← Chapters

စိတ်ဝိဉာဉ်ဓား....မင်းကကျောင်းထိုင်ဖြစ်ဖို့ကြိုးစားနေတာလား......

Vol. 1 Ch. 9

စိတ်ဝိဉာဉ်ဓား....မင်းကကျောင်းထိုင်ဖြစ်ဖို့ကြိုးစားနေတာလား......

Vol. 1 Ch. 9

ညချမ်းချိန်ခါတွင် လရောင်ထိန်ထိန်သာနေပြီး ကြယ်ရောင်များကလည်း တလက်လက်တောက်ပနေသည်။

ခြံဝင်းထဲမှာ တပည့်တစ်စုက စင်္ကြံလေးဘက်တွင် ရပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူတို့သည် ကျန်းချန်ရှန်း နှင့်ချင်ကူတို့၏တိုက်ပွဲကို ကြည့်နေသည်။

ကျန်းချန်ရှန်းသည် နေရာမရွေ့ဘဲ လက်နှစ်ဖက်သုံး၍သာ ချင်ကူ၏လှုပ်ရှားမှုများကို ပိတ်ဆို့ထားသည်။ ချင်ကူမည်သို့ပင် တိုက်ခိုက်ခဲ့ပါစေ ကျန်းချန်ရှန်း က အလွယ်တကူ ဖြေရှင်းပြီး တွန်းထုတ်နိုင်ခဲ့သည်။

ကျန်းချန်ရှန်းသည် အသက်ဆယ့်ခြောက်နှစ်တွင် ရုပ်ရည်ချောမောပြီးထူးချွန်သူဟု သတ်မှတ်ခံထားရသည်။

ချင်ကူသည် ကျန်းချန်ရှန်း သင်ပေးခဲ့သောနတ်ဘုရားကိုးပါးနဂါးခြေလှမ်းကို လေ့ကျင့်ထားသော်ကြောင့် ခြေလှမ်းလှုပ်ရှုးမှုများက လက်ရာမြောက်လှသော်လည်း ကြီးမားသော ထိုးစစ်ဆင်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့်၊ချင်ကူ၏ ထိုးစစ်ဆင်မှုသည် လုံချီဘုရားကျောင်း၏ သိုင်းပညာရပ်ဖြစ်နိုင်သည်။

လုံချီဘုရားကျောင်းရှိ သိုင်းပညာအများစုသည် အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။ ကျန်းချန်ရှန်း၏ထင်မြင်ချက်အရ ၎င်းတို့သည် သူ၏ယခင်ဘဝက ကမ္ဘာပေါ်ရှိ ရိုးရာသိုင်းပညာများနှင့် မထူးမခြားနားလောက်ပင်..

ကျန်းချန်ရှန်းက ချင်ကူကို လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်ပြန်သည်။ချင်ကူသည် ခုနစ်လှမ်းဆက်တိုက် နောက်ပြန်ဆုတ်ကာ တုန်တုန်ယင်ယင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုအခါ ချင်ကူက ကူကယ်ရာမဲ့စွာဖြင့် "တော်ပြီ..." ဟု အော်လိုက်သည်။

အနီးနားရှိ တပည့်များသည် တတိယအစ်ကိုဖြစ်သူ၏ စွမ်းပကားကိုချီးမွမ်းကြကုန်သည်။

တာအိုသဘာဝကျင့်စဉ်၏ စတုတ္ထအဆင့်သို့ရောက်ကတည်းက ကျန်းချန်ရှန်းသည် အခြားတပည့်များအား ရံဖန်ရံခါ လမ်းညွှန်ပေးခဲ့သည်။ ရလဒ်အနေဖြင့် သူ၏တတိယအစ်ကိုဟူသောပုံရိပ်နှင့်ဂုဏ်သိက္ခာသည်လည်း တနေ့တခြား မြင့်တက်လာခဲ့သည်။

ကျန်းချန်ရှန်းက ချင်ကူလို ညွှန်ပြချက်တောင်းခံလိုသူရှိ မရှိမေးကြည့်လိုက်ရာ အားလုံးက ကြောက်လန့်တကြား အခန်းထဲသို့ ချက်ချင်း ပြန်ပြေးကြကုန်သည်။

ချင်ကူသည်လည်း အလျင်အမြန်ထကာ အိမ်ထဲသို့ အမြန်ပြန်ပြေးဝင်သွားသဖြင့် ခြံဝင်းထဲတွင် ကျန်းချန်ရှန်းနှင့် နောက်တစ်ယောက်သာ ကျန်ခဲ့သည်။

“တတိယညီငယ်.... စောစောအနားယူပါတော့....ဒီငမိုက်သားလေးတွေအတွက်ဒုက္လခံမနေနဲ့.....”

မန်ချွဲ့ဟေးက ကျန်းချန်ရှန်းဆီသို့ လှမ်းလာပြီးပြောလိုက်သည်။အမြဲတစေ

မျက်မှောင်ကြုတ်နေသည့်အတွက် သူ့နဖူးပြင်တွင်အရေးအကြောင်းတချို့ ဖြစ်ပေါ်နေလေ၏။

နှစ်နှစ်တာအတွင်း သူသည် လုံးဝခြားနားသောသူတစ်ယောက်ဖြစ်လာခဲ့သည်။ တစ်ချိန်က တက်ကြွရွှင်လန်းသော ဒုတိယအစ်ကိုသည် ယခုအခါ သိုင်းပညာကို အစွဲအလမ်းကြီးသောသူတစ်ဦး ဖြစ်လာခဲ့သည်...

ကျန်းချန်ရှန်းစိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ နောက်ဆုံးတော့ အားလုံးက သူ့ကြောင့်သာပင်..... သူ့ကို လုံချီဘုရားကျောင်းဆီ ခေါ်မလာခဲ့ရင် အခြေအနေတွေ တမျိုးပြောင်းသွားနိုင်လောက်သည်။

သို့သော်အရာအားလုံး၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ သူမဟုတ်ခဲ့ပေ။ သူသည်လည်း သားကောင်ဖြစ်ခဲ့ရသည်မဟုတ်လော.....

"ဟုတ်ကဲ့ပါ အကြီးဆုံးအစ်ကို....."

မန်ချွဲ့ဟေးသည် ပူလောင်သောအကြည့်ဖြင့် သူ့ကိုစိုက်ကြည့်ကာ ......

"တတိယညီငယ်.... မင်း လွန်ခဲ့တဲ့နှစ်နှစ်လောက်က နတ်ဆိုးဘုရင်ကို သတ်နိုင်ခဲ့တယ်.....မင်း အခု ဘယ်လောက် သန်မာနေပြီလဲ.....ငါတို့ဘယ်တော့လောက် လက်ရည်ယှဉ်ကြမလဲ....."

ကျန်းချန်ရှန်းက မန်ချွဲ့ဟေးရဲ့ စိတ်ဓာတ်ကို မထိခိုက်စေချင်တာကြောင့် ငြင်းဆိုခဲ့သည်။

"ထားလိုက်ပါ... အဲဒီတုန်းက နတ်ဆိုးဘုရင် သတိလက်လွတ်ဖြစ်နေလို့သာကံကောင်းခဲ့တာပါ.... တကယ်ဆို ကျွန်တော်က သူ့ပြိုင်ဘက်မဟုတ်ဘူး.... အကြီးဆုံးအစ်ကို၊ ကျွန်တော် ပင်ပန်းနေလို့အရင်ပြန်ပြီး အနားယူလိုက်ဉီးမယ်.... အချိန်ရတဲ့အခါ ဓားပညာကို လေ့ကျင့်ကြရအောင်....."

ထို့နောက် သူ့အခန်းဆီသို့ လှည့်ပြန်လာခဲ့လိုက်သည်။

မန်ချွဲ့ဟေးက.......

"လီချန်းချင် အထွတ်အထိပ်ကိုရောက်နေ

ပြီလို့ကြားထားတယ်.... တတိယညီလေး.... မင်းတောင်ပေါ်ကဆင်းပြီး စွန့်စားချင်လား"

မြန်လှချည်လား.... မဟုတ်မှလွဲရော လီချန်စချင် နတ်ဆိုးကျင့်စဉ်တွေလေ့ကျင့်ခဲ့တာလား....

ကျန်းချန်ရှန်း တကိုယ်တည်း တွေးနေမိသည်။ .....

“တောင်အောက်မဆင်းချင်ဘူး.... လုံချီ ဘုရားကျောင်းမှာနေပြီး လောကရေးရာတွေနဲ့ ခပ်ဝေးဝေးပဲချင်တယ်....."

မန်ချွဲ့ဟေးက ကျန်းချန်ရှန်း အိမ်ထဲဝင်သွားတာကို ကြည့်ပြီး လှည့်ထွက်သွားသည် ။

သူ့အိပ်ရာကို ပြန်ရောက်တော့ ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

မန်ချွဲ့ဟေးက ဘာကိုဆိုလိုတာလဲ.....ဒီကောင် လီချန်းချင်ဆီက သင်ယူချင်နေတာလား......

သူ ခဏလောက် စဉ်းစားပြီး တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာကိုဝင်မစွက်ဖက်ဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ လေ့ကျင့်နေလေတော့သည်။

နောက်နေ့မနက်မှာ ခေါင်းလောင်းထိုးဖို့ ခေါင်းလောင်မျှော်စင်ရှိရာဆီ ပုံမှန်အတိုင်းသွားခဲ့သည်။အိမ်ထဲတွင် ချင်ကူ မရှိသောကြောင့် ချီလင်မြင်းမြီးသားယပ်ကို သူ့စိတ်ထဲမှ ထုတ်ယူလိုက်သည်။ အရင်တုန်းကထုတ်မသုံးခဲ့ရပေမယ့် အခုချိန်မှာတော့ ထုတ်သုံးဖို့ အချိန်တန်နေပါပြီ.....

ဤကာလအတွင်း သူသည် တော်ဝင်ဓားပညာရပ်ကို အလုံးစုံ ကျွမ်းကျင်ခဲ့သည်။ တာအိုကျင့်စဉ်များနှင့်အင်မော်တယ်သိုင်းပညာရပ်များကိုကျင့်ကြံခြင်းမှလွဲ၍ အခြားလုပ်စရာမရှိပေ။ထို့ကြောင့် သူသည် မှော်လက်နက်များကို အသုံးပြုနိုငိပြီဖြစ်သည်။

ချီလင်မြင်းမြီးသားယပ်သည် သူ့လက်ထဲတွင် ဖြတ်ကနဲ ထွက်ပေါ်လာသည်။ ၎င်းသည် သာမန်မြင်းမြီးသားယပ်နှင့်မတူဘဲ လက်ကိုင်ကို အဖြူရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားသဖြင့် အဖြူရောင်အရိုးတစ်ခုနှင့် ဆင်တူသည်။

သူသည် ချီလင်မြင်းမြီးသားယပ်ကို ကိုင်ထားပြီး အတွင်းမှ မှော်အစွမ်းကို ကောင်းစွာ ခံစားနိုင်သည်။ မှော်လက်နက်တစ်ခုသည်မျှော်လင့်ထားသည့်အတိုင်း ကိုယ်ပိုင်ဝိညာဉ်စွမ်းအားရှိသည်။

မှော်လက်နက်က သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုနိုင်အောင် လုပ်ဆောင်ရမည့်အချက်များ အတွေးထဲတွင်ပေါ်လာခဲ့သည်။ ကန့်သတ်ချက်ကို ချိုးဖျက်ရန် မှော်လက်နက်အတွင်း သူ၏စိတ်စွမ်းအားကို ချီလင်မြင်းမြီးသားယပ်ထဲသို့ဖြည့်သွင်းရပေမည်။

တစ်နာရီကြာပြီးနောက်၊ ချီလင်မြင်းမြီးသားယပ်သည် သူ့ကို သခင်အဖြစ် အောင်မြင်စွာအသိအမှတ်ပြုခဲ့သည်။ ထို့နောက်တွင်၊ ချီလင်မြင်းမြီးသားယပ်သည် ကောင်းကင်နှင့်မြေပြင်မှဝိဉာဉ်စွမ်းများကို သူ့ဘာသာသူစုပ်နေလေ၏။

ကျန်းချန်ရှန်းသည် ချီလင်မြင်းမြီးသားယပ် ထဲသို့ ဝိညာဉ်စွမ်းအားများဖြည့်သွင်းလိုက်သောအခါ အဆင်ပြေချောမွေ့စွာအသုံးပြနိုင်သည်ကိုခံစားလိုက်ရသည်။စိတ်ထဲသို့ ပြန်ထည့်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင်ခဲ့ပေ။

ရှင်သန်ခြင်းဆုလာဘ်များသည် ထုတ်ယူပြီးသည်နှင့် လက်တွေ့တွင်သာ တည်ရှိနိုင်မည်ဖြစ်သည်။

အနည်းငယ် ဝမ်းနည်းမိသော်လည်း လက်ခံနိုင်သေးသည်။

ထိုအချိန်မှစ၍ ကျန်းချန်ရှန်းသည် ခါးတွင် တိုင်ဟန်ဓားကို ချိတ်ဆွဲထားပြီး ချီလင်မြင်းမြီးသားယပ်ကိုလက်ထဲတွင် ကိုင်ထားရသည်။ တပည့်များက မြင်းမြီးသားယပ်အကြောင်းမေးသောအခါ ချန်းလီထံမှ လက်ဆောင်ဖြစ်ကြောင်းလိမ်ညာလိုက်ရသည်။ ချန်လီနှင့် စတုတ္ထမင်းသားတို့ ရံဖန်ရံခါ သူ့ထံလာလည်သည်ကို ဘုရားကျောင်းရှိ တပည့်များအားလုံး သိကြသည်။

ကျန်းချန်ရှန်းနှင့်တွေ့ဆုံလိုသော အခြားအဆင့်မြင့်အရာရှိများနှင့် မင်းမျိုးမင်းနွယ်များလည်း ရှိနေသေးသည်။ အစပိုင်းတွင်အတွေ့မခံဘဲငြင်းခဲ့သော်လည်း ကြာလာတော့ အားနာပြီးလက်ခံတွေ့ဆုံလိုက်ရသည်။သို့သော် ထိုလူများသည် ချန်းလီလိုရိုးသားသူများမဟုတ်ကြပေ။

…................................

နွေရာသီ၏ ပူပြင်းသောနေရောင်က ကမ္ဘာမြေပေါ် တောက်ပစွာဖြာကျနေသည်။

"အစ်ကိုချန်ရှန်း၊ ကျွန်တော် စစ်တပ်ထဲဝင်တော့မယ်..... နောက်ငါးနှစ်ကြာတဲ့အထိ အစ်ကို့ဆီ လာလည်နိုင်မှာ မဟုတ်ဘူး.... ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်....”

သူ့ထံမှ နတ်ဘုရားအရိပ်ခြေလှမ်းသိုင်းကို သင်ယူခဲ့သော လူငယ်လေး၏အပြောကြောင့် ခွဲခွာဖို့အချိန်တန်ပြီဖြစ်ကြောင့် ကျန်းချန်ရှန်းနားလည်လိုက်သည်။

“မင်းရဲ့တပ်က မြို့တော်မှာ မဟုတ်ဘူးလား"

တကျန်းမင်းဆက်ကို ဆယ့်ခြောက်နှစ်ကြာ တည်ထောင်ခဲ့ပြီး တိုင်းရေပြည်ရာသည်လည်း လိုက်လျောညီထွေရှိပြီး ငြိမ်းချမ်းသည်။ သို့သော်လည်း ပြင်ပရန်စွယ်ကိုတွန်းလှန်ရသည့် စစ်ပွဲများကတော့ ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ မြောက်ပိုင်းတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေပြီး နှစ်စဉ်နှစ်တိုင်းထူးချွန်သော ဗိုလ်ချုပ်များ မွေးဖွားလာမည်ဖြစ်သည်။

ကျန်းယုက ပြုံးလိုက်ပြီး .....

“မြောက်ဘက်မှာ..... ကျွန်တော် မြောက်ပိုင်းသဲကန္တရကိုသွားပြီး ရှေးဟောင်းဟန်မင်းဆက်ကဖျက်ဆီးပစ်မယ်......"

ရှေးဟောင်းဟန်မင်းဆက်သည် တကျန်းနိုင်ငံ၏ မြောက်ဘက်ရှိ မင်းဆက်တစ်ခုဖြစ်သည်။ နယ်မြေကျယ်ဝန်းပြီး အနီးနားရှိ မင်းဆက်များကို မကြာခဏ ကျူးကျော်တိုက်ခိုက်ခဲ့သည်။ တကျန်းမင်းဆက်၏ ရှေ့မင်းဆက်ဖြစ်သော ချူမင်းဆက်သည် ရှေးဟောင်းဟန်မင်းဆက်၏ အချိန်အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ခံခဲ့ရပြီး ၎င်း၏ နယ်မြေအများစု ပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင်၊ တော်ဝင်မိသားစုနှင့် နိုင်ငံသားများသည် ကြီးစွာသော အရှက်တရားများကို ခံစားခဲ့ရသဖြင့် ရှေ့ဟောင်းဟန်မင်းဆက်ကို အရိုးစွဲသည်အထိမုန်းတီးနေကြသည်။

အသက်ရှည်ခြင်းကို လိုက်စားခြင်းမှလွဲ၍ လက်ရှိဧကရာဇ်မင်းမြတ်၏ အကြီးမားဆုံးပန်းတိုင်မှာ ရှေးဟောင်းဟန်မင်းဆက်ကို ပြားပြားဝပ်စေမည့် အံ့ဖွယ်ကောင်းသော အောင်မြင်မှုများပေါင်း ထောင်ပေါင်းများစွာကို ရရှိရန်ဖြစ်သည်။

"မင်းသားတစ်ယောက် စစ်တပ်ထဲဝင်ဖို့က မလွယ်ဘူး..... သေချာ စဉ်းစားပါဉီး......”

" ကျွန်တော်မှာ ရွေးချယ်စရာ မရှိဘူး.....ကျွန်တော် တပ်ထဲမ၀င်ရင် အစ်ကိုတော်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး......”

ကျန်းချန်ရှန်း အံ့အားသင့်သွားသည်။ ကျန်းယုက သူ့ရဲ့ ရည်မှန်းချက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ဤနှစ်အပိုင်းအခြားအတွင်းမင်းသားအတု၏ အင်အားစုများ ပိုမိုအားကောင်းလာသည်။ ဝန်ကြီးဌာန ခြောက်ခုအနက် နှစ်ခုကို ထိန်းချုပ်ထားပြီး မြို့တော်ရှိ အစိုးရရုံးများကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲသည်ဟု ဆိုသည်။မင်းသားအတုသည် အသက်ဆယ့်ခြောက်နှစ်တွင် အစိုးရကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိနေပြီဖြစ်သည်။ ထီးနန်းတက်ပြီးနောက် ကမ္ဘာသို့ မည်သို့သော သာယာဝပြောမှုကို ယူဆောင်လာမည်ကို လူအများက စောင့်မျှော်နေကြသည်။

လက်ရှိဧကရာဇ်နှင့် ပတ်သက်၍ လူအများက သူ့ကို ဝေဖန်ကြသည်။ တူးမြောင်းကို ပြုပြင်ခြင်းသည် ပြည်သူများအတွက် အမှန်တကယ်ပင် ငွေဖြုန်းတီးမှုတစ်ခုဖြစ်သည်။

"ဒါဆို မင်းအောင်မြင်ပါစေလို့ ဆုတောင်းပါတယ်....

"ကျွန်တော့်အစ်ကို ဒါမှမဟုတ် တခြားမင်းသားတွေကသာ သွေးဆောင်လာမယ်ဆို အစ်ကိုတောင်အောက်ဆင်းလာမှာလား....."

ကျန်းယုက ပေါ့ပေါ့ပါးပါးမေးနေသော်လည်း အလွန်စိတ်လှုပ်ရှားနေ၏။

ကျန်းချန်ရှန်းက ခေါင်းခါပြီး ရယ်လိုက်သည်။

"ဘယ်ဟုတ်မလဲ..... ငါသာ ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေမက်မောခဲ့မယ်ဆို ဘုရင်မင်းမြတ်ရဲ့ စကားကို နားထောင်ပြီး သိုင်းပြိုင်ပွဲမှာဝင်ပြိုင်ခဲ့မှာပေါ့

ကျန်းယု ပြုံးပြီး လှည့်ထွက်သွားသည်။

“အစ်ကို ချန်ရှန်း၊ ကျွန်တော် မြို့တော်ကို ပြန်ရောက်တဲ့အထိစောင့်နေပေးပါ...အစ်ကိုရဲ့သိုင်းပညာကို စစ်မြေပြင်မှာ အများသိအောင်ဖြန့်ဝေပေးမယ်......!"

လူငယ်လေး၏ ရယ်သံသည် အဆောက်အဦးထဲတွင် ပဲ့တင်ထပ်သွားသည်။ အသက်ဆယ့်လေးနှစ်တွင် သူသည် ယုံကြည်မှုအပြည့်နှင့် ခွန်အားအပြည့်ရှိသည်။

ကျန်းချန်ရှန်းသည် သူ့ဘေးနားက မုန့်ချိုများကို ဝမ်းနည်းစွာဖြင့် ကြည့်နေသည် ။

ဒီလို အရသာရှိတဲ့ မုန့်ချိုတွေနဲ့ အချိန်အတော်ကြာတဲ့အထိဝေးရတော့မယ်.......

…........................

စတုတ္ထမင်းသား ထွက်ခွာသွားခြင်းသည် မြို့တော်တွင် မည်သည့်ရိုက်ခတ်မှုမျှမဖြစ်ပေါ်စေခဲ့ပေ။ အိမ်ရှေ့စံအပြင်နောက်ထပ်မင်းသားဆယ်ပါးရှိနေသေးသဖြင် စတုတ္ထမင်းသား၏ တည်ရှိမှုသည် မမြင့်မားပေ။

ကျန်းချန်ရှန်းသည် တာအိုသဘာဝကျင့်စဉ် ၏ စတုတ္ထအဆင့်သို့ ဖြတ်ကျော်ပြီးနောက်တွင် အနားယူခြင်းမရှိဘဲ နေ့တိုင်း ပင်ပင်ပန်းပန်း လေ့ကျင့်နေစမြဲပင်..

ရက်တွေကြာလာသည်နှင့်အမျှ လုံချီဘုရားကျောင်းရှိ သစ်ရွက်များသည် ဆောင်းဦးရာသီရောက်လာပြီဟု ညွှန်ပြရင်း အဝါရောင်ပြောင်းလာသည်။

လုံချီဘုရားကျောင်းသည် ပုံမှန်အတိုင်းလည်ပတ်နေစမြဲပင်....

အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များသည် ရက်အနည်းငယ်ကြာတိုင်း အမွှေးတိုင်များထွန်းငြိပူဇော်ဖို့ ဘုရားကျောင်းကိုရောက်လာတတ်ကြသည်။

ကျန်းချန်ရှန်းသည် တတိယတပည့်ဖြစ်သော်လည်း ဧည့်သည်များကို ပုံမှန်အားဖြင့် လက်ခံလေ့မရှိပေ။

လက်ရှိတွင် လုံချီဘုရားကျောင်း၏ကိစ္စအဋကိုတာဝန်ယူထားရသူမှာ ဒုတိယအစ်မ မန်ချွဲ့ဆောင် ဖြစ်သည်။

မန်ချွဲ့ဟေးနှင့် မန်ချွဲ့ဆောင်တို့သည် မောင်နှမအရင်းများဖြစ်ကြသည်။ သူတို့မိဘတွေက ဓားပြတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် ဘုန်းတော်ကြီးချင်ရှုက သူတို့ကို ကယ်တင်ပြီး တောင်ပေါ်ကိုခေါ်လာခဲ့ခြင်းဖြစ်သည်။

နေ့ခင်းဘက်တွင်......

ကျန်းချန်ရှန်းသည်ခေါင်းလောင်းမျှော်စင်ပေါ်တွင် ထိုင်ကာ တောက်ပနေသော နေရောင်ကို ရင်ဆိုင်လိုက်သည်။ သူသည်စွမ်းအင်ကို ဖြန့်ကျက်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ သဘာဝစွမ်းအင်များကို စုပ်ယူနေသည်။

ထိုစဉ် ချင်ကူအပြေးအလွှားရောက်လာပြီ....

"ပြသာနာတက်နေပြီ......အကြီးဆုံးအစ်ကိုကြီးထွက်ပြေးသွားပြီ......"

ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ချင်ကူကိုငုံ့ကြည့်ဖို့ ထရပ်လိုက်သည်။

"ဘာကိုဆိုလိုတာလဲ? မင်းပြောနေတဲ့သူကအစ်ကိုမန်လား အစ်ကိုလီလား...."

“အစ်ကိုမန်ပါ.... ”

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး မျှော်စင်ပေါ်ကနေ ကြိုးကြာဖြူတစ်ကောင်လို ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။ထို့နောက် ချင်ကူ ဉီးဆောင်ရာနောက်သို့လိုက်သွားခဲ့လေသည်။

သူတို့နှစ်ဦး မင်ရှင်းခန်းမရှေ့သို့ လျင်မြန်စွာရောက်ရှိလာကြသည်။ ထိုနေရာတွင်တပည့်အများစု စုဝေးနေကြသည်။

ခန်းမထဲမှာ ဘုန်းတော်ကြီးချင်ရှုက စာတစ်စောင်ကို ငြိမ်သက်စွာဖတ်ရှုနေသည်။

မန်ချွဲ့ဆောင်က အံတင်းတင်းကြိတ်ကာ.....

"ဆရာ.... ကျွန်မ သူ့ကို သွားရှာလိုက်ပါ့မယ်!"

ကျန်းချန်ရှန်း အံ့သြသွားသည်။ မန်ချွဲ့ဟေး က သူ့ညီမကိုခေါ်မသွားဘူးလား.....

ဘုန်းတော်ကြီး ချင်ရှု သက်ပြင်းချလိုက်သည်။

“မလိုဘူး.... သူ့ဆုံးဖြတ်ချက်ကို လေးစားရမယ်..... ချွဲ့ဟေးက ချန်းချင်နဲ့မတူဘူး... သူအခုလို ထွက်သွားတာ နတ်ဆိုးလမ်းစဉ်လိုက်ဖို့မဟုတ်ဘဲ အတွေ့အကြုံရှာချင်ရုံပါ..... အနာဂတ်မှာ သူ့ကို မြို့တော်မှာ ပြန်တွေ့ရမှာပါ.......”

ကျန်းချန်ရှန်းသည် ချင်ရှု၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်သောအခါတွင် ဤသို့ဖြစ်လာမည်ကို ချင်ရှုကြိုသိနေကြောင်း သဘောပေါက်လိုက်သည်။

"ချွဲ့ဆောင်က အကြီးဆုံးတပည့်ဖြစ်လာပြီး တခြားတပည့်တွေကို အဆင့်လိုက် ရာထူးတိုးပေးမှာပါ....”

ဤကသို့ဖြင့် ကျန်းချန်ရှန်းသည် ဒုတိယအကြီးတန်းအစ်ကို ဖြစ်လာခဲ့သည်။

ရာထူးတိုးတာမြန်လှချည်လား.....ဒီအတိုင်းသာဆို နောက်နှစ်နှစ်ကျရင် အကြီးဆုံးအစ်ကိုဖြစ်လာလေမလား.....

"ချန်ရှန်း၊ ငါ့နောက်လိုက်ခဲ့... "

ဘုန်းတော်ကြီးချင်ရှု ည် သူ၏ မြင်းမြီးသားယပ်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားသည်။ ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ အလျင်စလိုနောက်သို့ လိုက်သွားခဲ့သည်။

အခြားတပည့်များသည် မန်ချွဲ့ဟေး ထွက်ခွာသွားခြင်းအကြောင်း ဆက်လက်ဆွေးနွေးနေကြသည်။

မင်ရှင်းခန်းမကိုဖြတ်သွားကာ ရှည်လျားသော စင်္ကြံတစ်ခုထဲသို့ရောက်သောအခါ အပြင်က ဆွေးနွေးသံများကို ခပ်သဲ့သဲ့သာကြားရတော့သည်။

ကျန်းချန်ရှန်းသည် ဘုန်းတော်ကြီးချင်ရှုနောက်သို့ လိုက်သွားရင်း စိတ်လှုပ်ရှားနေမိသည်။

သူ့အကြောင်းကို ဘုန်းတော်ကြီးချင်ရှုသိနေသလား သိချင်သေးသည်။ ထိုမှသာ လက်စားချေရန် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

မြို့တော်ရှိ မည်သူမဆို သူ့ကို အနိုင်ယူနိုင်မလား မသေချာသောကြောင့် သတိထားရန် လိုအပ်သည်။

ခဏအကြာတွင် တိတ်ဆိတ်သော ခြံဝင်းထဲသို့ ရောက်လာခဲ့ကြသည်။ အတန်အသင့်ကျယ်ဝန်းသော ခြံဝင်းထဲတွင် သစ်ပင်အိုကြီးတစ်ပင်လည်း ရှိနေသည်။ထိုသစ်ပင်၏ပင်စည်သည် နဂါးတစ်ကောင်ကဲ့သို့ ကွေ့ကောက်နေပြီး ထူထပ်သော ဆောင်းဦးအရွက်များသည် လေနှင့်အတူ လွင့်ပျံနေသည်။ အဝါရောင်ရွက်ကြွေအချို့ မြေပြင်ပေါ်တွင် စုပုံနေပြီဖြစ်သည်။

ဘုန်းတော်ကြီးချင်ရှုက ခြေလှမ်းများ ရပ်တမ့်လိုက်ပြီး သစ်ပင်အိုကို ကြည့်လိုက်ကာ.....

"ချန်ရှန်း၊ မင်းတောင်ကဆင်းချင်တာလား....."

"ဆရာ..... ကျွန်တော့်ကို ဘာလို့တောင်ပေါ်ကဆင်းခိုင်းချင်ရတာလဲ......."

ဘုန်းတော်ကြီးချင်ရှု ထိုသို့မေးလာမည်ဟု မမျှော်လင့်ထားခဲ့မိပေ။

"မင်းတောင်ကမဆင်းချင်ဘူးဆို.... နောင်မှာ လုံချီဘုရားကျောင်းရဲ့ ကျောင်းထိုင်ဖြစ်ဖို့ရောဆန္ဒရှိလား....."

All Chapters