ငါကအိမ်ရှေ့စံ...ဘာလို့လဲ ရာဇပုလ္လင်အတွက်မတိုက်ခိုက်ရမှာလဲ......
Vol. 1 Ch. 14
နတ်ဆိုးဂိုဏ်းတွေ မြို့တော်ထဲ ဝင်လာပြီလား......
“အစ်ကိုချန်....နတ်ဆိုးဘုရင်က ဘယ်လောက်အာဏာစက်ပြင်လို့လဲ...."
“ဂိုဏ်းခေါင်းဆောင်လက်အောက်မှာ ဒုတိယခေါင်းဆောင် နှစ်ယောက်ရှိတယ်... သူတို့နှစ်ယောက်ရဲ့အောက်မှာ ဆိုးယုတ်သော ဘုရင်ခုနစ်ပါးနဲ့ သံတမန်တစ်ဆယ့်ရှစ်ပါးဆိုပြီးထပ်ရှိသေးတယ်...နတ်ဆိုးဘုရင်က ထိပ်တန်းအဆင့်ငါးယောက်ထဲကတစ်ယောက်ပဲ.... လုံချီ ဘုရားကျောင်းကို တိုက်ခိုက်တုန်းက ထောင်ကျခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရထားတာမို့ ခွန်အားတဝက်လောက်တောင်မကျန်တော့ဘူး....ကောင်းကင်အကျဉ်းထောင်ရဲ့နှိပ်စက်နည်းတွေကို ထိပ်တန်းသိုင်းသမားတွေတောင်မခံနိုင်ဘူး....."
သူ့ကို ထိပ်တန်းငါးယောက်မှာ ထည့်သွင်းစဉ်းစားခဲ့တာလား.....
ကျန်းချန်ရှန်းသည် နတ်ဆိုးဂိုဏ်း၏တိုက်ခိုက်မှုကို စတင်မျှော်လင့်ခဲ့သည်။ လာမယ့်ဘေး ပြေးတွေ့တော့မည့်သဘောပင်....ရန်သူမှန်သမျှကို အမြန်ဆုံးသတ်ပစ်ရမည်.
ကျန်းချန်ရှန်း သူ့စိတ်ထဲတွင် ကိုယ်သူ သတိပေးလိုက်ပြီး မျက်လုံးများ ကြည်လင်လာသည်။
ချန်းလီက သူ့အမူအရာ အပြောင်းအလဲကို မြင်လိုက်တဲ့အခါ သူ ကြောက်လန့်သွားတယ်လို့ ထင်ပြီး....
"မင်း စိတ်ပူနေရင် ချန်း မိသားစုမှာ ခဏလောက်လာနေပါလား... နတ်ဆိုးဂိုဏ်းက ဘယ်လောက်ပဲ တန်ခိုးကြီးနေပါစေ၊ သူတို့ ဝန်ကြီးရဲ့ အိမ်ကြီးကို တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး.....”
ကျန်းချန်ရှန်းက ခေါင်းခါပြီး ....
“ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်....လုံချီ ဘုရားကျောင်းအတွက်ဒီကနေ ဘယ်မှမသွားနိုင်ဘူး... စိတ်မပူပါနဲ့.....”
“အေးပေါ့လေ... လွန်ခဲ့တဲ့ လေးနှစ်က နတ်ဆိုးဘုရင်ကို မင်းသတ်နိုင်ခဲ့တယ်...မင်း အခု ဘယ်လောက် သန်မာနေလဲ တွေ့ကြည့်လို့တောင်မဘူး...ဟားးးဟားးးး"
ကျန်းချန်ရှန်းက နှိမ့်ချစွာ တုံ့ပြန်ခဲ့ပြီး ချန်းလီ နှင့် အခြားအကြောင်းအရာများကို စတင်ပြောဆိုခဲ့သည်။
ပထမဦးစွာ၊ နှစ်စတွင် သိုင်းလောကတွင် ငယ်ရွယ်သောပါရမီရှင်တစ်ဦး ပေါ်ထွန်းခဲ့သည်။ သူသည် အသက်ဆယ့်ခြောက်နှစ်အရွယ်သာရှိသေးသော်လည်း နတ်ဘုရားသိုင်းပညာကို ကျွမ်းကျင်ပြီး အထွတ်အထိပ်သို့ တက်လှမ်းခဲ့သည်။ ယခုအချိန်တွင်၊ သူသည် ဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်လာပြီး ၎င်းကို ကွေ့ရန်နတ်ဘုရားဂိုဏ်းဟု အမည်ပြောင်းခဲ့သည်။
တကျန်းမင်းဆက်တွင် သိုင်းပညာကို တန်ဖိုးထားသည့်အတွက်ထိုသို့သော ငယ်ရွယ်သော အရည်အချင်းရှိသူကို တော်ဝင်နန်းတွင်းရှိ မင်းမျိုးမင်းနွယ်များက မျက်နှာသာပေးလိမ့်မည်။ ကွေ့ရန်နတ်ဘုရားဂိုဏ်းချုပ်နှင့် မဟာမိတ်ပြုထားသော ကလန်ဆယ်ခုထက်မနည်းရှိနေသည်။
“ငါ့အမြင်အရတော့ မင်းက တကယ့် အရူးပဲ.... ချန်ရှန်း.... မင်းနဲ့ ယှဉ်ရင် အဲ့လူက အမှုန်အမွှားလောက်ပဲရှိလိမ့်မယ်......"
ကျန်းချန်ရှန်း က ခေါင်းခါပြီး ရယ်လိုက်သည်။
“ကျွန်တော်က လူသိများတာမျိုး မဖြစ်ချင်ဘူး။ တောင်ပေါ်မှာ ငြိမ်သက်အေးချမ်းတဲ့ဘဝနဲ့ပဲနေချင်တာ.....”
"ငြိမ်သက်အေးချမ်းတဲ့ဘဝ.....!"
ကျန်းချန်ရှန်းလက်ထဲမှာ မြင်းမြီးသားယပ်ကိုင်ထားပုံက တခြားကမ္ဘာကလူတစ်ယောက်လိုထင်ရစေသည်။ တကယ်တော့ သူသည် ဘုန်းတော်ကြီးချင်ရှုထက်ပင် ပညာရှိနှင့်ပိုတူသည်။ ကမ္ဘာပေါ်တွင် ငယ်ရွယ်သောအင်မော်တယ်များသာ ရှိလျှင် သူသည် စံနမူနာ ဖြစ်ပေလိမ့်မည်။
စကားစမြည်ပြောရင်း၊ ချန်လီသည် နိုင်ငံတော်အရေးအကြောင်း အဓိပ္ပါယ်မဲ့စွာ ပြောဆိုလာကာ ဧကရာဇ်ဘုရင်အား အရူးအမူး လှောင်ပြောင်ခဲ့သည်။
ကျန်းချန်ရှန်းက သူ ပုန်ကန်ချင်တယ်လို့တောင် သံသယရှိလာမိသည်။
ကျန်းယွမ်သည် ကျန်းချန်ရှန်းကို ညှဉ်းပန်းနှိပ်စက်ခဲ့သော်ငြား ကမ္ဘာကြီးသည် ကျနမိသားစုအတွက်ဖြစ်သည်။ ကျန်းချန်ရှန်း သည် သူ့မိသားစုကို ဖြုတ်ချရန် အခြားသူများကို ကူညီမည်မဟုတ်ပေ။
တစ်နာရီကြာ စကားစမြည်ပြောပြီးနောက် ချန်းလီ နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။ သူ မထွက်ခွာခင်မှာ ကျန်းချန်ရှန်းက စာရွက်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဆေးဖက်ဝင်ပစ္စည်းအချို့အကြောင်းရေးပေးလိုက်သည်။ ချန်းလီကလည်း အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပေးမည်ဟု ကတိပြုခဲ့လေသည်။
ကျန်းချန်ရှန်းသည် နုပျိုဆေးလုံးနှင့် နတ်ဆိုးဂိုဏ်း၏ အဆိပ်အတွက် ဖြေဆေးကိုာဖော်စပ်ဖို့ ပြင်ဆင်ခဲ့သည်။ ဒုတိယမင်းသား ကျန်းမင်က သူ့အား ဆေးဖက်ဝင်ပစ္စည်းများ အများအပြား ပေးခဲ့သော်လည်း လုံလောက်မှု မရှိပေ။
ဆေးပညာတတ်ကျွမ်းထားသည့်အပြင် နွေဉီးဆောင်းဉီး ဆေးကျမ်းရှိနေခြင်းသည် ပြီးပြည့်စုံသော ကိုက်ညီမှုတစ်ခုဖြစ်သည်။ စာအုပ်ထဲတွင် ဆေးညွှန်းများစွာပါရှိသော်လည်း နုပျိုဆေးလုံး အပါအဝင် အင်မော်တယ်အဆင့်ဆေးညွှန်းအမြောက်အများ ပါဝင်ခြင်းမရှိပေ။
ကျန်းချန်ရှန်းသည် အိုမင်းသောရုပ်ရည်ဖြင့် အသက်ရှည်ရန် မလိုလားပေ။
ညချမ်းအချိန် ကျန်းချန်ရှန်း တရားထိုင်နေသော်လည်း ပိုင်လုံသည် ပြတင်းပေါက်နားသို့ တက်ကာ လကို တိတ်တဆိတ် ကြည့်နေလေသည်။ လရောင်အောက်တွင်၊ ၎င်း၏မြွေကိုယ်ထည်သည် အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။
နောက်တစ်နေ့တွင် ပုံရိပ်ယောင်နတ်မျက်စိဖြင့် မှတ်ဉာဏ်အဖျောက်ခံထားရသော ကလေးနှစ်ဦး ရောက်လာပြန်သည်။ ကျန်းချန်ရှန်းက သူတို့အပေါ် အပြစ်ရှိတယ်လို့ ခံစားမိတဲ့အတွက် ချီလက်ချောင်းပညာရပ်ကိုသင်ပေးလိုက်သည်။
ချီလက်ချောင်းသိုင်းပညာသည် ချန်းမိသားစု၏ သိုင်းပညာတစ်ခုဖြစ်သော်လည်း ချန်းလီက ၎င်းအား ပြင်ပလူများသို့ ဖြန့်ဝေခြင်းမပြုရန် တားမြစ်ထားခြင်းမရှိပေ။
ဤသို့ဖြင့်ကလေးနှစ်ဦးသည် ကျန်းချန်ရှန်း သို့ မကြာခဏ လာလည်ကြသည်။ ကျန်းချန်ရှန်းက သူတို့ကို နာမည်တောင်ပေးထားလိုက်သေးသည်။ ကောင်လေး၏အမည်မှာ ဝမ်လီဖြစ်ပြီး ကောင်မလေး၏အမည်မှာ မင်ယွဲ့ဖြစ်သည်။
ရာသီစက်ဝန်းတပတ်လည်၍ ဆောင်းရာသီရောက်လာခဲ့ပြန်သည်။
ဧကရာဇ် ထွက်ခွာသွားခြင်းကြောင့် မြို့တော်သည် ယခင်ကထက် ပိုမိုအသက်ဝင်လာခဲ့သည်။ အရင်ကထက် ကုန်သည်တွေနဲ့ အစောင့်အကြပ်အဖွဲ့တွေ ပိုများလာပြီး ရာဇ၀တ်မှုတွေလည်း ပိုများလာသည်။
မကြာသေးမီက မြို့တော်၏အစိုးရရုံးတွင် တာဝန်ကျနေသည့် ချန်းလီသည် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ အသက် 30 မပြည့်သေးပေမယ့် အသက်လေးဆယ်ကျော်နေပြီဟုပင်ထင်ရလောက်အောင်အိုစာနေလေ၏။
“ယန်မိသားစုနဲ့ ဟုန်မိသားစုတို့တွေ လျှို့ဝှက်စွာ တိုက်ခိုက်နေကြတယ်...သူတို့ အသီးသီးဟာ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ ဝိုင်းအုံနေပြီး သိုင်းလောကရဲ့ကျွမ်းကျင်သူတွေတောင်ပါတယ်....နတ်ဆိုးကလန်ကိုချေမှုန်းဖို့ကြောင်းပြပြီး ရန်သူတွေကိုတိုက်ခိုက်ချင်နေကြတာအသိသာကြီးပဲလေ....."
ချန်းလီက စိုးရိမ်တကြီး သက်ပြင်းချလိုက်သည်။
"ဒါဆို ချန်းမိသားစုလည်း သတိထားရမယ်...."
ချန်းလီက ခေါင်းခါပြီး ....
“ချန်းမိသားစုက ဘက်မလိုက်ဘူး.... မိသားစုအကြီးအကဲက အခွန်ဝန်ကြီးဆိုတော့ ဘယ်သူက ထိပ်တန်းဝန်ကြီးခြောက်ယောက်ကို ထိဝံ့မှာလဲ.... ”
ကျန်းချန်ရှန်းက ဒါဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားမိပြီး ဘာမျှထပ်မပြောတော့ပေ။
ဒီတစ်ကြိမ်မှာတော့ ချန်းလီက သူ့ကို ဆေးဖက်ဝင်ပစ္စည်းတွေ ပို့ပေးဖို့ အဓိက ကူညီပေးခဲ့ပါသည်။ ရာနှင့်ချီသော ဆေးဖက်ဝင်ပစ္စည်းများပါရှိပြီး ပါဝင်ပစ္စည်းတစ်မျိုးစီကို ဆယ်ခုစီရှာထားပေးသည်။ စုစုပေါင်း သေတ္တာကြီးနှစ်လုံးကို တောင်ပေါ်ထိရောက်အောင် ပို့ပေးခဲ့ရှာသည်။ ချန်းလီ သည် သူပေးသောဆေးစာ၏ 90%
ကို ပြင်ဆင်ထားပြီး မည်မျှဂရုစိုက်သည်ကို မြင်တွေ့နိုင်သည်။
ချန်လီသည် မြို့တော်ရှိ လတ်တလောဖြစ်ရပ်များအကြောင်း ရှင်းပြပြီးနောက် အမြန်ထွက်ခွာသွားခဲ့သည်။
ကျန်းချန်ရှန်း ဆေးဖက်ဝင်ပစ္စည်းများကို စတင်ရေတွက်ခဲ့သည်။ နုပျိုဆေးလုံး အတွက် ပါဝင်ပစ္စည်းများ ပြည့်စုံပါသော်လည်း ဘုန်းတော်ကြီးချင်ရှု၏ အဆိပ်ဖြေဆေးအတွက် ဒဏ်ရာများကို ဂရုတစိုက်စစ်ဆေးရန် လိုအပ်နေသေးသည်။
ထို့နောက် ကျန်းချန်ရှန်းသည် ဘုန်းတော်ကြီးချင်ရှုဆီသို့ သွားရောက်လည်ပတ်ရန် အခန်းထဲမှ ထွက်လာခဲ့သည်။
ဘုန်းတော်ကြီးချင်ရှုသည် လူသိရှင်ကြား ပေါ်လာခဲသည်။ သူသည် အရေးကြီးကိစ္စရပ်အားလုံးကို မန်ချွဲ့ဆောင်ထံလွှဲပြောင်းပေးခဲ့ပြီ ဆိတ်ငြိမ်သော ခြံဝင်းထဲက သစ်ပင်အောက်တွင်သာ တရားထိုင်နေခဲ့သည်။
“ဆရာ...ကျွန်တော် မကြာသေးခင်ကမှ ဆေးပညာ ကောင်းကောင်းနားလည်ခဲ့တယ်....ဒဏ်ရာတွေကိုစစ်ဆေးကြည့်လို့ရမလား....."
ဘုန်းတော်ကြီးချင်ရှုက မျက်လုံး မဖွင့်ဘဲ ပဆိပ်မိထားသော လက်ကိုသာ ရှေ့ထုတ်ပေးခဲ့သည်။ အခုဆို သူ့လက်မောင်းတစ်ခုလုံး မည်းနက်နေပြီး သန်ကောင်ကဲ့သို့ သွေးကြောများကလည်း ခရမ်းရောင်ပြောင်းနေပြီဖြစ်သည်။
ကျန်းချန်ရှန်းက ရှေ့ကို လှမ်းပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
"ချန်ရှန်း.....ချန်းလီနဲ့စကားပြောတဲ့အခါ သတိထားပါ...."
“သူလာတိုင်း လက်ဆောင်ပေးတာကလွဲလို့ ထွေထွေထူးထူးကိစ္စတွေကိုပဲ ပြောတတ်တယ်.... သူ့အတွက် တခုခုလုပ်ပေးဖို့ဘာမှမတောင်းဆိုဖူးပါဘူး....”
ဘုန်းတော်ကြီးချင်ရှု က ခေါင်းညိတ်လိုက်ပြီး.....
"ချန်းမိသားစုမှာ ရှုပ်ထွေးတဲ့ နောက်ခံတွေ ရှိပြီး တော်ဝင်တရားရုံးကလည်း သူတို့ကိုအသိအမှတ်ပြုချင်ကြတာမဟုတ်ဘူး..... ဒါ့ကြောင့်လည်း ချန်းလီ ဒီကိုလာနေတာကိုအခုထိခွင့်ပြုပေးထားတာ.... ဘာပဲဖြစ်ဖြစ် ချန်းမိသားစုက အသွားနှစ်ဖက်ပါတဲ့ဓားနဲ့တူတယ်....တချက်လေးသတိလွတ်လိုက်တာနဲ့ ချောက်ထဲကျသွားလိမ့်မယ်....."
“သူတို့က အရင်မင်းဆက်က အရာရှိတွေဆိုတာ ကျွန်တော်သိတယ်... "
"မင်းရဲ့ ကန့်သတ်ချက်တွေကို မင်းသိတာ ကောင်းပါတယ်.... ငယ်ငယ်ကတည်းက ဘာမှမသင်ပေးနိုင်ခဲ့ပေမယ့် အခုလိုသိတတ်နားလည်နေတာကြောင့်လည်း ဝမ်းသာမိပါတယ်..... မင်းသားနှစ်ပါး မင်းကိုမချည်နှောင်နိုင်ခဲ့တာကိုကြည့်ရင် မင်းမှာ ကိုယ့်အတွေးအမြင်ရှိမှန်း သိနိုင်တယ်....."
ဘုန်းတော်ကြီးချင်ရှုက ကြင်နာသော အပြုံးကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်ရှန်းက သူ့ကို စိုက်ကြည့်ရင်း....
“ဆရာနဲ့ ဘုရင်မင်းမြတ်ရဲ့ ဇာတ်လမ်းကို ပြောပြပေးနိုင်မလား”
ဘုန်းတော်ကြီးချင်ရှု တိတ်ဆိတ်နေခဲ့သည်။
ဆရာကြီးနှင့် တပည့်ကြား စကားပြောဆိုမှုကို လုံးလုံးလျားလျား ထုတ်ဖော်မပြသော်လည်း ပြတ်ပြတ်သားသား နားလည်မှု ရှိကြသည်။
“အင်း....အဲ့တုန်းက ငါလည်းအခုလို တယအိုဘုန်းတော်ကြီးဖြစ်မလာသေးသလို ဧကရာဇ်ကလည်း ဧကရာဇ်မဟုတ်သေးဘူး.... ငါတို့က တနယ်တည်းသားတွေ....ငါတို့မြို့ကိုရန်သူတွေဝင်စီးပြီး ငါတို့မိသားစုတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်.... ငါတို့နှစ်ယောက်သာ လွတ်မြောက်ခဲ့တာ..... ဧကရာဇ်ကို ကယ်တင်ဖို့ ကူညီပေးခဲ့တာကိုပဲ ကမ္ဘာကသိတယ်.... သိုင်းပညာမလေ့ကျင့်ခင်မှာ သူက ငါ့ကို အမြဲကာကွယ်ပေးခဲ့တာကို သိတဲ့သူသိပ်မရှိလောက်ဘူး..…”
ဘုန်းတော်ကြီးချင်ရှုသည် မျက်လုံးများကိုဖွင့်ပြီး သူ့ခေါင်းပေါ်ရှိ သစ်ရွက်များကို အဆုံးမရှိ လွမ်းဆွတ်နေဟန်ဖြင့်မော့ကြည့်နေသည်။
ကျန်းချန်ရှန်းက ကျန်းယွမ် ဘယ်လိုလူလဲဆိုတာကို အာရုံစိုက်နားထောင်နေသည်။
ဘုန်းတော်ကြီးချင်ရှု၏ဇာတ်လမ်းတွင် ကျန်းယွမ်သည် ရဲရင့်ပြီး သစ္စာရှိသူဖြစ်သည်။ စိတ်ပျက်အားငယ်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရာရာကို သတ္တိရှိရှိနဲ့ ရင်ဆိုင်တတ်ပြီး နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ဖြစ်သည်။ သူဘယ်ကိုသွား သွား သစ္စာရှိနောက်လိုက်အုပ်စုကို အမြဲရရှိပါလိမ့်မည်ဖြစ်ပြီး ယန်မိသားစု၏ အထောက်အပံ့ကို ရရှိပြီးနောက် ကျန်းယွမ်သည် လုံးဝ အာဏာရလာသည်။
သို့သော်လည်း ကျန်းယွမ်သည် နိုင်ငံကို တည်ထောင်ပြီး ထီးနန်းရယူသောအခါတွင် ပြောင်းလဲလာခဲ့သည်။
“အဲ့နေ့တုန်းက.... နန်းမြင့်မျှော်စင်ပေါ်ကနေ အောက်ဘက်က အရာရှိတွေ၊ ဗိုလ်ချုပ်တွေနဲ့ ကြီးမားတဲ့ စစ်တပ်တွေကို ငုံ့ကြည့်နေတယ်.... သူ့ပုံစံက သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေတဲ့နတ်ဘုရားတပါးလိုပဲ.... လူအုပ်ကြားထဲမှာ ငါလည်း ရှိနေခဲ့တယ်..ဒါ့ကြောင့် သူ့အမူအရာ အပြောင်းအလဲကို သတိထားမိခဲ့တယ်.... သူပြောင်းလဲသွားပြီ.... အရင်က မာနနဲ့ပျော်ရွှင်ခြင်းတွေအစား စိုးရိမ်မှုတွေ၊အကြောက်တရားတွေ အစားထိုးနေခဲ့ပြီ.....ငါတို့နဲ့ သိကျွမ်းခင်မင်ဖူးခဲ့တဲ့ ကျန်းယွမ်အစား ကောင်းကင်ထက်မြင့်ချင်တဲ့ ဧကရာဇ်ယွမ်ကို အစားထိုးလိုက်ပြီလေ......"
“ရှေးခေတ်ကတည်းက ဘုရင်တိုင်း ဘယ်အချိန်လုပ်ကြံခံရမလဲတွေးပြီး အကုန်လုံးကိုသံသယစိတ်နဲ့ကြည့်နေရတာ.... ဒါ့ကြောင့် သားအဖဆက်ဆံရေးမှာတောင် သာမာန်လူတွေလို နွေးထွေးမှုပေးနိုင်ဖို့မလွယ်ဘူး.....သူက ကမ္ဘာကြီးကိုအုပ်စိုးချင်တဲ့အပြင် နှစ်တစ်သောင်းကြာတဲ့အထိ အသက်ရှည်ချင်နေတာ......"
ကျန်းချန်ရှန်း သည် သူ့အသက်ဆယ့်ရှစ်နှစ်တွင် ကျန်းယွမ်နှင့် တစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း သူနှင့် အမှန်တကယ် ပြောဆိုဆက်ဆံခြင်းမျိုးမရှိခဲ့ပေ။
"လူတိုင်းက ဧကရာဇ်ဖြစ်ချင်ပေမယ့် ဧကရာဇ်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ဘယ်သူသိမှာလဲ.... ငါ့တပည့်....မင်းဧကရာဇ်မင်းဖြစ်ခဲ့ရင် ဘယ်လိုဧကရာဇ်မျိုးဖြစ်လာမလဲ...."
ကျန်းချန်ရှန်း ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"ဧကရာဇ် ဖြစ်ဖို့ဘယ်လိုကြိုးစားရမလဲမသိသလို....ဖြစ်လည်းမဖြစ်ချင်ဘူး....."
ဘုန်းတော်ကြီးချင်ရှုက သူ့ကို အဓိပ္ပါယ်ပါတဲ့အကြည့်နဲ့သာငေးကြည့်နေလေ၏။
ဇာတ်လမ်းဆုံးချိန်တွင် ဒဏ်ရာကိုစစ်ဆေးပြီးပြီဖြစ်သောကြောင့် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။
ဘုန်းတော်ကြီးချင်ရှုက သူ့ရင်ထဲက အတွေးတွေကို ထွင်းဖောက်မြင်နေသလိုပင်.....
ကျန်းချန်ရှန်းက ဘုန်းတော်ကြီးချင်ရှု ကျောပေးလိုက်ချိန်တွင် အေးစက်သောအပြုံးမျိုး ပြုံးလိုက်လေသည်။
ဧကရာဇ်?တကယ်မက်လောက်စရာပဒ...ငါက အိမ်ရှေ့မင်းသားမို့ ထီးနန်းကို ဘာလို့ မပိုင်ဆိုင်နိုင်ရမှာလဲ.....
ကျန်းချန်ရှန်း၏ နှလုံးသားထဲတွင် ရူးသွပ်သော အကြံအစည်များ ပေါက်ဖွားလာသည်။
ကျန်းယွမ်မှာ အကြောင်းပြချက်ထောင်ပေါင်းများစွာနဲ့ ရပ်တည်မှုတွေရှိပေမယ့် ဘယ်သူမှ သူ့ကိုလှည့်စားလို့မရနိုင်ပေ။
"ခင်ဗျားတောင် တလောကလုံးကိုလှည့်စားနိုင်ခဲ့သေးတာပဲ....ဒီတခါကျုပ်အလှည့်.... ဘယ်နည်းလမ်းတွေက ပိုကောင်းလဲ ကြည့်ရအောင်......"
တာအိုသဘာဝကျင့်စဉ်၏ တတိယအဆင့်သည် ထိပ်တန်းကျွမ်းကျင်သူကို အလွယ်တကူ သတ်ပစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် စတုတ္ထအဆင့်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူနဲ့လက်ရည်တူတိုက်ခိုက်နိုင်လောက်သည်။ စစ်မှန်သော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူကို တစ်ခါမှ မမြင်ဖူးသောကြောင့် ကျန်းချန်ရှန်း သည် သူ့ပြိုင်ဘက်ကို လွန်ကဲစွာ တွက်ဆထားရပေမည်။
…..............
နွေရာသီနဲ့ ဆောင်းဦးရာသီတွေမှာ မြို့တော်မှာ ပလိပ်ရောဂါဖြစ်ပွားနေသည့်အတွက် သုသာန်တစပြင်လိုတိတ်ဆိတ်ခြောက်ကပ်နေသည်။ ပလိပ်ရောဂါကူးစက်ခံရသူများ၏ ခြေလက်အင်္ဂါများသည် ပျော့ညံ့လာပြီး စိတ်နေစိတ်ထားကလည်း အထိမခံနိုင်လောက်အောင် ဒေါသထွက်လွယ်နေကြသည်။ တစ်စုံတစ်ဦးနှင့် ငြင်းခုံရန်ဖြစ်လျှင်ပင် ၎င်းတို့၏ အတွင်းအင်္ဂါများပြင်းထန်စွာတုန်လှုပ်ကာ နာကျင်သေဆုံးသွားမည်ဖြစ်သည်။
ဤကာလအတွင်း ကျန်းချန်ရှန်း သည် နုပျိုဆေးလုံးနှင့်ဘုန်းတော်ကြီးချင်ရှုအတွက် အဆိပ်ဖြေဆေးကို ဖော်စပ်ရန်အလုပ်များနေခဲ့သည်။ ချင်ကူသာ ပလိပ်ရောဂါအကြောင်း လာမပြောလျှင် သိလိမ့်မည်မဟုတ်ပေ။
လုံချီဘုရားကျောင်းသည် တံခါးများကို ပိတ်ထားပြီး ဧည့်သည်များကို လက်မခံတော့ပေ။
ကျန်းချန်ရှန်းသည် ပလိပ်ရောဂါပြီးနောက် ရှင်သန်ခြင်းဆုလာဘ်ကိုပင် မျှော်လင့်နေခဲ့သည်။
တစ်နေ့သ၌....
နုပျိုဆေးလုံး သုံးလုံးကိုဖော်စပ်နိုင်ခဲ့ပြီး တစ်လုံးကို စားသုံးလိုက်သည်။ ဤအချိန်မှစ၍ သူ၏ငယ်ရွယ်မှုသည် ထာဝရတည်မြဲနေမည်ဖြစ်ပြီး အသက်တစ်ဆယ့်ရှစ်နှစ်သား၏ အသွင်အပြင်ကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
နုပျိုဆေးလုံး၏ အာနိသင် မည်မျှကြာမည်ကို သူမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူ့အသွင်အပြင် ပြောင်းလဲလာပါက အခြား နုပျိုဆေးလုံး တစ်လုံးထပ် သောက်ရပေတော့မည်။
ဘုန်းတော်ကြီးချင်ရှုအတွက် ဖြေဆေးက တော်တော်ခေါင်းကိုက်စရာပင်...နွေဉီးဆောင်းဉီးဆေးကျမ်း ၏ ဆေးညွှန်းအရ၊ လက်ရှိတွင်ဆေးဖက်ဝင်ပစ္စည်း ချို့တဲ့နေသည်။ သို့သော် အချိန်သုံးနှစ်ကျန်သေးသဖြင့် အလျင်လိုနေစရာမလိုပေ။