← Chapters

မြို့တော်ကိုတုန်လှုပ်စေခဲ့သောနတ်ဘုရားအရိပ်ကန်ချက်...ဓားထိန်းချုပ်ခြင်းပညာရပ်.....

Vol. 1 Ch. 7

မြို့တော်ကိုတုန်လှုပ်စေခဲ့သောနတ်ဘုရားအရိပ်ကန်ချက်...ဓားထိန်းချုပ်ခြင်းပညာရပ်.....

Vol. 1 Ch. 7

ဂျိန်းးးးးးးးး

မိုးကြိုးတိမ်တိုက်တွေ တလိပ်လိပ်တက်လာပြီး မိုးကလည်း ပိုသည်းလာသည်။

လုံချီဘုရားကျောင်း၏တတိယမြောက်တပည့် မန်ချွဲ့ဆောင်သည် ဓားတလက်ကိုင်စွဲပြီး တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ရှေ့တွင် ရပ်နေသည်။ မိုးရေများကြောင့် သူမ၏ တာအို၀တ်လုံ စိုစွတ်နေ၏။ သူမသည် မိန်းမတစ်ယောက်ဖြစ်သော်လည်း လှပသောမျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။

ပတ်ဝန်းကျင် အဆောက်အဦးများရှိ အခြားသော လုံချီဘုရားကျောင်းမှ တပည့်များအားလုံးသည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို ထိတ်လန့်စွာ ကြည့်နေကြပြီး တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေကြသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်သည် ထိုနေရာတွင် အမြစ်တွယ်နေပြီး ရှေ့သို့ဆက်မတိုးတော့ပေ။ သူက မန်ချွဲ့ဆောင်ကို မကြည့်ဘဲ အဲ့ဒီ့အစား မန်ချွဲ့ဆောင်ရဲ့ နောက်ကွယ်က ညကောင်းကင်ကို စိုက်ကြည့်နေသည်။ အဆောက်အဦးတစ်ခု၏အပေါ်ထပ်မှ သူ့ကိုကြည့်နေသည့်အရိပ်တစ်ခုလည်းရှိနေသည်။

“အဘိုးကြီးချင်ရှုကလွဲရင် လုံချီဘုရားကျောင်းမှာ ကျွမ်းကျင်သူတစ်ယောက်ရှိနေမယ်လို့ထင်မထားဘူး.... ဒီတော့ ပစ်မှတ်က မင်းပဲ...."

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

မန်ချွဲ့ဆောင် မျက်မှောင်ကြုတ်လိုက်ပြီး သူဘာကိုဆိုလိုသည်ကို နားမလည်နိုင်သေးပေ။

"နတ်ဆိုးကောင်...နင်ငါ့တို့ဘုရားကျောင်းက တပည့်တွေကို သတ်ပစ်လိုက်တဲ့အတွက် ဆရာတော်သာသိရင်ခွင့်လွှတ်မှာမဟုတ်ဘူး...ဒါ့ အပြင် ဒီနေရာက မြို့တော်နယ်နိမိတ်ထဲမှာဆိုတော့ အစိုးရရုံးကို သတင်းပို့ပြီးပြီ.. မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး....."

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်က သူမကို လျစ်လျူရှုပြီး.....

“ ကိုရင်လေး...မင်း ဘာဖြစ်လို့ မတိုက်ခိုက်သေးတာလဲ...ဒါမှမဟုတ် မင်းဘာလို့မပြေးတာလဲ....."

ထိုမှသာ တစ်ဖက်က သူမကို လုံးဝစိုက်ကြည့်မနေကြောင်း မန်ချွဲ့ဆောင် သဘောပေါက်သွားခဲ့သည်။ လှည့်ကြည့်လိုက်တော့ သူ့အနောက်က အဆောက်အဦးတစ်ခုကို တွေ့လိုက်ရသည်။ ပေတစ်ထောင်ကျော်ကွာဝေးသဖြင့် ဘာကိုမှ မမြင်နိုင်ခဲ့ပေ။ နတ်ဆိုးဘုရင်စိန်ခေါ်နေသည့် ထိပ်တန်းကျွမ်းကျင်သူကား မည်သူနည်း။

"ခင်ဗျားပြောတဲ့အတိုင်းဆို အရင်တစ်ခေါက်က လုပ်ကြံတဲ့ကိစ္စကလည်း ခင်ဗျားလက်ချက်ပဲမလား... "

ကျန်းချန်ရှန်း၏ အသံသည် ညကောင်းကင်တွင် ပဲ့တင်ထပ်နေသဖြင့် အသံ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် ခက်ခဲစေသည်။

ကျန်းချန်ရှန်း၏အသံကိုကြားတော့ မန်ချွဲ့ဆောင်နှင့် အခြားတပည့်များ အံ့အားသင့်သွားကြသည်။ ကျန်းချန်ရှန်း၏အသံကို မှတ်မိနေကြသော်လည်း သူသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်နေသလားဟူ၍သံသယဝင်နေကြသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး....

“ဟမ်? နောက်ထပ် လုပ်ကြံဖို့ကြိုးစားခဲ့ကြသေးတာလား.... မအောင်မြင်ခဲ့ပေမယ့် ဒီတစ်ခါတော့ မင်းသေကိုသေရမယ်...."

နတ်ဆိုးဘုရင် တချက် ခုန်ကာ မန်ချွဲ့ဆောင် နောက်ဘက်ရှိ မဏ္ဍပ်ခေါင်မိုးပေါ် ဆင်းလိုက်သည်။ တပည့်တစ်စုသည် အလျင်အမြန်စုရုံးကာ လုံချီဘုရားကျောင်းအဝင်ဝသို့ ဆုတ်ခွာသွားကြသည်။ သူတို့ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကျန်းချန်ရှန်း တစ်ယောက်တည်းကျန်ခဲ့သည်ကိုတွေ့လိုက်ရသည်။

ကျန်းချန်ရှန်းသည် မင်ရှင်းခန်းမ၏ တံစက်မြိတ်တွင် ရပ်နေသည်။ အဝေးကပင် သူ၏ရုပ်ရည်အစစ်ကို မမြင်နိုင်ပေ။ သူသည် မတ်တတ်ရပ်လိုက်ပြီး မိုးကြိုးတိမ်တိုက်များနှင့် ညကောင်းကင်အောက်တွင် ဖော်မပြနိုင်လောက်အောင် အစွမ်းထက်သော ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

"မောင်လေးချန်ရှန်း …”

မန်ချွဲ့ဆောင် လက်ထဲတွင် ဓားကို ကိုင်ထားရင်း တကိုယ်ရေကြားရုံမျှ ရေရွတ်လိုက်သည်။

ကျန်းချန်ရှန်းသည် သူ့နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်နေသကဲ့သို့ နတ်ဆိုးဘုရင်ကို အေးစက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ပြိုင်ဘက်ရဲ့ စစ်မှန်တဲ့အတွင်းအားက ငါ့ရဲ့ ထက်ဝက်လောက်မရှိပေမယ့် ဆရာတော်ချင်ရှုထက် အများကြီး အားကောင်းတယ်...ကြည့်ရတာ ဒီလူက တိုက်ပွဲတွေရာနဲ့ချီကြုံတွေ့ခဲ့ဖူးတဲ့ပုံပဲ.....သတိပေါ့လို့မဖြစ်ဘူး...ရှိသမျှအကုန်ထုတ်သုံးရမယ်....."

ကျန်းချန်ရှန်း တကိုယ်တည်း တွေးနေမိသည်။ စွမ်းအားများကိုစတင်စုဆောင်းလိုက်သည့်အခါ သူ၏တာအိုဝတ်ရုံတဖျပ်ဖျပ်လှုပ်ခါလာသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်သည် ကျန်းချန်ရှန်းဆီသို့ အလျင်အမြန်ပြေးလာပြီး တံစက်မြိတ်ပေါ်မှ ခုန်ဆင်းလိုက်သည်။ နှစ်ဖက်စလုံး လျင်မြန်စွာ နီးကပ်လာပြီး ဤမြင်ကွင်းသည် လုံချီဘုရားကျောင်း၏ တပည့်များကို အလွန်ထိတ်လန့်စေခဲ့သည်။

ချန်ရှန်းတစ်ယောက် ဒီလို မကောင်းဆိုးဝါးနတ်ဆိုးကို ရင်ဆိုင်နိုင်ပါ့မလား.......

မန်ချွဲ့ဆောင်နှင့် အခြားတပည့်များ စိုးရိမ်တကြီး တွေးနေကြသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ခုန်တက်လာပြီး သူ့ရဲ့ ညာဘက်လက်ဖဝါးထဲကို အတွင်းအားများ လောင်းထည့်လိုက်သည်။ သူ့အပြုံးက ရက်စက်လွန်းပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေခဲ့သည်။

"ကောင်လေး..... သေလိုက်တော့!"

ညကောင်းကင်အောက်တွင် လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံများ ဖြတ်သွားကာ နှစ်ဖက်စလုံး လင်းထိန်နေသည်။

နှစ်ဘက်ကြားအကွာအဝေး ပေ ၅၀ ထက်နည်းသောအခါ၊ ကျန်းချန်ရှန်း ရုတ်တရက် ရွေ့လျားသွားသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ဖမ်းမမိနိုင်လောက်သည့် အရှိန်နဲ့ ကျန်းချန်ရှန်း လေထုထဲသို့ခုန်တက်လိုက်ပြီး တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို အဆက်မပြတ် ကန်ကျောက်လိုက်လသည်။

ဒိုင်း!

ကျန်းချန်ရှန်းသည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်၏ ရင်ဘတ်ကို လေထဲကနေ ကန်ခဲ့သည်။ ကျန်းချန်ရှန်း၏ ညာဘက်ခြေဖဝါးမှာ စွမ်းအင်အစစ်အမှန်တွေ ပေါက်ကွဲထွက်ပြီး အရိုးအက်သံနဲ့အတူတစ္ဆေမျက်လုံးနတ်ဆိုးဘုရင် လွင့်စင်သွားလေတော့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ…”

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် မျက်လုံးတွေ ပြူးကျယ်ပြီး မယုံကြည်နိုင်တဲ့ အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။ သူ့ပါးစပ်မှ သွေးများ အထိန်းအကွပ်မဲ့ စီးကျလာပြီး အရှိန်ပြင်းစွာဖြင့်တောင်အောက်ကိုပြုတ်ကျသွားခဲ့သည်။

မန်ချွဲ့ဆောင်နှင့် အခြားတပည့်များ အံသြသွားကြသည်။

…............................

တောင်ခြေရင်းတွင် ထောင်မှူးများနှင့် စစ်သည်အများအပြား ပြေးလာကြသည်။ ကျန့်ထျန်းရန်သည်လည်း လက်စွဲတော်လှံတတစ်လက်နှင့်အတူ မီးတုပ်ကိုင်ပြီးလိုက်ပါလာခဲ့သည်။

"ဒီလမ်းဆိုတာ သေချာရဲ့လား"

ဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ရှုပ်ထွေးတဲ့လေသံနဲ့ မေးလိုက်သည်။

ကျန့်ထျန်းရန်က ခေါင်းညိတ်လိုက်ပြီး.....

"မှန်ပါတယ်၊ ဒီလမ်းအတိုင်းပဲဆက်သွားကြမယ်......"

“ဦးတည်နေတာက ဟိုး…”

ဗိုလ်ချုပ်က သူ့စကားမဆုံးခင်မှာ အပေါ်စီးက လေပြင်းတိုက်သံ ကြားလိုက်ရပြီး သူတို့တွေ အရမ်းလန့်သွားကြသည်။ထိုစဉ် ကောင်းကင်ပေါ်ကနေ လုံချီ တောင်ခြေရင်းရှိ လှေကားထစ်များပေါ်သို့ လူတစ်ယောက်ကျဆင်းလာပြီးကျောက်စရစ်ခဲများပေါ်သို့ပစ်ကျသွားဖြင့် သွေးများ မြေပြင်ပေါ်သို့ မြင်မကောင်းအောင်ပြန့်ကျဲနေလေသည်။

စစ်သားတွေက တုန်လှုပ်ခြောက်ခြားသွားပြီးထိုလူကိုဝိုင်းကြည့်ကြသည့်အခါ....

"ဒါ...ဒါ....တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်မဟုတ်လား.....သူသေသွားပြီ!"

အစောင့်တစ်ဦ တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်လိုက်ရာ ကျန့်ထျန်းရန်နှင့် စစ်သူကြီးများ အပြေးအလွှား လှမ်းကြည့်လိုက်သည်။ ခြေလက်တွေ မသက်မသာ လိမ်ကောက်နေပြီး ကျောက်လှေကားထစ်တွေပေါ်မှာ လဲလျောင်းနေတဲ့ တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို တွေ့လိုက်ရသည်။ သူ့ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်နေပြီး အဖြူရောင်အရိုးများကိုပါမြင်နေရသည်။ မကျေမနပ်ဖြစ်ကာ သေဆုံးသွားပြီး ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံးအရာကို မြင်လိုက်ရသလို သူ့မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

ကျန့်ထျန်းရန် သူ့ရှေ့က တောင်ပေါ်ကို မျှော်ကြည့်သည်။ ညကောင်းကင်အောက်တွင် မိုးတိမ်များ ထူထပ်နေသည့်အတွက် လုံချီတောင်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပုံပေါက်နေသည်။

စစ်သူကြီးသည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်၏ဒဏ်ရာကို စစ်ဆေးပြီးနောက်တွင်....

“အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ကန်ချက်ကြောင့်သေခဲ့ရတာ....တစ်ချက်တည်းနဲ့သေတယ်ဆိုတော့ နှစ်ဘက်ကြားက အင်အားကွာခြားချက်က ကြီးမားတယ်......”

အင်အားကွာချက်ကြီးမားသလား.....

ကျန့်ထျန်းရန်က တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ထောင်ကထွက်တဲ့လမ်းမှာ သတ်လိုက်တဲ့ မြင်ကွင်းကို ပြန်အမှတ်ရလိုက်မိသည်။

…................

ဖြေရှင်းစရာရှိတာဖြေရှင်းပြီးသည့်အတွက် ကျန်းချန်ရှန်း အခန်းထဲပြန်ဝင်ပြီး တံခါးပိတ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ရန်သူကိုပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ရှင်းလင်းနိုင်ခဲ့သဖြင့် စိတိလှုပ်ရှားမှာရောတုန်လှုပ်ခြင်းကိုပါ တပေါင်းတည်းခံစားနေရသည်။

တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို သတ်ပြီးနောက်၊ တပည့်များက သူ့ကို ဝိုင်းထားခဲ့သည်။ သို့သော် တပည့်များ အပြည့်အဝမပျော်နိုင်ကြရှာပေ။ သူတို့၏ ဂိုဏ်းတူမောင်နှမ အများအပြား သေဆုံးခဲ့ကြပြီး ဒုတိယအစ်ကို မန်ချွဲ့ဟေးပင်လျှင် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ယခုအချိန်တွင် လုံချီ ဘုရားကျောင်းကို တတိယအစ်မ မန်ချွဲ့ဆောင်ကသာ ဉီးဆောင် စီမံခန့်ခွဲခဲ့နေရသည်။ သူ့ကို သတ်ဖို့ နောက်ထပ် လူဆိုးတွေ ထပ်လာမည်ဆိုးသည့်အတွက် မန်ချွဲ့ဆောင် က အနားယူဖို့ သူ့အခန်းကို ပြန်ခိုင်းလိုက်သည်။

ထိုညသည် နှစ်ပေါင်းများစွာအတွင်း လုံချီဘုရားကျောင်း ကြုံတွေ့ခဲ့ရသည့် ကြေကွဲဖွယ်အကောင်းဆုံးသော ဘေးအန္တရာယ်ဖြစ်သည်။ အနည်းဆုံး တပည့် အယောက်နှစ်ဆယ်ကျော် ဆုံးပါးခဲ့သည်။

ကျန်းချန်ရှန်း ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး ရန်သူဘက်က နောက်တစ်ကြိမ် ထပ်တိုက်ခိုက်နိုင်မလားဆိုပြီးသာ တွေးနေခဲ့သည်။

"ကျန်းမင်းဆက်တည်ထောင်ပြီး တစ်ဆယ့်လေးနှစ်မှာ နတ်ဆိုးဘုရင်နဲ့တိုက်ခိုက်ခဲ့ပြီး သူ့ကိုသတ်ပစ်နိုင်ခဲ့တယ်.... သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်ဖြစ်သည့် 'တော်ဝင်ဓားပညာ' ဟူသော မှော်ဂါထာကိုရရှိနိုင်ခဲ့သည်....."

ကျန်းချန်ရှန်း၏ မျက်လုံးရှေ့တွင် စကားတစ်ကြောင်း ပေါ်လာသည်။ နောက်ဆုံးတွင်သိုင်းပညာမဟုတ်တော့ဘဲ မှော်ပညာရပ်တစ်ခုရရှိခဲ့သဖြင့် ကျေနပ်စွာပြုံးလိုက်လေသည်။

သူသည် တော်ဝင်ဓားပညာ၏ အမွေကို ချက်ချင်းလက်ခံခဲ့သည်။

အိပ်မပျော်သောညဖြစ်ခဲ့သည်။

မနက်စောစောတွင်......

ကျန်းချန်ရှန်း ဆက်လက်ကျင့်ကြံနေချိန်တွင် ခြံဝင်းကို တပည့်လေးယောက်က သေချာ စောင့်ကြပ်ပေးနေကြသည်။ သူတို့အားလုံး မနေ့ညက အဖြစ်အပျက်ကို အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။ ကျန်းချန်ရှန်း၏ စွမ်းဆောင်မှုသည် လူတိုင်းကို ထိတ်လန့်စေသော်လည်း သူ့အကြောင်းကို စောဒကတက်ကာ နတ်ဆိုးများကို ဆင့်ခေါ်သူဟု ယုံကြည်သူအချို့လည်း ရှိသေးသည်။

သို့သော်လည်း ကျန်းချန်ရှန်းက မိဘမဲ့တစ်ဦးဖြစ်သောကြောင့် အတိအကျ မပြောနိုင်ပေ။ သူတို့သည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်၏စကားများကို အခြေခံ၍သာ ခန့်မှန်းနိုင်သည်။

ကျန်းချန်ရှန်း၏ အကြားအာရုံသည် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သောကြောင့် ထိုမှတ်ချက်များကိုအတိုင်းသား ကြားနေရသည်။ သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ သူသည် ဆယ်ကျော်သက်အရွယ်မဟုတ်ပေ။ သူသည် အရွယ်ရောက်ပြီးသူဖြစ်ပြီး နှစ်ဘဝနေထိုင်ခဲ့သည်။ ဤဘဝတွင် တတ်နိုင်သမျှကြာရှည်စွာ ရှင်သန်လိုပြီး အခြားသူများ၏ သေဆုံးမှုအတွက် စိတ်ပူရန် အချိန်မရှိပေ။

ထို့အပြင် မြို့တော်ရှိ သိုင်းပညာဂိုဏ်းတစ်ခုသည် ဘေးဒုက္ခများကို မည်သို့မျှ မခံစားရနိုင်ပေ။

ကျန်းချန်ရှန်း ငြိမ်းချမ်းစွာ ဆက်လက်ကျင့်ကြံနေခဲ့သည်။ ဓားမရှိလျှင် တော်ဝင်ဓားပညာကို မကျင့်ကြံနိုင်ပေ။ ထို့ကြောင့်တာအိုသဘယဝကျင့်စဉ်ကိုသာ အာရုံစိုက်ထားခဲ့သည်။

ချန်းလီ အလည်အပတ်လာရောက်သည့်အချိန်မှသာ ကျင့်ကြံမှုကိုခတ္တရပ်နားထားခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ချန်လီသည် တစ်ယောက်တည်း မလာဘဲ အခြားသူတစ်ဦးကိုပါ ခေါ်လာခဲ့သည်။

“ဒါက တရားရေးဝန်ကြီး....ဝန်ကြီးယန်ပါ... သူက တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ရဲ့ကိစ္စကို စုံစမ်းဖို့ အတူလိုက်လာခဲ့တာပါ.... တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်က လုံချီဘုရားကျောင်းကတပည့်တွေတင်မကဘဲ ထောင်စောင့်တွေကိုလည်း သတ်ခဲ့သေးတယ်....ဒီကိစ္စက မြို့တော်တရားရုံးကို ထိတ်လန့်စေခဲ့တယ်လေ... ဘုရင်မင်းမြတ်က ဒေါသတကြီးနဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်တယ်......”

ချန်းလီ မိတ်ဆက်ပေးသည့်အခါ ကျန်းချန်ရှန်းက လက်အုပ်ချီပြီး ဦးညွှတ်လိုက်သည်။

တကျန်းမင်းဆက်တွင် ဝန်ကြီးရာထူးကို တရားဝင်ရာထူး၏ ဒုတိယအဆင့်အဖြစ် သတ်မှတ်နိုင်သည်။ တရားရေးဝန်ကြီးထက် အာဏာပိုရှိသူ ဆယ်ယောက်ထက်မနည်း ရှိသေးသည်။

ယန်ရှန်းရှုသည် ကျန်းချန်ရှန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး....

"တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို သိလား" ဟု မေးလိုက်သည်။

" မနေ့ညကနတ်ဆိုးဘုရင် ဘုရားကျောင်းကို တိုက်ခိုက်ခဲ့ပေမယ့် မင်းကြောင့်သေသွားခဲ့တယ်ဆို......"

“ဝန်ကြီးယန်... ကိုယ်တော်က ငယ်ငယ်လေးကတည်းက မိဘမဲ့ဖြစ်ပြီး လုံချီဘုရားကျောင်းကနေ တစ်ဖဂါးမှမခွာခဲ့ဖူးပါဘူး....ဒကာတော်ချန်းနဲ့ စတုတ္ထမင်းသားလေးတို့ကလွဲလို့ အပြင်လူတွေနဲ့လဲတစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး....”

“ဒါဆို မင်းမြင်တာကို ပြောပြပါ”

ကျန်းချန်ရှန်း အမှန်အတိုင်းဖြေခဲ့သည်။ ယန်ရှန်းရှု ဆုံးဖြတ်ချက်ချပြီးနောက် သူလှည့်ထွက်သွားပြီး အခန်းထဲတွင် ချန်းလီနှင့် ကျန်းချန်ရှန်းတို့သာကျန်ခဲ့သည်။

"မဆိုးပါဘူး.... မင်းရဲ့ သိုင်းပညာက အရမ်းအစွမ်းထက်ပြီး တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ကိုတောင် သတ်နိုင်တယ်....."

အပြင်လူမရှိတော့သည့်အတွက် ချန်လီ စိတ်လှုပ်ရှားစွာ ပြောနေတော့၏။

ကျန်းချန်ရှန်း၏ ခွန်အားသည် ဤနှစ်များတစ်လျှောက် တိုးတက်ပြီးရင်း တိုးတက်လာသည်။

ချန်းလီသည် ကျန်းဟူလောကတွင် ကျင်လည်ခဲ့ဖူးသော်ကြောင့် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်၏ နာမည်ဆိုးကို ကြားဖူးသည်။ ထို့နောက် အင်ပါယာတရားရုံးက တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ကို မည်ကဲ့သို့ ဖမ်းဆီးခဲ့သည်ကို ပြောပြခဲ့သည်။

"သူ ကျွန်တော့်ကို အသက်ငယ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန်တွေးလိုက်လို့ အခွင့်ကောင်းရခဲ့တာပါ... "

"နှိမ့်ချမစမ်းပါနဲ့.... မင်းရဲ့လုပ်ထုံးလုပ်နည်းတွေက မြို့တော်ကိုစောင့်ကြပ်နေတဲ့ ဗိုလ်ချုပ်တွေကိုတောင် အံ့သြစေတယ်..... တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်က စစ်မှန်သောစွမ်းအင်နယ်ပယ်အထက်က ကျွမ်းကျင်တစ်ယောက်လေ... ကျန်းဟူလောကရဲ့ အထက်တန်းအဆင့်အရ သူက ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအဖြစ် လူသိများတယ်.... ဒီသိုင်းပညာရှင်က သူတို့ရဲ့ စစ်မှန်တဲ့အတွင်းအားကို လွတ်လွတ်လပ်လပ် ထုတိသုံးနိုင်တဲ့အတွင် သာမန်လူတွေ အနိုင်ယူနိုင်တဲ့သူ မဟုတ်ဘူး.....”

ကျန်းချန်ရှန်း တိတ်တဆိတ် မှတ်ချက်ချလိုက်သည်။

တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်၊ အစစ်အမှန်နယ်ပယ်၊ ထိပ်တန်းကျွမ်းကျင်သူ.....

တာအိုသဘာဝကျင့်စဉ်၏ တတိယအဆင့်သည် ထိပ်တန်းကျွမ်းကျင်သူကို အလွယ်တကူသတ်ပစ်နိုင်သည်။ ကျင့်ကြံခြင်းနှင့် သိုင်းပညာအကြား ကွာဟချက်ကြီးမားသည်။

ချန်းလီက ဒီအမှုအခြေအနေကိုပြောပြခဲ့သေးသည်။ကောင်းကင်အကျဉ်းထောင်သည် မြို့တော်၏ အရေးကြီးသော နေရာတစ်ခု ဖြစ်ခဲ့သော်လည်း ကြိုးတိုက်မှ အကျဉ်းသားတစ်ဦး လွတ်မြောက်ခဲ့သည်။ ဧကရာဇ် အမျက်တော်ရှသွားသဖြင့် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို စောင့်ကြပ်ရန် တာဝန်ရှိသော ထောင်မှူးအား ကွပ်မျက်ရန် အမိန့်ပေးခဲ့သည်။ကောင်းကင်အကျဉ်းထောင် အဆင့်ဆင့်ရှိ လူများကိုလည်း ဆက်လက် စုံစမ်းနေရသည်။ ဒါကလည်း တရားရေး ဝန်ကြီး ကိုယ်တိုင် လာရောက်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ စုံစမ်းစစ်ဆေးမှုကို ကောင်းစွာမလုပ်ဆောင်ပါက တရားရေးဝန်ကြီးရာထူးကို အာမခံနိုင်မည်မဟုတ်ပေ။

ဝန်ကြီးရာထူးက အရမ်းမြင့်လို့ တခြားမင်းဆက်တွေဆိုရင် လွယ်လွယ်ဖြုတ်ချနိူင်ဖို့မလွယ်ပေ။ သို့သော် ကျန်းမင်းဆက်ကတော့ အခြားမင်းဆက်များနှင့် ကွဲပြားသည်။ အရေးပါသော အရာရှိအများစုမှာ အရင်မင်းဆက်၏ အရာရှိများဖြစ်သည်။ ဧကရာဇ်မင်းသည် ၎င်းတို့အား နှုတ်ထွက်ရန် အမြဲအလိုရှိခဲ့ပြီး နှစ်တိုင်းလိုလို ဝန်ကြီးများ အပြောင်းအလဲရှိမည်။ ထုံးစံအတိုင်း ဝန်ကြီးခြောက်ဦးသည် ကြိုးတန်ပေါ်တွင် လမ်းလျှောက်နေကြရသည်။

“မင်းရဲ့ အထောက်အထားနဲ့ နောက်ခံက အရမ်းရိုးရှင်းတယ်... ဘုန်းတော်ကြီးချင်ရှုက တပည့်တိုင်းရဲ့ နောက်ခံအချက်အလက်ကိုအစီရင်ခံထားတာကြောင့် စိတ်ပူစရာမလိုဘူး... မင်းက တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကို သတ်ဖို့ အများကြီး အထောက်အကူ ပြုခဲ့တယ်... အချိန်တန်ရင် ဘုရင်မင်းမြတ်က မင်းကို ဆုလာဘ်တွေပေးသနားလိမ့်မယ်... မင်းဘာလိုချင်လဲ... ဘုရင်မင်းမြတ် မေးရင်ငါမင်းအတွက် ကြိုပြောထားပေးမယ်....."

တစ်ညအကြာတွင်၊ မြို့တော်ရှိ မင်းမျိုးမင်းနွယ်များအားလုံး လုံချီ ဘုရားကျောင်းတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ပေါ်လာကြောင်း သိလိုက်ရသည်။ သူသည် နာမည်ကျော် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် ကိုပင် သတ်ပစ်နိုင်သည့်အတွက် သိုင်းပညာမင်းဆက်ကိုအလေးထားသော မင်းဆက်တွင် တောက်ပသောအနာဂတ်ရှိလာပေလိမ့်မည်။

ချန်းမိသားစုသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးနှင့်ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခဲ့သော်လည်း ကျန်းချန်ရှန်းလို မိဘမဲ့တဉီးကို ချည်ပြီးတုပ်ပြီး အပိုင်ချုပ်နှောင်ထားဖို့မဖြစ်နိုင်ပေ။

All Chapters