← Chapters

နတ်ဆိုးသခင် ဦးညွှတ်ခြင်း....

Vol. 2 Ch. 16

နတ်ဆိုးသခင် ဦးညွှတ်ခြင်း....

Vol. 2 Ch. 16

ထွားကြိုင်းသောလူသည် တိုင်ဟန်ဓားကို စိုက်ကြည့်ရင်း၊ အန္တရာယ်များလှသော ရန်သနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားနေရသည်။လုံချီ တောင်ကို ကြည့်လိုက်ကြသော်လည်း တိုင်ဟန် ဓားပိုင်ရှင်ကို မတွေ့ခဲ့ကြပေ။

တိုင်ဟန်ဓားဖြင့် မြေပြင်ပေါ်တွင် သံမှိုဆွဲခံထားရသူသည် ခက်ခက်ခဲခဲ ခေါင်းကို လှည့်ကာ “ကယ်ပါ…” ဟု တုန်လှုပ်သော အသံဖြင့်တောင်းပန်နေသည်။

လူထွားကြီး ရှေ့သို့လှမ်းလာချိန်တွင် တိုင်ဟန် ဓားသည် သူ့အလိုလိုရုတ်တရက်ဆွဲထုတ်ကာ ကောင်းကင်သို့ပျံတက်သွားပြီး ဒီတစ်ခါတော့ ဓားထိုးခံရသူ၏ ဂုပ်ပိုးပေါ်အုပ်မိုးထားလေသည်။ ဒီမြင်ကွင်းက လူတိုင်းကို သရဲတစ္ဆေမြင်ရသလို မျက်လုံးပြူးသွားစေသည်။

လူထွားကြီးသည် ၎င်းကိုတားဆီးရန် ဓားကို လွှဲယမ်းပြီး တွန်းလှန်ရန် ကြိုးပမ်းခဲ့သော်လည်း တိုင်ဟန်ဓားက မြန်ဆန်လွန်းသည်။

ရွှတ်......

အနက်ရောင်ဝတ်ထားသူရဲ့ လည်ပင်းကို ဖောက်ထွက်သွားပြီး ဓါးမှ သွေးများ စီးကျလာသည်။ နာကျည်းမှုများဖြင့် သေဆုံးသွားပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“သရဲ…သရဲ…”

အနက်ရောင်ဝတ် အမျိုးသားတစ်ဦးသည် တိုင်ဟန်ဓားကို စိုက်ကြည့်ရင်း တုန်လှုပ်သွားသည်။တခြားအမျိုးသားတွေလည်း ကြောက်လန့်နေကြသည်။

ညဘက်မှာ အလိုလိုပျံသန်းနိုင်ပြီး လူသတ်နိုင်တဲ့ဓားဟာ ဘယ်လောက်ကြောက်စရာကောင်းလဲ.....

သူတို့အားလုံး သိုင်းလောကတွင် အတားအဆီးမရှိ ကျင်လည်နေသော ကျွမ်းကျင်သူများဖြစ်သည်။ သူတို့သည် နှစ်ပေါင်းများစွာ အရပ်ရပ်သို့ ခရီးထွက်ခဲ့ကြသော်လည်း ဤကဲ့သို့သောဓားမျိုးကို အိမ်မက်ထဲ၌ပင်မမြင်ဖူးခဲ့ပေ။

လူထွားကြီးက တည်ငြိမ်ဟန်ဆောင်ကာ....

“ဘယ်ပညာရှင်လဲ? မင်းကိုယ်မင်း ဘာလို့ မလူလုံးမပြသေးတာလဲ...."

တိုင်ဟန်ဓားသည် လေထဲသို့ ပျံသွားကာ လူထွားကြီးကို တည့်တည့်ချိန်ရွယ်နေသည်။ လရောင်ကြောင့် ဓားသွားပေါ်တွင်ရောင်ပြန်ဟပ်နေသော ကိုယ့်ရုပ်ရည်ကိုပြန်မြင်ရချိန်တွင် မကြုံစဖူး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

တောင်ပေါ်တွင် ....

ကျန်းချန်ရှန်းသည် လုံချီဘုရားကျောင်း၏ တောင်တံခါးထိပ်တွင် ရပ်နေပြီး ပိုင်လုံကို သူ့ပခုံးပေါ်တင်ထားသည်။ အကန့်အသတ်မရှိသော မြူခိုးများက သူ့အကြည့်များကို မရပ်တန့်နိုင်ဘဲ သူ့မျက်လုံးများက အေးစက်လွန်းနေသည်။

ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ အာရုံငါးပါးသည်လည်း သဘာဝအတိုင်း အားကောင်းလာသည်။ ယခုဆိုလျှင် လုံချီ တောင်တစ်ခုလုံးကို အာရုံခံနိုင်ပြီဖြစ်သည်။ စစ်မှန်သောချီ အတက်အကျ အုပ်စုတစ်စုသည် တောင်ခြေရင်းသို့ ချဉ်းကပ်လာသောအခါ၊ သူသည် ဤနေရာသို့ ရောက်လာပြီး အောက်ဘက်ကတိုက်ပွဲကို မျက်မြင်တွေ့ကာ သူတို့၏ ပြောဆိုမှုများကို ကြားလိုက်ရသည်။

အနက်ရောင်ဝတ်ထားသော ထိုလူများ၏ စစ်မှန်သောချီသည် တစ္တေမျက်လုံးနတ်ဆိုးဘုရင်နှင့် အလွန်ဆင်တူသည်။ သူတို့၏ ၀တ်စားဆင်ယင်မှုကို ကြည့်လိုက်လျှင် ၎င်းတို့သည် မြို့တော်တွင် မကြာသေးမီက အပျက်အစီးများ ဖြစ်စေခဲ့သော ဆိုးညစ်သော ဂိုဏ်းများမှဖြစ်ကြောင်း ထင်ရှားသည်။

လုံချီတောင်မှာ ပြဿနာရှာဝံ့တာက တိုက်ဆိုင်မှုမဟုတ်လောက်ဘူး......

ကျန်းချန်ရှန်းသည် တော်ဝင်ဓားသိုင်းကိုသုံးပြီး လူတစ်ယောက်ကို ကွပ်မျက်ခဲ့သည်။

လေထုထဲမှာ ဆိုင်းငံ့ထားတဲ့ တိုင်ဟန်ဓားက ရုတ်တရက်လှုပ်ရှားလာသဖြင့် လူထွားကြီးက ကမန်းကတမ်းရှောင်တိမ်းလိုက်သော်လည်း သူ့နောက်က လက်အောက်ငယ်သားများကတော့ ဓားချက်ကြောင့်အသက်ပျောက်ကုန်ကြသည်။

တိုင်ဟန်ဓားသည် လျင်မြန်စွာ လှည့်ပတ်ကာ ဝတ်ရုံနက်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့သည်။ ၎င်း၏ပစ်မှတ်မှာ လူထွားကြီးတစ်ဦးတည်းမဟုတ်ပေ။ လူထွားကြီးသည် ဓားကိုဝှေ့ယမ်းကာ ခုတ်ပိုင်းနေသောလည်း ပြင်းထန်စွာ ဖိအားပေးခံနေရဆဲပင်.....

လူထွားကြီး နောက်သို့ ခြေလှမ်းဆယ်လှမ်းလှမ်းလိုက်ရပြီး မျက်လုံးများပြူးကျယ်နေသည်။

“ဒီလောက် အစွမ်းထက်တဲ့ ခွန်အားက ဘယ်လိုဖြစ်နိုင်မှာလဲ…”

လူထွားကြီး ထိတ်လန့်နေရှာသည်။ သူသည် ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော်လည်း တိုင်ဟန်ဓားပေါ်ရှိ အစစ်အမှန်ချီကို သိရှိလိုက်ရသောအခါတွင် ရှုံးနိမ့်သွားသည်ဟု ခံစားခဲ့ရသည်။

ကောင်းကင်နှင့်မြေပြင်လို ခြားနားပါလား......

အသက်ရှုကြိမ် သုံးဆယ်ခန့်အတွင်း ဝတ်ရုံနက် တစ်ဝက်ကျော်လောက် အသတ်ခံခဲ့ရသည်။ ဝတ်ရုံဖြူအမျိုးသမီးက အဝေးကနေသာ တိုက်ပွဲကို တိတ်တဆိတ် ကြည့်နေသည်။ အော်ပရာမျက်နှာဖုံးက သူမ၏မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမ၏ တုန်ယင်နေသာ ခန္ဓာကိုယ်ကြောင့် အလွန်ထိတ်လန့်နေသည်မှာ အထင်အရှားပင်......

လူထွားကြီးသည် အံကြိတ်ကာဓားရှည်ကိုမြှောက်လိုက်ပြန်သည်။ တိုင်ဟန ဓားသည် ရုတ်တရက် အရှိန်ပြင်းပြင်းနှင့် အနက်ရောင်ဝတ်ထားသူ၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် လူထွားကြီး လဆီသို့ တိုးဝင်လာကာ ညကောင်းကင်ယံ၌ ပြီးပြည့်စုံသော ကောက်ကြောင်းတစ်ခုကိုပုံဖော်လိုက်လေသည်။

လူထွားကြီး ထိတ်လန့်သွားပြီး သူ့ဓားကို အမြန်ဝှေ့ယမ်းလိုက်သည်။ စစ်မှန်သောချီသည် ဓါးသွားတစ်လျှောက် ဖြန့်ကျက်ကာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အတားအဆီးတစ်ခု ဖြစ်လာသည်။ သို့သော်လည်း တိုင်ဟန် ဓားသည် အတားအဆီးကို တိုက်ရိုက်ချိုးဖျက်ပြီး သူ့ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။

"သေစမ်းကွာ…"

လူထွားကြီး တုံ့ဆိုင်းသွားကာ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းရန် ဓားရှည်ကိုမြေပေါ်ထောက်လိုက်သည်။

ရွှတ်.....

ထို့နောက် တိုင်ဟန်ဓား အနောက်မှ ထွက်လာပြီး လည်ချောင်းကို ထိုးဖောက်သွားလေ၏။

ဒုန်းးး

လူထွားကြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တစ်ဝက်လောက် ဒူးထောက်ကာ မကျေနပ်ချက်များဖြင့် သေဆုံးသွားသည်။ သို့သော် သူသည် မပြိုလဲဘဲ သူ့ခန္ဓာကိုယ်ကို ဓားဖြင့်ကျားကန်ထားဆဲပင်.... ခေါင်းငိုက်စိုက်ကျသွားသည့်အခါ သွေးတွေက စမ်းချောင်းလို စီးကျလာသည်။

သူသေတာကိုမြင်တော့ ကျန်တဲ့လက်အောက်ငယ်သားတွေ အသက်လုပြေးကုန်ကြသည်။သို့သော် ကျန်းချန်ရှန်းက သူတို့ကို လွှတ်မပေးဘဲ အပြီးသတ် သုတ်သင်ခဲ့သည်။

ညကောင်းကင်အောက်မှာ အေးစက်နေတဲ့ ဓားအလင်းကိုသာမြင်နေသည်။

ထိုစဉ် လုံချီတောင်နှင့်အတော်အတန်ကွာဝေးသောအရပ်ကနေ ကျီးကန်းနက်အုပ်စုသည် တဟုန်ထိုး ပျံသန်းလာကြသည်။

ကျန်းချန်ရှန်းက မျက်ခုံးပင့်လိုက်ပြီး....

“အစွမ်းထက်လိုက်တဲ့အစစ်အမှန်ချီတွေ....”

တိုင်ဟန်ဓားသည် သူ့ထံမှ ဝေးကွာလေ အင်အားနည်းလေဖြစ်သောကြောင့် ပြန်လာဖို့ဆင့်ခေါ်လိုက်သည်။

တိုင်ဟန်ဓားသည် ဝတ်ရုံဖြူအမျိုးသမီးရှေ့တွင် ရပ်တန့်သွားသဖြင့် ဝတ်ရုံဖြူ အမျိုးသမီး လွန်စွာထိတ်လန့်သွားသည်။

ဤဓားသည် သန်မာသည်မှာ မှန်သော်လည်း သခင်ရှိမရှိကို သူမ နားမလည်နိုင်ပေ။

လုံချီဘုရားကျောင်းရှိ ကိုရင်ချန်ရှန်း ၏ဒဏ္ဍာရီကို သူမမှတ်မိသည်။ လုံချီဘုရားကျောင်းမှ ကိုရင်ချန်ရှန်း လူသားကမ္ဘာသို့သက်ဆင်းသက်လာသည့်အင်မော်တယ်နတ်ဘုရားဟု ဆိုကြသည်။ အသက်ဆယ့်လေးနှစ်တွင် ထိပ်တန်းကျွမ်းကျင်သူကို သတ်နိုင်ခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်ကျီးကန်းတစ်စု ပျံသန်းလာသည်ကို သူမမြင်လိုက်ရသည်။ ၎င်းတို့သည် ကောင်းကင်ဖုံးလုတမျှ ပြည့်ကျပ်နေပြီး လျင်မြန်စွာပျံသန်းနေကြသည်။

ဝတ်ရုံဖြူအမျိုးသမီးက....

“စီနီယာ...အခုလာနေတဲ့သူက နတ်ဆိုးဂိုဏ်းက နတ်ဆိုးသခင်ပါ.... သူက အနှစ်သုံးဆယ်တိုင်တိုင် ထိပ်တန်းကျွမ်းကျင်သူဖြစ်ခဲ့တာမို့ နောက်တဆင့်တက်သွားပြီထင်တယ်...သူ့ကိုလျှော့မတွက်လိုက်ပါနဲ့....."

မည်သို့ပင်ဆိုစေကာမူ သူမသည် ရှေ့မှဓားကိုသာ အားကိုးနိုင်ခဲ့သည်။

အနက်ရောင်ကျီးကန်းအုပ်စုသည် ဝတ်ရုံဖြူဝတ်အမျိုးသမီးဆီသို့ ပျံသန်းလာပြီး သူမကို ဝန်းရံလိုက်သည်။

ထို့နောက် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီး.....

" လုံချီဘုရားကျောင်းကို အပေါ်စီးကနေကြည့်ရမယ်လို့ ထင်မထားမိခဲ့ဘူး....."

တောင်ထိပ်...ခြံဝင်းထဲတွင်......

ဘုန်းတော်ကြီးချင်ရှုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

နန်းတော်ထဲတွင်လည်း မျက်လုံးတစ်စုံ မှိန်ပျပျလေး ပွင့်လာသည်။ ထိုအစိမ်းရောင်မျက်လုံးအစုံက သိပ်မကြာခင် ပြန်မှိတ်သွားလေသည်။

“ဟမ်..ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်ကျွမ်းကျင်သူပါလား....."

ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။

သူသည် နောက်ထပ်မေးခွန်းများမေးရန် ပျင်းလွန်းလှသည်။ နောက်ကွယ်မှ အရာအားလုံးကို ဘယ်သူထိန်းချုပ်နေမှန်းလည်း မသိချင်တော့ပေ။ အရှင်းဆုံးကတော့ ရန်လာစသူအားလုံး သတ်ပစ်လိုက်ရုံသာ....

ဤသည်မှာ ဆင်းရဲဒုက္ခကို ကျော်လွှားပြီး ရှင်သန်ခြင်းဆုလာဘ်ကိုရရှိရန် သူ့အတွက် အခွင့်ကောင်းဖြစ်သည်။

အကွာအဝေးက အတော်လှမ်းသဖြင့်ဒီလူကိုသတ်ဖို့ တော်ဝင်ဓားသိုင်းကိုချည်း အားကိုးနေလို့မရပေ။

ကျန်းချန်ရှန်း တချက်ခုန်ပြီး မြူခိုးထဲ ပျောက်ကွယ်သွားသည်။

အနက်ရောင်ကျီးကန်းတို့သည် ပျံဝဲပြီး တိုင်ဟန်ဓားကို ရင်ဆိုင်ကြသည်။ ညကောင်းကင်အောက်မှာ ကျီးကန်းနက်တွေရဲ့ အော်ဟစ်သံတွေကိုသာ ကြားနေရသည်။

"ဘာလို့ လူလုံးထွက်မပြတာလဲ....ငါ့လူတွေကိုသတ်တဲ့အတွက် ဖြေရှင်းချက်တခုတော့ပေးရမယ်......"

လျှို့ဝှက်ဆန်းကြယ်ပြီး ကျယ်လောင်တဲ့ အသံက ထပ်ပြီး ထွက်ပေါ်လာပြန်သည်။

ဝတ်ရုံဖြူအမျိုးသမီးက သူ့နောက်က ခြေသံကို ရုတ်တရက်ကြားလိုက်ရသဖြင့် မသိစိတ်က လှည့်ကြည့်လိုက်သည်။

လူရိပ်တခု သူမကို ကျော်ဖြတ်သွားပြီး သူမမြင်လိုက်ရသည်မှာ ငယ်ရွယ်ပြီး ချောမောသော မျက်နှာတစ်ခုဖြစ်သည်။

ကျန်းချန်ရှန်း........

စိမ်းပြာရောင် တာအို၀တ်စုံကို ၀တ်ဆင်ထားသည့် ကျန်းချန်ရှန်းသည် သူ့ခါးတွင် ဓားရှည်တစ်ချောင်းနှင့် လက်ထဲတွင် မြင်းမြီးသားယပ်တစ်ခုကိုင်ထားသည်။ထို့အပြင် သူ့ပခုံးတစ်ဝိုက်မှာ မြွေဖြူတစ်ကောင်လည်း ရှိသေးသည်။ ထိုသို့သော ပုံရိပ်သည် ဝတ်ရုံဖြူတော် အမျိုးသမီး၏စိတ်ကို ဗလာကျင်းသွားစေပြီး မလှုပ်ရှားဝံ့တော့ပေ။

ကျန်းချန်ရှန်းက သူ့ရှေ့က ကျီးကန်းနက်တွေကို ကြည့်ပြီး....

“မင်း ဘယ်လိုရှင်းပြချက်မျိုးလိုချင်လဲ ..."

ကျီးကန်းတွေကြားထဲမှာ ပုန်းကွယ်နေသူကို အစောကြီးကတည်းက မြင်နေရသည်။ အနက်ရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် နတ်ဆိုးတစ်ကောင်နှင့်တူပြီး ပုံသဏ္ဌာန်မှာ အလွန်ကြောက်စရာကောင်းသည်။

"မင်းက ချင်ရှုမဟုတ်ရင် မကြာသေးမီနှစ်တွေအတွင်း ကျော်ကြားလာခဲ့တဲ့ ကိုရင်လေးမလား ...."

" ခင်ဗျားတော်တော်အရစ်ရှည်တာပဲ...."

ကျန်းချန်ရှတ်း ရုတ်တရက် ထခုန်ပြီး ညကောင်းကင်မှာ ပျံဝဲနေတဲ့ ကျီးကန်းတွေကို ကန်ကျောက်လိုက်လေသည်။ ဤကန်ချက်သည် ကီလိုဂရမ်တစ်သောင်းကို သယ်ဆောင်လာပြီး လေပြင်းများ ဖိတိုက်ကာ ကျီးကန်းများကို တဖြည်းဖြည်း ချေမှုန်းပစ်လိုက်သည်။ ကျီးနက်များနည်းပါးလာသည်နှင့်အမျှ နတ်ဆိုးသခင်ဆိုသူ၏ အသွင်သဏ္ဍာန်အမှန်ကို အထင်အရှားမြင်လိုက်သည်။ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး လက်ဖဝါးကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

မရေမတွက်နိုင်သော ခြေထောက်အရိပ်များက လွှမ်းမိုးနိုင်သော အင်အားဖြင့် တိုက်ခိုက်သည်။ အနက်ရောင်ဝတ်ထားသူက သူ့ရဲ့ အစစ်အမှန်ချီကို မစုစည်းနိုင်ခင်မှာပင် အကန်ခံခဲ့ရသည်။

ဖူးးးးး

အနက်ရောင်ဝတ်ထားသူက သွေးတွေအန်ပြီး ပေဒါဇင်နဲ့ချီတဲ့အကွာအဝေးထိ လွင့်ပျံသွားကာ အုတ်နံရံနှင့် တိုက်မိသွားလေသည်။

မြေပြင်ပေါ် ပစ်စလက်ခတ်လဲကျနေပုံမှာ အရိုးများအားလုံး ကျိုးသွားသည့်နှယ်.....

တဖြည်းဖြည်း အားယူပြီး ပြန်ထနေသော်လည်း ပါးစပ်မှ သွေးများ ထွက်လာပြီး လက်များ တုန်ရီလာသည်။

သူသည် ကျန်းချန်ရှန်း၏ ဦးတည်ရာဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ ဓားတစ်ချောင်းက သူဆီအလိုလိုပျံသန်းလာနေသည်။

"ခဏနေပါဦး... ! ငါပြောစရာရှိတယ်!"

ဓားဖျားသည် သူ့မျက်လုံးမှ ငါးစင်တီမီတာသာ ကွာဝေးပြီး သူ၏နဖူးမှ ချွေးအေးများတလစပ်စီးကျနေ၏။

ကျန်းချန်ရှန်းသည် တစ္ဆေတစ်ကောင်သဖွယ် တိုင်ဟန် ဓားနောက်တွင် ဖြတ်ကနဲ ပေါ်လာသည်။ထို့နောက် သူ့လက်ကို မြှောက်ပြီး ဓားသွားကို ကိုင်လိုက်သည်။

“ပေါက်ကရတွေ ပြောမယ်ဆို သေချင်းဆိုးနဲ့သေစေရမယ်....."

အနက်ရောင်ဝတ်ထားသူက အသက်ပြင်းပြင်းရှူလိုက်သည်။ လူသတ်ချင်စိတ်ကို ခံစားရပြီးအံကြိတ်လိုက်မိသည်။

"ငါ... အသက်ရှင်ချင်တယ်!"

မူလက သူသည် တဖက်လူကို ခြိမ်းခြောက်ချင်သော်လည်း တဖက်လူက ရက်စက်လွန်းပြီး သူ့နောက်က မှူးမတ်များကိုပင် ဂရုမစိုက်ကြောင်း သိသာထင်ရှားသည်။

“မင်းကို ငါ့သခင်အဖြစ် ကျေကျေနပ်နပ်ကြီးအသိမှတ်ပြုခစားပါ့မယ်..... ငါ့အသက်ကို ချမ်းသာပေးပါ!"

ကျန်းချန်ရှန်းသည် ဘယ်လက်ကို မြှောက်ကာ မြင်းမြီးသားယပ်ကို ဝှေ့ယမ်းပြီး ထိုလူပေါ်သို့ သေခြင်းရှင်ခြင်းစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။ နတ်ဆိုးသခင် တုန်လှုပ်သွားသည်။ နာကျင်မှုကို မခံစားရသော်လည်း တစ်ဖက်လူက နည်းလမ်းတစ်ခုကို အသုံးပြုနေပြီး ခုခံဖို့ မသင့်ကြောင်း သူနားလည်သည်။

ကျန်းချန်ရှန်းက တိုင်ဟန်ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်ပြီး...

“ငါ့နဲ့ တောင်ပေါ် လိုက်ခဲ့”

အနက်ရောင်ဝတ်ရုံက မျက်လုံးဖွင့်ပြီး ပင့်သက် ရှိုက်လိုက်သည်။ ထို့နောက် တုန်တုန်ယင်ယင်နှင့် ကျန်းချန်ရှန်းနောက်လိုက်သွားခဲ့သည်။

ကျန်းချန်ရှန်း ဝတ်ရုံဖြူအမျိုးသမီးရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး....

"ဒီည ဘာတွေ့ခဲ့လဲ ..."

ဝတ်ရုံဖြူအမျိုးသမီးက အံကြိတ်ကာ....

“လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးက နတ်ဆိုးဂိုဏ်းသားတွေကို သတ်ဖြတ်ပြီး နတ်ဆိုးသခင်ကို မောင်းထုတ်တာကိုပဲ မြင်ခဲ့ပါတယ်.....”

ကျန်းချန်ရှန်းက ပြုံးပြီး တောင်ထိပ်ကို သွားတဲ့ လှေကားထစ်ဆီကို လျှောက်သွားလေတော့သည်။

ဒီတိုက်ပွဲက သူ့ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးခဲ့သည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မှ ကျွမ်းကျင်သူများသည် သူစိတ်ကူးထားသလောက် ကြောက်စရာမကောင်းကြပေ။

နတ်ဆိုးသခင်ဟုရည်ညွှန်းသော ဝတ်ရုံနက်အမျိုးသားသည် ဝတ်ရုံဖြူအမျိုးသမီးကို ကျော်ဖြတ်ကာ ကျန်းချန်ရှန်း နောက်သို့ တိတ်တဆိတ်လိုက်သွားခဲ့သည်။

သူတို့နှစ်ယောက် တောင်ပေါ်တက်သွားပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။

ဝတ်ရုံဖြူဝတ်အမျိုးသမီး ခြေမခိုင်တော့ဘဲ မြေပြင်ပေါ် လဲကျသွားသည်။ သူမ ဒီညကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်တော့ပေ.....

"သူက လူရောဟုတ်ရဲ့လား ..."

ဝတ်ရုံဖြူအမျိုးသမီး တကိုယ်တည်း ရေရွတ်နေမိသည်။ ဒီလောက် အစွမ်းထက်တဲ့ သိုင်းပညာရှင်မျိုး သူမ မမြင်ဖူးခဲ့ပေ။

နတ်ဆိုးသခင်တောင် ခုခံနိုင်စွမ်းမရှိခဲ့ရှာပေ။

ခဏအကြာတွင်.....

တပ်သားလေးဦးနှင့်အတူ ချန်လီ ပြေးလာသည်။ သူသည် ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်လိုက်ပြီး ဝတ်ရုံဖြူအမျိုးသမီးကိုမြင်တော့ ချက်ချင်းပြေးလာပြီးဆွဲထူပေးလိုက်သည်။

"သူတို့ကို ဘယ်သူသတ်လိုက်တာလဲ"

ဝတ်ရုံဖြူအမျိုးသမီး အသက်ရှင်နေသေးသည်ကို မြင်သောအခါ သူ့အမူအရာ ပျော့ပြောင်းသွားသည်။

“ကျွန်မလည်း သေချာ မသိဘူး.... သူတောင်းစားအိုကြီးတစ်ယောက်က ဒီလူတွေကိုသတ်ပြီးနတ်ဆိုးသခင်ကို မောင်းထုတ်လိုက်တယ်...ပြီးတာနဲ့ တခါတည်းထွက်သွားတော့တာပဲ....."

"မင်း ဝတ်ဖြူတော်အစောင့်အဖွဲ့ဆီ ပြန်မလာနိုင်တော့ဘူး..."

၀တ်ရုံဖြူ အမျိုးသမီး နှုတ်ဆိတ်နေ၏။

…...................

တောင်တံခါးရှေ့မှာ.....

ဘုန်းတော်ကြီးချင်ရှုက တောင်တက်လမ်းအတိုင်းတက်လာတဲ့ ကျန်းချန်ရှန်းနဲ့ သူ့နောက်က နတ်ဆိုးသခင်ကိုငုံ့ကြည့်နေသည်။

"ချန်ရှန်း၊ မင်း နတ်ဆိုးသခင်ကို သိလား"

"သူက နတ်ဆိုးသခင်လား? ကျွန်တော်သူ့ကိုမသိဘူး....သူက လုံချီတောင်ကို ထိပါးလာတာမို့ကျွန်တော်ပညာပေးလိုက်တာပါ....ဆရာတော်....ကျွန်တော်တို့ လုံချီတောင်ကို ထိပါးချင်သူတွေသိပ်များနေပြီ.....ဒီတစ်ယောက်ကိုတော့ ကျွန်တော့်တာဝန်ထားလိုက်...သူ့ဆီကတခုခုသိရနိုင်တယ်...."

ဘုန်းတော်ကြီးချင်ရှု၏ မျက်လုံးများပြူးကျယ်လာသည်။ နှစ်ယောက်သားတိတ်ဆိတ်စွာအကြည့်ချင်းဖလှယ်နေချိန်တွင်....

တောက်ပနေသော လရောင်အောက်တွင် ညလေညင်းသည် အထိန်းအကွပ်မရှိစီးမြောနေတောင်ပေါ်လမ်းနှစ်ဘက်ရှိ သစ်ပင်ပန်းပင်များကို အနည်းငယ်ယိမ်းယိုင်သွားစေသည်။

All Chapters