← Chapters

နာမည်ကြီးတဲ့ဓားတွေကသိပ်ကောင်းတယ်.....အဆင့်လေးသို့ချိုးဖောက်နိုင်ခြင်း....

Vol. 1 Ch. 8

နာမည်ကြီးတဲ့ဓားတွေကသိပ်ကောင်းတယ်.....အဆင့်လေးသို့ချိုးဖောက်နိုင်ခြင်း....

Vol. 1 Ch. 8

“တကယ် ဆုရနိုင်မယ်ဆို ဓားတစ်ချောင်း ရအောင် ကူညီပေးပါ....မကြာသေးမီက ကျွန်တော် ဓားပညာနဲ့ ပတ်သက်ပြီး နားလည်မှုအချို့ရထားတာမို့ ဓားပညာ ဖန်တီးနိုင်မလားသိချင်မိတယ်....”

ကျန်းချန်ရှန်း ပြုံးလိုက်သည်။ ချန်းလီသည် ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ပြီး ချန်းမိသားစုခေါင်းဆောင်မှာ အခွန်၀န်ကြီးဖြစ်သည်။ တရားရုံးမှာ တကယ်အရာရောက်သူတစ်ဉီးပင်.....

ချန်းလီ ချက်ချင်း သဘောတူလိုက်သည်။ သူတို့နှစ်ယောက် စကားမပြောဖြစ်တာ ကြာပြီဖြစ်သော်လည်း အပြင်မှာ ဝန်ကြီးယန်ရှိသည့်အတွက် ကြာကြာစကားမပြောနိုင်ခဲ့ကြပေ။

ချန်းလီ ပြန်သွားပြီးနောက် ကျန်းချန်ရှန်းတစ်ယောက်တည်း အခန်းထဲမှာ ရှိနေချိန်တွင် သူ့မျက်နှာပေါ်က အပြုံးတွေ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်သူဘက်က အားကောင်းသည့် ကျွမ်းကျင်သူများ စေလွှတ်မည်ကို စိုးရိမ်နေမိသည်။

ဤတကြိမ်တွင် သန်မာသောရန်သူကိုရင်ဆိုင်ခဲ့ရသောကြောင့် ရှင်သန်ခြင်းဆုလာဘ်များ ပိုမိုရရှိရန် မျှော်လင့်ခဲ့သည်။

ချန်းလီပြောခဲ့သောစကားအရ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးသည် အစွမ်းထက်သော်လည်း ရှားပါးသည်မဟုတ်ပေ။ ဆိုလိုသည်မှာ ထိပ်တန်းကျွမ်းကျင်သူများထက် ပိုမိုမြင့်မားသောနယ်ပယ်တစ်ခု ရှိနေသည်ဟု ဆိုလိုသည်။ နောက်ဆုံးတွင်၊ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးသည် ထိပ်တန နယ်ပယ်တစ်ခုမဟုတ်ဘဲ သေမျိုးကမ္ဘာရှိလူများအတွက် ဘွဲ့တစ်ခုသာဖြစ်သည်။

သန်မာလာဖို့အတွက် အချိန်လိုသေးသည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းချန်ရှန်းဘက်က စိုးရိမ်ပူပန်မှု လွန်ကဲနေခြင်းသာဖြစ်ခဲ့သည်။ ရက်အနည်းငယ်ကြာသည်အထိ စစ်သားတွေ နေ့တိုင်းလာပြီး ကျန်းချန်ရှန်းနဲ့လည်း အကြိမ်ပေါင်းများစွာ စကားပြောခဲ့ကြသည်။ နတ်ဆိုးဘုရင်၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် အစ်ကိုငါး ကွယ်လွန်ခြင်းကိုလည်း နိဂုံးချုပ်လိုက်ရသည်။

မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့အတွက် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဟူ၍သာ ခေါင်းစဉ်တပ်ခဲ့ကြသည်။

ဒါဟာ ကျိုးကြောင်းဆီလျော်ပြီး လုံလောက်တဲ့ အထောက်အထားတွေ ရှိနေခဲ့သည်မဟု်တ်လော......

သို့သော်လည်း ဆက်စပ်မှု မရှိခြင်းကြောင့် အစိုးရ တာဝန်ရှိသူများ၊ တရားရေး ဝန်ကြီးဌာနနှင့်ကောင်းကင် အကျဉ်းထောင်တို့ ပဟေဠိ ဖြစ်ခဲ့ကြသည်။

ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ... ဘာကြောင့် ကျန်းချန်ရှန်းကိုသတ်ချင်တာလဲ......

ကျန်းချန်ရှန်းသည် ကျန်းယွမ် ကိုယ်တိုင်လာရောက်၍ အမှန်တရားကို စုံစမ်းဖို့မျှော်လင့်ခဲ့သော်လည်း ကျန်းယွမ်ရောက်မလာခဲ့ပေ။အလုပ်များနေသောဧကရာဇ်သည် ထိုသို့သောကိစ္စအတွက်အချိန်မပေးနိုင်ခဲ့ပေ။

ငါးရက်ကြာပြီးနောက်.....

စတုတ္ထမင်းသားကျန်းယု ရောက်ရှိလာခဲ့သည်။

"အစ်ကို ချန်ရှန်း..... ကျွန်တော့်ကို သင်ပေးခဲ့တဲ့ နတ်ဘုရားအရိပ်ကန်ချက်က နတ်ဆိုးဘုရင်ကိုသတ်ဖို့သုံးတဲ့ ကန်ချက်ပဲလား....."

ကျန်းချန်ရှန်း ခေါင်းညိတ်အတည်ပြုလိုက်သဖြင့် ကျန်းယု ပိုလို့တောင် စိတ်လှုပ်ရှားနေခဲ့သည်။ ဤကိစ္စ၏ ထိတ်လန့်တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုကို ကျန်းယုက အားရပါးရဖောက်သည်ပြန်ချခဲ့သည်။ နန်းတော်ရှိလူတိုင်းကလည်း ဒီကိစ္စကို ဆွေးနွေးကြပြီး ကမ္ဘာတစ်ဝှမ်းသို့ပင် ပျံ့နှံ့သွားသည်ဟု ဆိုသည်။

လုံချီဘုရားကျောင်းမှ အင်မော်တယ်ကိုရင်လေးက အသက်ဆယ့်လေးနှစ်အရွယ်တွင် နတ်ဆိုးဘုရင်ကိုသတ်ခဲ့သည်။

ဒီခေတ်မှာ ဒီလိုအောင်မြင်မှုတွေက တကယ့်ကို အံ့သြစရာပါပင်.....

ကျန်းချန်ရှန် ထိုစကားကိုကြားသောအခါ တိတ်တဆိတ် ကျေနပ်သွားသော်လည်း ပို၍ဒုက္ခဖြစ်စေမည်ကိုစိုးရိမ်ခဲ့သည်။

“အစ်ကိုတော်တောင် အစ်ကိုချန်ရှန်းကို စိတ်ဝင်စားနေတယ်.... အခွင့်အရေးရရင် လာလည်မယ်လို့ ပြောနေသေးတယ်”

အပြင်ပန်းတွင်အမူအရာ မပြောင်းလဲသော်လည်း ကျန်းချန်ရှန်း၏နှလုံးသားထဲတွင် သတ်ဖြတ်ချင်စိတ်များ တလိပ်လိပ်လှိုက်တက်လာသည်။

မင်းသားအတုကလည်း သူ့ကိုရှာချင်နေတာလား.....

လက်စားချေခြင်းမပြုမီ လုံလောက်အောင် သန်မာဖို့ကြိုးစားရမည်သာ...

ကျန်းချန်ရှန်းသည် ကျန်းယုနှင့် အတော်ကြာကြာစကားပြောခဲ့ပြီးနောက် နတ်ဘုရားအရိပ်ကန်ချက်ကိုဆက်လက်သင်ကြားပေးခဲ့သည်။

တစ်နာရီခန့်အကြာတွင် ကျေးဇူးတင်စကား ပြောပြီးနောက် ကျန်းယု ပြန်သွားခဲ့သည်။

ကျန်းယု သယ်လာပေးသော မုန့်အချိုများကို မြည်းစမ်းကြည့်ပြီးနောက် အရသာအလွန်ကောင်းသည်ဟု ခံစားလိုက်ရသည်။ လုံချီ ဘုရားကျောင်းရှိ အရသာပေါ့သော ဟင်းပွဲများနှင့် နှိုင်းယှဉ်ပါက အရသာရှိသည်ဟု ဆိုနိုင်ပါသည်။

စားကောင်းလိုက်တာ... နောက်တစ်ကြိမ် များများယူလာပါစေ......

ထိုနေ့တွင် လုံချီတောင်ကို စောင့်ရှောက်ခရန် စစ်တပ်တစ်တပ် စေလွှတ်ခဲ့သဖြင့် တပည့်များအတွက် ရင်ထိတ်စရာ နေ့ရက်များ ကုန်ဆုံးသွားခဲ့သည်။

တစ်လကြာပြီးနောက် ဘုန်းတော်ကြီးချင်ရှု ပြန်ရောက်လာပြီး စစ်တပ်လည်း ထွက်ခွာသွားခဲ့သည်။

တပည့်များအားလုံး မင်ရှင်းခန်းမတွင် စုရုံးကြပြီး ဘုန်းတော်ကြီးချင်ရှုရှေ့တွင်ခေါင်းငုံ့ထားကြသည်။ ခန်းမထဲက လေထုက အုံ့မှိုင်းနေပြီး ကျန်းချန်ရှန်းလည်း ခေါင်းငုံ့နေရသည်။ မန်ချွဲ့ဟေးနှင့်မန်ချွဲ့ဆောင်တို့ကတော့ နဖူးမြေထိပြားပြားဝပ်နေရသည်။

ယခုချိန်တွင် ဘုန်းတော်ကြီးချင်ရှု သည် တောင်ပေါ်မှ ဆင်းမသွားမီကထက် များစွာ အိုစယနေသယောင်ပင်.... သူ့မျက်ခုံးနှစ်ခုကြားတွင် အရေးအကြောင်းများ ရှိနေသည်ကိုထောက်ချင့်ပါက သူ့တွင် စိုးရိမ်ပူပန်စရာများစွာရှိနေပေလိမ့်မည်။

“ဟင်းးးးး”

သက်ပြင်းတစ်ချက်က တိတ်ဆိတ်မှုကို ချိုးဖျက်ပစ်လိုက်လေသည်။

"ထကြတော့....နတ်ဆိုးဘုရင်လို အညှာတာကင်းမဲ့သူနဲ့ရင်ဆိုင်ရရင် ငါတောင် ယုံကြည်မှုအပြည့်ရှိမှာမဟုတ်ဘူး.... မင်းတို့ ကောင်းကောင်းလုပ်ခဲ့တယ်...အခုသူ သေသွားပြီဆိုတော့ ဘာမှစိတ်မပူနဲ့တော့....”

မန်ချွဲ့ဟေးနှင့်မန်ချွဲ့ဆောင်တို့ မတ်တပ်ရပ်လိုက်သော်လည်း ခေါင်းမမော့ကံ့ကြသေးပေ။ အထူသဖြင့် မန်ချွဲ့ဟေးသည် ပြီးခဲ့သောလကတည်းက စိတ်နေစိတ်ထား သိသိသာသာပြောင်းလဲသွားပြီး ယခင်ကလို ရွှင်လန်းခြင်းမရှိတော့ပေ။ သူသည် တစ်နေ့လုံး မှုန်ကုပ်ကုပ် ဖြစ်နေပြီး တပည့်များကလည်း စကားမပြောရဲကြပေ။

ချင်ရှုက ကျန်းချန်ရှန်းကိုကြည့်ကာ.....

"ချန်ရှန်း... မင်းအဆင်ပြေရဲ့လား...မင်းက လုံချီဘုရားကျောင်းရဲ့ကယ်တင်ရှင်ပါ.... "

ကျန်းချန်ရှန်း ဆောလျင်စွာ ဦးညွှတ်ပြီး သူ့တာဝန်ကို ကျေပွန်ပြီဟု ပြောလိုက်သည်။

“မင်းတို့ရဲ့အကြီးဆုံးအစ်ကိုက နတ်ဆိုးကလန်ကို ပြောင်းသွားပြီ....အခုချိန်ကစပြီး သူက ငါတို့လုံချီဘုရားကျောင်းရဲ့အကြီးဆုံးတပည့်မဟုတ်တော့ဘူး.... ချွဲ့ဟေးကအကြီးဆုံးတပည့်၊ချွဲ့ဆောင်က ဒုတိယတပည့်၊ ချန်ရှန်က တတိယတပည့်ဖြစ်သွားပြီ..... "

ထိုကြေငြာချက်ကြောင့် အားလုံးအံ့အားသင့်ကုန်ကြသည်။

လီချန်းချီသည် လုံချီဘုရားကျောင်းတွင် မိသားစု၏အကြီးအကဲဖြစ်ပြီး သူ၏တပည့်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ ကျန်းချန်ရှန်းအပါအဝင် မည်သူမျှ သူ့ကို မမုန်းတီးကြပေ။

မန်ချွဲ့ဟေးသည် အကြီးဆုံးတပည့်ဖြစ်ရသည်ကိုစိတ်လှုပ်ရှားခြင်းမရှိဘဲ အမူအရာပျက်ယွင်းနေသည်။

J တတိယတပည့်အဖြစ် ရာထူးတိုးခံသည်ကို ကျန်းချန်ရှန်း မအံ့သြခဲ့ပေ။ တပည့်တစ်ဦး ဆုံးပါးသွားသောအခါမှ အခြားတပည့်များက သူ့နေရာကို အစားထိုးနိုင်မည်ဖြစ်သည်။

လီချန်းချီ၏သစ္စာဖောက်မှုကို သူနားလည်နိုင်သည်။

"အချစ်"ဟူသောစကားလုံးက လူသားများကို များစွာထိခိုက်စေနိုင်သည်မဟုတ်လော....

သို့ပေမယ့် သူ့လုံခြုံရေးကို မထိခိုက်သရွေ့တော့ ဘာကိုမျှ ဂရုစိုက်နေမည်မဟုတ်ပေ။

သူသည် အင်မော်တယ်တာအိုကျင့်ကြံသူဖြစ်သည်။ အနှစ်တစ်ရာကြာသောအခါ သူ့ပတ်ဝန်းကျင်ရှိလူတိုင်းသည် ဖုန်မှုန့်များအဖြစ်သို့ မြေအောက်၌ အိပ်စက်နေကြရမည်သာ......

ချင်ရှုက တခြားဘာမှ မပြောတော့ဘဲ မြင်းမြီးသားယပ်ကို ဝှေ့ယမ်းပြီး တပည့်တွေကို လူစုခွဲခိုင်းလိုက်လေသည်။

တပည့်တွေ စိတ်လှုပ်ရှားနေပေမဲ့ လူစုခွဲဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။

ကျန်းချန်ရှးန်း တုံ့ဆိုင်းသွားသည်။

ဘုန်းတော်ကြီးချင်ရှုက တပည့်တွေသေဆုံးတာနဲ့ပတ်သတ်ပြီး ဘာမှမပြောတော့ဘူးလား......

အခန်းကို ပြန်ရောက်သည်အထိ စိတ်ရှုပ်နေဆဲပင်......

သူ့အပေါ်ထားရှိတဲ့ ချင်ရှုရဲ့သဘောထားက သိသိသာသာကို ထူးဆန်းနေတယ်....သူ့အကြောင်းကိုသိနေတာများလား.....ဒီလောက်ကြီးကြီးမားမားဖြစ်ပျက်ခဲ့တာတွေကိုလည်း ဘာတခုမှ မမေးဘူး.....တခုခုတော့မှားနေပြီ........

ဖြစ်နိုင်ချေများစွာကို စဉ်းစားခဲ့သည်။ ဘုန်းတော်ကြီးချင်ရှုကိုလည်း ရန်သူဖြစ်နိုင်သည်ဟုပင်ထင်ခဲ့မိသည်။ ဒီအတွေးက နည်းနည်းမိုက်မဲပေမယ့်လည်း ဤဘဝတွင် မည်သူ့ကိုမျှမယုံကြည်နိုင်ပေ။

အင်မော်တယ်နတ်ဘုရားတစ်ပါးဖြစ်လာဖို့သည်သာ တခုတည်းသောပန်းတိုင်ဖြစ်သည်။

ဘုန်းတော်ကြီးချင်ရှု ပြန်လာပြီးနောက်လုံချိဘုရားကျောင်း လုံးလုံးငြိမ်သက်သွားခဲ့သည်။

တပည့်များအားလုံးသည် မိဘမဲ့များဖြစ်ကြပြီး ဘဝတွင် သေခြင်းရှင်ခြင်းနှင့် ခွဲခွာခြင်းများကို အနည်းနှင့်အများ ကြုံတွေ့ခဲ့ဖူးသူများဖြစ်ကြသည်။ထို့ကြောင့် ဝမ်းနည်းခြင်း၌ အမြဲနှစ်မြုပ်မနေကြဘဲ မကြာခင်ပုံမှန်ပြန်ဖြစ်သွားကြသည်။

လေးလေးနက်နက် ခံစားခဲ့ရသူ တစ်ဦး ရှိသေးသည်။

မန်ချွဲ့ဟေး.......

သူသည် သိုင်းပညာကို အရူးအမူး လေ့ကျင့်ခဲ့ပြီး ကျန်းချန်ရှန်းလို တာအိုကျမ်းစာများကိုနားထောင်စရာမလိုတော့ဘဲ အချိန်ရှိသရွေ့

ချောက်ကမ်းပါးစွန်းမှာသာ သိုင်းပညာလေ့ကျင့်နေခဲ့သည်။

အသက်ဘေးကိုဂရုမစိုက်ဘဲ ရူးရူးမူးမူးလေ့ကျင့်နေသည့် မန်ချွဲ့ဟေးကိုကြည့်ပြီး ချင်ကူနှင့်ကျန်းချန်ရှန်းတို့ သက်ပြင်ချရုံသာတတ်နိုင်ခဲ့သည်။

အချိန်တွေ ဆက်လက်ကုန်ဆုံးခဲ့ပြန်သည်။

ကျန်းမင်းဆက်တည်ထောင်ပြီး ဆယ့်ငါးနှစ်တွင် ကျန်းချန်ရှန်းသည်လည်း ဆယ့်ငါးနှစ်အရွယ်ရောက်လာခဲ့ပြီ။

သူ၏ စစ်မှန်သောစွမ်းအင်များ တိုးလာသော်လည်း တာအိုသဘာဝကျင့်စဉ်၏ စတုတ္ထအဆင့်သို့ရောက်ရန် အလှမ်း ဝေးနေသေးသည်။

ဆီးနှင်းများ အရည်ပျော်သွားချိန်တွင် လက်ဆောင်တခုနှင့်အတူ ချန်းလီ ရောက်လာခဲ့သည်။

"ဟား..ဟား..ဟား.... ဘုရင်မင်းမြတ်ဆီမှာ မင်းအတွက် ဓားကောင်းတလက်တောင်းခံပေးခဲ့တယ်.... ဒါ့ကြောင့် မင်းကြီးက တချက်လွှတ်အမိန့်ထုတ်ပြီး ကြေးစားလောကရဲ့နာမည်ကျော်ဓားတွေကို အချိန်ကုန်ခံပြီးရှာဖွေပေးခဲ့တယ်.....ဒီဓားက ကြေးစားလောကရဲ့ထိပ်တန်းဓားဆယ်လက်ထဲကတစ်လက်ဖြစ်တဲ့ တိုင်ဟန်ဓားလေ....."

"မင်းကြီးက ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံရတာလဲ"

" မင်းကြီးက တခွန်းပဲမိန့်ခဲ့တာပါ....ဒါပေမယ့် လုံချီဘုရားကျောင်းက မြို့တော်ထဲမှာရှိတဲ့အပြင် မင်းကြီး ကိုယ်တိုင် ခန့်အပ်ထားတဲ့ တာအိုဘုရားကျောင်းလေ....ကောင်းကင် အကျဉ်းထောင်က အကျဉ်းသားတစ်ဦးကြောင့် ဘုရားကျောင်းကတပည့်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့အပြင် ထောင်မှူးတွေလည်း အသတ်ခံခဲ့ရသေးတယ်...အဲ့တော့ မင်းကြီးအမျက်တော်ပြေအောင် အလိုက်တသိနဲ့ ဒီဓားကို အပြေးအလွှားရှာထားပေးကြတာ....ဒါ့အပြင် အခုခေါတ်ဓားသမားတွေက အရင်ခေါတ်ကလောက် မသန်မာကြတော့ဘူး...."

ကျန်းချန်ရှန်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီ ဓားကိုဆွဲထုတ်ကြည့်လိုက်ရာ ဓားသွား၏အလင်းကြောင့်မျက်လုံးများကျိန်းစပ်သွားလေသည်။

“တိုင်ဟန်ဓားကနတ်လက်နက်တစ်ခုဆိုတာ သေချာတယ်....ငါ အရင်က စမ်းကြည့်ဖူးတယ်.... သံကိုရွှံ့လိုဖြတ်တောက်နိုင်တယ်...ပြီးတော့ ဒီဓားအလင်းက ရန်သူကို စိတ်ရှုပ်ထွေးစေနိုင်တယ်.....”

တိုင်ဟန်ဓားသည် အရှည်သုံးပေကျော်ရှိပြီး ဓါးသွားက လက်သုံးချောင်းစာကျယ်သည်။ သေးသွယ်ပုံရပြီး ဓါးသွားအလယ်တွင် ထူးဆန်းသောပုံစံများ ထွင်းထုထားသည်။ ဓားသွားနှစ်ဖက်လုံးက အစိမ်းနုရောင်သမ်းနေပြီး လက်ရာမြောက်လွန်းသည်။

“မဆိုးဘူး.... ကျွန်တော်ကြိုက်တယ်။ ကျေးဇူးတင်ပါတယ် ဒကာချန်း"

ဤဓားသည် သူ့အသွင်အပြင်နှင့် လိုက်ဖက်သည်။

ချန်းလီက ပြုံးလိုက်ပြီး အမှုရဲ့ ရလဒ်ကို ပြောပြပေးခဲ့သည်။

ပိုမိုကောင်းမွန်သော ခံစစ်စွမ်းရည်များရရှိရန် ကောင်းကင်အကျဉ်းထောင်ကို ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်သည်။ အရာရှိ သုံးဆယ်ကျော်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ငါးဦးထက် မနည်း ခေါင်းဖြတ်ခံခဲ့ရသည်။ခေါင်းဖြတ်ခံရသည့် အဆင့်အမြင့်ဆုံး အရာရှိများတွင် တတိယအဆင့် အရာရှိများလည်း ပါဝင်သည်။ ဤကာလအတွင်း မြို့တော်သည်းတခွင် မုန်တိုင်းထန်နေခဲ့သည်ဟုဆိုနိုင်ပြီး လူတိုင်းကျီးလန့်စာစားနေရသလိုပင်.... နေ့တိုင်း အာဏာပိုင်တွေက မြို့ကို ကြီးကြပ်နေပြီး ဧကရာဇ်ဘုရင်သည် နတ်ဆိုးဘုရင်၏နောက်ကွယ်တွင် အခြားတစ်ယောက်ရှိနေသည်ဟု သံသယရှိခဲ့သော်လည်း နောက်ဆုံးတွင် တရားခံကို ရှာမတွေ့ခဲ့သဖြင့် အမှုပိတ်သိမ်းခဲ့ရသည်။

လုံချီဘုရားကျောင်းအတွက် ဧကရာဇ်မင်းက လျော်ကြေးအဖြစ် ငွေကြေးနှင့် အစားအစာများကို လှူဒါန်းပေးခဲ့သည်။

ကျန်းချန်ရှန်းဘက်က ထိုအရာများကို ကန့်ကွက်ခြင်းမရှိသလို ထင်မြင်ချက်ကို ထုတ်ပြောပိုင်ခွင့်လည်း မရှိခဲ့ပေ။

မကြာသေးမီက ရာထူးတိုးထားသဖြင့် အလုပ်များနေသော ချန်းလီလည်း အမြန်ပြန်သွားခဲ့သည်။

ကျန်းချန်ရှန်းသည် အခန်းထဲတွင်မနေတော့ဘဲ ခေါင်းလောင်းမျှော်စင်မှာသာနေထိုင်ခဲ့သည်။ ဤနေရာရှိ အဆောက်အဦများသည် ထင်း၊ စပါးနှင့် အခြားပစ္စည်းများ သိုလှောင်သည့် သိုလှောင်ခန်းဖြစ်သောကြောင့် ဤနေရာတွင် တပည့်အနည်းငယ်မျှသာ ရှိခဲ့သည်။

သူသည် တော်ဝင်ဓားပညာ၏ စိတ်စွမ်းအင်ကျင့်စဉ်အတိုင်း ဝိညာဉ်စွမ်းအင်ကို စတင်စုဆောင်းခဲ့သည်။ သူသည် ဓားပျံစီးနင်းနိုင်ဖို့ တိုင်ဟန်ဓားကို လေထဲသို့ ပျံတက်အောင် လုပ်ရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အလွန်ခက်ခဲသော်လည်း တွေးကြည့်ရုံဖြင့်ပင်စိတ်လှုပ်ရှားဖွယ်ကောင်းနေတော့သည်။

ဓားပျံစီးနင်းခြင်းသည် ကျင့်ကြံခြင်း၏ အနှစ်သာရဖြစ်သည်။

ဂုဏ်သိက္ခာရှိသော အင်မော်တယ်ကျင့်ကြံသူများသည် ရန်သူများကို တိုက်ခိုက်ရာတွင် အမြဲစေ သိုင်းပညာသုံးကြသည်မဟုတ်ပေ။

..................

အဖြစ်ဆိုးကြီးပြီးဆုံးသွားပြီးနောက်၊ ကျန်းချန်ရှန်းကိုသတ်ချင်နေသူများ ငြိမ်သက်သွားသည်။ ကျန်းချန်ရှန်းသည် ထိုတစ်နှစ်လုံး အေးချမ်းစွာလေ့ကျင့်နေခဲ့ပြီး မည်သည့်ဘေးအန္တာရာယ်မျှကြုံတွေ့ခဲ့ခြင်းမရှိပေ။

ကျန်းမင်းဆက်တည်ထောင်ပြီးနောက် ဆယ့်ခြောက်နှစ်တွင် ကျန်းချန်ရှန်း အသက်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်သည်။

နွေရာသီနေ့လည်ခင်းတခုတွင် ....

တာအိုသဘာဝကျင့်စဉ်၏ စတုတ္ထအဆင့်ကို ကျွမ်းကျင်လာကာ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်များသည် ပိုမိုပြင်းထန်သောစွမ်းအင်ပုံစံအဖြစ်သို့ ပြောင်းလဲလာသည်။

ဝိညာဉ်စွမ်းအား.....

အင်မော်တယ်ကျင့်ကြံသူများ၏ စွမ်းအင်......

ထိုအချိန်မှစ၍ သူ့ကို သာမာန်ထက်ထူးခြားသူအဖြစ် သတ်မှတ်နိုင်ပြီဖြစ်သည်။ အနာဂတ်တွင် သူသည် မှော်ပညာကိုလေ့ကျင့်ပြီး မှော်လက်နက်များကို အသုံးပြုနိုင်လိမ့်မည်။

ခြောက်နှစ်သားအရွယ်တွင် သူရခဲ့သော ချီလင်မြင်းမြှီးသားယပ်သည် သူ့စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။ အရင်က မသုံးဖူးတဲ့အတွက် အသုံးပြုဖို့ စောင့်မျှော်နေခဲ့မိသည်။

သူ၏ လက်ရှိဝိညာဉ်စွမ်းအားသည် စစ်မှန်သောစွမ်းအင်ထက် ဆယ်ဆသန်မာသည်။အာရုံခံနိုင်စွမ်းလည်း နှစ်ဆတိုးလာသည်။ ယခုဆိုလျှင် အာရုံငါးပါးကိုလုံချီဘုရားကျောင်းတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်။

တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားအာရုံကို ဖော်ထုတ်နိုင်ပြီဖြစ်ပြီး ၎င်းသည် အရာဝတ္ထုများ၏ အနှစ်သာရကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည်။

ပြင်းထန်သောပြောင်းလဲမှုများဖြစ်သည်။

ယခုချိန်တွင် ရန်သူများ ထပ်မံရောက်လာပါက စိတ်ပူစရာ မလိုတော့ပေ။

နတ်ဆိုးဘုရင်ကို သတ်ခဲ့တုန်းကနဲ့ ယှဉ်ရင် အသစ်တဖန်ပြန်လည်မွေးဖွားလာသလို ပိုမိုသန်မာလာပြီဖြစ်သည်။

ကျန်းချန်ရှန်းသည် ဝိညာဉ်စွမ်းအားကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန် နှစ်ရက်ကြာခဲ့သည်။ ယခုချိန်တွင် ဓားပျံစီးနင်းနိုင်ပြီဖြစ်သောလည်း အတင့်မရဲဝံ့သေးပေ။

ဤကမ္ဘာပေါ်တွင် အခြားသော အင်မော်တယ်ကျင့်ကြံသူများ ရှိ၊ မရှိ သို့မဟုတ် သူ့ကို ယှဉ်ပြိုင်နိုင်သည့် စစ်သည်တော်များ ရှိ၊ မရှိ မသေချာသေးပေ။ထို့ကြောင့် ရူးရူးမိုက်မိုက် မပြုမူသင့်သေးပေ။

All Chapters