← Chapters

နဂါးအစစ်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်း......

Vol. 1 Ch. 4

နဂါးအစစ်နှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်း......

Vol. 1 Ch. 4

ချန်းလီသည် ဤခရီးစဉ်အတွက် သူနှင့်အတူ လက်ဆောင်အချို့သာ ယူဆောင်လာခဲ့သည်။ ကျန်းချန်ရှန်းနှင့် လေးနာရီကြာ စကားစမြည်ပြောပြီးနောက် ပြန်သွားခဲ့သည်။ မြို့တော်မှာ အလုပ်လုပ်နေပြီမို့ သူ့ဆီလာလည်ဖို့ အချိန်သိပ်မရှိတော့ပေ။

ချန်းလီက သူ့ကို သိုင်းပညာများ တိုးတက်လာသလားဟု မေးခဲ့သောအခါ ထိန်းသိမ်းသင့်သည့်အချက်များကို ထိန်းသိမ်းထားပြီး တိုးတက်နေသေးကြောင်း ပြန်ပြောသော်လည်း သူမည်မျှ သန်မာခဲ့သည်ကိုမူ ရှင်းလင်းစွာထုတ်မပြောခဲ့ပေ။

ချန်းလီသည် ရန်သူမဟုတ်ကြောင်း အာမခံနိုင်သောကြောင့် သူနှင့် ဆက်ဆံရာတွင် အလွန်သတိထားရသည်။

ချန်းလီ ထွက်သွားပြီး တစ်လခွဲကြာတော့ နှစ်သစ်ရောက်လာခဲ့သည်။

အဟောင်းနှင့် အသစ်ကြား အပြောင်းအလဲကို ညွှန်ပြသော ကျင်းမင်းဆက်၌ နှစ်သစ်ကူးအခါသမယသည် ပျော်ရွှင်ဖွယ်အတိပင်.....

လုံချီဘုရားကျောင်းသည် သိုင်းပညာလေ့ကျင့်သင်ကြားရာနေရာဖြစ်သောကြောင့် နှစ်သစ်ကူးအခါသယမတွင် ပြည်သူပြည်သားများလောက်တက်ကြွခြင်းမရှိခဲ့ပေ။

နှစ်သစ်ပြီးနောက်၊ မန်ချွဲ့ဟေးတစ်ယောက်

တပည့်များနှင့်အတူ ပြန်လာခဲ့သည်။ သူထွက်သွားခဲ့စဉ်ကညသူအပါအဝင် တစ်ဆယ့်ခြောက်ယောက်ရှိခဲ့သော်လည်း ပြန်လာသောအခါ လူလေးယောက်ပိုလာခဲ့သည်။ ၎င်းတို့အနက် ခြုံထည်ဝတ်ထားသည့် မွေးကင်းစကလေး သုံးဦးနှင့် ညစ်ပတ်သော လူငယ်ငါးဦး ပါဝင်သည်။ တစ်နည်းဆိုရသော် တပည့်လေးယောက် ဆုံးရှုံးခဲ့ရသည်။

ချင်ကုလည်း လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး အရင်ကလို မတက်ကြွနိူင်ရှာတော့ပေ။ ကျန်းချန်ရှန်း သူ့ကိုတွေ့တော့ အံ့သြတုန်လှုပ်သွားပြီး စိုးရိမ်စိတ်နဲ့ မေးလိုက်သော်လည်း သို့သော် ချင်ကူးသည် လွတ်လွတ်လပ်လပ် ပြုံးကာ မိုက်မဲသောကမ္ဘာတွင်တွေ့ကြုံခဲ့သော အဖြစ်အပျက်များကို ပေါ့ပေါ့တန်တန် ပြန်ပြောပြခဲ့သည်။

“အကိုကြီး.... မင်းပြောတာမှန်တယ်....ပြင်ပလောကက ဘုရားကျောင်းလောက်မကောင်းဘူး.... စစ်ပွဲတွေမရှိပေမယ့်လည်း လူတွေရဲ့စိတ်နှလုံးသားက မှန်းဆလို့မရဘူး...."

ချင်ကု သက်ပြင်းချလိုက်သည်။ ကျန်းချန်ရှန်းက နှစ်သိမ့်သည့်အနေဖြင့် သူ့ပခုံးကို လှမ်းပုတ်လိုက်ရုံမှတပါး ဘာမျှပြောမထွက်နိုင်ခဲ့ပေ။

နောက်တစ်နေ့နံနက်တွင် ချင်ကူး နံနက်စောစော ခြံဝင်းထဲတွင် လေ့ကျင့်ခဲ့သည်။ အခြားသောတပည့်များက သူ့အခက်အခဲကို သိပြီးဖြစ်သောကြောင့် သူ့ကို မနှောင့်ယှက်ကြပေ။ ကျန်းချန်ရှန်းက ခေါင်းလောင်း ခေါက်ပြီးနောက် ထုံးစံအတိုင်းလေ့ကျင့်နေခဲ့ပြန်သည်။

အခုလိုတစ်ယောက်တည်း လေ့ကျင့်ရသည်ကသာအလုံခြုံဆုံးဖြစ်လိမ့်မည်။

ဤတပည့်များ ပြန်လာခြင်းသည် ဒုတိယအစ်ကိုပင် ဒဏ်ရာရသွားသောကြောင့် လုံချီ ဘုရားကျောင်းကို အချိန်အတော်ကြာ ထိတ်လန့်စေခဲ့သည်။ မိုက်မဲသောကမ္ဘာ၏ အန္တရာယ်များသည် စိတ်ကူးထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။

သို့သော်လည်း ထိတ်လန့်မှုက တလတာမျှသာကြာရှည်ခဲ့သည်။ ဘုရားကျောင်းတွင် တပည့်အသစ် ရှစ်ယောက်နှင့် ကလေး သုံးယောက် ထပ်တိုးလာသောကြောင့် အားလုံးအလုပ်များနေကြသည်။

ကျန်းချန်ရှန်းသည် ခုန်းရှောင်ကျင့်စဉ်နှင့် ချီလက်ချောင်းကျင့်စဉ်ကို အပြည့်အဝကျွမ်းကျင်ပြီး တာအိုကျင့်စဉ်ကို အာရုံစိုက်ခဲ့သည်။

သိုင်းပညာသည် အတွင်းအားကို အာရုံစိုက်ရသောပညာရပ်ဖြစ်သည်။ ပြင်းထန်သော အတွင်းအင်အားဖြင့် အခြားသောသိုင်းပညာများကိုလေ့ကျင့်နိုင်သော်လည်း ကျန်းချန်ရှန်းကတော့ အင်မော်တယ်ကျင့်စဉ်များကိုသာလေ့ကျင့်နေခဲ့သည်။

ကျန်းချန်ရှန်း၏ အာရုံငါးပါးသည် ထူးထူးခြားခြား ပြင်းထန်လှသည်။ သူသည် အကြီးဆုံးတပည့်သုံးယောက်၏ စစ်မှန်သောစွမ်းအင်ထက်ပင် သာလွန်နေပြီဟု ခံစားနေရသည်။ ဘုန်းတော်ကြီးချင်ရှု၏ စစ်မှန်သော စွမ်းအင်သည်ပင်လျှင် သူနှင့် အတူတူလောက်သာရှိလိမ့်မည်။ ဤအချက်များကိုနှိုင်းယှဉ်ကြည့်ပါက အင်မော်တယ်ကျင့်စဉ်များနှင့်သိုင်းပညာများကြားက ခြားနားချက်ကို တွေ့မြင်နိုင်သည်။

သို့သော်လည်း ကျန်းချန်ရှန်း မောက်မာခြင်းမရှိခဲ့ပေ။ စစ်မှန်သောစွမ်းအင်သည် ရှုထောင့်တစ်ခုတည်းသာဖြစ်ပြီး ခွန်အားကို အခြားအချက်များဖြင့် တိုင်းတာရမည်ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် ကြီးထွားနေဆဲဖြစ်သည်။

ချန်းလီသည် တစ်နှစ်ခွဲလျှင် တစ်ကြိမ် လာရောက် တွေ့ဆုံတတ်သည်။ ကျန်းချန်ရှန်း သူ့ကိုမြင်တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရသည်။ တစ်ချိန်က လူသတ်မှုကို စိတ်အားထက်သန်စွာ ဖြေရှင်းခဲ့သော ထိပ်တန်း ပညာရှင်သည် စိတ်ဖိစီးပြီး ပင်ပန်းနွမ်းနယ်သော အရာရှိ ဖြစ်လာခဲ့ချေပြီ......

ဧကရာဇ်၏ မသေမျိုးကျင့်စဉ် လိုက်စားမှုသည် ပို၍ပြင်းထန်လာသည်။ သူသည် တရားရုံးတွင် မကြာခဏ ဒေါသထွက်လေ့ရှိပြီး အရာရှိများကို တစ်ချက်လွှတ်အမိန့်ဖြင့် ထုတ်ပယ်ကာ တရားရုံးရှိ အရာရှိများကို များစွာအခက်တွေ့စေခဲ့သည်။

အချိန်တွေ ကုန်သွားခဲ့ပြန်သည်။

ကျန်းမင်းဆက်တည်ထောင်ပြီး တစ်ဆယ့်လေးနှစ်ကြာခဲ့ချေပြီ......

အသက်ဆယ့်လေးနှစ်အရွယ် ကျန်းချန်ရှန်း သည် အရပ် ၁.၇ မီတာနီးပါးရှိပြီး ချောမောသောအသွင်အပြင်ရှိသည်။ရှည်လျားသော ဆံပင်များကို ကောက်ရိုးကြိုးဖြင့် ချည်နှောင်ထားသဖြင့် ပြေပြစ်သော နဖူးကိုပို၍ပင် ထင်ရှားစေသည်။ သူ၏အသွင်အပြင်သည် လုံချီဘုရားကျောင်းတွင်အလွန် ကျော်ဇော်နေ၏။ အချို့သော အမျိုးသမီးတပည့်များက သူ့ကို တိတ်တဆိတ် ချစ်ကြသော်လည်း ကျန်းချန်ရှန်းကတော့ ကျင့်ကြံမှုတွင်သာ အာရုံစိုက်ထားခဲ့သည်။

လုံချီဘုရားကျောင်းရဲ့ စည်းမျဉ်းတွေအရ မိသားစုတစ်ခုထူထောင်ချင်ရင် ဘုရားကျောင်းကနေ ထွက်သွားရမည်ဖြစ်သည်။

တစ်ခုသော နွေရာသီ နေ့သစ်တစ်ခုတွင်.....

ခေါင်းလောင်းမျှော်စင်ပေါ်တွင် ချန်လီသည် မြေပြင်ပေါ်တွင်ထိုင်ကာ နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။

"ချန်ရှန်း....မင်းမပူဘူးလား....အပူရှောင်ဖို့ အိမ်ထဲမှာ ဘာလို့ မနေတာလဲ....."

ကျန်းချန်ရှန်း လက်ရန်းပေါ်တွင် ထိုင်နေပြီး အချိန်မရွေး ပြုတ်ကျမည့်ပုံပေါက်သော်လည်း တိုင်တောင်ကဲ့သို့ တည်ငြိမ်နေ၏။

“စိတ်က ငြိမ်သက်နေရင် သဘာဝအတိုင်း အေးသွားလိမ့်မယ်”

"မင်းက ဘုန်းတော်ကြီးချင်ရှုနဲ့ ပိုတူလာတယ်"

ချန်းလီက စိတ်ခံစားချက်နဲ့ သက်ပြင်းချပြီး ညည်းညူလေတော့သည်။

“ဧကရာဇ်က ပိုပိုပြီး ယောင်ချာချာဖြစ်နေပြီ... မြောက်ပိုင်းကနေတောင်ပိုင်းကိုဆက်သွယ်ဖို့ ပင်လယ်လောက်ကျယ်တဲ့ တူးမြောင်းတစ်ခုဖောက်ခိုင်းနေပြန်ပြီ...ဒါမျိုးကဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း လုပ်နိုင်တဲ့အရာမှမဟုတ်တာ...ဖောက်ခိုင်းရတဲ့ရည်ရွယ်ချက်က ဆေးပြားတွေသယ်ယူရတာလွယ်ကူအောင်တဲ့.... ဒါက ဒေါသထွက်စရာပဲ!"

ကျန်းချန်ရှန်း ထူးဆန်းသောအမူအရာဖြင့် မျက်လုံးဖွင့်လိုက်သည်။

တူးမြောင်း?

ဒါ တရုတ်ရှေးဟောင်းသမိုင်းထဲက ယန်ကွမ်းရဲ့စစ်ဆင်ရေးမဟုတ်ဘူးလား....

ချန်းလီက စကားများများပြောလေ ဒေါသပိုထွက်လေလေဖြစ်နေသည်။ တူးမြောင်းတူးရာတွင် လူအင်အားနှင့် အရင်းအမြစ်များ အလွန်လိုအပ်သည်။ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာကျပ်တည်းရုံသာမက ပြည်သူတွေလည်း ကောင်းကောင်းမနေရတော့ပေ။

“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အနီးနားက မင်းဆက်တွေကို ထပ်ပြီး တိုက်ခိုက်ရမှာပေါ့။ သြော်.... ရွှေခေတ် ကုန်ဆုံးသွားပြီပဲ...."

ချန်းလီ စိုးရိမ်သောကရောက်နေသည်ကို ကျန်းချန်ရှန်း မနှစ်သိမ့်နိုင်ခဲ့ပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျန်းမင်းဆက် ပရမ်းပတာဖြစ်သွားပါက လုံချီ ဘုရားကျောင်စလည်း လုံခြုံလိမ့်မည်မဟုတ်ပေ။

သူ၏ စစ်မှန်သောစွမ်းအင်သည် ဘုန်းတော်ကြီးချင်ရှုထက် များစွာကျော်လွန်သော်လည်း သူ့တွင် ရန်သူများစွာရှိသည်။

တာအိုကျင့်စဉ်ကို စတုတ္ထအဆင့်အထိ ကျင့်ကြံဖို့ အချိန်တွေကို အကောင်းဆုံးအသုံးချရမည်။

အပူဒဏ်ကြောင့် မူးလဲလုနီး ဖြစ်နေသော ချန်းလီသည် တစ်နာရီအကြာတွင် ထွက်ခွာသွားခဲ့သည်။

ကျန်းချန်ရှန်း သူထွက်သွားတာကို ကြည့်ပြီး ချန်းလီရဲ့ နောက်ကျောကို တောင့်တင်းနေသည်ကိုသတိပြုမိလိုက်သည်။

တကယ်ကို အချိန်ဖြုန်းခဲ့တာပဲ.....

ကျန်းချန်ရှန်းသည် ဤဘဝတွင် အသက်ဆယ့်လေးနှစ်ရှိသော်ငြားလည်း သူ့အတိတ်နှင့် လက်ရှိဘဝနှစ်ခုလုံးကို ပေါင်းစပ်ပြီးနောက် အသက်လေးဆယ်ကျော်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်ကာလ၏ ဖြတ်သန်းမှုကို အမြဲသတိထားနေခဲ့သည်။

တောင်ပေါ်၌ အချိန်ပိုနှေးသည်ဟု ခံစားရလေသည်။

တစ်လတာကြာမြင့်ပြီးချိန်တွင်......

အကြီးဆုံးအစ်ကို လီချန်းချင်က ကျန်းချန်ရှန်းကိုတွေ့ပြီး တောင်ပေါ်ကဆင်းချင်သလားဟုမေးသည်ကို ကျန်းချန်ရှန်းက တိုက်ရိုက် ငြင်းပယ်ခဲ့သည်။

သူ့ကိုသတ်ဖို့နောက်ထပ်ထောင်ချောက်ဆင်နေတာလား...?

လီချန်းချင် စိတ်ပျက်စွာ ထွက်ခွာသွားခဲ့သည်။ မည်သို့ပင်ဆိုစေ တောင်အောက် ဆင်းရမယ့်ကိစ္စကို အတင်းအကျပ် လုပ်လို့မရပေ။

သုံးရက်အကြာတွင် လီချန်းချင်သည် တပည့်ဆယ့်ငါးယောက်ကို တောင်ပေါ်မှ ခေါ်ဆောင်သွားခဲ့သည်။ အငယ်ဆုံးတပည့်ကပင် အသက်ဆယ့်သုံးနှစ်သာရှိသေးသည်။

ကျန်းချန်ရှန်း အကြောင်းကြားစာကို စောင့်နေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း နောက်တစ်နေ့ မွန်းတည့်ချိန်တွင် သူ့မျက်လုံးရှေ့တွင် စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။

“ကျန်းမင်းဆက်တည်ထောင်ပြီး ဆယ့်လေးနှစ်မှာ သူလျှိုတစ်ယောက်က မင်းကို တောင်ပေါ်ကဆင်းဖို့ အကြီးဆုံးအစ်ကိုဖြစ်သူနဲ့ ဖြားယောင်းသွေးဆောင်ခိုင်းခဲ့ပေမယ့် မင်းငြင်းခဲ့တယ်... ဒါ့ကြောင့် သင်သည် ဘေးဥပဒ်ကိုရှောင်ရှားပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် 'အချိန်လက်ရေးလှကျင့်စဉ်' ကို ရရှိခဲ့တယ်...."

လက်ရေးလှကျင့်စဉ်..?

ကျန်းချန်ရှန်း စိတ်ပျက်သွားသည်။ ဘေးအန္တာရာယ်တိုင်းရဲ့ အတိုင်းအတာက ဆုလာဘ်ကို အဆုံးအဖြတ်ပေးနေသလိုပင်.....

အားလပ်ချိန်များတွင် သူသည် ယခင်က ရရှိခဲ့သော အဂ္ဂိရတ်ပညာကို ကျွမ်းကျင်အောင်လေ့ကျင့်နိုင်ခဲ့သည်။ကံမကောင်းစွာဖြင့်၊ သူ့တွင် ဆေးလုံးများ သန့်စင်ရန် ဆေးကျိုအိုးမရှိခဲ့ပေ။

လက်ရေးလှရေးရတကလည်း အဆိုးကြီးတော့မဟုတ်ပေ။ လုံချီဘုရားကျောင်းကို အဆင့်မြင့် အရာရှိဧည့်သည်များ လာရောက်လေ့ရှိသောကြောင့် လက်ဆောင်အဖြစ် ကဗျာစာပေများ လှူဒါန်းတတ်ကြသည်။

ဘာမှလုပ်စရာမရှိတဲ့အခါ စိတ်ငြိမ်အောင် လေ့ကျင့်ခြင်းသည်ကလည်း လေ့ကျင့်ခြင်းတမျိုးပင်.....

တကယ်တော့ လေ့ကျင့်ရေးကလွဲလို့ ဒီမှာဘဝက တကယ့်ကို ငြီးငွေ့စရာအပြည့်ပင်...

ထိုနေ့တွင်.... ကျန်းချန်ရှန်းသည် စုတ်တံ၊ မှင်နှင့် စက္ကူတို့ကိုယူလာပြီး သူလျှိုအကြောင်းတွေးရင်း သူ့အခန်းထဲမှာ လက်ရေးလှလေ့ကျင့်နေခဲ့သည်။

တောင်ပေါ်မှ ဆင်းလာရန် ဒုတိယအကြိမ် ခေါ်ယူခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ သူလျှိုရှာဖို့ နည်းလမ်းရှာတွေ့ခဲ့ပြီဖြစ်သည်။

ညဘက်တွင် ချင်ကူ အခန်းသို့ ပြန်လာပြီး သူ့ခြေဖဝါးကို အဝတ်နဲ့သုတ်ရင်း .....

“အစ်ကိုချန်ရှန်း..... ဧကရာဇ်မင်း မနက်ဖြန် လုံချီဘုရားကျောင်းကို ကြွလာမယ်လို့ကြားတယ်.... မတွေ့ဖူးချင်ဘူးလား...ဒါမျိုးကကြုံရခဲတယ်.....”

ထိုစကားကြောင့် ကျန်းချန်ရှန်းရဲ့ ညာလက်အနည်းငယ်တုန်ရီနေသည်။

"ဧကရာဇ်က ဘာထူးခြားနေလို့လဲ..ခေါင်းတစ်လုံးအပိုပါလို့လား...."

“အဲ့လို မပြောနဲ့....သတင်းမဖြန့်မိအောင် သတိထားပါ.... မသွားချင်ရင် မသွားနဲ့......"

ကျန်းချန်ရှန်းက လက်မြှောက်လိုက်ပြီး ရေးထားသောစာသားများကို တစိမ့်စိမ့်ကြည့်နေ၏။

“ငါ... မသွားချင်ဘူး....ဒါပေမယ့် ငါ့မှာတခြားထွေထွေထူးထူးလုပ်စရာမှမရှိတာ...."

စာရွက်ပေါ်တွင် စကားလုံးသုံးလုံး ရေးထားသည်။

လူကြီးလူကောင်းမဟုတ်ဘူး!

…...................

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် ကျန်းချန်ရှန်း သည် ခြံဝင်းများကြားရှိ ကျောက်တုံးလမ်းအတိုင်း လျှောက်လာခဲ့သည်။ တာအိုကျင့်စဉ်ကို ကျင့်ကြံပြီးပြီဖြစ်သောကြောင့် ဖခင်ဖြစ်သူနှင့်တွေ့ဖို့ပြင်ဆင်ရတော့မည်။

ပေတစ်ထောင်အကွာကနေ တပည့်တွေရဲ့ ဆွေးနွေးမှုတွေကို ကြားနေရသည်။

"အဲ့ဒါဧကရာဇ်လား.... သူက အရမ်းဉာဏ်ကောင်းပြီး သန်မာတယ်ဆို...!”

"အဟုတ်ပဲ ဧကရာဇ်မင်းက သက်ရှိနဂါးလိုအော်ရာမျိုးထုတ်လွှတ်နိူင်တဲ့ ကျင့်စဉ်မျိုးကျင့်ကြံထားတယ်လို့ ကြားထားတယ်... ”

“ဧကရာဇ်က မသေဆေးတွေရှာတွေ့သွားပြီလား.....”

“ပေါကကရတွေမပြောနဲ့ ကြားသွားရင် ခေါင်းဖြတ်ခံရလိမ့်မယ်......”

မင်ရှင်ခန်းမနှင့် ပိုနီးလေလေဆွေးနွေးသံများပိုကြားရလေပင်.... မကြာခင်မှာပဲ ဧကရာဇ် ကျန်းယွမ်နဲ့ဘုန်းတော်ကြီးချင်ရှုတို့ရဲ့ စကားပြောသံကို ကြားလိုက်ရသည်။

သူတို့နှစ်ဦးသည် သူတို့၏ သာယာလှပသော နေ့ရက်များကို သတိရနေခဲ့သည်။ အများစုမှာ စိတ်ခံစားချက်များစွာဖြင့် စကားပြောနေသော ကျန်းယွမ် ဖြစ်သည်။ တစ်ဖက်တွင်၊ ချင်ရှုက ကျန်းယွမ်ပြောသမျှကို ခပ်ပြုံးပြုံးဖြင့်ထောက်ခံနေ၏။

မင်ရှင်းခန်းမအနီး ခြံဝင်းအပြင်ဘက်တွင် ရွှေသံချပ်အစောင့်များ စောင့်ကြပ်နေပြီး ပြင်ပလူများ ချဉ်းကပ်ခွင့်မရှိအောင် တားဆီးထားကြသည်။

မန်ချွဲ့ဟေးနှင့်တပည့်တစ်စုသည် ဧကရာဇ်မင်းမြတ်လာမည့်လမ်းကို စောင့်မျှော်နေကြသည်။ လုံချီတောင်ကိုဖြတ်ပြီး စီးဆင်းသွားတဲ့ စမ်းချောင်းငယ်လေးတစ်ခုကို ဖြတ်ထိုးထာသော တံတားငယ်တစ်ခုရှိပြီး ဘေးနှစ်ဖက်တွက် ပန်းပင်များ ထူထပ်စွာပေါက်ရောက်နေသည်။ တံတားငယ်ဘေးက ကျောက်မဏ္ဍပ်မှာ လူဒါဇင်နဲ့ချီပြီး စည်ကားနေ၏။

မန်ချွဲ့ဟေးက သူအရင် အပြင်ထွက်တုန်းက မြင်ဖူး ကြားဖူးခဲ့သမျှကို ကြွားလုံးထုတ်နေပြီးကျန်းချန်ရှန်း လမ်းလျှောက်လာတာကိုမြင်တော့ သူ့မျက်လုံးတွေ တောက်ပလာပြီး.......

“ရှားရှားပါးပါး ဧည့်သည်ပဲ....ညီလေးကျန်း၊မင်း ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ.... လာ..လာ...."

ထိုင်နေသောတပည့်သုံးယောက် အလျင်အမြန်ထရပ်လိုက်ကြပြီး အခြားရပ်နေသောတပည့်များက သူ့အတွက်လမ်းဖွင့်ပေးလိုက်ကြသည်။

ကျန်းချန်ရှန်းသည် ဘုန်းတော်ကြီးချင်ရှု၏ အထူးခွင့်ပြုချက်ကြောင့် တာအိုစည်းကမ်းများကို လိုက်နာစရာ မလိုသော တစ်ဦးတည်းသော တပည့်ဖြစ်သည်။ အထူးအခွင့်ရေးရထားသည့်အပြင် တသီးတသန့်နေတတ်သော ကျန်းချန်ရှန်းကို လွယ်လွယ်စကားမစဝံ့ကြပေ။

ကျန်းချန်ရှန်းက မဏ္ဍပ်မှာထိုင်လိုက်ပြီး .....ယ

."ဒုတိယအစ်ကိုက ပုံပြင်ပြောဖို့ စိတ်အားထက်သန်နေတာလား......"

လုံချီဘုရားကျောင်း၏အကြီးဆုံးတပည့် သုံးဦးစလုံး သိုင်းပညာကို စွဲလမ်းသူများဖြစ်ကြသည်။ အကြီးဆုံးအစ်ကို လီချန်းချင်က အရည်အချင်းရှိသော်လည်း မန်ချွဲ့ဟေးကတော့ သာမာန်လောက်သာအရည်အချင်းရှိသူဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် လုံ့လစိုက်ထုတ်ကာ လီချန်းချင်ကို အနိုင်ရခဲ့သည်။

မန်ချွဲ့ဟေးက ပြုံးလိုက်ပြီး....

"ဒီလိုပါပဲကွာ.... နဂါးအစစ်ရဲ့အော်ရာကို ကြည့်ဖို့ ဒီကိုရောက်နေတာပါ.... ဧကရာဇ်က နဂါးနဲ့တူတယ်လို့ ကောလဟာလတွေကြားဖူးတယ်...ရိုသေသမှုပြုသင့်တယ်မထင်ဘူးလား....."

ကျန်းချန်ရှန်းနဲ့အခြားတပည့်များ စကားစမြည်ပြောနေသည်ကိုကြည့်ပြီး မန်ချွဲ့ဟေး ပြုံးနေခဲ့သည်။

မန်ချွဲ့ဟေးသည်လည်း ကျန်းချန်ရှန်း၏ လက်ရှိအင်အားကို သိချင်နေပါသည်။ သူသည် ယမန်နှစ်က ကျန်းချန်ရှန်းနှင့်တွေ့ဆုံခဲ့ပြီး လက်ရည်စမ်းဖို့ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော်လည်း ကျန်းချန်ရှန်းက ရှုံးနိမ့်မှုကို တိုက်ရိုက်ဝန်ခံခဲ့ပြီး အရည်အချင်းမပြည့်မီကြောင်း ပြောကြားခဲ့သည်။ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်နိုင်တဲ့အတွက် အဲဒါကို မေ့ထားလိုက်ရုံအပြင် ဘာမျှမတတ်နိုင်ခဲ့ပေ။

တစ်နာရီခန့်ကြာတွင်.....

ရွှေသံချပ်ကာအစောင့်အဖွဲ့တစ်ဖွဲ့ ခြံရံပြီး တာအိုဘုန်းကြီးချင်ရှုနှင့် ကျန်းယွမ်တို့ ရောက်လာခဲ့ကြသည်။

တပည့်များသည် ကျောက်မဏ္ဍပ်မှ တယောက်ပြီး တယောက် ထွက်လာကြပြီး ဒူးထောက်ကာ အရိုအသေပြုကြသည်။ ကျန်းချန်ရှန်းလည်း အများနည်းတူအရိုအသေပြုခဲ့ပါသည်။ သူ့အဖေအရင်းကို အရိုအသေပြုခြင်းသည် လုပ်သင့်လုပ်ထိုက်သော ဝတ္တရားတစ်ခုသာပင်.....

ကျန်းယွမ် အနီးသို့ရောက်သောအခါ ကျန်းချန်ရှန်း မော့ကြည့်လိုက်သောလည်း ရုပ်သွင်ကိုရှင်းလင်းစွာမမြင်နိုင်ခဲ့ပေ။

ကျန်းယွမ်သည် ရွှေနဂါးဝတ်ရုံနှင့် ခေါင်းပေါ်တွင် သရဖူကို ၀တ်ဆင်ထားသည်။ သူ့တွင် ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိပြီး ဆံသားအချို့ ဇာရာကြောင့်ဖြူရော်နေပြီဖြစ်သည်။ လမ်းလျှောက်လာရင်း သူ့အကြည့်တွေက ကျန်းချန်ရှန်းရဲ့ ပြင်းပြတဲ့အကြည့်တွေနဲ့ တွေ့တဲ့အခါ ကျန်းချန်ရှန်း တောင့်တင်းသွားပြီး အမြန်ခေါင်းငုံ့လိုက်ရသည်။

ကျန်းယွမ်နဲ့ မည်သို့တွေ့ဆုံမည်ကို မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့သော်လည်း စိတ်ကူးနှင့်လက်တွေ့ ထပ်တူမကျနိုင်ခဲ့ပေ။

ကျန်းယွမ် သူ့ကိုမှတ်မိဖို့ ဘယ်မလဲသဲလွန်စ...

ဘုန်းတော်ကြီးချင်ရှုက သူ့ကို နန်းတော်အပြင်ဘက်မှာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် မည်သို့ သဲလွန်စရှာရမည်နည်း.....

"ကိုရင်လေး...ခေါင်းမော့ပါဉီး...."

ကျန်းချန်ရှန်း အတွေးတွေနဲ့ရှုပ်ယှက်ခက်နေချိန်မှာ ကျန်းယွမ်ရဲ့ အသံကိုကြားလိုက်ရငည်။သို့သော် တခြားတပည့်တချို့ကို ခေါ်နေတယ်ထင်ပြီး မော့မကြည့်ခဲ့ပေ။

ဘုန်းတော်ကြီးချင်ရှုက အမြင်မတော်သည့်အတွက်.....

"ချန်ရှန်း၊ ဘုရင်မင်းမြတ် မင်းကိုခေါ်နေတယ်လေ....."

ကျန်းချန်ရှန်း မသိစိတ်ကြောင့် မော့ကြည့်လိုက်ပြီး ကျန်းယွမ်နဲ့ အကြည့်ချင်းဆုံသွားခဲ့ပြန်သည်။ ဧကရာဇ်ကိုမြင်သောအခါ ကြောက်ရွံ့ခြင်းမရှိသည်က ထူးဆန်းနေမည်ဖြစ်သောကြောင့် သူသည် ကြောက်ရွံ့ခြင်းကို ဖုံးကွယ်မထားခဲ့ပေ။

ကျန်းယွမ်၏နောက်တွင် ခေါင်းငုံ့နေသော ခါးကိုင်းကိုင်း မိန်းမစိုးတစ်ဦးကို သတိပြုမိလိုက်သည်။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်ကို မြေကြီးထဲမှာ မြှုပ်ထားသလိုမျိုး သူ့ကိုယ်လုံးကိုယ်ထည်က အလွန်အားနည်းနေသည်။

ဘယ်လောက် အစွမ်းထက်တဲ့ အစစ်အမှန်အင်အားမျိုးလဲ.....

ထိုသူသည် ဘုန်းတော်ကြီးချင်ရှုထက်ပင် အားကောင်းနေလိမ့်မည်။

ကျန်းချန်ရှန်း ထိုမိန်းမစိုးကို ချက်ချင်းမှတ်မိသွားခဲ့သည်။

ဒီခွေးအိုကြီးက သူ့ကို နန်းတော်ကနေ ခေါ်ထုတ်ခဲ့တာ... ဒါပေမယ့် ဘုန်းတော်ကြီးချင်ရှု နဲ့ တိုက်ခိုက်ခဲ့တာ ဒီလူ မဟုတ်ဘူး.... လမ်းခရီးမှာ အဆင့်ဆင့် လက်လွှဲခံခဲ့ရတဲ့အတွက် ဒီမိန်းမစိုးနဲ့ ချင်ရှုတို့ မတွေ့ဖြစ်လိုက်ကြဘူး....

ကျန်းချန်ရှန်း မိန်းမစိုးအိုကြီးကို ဂရုမစိုက်တော့ဘဲ အဲ့ဒီအစား မျက်လွှာအသာချကာ....

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်.... "ဟူ၍သာ ကျန်းယွမ်ကို နှုတ်ခွန်းဆက်သ လိုက်တော့သည်။

All Chapters