အဆောင်ပညာ...သိုင်းပညာတို့၏ဘုရင်....
Vol. 2 Ch. 18
ကျန်းချန်ရှန်း နေထိုင်သည့် ခြံဝင်းထဲတွင် အခန်းလေးခန်းလည်း ရှိသဖြင့် နတ်ဆိုးသခင်နှင့် ဟွာဂျန်ရှင်းတို့ ထိုနေရာတွင် နေရန် မခက်ခဲပေ။ လုံချီဘုရားကျောင်းသို့ ဧည့်သည်များ မကြာခဏ လာရောက်တည်းခိုလေ့ရှိသောကြောင့် လူပိုရောက်လာခြင်းသည် ပြဿနာမဟုတ်ပေ။ အများအားဖြင့် သူထံ ဝမ်လီနှင့်မင်ယွဲ့တို့သာလာတန်သောကြောင့် ဖုံးကွယ်ဖို့ လွယ်ကူခဲ့သည်။
မည်သို့ပင်ဆိုစေ ဘုန်းတော်ကြီးချင်ရှုသည် နတ်ဆိုးသခင်ကို သူ အနိုင်ယူခဲ့ကြောင်း သိထားပြီးဖြစ်သည့်အတွက် အထောက်အထာတခု စီစဉ်ရန် မခက်ခဲခဲ့ပေ။
ဟွာဂျန်ရှင်းလည်း ပြန်လည်ကောင်းမွန်လာဖို့ လိုသည်။ ကျန်းချန်ရှန်းက သူ့အတွက်ဆေးယူဖို့ အခန်းထဲဝင်သွားခိုင်းသည့်အခါ တာအို၀တ်စုံဝတ်ထားတဲ့ နတ်ဆိုးသခင် ကိုကြည့်ရင်း ဟွာဂျန်ရှင်း အံ့သြနေနေသော်လည်း ဘာမှမပြောဘဲ အခန်းထဲဝင်သွားခဲ့သည်။
ဟွာဂျန်ရှင်း အခန်းထဲဝင်သွားသည်နှင့် နတ်ဆိုးသခင်က.....
“အဲ့ဒီအမျိုးသမီးက ယောက်ျားအများစုထက် တော်တယ်... မနတ်ဆိုးဂိုဏ်းက လူတွေကို တညလုံး သတ်နေပေမယ့် ၀တ်ဖြူတော် အစောင့်တွေထဲမှာ သူတယောက်တည်းပဲလာတားခဲ့တာ....”
ဝတ်ဖြူတော်အစောင့်တပ်များကို နိုင်ငံတည်ထောင်ပြီးနောက် ဒုတိယနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဧကရာဇ်၏တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ထားရှိခဲ့သည်။အရေအတွက် အတိအကျကိုတော့ ဘယ်သူမှ မသိရသေးပေ။ ၎င်းတို့သည် ထောက်လှမ်းရေး၊ ပြန်ပေးဆွဲမှု၊ လုပ်ကြံသတ်ဖြတ်မှု၊ အစောင့်အကြပ်များနှင့် အခြားမစ်ရှင်များ ပြုလုပ်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း၊ ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့သည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင် အပါအဝင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ဖမ်းဆီးနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့၏အမည်သည် ကျန်းဟူလောကတွင် ကျော်ကြားခဲ့သည်။
တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တဲ့ ဝတ်ဖြူတော်တပ်ဖွဲ့....
ဤစကားများသည် မရေမတွက်နိုင်သော လူငယ်များအတွက် အိမ်မက်တခုဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုတပ်ဖွဲ့၏ စမ်းသပ်မှုသည် အလွန်တင်းကျပ်ပြီး အနည်းဆုံး ပထမအဆင့် ကျွမ်းကျင်သူများဖြစ်ရန်လိုအပ်သည်။
ကျန်းချန်ရှန်း အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ့အခန်းထဲတွင် တရားထိုင်လိုက်သည်။
နတ်ဆိုးသခင်သည် သူာကျင့်ကြံနေသည့်ပညာရပ်များကို လျှို့ဝှက်စွာ လေ့လာရန် မဖြစ်နိုင်သောကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်းမရှိပေ။
နတ်ဆိုးဂိုဏ်း၏ ထက်ဝက်ကျော် ပျောက်ဆုံးသွားကာ နတ်ဆိုးသခင်ကိုယ်တိုင် ပျောက်ဆုံးသွားသဖြင့် ကျန်တပည့်များ မြို့တော်မှ ထွက်ပြေးခဲ့ကြသည်။ ဧကရာဇ်အစောင့်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ကံမကောင်းသူများလည်း ရှိခဲ့သည် ။ မြို့တော်၏အကျပ်အတည်းသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး ပလိပ်ရောဂါတခုသာကျန်ခဲ့ပြီး ဖြေရှင်းရန် အချိန်ယူရဦးမည်ဖြစ်သည်။
ဤရှေးခေတ်ကမ္ဘာတွင် ပလိပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ဖျားနာသူများကို ထိန်းသိမ်းရန်ဖြစ်သည်။ သေဆုံးသူများ၏ အဝတ်အစားအသုံးဆောင်များကိုပါ တပါတည်း မီးရှို့လိုက်လျှင် ပလိပ်ရောဂါ ပျောက်ကင်းသွားမည်သာ......
ကျန်းချန်ရှန်းသည် နွေဦးနှင့်ဆောင်းဦးဆေးကျမ်းကို သင်ယူခဲ့သော်လည်း၊ သူ့တွင် ကမ္ဘာကြီးကို ကူညီရန် နှလုံးသားမရှိခဲ့ပေ။
သူသည် ဧကရာဇ်ကို ပြစ်မှားခဲ့သည်။ မူလက သူသည် ပလိပ်ရောဂါကို လူဖန်တီးသည်ဟု ထင်ခဲ့သော်လည်း နတ်ဆိုးသခင်က ထိုသို့မဖြစ်နိုင်ဟု ဆိုသည်။ ပလိပ်ရောဂါ ပေါက်ဖွားလာသောအခါမှသာ နတ်ဆိုးသခင်တို့က ပရမ်းပတာအခြေနေကိုအခွင့်ကောင်းယူခဲ့ကြခြင်းဖြစ်သည်။
နောက်နေ့မနက်မှာ ....
ကျန်းချန်ရှန်း ခြံဝင်းထဲမှာ လေ့ကျင့်နေပြီး နေနဲ့လရဲ့ အနှစ်သာရကို စုပ်ယူဖို့ ပိုင်လုံကိုလည်း သင်ပြပေးခဲ့သည်။
“မင်းဆက်တည်ထောင်တဲ့ဆယ့်ရှစ်နှစ်မှာ နတ်ဆိုးဂိုဏ်းက မြို့တော်ကို ဖျက်ဆီးခဲ့တယ်။ သင်သည် ဘေးဆိုးကြီးမှ အောင်မြင်စွာ လွတ်မြောက်ရန် သင့်ကိုယ်ပိုင် ခွန်အားကို အားကိုးခဲ့သဖြင့် ရှင်သန်ခြင်း ဆုလာဘ်အဖြစ် ကျောက်စိမ်းအပ်ပညာရပ်ကိုရရှိသည်....."
ဒီစကားလုံးကိုမြင်တော့ ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။
ပလိပ်ရောဂါ ပြီးသွားသောအခါတွင်၊ သူသည် အခြားဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်သည်။
ကျောက်စိမ်းအပ်ပညာကို စတင်လေ့လာခဲ့ည်။ ဤပညာရပ်ကို ဆေးပညာတွင် အသုံးမချသော်လည်း ရန်သူများကို သတ်ရန် အပ်တစ်ချောင်းအဖြစ် အသုံးပြုနိုင်သည်။ ဤပညာရပ်ကိုသုံး၍ အစစ်အမှန်ချီဓာတ်ကို လူ့ခန္ဓာကိုယ်ထဲသို့ထည့်သွင်းနိုင်သည်နှင့် လူတစ်ဦး၏သွေးကြေများကို ပေါက်ကွဲသွားစေမည့် အပ်တစ်ချောင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ယေဘုယျအားဖြင့်၊ ဤပညာသည် ကျန်းချန်ရှန်း၏ ခွန်အားကို အမှန်တကယ် မတိုးပွားစေခဲ့ပေ။
ကိုယ့်အတွက် အန္တရာယ်ကြီးလေလေ ဆုလာဘ်ကြီးလေပင်.....
သူမွေးကင်းစအရွယ်တုန်းက တကယ်ကို ခွန်အားမဲ့နေချိန်ဖြစ်ပြီး ထိုအချိန်သည် အန္တရာယ်အရှိဆုံးအချိန်ဖြစ်ခဲ့သည်။ထို့ကြောင့်ဆုလာဘ်အဖြစ် တာအိုသဘာဝကျင့်စဉ်ကိုရရှိခဲ့သည်။
သန်မာလာသည်နှင့်အမျှ အန္တရာယ်လည်း လျော့နည်းသွားသည်။
လက်ရှိအချိန်မှာ ကမ္ဘာကြီးကိုအလုံးစုံမမြင်တွေ့နိုင်သေးသဖြင့် ဘယ်သူက အသန်မာဆုံးလဲ ဆိုတာ ပြောဖို့ခက်သည်။ နတ်ဆိုးသခင် ၏အဆိုအရ၊ သိုင်းလောကတွင် ကြီးကျယ်ခမ်းနားသော သူရဲကောင်းများစွာနှင့် ချီရှန်းများစွာရှိခဲ့သည်။ ထို့အပြင်ရွက်ပုန်းသီးများစွာလည်းရှိနေသေးသည်။
ကျန်းချန်ရှန်းအဖို့ အလုပ်ကြိုးစားရန် လိုအပ်နေသေးသည်။
ကိုယ့်ထက်အားနည်းသူများကို အနိုင်ယူနိုင်ရုံဖြင့် အောင်မြင်သည်ဟုမနိုင်သေးပေ။ ကမ္ဘာတခုလုံးကို တယောက်တည်းရင်ဆိုင်တိုက်ခိုက်နိုင်မှသာ အောမြင်မှုအစစ်အမှန်ရရှိမည်သာ........
တကျန်းမင်းဆက်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော မင်းဆက်မဟုတ်ပေ။ ကမ္ဘာကြီးသည် ကျယ်ပြောပြီး သိုင်းပညာသည်လည်း အကန့်အသတ်မရှိပေ။ ပညာရှင်မည်မျှရှိသည်ကို ဘုရားသခင်သာ သိတော်မူပေလိမ့်မည်။
ဤလောကကြီးတွင် အင်မော်တယ်တစ်ယောက်အဖြစ်ကျင့်ကြံနိုင်မည်ဆိုလျှင်.....
ကျန်းချန်ရှန်း အတွေးများကိုရုတ်သိမ်းလိုက်ပြီး ကျောက်စိမ်းအပ်ပညာကို စတင်လေ့ကျင့်ခဲ့သည်။
ထိုအချိန်တွင် အနီးနားရှိ အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး ဟွာဂျန်ရှင်း ထွက်လာခဲ့သည်။ သူမသည် တာအို၀တ်စုံအဖြစ်သို့ ပြောင်းလဲဝတ်ဆင်ထားပြီး သူမ၏ရှည်လျားသောဆံပင်ကို သူမ၏ပခုံးပေါ်တွင် ဖြန့်ချထားသည်။ သူမသည် သူမတူအောင်လှပသူမဟုတ်သော်လည်း တမျိုးတဖူံလှပသူသာပင်......
သူမ၏ ဘယ်ဘက်လက်ကို အဝတ်တစ်ထည်ဖြင့် ပတ်ထားသည်။ သူ့လက်မောင်းကို အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲနေပုံရသည်။
ကျန်းချန်ရှန်းကိုတွေ့လိုက်ရသောအခါ သူမ အနည်းငယ် တုံ့ဆိုင်းသွားသည်။
ကျန်းချန်ရှန်းကို နေ့ခင်းကြောင်တောင်တွင် ရှင်းရှင်းလင်းလင်းမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ကျန်းချန်ရှန်းကို ပထမဆုံးအကြိမ်တွေ့လိုက်ရတုန်းကလည်း သူမ အံ့အားသင့်ခဲ့ရသည်။ သို့သော်လည်း လက်ရှိ ကျန်းချန်ရှန်းသည် ဉာဏ်ပညာရှိသော ပညာရှင်တစ်ဦးနှင့်ပိုတူပြီး နေရောင်အောက်တွင် အချိန်မရွေးကောင်းကင်ပေါ်သို့တက်လှမ်းတော့မည့် အင်မော်တယ်တပါးသဖွယ်တင့်တယ်လွန်းလှသည်။
ဟွာဂျန်ရှင်းသည် ကျန်းချန်ရှန်း၏ပခုံးပေါ်တွင် မြွေဖြူတစ်ကောင်ကို ရုတ်တရက်တွေ့လိုက်ရသည်။ မြွေဖြူသည် သူမ၏ အကြည့်ကို အာရုံခံမိသဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
ဒီမြွေကိုမြင်တော့ ဟွာဂျန်ရှင်း ရင်တုန်သွားသည်။ သူမဘဝမှာ မြွေတွေကို အကြောက်ဆုံးပဲ........
“ပိုင်လုံ...နောက်ဆို သူ့အနားမသွားနဲ့... "
ဟွာဂျန်ရှင်း၏ကြောက်ရွံ့မှုကို ခံစားလိုက်ရသည့်အတွက် ကျန်းချန်ရှန်း၏ အသံ ထွက်ပေါ်လာသည်။
ထိုစကားကိုကြားသောအခါ ပိုင်လုံသည် ခေါင်းကိုလှည့်၍သာ သူမကို ရံဖန်ရံခါ ကြည့်နေသောကြောင့် ဟွာဂျန်ရှင်း ဆွံအသွားလေသည်။
ဒီမြွေက လူလား...?
ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ.....
“အရင်ပြန်ကောင်းလာအောင်အနားယူပါ..... မင်းဒဏ်ရာတွေ သက်သာသွားပြီဆိုရင် ပိုသန်မာလာအောင် ငါသင်ပေးမယ်......"
ဟွာဂျန်ရှင်းက လေးလေးစားစား ခေါင်းညိတ်လိုက်သည်။
…...............
တိမ်ကင်းစင်၍ပြာလွင်သောကောင်းကင်အောက်တွင် မိုင်ပေါင်းသောင်းချီရှည်လျားသော တောင်တန်းများကြားတွင် မြစ်ကြီးတစ်စင်း စီးဆင်းနေပြီး သင်္ဘောကြီးတစ်စင်းရှေ့သို့ ရွေ့လျားနေသည်။ထိုသင်္ဘောနောက်တွင် ဒါဇင်နဲ့ချီတဲ့ သင်္ဘောတွေ လိုက်ပါလာခဲ့ပြီး ၎င်းတို့ပေါ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော တပ်သားများနှင့်ပြည့်နှက်နေသည်။
နဂါးဝတ်ရုံကို ၀တ်ဆင်ထားသော ကျန်းယွမ် သည် ကုန်းပတ်ပေါ်တွင်လေညှင်းခံနေသည်။
ထိုစဉ်.... အဖြူရောင်ဝတ်လုံအစောင့်တစ်ဦး ကုန်းပတ်ပေါ်သို့ခုန်တက်ကာ ဒူးထောက်ပြီး လက်နှစ်ဖက်ဖြင့် စာလိပ်တစ်လိပ် ပေးလိုက်သည်။
ကျန်းယွမ်က ထိုစာလိပ်ကို ဂရုတစိုက်ဖတ်ပြီးသည်နှင့် အစစ်အမှန်ချီကို သူ၏လက်ဖဝါးတွင် ပေါင်းထည့်ကာ စာလိပ်ကိုလောင်ကျွမ်းပြာချပစ်လိုက်သည်။
ကျန်းယွမ်က လက်နှစ်ဘက် နောက်ပစ်ပြီး ရေပြင်ကိုငေးကြည့်နေသော်လည်း ဘာတခွန်းမှမမိန့်ကြားခဲ့ပေ။
အစောင့်တပ်သားသည် တိတ်တဆိတ် ထွက်ခွာမသွားမီ အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပဲ အိမ်ရှေ့မင်းသားကျန်းချန် နဲ့ ဒုတိယမင်းသားကျန်းမင်တို့ရောက်လာကြသည်။
“ခမည်းတော်....သားတော် ညီနှစ်နဲ့ လောင်းကြေးထပ်ထားတယ်..... ခမည်းတော်
ထုတ်ပြန်လိုက်တဲ့ သိုင်းပညာရှင် စုဆောင်းရေးအမိန့်က ကျန်းဟူလောကရဲ့ သန်မာတဲ့ပုဂ္ဂိုလ်တွေကို ဆွဲဆောင်နိုင်တယ်လို့ ညီနှစ်ကပြောတယ်....ဒါပေမယ့် သားတော်ကမဖြစ်နိုင်တဲ့ဘက်က လောင်းကြေးထပ်ထားတယ်..... အများစုကတော့ ထိပ်တန်းကျွမ်းကျင်သူတွေကို ဆွဲဆောင်နိုင်ပါလိမ့်မယ်......”
စိတ်လက်ကြည်သာနေသဖြင့် ကျန်းချန် ရယ်မောလိုက်သည်။
ကျန်းယွမ် သူ့သားတော်နှစ်ပါးကိုလှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။
"ငါကိုယ်တော်ရဲဲ့အမိန့်က ကျန်းဟူလောကရဲ့ အာရုံစိုက်မှုကို မခံထိုက်ဘူးလို့ မင်းထင်နေတာလား.....”
ကျန်းချန်က ခေါင်းခါလိုက်ပြီး.....
“ဟုတ်ပါတယ်.. ကျန်းဟူလောကကနေ တားရုံးတော်ဘက် ခိုဝင်လာမယ်ဆို စည်းမျဉ်းအတိုင်းသိုင်းလောကကနေထုတ်ပယ်ခံရလိမ့်မယ်....သူတို့တွေက ရာထူးတွေလစာတွေထက် ကျန်းဟူကပေးတဲ့ဂုဏ်ပုဒ်ကိုပိုမက်မောကြတယ်....."
ထိုအခါ ကျန်းမင်က....
"ကျန်းမင်းဆက်က ချူမင်းဆက် မဟုတ်ဘူး... ကျွန်တော်တို့မှာ ကမ္ဘာကြီးကို အုပ်စိုးဖို့ ရည်မှန်းချက်ရှိတယ်.... ဒါက အစပဲရှိသေးတယ်.... ကျွန်တော်တို့ မကြာခင်နယ်မြေချဲ့ထွင်တော့မှာမို့ အောင်မြင်မှုလိုချင်ရင်အစောကြီးကတည်းကလာပူပေါင်းသင့်တယ်....."
ကျန်းချန်က....
"ဒါက စိတ်ကူးယဉ်ဆန်လွန်းတယ် အရာရာကို ထည့်သွင်းစဉ်းစားပြီး လောင်းကစားလုပ်ဖို့ သတ္တိရှိဖို့ဆိုတာ ဘယ်သူ့အတွက်မဆို ခက်ခဲတယ်....”
ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်တော့မှာကို မြင်လိုက်ရတော့ ကျန်းယွမ် ကူကယ်ရာမဲ့စွာ ခေါင်းယမ်းပြီး....
"တော်ကြတော့ မင်းတို့ကြောင့် ခေါင်းကိုက်လာပြီ"
ညီအကိုနှစ်ယောက်က ချက်ခြင်းပဲ ပါးစပ်ပိတ်ပြီး ဘာမှမပြောဝံ့ကြတော့ပေ။
ကျန်းယွမ်က သူတို့ကို စိုက်ကြည့်ရင်း.....
"မင်းတို့ထဲက တစ်ယောက်က ဆင်ခြင်တုံတရားရှိပြီး တွေးတောတတ်ပေမယ့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားကို လျှော့တွက်လွန်းတယ်.... အခြားတစ်ယောက်က ရဲရင့်ပေမယ့် မာနကြီးတယ်.... မင်းရဲ့ အားသာချက်တွေကို ပေါင်းစပ်နိုင်ရင် အရမ်းကောင်းမှာပဲ”
ကျန်းချန်က ပြုံးပြီး....
“အဖေပြောတာ မှန်ပါတယ်။ ဒီအကြောင်းပြောရင် ညီခုနှစ်က ကျွန်တော်တို့ရဲ့ အားသာချက်တွေကို စုစည်းပေးခဲ့တယ်.... ငယ်ရွယ်ပေမယ့်လည်း စစ်မြေပြင်မှာ လေ့ကျင့်သင်ကြားခဲ့တယ်....
မနှစ်တုန်းက သူပြန်လာတုန်းကဆို တော်တော်ရင့်ကျက်သွားပြီ.
...”
ကျန်းမင် မျက်မှောင်ကြုတ်နေသော်လည်း သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ခဲ့ပေ။
ကျန်းယွမ်သည် ခေါင်းကို လှည့်ကာ ရှေ့ကို လှမ်းကြည့်လိုက်သည်။
“ ရှောင်ချီက တော်ပေမယ့် အသက်ငယ်လွန်းတယ်.... ထီးနန်းက သူ့အတွက် မဖြစ်နိုင်ဘူး........”
သူ့အဖေ ဘာကိုဆိုလိုသည်ကို နားမလည်သောကြောင့် ကျန်းချန် မပြုံးနိုင်တော့ပေ။
တစ်ဖက်တွင်၊ ကျန်းမင် က စိတ်လှုပ်ရှားလာပြီး ......
“ခမည်းတော်....သားတော်တို့ နိုင်ငံကို ထူထောင်ပြီး သိုင်းလောက ပြန်ကောင်းလာတဲ့အတွက် အဲ့ဒီ လျှို့ဝှက်ဂိုဏ်းတွေက တပည့်တွေကို လက်ခံဖို့ တံခါးတွေကို ဆက်တိုက်ဖွင့်ထားခဲ့တယ်.... လာမည့်လမှာ ကျန်းနန်နဲ့ ထင်ရှူးရေကန်မှာ ထိပ်တန်းသိုင်းပညာရှင်တစ်ဦး ပေါ်လာလိမ့်မယ်....ခမည်းတော်....သွားကြည့်ဖို့ ဆန္ဒရှိလား"
ကျန်းချန်က မျက်မှောင်ကြုတ်ပြီး ......
"မဟုတ်ဘူး၊ ကျန်းဟူလောကထဲက ကျွမ်းကျင်သူအားလုံးကို စုစည်းဖို့ အရမ်းအန္တရာယ်များတယ်!"
ကျန်းယွမ်ကတော့ သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း ပြုံးနေလေ၏။
"ငါက ဆယ့်သုံးခရိုင်ကို ပေါင်းစည်းခဲ့တဲ့ မဟာဧကရာဇ်ပါ...ဘာလို့ကျန်းဟူလောကကိုကြောက်နေရမှာလဲ..... ထင်ရှူးရေကန်ကိုရောက်အောင်သွားမယ်....."
ကျန်းမင် ထိုစကားကိုကြားသောအခါတွင် ပို၍ပင် ဂုဏ်ယူစွာပြုံးလိုက်သည်။
….........................
နှစ်လလောက်ကြာတော့ ဆောင်းဦးရာသီရောက်လာခဲ့ပြန်သည်။
မြို့တော်ရှိ ပလိပ်ရောဂါသည်လည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
“မင်းဆက်တည်ထောင်တဲ့ တစ်ဆယ့်ရှစ်နှစ်မှာ မြို့တော်မှာ ပလိပ်ရောဂါ ဖြစ်ပွားတယ်။ သင်သည် တောင်ပေါ်၌ ကာလအတန်ကြာ နေထိုင်ခဲ့ပြီး ဘေးဥပဒ်ကို ရှောင်ရှားခဲ့သည်။ သင်သည် ရှင်သန်ခြင်းဆုလာဘ်အဖြစ် သောင်းပြောင်းထွေလာ အဆောင်ပညာရပ်ကိုရရှိသည်....."
ကျန်းချန်ရှန်း၏ မျက်လုံးများရှေ့တွင် စကားလုံးများ ရုတ်တရက်ပေါ်လာသည်။ သ သိပ်ပြီး မစဉ်းစားဘဲ အဆောင်ပညာ တိုက်ရိုက် အမွေဆက်ခံခဲ့သည်။
အဆောင်ပညာများသည် စက္ကူပေါ်တွင် မှောာ်စာလုံးများရေးထွင်းရသောပညာဖြစ်သည်။ နောင်တွင်၊ သူသည် မှော်အဆောင်များကို ပြုလုပ်ပြီး လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးသောအခါ ၎င်းတို့၏အသက်ကို ကယ်တင်နိုင်သေးသည်။
မဆိုးဘူး မဆိုးဘူး!
ကျန်းချန်ရှန်းသည် အဆောင်ပညာကို အမွေဆက်ခံပြီးနောက် မတ်တပ်ထရပ်ကာ ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။
ဟွာဂျန်ရှင်းသည် မလှမ်းမကမ်းတွင် ဓားတလက်ဖြင့် လေ့ကျင့်နေပြီး နတ်ဆိုးသခင် သည် သစ်ပင်အောက်တွင် လေ့ကျင့်နေသည်။ ကျန်းချန်ရှန်း၏ဆေးဖက်ဝင်ဆေးပြားများကြောင့် သူတို့၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာတော့မည်ဖြစ်သည်။
ကျန်းချန်ရှန်း ပေါ်လာတာကိုမြင်တော့ ဟွာဂျန်ရှင်းက သူမရဲ့ဓားကို ဓားအိမ်ထဲထည့်လိုက်ပြီး သူ့ဆီ အမြန်လျှောက်သွားနေသည်။
နတ်ဆိုးသခင်သည်လည်း အရိုအသေပြုရန် ပြေးလာသည်။
သူ့မျက်လုံးမျာားသည် မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။နှစ်လကြာအောင် သင်ယူပြီးနောက် များများစားစား သင်ယူနိုင်ခြင်း မရှိသော်လည်း ကျန်းချန်ရှန်းသည် အမှန်တကယ်ပင် ထူးခြားသူ ဖြစ်နေကြောင်း ခံစားသိရှိနိုင်သည်။ သူမွေးမြူထားသော မြွေသည်ပင် လူသားနှင့် အလွန်တူသည်။
ကျန်းချန်ရှန်းက .....
"ဒဏ်ရာတွေ သက်သာလာတဲ့အတွက် ဒီနေ့ကစပြီး တစ်ယောက်ချင်းစီကို ထူးခြားတဲ့ ကျွမ်းကျင်မှုတစ်ခုစီ သင်ပေးမယ်......"
ဒီစကားကြားတော့ နှစ်ယောက်သား အံ့သြဝမ်းသာစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
ကျန်းချန်ရှန်းသည် နတ်ဆိုးသခင်ကို ရွှမ်းနေ့နတ်ဘုရားခန္ဓာကျင့်စဉ်၊ ဟွာဂျန်ရှင်းကို ကျောက်စိမ်းအပ်ကျင့်စဉ် သင်ပေးဖို့ဆုံးဖြတ်ထားသည်။ အင်မော်တယ်ကျင့်စဉ်များနှင့်ပတ်သတ်၍တော့ အခုထိမဆုံးဖြတ်ရသေးပေ။
ဟင်းစားသာပေးနိုင်မည် ကွန်ချက်ကိုတော့မပြပေးနိုင်ပေ။
ခုနစ်ရက်အကြာတွင် ကျန်းချန်ရှန်း သူတို့နှစ်ယောက်ကို သက်ဆိုင်ရာ ကျင့်စဉ်များဖြန့်ဝေပေးခဲ့သည်။ ကျန်တာတွေက သူ့တို့၏ကြိုးစားအားထုတ်မှုနှင့်သာသက်ဆိုင်တော့သည်။
ခွန်အားများ မွေးမြူခြင်းသည် ဒုတိယ ရည်မှန်းချက်သာ ဖြစ်သည်။ ပထမပန်းတိုင်သည် မိမိကိုယ်တိုင် လေ့ကျင့်ခြင်းဖြစ်သည်။
တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သို့တက်လှမ်းရမည်ဖြစ်သောကြောင့်နှောင့်နှေးနေလို့မဖြစ်ပေ။
စတုတ္ထအဆင့်တွင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ပေါ့လျော့မနေသင့်ပေ။
နောက်ထပ် အချိန်တစ်လခွဲကုန်လွန်သွားခဲ့ပြန်သည်။
ချန်းလီလာလည်တဲ့အခါ ကျန်းချန်ရှန် က နတ်ဆိုးသခင် ကို သူ့အခန်းထဲမှာ ပုန်းခိုင်းထားပြီး မျက်နှာမပြဖို့ မှာကြားထားသည်။
ကျန်းချန်ရှန်း၊ ဟွာဂျန်ရှင်းနှင့် ချန်းလီ တို့သ အခန်းထဲတွင် ထိုင်နေကြသည်။
ဟွာဂျန်ရှင်း ပြန်ကောင်းလာတာကို မြင်လိုက်ရတော့ ချန်းလီ မချိပြုံးသာပြုံးနိုင်ရှာခဲ့သည်။
“ဧကရာဇ် မြို့တော်ကို ပြန်ရောက်တော့မယ်..... ဧကရာဇ်က မကြာသေးမီနှစ်များအတွင်းက ရယ်စရာကောင်းတဲ့ အပြုအမူတွေကို ပြုမူခဲ့ပေမယ့် စစ်မှန်တဲ့နဂါးရဲ့ စွမ်းအားက တည်ရှိနေဆဲပဲလေ..... လူတွေရဲ့ခံစားချက်တွေကို စူးစမ်းလေ့လာပြီး အင်မော်တယ်ဖြစ်မယ့်နည်းလမ်းကို လိုက်ရှာတာအပြင်၊ ဧကရာဇ်က သိုင်းလောကရဒ့ အထွတ်အထိပ် ကျွမ်းကျင်သူအသစ်တစ်ယောက်ကိုမြို့တော်ကိုအပါခေါ်လာခဲ့တယ်.... နောင်ဆို နတ်ဆိုးဂိုဏ်းရဲ့တိုက်ခိုက်မှုအတွက် စိုးရိမ်နေစရာ မလိုတော့ဘူး....."
သိုင်းလောကရဲ့ ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ယောက်အကြောင်းပြောရင်း ချန်းလီ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။ နတ်ဆိုးဂိုဏ်း၏ ခွန်အားသည် သူ့ကို နက်ရှိုင်းစွာ လှုံ့ဆော်ပေးခဲ့သည်။ ချန်းမိသားစုကို ကာကွယ်ဖို့သာမဟုတ်ရင် သူသေသွားတာကြာပြီ.....
ကျန်းချန်ရှန်းက .....
“သိုင်းပညာလောကရဲ့ အထွတ်အထိပ် ကျွမ်းကျင်သူလား.... သူက အရမ်းသန်မာလား.... နတ်ဆိုးသခင်နဲ့တိုက်မယ်ဆို တိုက်ကွက်ဘယ်နှကွက်လောက်ခံနိုင်မယ်ထင်လဲ..."
" ထိပ်တန်းကျွမ်းကျင်သူက နတ်ဆိုးသခင် ထက် အားကောင်းပေမယ့် ဘယ်နှကွက်လဲလို့မေးတာ နတ်ဆိုးသခင်အတွက် အရှက်ရစရာကောင်းနေပြီ....."
ချန်းလီသည် ဟွာဂျန်ရှင်း ကိုကြည့်ရင်း ကူကယ်ရာမဲ့စွာပြောလိုက်သည်။
ဟွာဂျန်ရှင်းက ခေါင်းညိတ်ပြီး .....
“နတ်ဆိုးသခင်က တကယ်ပဲ သန်မာတယ်..... ကိုယ်တော် ချန်ရှန်းက တောင်ပေါ်ကနေ ဘယ်မှမသွားဘူးတဲ့အတွက် သူမသိတာက ပုံမှန်ပါပဲ.....”