← Chapters

မြို့တော်ရှိ ကောင်းကင်အကျဉ်းထောင်နှင့် နတ်ဆိုးဘုရင်၏တိုက်ခိုက်မှု.....

Vol. 1 Ch. 6

မြို့တော်ရှိ ကောင်းကင်အကျဉ်းထောင်နှင့် နတ်ဆိုးဘုရင်၏တိုက်ခိုက်မှု.....

Vol. 1 Ch. 6

စတုတ္ထမင်းသားကျန်းယု.....

ကျန်းချန်ရှန်း သူ့ကို သိသည်။ ကျန်းယုသည် သူ့ရဲ့ အဖေတူအမေတူညီအရင်းဖြစ်ကြောင်း ချန်းလီ၏ပြောစကားများမှတဆင့်ကြားသိခဲ့ရသည်။ ကျန်းယု မွေးဖွားပြီးနောက် ဧကရီ၏ စိတ်ဝေဒနါ ပျောက်ကင်းသွားသည်ဟုဆိုကြသည်။

ဧကရာဇ်၏ ညွှန်ကြားချက်ကြောင့် ကျန်းယုရောက်လာသည်ဟူသောအချက်ကို ကျန်းချန်ရှန်း စတင်တွေးတောနေခဲ့သည်။

ဧကရာဇ်က သူ့ကို အသိအမှတ်ပြုခဲ့တာ ဖြစ်နိုင်မလား၊ ဘာကြောင့် သူ့ကို တိုက်ရိုက်မညွှန်ကြားတာလဲ.....

ကျန်းချန်ရှန်းက ဒီအကြောင်းကို တိုက်ရိုက်မမေးချင်ပေမယ့် "မင်း ငါဆီက သိုင်ပညာ သင်ချင်လား" ဟုသာ မေးလိုက်သည်။

ကျန်းယုက စိတ်လှုပ်ရှားစွာဖြင့် ....

" ခမည်းတော်ကပြောတယ်..ခင်ဗျားက ကျုပ်ထက် နှစ်နှစ်လောက်ပဲအသက်ပိုကြီးပေမယ့် သိုင်းပညာမှာ ပထမအဆင့်ထက်တောင်ကျော်လွန်နေပြီတဲ့....ကျုပ် ခင်ဗျားကို ဆရာတင်ချင်တယ်....ခင်ဗျားသာတကယ်တော်တယ်ဆို ရွှေ၊ငွေ၊ ရတနာ၊ရှားပါးပစ္စည်းကြိုက်တာတောင်းဆိုနိုင်တယ်...."

ကျန်းချန်ရှန်း ခဏလောက်စဉ်းစားနေခဲ့သည်။ ကျန်းယုနဲ့သူ့ကြားက ဆက်ဆံရေးသည် ဤမျှလောက်နှင့်ရပ်တန့်နေမည်မဟုတ်ပေ။ ထို့ကြောင့် အထူးတလည် ဖုံးကွယ်ထားစရာ မလိုပေ။ အနည်းဆုံးတော့ သူ၏ရန်သူသည် ဤနေရာတွင် ရှိနေသည်ကို သိထားပြီးဖြစ်သည်။

"ဒါက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကြောင့်မို့ ငြင်းလို့မရပါဘူး... ပြီးတော့ မင်းသားကို သိုင်းပညာသင်ပေးရတာ ဂုဏ်ယူစရာကိစ္စပါ.... ဒါပေမယ့် ငါသင်ပေးမယ့် သိုင်းပညာအားလုံးက လုံချီဘုရားကျောင်းရဲ့ သိုင်းပညာမဟုတ်ဘဲ ငါကိုယ်တိုင် ဖန်တီးထားတာလို့ ဦးစွာပြောပါရစေ...."

ကျန်းချန်ရှန်း လေးလေးနက်နက်ပြောပြီးသည်နှင့် ကျန်းယု အလွန်ဝမ်းသာသွားကာ ချက်ခြင်း ဒူးထောက်ကာ ကန်တော့လေတော့သည်။ အစောင့်နှစ်ယောက် ထိတ်လန့်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ကျန်းချန်ရှန်းက ကျန်းယုကို အချိန်မီ ဆွဲထူလိုက်သည်။

ဒီကလေး တော်တော်ရက်စက်တာပဲ...မင်းသားကို ကန်တော့ခိုင်းတာ ရာဇ၀တ်မှုကြီးပဲ.....

"ငါက မင်းရဲ့ဆရာမဟုတ်ဘူး၊ ငါမင်းကို သိုင်းပညာပဲသင်ပေးနိုင်မယ်..အများခေါ်သလို အစ်ကိုချန်ရှန်းလို့ပဲခေါ်ပါ... "

"ကောင်းပြီ အစ်ကိုချန်ရှန်း....!"

"အစ်ကိုချန်ရှန်း...ကျွန်တော့်ကို မြန်မြန်သင်ပေးပါတော့...ကျွန်တော့်ရည်မှန်းချက်က ကမ္ဘာမှာ တုနှိုင်းမရတဲ့ သိုင်းပညာတွေ ဆည်းပူးပြီး နယ်မြေသစ်တွေချဲ့ထွင်ချင်တာ... လွန်ခဲ့တဲ့ရက်ပိုင်းကမှ ကျွန်တော့်အသက် ဆယ့်နှစ်နှစ်ပြည့်တာ...ခမည်းတော်က ဆယ့်နှစ်နှစ်မပြည့်ခင် သိုင်းပညာလေ့လာဖို့ခွင့်မပြုခဲ့လို့ အခုမှလေ့လာရမှာ....အစ်ကိုချန်ရှန်းက ကျွန်တော့်ရဲ့လက်ဉီးဆရာပဲ.... "

ကျန်းချန်ရှန်း ခဏလောက်စဉ်းစားပြီး ကျန်းယုကို နတ်ဘရားအရိပ်ကန်ချက်သိုင်းပညာသင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

နတ်ဘုရားအရိပ်ကန်ချက်သိုင်းပညာသည် သူပထမဆုံးသင်ယူခဲ့သော သိုင်းပညာဖြစ်သည်။ ကန်ချက်တိုင်းက အရွတ်နဲ့အရိုးတွေကို ချိုးဖျက်နိုင်လောက်အောင် အစွမ်းထက်သည်။

ကျန်းယုကို နတ်ဘုရားအရိပ်ကန်ချက်သိုင်းပညာ၏အခြေခံအချက်များသင်ကြားပေးနေချိန်တွင် အစောင့်နှစ်ယောက်ကို တံခါးအပြင်ဘက်တွင်သာစောင့်ခိုင်းထားခဲ့သည်။

တစ်နာရီလောက်ကြာတော့ ကျန်းယု က ဝမ်းသာအားရနဲ့ အခန်းပြင်ထွက်လာပြီး အခြေခံအချက်များကိုလေ့ကျင့်ရန် နန်းတော်သို့ပြန်သွားခဲ့သည်။။

ထိုတညလုံး ကျန်းယုအိပ်မပျော်နိုင်ခဲ့ပေ။

ချင်ကူ ပြန်ရောက်လာသောအခါ...

"အစ်ကိုကြီးက မင်းသားရဲ့ဆရာဖြစ်နေပြီလား...."

ကျန်းချန်ရှန်း က ခေါင်းခါပြီး ရယ်မောလိုက်သည်။

"တော်ရုံ သိုင်းပညာကို သင်ပေးရုံပါပဲ.... မင်ဘယ်လိုလုပ်ပြီး ဆရာဖြစ်နိုင်မှာလဲ...ပေါက်ကရတွေမပြောစမ်းနဲ့.... "

"ဒါကလည်း ချီးကျူးခံထိုက်တာပဲလေ.... နောက်ဆို မင်းသားက အစ်ကို့ရဲ့ ကျောထောက်နောက်ခံ ဖြစ်လာလိမ့်မယ်.... အရင်က လောကတခွင်လှည့်လည်ရင်း ဒီကမ္ဘာဟာ လူသားတွေ ချစ်ခင်မြတ်နိုးရတဲ့ ကမ္ဘာတစ်ခုလို့ ထင်ခဲ့မိတယ်...ဒါပေမယ့် တူညီအရာတစ်ခုကို ကွဲပြားခြားနားတဲ့ကိုယ်ရေးအချက်အလက်တွေဆက်ဆံမှုတွေနဲ့ လုပ်ဆောင်ခဲ့မယ်ဆို ရလဒ်တွေက လုံးဝကို ကွဲပြားသွားနိုင်တယ်....."

ဝမ်းနည်းစရာတစ်ခုခုကို တွေးနေပုံရပြီး ချင်ကူ၏ အပြုံးများ ပျောက်ကွယ်သွားသည်။

ကျန်းချန်ရှန်းသည် ချင်ကူကြုံတွေ့ခဲ့ရသည့်ကိစ္စများကို အမြဲသိချင်နေပေမယ့် ချင်ကူ့ဘက်က ဘယ်သောအခါမျှထုတ်မပြောခဲ့ပေ။

တစ်အိမ်လုံးတိတ်ဆိတ်သွားပြန်သည်။

ခဏအကြာတွင် ချင်ကူ ထွက်ခွာသွားပြီး ကျန်းချန်ရှန်း တစ်ယောက်တည်း အိမ်ထဲတွင် ကျန်ခဲ့သည်။ နောက်ဆုံးတွင် သူသည် စိတ်အေးချမ်းသာစွာဖြင့် လေ့ကျင့်နိုင်ခဲ့သည်။

ပထမလုပ်ကြံသတ်ဖြတ်မှု မအောင်မြင်သည့်အတွက် ရန်သူဘက်က ဒုတိယတိုက်ခိုက်မှုကို မလွဲမသွေကြံစည်နေဉီးမည်သာ...ထို့ကြောင့် တတ်နိုင်သမျှ အားကောင်းလာစေရန် လေ့ကျင့်ရပေဉီးမည်။

ကျန်းချန်ရှန်းသည် တာအိုသဘာဝကျင့်စဉ်၏ တတိယအဆင့်ကိုအောင်မြင်ခဲ့သော်လည်း အခုထိ ပြင်းထန်သောတိုက်ပွဲများကို မဆင်နွှဲဖူးသေးပေ။အကယ်၍ ရန်သူက ကိုယ့်ထက်အားကောင်းနေခဲ့လျှင်ရော....

သာမာန်သိုင်းသမားတစုကြောင့်အင်မော်တယ်ကျင့်စဉ် ကျင့်ကြံသူတစ်ဉီး သေဆုံးရမည်ဆိုပါက လူကြားလို့ပင်မကောင်းချေပြီ.....

.....................................................................

နေဝင်ရီတရောအချိန်တွင် စည်ကားနေသော မြို့တော်ကို တိမ်မည်းမျာ ဖုံးလွှမ်းကာ မိုးဖွဲများ ကျဆင်းလာသည်။

မိုးမှောင်ကျပြီး မြူခိုးများဝေနေသဖြင့်လမ်းဘေးနှစ်ဘက်ရှိ ဈေးသည်များသည် ဆိုင်များကို ပိတ်သိမ်းထားကြသည်။

မြို့တော်၏အနောက်ဘက်ရှိ ကောင်းကင်အကျဉ်းထောင်တံခါးရှေ့တွင်.....

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ကျန့်ထျန်းရန်သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့်နေရင်း သူ့မျက်ဝန်းထဲတွင် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

သူ့ဘေးက လူလတ်ပိုင်းအရွယ် ဗိုလ်ချုပ်တစ်ယောက်က သူ့ကို ပုခုံးပုတ်ပြီး ပြုံးပြလိုက်ကာ....

"ကောင်လေး.... အမြဲတမ်း စိတ်ပူမနေနဲ့.... ခေါင်းဆောင်က မင်းအတွက်နာမည်စာရင်းပေးထားပြီးပြီ...မင်း နောက်နှစ်ဆို စာမေးပွဲဝင်ဖြေလို့ရပြီ.....“

ကျန့်ထျန်းရန်သည် ယခုနှစ်တွင် အသက် ၁၈ နှစ်သာ ရှိသေးသည်။ သူ့အမေ သူ့ကို ကိုယ်ဝန်ရှိနေစဉ်ကတည်းက အကျဉ်းကျခံနေရပြီး သူ့ကိုမွေးပြီးပြီးချင်း ခေါင်းဖြတ်ကွပ်မျက် ခံခဲ့ရသည်။ အကျဉ်းထောင်ကိုစောင့်ကြပ်ပေးရသည့် ထောင်စောင့်များလက်တွင် ကြီးပြင်းခဲ့ရသူ ကျန့်ထျန်းရန်သည် သိုင်းပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ပြီး အခက်အခဲများစွာကျော်လွှားနိုင်ခဲ့၍သာ အခုလို ထောင်စောင့်တစ်ယောက်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ကျန့်ထျန်းရန်က သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းခါလိုက်သည်။

"ကောင်းကင်အကျဉ်းထောင် တစ်ခုခုဖြစ်တော့မယ်လို့ အမြဲခံစားနေရတယ်..."

"ပေါက်ကရတွေ..ဧကရာဇ်မင်းရဲ့ ခြေတော်ရင်းအောက်မှာ ဘယ်သူသတ္တိကောင်းပြီး ထောင်ဖောက်ဝံ့မှာလဲ....."

လူလတ်ပိုင်း ဗိုလ်ချုပ်က ရယ်မောနေသလို အနီးနားရှိ အခြားအစောင့်များကလည်း ရယ်မောကြသည်။

မြို့တော်တွင် ကောင်းကင်အကျဉ်းထောင်သည် အလုံခြုံဆုံးနေရာဖြစ်ပြီး ၎င်းတို့၏တာဝန်များသည် အလွန်ရိုးရှင်းပါသည်။ သူတို့ရဲ့ လက်ရှိဘ၀က အလွန်ပျော်ရွှင်စရာကောင်းသည်။ မပင်ပန်းပေမယ့် လစာတွေအများကြီးရထားကြသည်။

ကျန့်ထျန်းရန် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး အတွေသလွန်နေသည်ဟုသာ ဖြေသိမ့်လိုက်သည်။

ကျင်းတိုင်းပြည်ကို ထူထောင်ပြီးကတည်းက မြို့တော်မှာ ပုန်ကန်မှုတွေ အများအပြားရှိခဲ့ပေမယ့် ကောင်းကင်အကျဉ်းထောင်ကတော့အမြဲတမ်းတည်ငြိမ်နေခဲ့သည်။

တဖြည်းဖြည်း ညဉ့်နက်လာပြီး မိုးစဲနေပြီဖြစ်သော်လည်း ထောင်ဘေးရှိ သစ်ပင်များက မိုးရေစက်များကြောင့် မြေပြင်ပေါ်တွင် ရေကွက်များ ဖြစ်ပေါ်နေသည်။

ကျန့်ထျန်းရန်သည် သူ့အစ်ကိုများနှင့် စကားစမြည်ပြောနေစဉ်တွင် ငြိမ့်ညောင်းသော ပုလွေသံကို ရုတ်တရက်ကြားလိုက်ရသည်။

သူ မျှော်ကြည့်လိုက်တော့ ကောင်းကင်းအကျဉ်းထောင်တံခါးရှေ့ရှိ လမ်းနှစ်ဘက်စလုံးက ထပ်ခိုးတိုင်းကို ပိတ်ထားပြီး လူရိပ်လူယောင်မတွေ့ရပေ။

"ဘာသံလဲ?"

"ဘယ်သူမှ မတွေ့ဘူးလား?"

"ဘာလို့မကြားတာလဲ"

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မင်း ဆောင်ကြာမြိုင်ကို သွားတာမိသွားလို့ မင်းမိန်းမဖြတ်ရိုက်လိုက်တာကြောင့် နားလေးနေတာလား..ဟားးဟားးးး"

အစောင့်များ စကားပြောနေစဉ် လူလတ်ပိုင်းဗိုလ်ချုပ် မျက်နှာပျက်သွားပြီး ....

"မကောင်းတော့ဘူး...မြန်မြန်နားပိတ်ထားကြ...!"

ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် အစောင့်များ ထိတ်လန့်သွားသော်လည်း ကျန့်ထျန်းရန် အပါအဝင် အားလုံး နားပိတ်ထားလိုက်ကြသည်။

ကျန့်ထျန်းရန်သည် လမ်းအဆုံးမှ ထူထပ်သော မြူခိုးများကို ရုတ်တရက် မြင်လိုက်ရသည်။ မြူခိုးထဲတွင် ပုလွေမှုတ်နေသော ပုံရိပ်တစ်ခုကိုဝိုးတဝါးမြင်နေရသည်။

"တယောက်ယောက်က ထောင်ဖောက်ဖို့ကြိုးစားနေတာလား...."

ကျန့်ထျန်းရန် စိတ်ထဲမှာ အတွေးတစ်ခုဝင်လာပြီး သူစကားပြောခါနီးမှာ မြေပြင် တုန်ခါသွားသည်။

ဝုန်းးးးး

လူတိုင်းက တည်ငြိမ်အောင်ထိန်းဖို့ ကြိုးစားနေပြီး ကျန့်ထျန်းရန်က တစ်စုံတစ်ခုကို သတိပြုမိပြီး မသိစိတ်ကြောင့် လှည့်ကြည့်လိုက်မိသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်အကျဉ်းထောင် တံခါးပေါက် ပေါက်ကွဲသွားကာ လေးလံသော ထောင်တံခါးကို မရေမတွက်နိုင်သော သစ်သားဆူးများအဖြစ်ကွဲထွက်စေခဲ့သည်။

ကျန့်ထျန်းရန်၏ပါးပြင်တွင် သစ်စများစူးဝင်နေသော်လည်း မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးများပြူးကျယ်ကုန်သည်။

ကောင်းကင်အကျဉ်းထောင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုအမျိုးသားသည် စုတ်ပြတ်နေသော ထောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏ ခြေလက်များကို သံကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး ဖွာလန်ကြဲနေသောဆံပင်များနှင့်ပင်....

ထိုသူ ခေါင်းမော့လိုက်သည့်အခါ ရှုပ်ထွေးနေသော အနက်ရောင် ဆံပင်အောက်တွင်မျက်ဆံမပါသော အဖြူရောင် မျက်လုံးတစ်စုံကို မြင်လိုက်ရပြီး ထိုမျက်လုံးတစ်စုံက ညအမှောင်တွင် အေးစက်စွာ တောက်ပနေသည်။

"တစ္ဆေမျက်လုံး... နတ်ဆိုးဘုရင်..."

အစောင့်တစ်ဦး တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

နတ်ဆိုးဘုရင် တစ္ဆေမျက်လုံးသည် ရှေ့သို့ တိုးလာကာ သူ့ခြေထောက်ပေါ်ရှိ သံကြိုးများဖြင့် ထောင်မှူး၏လည်ပင်းကိုဆွဲညှစ်လိုက်လေသည်။ ထောင်မှူးသည် အသက်ရှင်နေသေးသော်လည်း မျက်လုံးများ စူးရှပြီး မျက်နှာနီမြန်းကာ သံကြိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး လွတ်မြောက်ရန် အသည်းအသန်ကြိုးစားနေရှာသည်။

ကျန့်ထျန်းရန် ဤမြင်ကွင်းကိုမြင်လိုက်ရပြီး မျက်လုံးများနီရဲလာကာ ဓားကို ချက်ချင်းဆွဲထုတ်ပြီး နတ်ဆိုးဘုရင်ထံသို့ ပြေးသွားခဲ့သည်။

နတ်ဘုရင်သည် သူ့ရှေ့သို့ ပြေးလာသော ကျန့်ထျန်းရန်၏ လည်ပင်းကို ညာလက်ဖြင့် ဆုပ်ကိုင်ကာ ဒေါသတကြီးဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်သဖြင့် မြေပြင်မှာ အပျက်အစီးများ လွင့်ပျံသွားခဲ့သည်။

ကျန့်ထျန်းရန် မူးလဲလုနီးပါးဖြစ်နေပြီး သူ့အတွင်းအင်္ဂါများ ပြင်းထန်စွာ ဒဏ်ရာရရှိကာ ပါးစပ်မှ သွေးများစီးကျလာသည်။

နတ်ဆိုးဘုရင်၏အပြုံးသည် နှိုင်းပြစရာမရှိလောက်အောင် အလွန်ရက်စက်သည်။

ကျန့်ထျန်းရန် အဆုံးသတ်ခါနီးမှာ ပုလွေသံ ရုတ်ခြည်းရပ်တန့်သွားပြီး ...

"အရေးကြီးတဲ့ကိစ္စကိုမေ့မထားနဲ့....."

ဒါကိုကြားတော့ နတ်ဆိုးဘုရင် ရပ်တန့်သွားပြီး အမြင့်ပေပေါင်းများစွာအထိ ခုန်တက်ကာ သံကြိုးနဲ့ပတ်ထားတဲ့ ထောင်မှူးကို တောထဲကို ဆွဲခေါ်သွားပြီး အမြန်ပျောက်ကွယ်သွားခဲ့သည်။

ထောင်စောင့်အမြောက်အများ ထောင်ထဲမှထွက်ပြေးလာကြပြီး အများစုမှာ ဒဏ်ရာများရရှိထားသဖြင့် လူလတ်ပိုင်းဗိုလ်ချုပ်နှင့် ကျန့်ထျန်းရန်တို့က ၎င်းတို့၏ဒဏ်ရာများကို စစ်ဆေးရန်ကူညီပေးနေရသည်။

ကျန့်ထျန်းရန်သည် နတ်ဆိုးဘုရင် ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို တုံ့ဆိုင်းစွာ စိုက်ကြည့်ရင်း သူ့နှလုံးသားမှာ စိတ်ပျက်စရာများ ပြည့်နှက်နေသည်။ သူ့ကိုယ်သူ လုံလောက်အောင်သန်မာနေပြီဟု ထင်ခဲ့

သော်လည်း ပြိုင်ဘက်ကို မျက်နှာချင်းဆိုင်သည့်အခါ တချက်တည်းဖြင့် အမှောက်သိပ် ခဲခဲ့ရသည်။

.............................

အခန်းထဲတွင် ဆီမီးတိုင်တွေ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး....ကျန်းချန်ရှန်းတစ်ယောက် တရားထိုင်နေရင်းကနေ တစ်ခုခု ဖြစ်ပျက်သွားသည်ဟု ခံစားလိုက်ရသည်။

"ဒီည ဖားအော်သံမကြားရလောက်အောင်တိတ်ဆိတ်နေတယ်....လူသတ်ငွေ့တွေအားကောင်းနေပါရောလား..."

သူ့ခန္ဓာကိုယ်ထဲမှာ အစစ်အမှန်ချီတွေ တဟုန်ထိုး မြင့်တက်လာသလို ခံစားလိုက်ရပြီး သူ့နှလုံးသား အနည်းငယ် ငြိမ်သက်သွားသည်။

အကယ်၍ ဘုန်းတော်ကြီးချင်ရှုထက်အားကောင်းတဲ့ရန်သူနဲ့သာကြုံရမယ်ဆို ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မည်ယ

အမွှေးတိုင်တတိုင်စာကုန်ဆုံးချိန်တွင်......

ကျန်းချန်ရှန်းသည် တောင်ခြေမှ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသော်လည်း သိပ်ဝေးလွန်းသဖြင့် ရှင်းရှင်းလင်းလင်း မကြားနိုင်ခဲ့ပေ။

ရန်သူက ဖိအားပေးပြီး အတင်းကာရောဝင်လာပြီလား.....

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောနေခဲ့သည်။

ဒါက မြို့တော်လည်းဖြစ်ပြီး ဧကရာဇ်မင်းမြတ်က တရားဝင် ခွင့်ပြုထားတဲ့ တာအိုဘုရားကျောင်းလည်း ဖြစ်တယ်...

တစ်ချိန်တည်းမှာပင်.....

တောင်ပေါ်အတက်လမ်းတစ်ဝက်မှာ နတ်ဆိုးဘုရင် တစ္ဆေမျက်လုံက ကျောက်သားလှေကားထစ်တွေပေါ်မှာ လမ်းလျှောက်နေပြီး တာအိုဘုန်းကြီးရဲ့လည်ပင်းကို လက်တစ်ဖက်စီမှာကိုင်ထားသည်။

လရောင်အောက်မှာ မိုးကြိုးတိမ်တွေ ရုတ်တရက်စုပြီး ညကောင်းကင်မှာ လျှပ်စီးလက်နေတဲ့ မိုးကြိုးတွေက မြို့တော်ကို နေ့ခင်းဘက်လို လင်းချင်းစေပြီး နတ်ဆိုးဘုရင်ကြီးရဲ့ မျက်နှာဟာ တခဏချင်း တောက်ပနေပြီး ကြောက်မက်ဖွယ်ကောင်းနေလေတော့သည်။

"အတင့်ရဲလှချည်လား...ဘယ်ကောင် သတ္တိကောင်းပြီး လုံချီဘုရားကျောင်းကိုကျူးကျော်ဝံ့တာလဲ...."

အထက်အရပ်မှ တာအိုဘုန်းတော်ကြီးတစ်ပါး၏ ဒေါသတကြီးအော်သံ ထွက်ပေါ်လာသည်။ ထိုတာအိုဘုန်းကြီးက ဓားတစ်လက်ကိုဝံ့ပြီးခုန်ဆင်းလာသည့်အတွက် ညကောင်းကင်အောက်တွင် အေးစက်သော အလင်းရောင်တစ်ခု ပေါ်လာသည်။

နတ်ဆိုးဘုရင်သည် တာအိုဘုန်းကြီး၏ လည်ပင်းကို ညာလက်ဖြင့် ဆွဲယူပြီး ကျန်သည့်လက်တစ်ဖက်ဖြင့် ပါးရိုက်လိုက်သည်။ထို့နောက် နတ်ဆိုးဘုရင်ဆီကနေ အတွင်းအားများ ပေါက်ကွဲထွက်လာပြီး

puff-

ဓားကိုင်ထားသော တာအိုဘုန်းတော်ကြီး

ခင်မျာ သွေးအန်ကာ ကြိုးပြတ်နေသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး လှေကားထစ်များနှင့်ထိမှန်ကာ သတိလစ်သွားရှာသည်။

"လုံချီဘုရားကျောင်းတဲ့လား...ထင်သလောက်လဲမဟုတ်ဘဲနဲ့ အစစ်အမှန်နဂါးရဲ့မျက်နှာသားပေးမှုကိုရထားတာပဲ.... "

နတ်ဆိုးဘုရင်၏လေသံတွင် ရှုံ့ချလိုသော အငွေ့အသက်များနှင့် ပြည့်နေသည်။

သူသည် တစ္ဆေသရဲကဲ့သို့ အရှိန်မြှင့်လိုက်ပြီးတောင်ပေါ်သို့ အပြေးအလွှားခုန်တက်သွားခဲ့သည်။

တံခါးပွင့်လာပြီး ချင်ကူ က ထိတ်လန့်စွာနဲ့

"အစ်ကိုချန်ရှန်း၊ တောင်ပေါ်တက်လာတဲ့ သူခိုးတွေရှိတယ်....ဒါကြောင့်မို့ ဒုတိယအစ်ကိုက မင်းကို လာကူညီဖို့ အမိန့်ပေးလိုက်တယ်"

ကျန်းချန်ရှန်း ဒီစကားကိုကြားတော့ ချက်ချင်းထပြီး ချင်ကူနဲ့ အခန်းထဲက ထွက်လာခဲ့လိုက်သည်။

ခြံထဲသို့ ရောက်သောအခါ ကျန်းချန်ရှန်း တချက်ခုန်လိုက်ပြီး ညအမှောင်နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ချင်ကူ အံ့အားသင့်သွားသော်လည်း အံကြိတ်ကာ ကမန်းကတန်း လိုက်လာခဲ့သည်။

လုံချီဘုရားကျောင်း တံခါးရှေ့တွင်၊ နတ်ဆိုးဘုရင် ရပ်တန့်သွားပြီး လက်ထဲမှ အလောင်းနှစ်လောင်းကိုလွှတ်ချလိုက်သည်။

မိုးကြိုးက ညကောင်းကင်ကို ဖြတ်ကျော်ပြီး သူ့နောက်က ကျောက်လှေကားထစ်တွေကို တောက်ပစေသဖြင့် အလောင်းတွေနဲ့ ဖုံးထားတဲ့ ကျောက်တုံးလှေကားထစ်တွေကိုအထင်အရှားမြင်လိုက်ရသည်။

တံခါးပေါက်အတွင်းတွင် မန်ချွဲ့ဟေးသည် ဓားကိုကိုင်လျက် နတ်ဆိုးဘုရင်ကို စိုက်ကြည့်ကာ

"မင်း ဘယ်သူလဲ၊ လုံချီဘုရားကျောင်းကလူတွေကို ဘာလို့ သတ်လိုက်တာလဲ" လို့ အသံနက်ကြီးနဲ့ အော်လိုက်လေသည်။

" ငါ့လမ်းကိုဝင်ရှုပ်လို့သတ်လိုက်တာ...အဖိုးကြီးချင်ရှုမရှိဘူးဆိုတော့ မင်းကိုအရင်သတ်မယ်...."

သူသည် မန်ချွဲ့ဟေးဆီသို့ မိုးကြိုးပစ်သလိုမျိုး ရွေ့လျားသွားသဖြင့် မန်ချွဲ့ဟေး၏ အမူအရာ ပြောင်းသွားကာ ဓားကို အမြန်ဆွဲပြီး ခုတ်ပိုင်းလိုက်သည်။

နတ်ဆိုးဘုရင်က ဓားချက်ကို လက်ဖဝါးဖြင့် ပုတ်ထုတ်လိုက်သဖြင့် မန်ချွဲ့ဟေး နောက်သို့လွင့်ထွက်သွားလေသည်ယ

"အမှိုက်ကောင်တွေပဲ....ငါ့ရဲ့နောက်ဆုံးနောက်ဆုံးတိုက်ပွဲမှာ ကြက်တွေနဲ့ ခွေးအုပ်စုကို သတ်ပစ်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး......"

နတ်ဆိုးဘုရင် မထီမဲ့မြင် အော်ဟစ်လိုက်သည်။ သူသည် မန်ချွဲ့ဟေး ဆီသို့ လျှောက်သွားသော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။

All Chapters