← Chapters

အပြစ်ပေးအကြီးအကဲ.....ချီရှန့်..

Vol. 2 Ch. 17

အပြစ်ပေးအကြီးအကဲ.....ချီရှန့်..

Vol. 2 Ch. 17

ဘုန်းတော်ကြီးချင်ရှုက အကြည့်လွှဲလိုက်ပြီး....

"မင်းရဲ့ ခြံဝင်းထဲက မထွက်ဖို့မှာထားလိုက်ဉီး...."

ကျန်းချန်ရှန်းက ပြုံးရုံသာပြုံးပြလိုက်ပြီး နောက်ကလိုက်လာတဲ့ နတ်ဆိုးသခင်နှင့်အတူ တောင်ပေါ်တက်သွားခဲ့သည်။

လုံချီဘုရားကျောင်းမှ တပည့်များ အိပ်ပျော်နေပြီဖြစ်သောကြောင့် တောင်ခြေတွင် လှုပ်ရှားသံများကို မကြားရပေ။သူတို့သည် ဘုန်းတော်ကြီးချင်ရှုလောက် မကျွမ်းကျင်သောကြောင့် စစ်မှန်သောချီ အတက်အကျများကိုလည်း နားမလည်နိုင်ကြပေ။

ကျန်းချန်ရှန်းက နတ်ဆိုးသခင်ကို ခြံဝင်းထဲ ခေါ်လာပြီး အိမ်ထဲကို ဝင်လိုက်သည်။

"ဒဏ်ရာတွေကို ကုစားဖို့စွမ်းအင်တွေ လည်ပတ်နေချိန် ကျုပ် ခင်ဗျားကို မေးခွန်းတွေ မေးမယ်"

နတ်ဆိုးသခင် မငြင်းဆန်ဝံ့ခဲ့ပေ။ တံခါးပိတ်ပြီးနောက် သစ်သားစားပွဲဘေးတွင် ထိုင်ကာ တရားထိုင်လိုက်သည်။ သူသည် နတ်ဘုရားအရိပ်ကန်ချက်ကြောင့် အတွင်းအင်္ဂါများပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ဒီတောင်တက်ခရီးဟာ သူ့ဘဝတစ်ဝက်လောက်ထိကြာရှာခဲ့သည်ဟုပင်ခံစားခဲ့ရသည်။

"ခင်ဗျားက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူလား......"

ကျန်းချန်ရှန်က အစိုးရိမ်ဆုံးမေးခွန်းကို မေးလိုက်သည်။ ဒါက သူ့လုပ်ရပ်တွေကို အနာဂတ်မှာ ပြောင်းလဲသွားစေနိုင်သည်။

" ဟုတ်ပါတယ်...ကျုပ်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ပါ…”

"နန်းတော်ထဲကကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နဲ့ခင်ဗျားနဲ့ ယှဉ်ရင် ဘယ်သူ ပိုသန်မာလဲ......"

“ယေဘူယျအတိုင်းဆို သူက ပိုသန်မာတယ်

မဟုတ်ရင် ..ငါတို့နှစ်ယောက်လုံးက တူညီတဲ့ နယ်ပယ်မှာ ရှိနေကြပေမဲ့ သူကငါ့ထက်စီနီယာပိုကျတယ်....သူ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မှယရှိနေရတဲ့ အကြောင်းရင်းက သိုင်းလောကထဲက လူအများစုက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကို အသန်မာဆုံးလို့ ယူဆတာကြောင့်ပါ...

.”

"ကျုပ် သူ့ကို အနိုင်ရဖို့ အခွင့်အရေးရှိနိုင်တယ်လို့ထင်လား..."

နတ်သခင်သည် မဆိုင်းမတွဘဲပြန်ဖြေလိုက်သည်။

“အရိုးသားဆုံး ပြောရရင် မင်းကပိုသန်မာတယ်....."

“မလိမ်နဲ့.... မဟုတ်ရင် ကျူပ်သေရင် ခင်ဗျားလည်း သေလိမ့်မယ်....ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲကို သေခြင်းရှင်ခြင်းစည်းတံဆိပ် ထည့်လိုက်ပြီ.... ဒီတံဆိပ်က ခင်ဗျားရဲ့သေခြင်းရှင်ခြင်းကို အလွယ်တကူ ဆုံးဖြတ်ပေးနိုင်တယ်....."

“မသိဘူး… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က သူ့ကို စိန်ခေါ်ခဲ့ဖူးတယ်.... ဟိုတုန်းက သူနဲ့တွေ့တုန်းကလည်း အခုလိုပဲခံခဲ့ရတယ်.... အနှစ်နှစ်ဆယ်ကြာပြီဆိုတော့ သူဘယ်လောက်ထိ အစွမ်းထက်လာမယ်ဆိုတာ သိုင်းလောကတစ်ခုလုံး သိမှာမဟုတ်ဘူး....."

သာမာန် သိုင်းပညာ လေ့ကျင့်သူများ၏ အမြင်တွင်၊ သူသည် မယုံကြည်နိုင်လောက်အောင်သန်မာသော ပညာရှင် ဖြစ်နေသည်။ သို့သော် သူ့အထက်တွင် ကျွမ်းကျင်သူများစွာ ရှိသည်ကို သူသာလျှင် သိသည်။ သူသည် နတ်ဆိုးဂိုဏ်း၏သခင်ဘွဲ့ကို ခံယူနိုင်ရုံသာရှိသည်။

ကျန်းချန်ရှန်းက ဆက်မေးပြန်သည်။နတ်ဆိုးသခင်သည် သူမေးသမျှမေးခွန်းတိုင်းကို အဖြေပေးပြီး အဖြေမသိပါက အခြေအနေကို ရိုးသားစွာ ရှင်းပြပေးခဲ့သည်။

သူသည် နတ်ဆိုးဂိုဏ်း၏ တပည့်များကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်အတွက် လက်စားချေရန်မဟုတ်ဘဲ အခြားသူတစ်ဦးအတွက် ဓားတစ်ချောင်းအဖြစ် ရောက်လာခဲ့ခြင်းဖြစ်သည်။

“အဲ့ဒီ့လူကို အပြစ်ပေးသူအကြီးအကဲလို့ခေါ်တယ်... သူက အမြဲတမ်း မျက်နှာဖုံးကို ဝတ်တတ်ထားပြီး သိုင်းလောကကိုလည်းနှံ့စပ်တယ်... သေချာတာကတော့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ဖြစ်နိုင်တယ်... သူက အလွန်အစွမ်းထက်ပြီး နတ်တိုးဂိုဏ်းက မြို့တော်က မင်းမျိုးမင်းနွယ်တွေနဲ့ လုံချီ ဘုရားကျောင်းတို့ကို အမြစ်ပြတ်ချေမှုန်းဖို့ကူညီနေသ၍ ဖြစ်သမျှကိစ္စအကုန်ရှင်းပေးမယ်လို့ပြောခဲ့တယ်...."

နတ်ဆိုးသခင်သည် ဒဏ်ရာပြင်းထန်သောကြောင့် စကားပြောနေရင်းနှင့်ပင်ချောင်းဆိုးပြီးသွေးအန်နေသည်။

ကျန်းချန်ရှန်းသည် ချန်းမိသားစုနှင့် တိုက်ဆိုင်စွာပင် ဆင်တူသည့် နတ်ဆိုးဂိုဏ်း ၏ အခြေအနေကို ယခုမှ သတိပြုမိခဲ့သည်။ နတ်ဆိုးဂိုဏ်းသည် တစ်ချိန်က ချူမင်းဆက်တွင် နံပါတ်တစ်ဂိုဏ်းဖြစ်သည်။ တကျန်း သည် ချူမင်းဆက်ကို ဖြုတ်ချပြီးနောက် သိုင်းလောကသည်လည်း ပြောင်းလဲသွားသည်။ တစ်ချိန်က နတ်ဆိုးဂိုဏ်းသည် ချူမင်းဆက်ကို ထောက်ပံ့ရန် တပည့်များစေလွှတ်ခဲ့ပြီး သိုင်းလောက၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သဖြင့် လက်ရှိသိုင်းပညာလောကမှ ငြင်းပယ်ခံခဲ့ရသည်။ တရားရုံးတွေကလည်း သူတို့ကို နေရာအနှံ့ လိုက်ဖမ်းနေသည်မှာ လမ်းဘေးကြွက်များသဖွယ်ပင်.....

သိုင်းလောက၏ စည်းမျဉ်းများအရ တော်ဝင်နန်းတွင်းတိုက်ပွဲများတွင် ဂိုဏ်းဂဏများ ပါဝင်ခွင့်မရှိပေ။ဤသည်မှာ သိုငိးပညာလောက၏ မိမိကိုယ်ကို ကာကွယ်မှုစနစ်တစ်ခုလည်းဖြစ်သည်။

“အပြစ်ပေးသူအကြီးအကဲကို..ခင်ဗျား ဘယ်လိုယုံကြည်ရဲတာလဲ... သူ လိမ်သွားမှာမကြောက်ဘူးလား......."

“သူ့မှာ နဂါးအမိန့်တော်တယ်... စစ်မှန်တဲ့ နဂါးအမိန့်တော်ကို မြင်ရင် ဧကရာဇ်မင်းကို မြင်တာနဲ့အတူတူပဲ...ဒါ့ကြောင့် သူက ဧကရာဇ်ကိုယ်စား ဒါတွေကိုလုပ်နေတယ်လို့ယူဆလိုက်တာ.... မြို့တော်ငယ်လေးမှာ ပုန်းကွယ်နေတဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူ သုံးယောက်ရှိမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး... မဟုတ်ဘူး....မင်းအပါအဝင်ဆို လေးယောက်ရှိတယ်…”

နတ်ဆိုးသခင် နောင်တကြီးစွာရနေပြီဖြစ်သည်။ထိုလူ၏ စကားကို နားမထောင်သင့်ခဲ့ပေ။ အကယ်၍ စောစောကသာ သိခဲ့လျှင် သူသည် နတ်ဆိုးဂိုဏ်းကို တကျန်းမင်းဆက်မှခေါ်ထုတ်သွားပြီလောက်ပြီ....မည်သို့ပင်ဆိုစေကမ္ဘာကြီးက ကျယ်ပြောလွန်းတဲ့အတွက် နေစရာတနေရာတော့ ရှိပေလိမ့်မည်။

ကျန်းချန်ရှန်း တိတ်တဆိတ် ဝမ်းသာသွားသည်။ အခြေနေများကိုရှုပ်ထွေးအောင် မလုပ်ခဲ့မိ၍သာတော်ပေတော့သည်။မည်သို့ပင်ဆိုစေ ရန်သူကိုလျှော့မတွက်သင့်ပေ။ဧကရာဇ်ပင်လျှင် ခွန်အားကိုအပြည့်အဝတခါမျှထုတ်မပြခဲ့ဖူးပေ။

နတ်ဆိုးသခင်၏ အဆက်အသွယ်သည် အပြစ်ပေးသူအကြီးအကဲဖြစ်သည်။နတ်ဆိုးသခင်သည် ထိုသူမှလွဲ၍ အခြားမင်းမျိုးမင်းနွယ်များကို မတွေ့ဖူးသောကြောင့် ကျန်းချန်ရှန်း သူ့ထံမှ ဘာသဲလွန်စမျှမရနိုင်ခဲ့ပေ။

ကျန်းချန်ရှန်းသည် အပြစ်ပေးသူအကြီးအကဲသည် ဧကရာဇ်ဖြစ်နိုင်သည်ဟု သံသယရှိသော်လည်း ဧကရာဇ်သည် ကျန်းနန်သို့ ရွက်လွှင့်နေပြီဖြစ်သည်။

ထို့နောက် နတ်ဆိုးသခင်အား နတ်ဆိုးဂိုဏ်း၏ အခြေအနေကို မေးမြန်းခဲ့သည်။

နတ်ဆိုးဂိုဏ်းတွင် တပည့်ထောင်ပေါင်းများစွာရှိပြီး ပထမအဆင့်ကျွမ်းကျင်သူ တစ်ထောင်ကျော်နှင့် ထိပ်တန်းကျွမ်းကျင်သူ ငါးဆယ်ကျော်တို့ ရှိသည်။ နတ်ဆိုးသခင်မှလွဲ၍ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်နေသော ဒုဂိုဏ်းချုပ်လည်း ရှိသေးသည်။ သို့သော် ဒုဂိုဏ်းချုပ်သည် မြို့တော်သို့လိုက်မလာဘဲ ဂိုဏ်းကိုစောင့်ရှောက်ဖို့ကျန်ရစ်ခဲ့သည်။

နတ်ဆိုးသခင် ပြန်မလာပါက၊ ဒုဂိုဏ်းချုပ်သည် တစ်နှစ်အကြာတွင် ရာထူးကို အလိုအလျောက် အမွေဆက်ခံနိုင်မည်ဖြစ်သည်။

နတ်ဆိုးဂိုဏ်းသည် အလွန်အင်အားကြီးသည်။

ကျန်းချန်ရှန်းသည် စွမ်းအင်ကျင့်ကြံသူဖြစ်ပြီး သိုင်းပညာ လေ့ကျင့်သူထက် ပိုမိုအားကောင်းသော်လည်း သူ၏ ဝိညာဉ်စွမ်းအားမှာ အဆုံးမရှိပေ။သို့သော်လည်း ယခုလိုအခြေနေမျိုးနှင့်ကြုံလာသောအခါ ကိုယ်ပိုင် လူအင်အားရှိဖို့ လိုအပ်နေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

နတ်ဆိုးသခင်သည် ကောင်းမွန်သောအစပျိုးခြင်းဖြစ်ပေလိမ့်မည်။

ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး....

"ခင်ဗျား ကျုပ်ကို သာမန်သေမျိုးလို့ထင်နေတာလား?"

နတ်ဆိုးသခင် ထိတ်လန့်သွားသည်။ ကျန်းချန်ရှန်း ဘာကိုဆိုလိုသည်ကို သူနားမလည်သော်လည်း တိုင်ဟန်ဓားအကြောင်း တွေးလိုက်သောအခါချွေးစေးများစီးကျလာသည်။

ဟုတ်နိုင်တယ်......

"ကျုပ်ရုပ်ရည်ကိုကြည့်ပြီး ခန့်မှန်းမယ်ဆိုအသက်ဘယ်လောက်ရှိပြီထင်လဲ"

“ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်ပေါ့… မင်းရဲ့အသက်အမှန်က ဘယ်လောက်လဲ.....”

ကျန်းချန်ရှန်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သူဖြစ်သောကြောင့် နတ်ဆိုးသခင် သိချင်စိတ်ပြင်းပြလာသည်။

ကျန်းချန်ရှန်း တစ်ချက်တွေးလိုက်ရုံနှင့် စားပွဲပေါ်ရှိ တိုင်ဟန် ဓားသည် အလိုလို ကျွတ်ထွက်သွားပြီး အခန်းတစ်ဝိုက်တွင် ပျံဝဲနေသဖြင့် နတ်ဆိုးသခင် အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။

ကျန်းချန်ရှန်း မည်ကဲ့သို့ တိုက်ခိုက်သည်ကို သူ မမြင်လိုက်ပေ။

အရင်တုန်းကတော့ လူတွေကို လှည့်စားဖို့လုပ်ထားတဲ့ သူ့ရဲ့ ကျီးနက်ပျံသန်းခြင်းပညာရပ်လိုပဲ ဟုထင်ခဲ့သော်လည်း လက်တွေ့မြင်ရချိန်တွင် မဖြစ်နိုင်မှန်းနားလည်လိုက်သည်။

“ကျုပ်အတွက် အလုပ်လုပ်ဖို့ တစ်ယောက်ယောက်လိုတယ်...ခင်ဗျားသာနာခံမှုရှိရင် စိတ်ကူးမယဉ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တယ်။ ဥပမာ…"

ကျန်းချန်ရှန်းက နတ်ဆိုးသခင်ကို စိုက်ကြည့်ရင်းဆက်ပြောပြန်သည်။

“ခင်ဗျား...အသက် ခြောက်ဆယ်ရှိနေပြီ ဟုတ်လား...ရုပ်ရည်သွင်ပြင်ကတော့

တော်တော်နုပျိုပုံပဲ.... ဒါပေမယ့် ဖုံးကွယ်ထားတဲ့ ရောဂါတွေနဲ့ ပြည့်နှက်နေတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မယ် ထင်လဲ။ 10 နှစ်? နှစ် 20? ဒါကထန်ကုန်တွက်ထားတာနော်... အသက်ပိုရှည်ချင်သလား... သန်မာတဲ့ ခွန်အားကို လိုချင်သလား....."

နတ်ဆိုးသခင်၏ နှလုံးခုန်သံ မြန်ဆန်လာသည်။

သိုင်းသမားတွေ အသက်ကြီးလာတဲ့အခါ သူတို့အကြောက်ဆုံးအရာက ကိုယ်ခံအားဆုတ်ယုတ်လာခြင်းဖြစ်သည်။နတ်ဆိုးသခင်ကိုမဆိုထားနှင့် ဧကရာဇ်သည်ပင် ကမ္ဘာတစ်ဝှမ်းလုံးတွင် မသေနိုင်သောသူများကို ရှာဖွေနေပါသည်။

ထိုညတွင် နတ်ဆိုးသခင်၏နှလုံးသားသည် အကြိမ်ကြိမ် တုန်လှုပ်နေခဲ့ရသည်။

….....................

မှောင်မိုက်နေသော နန်းတော်ထဲတွင် လီကုန်းကုန်းတစ်ယောက် မှုန်ကုပ်ကုပ်နှင့် ခန်းမထဲတွင် ရပ်နေသည်။

သူ့ရှေ့မှာတွင် သူ့ကိုကျောပေးပြီးမတ်တပ်ရပ်နေသူတစ်ယောက်ရှိသည်။ ထိုလူသည် ခရမ်းရောင်အဝတ်အစားနှင့် ကြေးဝါမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူ၏ရှည်လျားသောဆံပင်ကို သရဖူအောက်တွင် ချည်နှောင်ထားသောကြောင့် ဆန်းကြယ်ပြီး မြင့်မြတ်လှသည်။

"နတ်တိုးသခင် ပျောက်ကွယ်သွားပြီ..... ငါတို့ရဲ့လူတစ်ဝက်ကျော်လောက် ဆုံးရှုံးသွားပြီလား"

ခရမ်းရောင်ဝတ်ထားသူက မေးသည်။ သူ့အသံက ဘာမှမထူးခြားသလို လေသံအတက်အကျလည်းမရှိပေ။

လီကုန်းကုန်းက အံကြိတ်ကာ......

“နတ်ဆိုးသခင် ပျောက်ကွယ်သွားပါပြီ.... သူသေသည်ဖြစ်စေ ဖမ်းခံရသည်ဖြစ်စေ ကံကောင်းထောက်မစွာနဲ့ သူအများကြီးသိမသွားဘူး... တဖက်လူက နတ်ဆိုးသခင် ကို အလွယ်တကူသတ်နိုင်စွမ်းရှိတယ်ဆို ကျွန်တော်မျိုးတို့သေချာပြန်စဉ်းစားရတော့မယ်......အကြီးအကဲရှင်း..... ဧကရာဇ်ရဲ့သဘောထားက ဘာများလဲ... ဒိသားတော် ဖယ်ပစ်ချင်တာလား ဒါမှမဟုတ် သူ့ကို အသက်ဆက်ရှင်စေချင်လား.... ဘာလို့ မြို့တော်မှာထားထားတာလဲ....”

ခရမ်းရောင်ဝတ်ထားသူသည် နတ်ဆိုးသခင်ပြောခဲ့သည့် အပြစ်ပေးသူအကြီးအကဲဆိုသူပင်.....

အကြီးအကဲရှင်းသည် ကြေးဝါမျက်နှာဖုံးအောက်မှ သူ၏ညာဘက်မျက်လုံးကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် မြွေတစ်ကောင်လို အေးစက်နေပြီး လီကုန်းကုန်း ကို အလွန်ထိတ်လန့်တုန်လှုပ်သွားစေသည်။ထို့ကြောင့် သူ့အကြည့်ကို မရင်ဆိုင်ဝံ့ဘဲ ကြောက်ရွံ့စွာ ဒူးထောက်လိုက်သည်။

“ဒီကျွန် သေသင့်ပါတယ်.... သန့်ရှင်းတဲ့အမိန့်တော်ကို မေးခွန်းမထုတ်သင့်ပါဘူး...”

လီကုန်းကုန်း ခေါင်းငုံ့ကာ တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။ သူ့လေသံက ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ပြည့်နေ၏။

“ဧကရာဇ်ရဲ့ အတွေးတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး...ဧကရာဇ် အလိုရှိတဲ့အရာက လုံချီ ဘုရားကျောင်း၊ ယန်မိသားစုနဲ့ ဟောင်မိသားစုတို့ကို ဖျက်ဆီးဖို့ပဲ.... ဒါပေမယ့် ဒီအကြံအစည် သုံးခုစလုံး ပျက်ဆီးသွားပြီ....”

လီကုန်းကုန်း ခေါင်းငုံ့နေပြီး အသက်တောင် မရှုဝံ့ခဲ့ပေ။

“အခုချိန်ကစပြီး စစ်ဆင်ရေးကို ရပ်ဆိုင်းထားလိုက်တော့.... ကောင်းကင်အကျဉ်းထောင်က ကျွမ်းကျင်သူတွေကို

ထပ်ရွေးပြီး ငါ့ရဲ့အမိန့်နဲ့ ဧကရာဇ်ရဲ့အမိန့်ကိုစောင့်နေ....."

“ဟုတ်ကဲ့...!”

လီကုန်းကုန်း အလျင်စလိုဖြေလိုက်သည်။

အကြီးအကဲရှင်းက သူ့ဆီသို့ လျှောက်လာပြီးလမ်းတဝက်မှာတင် ရုတ်တရက် ပျောက်ကွယ်သွားသည်။ မကြာမီ နန်းတော်အဝင်ဝတွင် ပေါ်လာခဲ့သည်။ သူသည် တောက်ပသောလမင်းကို မျှော်ကြည့်ကာ.....

“လွန်ခဲ့သည့် ဆယ်နှစ်က ပျောက်ကွယ်သွားတဲ့ ပညာရှင်ကို စုံစမ်းပါ.... ဆယ့်ရှစ်နှစ်အရွယ် ကလေးတစ်ဦး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်နေဖို့ ဆရာကောင်းရှိဖို့လိုတယ်... ချန်ရှန်းရဲ့ ရွေးချယ်မှုက အရကင်မင်းဆက်ရဲ့အကြွင်းအကျန်တွေနဲ့

ဆက်စပ်နိုင်တယ်.... ဟိုတုန်းက လုပ်ခဲ့တဲ့သူတွေကို စုံစမ်းရမယ်။”

လီကုန်းကုန်းက အကြီးအကဲရှင်းကို တရိုတသေဉိးညွှတ်ပြီး....

"ဒီကျွန် နားလည်ပါပြီ...."

အကြီးအကဲရှင်းသည် တံခါးရှေ့တွင် ထပ်မံပျောက်ကွယ်သွားလေတော့သည်။

…

နောက်တစ်နေ့ နေ့လယ်ခင်းတွင်...

ကျန်းချန်ရှန်းသည် နတ်ဆိုးသခင်၏ဒဏ်ရာများကိုကုသရန် ဝိညာဉ်စွမ်းအားကိုအသုံးပြုခဲ့သည်။ နတ်ဆိုးသခင်သည် ဝတ်ရုံနက်အစား လုံချီဘုရားကျောင်း၏တာအိုဝတ်ရုံကိုပြောင်းလဲဝတ်ဆင်ထားသဖြင့် အားနည်းသော တာအိုဘုန်းကြီးတပါးနှင့်တူနေသည်။

သူ့ထံတွင် နတ်တိုးသခင်၏ ဆိုးယုတ်ခြင်း သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်နိုင်သောအော်ရာများရှိမနေတော့ပေ။

သူ့ခန္ဓာကိုယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ချီဓာတ်ကို ခံစားလိုက်ရတော့ နတ်ဆိုးသခင် ထိတ်လန့်သွားသည်။

“ကြောက်စရာကောင်းလိုက်တဲ့ချီဓာတ်...… ဒါဘယ်လိုသိုင်းပညာမျိုးလဲ....သူ့ရဲ့စစ်မှန်တဲ့ချီက ငါ့ထက် ဆယ်ဆ ပိုသန်မာတယ်…”

မနေ့ညက ကျန်းချန်ရှန်း ပြောခဲ့တာကို တွေးမိတဲ့အခါ နတ်ဆိုးသခင်ရဲ့စိတ်ထဲတွင် ခံစားချက်တွေ ပြည့်နှက်နေလာသည်။

ဒါက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်.....

မည်သို့ပင်ဆိုစေကာမူ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်နေသူထံတွင် ထိုသို့သော

ခွန်အားမျိုးကို မည်သို့ပိုင်ဆိုင်နိုင်သည်ကို သူနားမလည်နိုင်ခဲ့ပေ။ ကွေ့ရန်နတ်ဘုရားဂိုဏ်း၏ ငယ်ရွယ်သော ဂိုဏ်းချုပ်ထင်ပက် သာလွန်နေသည်။ ဤသခင်သည် သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် အင်မော်တယ်ဖြစ်မည်မှာ သေချာသလောက်ပင်....

“အထဲကို ဝင်ပြီး သက်သာအောင်အနားယူလိုက်ဉီး... စားပွဲပေါ်က ဆေးကို ကျုပ်ကိုယ်တိုင် ကြိုပေးထားတာ... ယူသောက်လိုက်ဉီး....."

နတ်ဆိုးသခင်သည် ချက်ချင်းထ၍ ဦးညွှတ်ကာ အိမ်ထဲသို့ ဝင်လေ၏။

ပိုင်လုံသည်လည်း ကျန်းချန်ရှန်း၏ ပုခုံးပေါ်ကနေ ဆင်းပြီး အိမ်ဆီသို့ ဝင်သွားသည်။

ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး တာအိုဝတ်ရုံမှ ဖုန်မှုန့်များကို ညင်သာစွာ ခါထုတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကိုနောက်ပစ်ကာ နေရောင်ခြည်ကို ခံစားရင်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သိပ်မကြာခင်မှာပဲ လူနှစ်ယောက် ခြံဝင်းထဲသို့ ဝင်လာကြသည်။

ချန်းလီ ......

သူ့နောက်တွင် ပိန်လှီသော ရဲအရာရှိကြီးတစ်ဦးရှိသည်။

ချန်းလီ ယက ကျန်းချန်ရှန်းဆီကို အမြန်လျှောက်လာပြီး....

"ချန်ရှန်း၊ ငါပြောစရာရှိတယ်....ဝင်ကြရအောင်......."

“အိမ်ထဲဝင်စရာ မလိုဘူး...ပေသုံးရာအကွာအဝေးမှာ ကျွန်တော်တို့သုံးယောက်ပဲရှိတယ်...ဒါနဲ့ မြွေတစ်ကောင်လည်းရှိတယ်..."

ကျန်းချန်ရှန်း ပြုံးလိုက်သည်။ သူသည် ရဲသား၏ အော်ရာကို ရင်းနှီးနေသည်။ သူမသည် မနေ့ညကတွေ့ဆုံခဲ့သည့် ၀တ်ရုံဖြူ အမျိုးသမီးဖြစ်သည်။

အင်မော်တယ်ကျင့်ကြံသူများသည် အော်ရာများကိုအာရုံခံနိုင်သည်။

"ငါ့နောက်ကလူက ဝတ်ဖြူတော်အစောင့်က ငါ့မိတ်ဆွေပါ.... နတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေကို သတ်ဖို့ သူမကို ဖိတ်ခေါ်ခဲ့ပေမယ့် ဒုက္ခတောထဲဆွဲသွင်းသလိုဖြစ်သွားတယ်... လောလောဆယ် သူ့မှာ သွားစရာနေရာမရှိတော့ဘူး....ချန်းမိသားစုထဲကိုလည်း ခေါ်ထားလို့မရဘူး... တစ်မြို့လုံး အစောင့်အကြပ်တွေ ထူထပ်နေတော့ ငါ သူ့ကို မင်းဆီထားခဲ့လို့ရမလား...."

“ရပါတယ်... ဘာမှ စိတ်မပူနဲ့..."

ချန်းလီ အသက်ပြင်းပြင်းရှူပြီး သူ့မျက်နှာပေါ်က အမှောင်ထုကို ဖယ်ထုတ်လိုက်သည်။ သူက ကျန်းချန်ရှန်းရဲ့ ပခုံးကို

ပုတ်ပြီး ကျေးဇူးတင်စကားဆိုခဲ့သည်။

ထို့နောက် ကြာကြာဆက်မနေဘဲ အလျင်စလို ထွက်ခွာသွားတော့ ကျန်းချန်ရှန်းနဲ့ ဝတ်ရုံဖြုုအမျိုးသမီးတို့နှစ်ယောက်သာ ခြံဝင်းထဲတွင်ကျန်ခဲ့တော့သည်။

ချန်းလီ ထွက်သွားပြီးအတော်ကြမှ ကျန်းချန်ရှန်းက .....

"မင်းရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ"

ရဲအရာရှိသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဒူးထောက်လိုက်၏။

“စီနီယာ... ကျွန်မကို သိုင်းပညာ သင်ပေးပါ.... အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါတယ်!”

ကျန်းချန်ရှန်းသည် မနေ့ညက နတ်တိုးသခင်၏ နားလည်မှုကို မှောက်လှန်ရုံသာမက သူမ၏ယုံကြည်ချက်များကိုလည်း ဖြိုဖျက်ခဲ့သည်။ သူမသည် သူမ၏ဘဝပထမနှစ်ဝက်တွင် ကြိုးစားခဲ့သမျှအားလုံး ဟာသတစ်ခုဖြစ်သွားသလို ရုတ်တရက်ခံစားလိုက်ရသည်။

“ တကယ်ပဲလား? ချန်းလီကို သတ်ခိုင်းမယ်ဆိုရင်ရော....."

ထိပ်တန်းကျွမ်းကျင်သူကို လက်မခံခြင်းသည် ဖြုန်းတီးရာရောက်ပေလိမ့်မည်။

“သတ်ပစ်မှာပါ.... သူ့မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိပေမဲ့ ခွန်အား မရှိပါဘူး... သူအသက်ရှင်နေမယ်ဆိုရင် အပြစ်မဲ့တဲ့သူတွေကို သူရာလောကဆီဆွဲခေါ်သွားလိမ့်မယ်..."

"နာမည်ဘယ်လိုခေါ်လဲ?"

"ကျွန်မ နာမည် ဂျန်ရှင်း...မျိုးရိုးက ဟွာ...."

All Chapters