ကာမဂုဏ်ကင်းစင်ခြင်း.....နတ်ဘုရားကိုယ်ခန္ဓာ....
Vol. 1 Ch. 11
ကျန်းချန်ရှန်းသည် မြွေဥအတွက် အသိုက်ကို ဂရုတစိုက်ပြုလုပ်ပေးပြီး သူ့ကုတင်ပေါ်မှာ သေချာနေရာချထားပေးခဲ့သည်။ စတင်ကျင့်ကြံစဉ်ကတည်းကတ တညမျှ အိပ်ရေးဝဝ မအိပ်ခဲ့ရသဖြင့် ညဥ့်နက်တဲ့အထိ ချီဓာတ်စုပ်ယူမည့်အစား စောစေယအိပ်ယာဝင်ခဲ့လေသည်။
သူသည် မြွေဥမှ အကောင်ပေါက်လာဖို့စိတ်အားထက်သန်စွာမျှော်လင့်နေခဲ့ပြီးမြွေသန္ဓေသားကို အစာကျွေးရန်အတွက်ဥထဲသို့ ဝိညာဉ်စွမ်းအားများ နေ့တိုင်းပို့လွှတ်ပေးခဲ့ပါသည်။
တစ်လခွဲကြာပြီးနောက် ငြိမ်းချမ်းသောနေ့ရက်များ ကုန်ဆုံးသွားခဲ့ပြန်သည်။
"ကျွန်မက လျိုလော့ယင်ပါ....ကိုယ်တော်ချန်ရှန်းက နတ်ဆိုးဘုရင်ကို သုတ်သင်ခဲ့တဲ့ကြောင်းကြားသိပြီး ကိုယ်တော့်ဆီလာခဲ့တာပါ..... "
အိမ်အပြင်ဘက်မှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသဖြင့် ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်သည်။
ကျန်းချန်ရှန်း၏ အသံက လွင့်ပျံလာပြီး
"ဒကာမလျိုက ဘာလို့ ငါ့ကို ရှာနေတာလဲ....."
ခြံဝင်းထဲက နှင်းတွေဖုံးနေတဲ့ မြေပြင်ပေါ်တွင် အမျိုးသမီးတစ်ယောက် ရပ်နေသည်။ သူမသည် လှပသော ခရမ်းရောင် ၀တ်စုံကို ၀တ်ထားကာလက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသည်။ သူမသည် လှပသောလည်း အေးစက်သောစိတ်သဘောထားရှိသူမှန်းညတချက်ကြည့်ရုံနှင့်ပင်သိသာလွန်းသည်။
"ကျွန်မ ငယ်ငယ်တုန်းက နတ်ဆိုးဘုရင်ကြောင့်မိသားစုတစ်ခုလုံးဆုံးရှုံးခဲ့ရတယ်..ဒါ့ကြောင့်လည်း ငယ်ငယ်ကတည်းက သိုင်းပညာကို သင်ယူခဲ့တယ်...အစက ကျွန်မကိုယ်တိုင် နတ်ဆိုးဘုရင်ကို ကိုယ်တော်ချန်ရှန်းက သူ့ကို သတ်လိုက်တယ်လို့ ကြားတယ်.... ကျွန်မကို ဉာဏ်အလင်းပြပေးဖို့မျှော်လင့်ပါတယ်.... အောင်နိုင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဒီအာဃာတတွေကို တခါတည်းဖြေရှင်းရမယ်....အနာဂတ်မှာ အကူအညီလိုရင် သေချာပေါက် ကူညီမှာပါ........"
ကျန်းချန်ရှန်း အံ့အားသင့်သွားပြီး တဃုလွဲချော်နေသည်ဟု သံသယဖြစ်မိသည်။
ဘာလဲဟ?
ငါ မင်းကို လက်စားချေဖို့ ကူညီပေးခဲ့တယ်လေ....ဒါနဲ့တောင် ငါနဲ့လက်ရည်စမ်းချင်နေသေးတာလား.....
"တောင်းပန်ပါတယ်....ကိုယ်တော်က တခြားသူတွေနဲ့ လက်ရည်စမ်းတိုက်ခိုက်ရတာမျိုးတွေသဘောမကျဘူး...ကိုယ်တော်က အတွင်းအားကျင့်ကြံသူသက်သက်ပါ....သိုင်းပညာကိုလည်း ဝါသနာအရသာလေ့ကျင့်ခဲ့တာမို့ နတ်ဆိုးဘုရင်သေဆုံးခြင်းအတွက် မင်းငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး....."
ကံကောင်းထောက်မစွာဖြင့် သူသည် နတ်ဆိုးဘုရင်ကိုသတ်ပစ်ခဲ့သည်။သို့မဟုတ်ပါက လျိုလော့ယင်တစ်ယောက် နတ်ဆိုးဘုရင်လက်ချက်ဖြင့်အရိုးဆွေးနေလောက်ပြီ......
နောက်ဆုံးတွင်၊ ၎င်းတို့၏ စစ်မှန်သော စွမ်းအင်အဆင့်များအကြား ကွာဟချက်ရှိနေဆဲဖြစ်သည်။
ဒုန်းးးး
လျိုလော့ယင်သည် ရုတ်တရက် နှင်းပေါ်တွင် ဒူးထောက်လိုက်ပြီး......
"ကိုယ်တော် သဘောမတူရင် ငတ်ပြီး သေတဲ့အထိ ဒီမှာ ဒူးထောက်နေမယ်"
သူမ ပြောပြီးသည်နှင့် ခြံဝင်းထဲတွင် တိတ်ဆိတ်သွားသည်။ လေတိုးနှင့် နှင်းကျသံများပင် ပျောက်ကွယ်သွားသည်။
သူတို့နောက်မှ မလှမ်းမကမ်းတွင် ရှိနေသော ချင်ကူက ဤမြင်ကွင်းကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။သူမကို တားဖို့ ခြေလှမ်းစခါနီးမှာ တံခါးပွင့်လာပြီး အပြာရောင် တာအို၀တ်စုံဝတ်ထားတဲ့ ကျန်းချန်ရှန်း ထွက်လာလေ၏။
ကျန်းချန်ရှန်းသည် ယခုချိန်တွင် အသက်ဆယ့်ခုနစ်နှစ်ရောက်ပြီဖြစ်သည်။သူသည် အရပ်မြင့်မြင့်နှင့် ရုပ်ရည်ချောမောပြီး သူ့ခါးမှာ တိုင်ဟန်ဓားကိုချိတ်ဆွဲထားပြီး လက်ထဲတွင်ချီလင်မြင်းမြီးသားယပ်ကို ကိုင်ထားသည်။
လျိုလော့ယင် မသိစိတ်ကြောင့် မော့ကြည့်လိုက်ပြီး သူမရဲ့အကြည့်တွေက ကျန်းချန်ရှန်း ပေါ်ရောက်သွားသောအခါ ထိန်းမရအောင် အံ့အားသင့်သွားသည်။
သူတို့ မျက်လုံးချင်းဆုံလိုက်သည်နှင့် တောင်ပေါ်ရှိ နှင်းမုန်တိုင်းများ ရပ်တန့်သွားပုံရသည်။
ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ဒကါမ ဘာလို့လဲ အဓိပ္ပါယ်မရှိတာတွေလုပ်နေတာလဲ...ကိုယ်တော်ကရော ဘာလို့သဘောတူရမှာလဲ.... "
လျိုလော့ယင် သူ့အကြည့်ကို ရုတ်လိုက်ပြီး ရှက်ရွံ့သွားသည်။ထို့နောက် မတ်တပ်ထရပ်ပြီး...
“သိပါတယ်...ကျွန်မ ကျေးဇူးကန်းတာမဟုတ်ပါဘူး.... ကျွန်မက ရှင့်ရဲ့ပြိုင်ဘက်မဟုတ်မှန်းလည်း သေချာသိပါတယ်....ဒါပေမယ့်. ဒီကိစ္စက ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်....ကိုယ်တော်ချန်ရှန်းကြောင့် နာကျင်ရဆိုရင်တောင် ညည်းညူနေမှာမဟုတ်ပါဘူး...ဒီအကြွေးကိုအနာဂတ်မှာသေချာပေါက်ပြန်ပေးဆပ်မှာပါ... "
ကျန်းချန်ရှန်းပိုမိုနက်နဲစွာ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်တွင် လျိုလော့ယင်က ဓားဆွဲထုတ်ပြီး ကျန်းချန်ရှန်းနှင့်တိုက်ခိုက်ဖို့ အသင့်ပြင်ထားနှင့်နေပြီ......
ကျန်းချန်ရှန်းက သက်ပြင်းချလိုက်ပြီး....
“ဒါဆို တိုက်ခိုက်ပါ.... ပြီးရင် မင်းရဲ့စိတ်ထဲက အနှောင်အဖွဲ့တွေကို အပြီးတိုင်လွှတ်ချလိုက်ပါ....."
လျိုလော့ယင် ထိုစကားကိုကြားသောအခါ နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ချက်ချင်းထခုန်ကာ ဓားကို အမြန်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပကတိမျက်စိနဲ့မြင်နိုင်တဲ့ ဓားအလင်းတန်းတွေက ကျန်းချန်ရှန်းဆီကို ဉီးတည်လာပြီး လေနဲ့ နှင်းတွေကိုပင် ဆုတ်ဖြဲပစ်လိုက်လေသည်။
ထိုအချိန်တွင် လျိုလော့ယင်သည် ရုတ်တရက် အရာအားလုံး နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ သူမ ခြေထောက်ကို မြှောက်လိုက်ရင်း ကျန်းချန်ရှန်းကို ကြည့်လိုက်သည် ။ သူ့ရဲ့ လှုပ်ရှားမှုတွေက မမြန်ပေမယ့် ထိုက်သင့်သလောက်တော့ အရှိန်ရှိနေသေးသည်။
ကျန်းချန်ရှန်းက ဘယ်ခြေထောက်ကို မြှောက်ပြီး ကန်လိုက်သောအခါ ဒါဇင်ပေါင်းများစွာသော ခြေထောက်အရိပ်များက ဓားချီကိုထိုးခွင်းကာ လျိုလော့ယင်ဆီတိုက်ရိုက်ကျဆင်းသွားလေသည်။
ဖူးးးးးး
လျိုလော့ယင် သွေးအန်ပြီး နောက်သို့ လွင့်စင်သွားပြီး နှင်းပုံထဲသို့ပစ်စလက်ခတ်ပြုတ်ကျသွားလေ၏။
သူမသည် နာကျင်နေသော ရင်ဘတ်ကို ဖိကာ မတ်တပ်ရပ်ချင်သော်လည်း ပါးစပ်ထဲမှ သွေးများ စီးကျလာပြီး မေ့လဲသွားသည်။
ချင်ကူ အလွန်ထိတ်လန့်သွားပြီး ချက်ချင်းပင် တုန်တုန်ယင်ယင်အသံဖြင့်
" အစ်ကို…သူ...သူ....”
ကျန်းချန်ရှန်း ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး ပြုံးလျှက် ခေါင်းခါလိုက်သည်။
"မသေသေးပါဘူး....သယ်သွားလိုက်တော့"
မြို့တော်တွင် လူသတ်မှုကျုးလွန်ခြင်းသည် ရာဇဝတ်မှုမြောက်သည်။ သို့သော်လည်း မိမိကိုယ်ကိုခုခံဖို့အတွက် လူသတ်မှုကျုးလွန်ခြင်းကိုတော့ ချွင်းခြက်ပေးထားသည်။
ချင်ကူသည် ထိုအခါမှသာ သက်ပြင်းချနိုင်ရှာတော့သည်။
" ကောင်းပြီ...ကျွန်တော်သူ့ကိုသယ်ဖို့ စီနီယာအစ်မကိုသွားခေါ်လိုက်ဉီးမယ်......"
ကျန်းချန်ရှန်း လှည့်ပြီး သူ့အခန်းထဲပြန်ဝင်ကာ လျိုလော့ယင်ကို နှင်းထဲတွင် ထားပစ်ခဲ့သည်။
မကြာမီတွင် အကြီးဆုံးအစ်မ မန်ချွဲ့ဆောင်နှင့်အတူ တပည့်များစွာရောက်လာပြီး
လျိုလော့ယင်ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုသတင်းသည် လျင်မြန်စွာပြန့်နှံ့သွားပြီး တပည့်များကလည်း ကျန်းချန်ရှန်း အကြောင်းကို လေးနက်စွာ နားလည်လာကြသည်။
ဤအကြီးဆုံးအစ်ကိုသည် တစ်ယောက်တည်းနေထိုင်ပြီးနောက် ပိုမိုကြမ်းတမ်းလာသည်။
ကျန်းချန်ရှန်းက လျိုလော့ယင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်မလုပ်ခဲ့ပေ။ သူသည် သူမ၏ စစ်မှန်သော စွမ်းအင်ကို ကမောက်ကမဖြစ်အောင်သာလှုပ်ခဲ့သဖြင့်သူမ၏ အတွင်းအင်္ဂါများကို ထိခိုက်မှု မရှိခဲ့ပေ။ သူမ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ သူဒီလိုလုပ်ရတဲ့ အကြောင်းရင်းက လျိုလော့ယင် သူ့ကို နှောင့်ယှက်မှာကို ကြောက်တဲ့အတွက်ကြောင့် သူမရဲ့ ခေါင်းမာမှုကို တစ်ချက်တည်းနဲ့ ချိုးဖျက်လိုက်ရခြင်းပင်.....
သုံးရက်အကြာတွင် လျိုလော့ယင် တောင်ပေါ်မှ ထွက်ခွာသွားပြီး ကျန်းချန်ရှန်းကို ထပ်မံမရှာဖွေတော့ပေ။
“မင်းဆက်တည်ထောင်ပြီး ဆယ့်ခုနစ်နှစ်မှာ သိုင်းပညာလောကထဲက အမျိုးသမီးတစ်ဦးဖြစ်တဲ့ လျိုလော့ယင်က မုန်းတီးမှုကြောင့် ဓားစာခံလုပ်ဖို့ မင်းဆီရောက်လာတယ်.... မင်းသူမရဲ့ အတွေးတွေကို ချေမှုန်းနိုင်ခဲ့တယ်... သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် ရွှမ်းနေ့နတ်ဘုရားခန္ဓာကျင့်စဉ်ကိုရရှိပါပြီ..... "
ဟမ်?ဒီအတွက်လည်း ဆုပေးတာပဲလား....
သူမသာ ဒီလောက်ရက်စက်တဲ့ပုံမပေါ်ဘူး ဆိုရင် ငါသူမနဲ့ ပတ်သက်စရာရှိတော့မှာ မဟုတ်ဘူးလေ.....
ကျန်းချန်ရှန်းသည် ဖြစ်နိုင်ချေများစွာကို စိတ်ကူးယဉ်ခဲ့သော်လည်း လုံးဝနောင်တမရခဲ့ပေ။ ကမ္ဘာပေါ်တွင် အမျိုးသမီးများစွာရှိသော်လည်း ထိုအမျိုးသမီးများကြောင့် ကျင့်ကြံမှုခရီးလမ်းကိုအနှောက်အယှက်အဖြစ်မခံလိုပေ။ မည်သို့ပင်ဆိုစေ ချောမောလှပသောထိုအမျိုးသမီးများသည် နောင်နှစ်တစ်ရာကြာလျှင်မြေမှုန်များဖြစ်ကုန်ကြမည်သာ......
"ဒီဘဝအတွက် ငါ့ကံကြမ္မာက အထီးကျန်ဆန်လိုက်တာ....."
ကျန်းချန်ရှန်း သက်ပြင်းချလိုက်ပြီး ဆုလာဘ်ကို ဝမ်းသာအားရ လက်ခံလိုက်သည်။
ရွှမ်းနေ့နတ်ဘုရားခန္ဓာကျင့်စဉ်သည် ချီဓာတ်ကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို သံမဏိလိုမာကြောအောင်ကျင့်ကြံရသောကျင့်စဉ်ဖြစ်သည်။ အောင်မြင်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်သည် တုတ်ပြီးဓားပြီ၊ အဆိပ်ပြီးသည့် ခန္ဓာကိုယ်ဖြစ်လာလိမ့်မည်။
ကျန်းချန်ရှန်းသည် ထိုကျင့်စဉ်ကိုတစ်နေ့လျှင် လေးနာရီကြာ လေ့ကျင့်မည်ဟု ရည်ရွယ်ထားသည်။
တာအိုသဘာဝကျင့်စဉ်၏စတုတ္ထအဆင့်ကိုဖြတ်ကျော်ပြီးနောက်၊ တိုးတက်မှုနှေးကွေးလာပြီး ပဉ္စမအဆင့်သို့ ဖြတ်ကျော်ရန် ဝေးကွာနေဆဲပင်။ သို့သော် သူသည် ငယ်ရွယ်သေးသောကြောင့် အချိန်များစွာရှိသေးသည်။
သူ၏ဝိဉာဉ်စွမ်းအားများသည် အကန့်အသတ်မရှိနိုင်အောင်များပြားလာပြီး သူနှင့် နှိုင်းယှဉ်ပါက ဘုန်းတော်ကြီးချင်ရှု၏ စစ်မှန်သော စွမ်းအင်သည် သမုဒ္ဒရာနှင့် သေးငယ်သော စမ်းချောင်းနှင့်တူနေလိမ့်မည်။
သို့သော် နန်းတော်အတွင်းရှိ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်ကျွမ်းကျင်သူနှင့်ယှဉ်နိုင်မည်ဟုအာမမခံနိုင်သေးပေ။
…..........................
ဆောင်းနှင်းများ အရည်ပျော်ပြီး ကျန်းမင်းဆက်တည်ထောင်သည့် ၁၇ နှစ်၏ နွေဦးရာသီသို့ ရောက်ရှိခဲ့သည်။ ကျန်းချန်ရှန်း သည် သူ၏ဆယ့်ခုနစ်နှစ်ပြည့်မွေးနေ့ကို တိတ်တဆိတ်ကျင်းပခဲ့သည်။
အသက် ဆယ့်ခုနစ်နှစ်အရွယ်သည် ကျန်းမင်းဆက်တွင် အရွယ်ရောက်ပြီးသူဟု သတ်မှတ်ခံထားရသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်က စစ်မြေပြင်တွင် အသက်ဆယ့်ခြောက်နှစ်မှ ဆယ့်ခုနစ်နှစ်အရွယ် ဆယ်ကျော်သက်များစွာရှိခဲ့သည်။
ခြံဝင်းထဲတွင် .......
ကျန်းချန်ရှန်းသည် ရေစည်ပိုင်းတခုပေါ်တွင် ထိုင်နေသည်။ သေသေချာချာကြည့်လိုက်ပါက သူ့ခြေထောက်နဲ့ တင်ပါးတွေက ရေပြင်နဲ့ သုံးဆယ် စင်တီမီတာလောက် ကွာဝေးနေသဖြင့် လေထဲတွင် လွင့်မျောနေသော်လည်း အဝေးမှကြည့်လျှင် ရေပေါ်တွင် ထိုင်နေသည်ဟုသာထင်ရသည်။
သူ၏ တာအို၀တ်လုံသည် အဆက်မပြတ် တရွေရွေ့ လွင့်နေပြီး သူ၏ ချွေးပေါက်များမှ အပူငွေ့များတရှိန်ရှိန်ထွက်ပေါ်နေသည်မှာ ကြောက်စရာကောင်းလှသည်။
သူရုတ်တရက် ထရပ်ပြီး ရေစည်ပိုင်းထဲမှထွက်လာသောအခါ သူ၏ အရေပြားသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး တာအို၀တ်လုံသည်လည်း အလျင်အမြန်ခြောက်သွေ့သွားသည်။
တခဏတာ အသက်ရှုပြီးနောက် ခြံဝင်းအတွင်းရှိ သစ်သားတံခါးကို တွန်းဖွင့်လိုက်ပြီး ချင်ကူသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဝင်လာခဲ့သည်။
နှစ်များစွာကြာပြီးနောက်၊ ချင်ကူသည် သိုင်းလောကတွင် တွေ့ကြုံခဲ့ရသည်များကိုမေ့ပစ်နိုင်ခဲ့ပြီး အရင်လိုတက်ကြွသောလူငယ်လေးတစ်ယောက်ပြန်ဖြစ်လာခဲ့သည်။
ချင်ကူသည် ကောင်းကင်ကိုးနဂါးခြေလှမ်းသိုင်းကို သင်ယူပြီးကတည်းက သူ၏ သိုင်းပညာစွမ်းရည်များ ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ တပည့်တွေကြားထဲမှာ ထူးချွန်သူမဟုတ်ရင်တောင် ထိပ်တန်းဆယ်ယောက်မှာ အဆင့်သတ်မှတ်ခံရဖို့ သူ့အတွက် ပြဿနာမရှိခဲ့ပေ။
လုံချီဘုရားကျောင်း၏ကိုယ်ပိုင်သိုင်းပညာများက လွန်စွာနုံခြာလှသည်။ အများစုမှာ အခြေခံ သိုင်းပညာကိုသာ သိကြသည်။ ဘုန်းတော်ကြီးချင်ရှု၏ စစ်မှန်သောစွမ်းအင်သည် စစ်မှန်သောနယ်ပယ်ကျွမ်းကျင်သူနှင့် တူညီသော်လည်း၊ စိတ်ဝိညာဉ်နယ်ပယ် ကျွမ်းကျင်သူ၏ ခွန်အားကို ပြသနိုင်မည်ဖြစ်သည်။ အကြီးဆုံးအစ်မ မန်ချွဲ့ဆောင်သည် ပထမအဆင့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်သည်။
အားရလောက်အောင် မသန်မာသော်လည်း ကံကောင်းထောက်မစွာဖြင့် လုံချီဘုရားကျောင်းသည် သိုင်းပညာလောကမှာ ပြိုင်ဆိုင်မှုသိပ်မရှိတဲ့အပြင် မြို့တော်ထဲတွင်တည်ရှိသောကြောင့် ထိပါးဝံ့သူမရှိခဲ့ပေ။
“အစ်ကိုချန်ရှန်း.... သတင်းကောင်းတစ်ခုရှိတယ်..... အစ်ကိုချွဲ့ဟေးက သိုင်းပညာစာမေးပွဲမှာ ထိပ်တန်းပညာရှင်ဖြစ်လာပြီး တော်ဝင်တရားရုံးက တတိယအဆင့်အရာရှိဖြစ်သွားပြီ..... အခုဆို အစ်မချွဲ့ဆောင်က တပည့်တွေခေါ်ပြီး သူ့ဆီသွားလည်ကြမလို့....အစ်ကိုလိုက်မှာလား.."
ချင်ကူသည် မန်ချွဲ့ဟေးကို လေးစားဆဲပင်.... မန်ချွဲ့ဟေးသည် လုံချီဘုရားကျောင်းကို သစ္စာဖောက်ခဲ့သော်လည်း မြို့တော်တွင်သာနေထိုင်ခဲ့သည်။
ကျန်းချန်ရှန်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။
“ငါ မသွားဘူး...... မင်းတို့ပဲ သွားကြပါ......"
"ကျွန်တော်တို့သွားမယ်ဆို အရသာရှိတဲ့အစားအစာတွေ စားလို့ရတယ်..... အသားဟင်းတွေလည်း စားရမှာ.....”
လုံချီဘုရားကျောင်းတွင် အသားစားခြင်းကိုတားမြစ်ထားသဖြင့် တောင်ပေါ်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများသာ ရှိခဲ့သည်။ ထို့အပြင် သူတို့တွင် ပိုက်ဆံမရှိသောကြောင့် တောင်ပေါ်မှဆင်းသောအခါ အသားစားရန် ခဲယဉ်းသည်။ ထို့ကြောင့် မန်ချွဲ့ဟေးဆီ အလည်အပတ်သွားမည်ဟု ကြားသိရသောအခါတွင် အလွန်စိတ်လှုပ်ရှားပြီး လိုက်သွားချင်နေကြခြင်းဖြစ်သည်။
ကျန်းချန်ရှန်းက ငြင်းဆန်နေသဖြင့် ချင်ကူ လက်လျှော့လိုက်ရုံသာတတ်နိုင်ခဲ့သည်။
"သူ ဘယ်လို ထိပ်တန်း သိုင်းပညာရှင် ဖြစ်လာခဲ့တာလဲ"
ကျန်းချန်ရှန်းသည် ချင်ကူ၏ နောက်ကျောကို ကြည့်ကာ တကိုယ်တည်း တွေးနေမိသည်။
သူသည် မန်ချွဲ့ဟေး၏ သိုင်းပညာကျွမ်းကျင်မှုကို သိသည်။ သူ့မျက်လုံးထဲမှာတော့ မန်ချွဲ့ဟေးက သာမာန်အဆင့်လောက်သာရှိသည်။သူ တောင်ပေါ်ကနေ ထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ......
ထိပ်တန်း သိုင်းပညာရှင် အားလုံးနီးပါး ထိုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း ချန်းလီ ပြောပြခဲ့ဖူးသည်။
ထိုသို့သောထူးချွန်သူများကိုကျော်ပြီး မန်ချွဲ့ဟေး အရာရှိဖြစ်လာခြင်းမှာ သံသယဝင်စရာကောင်းနေလေ၏။
တစ်ခုခုတော့မှားနေပြီ........
ကျန်းချန်ရှန်း ခေါင်းယမ်းလိုက်ပြီး နတ်ဘုရားခန္ဓာ အမြန်ဆုံး ပြီးပြည့်စုံအောင် လေ့ကျင့်ဖို့ ဆက်လက်ကြိုးစားခဲ့သည်။
ညခါတွင်......
ကျန်းချန်ရှန်း အိမ်သို့ပြန်လာခဲ့ပြီး မြွေဥကို စောင့်ကြည့်နေသည်။
ဒီကောင်လေး ဘယ်တော့ ထွက်လာမှာလဲ ......
"မင်းဆက်တည်ထောင်ပြီး ဆယ့်ခုနစ်နှစ်မှာ မင်းရဲ့အကြီးဆုံးအစ်ကိုဖြစ်သူ မန်ချွဲ့ဟေးက မင်းကိုတိုက်ခိုက်ဖို့ထောင်ချောက်တစ်ခုစီစဉ်ခဲ့တယ်.... ဒါပေမယ့် မင်းဘက်က ဘေးဥပဒ်ကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ် 'ပြန်လည်နုပျိုခြင်း'မှော်စာလုံးကို ပေးအပ်လိုက်သည်"
ဟမ်?
ကျန်းချန်ရှန်း ဤစကားလုံးများကို မြင်သောအခါ မအလွန်အံ့အားသင့်နေမိခဲ့သည်။
မန်ချွဲ့ဟေး ဘက်ပြောင်းသွားပြီလား.....ဒါဆို
ထိပ်တန်းသိုင်းပညာရှင် ဖြစ်လာနိုင်တာ အံ့ဩစရာမဟုတ်တော့ဘူး.......ဒေါသဖြစ်ပေမဲ့ ပိုစိတ်လှုပ်ရှားနေတယ်....နောက်ထပ်မှော်စာလုံးတစ်ခုထပ်ရပြန်ပြီ.....
တကယ်တော့ ဒီလိုဒုက္ခတွေ ပိုကြုံရတာ ကောင်းပါတယ်..... သူ့ကို ပိုသန်မာစေတယ်လေ......
ကျန်းချန်ရှန်းသည် ပြန်လည်နုပျိုခြင်းမှော်စာလုံးကို ချက်ချင်းလက်ခံလိုက်သည်။
ပြန်လည်နုပျိုခြင်းသည် ကုသခြင်းမှော်ပညာတစ်ခုဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ယခုမှသေဆုံးသွားပါက၊ ၎င်းသည်အသက်ရှူမှုကို ထိန်းထားနိုင်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ပြန်လည်နုပျိုခြင်းကျင့်စဉ်သည် ဒဏ်ရာများကို သက်သာပျောက်ကင်းစေပြီး သွေးခဲခြင်းကို မြန်ဆန်စေသည်။
ဝင်သက်ထွက်သက်ကိုထိန်းထားနိုင်တယ်...????
ဤသည်မှာ မြင့်မြတ်သောနည်းစနစ်တစ်ခုဖြစ်သည်။
ထိုညတွင် ကျန်းချန်ရှန် သည် ပြန်လည်နုပျိုခြင်းကျင့်စဉ်ကိုသာလေ့ကျင့်ခဲ့သည်။
ချင်ကူကလည်း သူ့ဆီ ထပ်မလာခဲ့ပေ။
တစ်လအကြာတွင်......
ကျန်းချန်ရှန်းသည် ပြန်လည်နုပျိုခြင်းကျင့်စဉ်က်ု လုံး၀ ကျွမ်းကျင်ခဲ့သော်လည်း နတ်ဘုရားခန္ဓာကို အပြည့်အဝမဖွဲ့စည်းနိုင်သေးပေ။
မြွေဥကလည်း အခုထိအကောင် မပေါက်သေးပေ။
အကယ်၍ သူသည် အတွင်းမှအသက်ဓာတ်ကိုသာ အာရုံမခံမိလျှင် ကြော်စားမိတော့မည်သာ.....
တနေ့သ၌..
ကျန်းချန်ရှန်းဆီ ချင်ကူတစ်ယောက် စိတ်ဆိုးမာန်ဆိုးဖြင့် ရောက်လာခဲ့သည်။
“အစ်ကို ချန်ရှန်း.....တစ်စုံတစ်ယောက်က လုံချီ ဘုရားကျောင်းကို ဘာစော်ကားနေတယ်....တစ်ယောက်မှာသူနဲ့မယှဉ်နိုင်ခဲ့ဘူး...... အဲ့လူက ကျွန်တော်တို့လုံချီဘုရားကျောင်းက မြို့တော်ရဲ့တခုတည်းသောတာအိုဘုရားကျောင်းဖြစ်ဖို့မထိုက်တန်ဘူးလို့ပြောနေတယ်....."
ချင်ကူ ဒေါသထွက်လွန်းသဖြင့် လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ လက်ဆစ်များပင်ဖြူဖွေးနေသည်။
"ဟမ်..မြို့တော်မှာ.လုံချီ ဘုရားကျောင်းကို စော်ကားဝံ့တဲ့သူရှိနေသေးတာလား "
"အစ်ကို..အခုလာတဲ့သူက ဘုရင်မင်းမြတ်ရဲ့ အထင်ကြီးလေးစားခံရတဲ့ နတ်ဆိုးပုရောဟိတ်ပဲ....သူက မြို့တော်မှာ တာအိုဘုရားကျောင်းတခု တည်ထောင်ချင်ပေမယ့် လုံချီတောင်က မြို့တော်ထဲမှာရှိတဲ့ တစ်ခုတည်းသော တောင်ဖြစ်နေတယ်.....”