← Chapters

မဟာအရိယာ....နတ်ဆိုးသားရဲ......

Vol. 1 Ch. 10

မဟာအရိယာ....နတ်ဆိုးသားရဲ......

Vol. 1 Ch. 10

ကျောင်းထိုင်ရာထူးသည် လုံချီဘုရားကျောင်း၏ အရှင်သခင်ရာထူးဖြစ်သည်။တကျန်းမင်းဆက်တွင်၊ထိုသူကို တာအိုအရှင်သခင်ဟုလည်း တိုက်ရိုက်ခေါ်နိုင်သည်။

လုံချီဘုရားကျောင်းရဲ့အရှင်သခင်ဖြစ်ချင်သလား.........

ကျန်းချန်ရှန်း တုံ့ဆိုင်းနေပြီး ချက်ချင်းပြန်မဖြေနိုင်ခဲ့ပေ။လုံချီ ဘုရားကျောင်းတွင် သူသည် အသန်မာဆုံးဖြစ်ပြီး သူ့လောက် အရည်အချင်းပြည့်မှီသူရှိနိုင်မည်မဟုတ်ပေ။ သို့သော် ဒီလောက်မြန်မြန် ဆုံးဖြတ်ရမည်ဟုထင်မထားမိခဲ့ပေ။

လုံချီဘုရားကျောင်းသည် မင်းမျိုးမင်းနွယ်များလိုမဟုတ်ပေ။ တပည့်များသည် ဖြူစင်သောနှလုံးသားနှင့် အလိုဆန္ဒအနည်းငယ်သာရှိသည်။ ထို့ကြောင့် တပည့်များကို စမ်းသပ်ရန်အတွက် ထိုသို့သောမေးခွန်းမျိုးမေးလိမ့်မည်မဟုတ်ပေ။

“ဆန္ဒရှိပါတယ်.....လုံချီဘုရားကျောင်းအတွက်ဆိုဘာမဆိုလုပ်ပေးပါ့မယ်...ဒါပေမယ့် အကြီးဆုံးအစ်မက ကျွန်တော့်ထက်ပိုသင့်တော်လိမ့်မယ်ထင်တယ်...ကျွန်တော်က အသက်ငယ်သေးတဲ့အတွက် ကြီးလေးတဲ့တာဝန်တွေထမ်းဆောင်ဖို့အသင့်မဖြစ်သေးပါဘူး....ဆရာတော် ဘာကြောင့်များအလျင်လိုနေရတာလဲ......"

ဘုန်းတော်ကြီးချင်ရှုက ညာလက်ကို မြှောက်လိုက်သောအခါ ဝတ်ရုံလက်စလျောကျသွားပြီး အနက်ရောင်သွေးကြောများ ဖုံးလွှမ်းနေသောလက်ကောက်ဝတ်ကိုအတိုင်းသားမြင်တွေ့လိုက်ရသည်။

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီအဆိပ်က နတ်ဆိုးကလန်ရဲ့ အဆိုးဆုံးအဆိပ်ပဲ... အစစ်အမှန် နဂါးရဲ့အော်ရာနဲ့တောင် မဖယ်ရှားနိုင်ဘူး..... အများဆုံးငါးနှစ်လောက်ပဲအသက်ရှင်နိုင်လိမ့်မယ်..... ငါမင်းကို နောက်ထပ်ငါးနှစ် အချိန်ထပ်ပေးမယ်၊အဲ့အတောအတွင် ကျောင်းထိုင်ဖြစ်ဖို့ကြိုတင်ပြင်ဆင်ထားပါ.... မင်းရဲ့အကြီးဆုံးအစ်ကရုပ်ရည်ချောမောတဲ့အပြင် မန်ချွဲ့ဟေးရဲ့ညီမဖြစ်တဲ့အတွက် သူသာ ကျောင်းထိုင်ဖြစ်လာရင် လုံချီဘုရားကျောင်းအတွက် ကောင်းကျိုးထက်ဆိုးကျိုးပိုများလာလိမ့်မယ်........"

ဤသည်မှာ ယုတ္တိတန်သော ယူဆချက်ဖြစ်သည်။ လုံချီဘုရားကျောင်းသည် တကျန်းမင်းဆက်၏ အာဏာဗဟိုချက်တွင် တည်ရှိပြီး အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များ လာရောက်လေ့ရှိသည်။ အဆင်းလှသော ကျောင်းထိုင်သည် အမှန်တကယ်ပင် ဒုက္ခများစွာ ပေးလိမ့်မည်။

ငါးနှစ်….....

နောက်ငါးနှစ်ကြာရင် သူ့အသက်က နှစ်ဆယ့်တစ်နှစ်ပဲ ရှိလောက်ဉီးမှာ....အရမ်းစောလွန်းတယ်.......

ကျန်းချန်ရှန်းသည် ကျောင်းထိုင်ဖြစ်ရန် မငြင်းဆိုရဲသော်လည်း အလုပ်များလွန်းသဖြင့် မလုပ်ချင်ခဲ့ပေ။

"ဒီအဆိပ်အတွက် ဖြေဆေးမရှိဘူးလား...."

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဘုန်းတော်ကြီးချင်ရှုက ခေါင်းယမ်းကာ ရယ်သည်။

“အခုထိရှာမတွေ့သေးဘူးဆိုတော့ ဖြေဆေး မရှိသေးဘူးလို့ပဲ ဆိုရမှာပေါ့....ချန်ရှန်း မင်းဒါကိုသတိပေးချက်တစ်ခုအနေနဲ့ဉပမာယူပြီး နတ်ဆိုးဂိုဏ်းတွေကို ရှောင်နိုင်သမျှဝေးဝေးရှောင်ပါ..... ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကောင်းကင်ကို အံတုတဲ့သူတွေက သူတို့ကိုယ်တိုင်သာမကဘဲ ပတ်ဝန်းကျင်ကလူတွေကိုပါကံဆိုးစေလိမ့်မယ်.....”

“ဘာလို့ ဒီလိုပြောတာလဲ.... နတ်ဆိုးဂိုဏ်းတွေရဲ့နောက်ခံကာ ဘယ်လောက်အင်အားကြီးနေလို့လဲ.....”

သဘာဝကို ဆန့်ကျင်သူတွေလား.....

ချင်ရှုက ခေါင်းယမ်းလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

“ဆရာ....ဆရာ ကျွန်တော့် နောက်ခံကိုသိလား ....တစ်ယောက်ယောက်က ကျွန်တော့်ကို သတ်ချင်နေပုံရတယ်။.....အရင်က ကပ်ဆိုးတွေ...”

“ဒါကို သိပ်ပြီး မစဉ်းစားပါနဲ့....မင်းနဲ့ဘာမှမဆိုင်ဘူး။ တစ်ယောက်ယောက်က လုံချီ ဘုရားကျောင်းကို ဖယ်ရှားချင်နေတာပါ”

ချင်ရှုက ကျန်းချန်ရှန်းကိုစကားဆုံးအောင်ပြောခွင့်မပေးဘဲစကားစဖြတ်လိုက်သည်။

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။

မေးခွင့်ရဖို့က မလွယ်ဘူးဆိုတော့ သူလက်မလျှော့နိုင်ဘူး.......

ချင်ရှုသည် ဧကရာဇ်ကျန်းယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သူ့ကို စမ်းသပ်ရမည်.....

“ဘုရင်မင်းမြတ်က ဘာလို့ကျွန်တော့်ကိုအရေးပေးခဲ့တာလဲ..... ပထမတခါတွေ့ရုံနဲ့ သိုင်းပြိုင်ပွဲဝင်ပြိုင်ဖို့ ချန်းလီကတဆင့်ပြောခိုင်းလိုက်တယ်....နောက်ပိုင်းကျတော့ စတုတ္ထမင်းသားကို ကျွန်တော့်ဆီပညာလာသင်ခိုင်းပြန်တယ်....ဘာ့ကြောင့်လဲ....."

ကျန်းချန်ရှန်းသည် ချင်ရှု သူ့ကို စေ့စေ့ငုကြည့်နေသောကြောင့် ဆက်မမေးဝံ့တော့ပေ။ သူ့အကြည့်တွေက ထူးထူးခြားခြား စိမ်းသက်နေပြီး တမျိုးတမည်ဖြစ်နေလေ၏။

တခဏချင်းမှာပဲ ကျန်းချန်ရှန်းက တိုက်ခိုက်ဖို့ အသင့်ပြင်ထားနှင့်နေပြီ.....

ယုံကြည်ချက်ရှိ၍သာ ယခုလိုမေးဝံ့ခြင်းဖြစ်သည်။

ဘုန်းတော်ကြီးချင်ရှုသာ သူ့ကို ကယ်တင်ခဲ့မယ် ဒါဟာ ပူးပေါင်းကြံစည်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နိုင်သည်။ ဤအတိုင်းသာဆို လုံချီဘုရားကျောင်းကနေ ထွက်ပြေးပြီး အချိန်တခုကြာမှသာ ပြန်လာဖို့ဆုံးဖြတ်လိုက်သည်။

“ချန်ရှန်း....မင်းက ဘယ်သူတွေဆီကသိုင်းပညာ သင်ယူခဲ့တာလဲဆိုတာ ငါမသိဘူး၊ ဒါပေမယ့် နောက်ကွယ်မှာ မင်းကို လမ်းပြပေးတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိမယ်လို့ ငါယုံကြည်တယ်.... သူ့ရဲ့ ခွန်အားက စိတ်ကူးထားတာတွေထက်တောင်ကျော်လွန်န်ိုင်တယ် သူက စိတ်ဝိဉာဉ်နယ်ပယ်ရဲ့ အထက်မှာ ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူတောင်ဖြစ်နိုင်တယ်.... ဒါပေမယ့် တခြားသူတွေကို လွယ်လွယ်နဲ့ မယုံကြည်ဖို့အကြံပေးချင်တယ်.... မှန်ပါတယ်၊ မင်းရဲ့နောက်ခံက တကယ်တော့ မရိုးရှင်းဘူး..အခုနေ သိထားလို့လဲဘာကောင်းကျိုးမှမရှိနိုင်ဘူး....”

ထိုစကားကိုကြားသောအခါ ကျန်းချန်ရှန်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ဘုန်းတော်ကြီးချင်ရှု၏စကားကို မချေပနိုင်ခဲ့ပေ။

“ဒီနေ့တော့ လက်ရှိ သိုင်းပညာနယ်ပယ်ရဲ့အဆင့်သတ်မှတ်ချက်တွေအကြောင်းပြောပြပေးမယ်.... အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိကို တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်၊ စစ်မှန်သောနယ်ပယ်နဲ့ စိတ်ဝိဉာဉ်နယ်ပယ်ဆိုပြီး ပိုင်းခြားထားတယ်... စိတ်ဝိဉာဉ်နယ်ပယ်ကို သိုင်းပညာလောကမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ထားပေမယ့်လည်း ငါသိသလောက်ဆိုသူ့အထက်မှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရှိနေသေးတယ်.... လက်ရှိဘုရင်မင်းမြတ်က အရည်အချင်းမရှိဘူးလို့ထင်ရပေမယ့် ဧကရာဇ်ရဲ့ကံကောင်းမှုတော့ရှိတယ်.... သူသာ စစ်မှန်တဲ့ နဂါးရဲ့အော်ရာကို ထုတ်လွှတ်လိုက်ရင် စိတ်ဝိညာဉ်နယ်ပယ်က ကျွမ်းကျင်သူနဲ့ နှိုင်းယှဉ်နိုင်တယ်....အရေးအကြီးဆုံးကတော့ နန်းတော်ထဲမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်တစ်ယောက်ရှိတယ်၊ ပြီးတော့ အဲဒီလူဟာ ကျန်းမင်းဆက်ရဲ့အဓိကထောက်တိုင်ပဲ..."

ဘုန်းတော်ကြီးချင်ရှု၏စကားများသည် နားမလည်နိုင်အောင်ရှုပ်ထွေးနေသည်။

တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်၊ စစ်မှန်သောနယ်ပယ်၊ စိတ်ဝိညာဉ်နယ်ပယ်နဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်.....

နတ်ဆိုးဘုရင်သည် စိတ်ဝိဉာဉ်နယ်ပယ်အဆင့်ကျွမ်းကျင်သူဖြစ်သည်။သို့သော် တာအိုသဘာဝကျင့်စဉ်၏ စတုတ္ထအဆင့်သို့မရောက်မီကပင် နတ်ဆိုးဘုရင်ကို အလွယ်တကူ သတ်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ထိုအချိန်တွင်၊ သူ(ကျန်းချန်ရှန်)သည် စိတ်ဝိညာဉ်နယ်ပယ်တွင်ရှိနေပေလိမ့်မည်။ ထို့ကြောင့် ယခုချိန်တွင် ထိုအဆင့်ထက်ကျော်လွန်နေမည်မှာသေချာသည်။

ဒါက သူ့မှန်းဆချက်သာဖြစ်ပြီး တထစ်ချမယုံကြည်နိုင်သေးပေ။ သူ့ထံတွင် တစ်သက်တာမျှသာ အသက်ရှင်နိုင်ပြီး လူဝင်စားရန် အခွင့်အလမ်းမရှိသောကြောင့် သတိထားရမည်ဖြစ်သည်။

"မင်းကို ကယ်တင်လိုက်ကတည်းက လုံချီ ဘုရားကျောင်းအတွက် ကြီးမားတဲ့ ဘေးဥပဒ်တစ်ခု ယူဆောင်လာပြီးသားပါ... မူလက ဖုံးကွယ်ထားချင်ပေမယ့် မင်းဘက်ကစုံစမ်းဖို့ ရည်ရွယ်ချက်ရှိလို့ မင်းကို အသက်ရှင်ဖို့ လမ်းနှစ်ကြောင်းပဲပြောပြပေးနိူင်မယ်.... ပထမတစ်ခုက သိုင်းပညာလောကရဲ့ သန့်ရှင်းတဲ့နယ်မြေဆီသွားဖို့ပဲ... ဒါပေမယ့် မင်းကို လိုက်ဖမ်းတဲ့ရန်သူတွေလက်ကနေ မလွတ်နိုင်သေးဘူး.... ဒုတိယအချက်က မင်းကို နောက်ထပ်ငါးနှစ်လောက်အထိကာကွယ်ပေးမယ်.... ဒီငါးနှစ်အတွင်းမှာ တတ်နိုင်သမျှ သန်မာအောင်ကြိုးစားပါ....ပြီးရင် မင်းရဲ့အဆက်အသွယ်တွေသုံးပြီးဒီမင်းမျိုးမင်းနွယ်တွေကို တိုက်ဖို့ လုံချီဘုရားကျောင်းရဲ့နာမည်ကိုသုံးပါ..... လုံချီ ဘုရားကျောင်း တည်ရှိမှုကို ဧကရာဇ်က နိုင်ငံကို တည်ထောင်ပြီး တလောကလုံးသိအောင် ကြေညာထားတာမို့ လုံချီဘုရားကျောင်းဘက်က သစ္စာဖောက်မှု မကျူးလွန်သရွှေ့ ဧကရာဇ်လည်း ဘာမှလုပ်ရဲမှာမဟုတ်ဘူး... ”

“တကျန်းမှာ ယုံကြည်ချက်က တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တာမို့ ဧကရာဇ်ကနေ သာမန်လူများအထိ ယုံကြည်ချက်က အရေးကြီးဆုံးပဲ...."

"ကောင်းပြီ မင်းထွက်သွားလို့ရပြီ"

ကျန်းချန်ရှန်း ဆက်မမေးတော့ဘဲ ဦးညွှတ်ပြီး ထွက်လာခဲ့လေသည်။

တဖက်သို့လှည့်လာချိန်တွင် သူ့အမူအရာ အေးစက်သွားသည်။

ဟားဟား.....

မင်းမျိုးမင်းနွယ်တဲ့လား.....

ဘုန်းတော်ကြီးချင်ရှု၏ ဆိုလိုရင်းကိုကျန်းချန်ရှန်း နားလည်သည်။ တစ်ချိန်တည်းမှာပင် ကံကြမ္မာနှင့် ကြောက်ရွံ့မှုတို့ကိုလည်း တပြိုင်နက် ခံစားခဲ့ရသည်။

တိတ်ဆိတ်သော ခြံဝင်းထဲတွင် ဘုန်းတော်ကြီးချင်ရှုသည် သူ့ရှေ့ရှိ သစ်ပင်အိုကို စိုက်ကြည့်နေသည်။ လေအဝှေ့တွင် ဆောင်းဦးရွက်သစ်ရွက်များသည် မြက်ခင်းပြင်ပေါ်သို့ ဖြည်းညှင်းစွာကျဆင်းလာသည်။

“မိသားစုတစုနဲ့ တိုင်းပြည်တခု ဒုက္ခရောက်နေပြီ... …”

…......................

ဘုန်းတော်ကြီးချင်ရှုနဲ့ စကားစမြည်ပြောပြီးတဲ့နေ့မှာ ကျန်းချန်ရှန်း ခြံဝင်းအသစ်ဆီပြောင်းရွေ့ခဲ့ရသည်။ ဒုတိယအကြီးတန်းအစ်ကိုတစ်ယောက်အနေနဲ့ သူ့မှာလည်း တာဝန်အချို့ရှိလာခဲ့ပြီ ......

ချင်ကူသည် တုံ့ဆိုင်းနေသော်လည်း ကျန်းချန်ရှန်းက သူ့အား အနာဂတ်တွင် အချိန်မရွေး လာရောက်လည်ပတ်နိုင်ကြောင်းပြောလိုက်မှသာပြုံးနိုင်ရှာတော့သည်။

ကျန်းချန်ရှန်း တစ်ယောက်တည်း နေရခြင်း အကြောင်းရင်းမှာ သူ စိတ်အနှောင့်အယှက်ကင်းစွာဖြင့် ငြိမ်းချမ်းစွာ ကျင့်ကြံလိုသောကြောင့် ဖြစ်သည်။

နန်းတော်ရှိ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူသည် သူ၏စိတ်ကူးယဉ်ရန်သူ ဖြစ်လာခဲ့သည်။ တတ်နိုင်သမျှ သန်မာအောင် လုပ်ရမည်.....

ဘုန်းတော်ကြီးချင်ရှု ခံစားနေရသော အဆိပ်နှင့်ပတ်သက်၍လည်း အဆိပ်ဖြေဆေးရှာဖွေပေးရဉီးမည်။ သူသည် နွေဦးဆောင်းဦးဆေးကျမ်းကို ကျွမ်းကျင်နေပြီဖြစ်သော်လည်း ထိုအဆိပ်ကို လောလောဆယ် မချေဖျက်နိုင်သေးပေ။ အရင်ဆုံး နှစ်နှစ်လောက် စောင့်ကြည့်ရမည်။ ထိုနှစ်နှစ်အတွင်း သူသယမည်သည့်အန္တရာယ်မှ မကြုံခဲ့ပါက ဘုန်းတော်ကြီးချင်ရှုသည် သူ့အတွက် တကယ်ကောင်းသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

ကျန်းချန်ရှန်း၏ လှုပ်ရှားမှုသည် တပည့်များကြားတွင် အံ့သြမှုတစ်ခုမျှ မဖြစ်စေခဲ့ပေ။

တစ်ယောက်တည်းနေပြီးနောက် ကျန်းချန်ရှန်းသည် ခေါင်းလောင်းထိုးခြင်းတာဝန်ကို အခြားတပည့်များဆီလွှဲပြောင်းပေးခဲ့သည်။ ယခုသူသည် ဒုတိယအကြီးတန်းအစ်ကိုဖြစ်နေပြီဖြစ်သောကြောင့် မန်ချွဲ့ဆောင်မှလွဲ၍ သူ့အမိန့်ကို မည်သူမျှ ငြင်းဆိုဝံ့ခြင်းမရှိပေ။

မျက်စိတစ်မှိတ်အတွင်း နှင်းများကျဆင်းသည့်ရာသီရောက်လာခဲ့ပြန်သည်။

“လမ်းမှန်သိုင်းသမားတွေနဲ့ အမှောင်လောကသားတွေ ယန်တောင်မှာ စုဝေးကြပြီး စစ်ပွဲတစ်ခု စတင်ခဲ့ကြတယ်....... ဒါပေမယ့် မမျှော်လင့်ဘဲ ယန်တောင်ကနေ လူတစ်ယောက်ထွက်လာပြီး သူ့ကိုယ်သူ ဧကရာဇ်ယန်ကျောက်လို့ကြောငြာလိုက်တယ်.... သူ့ရဲ့ ခွန်အားကကြောက်စရာကောင်းတယ်.... "

“သူက သိုင်းလောကသားဖြစ်ပေမဲ့ ကိုယ့်ကိုကိုယ် ဧကရာဇ်မင်းလို့မသုံးနှုန်းသင့်ဘူး.... ဒီအကြောင်းကို ဘုရင်မင်းမြတ် သိသွားတော့ အမျက်တော်ရှပြီး ငွေသံချပ်ကာဝတ် ကျားသစ်တပ်ဖွဲ့ကိုလွှတ်ပြီး ယန်ကျောက်ကို နှိမ်နင်းဖို့ အမိန့်ပေးလိုက်တယ်.... ငွေသံချပ်ကာဝတ်ကျားသစ်တပ်သား သုံးထောင်က ကျန်းမင်းဆက်ရဲ ထိပ်တန်းတပ်ဖွဲ့ဖြစ်ပေမယ့် အသေအပျောက် တစ်ထောင်ကျော် ရှိခဲ့တယ်.... နောက်ဆုံးမှာ ဧကရာဇ်ယန်ကျောက် လွတ်မြောက်သွားခဲ့တယ်လေ.... အခုအချိန်မှာ ဧကရာဇ်ယန်ကျောက်ရဲ့ သတင်းက ဟိုးလေးတကျော်ပဲ......"

ချန်းလီက ပုံပြင်ပြောသူတစ်ယောက်လို သူ့လက်ထဲမှာ ဝိုင်ခွက်တစ်ခွက်နဲ့ စည်းချက်ညီညီ ပြောပြနေသည်ကို ကျန်းချန်ရှန်းကညသေချာစွာနားထောင်နေသည်။

ဤနှစ်သစ်တွင် ချန်းလီသည် အချိန်ထက် ပိုမိုအိုမင်းလာသလိုပင်....

ဆံပင်ဖြူတွေ ပိုများလာပြီးသူ့မျက်လုံးတွေက ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ပြည့်နေသည်။

သူသည် လုံချီဘုရားကျောင်းကို ရောက်တိုင်း လက်ဆောင်တွေ ယူလာပေးသည့်အပြင် သိုင်းလောကနဲ့ တရားရုံးအကြောင်း ပြောပြစမြဲပင်... တစ်ခါတရံမှာ သူ့စိတ်ပျက်မှုကိုလည်းရင်ဖွင့်တတ်သေးသည်။

ကျန်းချန်ရှန်းသည် ကမ္ဘာပေါ်ရှိ သြဇာကြီးသော ပုဂ္ဂိုလ်များအကြောင်းကို ကြားသိပြီးနောက်တွင် “ဧကရာဇ်က အရင်လိုဆေးပညာကိုစွဲလမ်းနေသေးသလား” ဟု စပ်စုလိုက်သည်။

ချန်းလီ ထိုစကားကိုကြားသောအခါ ဒေါသထွက်လာဟန်ဖြင့်....

"ဒါပေါ့!အခုထိစွဲလမ်းနေတုန်းပဲ...."

ကျန်းချန်ရှန်း ထိတ်လန့်သွားသည်။ သူ့တွင် ထက်မြက်သော အာရုံရှိသဖြင့် အဆောက်အဦးအပြင်ဘက်တွင် မည်သူမျှမရှိသည်ကို သိသော်လည်း ချန်လီ၏ အတင့်ရဲမှုသည် ကောင်းမွန်သောအရာမဟုတ်ပေ။ သေနိုင်သော ဘေးဥပဒ်ကို ဆွဲဆောင်ရန် လွယ်ကူသည်။

“ပေါက်ကရတွေ မပြောနဲ့... အစ်ကိုချန်း မင်းရဲ့ စကားနဲ့ လုပ်ရပ်တွေကို ပိုအာရုံစိုက်ရမယ်။ မင်းရဲ့အကျပ်အတည်းက မင်းရဲ့အပြောအဆိုနဲ့ လုပ်ရပ်တွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်.....”

ကျန်းချန်ရှန်း သဘောရိုးနှင့်ပြောနေမှန်းသိသောကြောင့် ချန်းလီ ချက်ချင်းပင် ငြိမ်သွားသော်လည်း ဒေါသမထွက်ခဲ့ပေ။

“ဘုရင်မင်းမြတ်က နတ်ဆိုးပုရောဟိတ်ကို အရေးပေးလွန်းတယ်.... နတ်ဆိုးပုရောဟိတ်က ဒုတိယမင်းသားနဲ့ နီးစပ်တာမို့ နောက်ပိုင်းမှာ ရာဇပလ္လင်ကို သိမ်းပိုက်နိုင်တယ်.... အဲ့အခုကျရင်…"

ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ သူဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။

မင်းသားအတု၏ အနေအထားမှာ မတည်မငြိမ် ဖြစ်နေသည်။

နတ်ဆိုးပုရောဟိတ်နှင့် ဒုတိယမင်းသားတို့ နီးစပ်နေသည်မှာ ကျန်းယွမ်၏စိတ်ကူးဖြစ်နိုင်လောက်သည်။

ချန်းလီ လက်ကျန်ဝိုင်များကို တကျိုက်တည်းမော့သောက်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

"ချန်ရှန်း..ငါပြန်တော့မယ်... အဲဒီသေတ္တာလေးထဲမှာ မြွေဥတစ်လုံးရှိတယ်...ဒီမြွေဥက နတ်ဆိုးမြွေကနေ ပေါက်ဖွားလာတာမို့ ဝိညာဉ်စွမ်းအားရှိလောက်မယ်.... သေချာမွေးမြူမယ်ဆို တောင်စောင့်နတ်သားရဲဖြစ်

လာနိုင်တယ်....."

ထို့နောက် ချန်းလီသည် နှင်းကာဝတ်ရုံဝတ်ဆင်ပြီး ထွက်သွားတော့သည်။

နွမ်းလျနေသော ချန်းလီ၏ကျောပြင်ကိုကြာ့်ပြီး ကျန်းချန်ရှန်း စိတ်မချမ်းသာနိုင်တော့တာကြောင့်.....

“အစ်ကိုချန်း.... မင်း ဒုက္ခတစ်ခုခုကြုံရင် ကျွန်တော့်ကို ပြောပြလို့ရတယ်။ တတ်နိုင်ရင် ကူညီပါ့မယ်....."

ချန်းလီ တံခါးဝမှာ ရပ်လိုက်ပြီး ရယ်မောလိုက်သည်။

" မင်းရဲ့အကူအညီကို ငါတကယ်လိုအပ်တဲ့အခါ ငါ့ရဲ့ချန်းမိသားစုလည်း ချောက်ကမ်းပါးအဆုံးမှာ သေချာပေါက်ရှိနေလိမ့်မယ်.... အပိုတွေမပြောနဲ့...ကောင်းကောင်းလေ့ကျင့်ဖို့သာအာရုံစိုက်...."

တံခါးကို တွန်းဖွင့်ပြီး ညင်သာစွာ ပိတ်လိုက်သည်ကိုကြည့်ပြီး ကျန်းချန်ရှန်း နှုတ်ဆိတ်နေခဲ့သည်။

ဤအတိုင်းသာတို မြို့တော်တွင် မုန်တိုင်းထန်နေပြီးပိုပို၍ ဖရိုဖရဲဖြစ်ပုံရသည်။

ဧကရာဇ်သည် အသက်ရှည်ခြင်းကို လိုက်စားရန်သာ စွဲလမ်းခဲ့သည်။ သူ၏ယခင်ဘဝက တရုတ်သမိုင်းတွင်၊ ဤသင်္ကေတသည် ဆိုးရွားသောအစပြုခြင်းဖြစ်ပြီး မင်းဆက်ပြိုကွဲခြင်းသို့ပင် ဦးတည်သွားနိုင်သည်။

ကျန်းတိုင်းပြည်သည် ဒုတိယချင်မင်းဆက်မဖြစ်လာနိုင်သည်။

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး စားပွဲဆီသို့ လျှောက်သွားသည်။ သေတ္တာငယ်လေးပေါ်မှ အဝတ်စကို ဖွင့်လိုက်သည့်အခါ အထဲမှာ ငန်းဥထက် ပိုကြီးတဲ့ အဖြူရောင် ဥတစ်လုံး ရှိသည်။

လက်ဖြင့်ထိကြည့်သည့်အခါ ဆောင်းတွင်းမှာတောင် ပူပြင်းလွန်းနေသည့်အပြင် အတွင်းထဲမှာ ထူးဆန်းတဲ့ စွမ်းအင်တွေရှိနေတာကိုခံစားခဲ့ရသည်။

နတ်ဆိုး သားရဲအနွယ်လား....

ကျန်းချန်ရှန်း စိတ်ဝင်စားသွားသည်။

အိမ်မွေးတိရိစ္ဆာန်တွေ မွေးမြူရတာ မဆိုးပါဘူး....

သူ၏ လက်ရှိနားလည်မှုအရ ဤကမ္ဘာပေါ်တွင် နတ်ဆိုးများ ရှိသော်လည်းအလွန်နည်းပါးသည်။ အနည်းဆုံးတော့ လူသားမင်းဆက်ကို ဖြုတ်ချဖို့ မလုံလောက်ပေ။ ဤကမ္ဘာပေါ်တွင် အင်မော်တယ် နတ်ဘုရားများလည်း မရှိပေ။ အင်မော်တယ်ကျင့်ကြံသူဟုသတ်မှတ်ထားသူများသည် နတ်ဆိုးနှင့်စုန်းကဝေအတတ်ကိုလေ့လာသူများဖြစ်သဖြင့် သိုင်းပညာရှင်များ၏နှိမ်နင်းခြင်းကိုအမြဲတစေခံစားနေရသည်။

All Chapters