ကြီးမြတ်သော ကျင်းပိုင်ရိ..... ကောင်းကင်ဘုံမှကျော်ကြားသောဓား.......
Vol. 1 Ch. 15
ညဉ့်ဉီးပိုင်းတွင်နန်းတော်မှလွဲ၍ မြို့တော်တစ်ခုလုံး မှောင်မိုက်နေသည်။
လူအယောက်တစ်ရာခန့်က အပန်းဖြေဆောင်ထဲတွင် ရပ်နေပြီး သူတို့အဝတ်အစားတွေ လေထဲမှာ လွင့်နေသည်မှာ သရဲတစ္ဆေသရဲများသဖွယ်ပင်.....
ထို့နောက် ထိုလူများ ရုတ်တရက် ပျောက်ကွယ်သွားကြတယ်။ ထိုညတွင် မြို့ထောင့်အရပ်ရပ်မှ အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံး ပွက်လောရိုက်ကုန်သည်။
ညတွင်းချင်းပင် လူ ၁၈၆ ဦး သေဆုံးခဲ့သည်။ ၎င်းတို့အားလုံးသည် အရာရှိစံအိမ်များမှဖြစ်သည်။ အသေအပျောက်များထဲတွင် သခင်ငယ်လေးများနှင့်အစေခံများလည်း ပါဝင်သည်။
မိုးမလင်းခင်မှာ တစ်မြို့လုံးက တရားခံအစစ်ကို ရှာဖွေခဲ့ကြသည်။
လုံချီဘုရားကျောင်းမှာရှိတဲ့ ကျန်းချန်ရှန်းဟာ မြို့ထဲက စူးရှတဲ့ အော်ဟစ်သံတချို့ကို ကြားခဲ့ရပေမယ့် စိတ်ဝင်စားခြင်းမရှိခဲ့ပေ။
လုံချီတောင် ပြင်ပမှကိစ္စများက သူနှင့်မသက်ဆိုင်ပေ။
ထိုသို့သောနေ့ရက်များသည် သုံးရက်တိုင်ကြာရှည်ခဲ့ပြီး မြို့တော်ကလူတိုင်း မလုံခြုံသလို ခံစားနေရဆဲပင်.....
မြို့တော်၏ အစိုးရရုံးတွင်.......
ချန်လီသည် ခန်းမအတွင်းရှိ အလောင်းများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ဘေးနားမှ အရာရှိငယ်တစ်ဦးက....
“သခင်၊ နတ်ဆိုးဂိုဏ်းရဲ့ နေရာကို လျှို့ဝှက်ထားတယ်..... ဒီကိစ္စကကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်တာထက်ကျော်လွန်နေပြီ...ကျွန်တော်တို့ထဲက အသန်မာဆုံးက ပထမအဆင့်ပဲဆိုတော့ ဝတ်ဖြူတော်အစောင့်တွေကိုဖိတ်လိုက်ကြမလား....."
ချန်းလီက သက်ပြင်းချလိုက်ပြီး.....
"သူတို့ကို ငါ မဖိတ်ဘူးလို့ မင်းထင်နေတာလား....ဝတ်ဖြူတော်အစောင့်တွေက ငါ့တောင်းဆိုချက်ကိုပယ်ချခဲ့ကြတယ်....."
ထိုအခါ အဆင့်နိမ့်အရာရှိက ဒေါသတကြီးနဲ့.....
" ဒါ ဘာသဘောလဲ.... အခုဆို မြို့ထဲမှာ အသေအပျောက် အတော်များနေပြီး...
ဘုရင်မင်းမြတ် မရှိတာနဲ့ ဝတ်ဖြူတော်အစောင့်တွေက လှုပ်ရှားဖို့ဆန္ဒမရှိကြဘူးပေါ့....လစာကျတော့အချိန်မှန်မှန်ယူတယ်...အလုပ်ကျတော့မလုပ်ချင်ဘူး....ဟာသပဲ......"
ချန်းလီသည် အဆင့်နိမ့်အရာရှိကို ဟန့်တားခြင်းမပြုခဲ့ပေ။ သူလည်း ဒေါသထွက်နေပေမယ့် အခုချိန်မှာတော့ ဒေါသထွက်ရမယ့်အချိန်မဟုတ်သေးပါဘူး။ သူသည် နတ်ဆိုးဂိုဏ်း၏ လုပ်ရပ်များကို ရပ်တန့်ရန် နည်းလမ်းကို တွေးတောနေခဲ့ရသည်။
တစ်ဖက်မှ အရာရှိတစ်ဦးက ....
“သခင်ကြီး.... ညကင်းစောင့်ရဲ့ အဆိုအရ၊ နတ်ဆိုးဂိုဏ်းမှာ အနည်းဆုံး လူတစ်ရာလောက်ရှိတယ်တဲ့...အဲ့လောက်လူအများကြီးကိုခြေရာခံဖို့ကြတော့......."
"ဒါကို ငါမသိဘူးလို့ ထင်နေတာလား....."
စစ်ဆေးရေးမှူး အသံတိတ်သွားသည်။
ချန်းလီ ခေါင်းကိုက်နေပြီဖြစ်သည်။ လက်ရှိအခြေအနေကို မျက်ကွယ်ပြုထားနိုင်သော်လည်း ဧကရာဇ် မြို့တော်သို့ ပြန်ရောက်သောအခါ ပထမဆုံးမေးခွန်းထုတ်ခံရမည့်သူမှာ သူသာလျှင်ဖြစ်သည်။ နောက်ဆုံးတော့ သူ့တာဝန်က ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ပင်မဟုတ်လား......
“အမြော်အမြင်မဲ့လွန်းတယ်…”
ချန်းလီ အသက်ပြင်းပြင်းရှူပြီး မတ်တပ်ရပ်လိုက်သည်။
အဆင့်နိမ့်အရာရှိက.... “သခင်၊ ဘယ်သွားမလို့လဲ” ဟု အလျင်စလို မေးသည်။
"ပထမအဆင့် ကျွမ်းကျင်သူက လက်ရှိအခြေအနေကို မကိုင်တွယ်နိုင်တဲ့အတွက် ထိပ်တန်းကျွမ်းကျင်သူကို ဖိတ်ခေါ်မယ်!"
အဆင့်နိမ့်အရာရှိနှင့် စစ်ဆေးရေးမှူးတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မချိပြုံး ပြုံးလိုက်ကြသည်။
ဤသခင်သည် ကဏ္ဍပေါင်းစုံ၌ ထူးချွန်သော်လည်း သူသည် ဖြောင့်မှန်လွန်းသည်။
ကမ္ဘာကြီးသည် ထင်သလောက်မရိုးရှင်းပေ....
….................................
ညကောင်းကင်အောက်တွင် မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
လူရိပ်များသည် တံစက်မြိတ်ပေါ် လျင်မြန်စွာ ခုန်ဆင်းသွားကြသည်။ထိုသူများသည် အနက်ရောင်ပုဝါများဖြင့် မျက်နှာများကို ဖုံးအုပ်ထားပြီး အနက်ရောင် ဝတ်စုံများဝတ်ဆင်ထားကြသဖြင့် မျက်လုံးများသာ ပေါ်လွင်နေသည်။ သူတို့အားလုံးသည် ဓားနှင့် ထက်ရှသောလက်နက်များကို လက်ထဲ ကိုင်ဆောင်ထားကြပြီး ပျံလွှားများကဲ့သို့ ပေါ့ပါးစွာပြေးလွှားနေကြသည်။ သူတို့နောက်မှာ ဝတ်ရုံဖြူဝတ်ထားသူက လက်ထဲမှာ ဓားတစ်လက်နဲ့ လိုက်လာနေသည်။
ဝတ်ရုံဖြူဝတ်ထားသူသည် အော်ပရာမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်ဖြင့် ဓားကို ကိုင်ဆောင်ထားသည်။ ကိုယ်ဟန်အနေအထားကိုကြည့်ရုံဖြင့် အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်းသိနိုင်သည်။
သူမသည် အလွန်လျင်မြန်ပြီး ငန်းတစ်ကောင်လို ဖြတ်လတ်သည်။ သူမသည် အနက်ရောင်ဝတ်ရုံလူကို အမြန်ဖမ်းကာ ဓားဖြင့်ခုတ်လိုက်သည်။
အနက်ရောင်ဝတ် အမျိုးသားသည် ဓားကို ရှောင်ရန် နံဘေးသို့ ခုန်ဆင်းသွားသော်လည်း ဝတ်ရုံဖြူ အမျိုးသမီးက ၎င်း၏ ခြေကျင်းဝတ်ကိုလှမ်းဆွဲလိုက်သည်။
လရောင်အောက်မှာ ဓားသွားချင်းထိသံတွေက ကြောက်မက်ဖွယ်ကောင်းလှသည်။ သွေးစက်တွေက တံစက်မြိတ်ပေါ် ဖြန်းခနဲဖြာကျလာပြီး လမ်းမပေါ်အထိစီးဆင်းနေသည်။
အနက်ရောင်ဝတ် အမျိုးသားများသည် တယောက်ပြီး တယောက် ရပ်တန့်ကာ အဖြူရောင် ၀တ်ထားသော အမျိုးသမီးကို အမြန် ဝိုင်းထားကြသည်။
အနက်ရောင်ဝတ်ရုံခေါင်းဆောင်က ဓားရှည်ကြီးကို သူ့လက်ထဲမှာ ကိုင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်သည် သံမျှော်စင်ကဲ့သို့ ခိုင်ခံ့ပြီး အလွန်လွှမ်းမိုးထားသည်။ ဝတ်ရုံဖြူအမျိုးသမီးကို စိုက်ကြည့်ရင်း အေးစက်သောလေသံဖြင့်....
“ဝတ်ဖြူတော်အစောင့်တွေက ဒီကိစ္စကို တကယ်ဝင်စွက်ဖက်မှာလား”
၀တ်စုံဖြူဝတ် အမျိုးသမီးက အော်ဟစ်ပြီး....
“တကျန်းရဲ့ ၀တ်ရုံဖြူတွေက တိုင်းပြည်နဲ့ ပြည်သူကို ကာကွယ်ပေးတယ်”
"မင်းရဲ့သခင်က ညဘက်အပြင်မထွက်ဖို့ မမှာထားဘူးလား....."
ဝတ်ရုံဖြူအမျိုးသမီးက ပြန်မဖြေဘဲ ထွားကြိုင်းသော အမျိုးသားကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။ဝတ်ရုံဖြူအမျိုးသမီး၏ရုပ်သွင်သည် သရဲတစ္ဆေနှင့်တူပြီး သူမ၏ လှုပ်ရှားမှုက အလွန်လေးနက်သည်။ အရပ်ရပ်မှလာသော ဓားများကို ရှောင်တိမ်းလိုက်ပြီး ထွားကျိုင်းတဲ့လူကို ဓားနဲ့ထိုးလိုက်သည်။
ထွားကြိုင်းသောလူ၏မျက်လုံးများသည် ချက်ချင်းပင် စူးစူးရဲရဲဖြစ်လာသည်။ သူသည် ဓားသွားကို လက်တစ်ဖက်ဖြင့် မြှောက်လိုက်ရာ စစ်မှန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဝတ်ရုံဖြူ အမျိုးသမီးကို ဖိအားပေးလိုက်သည်။
“ဟမ်၊ ထိပ်တန်းကျွမ်းကျင်သူ.... ရွှံ့ရေကို တစ်ယောက်တည်း မွှေဝံ့တာ အံ့သြစရာ မရှိတော့ဘူး.... ကောင်းပြီ...ငါမင်းကိုသေမင်းဆီပို့ပေးမယ်....."
ထွားကျိုင်းသောလူသည် လူသတ်သမားအသွင်ဖြင့် ဝတ်ရုံဖြူတော်အား သတ်ရန် ဓားကို မြှောက်လိုက်သည်။
အခြားတစ်ဖက်တွင်မူ.....
နန်းတော်တံခါးရှေ့တွင်.....
ချန်လီကို စာရေးလေးယောက်က စောင့်ကြပ်လာခဲ့သော်လည်း နန်းတော်စောင့်များက တားဆီးခဲ့သည်။
သူက ချက်ချင်းပဲ တံဆိပ်တစ်ခုကို ထုတ်ယူပြီး ......
“ဒါက ဧကရီက ငါ့အတွက် ပေးခဲ့တဲ့ ဧကရာဇ် တံဆိပ်ပြားပဲ....အခုချက်ချင်း ဧကရီနဲ့တွေ့မှဖြစ်မယ်....."
အစောင့်တစ်ဦးက.... “ဒီနေ့ည နန်းတော်ပိတ်တယ်.... နန်းတော်ထဲကို ဘယ်သူမှ ၀င်ခွင့်မပေးဘူး.....”
"အခု မြို့ထဲက သူခိုးတွေ စိတ်ကြိုက်မင်းမူနေကြတယ်.... ဘုရင်မင်းမြတ်မရှိတဲ့ချိန်မှာ
ဧကရီက မြို့တော်ကို အုပ်စိုးနိုင်တယ်...... မင်းငါ့ကိုတားရင် ဒီညသေတဲ့သူတိုင်း မင်းကိုအပြစ်ပြောလိမ့်မယ်.... ဘုရင်မင်းမြတ် ပြန်ကြွလာတဲ့အခါ ခေါင်းဖြတ်ခံရရုံတင်မကဘဲ မင်းမိသားစုတစ်ခုလုံးကိုလည်း ကွပ်မျက်လိမ့်မယ်!”
အစောင့်တွေ မျက်မှောင်ကြုတ်လိုက်ကြသည်။ အခြားအစောင့်များ၏ အမူအရာများ ပြောင်းလဲသွားသော်လည်း ၎င်းတို့သည် ချက်ချင်းမဖယ်ခွာဘဲ ဆက်လက်ပိတ်ဆို့နေခဲ့သည်။
ချန်းလီ သူတို့ကို ဘယ်လောက်ပဲ ခြိမ်းခြောက်နေပါစေ....ကျော်ဖြတ်ခွင့်ပေးမည့်ပုံမပေါ်ပေ။ချန်လီ၏အမိန့်အရ စာရေးလေးယောက်က ဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားကြလေသည်။
"ချန်းလီ....အတင့်ရဲလှချည်လား...မင်းဉီးလေးက အခွန်ဝန်ကြီးဖြစ်နေရင်တောင် အခုလိုနန်းတော်ထဲ အတင်းကျူးကျော်နေတာက မင်းတို့တစ်မိသားစုလုံးကို ကွပ်မျက်လို့ရတယ်......."
ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာပြီး စာရေးလေးယောက် ရပ်တန့်သွားသလို ချန်းလီ၏ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။
မိန်းမစိုးလီသည် မိန်းမစိုးများခြံရံလျှက်အမှောင်ထဲမှ ထွက်လာသည်။
"လီကုန်းကုန်း အခြေအနေက အရေးကြီးတယ်။ ခြွင်းချက်အနေနဲ့ ဝင်ခွင့်ပေးဖို့
ကျုပ် လီကုန်းကုန်းကိုပဲအပူကပ်ရတော့မယ်....."
"ချန်းလီ....မြို့တော်မှာ သူခိုးမရှိဘူး..... မိုက်မဲတဲ့စကားတွေ မပြောနဲ့..... ဧကရီက ဒီည စောစောစက်တော်ခေါ်နေပြီ....ဒါ့ကြောင့် ပြန်သွားလိုက်တာအကောင်းဆုံးပဲ....ဝန်ကြီးချန်နဲ့ ရင်းနှီးတဲ့အတွက် တခုတော့သတိပေးလိုက်မယ်....ငါးတွေ၊ပုစွန်တွေ ကန်နှောက်အောင်မွှေရင် အစားခံရတာနဲ့ပဲအဆုံးသတ်လိမ့်မယ်....."
ချန်းလီ ထိုစကားကိုကြားသောအခါ ဒေါသပိုထွက်လာသည်။
"ယန်မိသားစုနဲ့ဟုန်မိသားစုကြားက ပဋိပက္ခတွေက ဘုရင်မင်းမြတ်ကို ဖုံးကွယ်ထားနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းနေတာလား.... ပလိပ်ရောဂါကို မဖယ်ရှားနိုင်သေးဘဲ ရက်အနည်းငယ်အတွင်း လူရာနှင့်ချီအသတ်ခံရတယ်.... သမိုင်းတစ်လျှောက်လုံးဧကရာဇ်မင်းလက်ထက်မှာ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုတွေပဲ ရှိခဲ့တာ....ဒီလို အရှက်ရစရာကိစ္စကို ဘယ်လိုဖြေရှင်းကြမှာလဲ!!!!"
လီကုန်းကုန်း ၏အမူအရာသည် ချက်ချင်းပင် အေးခဲသွားသည်။ စကားပြောခါနီးတွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ ဝတ်ရုံဖြူ အမျိုးသမီးတစ်ဦးသည် တံစက်မြိတ်များပေါ်တွင် လျင်မြန်စွာ ပြေးလာနေသည်ကို တွေ့လိုက်ရပြီး အနက်ရောင်ဝတ် လူများစွာ သူ့နောက်ကပါလာသည်။
ဝတ်ရုံဖြူ အမျိုးသမီးသည် မြေပြင်ပေါ်သို့ ဆင်းကာ နန်းတော် တံခါးဆီသို့ ပြေးသွားခဲ့သည်။ အနက်ရောင် ၀တ်စုံအုပ်စုသည် တံစက်မြိတ်အောက်၌ ရပ်လိုက်ကြသည်။
တောက်ပသောလမင်းသည် ကောင်းကင်ယံ၌ တင့်တယ်စွာ စံမြန်းနေသည်။
မှောင်မိုက်နေတဲ့ ညကောင်းကင်အောက်မှာ အနက်ရောင်ဝတ်သူတွေဟာ နန်းတော်တံခါးကို အဝေးကနေ လှမ်းကြည့်နေသည်မှာ သရဲတစ္ဆေများသဖွယ်ပင်.....
၀တ်ရုံဖြူအမျိုးသမီး နန်းတော်တံခါးဆီသို့ ရောက်လာသည်။ သူမတွင် ဓားတစ်ချောင်းသာ ကျန်တော့ပြီး သူမ၏ ဘယ်ဘက်လက်သည် သွေးများဖြင့် ရွှဲနစ်နေသည်။
“လီကုန်းကုန်း နတ်ဆိုးဂိုဏ်းက ပရမ်းပတာကိစ္စတွေ ဖန်တီးနေတယ်..... ကျေးဇူးပြုပြီး သူခိုးတွေကို သတ်ပစ်ပါ!”
ဝတ်ရုံဖြူအမျိုးသမီးက အံကြိတ်ထားသဖြင့် အသံတုန်နေသည်။
“ဒီနတ်ဆိုးဂိုဏ်းက ဘယ်ကလာတာလဲ။ ဒီသူခိုးတွေကရော ဘယ်ကလဲ....”
ဝတ်ရုံဖြူအမျိုးသမီး တုန်လှုပ်သွားပြီး တိတ်ဆိတ်သွားသည်။
ချန်းလီ၏ အမူအရာသည်လည်း ညိုးငယ်သွားသည်။ စာရေး လေးဦးသည် အဝေးမှ အနက်ရောင် ၀တ်ထားသော လူအုပ်စုကို ထိတ်လန့်စွာ ကြည့်နေလေသည်။
လီကုန်းကုန်းသည် ပတ်ဝန်းကျင်ရှိ အစောင့်များအား လှည့်ပတ်ကြည့်ရှုပြီး....
“ဒီည နန်းတော်ကို ဘယ်သူမှ ဝင်ခွင့်မပြုဘူး........ ဘယ်လိုအဆင့်အတန်း ဘယ်လိုရာထူးမျိုးရှိပါစေ သတ္တိကောင်းရင် ခေါင်းမပါဘဲပြန်ပို့လိုက်......"
“ဟုတ်!”
တော်ဝင်အစောင့်တွေက အလျင်စလို တုံ့ပြန်ကြပြီး အလွန်ထိတ်လန့်နေကြသည်။
လီကုန်းကုန်းသည် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးကို စိုက်ကြည့်ကာ....
“ဒီဝတ်ဖြူတော်အစောင့်ကို အရင်ကလွတ်လွတ်လပ်လပ်ဝင်ခွင့်ပြုထားတာကိုထောက်ချင့်ပြီး ဒီတခါ အပြစ်မပေးဘဲ ခွင့်လွှတ်ပေးလိုက်..."
ဝတ်ရုံဖြူအမျိုးသမီးက မျက်နှာဖုံးတပ်ထားသဖြင့် သူမ၏အမူအရာကို မည်သူမျှမမြင်နိုင်ပေ။
ချန်းလီက အသက်ပြင်းပြင်းရှူပြီး သူမနားသို့ကပ်ကာ....
"မင်းအသက်ရှင်ချင်တယ်ဆိုရင် လုံချီဘုရားကျောင်းကို ထွက်ပြေးပါ"
ဝတ်ရုံဖြူအမျိုးသမီးက ခေါင်းညိတ်ပြပြီးလုံချီ ဘုရားကျောင်းဘက်သို့ အပြေးအလွှား လှည့်သွားသည်။
သူမ လှုပ်ရှားလိုက်သည်နှင့် အနက်ရောင်ဝတ်လူတစ်စုက သူမနောက်သို့ လိုက်သွားပြီး ညအမှောင်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ထိုအခါ လီကုန်းကုန်းက ခပ်ထေ့ထေ့ပြုံးလိုက်ပြီ.....
"လုံချီဘုရားကျောင်း.... ဒီည လုံချီဘုရားကျောင်း ဖျက်ဆီးခံရရင် မင်း သေဘေးကပြေးလွတ်နိုင်မှာမဟုတ်ဘူး...ဒီဘုရားကျောင်းက အရှင်မင်းမြတ် အလေးထားတဲ့ရာနေရာ...."
"လုံချီဘုရားကျောင်းကို ဘယ်သူမှမဖျက်စီးနိုင်ဘူး....."
ချန်းလီ၏ ပြတ်သားသောအပြောကြောင့် လီကုန်းကုန်း ပြုံးလိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ကျီးကန်းတစ်စုသည် အနီးနားမြို့မှ ပျံဝဲလာပြီး ဝတ်ရုံဖြူဝတ်ထားသူ ထွက်ခွာသွားသည့် ဦးတည်ချက်ဆီသို့ ဦးတည်သွားခဲ့သည်။ ညကောင်းကင်အောက်တွင် ကျီးကန်းနက်အုပ်စုသည် အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေလေသည်။
ချန်းလီ ဤမြင်ကွင်းကိုမြင်သောအခါသိသိသာသာအမူအရာပြောင်းသွားပြီး....
"ညကျီးကန်းတွေ ကောင်းကင်မှာပျံနေတယ်..ဒါ..ဒါဆို.. နတ်ဆိုးသခင်..."
“ချန်းလီ....လုံချီဘုရားကျောင်းက အင်မော်တယ်ဘုန်းကြီးက ဒီနတ်ဆိိုးသခင်ကိုတားနိုင်ပါ့မလား....."
ချန်းလီ ချက်ချင်း လှည့်ပြီး ပြေးသွားသဖြင့် စာရေးလေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အပြေးလိုက်သွားလေတော့သည်။
“မောက်မာလိုက်တဲ့သူ....”
လီကုန်းကုန်း အမူအရာသည် အေးစက်ခက်ထန်နေသည်။ သူက လုံချီတောင်ကို အဝေးက ကြည့်ပြီး “သနားစရာကောင်းလိုက်တာ” ဟု ရေရွတ်လိုက်သည်။
သူလှည့်ထွက်သွားပြီး အမှောင်ထဲသို့ ခပ်အေးအေးလျှောက်လှမ်းသွားလေ၏။
…..................
ဝှစ်...ဝှစ်...ဝှစ်.....
မြှားများသည် ညကောင်းကင်ကို ဆုတ်ဖြဲကာ ဝတ်ရုံဖြူဝတ် အမျိုးသမီးဆီသို့ ဉီးတည်နေကြသည်။ သူမသည် မြှားချက်များကို
သွက်သွက်လက်လက် ရှောင်လိုက်သော်လည်း သူမ၏ ဘယ်ဘက်လက်မောင်းမှ သွေးများ ပိုစီးကျလာသည်။
ဝတ်ရုံဖြူအမျိုးသမီး ပြေးလာရင်း ဇဝေဇဝါဖြစ်နေသည်။
“သူတို့က ငါ့ကို ရည်ရွယ်ချက်ရှိရှိ လိုက်ဖမ်းနေပုံရတယ်... သူတို့ ငါ့ကိုသတ်ဖို့ အလျင်လိုနေတာမဟုတ်ဘူး......”
သူမ စိတ်ရှုပ်နေသော်လည်း လုံချီတောင်နှင့် နီးကပ်လာသည်နှင့်အမျှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲပင်.....
လုံချီတောင်ခြေရင်းကို ရောက်တဲ့အခါ ရပ်တန့်လိုက်ပြီး အနက်ရောင်ဝတ် လူတစ်စုကို လှည့်ကြည့်လိုက်သည်။
အနက်ရောင်ဝတ် အမျိုးသားများသည် သူမနှင့် ပေငါးဆယ်အကွာတွင် မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။
"ဘာလို့မပြေးသေးတာလဲ"
ဦးဆောင်သူ လူထွားကြီးက လှောင်ရယ်နေသော်လည်း ဝတ်ရုံဖြူအမျိုးသမီးက မဖြေဘဲ နှုတ်ဆိတ်နေသည်။
" ဆရာ...မတိုက်ခိုက်သေးဘူးလား...."
တပည့်တစ်ယောက်၏ ခပ်တိုးတိုးသတိပေးသံကြောင့် လူထွားကြီး မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်၌ ဝတ်ရုံဖြူအမျိုးသမီးက....
“နင်တို့ရဲ့ တကယ့်ပစ်မှတ်က လုံချီဘုရားကျောင်း မဟုတ်လား...ဒါ့ကြောင့် ငါ့ကိုတောင်ပေါ်တက်အောင်အခုချိန်ထိ လွှတ်ပေးထားကြတာလေ..... ဒါပေမယ့် လုံချီဘုရားကျောင်းကဘုရင်မင်းမြတ်ရဲ့ အကာအကွယ်အောက်မှာ ရှိတယ်။ အကယ်၍ နင်တို့ဇွတ်တိုးမယ်ဆို ဘုရင်မင်းမြတ်က နောက်ကွယ်ကနင်တို့ သခင်ကို အန္တရာယ်ပေးမှာသေချာတယ်..... ငါသာတောင်ပေါ်တက်သွားရင် ဘုရားကျောင်းကလူတွေ ပိုက်ကွန်ထဲကငါးတွေလို ကံကြမ္မာဆိုးနဲ့ရင်ဆိုင်ရလိမ့်မယ်......ငါပြောတာဟုတ်တယ်မလား...."
" လူသေတွေစကားမပြောနိုင်ဘူး...ကြာတယ်ကွာ....သူ့ကိုသတ်ကြ......"
သူ့စကားဆုံးသည်နှင့် အနက်ရောင်ဝတ်အမျိုးသားတစ်ဦးသည် ဓါးတစ်လက်ဖြင့် ဝတ်ရုံဖြူအမျိုးသမီးဆီသို့ ချက်ချင်းပြေးလာသည်။
ဝတ်ရုံဖြူအမျိုးသမီး မရှောင်တိမ်းခဲ့ပေ။ သူမသည် အကူအညီမဲ့သလို ခံစားခဲ့ရသည်။ သူမ တမင် စောင့်ဆိုင်းခဲ့တာ မဟုတ်ပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် မောပန်းနွမ်းနယ်နေပြီး တောင်ပေါ်ကို မတက်နိုင်တော့တာကြောင့် တိုက်ခိုက်ချင်စိတ်လည်းကုန်ခမ်းနေပြီဖြစ်သည်။
အနက်ရောင်ဝတ် အမျိုးသားသည် ၀တ်ရုံဖြူ အမျိုးသမီး၏ ဦးခေါင်းကို ခုတ်ထစ်ဖို့အတွက် ဓားရှည်ကို မြှောက်ထားသည်။
ဝှစ်.....
ညကောင်းကင်ယံတွင် အသံတစ်ခု တိုးလာသည်။ ဘယ်သူကမှ မတုံ့ပြန်နိုင်ခင်မှာ ဓားတစ်စင်း ကောင်းကင်ကနေ ဆင်းသက်လာခဲ့သည်။
ဓားအလင်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားကာ ဓားသည် အနက်ရောင်ဝတ်ထားသူကို တိုက်ရိုက်ထိုးဖောက်သွားသည်။ဤသည်မှာ အနက်ရောင်ဝတ်ထားသူကို ဓားဖြင့် မြေပြင်ပေါ်တွင် သံမှိုရိုက်ထားသလိုပင်.....
သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး ကြောက်လန့်တကြားနှင့် မျက်လုံးများ ပြူးကျယ်သွားသည်။
ဤဓားသည် နာမည်ကြီး တိုင်ဟန်ဓားဖြစ်သည်။