ဓားထိန်းချုပ်ခြင်းမှော်ပညာ...ပုံရိပ်ယောင်နတ်မျက်စိ........
Vol. 1 Ch. 12
နတ်ဆိုးပရောဟိတ်က တာအိုဘုရားကျောင်းတည်ထောင်ချင်နေတာလား....
ကျန်းချန်ရှန်၏ အမူအရာ အေးစက်သွားသည်။ တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ တွန်းထုတ်နေသလို ခံစားလိုက်ရတဲ့အတွက် ချင်ကူ နောက်ကို ချက်ချင်းလိုက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တောင်အောက်တွင် နှစ်ဖက်တပည့်များ အချင်းချင်း ထိပ်တိုက်တွေ့နေကြသည်။
ဘုန်းတော်ကြီးချင်ရှု ၊မန်ချွဲ့ဆောင်နှင့် တပည့်တစ်စုတို့သည် တံတားငယ်တစ်ခုရှေ့တွင် ရပ်နေကြသည်။ တံခါးအပြင်ဘက်မှာလည်း တာအိုဘုန်းတော်ကြီးတစ်ပါးဉီးဆောင်သည့်အဖွဲ့တဖွဲ့လည်းရှိနေသည်။
ခေါင်းဆောင်ဘုန်းတော်ကြီးသည်။ ကောက်ကျစ်စဉ်းလဲသော အမူအရာရှိသည့် ပိန်ပိန်ပါးပါးနှင့် လူလတ်ပိုင်းအရွယ်ဖြစ်သည်။
ထိုသူသည် လုံချီဘုရားကျောင်း၏ ဘုန်းကြီးများကို မောက်မာစွာဖြင့် စိုက်ကြည့်နေစဉ် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွှေးကိုဟန်ပါပါသပ်နေသည်။
လူလတ်ပိုင်း ဘုန်းတော်ကြီးသည် ဧကရာဇ်မင်း၏ မျက်နှာသာပေးခံရသော နတ်ဆိုးပုရောဟိတ်ဖြစ်သည်။ သူ့ကိုယ်သူ အင်မော်တယ်အိုကြီးဟွမ်းယန် လို့ခေါ်ပြီး သူ့အောက်မှာ တပည့် ဒါဇင်နဲ့ချီရှိသည်။ အများစုမှာ မြို့တော်မှ မှူးမတ်များ၏ သားသမီးများ ဖြစ်ကြသည်။
သူ့ဘေးမှာ လူငယ်တစ်ယောက်လည်း ရှိသေးသည်။ သူကြည့်ရသည်မှာ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာရှိပြီး ခရမ်းရောင်အဝတ်အစားကို ၀တ်ဆင်ထားသည်။ သူသည် သပ်ရပ်စွာ ၀တ်ဆင်ထားပြီး ပုလဲများဖြင့် မြှုပ်ထားသော ကျောက်စိမ်းသရဖူကို ၀တ်ဆင်ထားသည်။ သူ့မှာ ချောမောတဲ့ အသွင်အပြင်ရှိပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့မှာ ထူးထူးခြားခြား နောက်ခံရှိတယ်လို့ ပြောနိုင်သည်။
" တာအိုရောင်းရင်း... မင်းက လုံချီဘုရားကျောင်းကို အသေခံတိုက်ဖို့ တကယ်ပဲ တွန်းအားပေးမှာလား....."
ချင်ရှု၏နောက်တွင် ဒဏ်ရာရထားသောတပည့်လေးယောက်ရှိနေသည်။
အင်မော်တယ်ဟွမ်းယန်က ပြုံးလိုက်ပြီး
“ဘာလို့ သူတို့ကို သေခိုင်းရမှာလဲ.. မင်း ဒီတောင်ကြီးကို စွန့်လွှတ်လိုက်ပါ.... မင်းလက်အောက်က တပည့်တွေက အရမ်းအားနည်းတယ်....မင်းမှာသူတို့ကိုသင်ပေးချင်စိတ်မှမရှိတာ ဘာလို့မစွန့်လွှတ်နိုင်ရတာလဲ....."
ထိုသူ စကားဆုံးသည်နှင့်တပြိုင်နက် သူ့ တပည့်များကလည်း အချင်းချင်း တယောက်နှင့်တယောက် မနှစ်မြို့ဖွယ်ရာ စကားများကို ပြောဆိုကြလေသည်။
“ ဘုရင်မင်းမြတ်က ခင်မင်ရင်းနှီးမှုကိုအလေးထားနေလို့သာပေါ့...မဟုတ်ရင်လုံချီဘုရားကျောင်းကို ဖယ်ရှားခဲ့တာ ကြာပြီ..... ”
"ဟုတ်တယ်.... လုံချီဘုရားကျောင်းက တရားရုံးအတွက် ဘာမှ အထောက်အကူမပြုဘူး.... အသစ်ခန့်အပ်ခံရတဲ့ ထိပ်တန်းပညာရှင်ကတောင် လုံချီ ဘုရားကျောင်းကိုစွန့်ပစ်ခဲ့တာ......”
" သူတို့အားလုံး အစွမ်းအစမရှိတဲ့အရာတွေချည်းပဲ..... ဘုရင်မင်းမြတ်တောင်ဒီကို ဒီနှစ်နေလို့တစ်ခါတောင်မလာဘူး.... အဲ့တော့ ငါတို့ရဲ့အင်မော််တယ်ဆရာသခင်ဆီမှာပဲ အညံ့ခံလိုက်ပါတော့....."
"သိုင်းပညာလောကရဲ့ စည်းမျဉ်းတွေအရ မင်းတို့တွေ ငါတို့နဲ့ မယှဉ်ဘူးဆိုရင် လုံချီဘုရားကျောင်းကို သိုင်းလောကထဲကနေထုတ်ပယ်သင့်တယ်....."
"ဘုရင်မင်းမြတ်ကတော့ ပြောပြီးသားစကားပြန်ပြင်မှာမဟုတ်ဘူး၊ ဒါပေမယ့် လုံချီ ဘုရားကျောင်းကအသုံးမကျဘူး....ကိုယ့်အကြောင်းကိုယ်သိရင် ထွက်သွားကြတော့....."
အော်ဟစ်သံတွေကြောင့် လုံချီဘုရားကျောင်းရဲ့ တပည့်တွေ ဒေါသထွက်ကုန်ပြးးကြပြီး နှစ်ဖက်စလုံး ရန်ပွဲစဖို့တာဆူနေကြပြီ.....
အင်မော်တယ်ဟွမ်းယန် လက်မြှောက်လိုက်သောအခါ သူ့နောက်မှ တပည့်များ ချက်ခြင်း ပါးစပ်ပိတ်လိုက်ကြသည်။
ဒါကိုမြင်တော့ မန်ချွဲ့ဆောင်ကလည်းအငယ်တန်း ညီအကို မောင်နှမတွေကို ရပ်ခိုင်းလိုက်သည်။ ဆက်လက်ကျိန်ဆဲပါက လုံချီဘုရားကျောင်း၏ ပုံရိပ်ကို ထိခိုက်စေမည်ဖြစ်သည်။
အင်မော်တယ် ဟွမ်းယန်က တခစ်ခစ်ရယ်ပြီး .....
“ရောင်းရင်း....မင်းက တိုက်ခိုက်ချင်နေတာလား.... မင်းငါ့ကိုအနိုင်ယူနိုင်ရင် ငါတောင်ပေါ်ကနေ ချက်ချင်းထွက်သွားမယ်။ ဒါပေမယ့် မင်းရှုံးရင် မိုက်မဲတဲ့ကမ္ဘာရဲ့ စည်းမျဉ်းတွေကို မေ့ပစ်လိုက်ပါ......"
ချင်ရှု သက်ပြင်းချလိုက်ပြီးစကားပြောခါနီးတွင် အသံတစ်ခုထွက်ပေါ်လာသည်။
"စကားနိုင်လုရင်း တစ်ယောက်ယောက်သေရင် ဘာဖြစ်သွားမလဲလို့ တွေးမိတယ်"
တပည့်တွေက လှည့်ကြည့်လိုက်သည့်အခါ သူတို့ရဲ့ အမူအရာတွေ တောက်ပလာပြီး စိတ်လှုပ်ရှားမှုတွေ တဖန်ပေါက်ဖွားလာလေ၏။
ကျန်းချန်ရှန် ဖြည်းဖြည်းချင်းလျှောက်လာသည်။ သူ့နောက်တွင်ရှိနေသည့် ချင်ကူသည် အင်မော်တယ်အိုကြီးဟွမ်းယန်ကို အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်နေသည်။
အင်မော်တယ်ဟွမ်းယန်က ကျန်းချန်ရှန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
" မင်းက အသက်ဆယ့်လေးနှစ်မှာ နတ်ဆိုးဘုရင်ကိုသတ်ခဲ့တဲ့သူမလား..... မင်းရဲ့ သတ်ဖြတ်လိုစိတ်က တကယ်ကို ပြင်းထန်တယ်......"
ခရမ်းရောင်ဝတ် လူငယ်လေးသည် ကျန်းချန်ရှန်ကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေသည်။
သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ပေ။
ကျန်းချန်ရှန်သည် ညာလက်ကို တိုင်ဟန်ဓားရိုးပေါ်တွင် ဖိထားပြီး ချီလငိမြင်းမြီးသားယပ်ကိုဘယ်လက်ဖြင့် ကိုင်ထားသည်။
“သိုင်းပညာလောကရဲ့ စည်းမျဉ်းတွေက အလကားသက်သက်ချမှတ်ထားတာမှမဟုတ်တာ.....သေခြင်းရှင်ခြင်းဆိုတာ ကံကြမ္မာအလိုအရပဲလေ....ဟုတ်တယ်မလား....."
အင်မော်တယ်အိုကြီးဟွမ်းယန်၏ စစ်မှန်သော စွမ်းအင်သည် နတ်ဆိုးဘုရင်ထက် အနည်းငယ်သာ ပြင်းထန်သည်။ သူတို့ နှစ်ယောက် သေတဲ့အထိ တိုက်ခိုက်ဖြစ်ရင် နတ်ဆိုးဘုရင်ရှုံးလိမ့်မည်မဟုတ်ပေ။
သို့သော် ချင်ရှုအဆိပ်ခတ်ခံရပြီးကတည်းက၊ သူ၏အရေးကြီးသောစွမ်းအင်များ ပျောက်ကွယ်သွားခဲ့ပြီး ဟွမ်းယန် ၏ပြိုင်ဘက်မဟုတ်တော့ပေ။
အင်မော်တယ်ဟွမ်းယန်သည် ကျန်းချန်ရှန် ၏ခွန်အားကို မမြင်နိုင်ပေ။ ကျန်းချန်ရှန်သည် နတ်ဆိုးဘုရင်ကိုသတ်နိုင်သည့်အတွက် သာမာန်လူမဟုတ်လောက်ပေ။
အင်မော်တယ်ဟွမ်းယန် တုံ့ဆိုင်းနေဖြင့် သူ့တပည့်များက သူ့ကို အားပေးထောက်ခံစကားပြောပေးနေကြသည်။ ဤတပည့်များအားလုံးသည် ဆန်ကုန်မြေလေးများသာဖြစ်ကြသည်။သက်ဆိုင်ရာမိသားစုရှိ အကြီးအကဲများကြောင့်သာ ဟွမ်းယန်နောက်လိုက်များဖြစ်နေကြသဖြင့် ဟွမ်းယန်၏သေခြင်းရှင်ခြင်းကို ဂရုစိုက်ကြမည်မဟုတ်ပေ။
ကျန်းချန်ရှန်က ဟွမ်းယန်ကို အထင်သေးသည့်အကြည့်များဖြင့်သာ စိုက်ကြည့်နေပြီး လုံးဝမစိုးရိမ်ခဲ့ပေ။
ယခုဆိုလျှင်၊ အင်မော်တယ်ဟွမ်းယန် အကျပ်ရိုက်ရမည့်အလှည့်ဖြစ်သည်။
အင်မော်တယ်ဟွမ်းယန်သည် မာနကြီးပြီး ဘဝင်မြင့်ပုံပေါက်သော်လည်း အလွန်သတိရှိလှသည်။ မဟုတ်ရင် ဧကရာဇ်ရဲ့ မျက်နှာသာပေးခြင်းကိုခံရမည်မဟုတ်ပေ။
"သတ္တိမရှိရင်လည်း လစ်ကြတော့...!"
ချင်ကူ၏ အော်သံနှင့်အတူ အခြားတပည့်များ၏အော်သံများတလဆက်ထွက်ပေါ်လာသည်။
သူတို့သည် ကျန်းချန်ရှန်ကို ယုံကြည်မှုအပြည့်ရှိကြသည်။ မောက်မာလွန်းသော နတ်ဆိုးဘုရင်တောင် ကျန်းချန်ရှန်လက်ချက်ဖြင့် အသတ်ခံရခြင်းကို မြင်တွေ့ခဲ့ရသဖြင့် ဟွမ်းကန်လောက်ကိုတော့စာမဖွဲ့လောက်ပေ။
အင်မော်တယ် ဟွမ်းယန်က မချိတင်ကဲ ပြုံးလိုက်ပြီး.....
“မြို့တော်က အရေးကြီးတဲ့နေရာတစ်ခုပါ....ဒီလိုနေရာမှာ သွေးမြေကျမယ့်ကိစ္စကိုဘယ်လိုဆုံးဖြတ်နိုင်မှာလဲ..ငါသာ မတော်တဆမင်းကို သတ်မလိုက်ရင် အကုန်ရှုပ်ကုန်မယ်... ထားလိုက်တော့..နောက်တခါတွေ့တော့မှထပ်ဆွေးနွေးကြတာပေါ့.... "
ထိုစကားဖြင့် လက်ကိုမြှောက်ကာ တပည့်များကို ဆုတ်ခွာရန် အသင့်ပြင်ခိုင်းလိုက်သည်။
ကျန်းချန်ရှန်က ဓားရိုးပေါ်ကလက်ကငိဖယ်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" လုံချီ ဘုရားကျောင်းကနေ ထွက်သွားချင်တိုင်း ထွက်သွားနိုင်မယ်ထင်နေတာလား....."
သူပြောပြီးသည်နှင့် တပြိုင်နက် တိုင်ဟန်ဓားသည် ဓားအိမ်ထဲက လွတ်ထွက်သွာပြီး စူးရှသောအလင်းတန်းနှင့်အတူ ဟွမ်းယန်ဆီပျံသန်းသွားလေသည်။ စူးရှသောဓားချီကြောင့် အားလုံးမျက်စိမှိတ်ထားလိုက်မိကြသည်။
မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ မြေပြင်ပေါ်ဒူးထောက်နေသော ဟွမ်းယန်ကိုမြင်လိုက်ရပြီး ကျန်းချန်ရှန်းကတော့ တစ်လက်မျှ မရွေ့ဘဲရပ်မြဲတိုင်းရပ်နေသည်။
လုံချီဘုရားကျောင်း၏ တပည့်များအားလုံး တုန်လှုပ်ချောက်ခြားနေကြပြီး ဘုန်းတော်ကြီးချင်ရှုပင်လျှင် ထိတ်လန့်နေသည်။
ထိုစဉ် လေတိုးသံနှင့်အတူ တိုင်ဟန်ဓားသည် အင်မော်တယ်အိုကြီးဟွမ်းယန်၏ ဦးခေါင်းမှ ရှည်လျားသောဆံပင်ကိုဖြတ်တောက်က ကျန်းချန်ရှန်၏ခါးပေါ်ရှိ ဓားအိမ်ထဲသို့ သူ့အလိိုလိုပြန်ဝင်သွားလေသည်။
ခရမ်းရောင်ဝတ် လူငယ်လေးသည် ကျန်းချန်ရှန်ကို ကြောင်တက်တက်ငေးကြည့်နေရင်း အလွန်ထိတ်လန့်တုန်လှုပ်နေသည်။
ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.....
အင်မော်တယ်ဟွမ်းယန် မျက်လုံးအပြူးသားဖြင့် ကျန်းချန်ရှန်ကို စိုက်ကြည့်နေပြီး နဖူးပေါ်ကနေ ပဲစေ့အရွယ် ချွေးအေးများ စီးကျနေသည်။
သူသည် သေခြင်းတရား၏အငွေ့အသက်ကို နီးကပ်စွာခံစားခဲ့ရသည် ဒီခံစားချက်က ကျန်းမင်းဆက်မတည်ထောင်ခင် ဖရိုဖရဲအချိန်တွေကို အမှတ်ရစေသည်။ တစ်ခါက သူ့ကို ခေါင်းဖြတ်သတ်ချင်တဲ့ သူခိုးတစ်ယောက်ရှိခဲ့ပြီး သူ့ခေါင်းကိုဖြတ်လုနီးပါးဖြစ်ခဲ့သော ဓားချက်ကိုပြန်ပြောင်းအမှတ်ရစေသည်။
“နောက် ဒီနေရာကို ဘယ်တော့မှမလာနဲ့....."
တိုင်ဟန်ဓားသည် အင်မော်တယ်အိုကြီးဟွမ်းယန်၏ ပခုံးကို ဖြတ်၍ ၎င်း၏ စွမ်းအင် အချို့ကို ဖြတ်တောက်ခဲ့သည်။ ဒီဒဏ်ရာအတွက် သူပြန်ကောင်းလာဖို့ တစ်နှစ်ခွဲလောက် အချိန်ယူရလိမ့်မည်။
အင်မော်တယ်ဟွမ်းယန်က အံကြိတ်ကာ .....
"ကောင်းပြီ....!"
ကြောက်မက်ဖွယ်ကောင်းသော ကျန်းချန်ရှန်ရှေ့တွင် ကြမ်းတမ်းသောစကားတစ်ခွန်းမျှပင် မပြောဝံ့တော့ပေ။
ဟွမ်းဟန်၏တပည့်များ အမြီးကုပ်ကာ တောင်ပေါ်မှဆင်းသွားသော်လည်း ကျန်းချန်ရှန်း၏ဓားချက်ကြောင့် ဉာဏ်အလင်းအချို့ရသွားခဲ့ကြသည်။
ကျန်းချန်ရှန် ခရမ်းရောင်၀တ်ထားသော လူငယ်ကို ကြည့်လိုက်သည်။
သူ့နောက်မှာ အစောင့်လေးယောက်ရှိတယ်
.. သူ့အထောက်အထားက မရိုးရှင်းဘူးဆိုတာ ထင်ရှားတယ်....
.
"အတင့်ရဲလှချည်လား.. ဒုတိယမင်းသားကို ဘယ်လိုရိုင်းစိုင်းတဲ့အကြည့်နဲ့ကြည့်နေတာလဲ.... ”
အစောင့်တစ်ယောက်က ဒေါသတကြီးအော်လိုက်ပေမယ့် သူ့အသံက သိသိသာသာတုန်ရီနေသည်။
ကျန်းချန်ရှန်၏ဓားထိန်းချုပ်ခြင်းပညာက သူ့နားလည်မှုကို ဖြိုခွဲပစ်လိုက်သည်မဟုတ်လော.....
ကျန်းချန်ရှန် ထိုစကားကိုကြားသောအခါ ခရမ်းရောင်ဝတ်လူငယ်ဘက်ကို လက်သီးဆုပ်ပြီး.....
"ဒုတိယမင်းသားက လုံချီဘုရားကျောင်းရဲ့ဧည့်သည်ဖြစ်ချင်လို့လား....."
အာဏာရဖို့ မင်းသားအတုနဲ့ ပြိုင်နေတဲ့မင်းသား......
ဒုတိယမင်းသားကျန်းမင်သည် အိမ်ရှေ့မင်းသားထက် တစ်နှစ်ခွဲခန့် ငယ်သည်ဟုစတုတ္ထမင်းသားကျန်းယုထံမှ ကြားထားဖူးသည်။ သူ၏မိခင်မှာ တကျန်း၏ နံပါတ်တစ် ဗိုလ်ချုပ်ကြီးဟုန်လဲ့၏ ညီမဖြစ်သည်။ချောင်ဟူပေါင် ပုန်ကန်ပြီးနောက်၊ ဟုန်လဲ့သည် တပ်သုံးတပ်၏ စစ်ဦးစီးချုပ်ဖြစ်လာပြီး ၎င်း၏ရာထူးသည် ဒုတိယအဆင့်အရာရှိတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ သူ့လက်အောက်တွင် တပ်သားတစ်သောင်းထက်မနည်းရှိသည်။
ထုံးစံအတိုင်း ဟုန်လဲ့သည် ဒုတိယမင်းသားကို ထောက်ခံသည်။ ထို့ကြောင့် ဒုတိယမင်းသားလေး၏အဖွဲ့သည် အလွန်တန်ခိုးကြီးပြီး အိမ်ရှေ့မင်းသားထက် ယုတ်လျော့ခြင်းမရှိပေ။ အနာဂတ်တွင် မည်သူက ထီးနန်းကို အမွေဆက်ခံမည်မှာ မသေချာနိုင်တော့ပေ။
ကျန်းမင်သည် ပူလောင်သောအကြည့်ဖြင့် ကျန်းချန်ရှန်ကို စိုက်ကြည့်ကာ.....
"ကိုယ်တော်ချန်ရှန် ၊ မင်းက တကယ်ကို အံ့သြစရာကောင်းတယ.... ခုနက ဓားပညာက တကယ်ကို မှော်ဆန်တယ်....လောကတခွင်မလှည့်လည်ဖူးသေးပေမယ့် ကိုယ်တော်ချန်ရှန်းစွမ်းအားက သာမာန်မဟုတ်မှန်းသိနိုင်တယ်.....ကိုယ်တော်ချန်ရှန်းကိုဧည့်သည်အဖြစ် ဖိတ်ကြားပါရစေ.... ရာထူးကြီးကြီးတစ်ခုပေးပြီး လစာကောင်းကောင်းလည်းပေးပါ့မယ်....... ငါဒီမှာရှိနေသရွေ့ ဘာမှစိုးရိမ်စရာမရှိဘူးလို့ အာမခံပါတယ်..... မင်းလိုချင်သမျှကို ဖြည့်ဆည်းပေးနိုင်အောင် ငါအကောင်းဆုံးကြိုးစားမယ်...."
လုံချီ ဘုရားကျောင်းမှ တပည့်များက ကျန်းချန်ရှန်ကို မနာလိုစွာ ကြည့်နေကြသည်။
ယခင်က စတုတ္ထမင်းသားသည် သူ့ဆရာအဖြစ် အသိအမှတ်ပြုရန် ရောက်လာခဲ့သည်။ အခု ဒုတိယမင်းသားလည်း ဒီကို ရောက်နေပြီ။
စတုတ္ထမင်းသားကို ဒုတိယမင်းသားနှင့် နှိုင်းယှဉ်၍မရပေ.
ကျန်းချန်ရှန်က ပြုံးပြီး.....
“မင်းရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်....ကျုပ်က တာအိုပညာကိုလေ့လာလိုက်စားတာမို့ လောကီစည်းစိမ်းတွေကို မမက်မောဘူး"
ကျန်းမင် ရှေ့သို့ တိုးလာကာ ကျန်းချန်ရှန် ၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ထားပြီး လှပသော စကားလုံးမျိုးစုံဖြင့် စတင်သွေးဆောင်လေတော့သည်။
သူ့စကားတွေက မြှောက်ပင့်သလို ထင်ရပေမယ့် သူ့အဆင့်အတန်းကြောင့် အကျိုးသက်ရောက်မှုက တမျိုးတဖုံပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ရှန်၏ ယဉ်ကျေးသိမ်မွေ့သော တုံ့ပြန်မှုသည် ဒုတိယမင်းသားအား အရှက်ရစေခြင်းမရှိပေ။
ကျန်းမင်၏ဘက်တော်သားများထဲတွင် အရပ်ဘက် အရာရှိများနှင့် စစ်ဗိုလ်ချုပ်များရှိသော်လည်း ကျန်းချန်ရှန်လို ကျွမ်းကျင်သူများ မရှိခဲ့ပေ။
သူဘယ်လောက်ပဲပြောပြော ကျန်းချန်ရှန်က ငြင်းဆန်နေစမြဲပင်.... ကျန်းမင် ဝမ်းနည်းနေသော်လည်း ဒေါသမထွက်ပေ။ အဲ့ဒီအစား၊ သူက သူ့လက်အောက်ငယ်သားတွေကို ညွှန်ကြားခဲ့သည်က....
"ဒီနေ့ကစပြီး လုံချီ ဘုရားကျောင်းရဲ့ ကိုယ်တော်ချန်ရှန်းက ငါ့မိတ်ဆွေပဲ..... မြို့တော်ကိုပြန်ရောက်ရင် အင်မော်တယ်ဟွမ်းယန်ကိုလည်း ပြသာနာထပ်မရှာဖို့သတိပေလိုက်..ပြီးတော့ ကိုယ်တော်ချန်ရှန်းကိုထိပါးသူမှန်သမျှငါနဲ့တွေ့မယ်လို့ဘတမြို့လုံးသိအောင်ကြေငြာလိုက်........"
“ဟုတ်!”
အစောင့်လေးယောက်က ချက်ချင်း အမိန့်နာခံလိုက်ကြသည်။
သူတို့ငါးယောက် ထွက်သွားပြီးနောက်၊ လုံချီ ဘုရားကျောင်းမှ တပည့်များကအလွန်စိတ်လှုပ်ရှားစွာဖြင့် သူ့အနားဝိုင်းအုံလာသည်။
ချင်ရှုကတော့ ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားသည်။
မန်ချွဲ့ဆောင်က ကျန်းချန်ရှန်ဆီကို လှမ်းလာပြီး.....
"မောင်လေးချန်ရှန်.... ဘုရားကျောင်းကို တစ်ဖန် ကယ်တင်လိုက်ပြန်ပြီ.. "
"အစ်မ ဘာတွေပြောနေတာလဲ...ကျွန်တော်လည်း လုံချီဘုရားကျောင်းကလူပါ....တာဝန်တွေပိနေတဲ့အစ်မထက်စာရင် ကျွန်တော့်လုပ်ရပ်ကမပြောပလောက်ပါဘူးဗျာ....."
အချိန်တွေကုန်တာမြန်လိုက်တာ... ချန်ရှန်းတောင် အတော်အရွယ်ရောက်လာပြီ ....
ခဏတာစကားစမြည်ပြောပြီးနောက် ကျန်းချန်ရှန်အခန်းထဲကို အမြန်ပြန်လာခဲ့သည်။
“မင်းဆက်တည်ထောင်တဲ့ ဆယ့်ခုနစ်နှစ်မှာ နတ်ဆိုးပရောဟိတ် အင်မော်တယ်ဟွမ်းယနကျူးကျော်လာခဲ့တယ်။ သင်သည် သူ့ကို တွန်းလှန်ပြီး ဘေးဆိုးကြီးမှ လွတ်မြောက်စေခဲ့တယ်.... ရှင်သန်ခြင်းဆုလာဘ်ဖြစ်သည့်ပုံရိပ်ယောင်နတ်ဘုရားမျက်စိကျင့်စဉ်ကိုရရှိသည်"
ကျန်းချန်ရှန် အကြောင်းကြားစာကို ကြည့်ပြီး စိတ်လက်ကြည်သာနေသည်။
သူ၏ဝိညာဉ်စွမ်းအားများ တိုးလာကာ သူနှင့်သိုင်းပညာရှင်တို့ကြား ကွာဟမှု တိုးလာသည်နှင့်အမျှ သူခံစားရသော ဖိအားသည် ယခင်ကထက် များစွာလျော့နည်းသွားခဲ့သည်။ မနက်ဖြန်မှာ စစ်တပ်က လုံချီဘုရားကျောင်းကို ဝိုင်းထားရင်တောင် ကြောက်နေမည်မဟုတ်ပေ။ ဓားထိန်းချုပ်ခြင်းပညာကို အသုံးပြုနေသရွေ့ မြို့တော်တစ်ခုလုံးတွင် မည်သူက သူ့ကိုတားဆီးနိုင်မည်နည်း။
ဆုလာဘ်ကို လက်ခံရပြီးနောက် အလွန်ကြောက်စရာကောင်းသည်ကို အံ့ဩဖွယ်နားလည်လိုက်ရသည်။
ထိုကျင့်စဉ်ကိုအောင်မြင်စွာ ကျင့်ကြံနိူင်ပါက ပစ်မှတ်မျက်လုံးများကို စိုက်ကြည့်ပြီး မှတ်ဉာဏ်များကို ပြောင်းလဲပစ်နိုင်သည်။ ထို့သို့လုပ်နိုင်ရန် ဝိညာဉ်စွမ်းအားကို သုံးစွဲရမည်ဖြစ်သည်။ တဖက်လူကသာ သူ့ထက်အဆင့်နိမ့်နေပါက အကျိုးသက်ရောက်ပိုမိုထိရောက်ပေလိမ့်မည်။
သို့သော် တကယ်စွမ်းမစွမ်းကို လေ့ကျင့်ပြီးမှသာသိရှိနိုင်မည်ဖြစ်သည်။
ကျန်းချန်ရှန် စိတ်လှုပ်ရှားလာပြီး ပုံရိပ်ယောင်နတ်မျက်စိကျင့်စဉ်ကိုစတင်လေ့ကျင့်လေတော့သည်။
နောက်လတွင်၊ ကျန်းမင်သည် ငါးကြိမ်တိုင်တိုင် လူလွှတ်ပြီး လက်ဆောင်များ ပို့ပေးခဲ့သည်။
ဒီသတင်းက မြို့တော်အနှံ့ ပျံ့နှံ့သွားနေလေ၏။
ကျန်းချန်ရှန်က ကျန်းမင်၏ရည်ရွယ်ချက်ကိုနားလည်နေသည်။
ကံမကောင်းသည်က ကျန်းချန်ရှန်ကိုကျန်းမင် လျှော့တွက်ခဲ့ခြင်းပင်.....
ကျန်းချန်ရှန်သည် ဤရက်ရောသောလက်ဆောင်များကို လက်ခံပြီး ဘုရားကျောင်းသို့ ပေးခဲ့သည်။
ပဉ္စမလက်ဆောင်ပို့ပြီး တလခွဲကျော်တွင်ထိတ်လန့်ဖွယ်သတင်းတခုကြားလိုက်ရသည်။
ကျန်းမင် လုပ်ကြံခံရပြီး ပြင်းထန်စွာဒဏ်ရာရထားတယ်........