← Chapters

နတ်ဘုရားဆန်လွန်းတယ်....

Vol. 2 Ch. 19

နတ်ဘုရားဆန်လွန်းတယ်....

Vol. 2 Ch. 19

ချန်းလီ၏အမြင်အရ ဟွာဂျန်ရှင်းသည် နတ်ဆိုးသခင်ကို တိုက်ခိုက်ခဲ့ဖူးသော တစ်ဦးတည်းသောသူဖြစ်ပြီး နတ်ဆိုးသခင် မည်မျှတန်ခိုးကြီးသည်ကို သူမသိသည်။ ထို့ကြောင့် ဟွာဂျန်ရှင်းကို အလွန်ယုံကြည်သည်။ ဟွာဂျန်ရှင်းကလည်း နတ်ဆိုးသခင်ကို သူဖုန်းစားအိုကြီးတစ်ယောက်က တိုက်ခိုက်အနိုင်ယူခဲ့သည်ဟုသာ အစီရင်ခံခဲ့သည်။

ချန်းလီက သက်ပြင်းချလိုက်ပြီး....

“နတ်ဆိုးသခင်ကို တွန်းလှန်နိုင်တဲ့ သူဖုန်းစားအိုကြီးကိုဝတ်ဖြူတော်အစောင့်တွေက လအတော်ကြာ စုံစမ်းခဲ့တယ်...ဒီအဖိုးအိုက သူတောင်းစားဂိုဏ်းရဲ့ခေါင်းဆောင် ဒါမှမဟုတ် ရိုင်းစိုင်းတဲ့ တယအိုဝါဒီအရူးတစ်ယောက်လား......သူတို့နှစ်ယောက်လုံးက ရှာရခက်တယ်.....”

ကျန်းချန်ရှန်းက "ဒါပဲလား?"

လူများစွာ သေဆုံးပြီး ဤမျှ ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သည်ကို ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်တာ ရယ်စရာကောင်းလွန်းနေသည်မဟုတ်လော......

ချန်းလီက ခေါင်းခါပြီး....

“ဒီကိစ္စက ပြီးသွားပြီ.....ဧကရာဇ် ပြန်ကြွလာတဲ့အခါ ကျုပ်ပဲမေးခွန်းထုတ်ခံရမှာ..... အဲ့အခါကျရင် အစိုးရအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီး အခွန်ဦးစီးဌာနရဲ့ သာမာန် ဝန်ထမ်းအဖြစ်အလုပ်ပြောင်းရလိမ့်မယ်.... ရာထူးချခံရပေမယ့်လည်း ဒါဟာ ငါ့အသက်ကို ကယ်တင်နိုင်တယ်လို့ ယူဆနိုင်တယ်လေ...

ကျန်းချန်ရှန်း ခေါင်းညိတ်ပြီး ဆက်မမေးတော့ပေ။

ချန်းလီသည် ဟွာဂျန်ရှင်းကိုကြည့်ကာ .....

"မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်....ပထမတခုက ငါမင်းကို မြို့တော်ကနေ အခုချက်ချင်း ထွက်သွားလို့ရအောင်လုပ်ပေးမယ်.... ဒုတိယတခုက ဧကရာဇ် မင်းကို မေးခွန်းထုတ်တဲ့အခါ လီကုန်းကုန်းနဲ့ဝတ်ဖြူတော်တပ်ဖွဲ့ခေါင်းဆောင်ကို ကွပ်မျက်ရင် မင်းဘေးကင်းနိုင်ပြီ.....”

ဟွာဂျန်ရှင်းက ခေါင်းခါလိုက်ပြီး......

“ရှင့်ရဲ့ လမ်းနှစ်ကြောင်းက ကျွန်မကို စောစောစီးစီး ကောင်းကင်ဘုံရောက်စေလိမ့်မယ်....ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်......"

ချန်းလီက နှုတ်ဆိတ်နေပြီး အပြစ်ရှိသည့်အနေဖြင့် ခေါင်းငုံ့နေသည်။

ဟွာဂျန်ရှင်းကို ထိုသို့သော အကျပ်အတည်းထဲသို့ ကျရောက်သွားစေရန် သူ ဖိတ်ကြားထားသော်လည်း ၎င်းကို မဖြေရှင်းပေးနိုင်ခဲ့ပေ။

"ဒါဆို မင်းဘာလုပ်ချင်လဲ....."

ချန်းလီကမေးသည်။

ဟွာဂျန်ရှင်းက ....

"ကျွန်မ အခုကတည်းက ကိုယ်တော်

ချန်ရှန်းရဲ့ နောက်လိုက်ပဲလုပ်တော့မယ်....ဒါကြောင့်မို့ ရှင် စိတ်ပူစရာမလိုတော့ဘူး.... ဝတ်ဖြူတော်တပ်ဖွဲ့နဲ့ပတ်သက်ပြီးလည်း ကျွန်မ ဘာမှ ဂရုမစိုက်တော့ဘူး.....”

လက်ရှိအချိန်တွင် ကျောက်စိမ်းအပ်ကျင့်စဉ်ကို နေ့တိုင်း လေ့လာနေပြီး ပိုသန်မာလာဖို့သာ လိုလားနေသည်။

ထိုညတွင် နတ်ဆိုးဂိုဏ်းက သူမနောက်ကို လိုက်လာခဲ့သော်လည်း မည်သူမျှ သူမကို မကူညီနိုင်ခဲ့ပေ။ သူမသည် ထိုသို့သော

စွမ်းအားမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုကို ထပ်မံမခံစားချင်တော့ပေ။

ချန်းလီက ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။

ကျန်းချန်ရှန်းက ပြုံးပြီး.....

“နေပါစေ....တောင်ပေါ်ကမဆင်းသရွေ့ ဘာမှမဖြစ်ဘူး.....”

ချန်းလီက ကျိုးကြောင်းဆီလျော်တယ်လို့တွေးပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

ဟွာဂျန်ရှင်းက သူတို့ဘေးမှာ ရှိနေတော့ ချန်းလီက အရင်လို စိတ်ပျက်စရာတွေကိုရင်မဖွင့်တော့ဘဲ ခပ်စောစောပြန်သွားခဲ့သည်။

ချန်းလီ ထွက်သွားပြီးနောက် ကျန်းချန်ရှန်း က ဟွာဂျန်ရှင်းကိုမေးခဲ့သည်။

"ချန်းလီက ဘယ်အဖွဲ့လို့ ထင်လဲ?"

ဟွာဂျန်ရှင်းက ခဏလောက် စဉ်းစားပြီး.......

“သူက လူတွေကို ဂရုစိုက်တတ်ပြီး သမာဓိရှိတဲ့သူတစ်ယောက်ပါ..... သူက ဂိုဏ်းဂဏတွေကြားကပဋိပက္ခတွေကို ရှုတ်ချပြီး ဘယ်အဖွဲ့နဲ့မှ မပတ်သက်ဘူး......”

"မင်း သူနဲ့ဘယ်လိုတွေ့ခဲ့တာလဲ...."

“သူ ထိပ်တန်းပညာရှင်ဖြစ်လာတဲ့အခါ ဘုရင်မင်းမြတ်က သူ့အတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး သူ့ကို နှစ်ပေါင်းများစွာ တိတ်တဆိတ် ကာကွယ်ပေးဖို့ ကျွန်မကို စေလွှတ်ခဲ့တယ်..... တိုက်ဆိုင်မှုတွေကြောင့် အချင်းချင်း ရင်းနှီးလာကြတယ်...”

ထိုကဲ့သို့ ပညာရှင်တစ်ဦးသည် မြို့တော်တွင် နေထိုင်ရန် မလွယ်ကူသည်မှာ သေချာသည်။

ကျန်းချန်ရှန်းက ဘာမှဆက်မမေးတော့ဘဲ လက်ပြနှုတ်ဆက်ကာ ထွက်သွားခဲ့သည်။ ထို့နောက် သူ့အခန်းတွင် ကျင့်ကြံနေခဲ့သည်။

သူ၏နောက်ပန်းတိုင်မှာတာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိရန်ဖြစ်သည်။

ပဉ္စမအဆင့်သို့ရောက်သောအခါ နန်းတော်ရှိ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူနှင့်တွေ့ဆုံကာ ရဲရင့်သောအစီအစဥ်ကို အကောင်အထည်ဖော်မည်ဖြစ်သည်။

ဧကရာဇ်ကို တိုက်ခိုက်လိုပါက ရူးရူးမိုက်မိုက်မတွေးဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သင့်သည်။

ကျန်းချန်ရှန်းသည် မာနမထောင်လွှားရန် မိမိကိုယ်ကို သတိပေးခဲ့သည်။ မတိုက်ခိုက်ခင်မှာ လုံးဝယုံကြည်မှုရှိအောင်ပြင်ဆင်ထားရမည်။

…...............................

ခမ်းနားထည်ဝါသောခန်းမထဲတွင် ကျန်းယွမ်သည် ခမ်းနားသောအမူအရာဖြင့် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။ ဦးခေါင်းပေါ်တွင် သရဖူကို ဆောင်းကာ ဧကရာဇ်၏ ကြီးစိုးသော အရှိန်အဝါကို ဖော်ထုတ်ထားသည်။ ခန်းမထဲက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေအားလုံးက သူ့ကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့နေကြသည်။ တော်ဝင်မင်းသားများလည်းထိုနည်းတူပင်.......

လီကုန်းကုန်းသည် ကျန်းယွမ်ထက် တဆင့်နိမ့်သောနေရာတွင် ရပ်နေပြီး အရာအားလုံးသည် သူနှင့် ဘာမှမဆိုင်သလို ဦးညွှတ်နေလေသည်။

ကျန်းယွမ်က ရယ်လိုက်ပြီး.....

"ဘာလို့လဲ? အားလုံး ဆွံ့အနေကြပြီလား..... မြို့တော်မှာ လူပေါင်း ၂၀၀ ကျော် သေဆုံးပြီး ဝတ်ဖြူတော် အစောင့်တပ်သား တစ်ဦး ပျောက်ဆုံးနေတယ်....ဒီထက်အရှက်ရစရာကောင်းတာဘာရှိသေးလဲ...."

တရားရေးဝန်ကြီး ယန်းစယ်သည် ရှေ့သို့ထွက်လာကာ ဒူးထောက်လိုက်သည်။ သူ့မျက်လုံးထဲမှာ မျက်ရည်များပြည့်နှက်နေပြီး...

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ယန်မိသားစုထဲက ခုနစ်ဆယ့်သုံးယောက် သေဆုံးခဲ့တယ်... ကျေးဇူးပြုပြီး တရားမျှတမှုရအောင်စီရင်ပေးပါ...."

အခြားအရပ်ဘက်အရာရှိတစ်ဦးလည်း ထွက်လာပြီး....

“ကျွန်တော်မျိုးတို့ ဟုန်မိသားစုက လူ ၁၀၂ ဦး ဆုံးရှုံးသွားတယ်..... နတ်ဆိုးဂိုဏ်းနောက်ကွယ်မှာ တစ်ယောက်ယောက်ရှိရမယ်.... အဲ့အချိန်တုန်းက ဝတ်ဖြူတော်အစောင့်တပ်တွေ ပျောက်နေပြီး မြို့စောင့်တပ်တွေကလည်း သေချင်ယောင်ဆောင်နေကြတယ်......ဘယ်သူကိုမှလည်းအကူအညီတောင်းလို့မရခဲ့ဘူး.... ဒီနောက်ကွယ်မှာ အရေးကြီးတဲ့ အရာရှိတစ်ယောက်ရှိရမယ်.... အရှင်မင်းကြီး၊ သေသေချာချာ စုံစမ်းပေးပါ.....”

မကြာခင်မှာဘဲ တခြားအရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

ဒုတိယမင်းသားကျန်းမင်နှင့် အိမ်ရှေ့မင်းသားကျန်းချန်တို့ အသီးသီးမျက်မှောင်ကြုံ့နေကြသည်။

ကျန်းမင်၏ ကျောထောက်နောက်ခံမှာ ဟုန်မိသားစုက ဖြစ်ပြီး ကျန်းချန်၏ ကျောထောက်နောက်ခံမှာ ယန်မိသားစု ဖြစ်သည်။ သူတို့သည် ဧကရာဇ်နှင့်အတူ မြို့တော်မှ ထွက်ခွာခဲ့ပြီး ၎င်းတို့၏ ကျောထောက်နောက်ခံများ တိုက်ခိုက်ခံခဲ့ရသည်။ထို့ကြောင့် တခြားမင်းသားတွေရဲ့ လွှမ်းမိုးမှုလို့ သူတို့ ယူဆလိုက်ကြသည်။

ကျန်းယွမ် ဒေါသတကြီးအော်ဟစ်လိုက်သည်မှာ နဂါးတစ်ကောင်ဟိန်းဟောက်လိုက်သလိုပင်.... လူတိုင်းက သူတို့နှလုံးသားကို သံတူနဲ့ရိုက်လိုက်သလို ခံစားလိုက်ရပြီး ခန်းမထဲက ဆူညံသံတွေ ရုတ်ခြည်း ရပ်တန့်သွားလေသည်။

သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အစစ်အမှန်ချီကိုနှိုးဆော်လိုက်သည်။ တောက်ပသောနဂါးတစ်ကောင်သည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင်လှည့်ပတ်နေသည်ကို သာမန်မျက်စိဖြင့် မြင်နိုင်သည်။

အားလုံး ထိတ်လန့်တုန်လှုပ်သွားပြီး စစ်ဗိုလ်ချုပ်တွေ တိတ်တဆိတ် တုန်လှုပ်သွားကြတယ်။ လုံချီ ဘုရားကျောင်းမှ ထွက်သွားသော မန်ချွဲ့ဟေးသည်လည်း ခန်းမထဲတွင် ရှိနေသည်။ သူလည်း တုန်လှုပ်သွားသည်။

“ဧကရာဇ်မှာ ဒီလို တန်ခိုးအာနုဘော်ရှိတယ်????…”

မန်ချွဲ့ဟေး ထိတ်လန့်စွာ တွေးလိုက်မိသည်။ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်အနေဖြင့် သူ၏ သိုင်းပညာစွမ်းရည်ကို အလွန်အမင်း အထင်ကြီးမိကာ မင်းသားများနှင့် ဧကရာဇ်တို့ကို နှိမ့်ချတွေးတောခဲ့မိသည်။ သို့သော် ယနေ့တွင် ကျယ်ပြောလှသော ကမ္ဘာကြီးကို အနိုင်ယူခဲ့သော ဧကရာဇ်သည် သာမန်လူမဟုတ်ကြောင်း သူသဘောပေါက်လိုက်သည်။

ကျန်းယွမ်သည် လူတိုင်းကို စိုက်ကြည့်ကာ အေးစက်သောလေသံဖြင့် .....

" တော်ဝင်မြို့တော်မှာ လူတွေ အများကြီးသေကုန်ပြီ..... တူညီတဲ့ ခေါင်းအရေအတွက်ကို ငါလိုချင်တယ်....."

ထိုစကားကိုကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။

ကျန်းယွမ် လူသတ်တော့မယ်...ဘယ်လောက်ရာထူးကြီးကြီး ခေါင်းဖြတ်ခံရလိမ့်မယ်.....

"ကျုံးထျန်းဝူကိုခေါ်လိုက်"

လီကုန်းကုန်းသည် ချက်ချင်းပင် ခေါင်းမော့ကာ ကျယ်လောင်သော အသံဖြင့် အော်လိုက်သည်။ ခန်းမအပြင်ဘက်ရှိ မိန်းမစိုးများက သူ့စကားကိုကြားပြီးနောက် တယောက်ပြီးတယောက် တဆင့်ချင်းစီ ကျုံးထျန်းဝူကိုဆင့်ခေါ်လိုက်သည်။

ကျုံးထျန်းဝူသည် သိုင်းလောကတွင် လက်ရှိ ထိပ်တန်းကျွမ်းကျင်သူဖြစ်သည်။ သူသည် ကမ္ဘာပေါ်ရှိ သူရဲကောင်းအားလုံးကို နှိမ်နင်းခဲ့ပြီး သိုင်းလောက၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခန်းမအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ပလ္လင်တော်၏ အပြင်ဘက်တွင် လှေကားထစ် ရာနှင့်ချီရှိသော လှေကားများ ရှိပြီး အောက်ဘက်တွင် ကြီးမားကျယ်ပြန့်သောကွင်းပြင်တခုရှိသည်။

သရဲတစ္ဆေလို ပြေးလွှားနေသော အရိပ်တခုသည် ခြေတစ်လှမ်းချင်း လှမ်းပြီး အဆက်မပြတ် ရွေ့လျားနေသည်။ထိုအရိပ်သည် အသက်ရှု ငါးရှိုက်စာအတွင်း ခန်းမထဲသို့ ဝင်သွားခဲ့သည်။ ခန်းမထဲသို့ဝင်ပြီးနောက် သူ့ခြေသံများ နှေးကွေးသွားကာ ရှေ့သို့ လျှောက်သွားခဲ့သည်။

ခန်းမထဲသို့ရောက်သောအခါ ထိုလူက ဧကရာဇ်ကို ဦးညွှတ်လိုက်သည်။သို့သော် ဒူးမထောက်ခဲ့ပေ။

ကျုံးထျန်းဝူသည် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီစ ဆံပင်ဖြူ မျက်ခုံးဖြူနဲ့ မုတ်ဆိတ်များကလည်း ဆွတ်ဆွတ်ဖြူနေသည်။ သူသည် သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး မောက်မာမှုရှိသည်။သူသည် မျက်မှောင်ကြုံ့ပြီး နှစ်ဖက်စလုံးရှိ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ကြည့်လိုက်သည်။

ကျန်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အကြည့်တွေကို မကြိုက်ဘူး.....

ကျန်းမင်ကတော့ ကျုံးထျန်းဝူကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

“ဒီနေ့ကစပြီး ထျန်းဝူတူးရှီးအဖွဲ့ကို စတင်ဖွဲ့စည်းမှာဖြစ်တယ်.... ပဉ္စမအဆင့်နှင့်အထက် အရာရှိတွေအကုန်လုံး သိုင်းပညာလေ့ကျင့်ဖို့အတွက် ထျန်းဝူတူးရှီးအဖွဲ့ဆီ တပည့်နှစ်ယောက်ပို့ပေးရမယ်..... ထျန်းဝူတူးရှီးအဖွဲ့က သိုင်းပညာဖြန့်ဝေခြင်းအပြင် နတ်ဆိုးဂိုဏ်းကိုလည်း စုံစမ်းပေးလိမ့်မယ်....."

"ထျန်းဝူတူးရှီး ....မင်းက ငါ့အမိန့်ကိုပဲ နားထောင်ရမယ်..."

ကျန်းယွမ်က ကျုံးထျန်းဝူကို အာဏာအမြောက်အမြားပေးလိုက်သဖြင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သူ့ကို မနာလိုစိတ်နှင့် ကြည့်နေခဲ့ကြသည်။

"အမိန့်ကို နာခံပါတယ်...."

…...................

မင်းဆက်တည်ထောင်ပြီး 19 နှစ်မှာ.....

နှစ်သစ်ကုန်ဆုံးချိန်တွင် မြို့တော်မှာ သွေးချောင်းစီးမှုထပ်မံဖြစ်ပွားခဲ့သည်။ လူထု၏ နာကြည်းမှုကို ဖြေလျှော့ရန် အဆင့်မြင့် အရာရှိ ၂၀၀ ခန့်ကို လမ်းပေါ်တွင် သတ်ဖြတ်ခဲ့သည်။

ခကျန်းချန်ရှန်းဆီ ချန်းလီ လာရောက်လည်ပတ်ပြီး ဒီကိစ္စကို ပြောပြတဲ့အခါ သူ အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။

ထို့အပြင် ချန်းလီက ထျန်းဝူတူးရှီးအဖွဲ့အကြောင်းလည်းပြောပြခဲ့သေးသည်။ ယခုအချိန်တွင်၊ ထျန်းဝူတူးရှီးသည် ဧကရာဇ်မင်းမြတ်၏ဓားသွားများဖြစ်သောကြောင့် မြို့တော်တွင် ကြောက်စရာအကောင်းဆုံးဖြစ်တည်မှုဖြစ်ခဲ့သည်။ သူတို့သည် ကျန်းမင်းဆက်ရှိ ဗိုလ်ချုပ်များကဲ့သို့ တန်ခိုးကြီးသည်။

ကျန်းချန်ရှန်းသည် ကျုံးထျန်းဝူ၏ အကြောင်းကို အလွန်သိချင်နေခဲ့သည်။ ဤသိုင်းပညာရှင်သည် မည်မျှ အစွမ်းထက်သည်ကိုလည်း သိချင်နေသည်။

ထို့အပြင် ချန်းလီသည် ဘုန်းတော်ကြီးချင်ရှု ၏ အဆိပ်ကို ဖယ်ရှားရန်လိုအပ်နေသော ဆေးဖက်ဝင်ပစ္စည်းများ ကိုလည်း ယူဆောင်လာခဲ့သည်။

ပြောရရင်တော့ ထူးဆန်းနေသည်။ ဘုန်းတော်ကြီးချင်ရှုသည် နတ်ဆိုးဂိုဏ်း၏ အဆိပ်ဒဏ်ကို ခံခဲ့ရသော်လည်း နတ်ဆိုးသခင်ပင် မကုသနိုင်ခဲ့ပေ။

ချန်းလီ ထွက်သွားပြီးနောက် ကျန်းချန်ရှန်း သည် ဆေးများကို သန့်စင်ရန် စတင်ခဲ့သည်။ သူသည် ဆေးများကို သန့်စင်ရန်အတွက် သာမန်အိုးသေးသေးတစ်လုံးကိုသာ အသုံးပြုခဲ့သည်။

နတ်ဆိုးသခင်သည် အခန်းတွင်းမှ ထွက်လာကာ ကျန်းချန်ရှန်း၏ နံဘေးသို့ ရောက်လာသည်။ သူနှင့် ဟွာဂျန်ရှင်းတို့က ကျန်းချန်းရှန်း ဆေးဖော်နေသည်ကို စိတ်ဝင်တစားကြည့်နေကြသည်။

ဆေးလုံးဖော်စပ်ခြင်းသည် သိုင်းလောကတွင် အမြဲတမ်းဒဏ္ဍာရီတစ်ခုဖြစ်ခဲ့သည်။

ကျန်းချန်ရှန်းသည် မီးကို ထိန်းချုပ်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။ထိုအခါ ဆေးအိုးထဲရှိ ဆေးဖက်ဝင်ပစ္စည်းများအားလုံးသည် ဆေးဖက်ဝင်ဆေးပြားအဖြစ် အလိုအလျောက် ပေါင်းစည်းသွားကြသည်။ ထို့အပြင် ၎င်းကို အောက်ခြေမထိဘဲ လေထုအလယ်တွင် ဆိုင်းငံ့ထားသည်။

ဒီမြင်ကွင်းက နတ်ဆိုးသခင်နဲ့ ဟွာဂျန်ရှင်း တို့ကို တံတွေး မျိုချစေခဲ့သည်။

အံ့သြစရာကောင်းလွန်းတယ်......

သူ့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ ကျန်းချန်ရှန်းက အပျော်သဘောနဲ့ ဆေးဝါးဖော်စပ်လေ့ရှိသည်။ ထို့ကြောင့် ဆေးဖော်ခြင်းတွင်ကြီးကျယ်သော အောင်မြင်မှုသို့ ရောက်ရှိနေပြီဖြစ်သည်။

ဆေးဖော်ပြီးပြီဖြစ်သောကြောင့် ဘုန်းတော်ကြီးချင်ရှုကိုသွားရှာခဲ့သည်။

နတ်ဆိုးသခင်ကို တောင်ပေါ်သို့ ခေါ်ဆောင်လာကတည်းက ဘုန်းတော်ကြီးချင်ရှု ယသည် ခြံဝင်းထဲတွင် ပုန်းနေပြီး ဘယ်တော့မှ အပြင်မထွက်တော့ပေ။

ဘုန်းတော်ကြီးချင်ရှုသည် သစ်ပင်အောက်တွင် ထိုင်နေဆဲဖြစ်သည်။ သူသည် တရားထိုင်နေခြင်းမဟုတ်ဘဲ သစ်ပင်အိုကို ငေးမောကြည့်နေရုံသာ......

"ဆရာ၊ ဆရာ့အတွက် အဆိပ်ဖြေဆေးဖော်လာခဲ့တယ်....."

ကျန်းချန်ရှန်းက ပြုံးပြီး ဘုန်းတော်ကြီးချင်ရှု ၏ အံ့သြတုန်လှုပ်သောအမူအရာကို စောင့်မျှော်နေသော်လည်း ချင်ရှုက လှည့်တောင်မကြည့်ခဲ့ပေ။

အဆိပ်ကြောင့် ရူးသွားပြီလား.....

ကျန်းချန်ရှန်း စိတ်ပူပြီး ရှေ့နှစ်လှမ်းတိုးလိုက်သည်။

"အဆိပ်ဖြေဆေးပေးပါ"

ဘုန်းတော်ကြီးချင်ရှုက သူ့လက်ကို မြှောက်လိုက်ပြီး ဖြေဆေးလှမ်းတောင်းနေသည်။

ကျန်းချန်ရှန်းက အဆိပ်ဖြေဆေးကို ချက်ချင်းထုတ်ပေးလိုက်သော်လည်း 'မာနကြီးလွန်းတယ်' လို့ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ဒါဟာ ဧကရာဇ်၏အကြံအစည် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုန်းတော်ကြီးချင်ရှု သည် ငယ်စဉ်က သူ့ကို ကယ်တင်ခဲ့ပြီး နေထိုင်ရန် နေရာတစ်ခု ပေးခဲ့သည်။

ဘုန်းတော်ကြီးချင်ရှု သည် အဆိပ်ဖြေဆေးကိုယူပြီး မဆိုင်းမတွ သောက်သုံးခဲ့သည်။

အဆိပ်ဖြေဆေးကို သောက်သုံးပြီးနောက် မတ်တပ်ရပ်ပြီး ကျန်းချန်ရှန်းကို လှည့်ကြည့်လိုက်သည်။

“တပည့်....ဆရာ တောင်ပေါ်ကနေ ထွက်သွားတော့မယ်....”

တောင်ပေါ်ကနေ ထွက်သွားမှာလား။

ကျန်းချန်ရှန်း အံ့အားသင့်သွားသည်။

အကြီးဆုံးအစ်ကိုကြီးနဲ့ဒုတိယအစ်ကိုတို့

ထွက်ပြေးသွားပြီ၊ အခု ဆရာကြီးလည်း ထွက်သွားတော့မလို့လား......

သူစကားပြောခါနီးတွင် ဘုန်းတော်ကြီးချင်ရှု က ခေါင်းခါလိုက်ပြီး ......

"ငါမင်းကို ငါးနှစ်ကြာအောင် ကာကွယ်ချင်ပေမယ့် မင်းက အခုတည်းက လုံလောက်အောင်သန်မာနေပြီ.... နန်းတော်ကလူတွေတောင် မင်းကို ဖိနှိမ့်လို့ မရတော့ဘူး.....စိတ်ချရပြီမို့ ငါထွက်သွားဖို့အချိန်တန်ပြီ.."

ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ပြီး.....

“ဆရာ ဘယ်သွားမလို့လဲ”

"ငါ့အိမ်......"

ထိုသို့ပြောပြီးသည်နှင့် ချင်ရှုသည် ရှေ့သို့ လျှောက်သွားပြီး ကျန်းချန်ရှန်းကို ကျော်ဖြတ်လိုက်သည်။

"ငါ အခုကတည်းက လုံချီဘုရားကျောင်းကို မင်းဆီအပ်ခဲ့မယ်...."

ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

ဒီလူကြီးက လွတ်မြောက်ချင်နေတာလား.....

ချင်ရှုနောက်သို့ ကျန်းချန်ရှန်း အလျင်စလို လိုက်သွားခဲ့သည်။ သူဘယ်လိုပဲ ဆွဲဆောင်ခဲ့ပါစေ ဘုန်းတော်ကြီးချင်ရှုက ရှေ့ကိုသယ ဆက်သွားနေခဲ့သည်။

တောင်အဝင်ဝသို့ရောက်သောအခါ တာအိုဆရာကြီးချင်ရှု တောင်ပေါ်မှဆင်းသွားသည်ကို ရပ်ကြည့်ရုံသာတတ်နိုင်တော့သည်။

သူ ဒီအတိုင်း ထားခဲ့တာလား?

သူ့ပစ္စည်းတွေတောင် ထုပ်ပိုးမသွားဘူးလား......

ကျန်းချန်ရှန်း သည် အခြားတပည့်များအား မည်သို့ရှင်းပြရမည်ကို မသိသောကြောင့် ခြံထဲသို့ ပြန်လာပြီး ကျင့်ကြံမှုအပေါ် အာရုံစိုက်ခဲ့သည်။

နောက်နှစ်ရက်အကြာတွင်.....

မြို့တော်တရားရုံးမှ အရာရှိများ ဘုရားကျောင်းသို့ရောက်လာခဲ့ကြသည်။

ကျန်းချန်ရှန်၏ ခြံဝင်းဆီသို့ လီကုန်းကုန်းတစ်ယောက် အစောင့်တပ်သားများခြံရံပြီးရောက်လာခဲ့သည်။ ဦးဆောင်သူမှာ ချင်ကူဖြစ်ပြီး တပည့်များစွာ လိုက်ပါလာခဲ့သည်။

ဟွာဂျန်ရှင်းနှင့် နတ်ဆိုးသခင်သည် ကျန်းချန်ရှန်းဆီ လီကုန်းကုန်းရောက်လာသည့်အခါ အခန်းထဲတွင် ပုန်းနေခဲ့သည်။

လီကုန်းကုန်းနှင့်အတူ ဧကရာဇ်အမိန့်တစ်ခူပါလာခဲ့သည်။

"ဧကရာဇ်မင်းမြတ်၏ အမိန့်အရ ဘုန်းတော်ကြီးချင်ရှုသည် အသက်အရွယ်ကြီးရင့်လာပြီဖြစ်သောကြောင့် လုံချီ ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်အဖြစ် ထမ်းဆောင်နိုင်စွမ်းမရှိတော့ပေ။ ယနေ့မှစ၍ ဘုန်းတော်ကြီးချန်ရှန်းသည် လုံချီ ဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ဖြစ်လာမည်ဖြစ်ပြီး တော်ဝင်တရားရုံးမှပေးအပ်သည့် စတုတ္ထအဆင့်လစာကို ခံစားရမည်ဖြစ်သည်။ထို့အပြင် နံ့သာခြံဝင်းကိုလည်း အုပ်စိုးရလိမ့်မည်.....”

All Chapters