ဘုရင့်ဗျူဟာ....နဂါးဖြူမွေးဖွားပြီ.....
Vol. 1 Ch. 13
“နန်းတော်ထဲမှာနေတဲ့ ဒုတိယမင်းသားကို လုပ်ကြံရဲတယ်ဆိုတော့ လုပ်ကြံသူက ထိပ်တန်းကျွမ်းကျင်သူပဲဖြစ်ရမယ်.... ဘုရင်မင်းမြတ်အမျက်တော်ရှပြီး တမြို့လုံးကိုပိုက်စိတ်တိုက်ရှာနေတယ်...."
ချန်းလီသည် ဒုတိယမင်းသားကို သဘောကျခြင်းမရှိသော်လည်း အစွမ်းထက်သောလုပ်ကြံသတ်ဖြတ်သူကြောင့် ဒီသတင်းကိုမပြောဘဲမနေနိုင်ခဲ့ပေ။
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။
နန်းတော်ထဲမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရှိနေရက်နဲ့ လုပ်ကြံသူကိုဖမ်းမမိခဲ့ဘူးလား.....နည်းနည်းတော့်များသွားပြီ....တော်ဝင်မျိုးရိုးတွေအလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ ....ဒါမှမဟုတ် မင်းကြီးရဲ့စနက်တွေပဲလား......
" ဒုတိယမင်းသားအဆင်ပြေရဲ့လား...."
“ဒဏ်ရာပြင်းပေမယ့် အသက်အန္တရာယ်စိုးရိမ်စရာတော့မရှိတော့ဘူး....ဗိုလ်ချုပ်ဟုန်လဲ့ကတော့ ရူးတော့မလိုဘဲ....ဒုတိယမင်းသားရဲ့မယ်တော်က ကြင်နာတတ်တဲ့သူမဟုတ်ဘူး....."
ကျန်းချန်ရှန်း ဧကရာဇ်ကို နားမလည်နိုင်တော့ပေ။
ဘုန်းတော်ကြီးချင်ရှုနှင့် နောက်ဆုံးအကြိမ် စကားပြောဆိုပြီးနောက် ဧကရာဇ် သူ့အပေါ်အာရုံပြောင်းသွားပြီဟုထင်မိခဲ့သည်။
ဧကရာဇ်ထက် သြဇာကြီးမားတဲ့သူရှိနေသေးသလား......
ဤအရာများသာ ဧကရာဇ်လက်ချက်ဆို ဖြေရှင်းရလွယ်ကူပေလိမ့်မည်။ ကျွမ်းကျင်သောသိုင်းသမား အများအပြားရှိနေသော နန်းတော်ထဲကနေလုပ်ကြံသူလွတ်မြောက်သွားခြင်းမှာ ဧကရာဇ်မျက်ကွယ်ပြုထားပေးခြင်းကြောင့်သာဖြစ်လိမ့်မည်။
ဒါဆို ဧကရာဇ်က ကိုယ့်သားကိုယ်ဘာလို့တိုက်ခိုက်ရတာလဲ......ဒုတိယမင်းသားနေရာမှာ တစ်ယောက်ယောက်ကိုအစားထိုးတော့မလို့လား......
“မင်းဟာ နတ်ဆိုးပုရောဟိတ်ကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ကြားတယ်...ဒဏ်ရာရပြီးကတည်းက နတ်ဆိုးပုရောဟိတ်ကို မင်းကြီးက အတွေ့မခံတော့ဘူး...ပြီးတော့ မင်းကြီးက တော်ဝင်ရုံးတော်ကို တလတည်းမှာတင် လေးငါးကြိမ်သွားခဲ့သေးတယ်....မင်းကြီးရဲ့လုပ်ရပ်တွေကို ဘယ်သူမှနားမလည်နိုင်ဘူးဖြစ်နေတယ်.... အခု ဒုတိယမင်းသား ဒဏ်ရာရထားတယ်ဆိုတော့ တော်ဝင်တရားရုံးကလူတွေလည်း စိတ်ယိုင်နေကြပြီ....အဲ့အချိန်မှာ ဝန်ကြီးချုပ်က အိမ်ရှေ့စံကိုတိုင်းရေးပြည်ရာစီမံခွင့်ပေးဖို့မင်းကြီးဆီတောင်းဆိုလိုက်တယ်....ဟမ့်...သားအဖနှစ်ယောက်ကြားက မကျေလည်မှုကြောင့်တိုင်းပြည်ဒုက္ခရောက်မှာမြင်ယောင်နေပြီ....."
ချန်လီသည် နန်းတွင်းကိစ္စများကို ပြောတိုင်းအမြဲဒေါသထွက်နေပြီး ဧကရာဇ်နှင့် အိမ်ရှေ့မင်းသားတို့ကိုပင် လုံးဝဂရုမစိုက်တော့ပေ။
"ဘုရင်မင်းမြတ်က သဘောတူလိုက်လား"
“ငါလည်းသေချာမသိသေးဘူး....အဲ့နေ့တုန်းက မင်းကြီး တော်ဝင်တရားရုံကိုမသွားဘူးတဲ့..... စီရင်စုသုံးခုက မှူးမတ်တွေ မင်းကြီးကိုဒီအကြောင်းပြောပြခဲ့ပေမယ့် နောက်ထပ်ဘာသတင်းမှမကြားရသေးဘူး....."
တကျန်းမင်းဆက်သည် စီရင်စု ၃ ခုနှင့် ဝန်ကြီးဌာန ခြောက်ခုကိုစနစ်ကို ကျင့်သုံးခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံရှိ မင်းဆက်အချို့နှင့် အလွန်ဆင်တူသော်လည်း ကွဲပြားမှုအချို့လည်း ရှိခဲ့သည်။ အဆိုပါစီရင်စုသုံးခုမှာ ကျောက်ရှု ပြည်နယ်၊ ရှောင်းရှောင် ပြည်နယ်နှင့် ရှန်းရှု ပြည်နယ်တို့ဖြစ်သည်။စီရင်စုအကြီးအကဲများ၏ရာထူးအဆင့်အတန်းသည် ဝန်ကြီးဌာနခြောက်ခုထက် မြင့်မားပြီး ၎င်းတို့အားလုံးသည် ဧကရာဇ်မင်းမြတ်ကိုတိုက်ရိုက်စကားပြောခွင့်ရှိသည့် ဒုတိယအဆင့်အရာရှိများဖြစ်သည်။ ဝန်ကြီးချုပ်သည် စီရင်စု ၃ ခု၏ အကြီးအကဲဖြစ်ပြီး ၎င်း၏အာဏာသည် အရေးကြီးသော အရာရှိများထက် ပိုမိုမြင့်မားသည်။
" အစ်ကိုချန်း....ခင်ဗျားကရော ဘယ်မင်းသားကိုထောက်ခံတာလဲ....."
“ထုံးစံအတိုင်း အိမ်ရှေ့မင်းသားကိုပဲထောက်ခံမှာပေါ့ာ.... ရှေးခေတ်ကတည်းက ပထမဇနီးရဲ့အကြီးဆုံးသားတွေကပဲအရိုက်
အရာကိုဆက်ခံနိုင်မှာလေ.... ဒါပေမယ့်အိမ်ရှေ့မင်းသားက အာဏာကို ကြိုယူထားနိုင်တဲ့အတွက် အန္တရာယ်များသလို အကျိုးခံစားခွင့်လည်းများတယ်...."
ဘုရားရေ....ချန်းလီက အိမ်ရှေ့စံဘက်တော်သားပဲ....
ကျန်းချန်ရှန်း ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်နေသည်။ သို့သော် ချန်းလီသည် သူ့ရန်သူ မဟုတ်နိုင်ပေ။ မဟုတ်ရင် သူ ဒီလောက် မရိုသေတဲ့ စကားတွေ အများကြီး ပြောမှာ မဟုတ်ဘူး.....
“ အိမ်ရှေ့စံမင်းသားအပေါ် ဘုရင်မင်းမြတ်ရဲ့ သဘောထားက တစ်ခါတလေ ကောင်းသလို တစ်ခါတလေ ဆိုးဝါးတယ်
...မကြာသေးမီနှစ်အတွင်း ဧကရီကိုတောင် လျစ်လျူရှုထားခဲ့တယ်လေ..... ဘုရင်မင်းမြတ်က ဧကရီရဲ့အင်အားကို ကြောက်ရွံ့နေတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်...."
"ဧကရီရဲ့နောက်ခံအင်အားက အရမ်းအားကောင်းလို့လား..."
ချင်ရှုက ဘာမှမပြောပြသည့်အပြင် တချိန်လုံးတောင်ပေါ်မှာသာနေရသည့် ကျန်းချန်ရှန်းအတွက် နန်းတွင်းရေးရာများကိုဘာမှမသိနိုင်ခဲ့ပေ။
ချန်းလီက သက်ပြင်းချလိုက်ပြီး....
" အားကောင်းရုံတင်မကဘူး...တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကိုပါ လှုပ်ခတ်စေနိုင်တယ်... မြို့တော်မှာ တပ်စွဲထားတဲ့ မြို့စောင့်တပ်ခေါင်းဆောင်ရယ်၊ စီရင်စုအကြီးအကဲသုံးယောက်ထဲက နှစ်ယောက်ရယ်က ဧကရီရဲ့အစ်ကိုတွေမောင်တွေချည်းပဲ....အရင်မင်းဆက်ကို ပုန်ကန်တုန်းက ယန်မိသားစုကိုပဲ မှီခိုအားထားခဲ့ရတာ.... ဘုရင်မင်းမြတ်က ဧကရီနဲ့ လက်ထပ်ထားတာမို့ ယန်မိသားစုက သူ့ကို အစွမ်းကုန် ပံ့ပိုးပေးခဲ့တယ်.... အဲဒါကြောင့် သူ့မှာ စစ်သားစုဆောင်းပြီး မြင်းတွေဝယ်ဖို့ ပိုက်ဆံရှိခဲ့တာပေါ့.... အဲ့အချိန်တုန်းကဆို ယန်မိသားစုက ဘုရင်မင်းမြတ်ကို ထောက်ပံ့ပေးဖို့ စည်းစိမ်ဥစ္စာအားလုံးကိုပုံအောပေးခဲ့တာ....ယန်မိသားစုက အမျိုးသားတွေက ဘုရင်မင်းမြတ်လက်အောက်မှာစစ်ဗိုလ်ချုပ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အရည်အချင်းရှိတဲ့သူတွေကတော့ ဗျူဟာမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတယ်.... ဘုရင်မင်းမြတ် အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ယန်မိသားစုက သူ့နောက်ကို အမြဲလိုက်နေခဲ့တာ... သူတို့က ဘုရင်မင်းမြတ် အယုံကြည်ရဆုံးသော အင်အားတွေဖြစ်ပြီး ဒီအင်ပါယာကြီးကို တည်ဆောက်နိုင်သည်အထိ ကူညီပေးခဲ့ကြတယ်.....”
ကျန်းချန်ရှန်း ရုတ်တရက်အတွေးပေါက်သွားခဲ့သည်။ ဧကရာဇ်က သူ့ကို ဘာကြောင့် လူစားထိုးခဲ့သလဲ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီ.......
မင်းသားအတုကိုလည်း ကိုယ်ချင်းစာမိသည်.....ဒီကောင်က အဖြစ်ဆိုးအတွက် ရည်မှန်းခံထားရရှာတာ.....
ဧကရာဇ်က သူ့ကိုလူစားလဲခဲ့တဲ့အတွက် အိမ်ရှေ့မင်းသားအတုက သူ့သားအရင်းမဟုတ်တကြောင့် လွယ်လွယ် ဖြုတ်ချနိုင်ပါလိမ့်မည်။
ယန်မိသားစုဘက်က ဒေါသထွက်နေသော်လည်း အိမ်ရှေ့မင်းသားအစစ်ကို ရှာမတွေ့ခဲ့ပေ။ တခြားမင်းသားတွေကို နန်းတက်ခွင့်ပေးလိုက်ရင် ယန်မိသားစု တဖြည်းဖြည်း အားနည်းလာလိမ့်မည်။
သို့သော်လည်း ယန်မိသားစုတွင် နောက်ထပ် ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးပြီး ၎င်းမှာ စတုတ္ထမင်းသား ကျန်းယုဖြစ်သည်။
ဒါဆို ကျန်းယု အတွက်...
ကျန်းချန်ရှန်း၏နှလုံး အေးခဲသွားသည်။ ကျားဆိုးတစ်ကောင်ပင်လျှင်သားပေါက်များကို မစားနိုင်သော်လည်း၊ သူ့အဖေသည် အမှန်တကယ် ရက်စက်ကြမ်းကြုတ်လှသည်။
တကျန်းသည် ယုံကြည်ခြင်းကို တိုင်းပြည်၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူသည်။ ဧကရာဇ်သည် တိုင်းပြည်ကို သိမ်းပိုက်ပြီး ယန်မိသားစုနှင့် ကမ္ဘာကို မျှဝေမည်ဟု ကတိပြုခဲ့သည်။ ထို့ကြောင့် ယန်မိသားစုကို တိုက်ရိုက်မဖျက်ဆီးနိုင်ပေ။ လက်သည်မပေည်ဘဲဖျက်စီးနိုင်ဖို့ နည်းလမ်းများနှင့် အကြောင်းပြချက်များ လိုအပ်သည်။
ဤနှစ်များအတွင်း ကျေးဇူးရှိခဲ့ဖူးသော ယန်မိသာစုမှ အရေးပါသော အရာရှိများအားလုံးသည် ပုန်ကန်မှု၊ သာမန်ပြည်သူလူထုအား အနိုင်ကျင့်မှုစသည်ဖြင့် တရားစွဲခံခဲ့ရသည်။ အတိအကျပြောရရင် ဧကရာဇ်မင်းဟာ ယုံကြည်မှုကိုအကြောင်းပြပြီး အငှားလက်ဖြင့်လူသတ်နေခြင်းသာပင်......
ချန်းလီသည် ကျန်းချန်ရှန်းနှင့် နောက်ထပ် အမွှေးတိုင်တစ်တိုင်စာခန့် စကားပြောခဲ့သည်။ သူထွက်သွားပြီးနောက် ကျန်းချန်ရှန်း အတွေးထဲတွင်နစ်မြောနေဆဲပင်......
တော်ဝင်မိသားစုတွင် မိသားစုချစ်ခြင်းမေတ္တာမရှိပေ။ ဤစကားသည် သာမာန်ယုံတမ်းစကားမဟုတ်ဘဲ စစ်မှန်လွန်းသောစကားသာပင်.......
ကျန်းချန်ရှန်း သက်ပြင်းချလိုက်မိသည်။ ဧကရာဇ်ဖြစ်လာရင်တောင် မင်းဆက်ကို ဘယ်လို အုပ်ချုပ်ရမှန်းမသိသည့်အတွက်ဧကရာဇ်ဖြစ်ရန် စိတ်မဝင်စားခဲ့ပေ။ သို့သော်လည်း ဖခင်၏ယုတ်ညံ့သောအကြံအစည်များကြောင့်အတော်လေး စိတ်မကောင်းဖြစ်နေမိသည်။
….................
နန်းတော်ထဲရှိ ဒုတိယမင်းသား၏အိပ်ဆောင်ထဲတွင်......
ဆံပင်တစ်ဝက်ဖြူနေသော ကျန်းယွမ်သည် ကုတင်ဘေးတွင်ထိုင်ကာ ကျန်းမင်ကို စိတ်မကောင်းဖြစ်နေဟန်ဖြင့်ကြည့်နေသည်။
ကျန်းမင် သတိရလာပေမာ့် သူ့မျက်နှာက ဖြူဖျော့နေပြီး နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲနေသည်။ လုံချီဘုရားကျောင်းတွင် စိတ်အားထက်သန်နေခဲ့သော ကျန်းမင်နှင့် နှိုင်းယှဉ်လျှင် သူသည် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်သည်။
"နောက်ဆို အပြင်မထွက်နဲ့တော့....အေးချမ်းနေပြီလို့ထင်ရပေမယ့် အရင်မင်းဆက်ရဲ့အကြွင်းအကျန်တွေ ရှိနေသေးတယ်....နားလည်တယ်မလား....."
ကျန်းယွမ်က ကျန်းမင်၏ နောက်ကျောကို ပုတ်ကာ စိတ်ပူစွာ သက်ပြင်းချလိုက်သည်။
ကျန်းမင်က အံကြိတ်ပြီး.....
“ဒါပေမယ့် ကျွန်တော် လုပ်ကြံခံရတာ နန်းပြင်မှာမဟုတ်တာ..... ”
ကျန်းယွမ်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီး.....
"လုံချီဘုရားကျောင်းမှာ မင်းရဲ့လုပ်ရပ်တွေက အထင်ကြီးလောက်စရာပဲပေါ့....ငါလို တိုင်းပြည်အုပ်ချုပ်နေတဲ့ဘုရင်တောင် လုတစ်ယောက်ကို အပြည့်အဝကာကွယ်ပေးနိုင်မယ်လို့ ကတိမပေးရဲဘူး.... မင်းသားတစ်ပါးဖြစ်တဲမင်းက မြို့တော်တစ်ခုလုံးကိုတောင် သတင်း ဖြန့်လိုက်သေးတယ်... ရယ်စရာပဲ!"
ဒါကိုကြားတော့ ကျန်းမင် ချွေးစေးပြန်လာသည်။
ကျန်းယွမ်၏နောက်တွင် အိမ်ရှေ့မင်းသား ကျန်းချန် ရှိသည်။ သူသည် ပညာရှင်တစ်ဦးနှင့်တူသော သန့်စင်သော စိတ်ထားရှိသည်။
ကျန်းချန်က..... “ခမည်းတော်....ညီတော်ကာစိတ်မြန်လက်မြန်လုပ်တတ်သူမို့ပါ....သူ့မှာ တခြားရည်ရွယ်ချက်မရှိပါဘူး... ဒါ့အပြင် ဒဏ်ရာလည်းရထားသေးတယ်...မဆူပါနဲ့တော့ ..."
ကျန်းမင်က သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။
ကျန်းယွမ်သည် ကျန်းချန် ကို တစ်ချက်ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်။
“မင်းညီငယ်တွေကို ကာကွယ်ပေးမနေနဲ့ ..."
ကျန်းချန်က ပြုံးပြီး ဘာမှ မပြောတော့ပေ။
ကျန်းချန်ရဲ့နောက်မှာရပ်နေတဲ့ မိန်းမစိုးအိုကြီးက ကျန်းယွမ်ရဲ့နောက်ကို တစ်နှစ်ပတ်လုံး လိုက်နေတဲ့ မိန်းမစိုးလီ ဖြစ်ပြီး ကျန်းချန်ရှန်းကို နန်းတော်ထဲကနေ ခေါ်ထုတ်သွားခဲ့သူလည်းဖြစ်သည်။
မိန်းမစိုးလီက ဦးညွှတ်ပြီး ....
“အရှင်မင်းကြီး၊ အချိန်ကျပြီ....ကောင်းကင်ကို မေးဖို့အချိန်ရောက်ပြီ....”
ကျန်းယွမ် ထိုစကားကိုကြားသောအခါ မတ်တပ်ထရပ်လိုက်သည်။
" ကောင်းကောင်းအနားယူ..... တူးမြောင်းက လာမည့်နှစ်မှာ ရုပ်လုံးပေါ်လာတော့မှာ.... ငါမင်းတို့နှစ်ယောက်ကို ကျန်းနန်ကို ခေါ်သွားမယ်.....မင်းတို့တွေ ငယ်ငယ်ကတည်းက မြို့တော်ကနေ ဘယ်မှမသွားဖူးဘူးမလား.... ငါသိမ်းပိုက်ခဲ့တဲ့နိုင်ငံတော်ကြီး ဘယ်လောက်ကျယ်ပြောသလဲ သိအောင်ပြပေးမယ်....."
ကျန်းယွမ် ကြီးကျယ်ခမ်းနားသော ခြေလှမ်းဖြင့် ထွက်ခွာသွားသည့်နောက်ကို မိန်းမစိုးလီ က အလျင်စလို လိုက်သွားခဲ့လေသည်။
ကျန်းချန်က ခေါင်းခါပြီး ရယ်မောလိုက်သည်။
"ဒုတိယညီငယ်...ကောင်းကောင်းအနားယူပါ..... ငါလည်း ပြန်တော့မယ်....."
"အစ်ကို၊ နန်းတော်ထဲကတစ်ယောက်ယောက်က ငါ့ကို သေစေချင်နေတာလား...."
ကျန်းချန်ကို မကြည့်ဘဲ အပေါ်ကို စိုက်ကြည့်ရင်း သူ့လေသံက တွေးတောစရာ ဖြစ်နေသည်။
ကျန်းချန်က အနည်းငယ်စောင်းငဲ့ကြည့်ပြီး....
"ဒုတိယညီငယ်.... သမိုင်းစာအုပ်တွေဖတ်တာလျှော့သင်ပြီ...ငါတို့ရဲ့ ကျန်းမိသားစုက အစစ်အမှန်နဂါးတွေပါ... ဘယ်လိုလုပ်ပြီးအချင်းချင်းသတ်ဖြတ်ကြမှာလဲ....ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းပေးမယ်....ဟုတ်ပြီလား....."
ကျန်းချန်ထွက်သွားသောအခါ ကျန်းမင်သည် လှောင်ပြုံး ပြုံးလိုက်ပြီးမျက်လုံးများမှိတ်ချလိုက်လေသည်။
…...................
ဒုတိယမင်းသား ဒဏ်ရာရပြီးနောက် လက်ဆောင်များပေးပို့ရန် အခြားမည်သူ့ကိုမျှစေလွှတ်ခြင်းမရှိတော့ပေ။
တစ်လအကြာတွင် မြွေဥအကောင်ပေါက်လာသည်။ မြွေဖြူလေးသည် လက်သန်းလုံးလောက်သာရှိပြီး တစ်ဆယ်စင်တီမီတာလောက်သာရှည်လျားသည်။ မွေးကင်းစမြွေသည် သာမန်မြွေများနှင့်မတူပေ။ ထို့ကြောင့် ကျန်းချန်ရှန်းသည် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ အစာကျွေးတဲ့အခါမှာလည်း အတတ်နိုင်ဆုံး သတိထားပြီးကျွေးနေရသည်။
ကျန်တစ်နှစ်တာကာလအတွင်း နောက်ထပ်အန္တရာယ် မကြုံတွေ့ရတော့ပေ။
မင်းဆက်တည်ထောင်ပြီး တစ်ဆယ့်ရှစ်နှစ်...
ထိုနှစ်တွင် ဧကရာဇ်သည် အိမ်ရှေ့မင်းသားနှင့် ဒုတိယမင်းသားတို့ကိုခေါ်ကာ တူးမြောင်းဖောက်လုပ်နေသည့် ကျန်းနန် ဒေသသို့ခရီးထွက်သွားခဲ့သည်။
တူးမြောင်းသည် မြောက်မှတောင်သို့ သွယ်တန်းပြီး တည်ဆောက်ဆဲဖြစ်သော်လည်း တစ်ဝက်ကျော် ပြီးစီးနေပြီဖြစ်သဖြင့် သင်္ဘောဖြင့် လည်ပတ်နိုင်သည်။
ဧကရာဇ် မြို့တော်မှ ထွက်ခွာသွားခြင်းမှာ အရေးကြီးသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး လုံချီ ဘုရားကျောင်း၏ တပည့်များကလည်း ၎င်းကို သိရှိခဲ့ကြသည်။ ဧကရာဇ်မင်းသည် နိုင်ငံကိုတည်ထောင်ပြီးကတည်းက မြို့တော်မှ ပထမဆုံးအကြိမ်ထွက်ခွာသွားကြောင်း ချင်ကူ ထံမှလည်း ကြားသိခဲ့ရသည်။
အကယ်၍ ဧကရာဇ် မြို့တော်တွင်မရှိခဲ့ပါက ထိုမင်းမျိုးမင်းနွယ်များ သူ့ဆီလာ၍ ရှင်သန်ခြင်းဆုလာဘ်များ ပေးလိမ့်မည်။
သူသည် အချိန်အများစုတွင် လုံ့လ စိုက်ထုတ်ပြီးလေ့ကျင့်ခဲ့သဖြင့် ဝိညာဉ်စွမ်းအားများ အကန့်အသတ်မရှိတိုးပွားလာပြီဖြစ်သည်။ သူနှင့် နှိုင်းယှဉ်ပါက ထိပ်တန်း ကျွမ်းကျင်သူများသည် ဆင်နှင့်ဆိတ်ပမာကွာခြားနေပေလိမ့်မည်။
တနေ့သ၌.... ခြံဝင်းထဲတွင်.....
ကျန်းချန်ရှန်းသည် ကလေးနှစ်ယောက်နှင့်အတူ တံခါးဘောင်ပေါ်တွင် ထိုင်နေသည်။ သူတို့နှစ်ယောက်လုံးက အသက်ခြောက်နှစ် ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်ဖြစ်ကြပြီး အရွယ်အစားကြီးမားသောတာအိုဝတ်စုံကို မတော်တရော်ဝတ်ဆင်ထားသဖြင့် တမျိုးတဖုံချစ်ဖို့ကောင်းနေလေ၏။
အနီးကပ်စစ်ဆေးကြည့်သောအခါတွင်၊ကလေးနှစ်ဦးသည် မလှုပ်မယှက်ထိုင်နေကြပြီး ၎င်းတို့၏မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။
တစ်ဖက်တွင်၊ ကျန်းချန်ရှန်း၏ မျက်လုံးများသည် နေ့ခင်းကြောင်တောင်တွင်ပင် ရွှန်းလဲ့တောက်ပနေ၏။ ကလေးနှစ်ယောက်ရဲ့မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ဖို့ ပုံရိပ်ယောင်နတ်မျက်စိသုံးနေခြင်းဖြစ်သည်။
ရုတ်တရက် မျက်လုံးမှိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ ပုံမှန်ပြန်ဖြစ်သွားပြီး ကလေးနှစ်ယောက် နိုးလာသည်။
ကလေးမလေးက.... “အစ်ကို ချန်ရှန်း၊ ဘာလို့ရပ်လိုက်တာလဲ....”
ဒါတွေက သူတို့အတွက် ကျန်းချန်ရှန်း ပြောင်းလဲပေးခဲ့တဲ့ အမှတ်ရစရာတွေဖြစ်ပြီး တာအိုကျမ်းစာ နားထောင်နေတယ်လို့ လွဲမှားစွာ ထင်မြင်သွားကြခြင်းဖြစ်သည်။ တကယ်တော့ သူတို့က အခုမှ ရောက်လာပြီး ကျန်းချန်ရှန်းကလည်း ဘာမျှမပြောပြရသေးပေ။
ကောင်လေးကတော့ အူလည်လည်မျက်နှညပေးလေးနှင့် ခေါင်းကုတ်နေသည်။
" ကဲ...ဒီနေ့တော့ဒီလောက်ပဲနော်...မနက်ဖြန်ကျမှသိုင်းပညာသင်ပေးမယ်...."
နှစ်ယောက်သား ချက်ခြင်းပဲ ဝမ်းသာအားရနဲ့ ထွက်သွားကြလေသည်။
ခြံဝင်းထဲမှ ကလေးနှစ်ယောက် ထွက်သွားပြီးနောက် ကျန်းချန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ကလေးနှစ်ယောက်ရဲ့ မှတ်ညဉာဏ်တွေကို ငါးမိနစ်နီးပါး ပြောင်းလဲပြီးနောက် အတော်မူးဝေနေသည်။ ပုံရိပ်ယောင်နတ်မျက်စိ၏ ဘေးထွက်ဆိုးကျိုးများသည် အမှန်တကယ်ပင် ပြင်းထန်သည်။
သို့သော်လည်း ကျန်းချန်ရှန်း စိတ်မပျက်ခဲ့ပေ။ အဲဒီအစား ပို၍ပင် စိတ်လှုပ်ရှားနေမိသည်။ လုံလုံလောက်လောက် ကြံ့ခိုင်နေသရွေ့၊ လူတစ်ဦးရဲ့ ဘဝပထမပိုင်းရဲ့ မှတ်ဉာဏ်ကို တိုက်ရိုက်ပြောင်းလဲပြီး သူတို့ရဲ့ ပင်ကိုယ်စရိုက်ကိုပင် ပြောင်းလဲပစ်နိုင်သည်။
ကျန်းချန်ရှန်း လည်ပင်းနောက်ဘက်မှ မြွေဖြူတစ်ကောင် ထွက်လာပြီး သူ့ပါးပြင်ကို လျှာဖြင့် ပွတ်လိုက်နေပုံမှာ လွန်စွာရင်းနှီးနေသည့်ပုံပင် .....
တစ်နှစ်ခွဲအကြာတွင် မြွေဖြူသည် မီတာဝက်နီးပါးရှည်လာပြီး နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိပြီး ဉာဏ်ရည်ဉာဏ်သွေးလည်းထက်မြက်သည်။ ကျန်းချန်ရှန်းက ၎င်းကို နဂါးဖြူ(ပိုင်လုံ) ဟုအမည်ပေးကာ နဂါးအဖြစ် ပြောင်းလဲနိုင်မည့်နေ့ကို စောင့်မျှော်နေပါသည်။
ထိုညနေခင်းတွင် ချန်းလီ အလည်လာခဲ့သည်။
"ချန်ရှန်း မင်းသတိထားရမယ်..... ဘုရင်မင်းမြတ် မြို့တော်မှာ မရှိတုန်း ကြောင်မရှိကြွက်ထဆိုသလိုတွေဖြစ်လာလိမ့်မယ်..... ငါတို့ချန်းမိသားစုရဲ့သိုင်းသမားတွေဆီကနေ သတင်းရထားတယ်.... နတ်ဆိုးဂိုဏ်းတွေ မြို့တော်ထဲကို ဝင်ဖို့ ပြင်ဆင်နေကြတယ်...သူတို့တွေ နတ်ဆိုးဘုရင်အတွက် လက်စားချေချင်နေကြတာ......”
ချန်းလီ၏ လေသံက လေးနက်ပြီး သူ့မျက်နှာတွင် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။