← Chapters

သေခြင်းရှင်ခြင်း စည်းတံဆိပ်နှင့်အလုပ်သင်မင်းသား.....

Vol. 1 Ch. 5

သေခြင်းရှင်ခြင်း စည်းတံဆိပ်နှင့်အလုပ်သင်မင်းသား.....

Vol. 1 Ch. 5

တာအိုသဘာဝနည်းစနစ်သည် အင်မော်တယ်ကျင့်စဉ်တစ်ခုဖြစ်သည်။ ကျန်းချန်ရှန်း သည် လက်ရှိတွင် အစစ်အမှန်ချီကို လေ့ကျင့်နေသော်လည်း တာအိုသဘာဝနည်းစနစ်သည် သဘာဝနှင့် တစ်သားတည်းဖြစ်ရန် လေ့ကျင့်ရသောပညာရပ်ဖြစ်သောကြောင့် ၎င်း၏စစ်မှန်သော ချီ ထွက်သက်ကို သိုင်းပညာဖြင့် စူးစမ်းလေ့လာ၍မရနိုင်ပေ။

ကျန်းယွမ်သည် မဏ္ဍပ်ရှေ့တွင် ဒူးထောက်နေသော ကျန်းချန်ရှန်းကို ကြည့်လိုက်ပြ ဘဝင်ကျသည်။ထို့နောက် သက်ပြင်းချရင်း

"ကိုယ်တော် ချန်းလီဆီကနေ ကိုရင်လေးအကြောင်းတွေကြားထားတယ်...ကိုရင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ သိုင်းပညာကျွမ်းကျင်တယ်ဆို ....ကိုယ်တော်တို့ကျန်းတိုင်းပြည်မှာကိုရင်လေးလို ထူးချွန်သူတွေလိုအပ်နေတယ်...."

"ချီးမြှောက်ခြင်းအတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး...."

ဆယ့်နှစ်နှစ်အရွယ်နှင့်မလိုက်အောင်ထူးချွန်သော ကျန်းချန်ရှန်းအကြောင်း မင်းကြီးဆီဖောက်သည်ချခဲ့သူမှာ ချန်းလီသာပင်.....

ကျန်းယွမ်က ဘာမှဆက်မပြောတော့ဘဲ ပြုံးပြီး ဆက်လက်ထွက်ခွာသွားခဲ့သည်။

ကျန်းချန်ရှန်းက ခေါင်းငုံ့ပြီး ဆက်လက်ထူးထောက်နေပြီး ဆွေတော်မျိုးတော်တွေရဲ့အကြည့်တွေကိုရှောင်တိမ်းနေခဲ့သည်။

ဆယ်နှစ်ကျော် ခွဲခွာပြီးနောက် ဆွေမျိုးများကို မည်သို့မှတ်မိမည်နည်း၊ သွေးတစ်စက်ဖြင့် ဆွေမျိုးများကို မှတ်မိနိုင်ပါ့မလား.....

အောင်မြင်လျှင်တောင် နန်းတော်ထဲတွင် တိုက်ပွဲများစွာ ကြုံရမည်ဖြစ်ပြီး၊ သူသည် သူ၏ကိုယ်ရေးအချက်အလက်အစစ်အမှန်ကို ထုတ်ဖော်လိုက်သည်နှင့်၊ ကျန်းယွမ်ဘက်က ဒေါသအမျက်ထွက်ကာ ပြစ်မှူကျူးလွန်သူများကိုကွပ်မျက်ပစ်လိမ့်မည်။ထိုအခါ ကျန်းချန်ရှန်းအပေါ်မုန်းတီးသူများပြားလာမည်သာ.....

နေ့တိုင်းသာစိုးရိမ်ပူပန်နေရာပါက မည်ငို့ကျင့်ကြံနိုင်တော့မည်နည်း....

မင်းရဲ့ကိုယ်ရေးကိုယ်တာအစစ်အမှန်ကို မဖော်ထုတ်ခင်မှာ အန္တရာယ်တစ်ခုခုကို မကြောက်ရွံ့ဘဲရင်ဆိုင်နိုင်ဖို့ ခွန်အားရှိရမယ်.....

ကျန်းချန်ရှန်းသည် ရုတ်တရက် အကြည့်စူးစူးတချက်ကို ခံစားလိုက်ရပြီး ၎င်းသည် မိန်းမစိုးဟောင်းထံမှဖြစ်ကြောင်း ရိပ်မိရန် မျှော်ကြည့်ရန်ပင် မလိုအပ်ခဲ့ပေ။

လုံချီဘုရားကျောင်းမှာ သူလျှိုတွေရှိနေတယ်ဆိုတော့ ဒီမိန်းမစိုးကြီး ငါ့အကြောင်းသေချာပေါက်သိနေမှာပဲ.....

ဤအကြည့်သည် သိပ်မကြာမနေခဲ့ပေ။ သူတို့ထွက်သွားပြီးနောက် ကျန်းချန်ရှန်းနှင့် အခြားသူများ မတ်တပ်ပြန်ရပ်လိုက်ကြသည်။

မန်ချွဲ့ဟေးက စိတ်လှုပ်ရှားစွာနဲ့ .....

"ဂျုနီယာချန်ရှန်းက တကယ်တော်တာပဲ...အရှင်မင်းကြီးတောင်သတိပြုမိနေပြီ...."

တခြားတပည့်တွေလည်း စိတ်လှုပ်ရှားနေကြသည်။ အမျိုးသမီး တပည့်များကလည်း လှပသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကြသည်။ ဖူးသစ်စအရွယ် မိန်းမပျိုလေးများအဖို့ ကျန်းချန်ရှန်းလိုလူချောလေးကို တက်မက်ကြသည်မှာ အထူးဆန်းမဟုတ်တော့ပေ။

ကျန်းချန်ရှန်းက ခေါင်းယမ်းပြီး ရယ်မောရင်း

"မဟုတ်တာ...ချီးကျူးလွန်းနေပါပြီ... လုပ်စရာလေးတွေရှိလို့ ခွင့်ပြုပါဉီး..."

တစ်ယောက်တည်း ထွက်သွားသည့် ကျန်းချန်ရှန်းကို မန်ချွဲ့ဟေး မတားဆီးခဲ့သော်လည်း မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။

ချန်ရှန်း အခု ဘယ်လောက်ထိ အားကောင်းနေပြီလဲ.......စကားပြောဖို့ အခွင့်အရေးရှာရမယ်.....

အိမ်ပြန်ရောက်တော့ ကျန်းချန်ရှန်းက အိပ်ယာပေါ်မှာ တရားထိုင်ပြီး လေ့ကျင့်နေခဲ့သည်။ တာအိုသဘာဝကျင့်စဉ်၏စွမ်းရည်များက ကျယ်ပြန့်ပြီး လေးနက်လွန်းသည့်အတွက် အလွှာဘယ်လောက်ရှိလဲမသိနိုင်သေးပေ။ လေ့ကျင့်မှုအောင်မြင်ပြီးမှသာ နောက်အလွှာ၏မှတ်ဉာဏ်ကို ဖွင့်နိုင်မည်ဖြစ်သည်။

ထိုနေ့ညတွင်....

မိုးမချုပ်ခင်ကတည်းက ချင်ကူပြန်ရောက်လာခဲ့သည်။

အခက်အခဲများကို တွေ့ကြုံပြီးကတည်း ချင်ကူသည် အရင်ကထက်ပိုတိတ်ဆိတ်လာပြီး သိုင်းပညာလေ့ကျင့်ရာတွင်သာ စိတ်နှစ်ထားခဲ့သည်။ထို့ကြောင့် သူ၏ရုပ်ရည်နှင့် စိတ်နေသဘောထားသည် ရွယ်တူများထက် ပိုမိုရင့်ကျက်နေပုံရသည်။

ချင်ကူက ကျန်းချန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောတော့ဘဲ တရားထိုင်ပြီး လေ့ကျင့်နေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်.......

ကျန်းချန်ရှန်းထံသို့ ချန်းလီ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

ခေါင်းလောင်းဘေးမှာထိုင်နေသည့် ချန်းလီကစိတ်လှုပ်ရှားစွာနဲ့.....

"ချန်ရှန်း ဘုရင်မင်းမြတ်က မင်းကို တကယ်ချီးကျူးနေတာ.... မနေ့က ညီလာခံမှာတောင် ဘုရင်မင်းမြတ်က ကျန်းတိုင်းပြည်မှာ သိုင်းပညာပိုမိုထွန်းကားလာအောင် ပြိုင်ပွဲတခုစီစဉ်ဖို့မိန့်ကြားလိုက်သေးတယ်.... ပြီးတော့ လုံချီဘုရားကျောင်းက အသက်ဆယ့်လေးနှစ်အရွယ် တာအိုကိုရင်လေးရဲ့ဘသိုင်းပညာကိုလည်း ချီးမွန်းခန်းဖွင့်ခဲ့သေးတယ်...အဲ့တာ မင်ကိုအတိအကျရည်ညွှန်းနေတာပဲမဟုတ်လား....."

"ဘယ်လိုလဲ... မင်း ပြိုင်ပွဲဝင်မယ်မဟုတ်လား.....အရှင်မင်းကြီးရဲ့စကားတခွန်းနဲ့တင် မင်းကိုဘယ်သူမှ အထင်သေးရဲမှာမဟုတ်ဘူး.....မင်းသာ လုံလောက်အောင်သန်မာရင် အတားအဆီးမရှိနိုင်တော့ဘူး....."

ကျန်းချန်ရှန်းက ခေါင်းယမ်းလိုက်ပြီး

"ကျွန်တော်က ဒကာတော်ချန်းတို့ ထင်သလောက် မသန်မာသေးပါဘူး...ပြီးတော့အသက်လည်း ငယ်သေးတယ်၊ ဒါ့ကြောင့်ပြိုင်ပွဲဝင်ဖို့ စောနေသေးတယ်...."

ချန်းလီ ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။

"ချန်ရှန်း မင်းက ငယ်ငယ်လေးကတည်းက အမြော်အမြင်ရှိတယ်.... မဟုတ်မှလွဲရော မင်းက အင်မော်တယ်များလားကွာ....."

ကြီးကျယ်ခမ်းနားတဲ့ အကျိုးကျေးဇူးတွေကို မျက်မြင်တွေ့နေရသည့်တိုင် ဒီလို အေးချမ်းတဲ့ လူငယ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ချန်းလီက ချက်ချင်းပင် အကြောင်းအရာပြောင်းလိုက်ပြီး.....

"မင်းရဲ့အကြီးဆုံးအစ်ကိုကတော့ ဝင်ပြိုင်ဖို့ နာမည်စာရင်းပေးထားပြီးပြီ..... ဒါပေမယ့် သူဒုက္ခရောက်နေတယ်၊ ဘုန်းတော်ကြီးချင်ရှုတောင် ဒီနေ့ပဲ တောင်ပေါ်ကနေ ဆင်းသွားပြီ...."

ဒါကိုကြားတော့ ကျန်းချန်ရှန်း မျက်လုံးဖွင့်ကြည့်လိုက်လေသည်။

အစ်ကိုကြီးလီချန်းချင်သည် လုံချီဘုရားကျောင်းတွင် ဖခင်သဖွယ် တပည့်ငယ်များကို စောင့်ရှောက်ပေးနေခဲ့သူပင်.... သူသည် သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း နူးညံ့သိမ်မွေ့သော စိတ်ထားရှိပြီး တပည့်ငယ်များကို ကောင်းစွာ ဂရုစိုက်သည်။ ကျန်းချန်ရှန်းကလည်း သူ့ကို ချစ်ခင်လေးစားသည်။

“ဘာများဖြစ်လို့လဲ...."

"ထုံးစံအတိုင်း..သမီးရည်းစားကိစ္စပဲပေါ့.... မင်းအစ်ကိုကြီးက နတ်ဆိုးကလန်က ကောင်မလေးနဲ့ချစ်ကြိုက်ခဲ့တယ်လေ...နတ်ဆိုးကလန်က ဘုန်းတော်ကြီးချင်ရှု ကိုယ်တိုင် လာမြန်းဖို့တောင်းဆိုလိုက်တယ်...."

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

ဘုန်းတော်ကြီးချင်ရှုကို ဖယ်ထုတ်ဖို့ နတ်ဆိုးကလန်နဲ့ ပူးပေါင်းလိုက်ကြပြီလား....ဒါဆို လုံချီဘုရားကျောင်းမှာ ခေါင်းဆောင်မရှိတော့ဘူးပေါ့....ဒါဟာ တိုက်ဆိုင်မှုဖြစ်ရင်တောင် ဒီအခွင့်အရေးကို လက်လွတ်ခံကြမှာမဟုတ်ဘူး......

ကျန်းချန်ရှန်း လုံချီဘုရားကျောင်းသို့ရောက်လာပြီးကတည်းက ဘုန်းတော်ကြီးချင်ရှု တောင်ပေါ်မှ မဆင်းသေးသည့်အတွက် ယခုအချိန်သည် ရန်သူများအတွက် အခွင့်ရေးတစ်ခုဖြစ်နေခဲ့ပြီ။

ကျန်းချန်ရှန်း စိတ်ရှုပ်မခံခဲ့ပေ။ယခုဆိုလျှင် သူသည် ဘုန်းတော်ကြီးချင်ရှုထက်ပင်အားကောင်းနေပြီမဟုတ်လော.... ထို့အပြင် လုံချီဘုရားကျောင်းက မြို့တော်ထဲမှာရှိသည့်အတွက် ရန်သူဘက်က ဟောဟောဒိုင်းဒိုင်းလုပ်ဝံမည်မဟုတ်ပေ။

ချန်းလီက လီချန်းချီအကြောင်းဆက်ပြောခဲ့ဝည်။လီချန်းချီသည် တပည့်ငယ်များနှင့်အတူ ကမ္ဘာအနှံ့ လျှောက်လှမ်းခဲ့သည်။ သူသည် သူရဲကောင်းဆန်စွာဖြင့် အမျိုးသမီးတစ်ဦးကို မတော်တဆ ကယ်တင်ခဲ့ပြီး ထိုအမျိုးသမီးနှင့် ချစ်ကြိုးသွယ်ခဲ့မိကြသည်။ နောက်ပိုင်းမှသာ နတ်ဆိုးကလန်ဂိုဏ်းချုပ်၏သမီးဖြစ်ကြောင်း သိရှိလာခဲ့သည်။ ထို အမျိုးသမီးက လီချန်းချီကို လက်ထပ်မည်ဟု ကတိပြုခဲ့ပြီး ထိုသတင်းက မြို့တော်အထိပင်ပျံ့နှံနေခဲ့သည်။

လုံချီဘုရားကျောင်းသည် မြို့တော်တွင်ရှိသည့် တစ်ခုတည်းသော ဂိုဏ်းဖြစ်ပြီး မြင့်မားသောအဆင့်အတန်းရှိသည်။ ထိုသတင်းက လုံချီဘုရားကျောင်းနှင့်ဆက်စပ်နေသည့်အတွက် ကျန်းဟူလောကသားများအတွက် အာရုံစိုက်စရာဖြစ်လာခဲ့သည်။

ချန်းလီသည် နာရီဝက်ကြာ စကားပြောခဲ့ပြီး မထွက်ခွာမီ ဆေးဖက်ဝင်ပစ္စည်းများ ပေးခဲ့သေးသည်။

ဤဆေးဖက်ဝင်ပစ္စည်းများသည် သိုင်းပညာ လိုက်စားသူများအတွက် သင့်တော်ပြီး အလွန်တန်ဖိုးရှိပြီး ရှာရခက်သည်။

ကျန်းချန်ရှန်းက ချန်းလီ ထွက်သွားတာကိုကြည့်ပြီး နောက်ဖြစ်နိုင်တဲ့ရန်သူရဲ့တိုက်ခိုက်မှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စတင်စဉ်းစားနေခဲ့သည်။

ဘုန်းတော်ကြီးချင်ရှု ထွက်သွားပြီးနောက်၊ ဒုတိယအစ်ကို မန်ချွဲ့ဟေးကသာ ဘုရားကျောင်းအတွက် တာဝန်ခံသူဖြစ်လာခဲ့သည်။ကြောင်မရှိ ကြွက်ထဆိုသည့်အတိုင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း ရှားပါးသော သက်ဝင်လှုပ်ရှားနေသည့် ညတစ်ညဖြစ်လာခဲ့ပြီး အော်ဟစ်သောက်စားပျော်ပါးနေခဲ့ကြသည်။

ကျန်းချန်ရှန်းကတော့ အိမ်ထဲမှာသာ လေ့ကျင့်နေခဲ့သည်။

ရုတ်တရက်!

ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး....

"မင်း ဒီလောက် အလျင်လိုနေတာလား?"

တံစက်မြိတ်ပေါ်မှ တစ်စုံတစ်ယောက်၏ အသက်ရှုသံကို ခံစားလိုက်ရသည်။ သူသာသာမန်စစ်သည်တစ်ယောက်ဆိုရင် ဒါကို လုံးဝသတိမထားမိမည်မဟုတ်ပေ။

သိပ်မကြာခင်မှာပဲ ထူးဆန်းတဲ့ ရနံ့တစ်ခုက အပေါ်ကနေ အခန်းထဲကိုပျံနှံလာခဲ့သည်။

မွှေးရနံ့!

ကျန်းချန်ရှန်း ချက်ခြင်း အသက်ရှုရပ်ပြီး တာအိုသဘာဝကျင့်စဉ်ကိုအသက်သွင်းလိုက်သည့်အတွက် နာရီဝက်ခန့် အသက်အောင့်ထားနိုင်မည်ဖြစ်သည်။

အမွှေးတိုင်တစ်ဝက်စာခန့်အကြာတွင် ကုတင်ပေါ် လှဲချပြီး မေ့လဲသွားသယောင် ဟန်ဆောင်လိုက်သည်။

ထိုအခါ...ပြတင်းပေါက်အပြင်ဘက်မှ အရိပ်တစ်ခု ခုန်ဆင်းလာသည်။ လုပ်ကြံသတ်ဖြတ်သူသည် လုံချီဘုရားကျောင်း၏တပည့်ဖြစ်သည်။ သူသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ပြီး သာမာန်မျက်နှာနှင့် အလွန်ထူးခြားလှသည်။ သူက ကုတင်ပေါ်မှ ကျန်းချန်ရှန်း ကို စိုက်ကြည့်ပြီး .....

"ဒီကောင်လေး အရည်အချင်းရှိသားပဲ...အတော်ချိန်ယူလိုက်ရတယ်...."

ထိုသူက ဝှက်ယူလာသော ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကုတင်ဘေးနားကို တဖြည်းဖြည်းရွေ့လာပြီး ကျန်းချန်ရှန်း ရဲ့ရင်ဘတ်ကို ဓားနဲ့ထိုးချလိုက်လေတော့သည်။

သို့သော်..... ထိုအချိန်အတွင် ကျန်းချန်ရှန်း ရဲ့ ခြေထောက်တွေ ရုတ်တရက် ကြွလာပြီး လုပ်ကြံသူရဲ့ လက်ကို လိမ်ချိုးလိုက်သည်။

လှုပ်ရှားမှုတွေက မြန်လွန်းပြီး လုပ်ကြံသတ်ဖြတ်သူ မတုံ့ပြန်ခင်မှာ ကျန်းချန်ရှန်း က သူ့အပေါ်ကနေ ထိုင်ပြီး အမိဖမ်းနိုင်ခဲ့သည်။

လုပ်ကြံသတ်ဖြတ်သူသည် သူ၏စစ်မှန်သော ချီကို ထုတ်သုံးလိုက်ပြီး ကျန်းချန်ရှန်းကိုခုခံချင်သော်လည်း လုံးဝမလှုပ်နိုင်သောကြောင့်အလွန်ထိတ်လန့်သွားသည်။

"ကြောက်စရာကောင်းလိုက်တာ၊ ဒီကလေးက ပထမအဆင့်ထက် သာနေတာ သေချာတယ်!"

လူသတ်သမား ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ကျန်းချန်ရှန်းက တစ်ဖက်လူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီးမေးခွန်းထုတ်လိုက်သည်။

"အစ်ကိုငါး..... မင်းဘာလုပ်နေတာလဲ..."

လုပ်ကြံသတ်ဖြတ်သူသည် အံတင်းတင်းကြိတ်လိုက်ပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။ အဆိပ်သောက်ပြီး အဆုံးစီရင်ခဲခြင်းဖြစ်သည်။

ကျန်းချန်ရှန်းတွင် ထိုလုပ်ရပ်ကို ရပ်တန့်ရန် အချိန်မရှိသလို စိတ်ပျက်ခြင်းလည်း မရှိခဲ့ပေ။

လူသတ်သမား၏ခန္ဓာကိုယ်ပေါ်တွင် သဲလွန်စရှိမရှိ လိုက်ရှာသော်လည်း ဘာမျှမတွေ့သဖြင့် အားလုံးကြားအောင် လှမ်းအော်လိုက်လေသည်။

"လူသတ်သမားရှိနေပြီ!"

အကြိမ်တစ်ဒါဇင်လောက် ဆက်တိုက်အော်ပြီးမှသာ ချင်ကူးက အရင်ဆုံးအပြေးအလွှား ရောက်လာပြီး တခြား တပည့်တွေပါ လိုက်လာကြသည်။

ကျန်းချန်ရှန်းက ကုတင်ပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာဖြင့် ထိုင်နေလေသည်။

မန်ချွဲ့ဟေးသည် လူအုပ်ကြီးကြားထဲမှ တိုးထွက်ပြီး ရှေ့သို့ လျင်မြန်စွာ လျှောက်လာသည်။ သေဆုံးသူကို မြင်သောအခါ အမူအရာပျက်ယွင်းသွားသည်။

"ညီငါး....!"

တခြားတပည့်တွေလည်း အံ့သြသွားကြသည်။

နံပါတ်ငါးဂျူနီယာညီငယ်၏ တည်ရှိမှုသည် မမြင့်မားသော်လည်း၊ သူသည် အခြားတပည့်များနှင့် ရန်ငြိုးဖွဲ့လေ့ မရှိပေ။

မန်ချွဲ့ဟေးသည် လုပ်ကြံသတ်ဖြတ်သူ၏လက်ထဲတွင်ရှိသော ဓားမြှောင်ကို သတိပြုမိပြီး မျက်နှာထားကလည်းသိသိသာသာ ညိုမှိုင်းလာသည်။ သူသည် စစ်ဆေးရန် ရှေ့သို့ တိုးလာကာ “အဆိပ်သောက်၍ သတ်သေခြင်း” ဟု ကောက်ချက်ချခဲ့သည်။

သူသည် ထိုကိစ္စ၏လေးနက်မှုကို ချက်ချင်းသဘောပေါက်လိုက်သည်။ အသေခံ လုပ်ကြံသတ်ဖြတ်သူတွေသာ အဆိပ်ကိုပါးစပ်ထဲတွင်ဝှက်ထားတတ်ကြသည်။ဤသည်မှာ ဂိုဏ်းတူညီအစ်ကိုချင်းမကျေလည်သည့်ကိစ္စမဟုတ်နိုင်တော့ပေ။

သူသည် ကျန်းချန်ရှန်းကိုကြည့်ကာ တစ်ခုခုပြောနိုင်မည်ဟု မျှော်လင့်နေသည်။

ကျန်းချန်ရှန်းက ထိတ်လန့်ဟန်ဆောင်ပြီး .....

"အစ်ကိုငါးက ဘာကြောင့် ကျွန်တော့်ကို တိုက်ခိုက်မှန်း မသိဘူး..... သူ ကျွန်တော့်ကို သတ်ချင်ပေမယ့် သူ့ကို ဖမ်းမိတော့ အဆိပ်သောက်ပြီး သတ်သေခဲ့တယ်....."

ဒါက သူ့အခန်း.... သူ့မှာ ယုံကြည်မှုအပြည့်ရှိတယ်.....

ထိုအခါ ချင်ကူကလည်း....

" အစ်ကိုချန်ရှန်း သူ့ဘာသာသူသီးသန့်လေ့ကျင့်နေတဲ့သူပါ...အစ်ကိုငါးနဲ့လဲ ရန်ငြိူးရန်စမရှိဘူး....တကယ်လို့ ရန်ငြိုးရန်စရှိတယ်ဆိုလည်း ဘာလို့အခန်းထဲထိ ဝင်လာပြီးလုပ်ကြံရတာလဲ...လုပ်ကြံမှုမအောင်မြင်တော့ အဆိပ်သောက်ပြီးသတ်သေသွားတယ်...."

အခြားတပည့်များကလည်း ချင်ကူကို ခေါင်းညိတ်ထောက်ခံနေပြီး ၎င်းတို့၏အမြင်များကို တယောက် တပေါက်ထုတ်ပြောနေကြသည်။

မန်ချွဲ့ဟေးက အသက်ပြင်းပြင်းရှူပြီး.....

"ညီလေး ချန်ရှန်း.... ဒီနေ့ကစပြီး မင်းအခန်းထဲမှာပဲနေရမယ်.... ချင်ကူက အစားအသောက်တွေ လာပို့ပေးလိမ့်မယ်.... ဆရာတော်ပြန်လာတဲ့အထိ စောင့်ကြမယ်....ကဲ..အားလုံး ညီလေးချန်ရှန်းကို စောင့်ရှောက်ပေးကြ....."

မန်ချွဲ့ဟေး ပြောနေသည့်စောင့်ရှောက်ပေးကြဆိုသည်မှာ အမှန်တကယ်တွင် စောင့်ကြပ်ခြင်းဆိုသည့်အဓိပ္ပါယ်သက်ရောက်နေမှန်း ကျန်းချန်ရှန်းမှတပါးမည်သူမျှ နားလည်ကြမည်မဟုတ်ပေ။

မန်ချွဲ့ဟေးက လူသတ်သမားရဲ့အလောင်းကို သယ်သွားဖို့ အမိန့်ပေးနေသည်။

ချင်ကူက ကြောက်လန့်နေသည့် ကျန်းချန်ရှန်းနားကိုရောက်လာပြီး....

"အစ်ကို ချန်ရှန်း၊ မကြောက်ပါနဲ့၊တွေန်တော်တို့တွေ အပြင်မှာ စောင့်နေပေးပါ့မယ်...."

ကျန်းချန်ရှန်းက ခေါင်းညိတ်လိုက်ပြီး သူတို့ထွက်သွားတာကို ကြည့်နေခဲ့သည် ။

ဤအရာသည် လုံချီဘုရားကျောင်း၏ လှုပ်ရှားသက်ဝင်မှုကို ရပ်တန့်စေပြီး အတိတ်ကာလအတိုင်း တိတ်ဆိတ်သောအခြေနေသို့တဖန်ပြန်လည်ရောက်ရှိစေခဲ့သည်။

တပည့်များစွာကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီးအကျိတ်အနယ်ဆွေးနွေးနေကြသည်။

အစ်ကိုငါးက အစ်ကိုချန်ရှန်းကို ဘာလို့သတ်ချင်ရတာလဲ....

အခန်းထဲတွင်မူ....

ကျန်းချန်ရှန်း နောက်တစ်ကြိမ် တရားထိုင်ပြီး လေ့ကျင့်နေခဲ့သည်။

သူသည် အနာဂတ်တွင် တစ်ဖက်က မည်ကဲ့သို့ ကျွမ်းကျင်သူများကို စေလွှတ်မည်ကို စတင်စဉ်းစားနေခဲ့သည်။

[ခိုင်းယွမ် 14 နှစ်တွင်၊ လုပ်ကြံသတ်ဖြတ်သူစေလွှတ်ပြီး တိုက်ခိုက်ခဲ့သော်လည်း လုပ်ကြံသတ်ဖြတ်သူက သူ့ကိုယ်သူ အဆိပ်ခတ်ပြီး သတ်သေခဲ့သည်။ ထို့ကြောင့် သင့်ကို သေဘေးမှကင်းလွတ်သည့်အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ် သေခြင်းရှင်ခြင်းစည်းတံဆိပ်ကျင့်စဉ်ကိုပေးအပ်ပါသည်..]

သူ့ရှေ့တွင် သတိပေးစာတန်းတစ်ခုပေါ်လာပြီး တပည့်များသည် အပြင်တွင်ရှိနေစဉ်၊ သူသည် အသက်နှင့်သေခြင်းရှင်ခြင်းစည်းတံဆိပ်ကို ချက်ချင်းလက်ခံလိုက်သည်။

သေခြင်းရှင်ခြင်းစည်းတံဆိပ်သည် စစ်မှန်သောချီကိုအသုံးပြုရသည့် သိုင်းပညာတစ်မျိုးဖြစ်သည်။ ရန်သူ၏ မရီဒျန်နှင့် အပ်စိုက်အမှတ်တွေကို အဓိကထားတိုက်ခိုက်ပြီး ရန်သူကို သေသည်ထက် ပိုဆိုးအောင် နှိပ်စက်ညှဉ်းပန်းသည့် သိုင်းပညာတစ်မျိုးဖြစ်သည်။

သို့သော်၊ ကျန်းချန်ရှန်းသည် ရန်သူအကြောင်းကို ကောင်းစွာသိနေသည့်အတွက် ၎င်းကို အသုံးမချနိုင်ခဲ့ပေ။ သို့သော်လည်း အနာဂတ်တွင် အသုံးဝင်လာနိုင်သည့်အတွက် လေ့ကျင့်ရမည်သာ....

နောက်ဆယ်ရက်လောက်ကြာတွင်....

ကျန်းချန်ရှန်း၏ ခြံဝင်းကို အလှည့်ကျစောင့်တဲ့ တပည့်တွေရှိသည့်အတွက် ရန်သူက ကမူးရှူးထိုး မလုပ်ဝံ့တော့ပေ။

တစ်နေ့သ၌....

ခြံဝင်းထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

"အတင့်ရဲလိုက်တာ...ငါကိုယ်တော်တွေ့ချင်တဲ့သူနဲ့ တွေ့ခွင့်မပေးကြသေးဘူးလား..."

"မဟုတ်ပါဘူး......ဒါ..ဒါလေ...."

"ဘာလဲ...?"

"ဂျုနီယာချန်ရှန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက လုပ်ကြံသတ်ဖြတ်သူတွေ တိုက်ခိုက်ခဲ့ကြတယ်...ဒါကြောင့်မို့ ကျွန်တော်မျိုးတို့တွေ သူ့ကို ကာကွယ်ပေးနေတာပါ....."

"ရဲတင်းလိုက်ကြတာ...မောင်မင်းတို့အသက်ရှင်ရတာ ငြီးငွေ့နေပြီလား...ငါကိုယ်တော်က သူ့ကိုလုပ်ကြံမှာမို့လို့လား...."

ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် တံခါးကို တွန်းဖွင့်လိုက်ရာ အထက်တန်းကျကျဝတ်စားထားသော လူငယ်တစ်ဦး ပြေးဝင်လာသည်။ထိုလူငယ်သည် အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာရှိပုံရသည်။ သူ့နောက်မှာ ပိန်ပိန်ပါးပါးနဲ့ ခရမ်းရောင်အဝတ်အစား ဝတ်ထားသူနှစ်ယောက်လိုက်ပါလာပြီး တစ်ယောက်က ဓားရှည်တလက် ကိုင်ဆောင်ထားသည်။

လုလင်ငယ်က ကျန်းချန်ရှန်းကိုမြင်တော့ သူ့မျက်လုံးတွေ တောက်ပလာပြီး ...

"ခင်ဗျားက တာအိုဘုန်းကြီး ချန်ရှန်းလား...."

ကျန်းချန်ရှန်း၏ မျိုးရိုးအမည်ကို ကျန်းချန်ရှန်းတစ်ယောက်သာသိထားပြီး လုံချီဘုရားကျောင်းအပါအဝင်အားလုံးက ချန်ရှန်းဟုသာသိထားကြသည်။

ကျန်းချန်ရှန်း ကုတင်ပေါ်ကဆင်းပြီး လက်အုပ်ချီကာ...

"ဒကာတော်က ဘယ်သူများလဲ..."

လူငယ်က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး

"ကျူပ်က စတုတ္ထမင်းသားပါ...သိုင်းပညာလေ့လာဖို့ ဒီကို လာခဲ့တာ"

"ဒါဆို ငါ့ကို ဘာလို့ရှာနေတာလဲ...."

စတုတ္ထမင်းသားသည် အနောက်ဘက်ရှိ အစောင့်နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး အခန်းဝသို့ ချက်ချင်းပြန်ဆုတ်သွားကြသည်။ စတုတ္ထမင်းသားက ထိုအခါမှသာ ရှေ့သို့တစ်လှမ်းတိုးလာပြီး

"ခင်ဗျားက သိပ်တော်တယ်လို့ ခမည်းတော်ကအမြဲချီးကျူးနေတာ....ဒါ့ကြောင့်မို့ ခင်ဗျားဆီကမှာ ပညာသင်မလို့ရောက်လာတာ...ဘာလဲတခြားမင်းသားတွေကိုလက်ခံထားလို့လား...."

All Chapters