သြဇာကြီးသူများက သူ့ကို သေချာပေါက် စောင့်ကြည့်နေကြမည်သာ....

အတိအကျပြောရလျှင် ၎င်း၏အထောက်အထားကို ဖော်ထုတ်မည်ဆိုပါက ခေါင်းဖြတ်ခံရမည်ဖြစ်သည်။ဧကရာဇ်တစ်ပါး ဒေါသထွက်ပြီဆိုပါက အရာရှိတစ်ဦးသည် မည်မျှပင် တန်ခိုးကြီးပါစေ မြင်းများမှ ဆင်းရပေမည်။

နှစ်များတစ်လျှောက် ဧကရာဇ်မင်းသည် ဂိုဏ်းခွဲများစွာကို သုတ်သင်ရှင်းလင်းခဲ့ပြီး မရေမတွက်နိုင်သော အရာရှိများ သေဆုံးခဲ့ရသည်။

နောက်တစ်နေ့မနက်တွင် ဒုတိယအစ်ကို မန်ချွဲ့ဟေးသည် ချင်ကူအပါအဝင် တပည့်တစ်စုကို တောင်ပေါ်မှ ခေါ်ဆောင်သွားခဲ့သည်။ ကျန်းချန်ရှန်းကတော့ လိုက်ပါမသွားဘဲ ခေါင်းလောင်းမျှော်စင်ရှေ့တွင် ဆက်လက်လေ့ကျင့်ခဲ့သည်။

ညဘက်တရေးနိုးသောအခါ......

" ခိုင်းယွမ် ၁၂ နှစ်မြောက်မှာ သူလျှိုတစ်ယောက်က မင်းကို တောင်ပေါ်ကနေဆင်းအောင် မြှူဆွယ်ဖို့ ဒုတိယအစ်ကိုကို တိုက်တွန်းခဲ့ပေမယ့် မင်းသူ့ကို ငြင်းပယ်ခဲ့တယ်။ သင်သည် ဘေးဥပဒ်ကို ရှောင်ရှားခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်... 'အဂ္ဂိရတ်စွယ်စုံကျမ်းကို ရရှိပါတယ်....."

ထိုသတိပေးချက်ကို မြင်သောအခါ ကျန်းချန်ရှန်း အံ့အားသင့်သွားပြီး အောက်တန်းကျသော စကားတစ်ခွန်းကို ထုတ်ပြောမိလိုက်သည်။

သူလျှိုလား?

လုံချီဘုရားကျောင်းမှာ သူလျှိုရှိနေတာလား.....

ပထမဆုံးအနေနဲ့ သူ့အသက်နှစ်နှစ်အရွယ်မှာ ကိုယ်ခံပညာလေ့ကျင့်နေတဲ့ သူ့ရဲ့အကြီးဆုံးအစ်ကိုဖြစ်သူက မတော်တဆ သတ်လုနီးပါးဖြစ်ခဲ့တယ်ကို မန်ချွဲ့ဟေးက ကယ်ခဲ့ပေးခဲ့တာ....ဒါပေမယ့် အခုတကြိမ်မှာ မန်ချွဲ့ဟေးက သူ့ကို ခေါ်ထုတ်ဖို့ ဆွဲဆောင်ခဲ့တယ်....

နေစမ်းပါဉီး.....

အကြီးဆုံးအစ်ကို ဖြစ်နိုင်သလား.....

သူ နှစ်နှစ်သားအရွယ်တုန်းက ဖြစ်ခဲ့တဲ့မတော်တဆက တမင်လုပ်ခဲ့တာလား.....

ကျန်းချန်ရှန်းသည် သာမန်နေ့များတွင် သူ့အား ထူးထူးခြားခြား ကြည့်နေမည့်သူနှင့် မည်သူက ထိုသို့ပြုနိုင်မည်ကို စတင်တွေးတောလာခဲ့သည်။ ချင်ကူကိုပင်သံသယဝင်မိခဲ့သည်။

အချိန်အတော်ကြာအောင် တွေးပြီးသည့်တိုင် အဖြေရှာမရပေ။

သို့သော် တောင်ပေါ်မှဆင်းလျှင် အန္တရာယ်ရှိမည်မှာတော့ သေချာသည်။ လုံချီဘုရားကျောင်းတွင် ဘုန်းတော်ကြီးချင်ရှု ရှိနေသရွေ့ လူယုတ်မာများ ပေါ့ပေါ့ဆဆ ပြုမူဝံ့မည်မဟုတ်ပေ။

ကျန်းချန်ရှန်း ယခုလုပ်ရမည့်အရာမှာ သန်မာလာအောင်ကြိုးစားပြီး သိုသိုဝှက်ဝှက်ကျင့်ကြံနေဖို့သာပင်........

ယခင်လူသတ်မှုဖြစ်ရပ်တွင် သူသည် သိုင်းပညာတတ်ကျွမ်းကြောင်း ထုတ်ပြမိသဖြင့် သူလျှိုများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီဖြစ်သည်။သို့သော်လည်း နတ်ဆိုးအရိပ်ခြေလှမ်း၊ခုန်းရှောင်ကျင့်စဉ်နှင့် စွမ်းအားကျင့်စဉ်များကို မပြသရသေးပေ။

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ခြံဝင်းဆီသို့ လျှောက်သွားသည်။ လမ်းတလျှောက် တပည့်တွေက သူ့ကို နှုတ်ဆက်တဲ့အခါ အပြုံးလေးနဲ့ တိတ်တိတ်လေး အကဲခတ်နေခဲ့သည်။

တောင်ပေါ်မှ ဆင်းရန် ငြင်းဆိုခဲ့သောကြောင့် သူလျှိုသည် ဤနေရာတွင် ရှိနေသင့်သည်။

သူတို့အားလုံးဟာ သံသယရှိသူတွေပါ.....

….................

လုံချီဘုရားကျောင်းရှိ ဆောင်းဦးသစ်ရွက်များကို အဖြူရောင် နှင်းများဖြင့် ဖုံးအုပ်ထားသည်။ နေနှင့်လသည် သံသရာအဖန်ဖန်လည်ပြီးချိန်တွင် နှင်းဖြူများအရည်ပျော်ကာ နွေဦးရာသီသစ်ရောက်ရှိလာသည်။

မင်းဆက်အသစ်တည်ထောင်ပြီးနောက် ဆယ့်သုံးနှစ်တွင် ကျန်းချန်ရှန်းသည်လည်း အသက်ဆယ့်သုံးနှစ်ရှိပြီဖြစ်သည်။

ယခုနှစ်တွင် ဧကရာဇ်သည် ရူးသွပ်သွားပြီး မသေမျိုးကျင့်စဉ်များကို စတင်လေ့လာခဲ့သည်။ သူသည် သူ့အတွက် ဆေးဝါးများသန့်စင်ရန်အတွက် ကမ္ဘာပေါ်ရှိ အရည်အချင်းရှိသူအားလုံးကို စုဆောင်းခဲ့သည်။

“ဒီလောကမှာ မသေနိုင်တဲ့သူတွေ မရှိဘူး.... နတ်ဆိုးတွေဆိုတာလဲ အသွင်ပြောင်းခြင်းသက်သက်ပါပဲ... မသေနိုင်မျိုးကျင့်စဉ်တွေအတွက် ဘုရင်မင်းမြတ်က နိုင်ငံတော်အရေးကိစ္စတွေကိုတောင် လျစ်လျုရှုနေခဲ့ပြီ..... ကံကောင်းထောက်မစွာနဲ့ တော်ဝင်မင်းသားက မွေးရာပါဉာဏ်ရည်ထက်မြက်တယ်လေ....တော်ဝင်မင်းသားက စာအုပ်လေးအုပ်နှင့် ကျမ်းငါးကျမ်းတို့နှင့်ကျွမ်းဝင်နှံ့စပ်ပြီး နိုင်ငံရေးဆိုင်ရာကိစ္စအချို့ကို စတင်ကူညီနေပြီ......”

ချန်လီသည် စိတ်ခံစားမှုများနှင့်အတူ သက်ပြင်းချလိုက်သည်။ သူ၏စကားများသည် အိမ်ရှေ့မင်းသားကို လေးမြတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ကျန်းချန်ရှန်းအမူအရာမှာ မပြောင်းလဲသော်လည်း စိတ်ချမ်းသာနေသည်တော့မဟုတ်ပေ။

ဆယ့်သုံးနှစ်သားအရွယ်နဲ့ ဒီလိုအာဏာမျိုးကို ဆုပ်ကိုင်ထားနိုင်တယ်ဆိုတော့ ဒီခွေးကောင်ကလေးမှာ စွမ်းရည်အချို့ရှိနေပုံပဲ.....

“ ဒကာတော်ချန်း..... အိမ်ရှေ့မင်းသားက အဲ့လောက်တောင်ထူးချွန်တယ်ပေါ့..... သူ့အကြောင်းပြောပြလို့ရမလား"

ချန်းလီက ပြုံးလိုက်ပြီး...

. “ဟုတ်ပါတယ်။ ပြောရရင် အိမ်ရှေ့မင်းသားရဲ့ ကံကြမ္မာက တော်တော်ကံဆိုးတယ်.... ဘုရင်မင်းမြတ်က မမွေးခင်ကတည်းက အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းခဲ့အတွက် သူသာလျှင် တဉီးတည်းသောဆက်ခံသူပါ..... ဒါပေမယ့် ဧကရီက အိမ်ရှေ့စံမင်းသားကို ဖွားမြင်ပြီးနောက် အပြင်းဖျားပြီး လပေါင်းများစွာ မေ့မြောနေခဲ့တယ်...ဧကရီ သတိပြန်ရလာတော့ အသိစိတ်ပျောက်ပြီး အိမ်ရှေ့မင်းသားကို သူ့သားမဟုတ်ဘူးလို့ခါးခါးသီးသီးငြင်းဆန်ခဲ့တယ်လေ.... မိခင်တစ်ယောက်ရဲ့ဂရုစိုက်မှုတွေ မပေးခဲ့ဘဲ နောကထပ်သားတော်တစ်ပါး ထပ်မွေးလိုက်သေးတယ်..... အိမ်ရှေ့စံရဲ့ဘဝက သိပ်သနားဖို့ကောင်းတယ်.... ဘုရင်မင်းမြတ်ကတောင် သူ့ကို အေးတိအေးစက် ဆက်ဆံခဲ့တယ်...ဒါပေမယ့် ပင်ကိုယ်ထက်မြင်သူ အိမ်ရှေ့စံက သုံးနှစ်အရွယ်မှာ စာလုံးပေါင်းသောင်းချီ ဖတ်နိုင်ပြီး ငါးနှစ်သားအရွယ်မှာ ကဗျာရေးနိုင်ခဲ့တာကြောင့် ဘုရင်မင်းမြတ်ဆီကနေ မျက်နှာသာပေးခြင်းခံခဲ့ရတယ်.... ”

ထိုစကားကိုကြားသောအခါ ကျန်းချန်ရှန်း သည် လက်ရှိဘဝက မိခင်အကြောင်းကို မစဉ်းစားဘဲမနေနိုင်တော့ပေ။ အမိဝမ်းတွင်း၌ရှိစဉ်ကတည်း မိခင်ဖြစ်သူ၏စကားသံများကိုကြားဖူးခဲ့သဖြင့် အနည်းငယ် ဝမ်းနည်းနေမိသည်။

လူယုတ်မာတွေကလွဲရင် ဒီကမ္ဘာမှာ သူ့အကြောင်းသတိရသေးတဲ့သူရှိနေသေးတာပဲ.....

"ဧကရီ အခု ဘယ်လိုလဲ.... သူမ…ဧကရီဖြစ်နေသေးတုန်းပဲလား.....”

ချန်းလီက သူ့ကို စိုက်ကြည့်ရင်း....

“ဒါပေါ့... ဘုရင်မင်းမြတ်နဲ့ဧကရီတို့ရဲ့ ချစ်ခြင်းတရားကို ကောင်းကင်ဘုံကတောင်မျက်ကွယ်မပြုနိုင်ခဲဲ့ဘူး.... ယခု ဧကရီပြန်လည်ကောင်းမွန်လာပြီး အိမ်ရှေ့စံမင်းသားနဲ့ ဆက်ဆံရေးပြေလည်လာတာကြောင့် တိုင်းပြည် ငြိမ်းချမ်းသာယာဝပြောနေတာပေါ့... ဒါတွေအားလုံး ဧကရီရဲ့ပံ့ပိုးမှုတွေကြောင့်ပါ....."

ကျန်းချန်ရှန်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

မည်သို့ပင်ဆိုစေ.... အနည်းဆုံးတော့ မိခင်ဖြစ်သူ ကောင်းမွန်စွာအသက်ရှင်နေခဲ့သည်မဟုတ်လော.....

All Chapters