အင်မော်တယ်အိပ်မက်များ....ဆေးပညာနှင့်စွမ်းအားကျင့်စဉ်.....
Vol. 2 Ch. 20
" ဘုန်းတော်ကြီးချန်ရှန်း၊ အမိန့်ကိုလက်ခံပါ....."
လီကုန်းကုန်းသည် ဘုရင့်အမိန့်တော်ကို ကျန်းချန်ရှန်းအား အပြုံးဖြင့် ပေးလိုက်သည်။ ကျန်းချန်ရှန်းက ပဟေဠိဖြစ်နေသော်လည်း အမိန့်ကို လက်ခံလိုက်သည်။
ထို့နောက် လီကုန်းကုန်း လှည့်ထွက်သွားလေသည်။ ထိုအခါ လုံချီ ဘုရားကျောင်းမှ တပည့်များက သူ့ကို ဝိုင်းရံလိုက်ကြသည်။
ဒုတိယအစ်ကိုက ဘယ်လိုလုပ် ဆရာတော် ဖြစ်လာတာလဲ
"ဆရာတော် ဘယ်မှာလဲ"
"ဘာတွေဖြစ်နေတာလဲ?"
"ကျောင်းထိုင် ဖြစ်လာတဲ့အတွက် ဒုတိယအစ်ကိုကို ဂုဏ်ပြုပါတယ်...."
တပည့်တစ်ချို့က ပဟေဠိဖြစ်နေကြပြီး တစ်ချို့က စိုးရိမ်နေကြသည်။ တစ်ချို့က စိတ်လှုပ်ရှားပြီး တစ်ချို့က မနာလိုဖြစ်ကြသည်။
ကျန်းချန်ရှန်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ လုံချီဘုရားကျောင်း၏ကျောင်းထိုင် အပြောင်းအလဲသည် ဤမျှ ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ကျန်းချန်ရှန်းသည် မလှမ်းမကမ်းတွင်ရှိသော အကြီးဆုံးအစ်မ မန်ချွဲ့ဆောင်ကို သတိပြုမိသည်။ မန်ချွဲ့ဆောင်လည်း အံ့အားသင့်သွားပြီး နေရာတွင်ပင် အမြစ်တွယ်နေလေ၏။
အစ်မ.....စကားတစ်ခွန်းလောက် ပြောလို့ရမလား
မန်ချွဲ့ဆောင် အသက်ပြင်းပြင်းရှူပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
စီနီယာနှစ်ယောက်ကြား ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သောကြောင့် အခြားတပည့်များ မလိုက်သွားဝံ့ကြပေ။
နှစ်ယောက်သား လူသူမဲ့ ခြံဝင်းထဲကို ရောက်လာခဲ့ကြပြီး ကျန်းချန်ရှန်းသည် ပထမဆုံး စကားစပြောသူဖြစ်သည်။
အစ်မ....ကျွန်တော်အခုလို ကျောင်းထိုင်ဖြစ်လာမယ်လို့ထင်မထားမိဘူး......အစ်မက ကျွန်တော့်ကို ငယ်စဉ်ကလေးဘဝကတည်းကထိန်းကျောင်းလာတဲ့သူပါ...စီမံခန့်ခွဲရေးကိစ္စတွေကို ကျွန်တော်နားမလည်မှန်း အစ်မလည်း သိနေတာပဲ.... နောက်ပိုင်းကျရင်လည်း လုံချီဘုရားကျောင်းရဲ့ အရေးကိစ္စတွေကို အစ်မပဲ တာဝန်ယူပေးပါဉီး.... "
မန်ချွဲ့ဆောင်က မျက်မှောင်ကြုတ်ကာ ဆရာကြီး ဘယ်သွားတာလဲ ဟု မေးလိုက်သည်။
ကျန်းချန်ရှန်းက ခေါင်းခါပြီး.....
"မသိဘူး"
မန်ချွဲ့ဆောင်က သူ့ကို ခဏလောက် စိုက်ကြည့်ရင်း နောက်ဆုံးတော့ သက်ပြင်းချပြီး "ကောင်းပြီ" လို့သာ ပြောခဲ့သည်။
"ဒါဆို ကျေးဇူးတင်ပါတယ် အစ်မ.... ပြသနာတစ်ခုခုကြုံရင် ကျွန်တော့်ကိုရှာလို့ရပါတယ်.....အစ်မသာ အတွင်းရေးကိစ္စတွေကို စီမံနိုင်ရင် ကျွန်တော် ကောင်းကောင်းလေ့ကျင့်နိုင်မှာပါ....."
မန်ချွဲ့ဆောင်က မထိန်းနိုင်ဘဲ ရယ်မောလိုက်လေသည်။
ကောင်းပြီ....ငါနားလည်ပါတယ်.......
သူတို့နှစ်ယောက် ခဏလောက် စကားစမြည်ပြောဖြစ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ ကျန်းချန်ရှန်းသည် လုံချီဘုရားကျောင်း၏ ကျောင်းထိုင်ဖြစ်လာခဲ့သည်။
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ကျောက်စိမ်းအပ်ကျင့်စဉ်ကိုလေ့ကျင့်နေသော ဟွာဂျန်ရှင်းက အပြေးအလွှားရောက်လာပြီ......
" လီကုန်းကုန်းက ဘာလို့ရှင့်ကို ဒူးမထောက်ခိုင်းတာလဲ ....."
အမိန့်ကိုခံယူရန် ဒူးထောက်ခြင်းမပြုခြင်းသည် ရာဇ၀တ်မှုကြီးဖြစ်ကြောင်း ဧကရာဇ်က ကြေညာထားသည်။
ကျန်းချန်ရှန်းက ပြုံးပြီး.....
လုံချီဘုရားကျောင်းကြောင့် ဖြစ်နိုင်တယ်.... ငါ့ဆရာလည်း ဧကရာဇ်ရှေ့မှာ ဒူးမထောက်ခဲ့ဘူး.....
ဟွာဂျန်ရှင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိသဖြင့် နောက်ထပ်မမေးတော့ပေ။
ယခုနှစ်တွင်၊ ကျန်းချန်ရှန်း၏အကြီးမားဆုံးပြောင်းလဲမှုမှာ ကျောင်းထိုင် ဖြစ်လာခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် မန်ချွဲ့ဆောင်ကြောင့် သူ့ပတ်ဝန်းကျင်တွင် အပြောင်းအလဲများစွာမရှိခဲ့ပေ။ နေ့တိုင်း တာအိုကျင့်စဉ်ကျင့်ကြံခြင်းကလွဲ၍ ဝမ်လီနှင့်မင်ယွဲ့တို့ကို သင်ကြားပေးခြင်းဖြင့်သာအချိန်ကုန်ခဲ့သည်။ ဟွာဂျန်ရှင်းနှင့် နတ်ဆိုးသခင်တို့ နှစ်ယောက်စလုံးက အရွယ်ရောက်ပြီးသားများဖြစ်ကြသဖြင့် ကျင့်စဉ်ကို သင်ပေးပြီးနောက်တွင် ၎င်းတို့ကို ဂရုမစိုက်တော့ပေ။
အချိန် တစ်နှစ်ခွဲကုန်လွန်သွားခဲ့ပြန်သည်......
ကျန်းချန်ရှန်းသည် နတ်ဆိုးသခင်အား တောင်ပေါ်မှ ဆင်းခွင့်ပြုလိုက်သည်။ သူသည် နတ်ဆိုးဂိုဏ်းကို ထိန်းချုပ်ရန် နတ်ဆိုးသခင်ကို လိုအပ်သည်။
ဟွာဂျန်ရှင်းက ကျန်းချန်ရှန်းရဲ့ နံဘေးမှာ ရပ်လိုက်ပြီး "ရှင် သူ့ကို တကယ်ယုံလား" လို့ မေးလိုက်သည်။
"မင်းစိတ်မပူပါနဲ့..... ဘာကိုရွေးရမယ်ဆိုတာ သူသိတယ်....."
မြို့တော်တွင် နတ်ဆိုးဂိုဏ်းဝင်မွှေပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်အရာရှိ ၂၀၀ ကျော်ကို ခေါင်းဖြတ်သတ်ခဲ့ပြီး တကျန်းမင်းဆက်သည် နတ်ဆိုးဂိုဏ်းကို အရူးအမူးရှာဖွေရန် စတင်ခဲ့သည်။ ယခု၊ နတ်ဆိုးဂိုဏ်းသည် ယခင်ကထက် အခြေနေ ပိုဆိုးနေခဲ့သည်။ မင်းမျိုးမင်းနွယ်တွေက နတ်ဆိုးဂိုဏ်းကို စွန့်ပစ်ခဲ့သည်မှာ ထင်ရှားနေပြီဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် နတ်ဆိုးသခင်သည် ၎င်းတို့ကို အားကိုးရန် မဖြစ်နိုင်ပေ။
ကျန်းချန်ရှန်း နောက်လှည့်၍ ခြံအလယ်သို့ လျှောက်သွားခဲ့သည်။ ခြံဝင်းအလယ်က သစ်တော်ပင်ပေါ်တွင် ပိုင်လုံရှိနေသည်။
သူက ပိုင်လုံကို စနောက်ကျီဆယ်နေပြီး ပိုင်လုံက သူ့ဘေးမှာ ပွတ်သပ်နေသည်။
ဒါကိုမြင်တော့ ဟွာဂျန်ရှင်း ရင်တွေတုန်ပြီး ချက်ချင်း ထွက်သွားလေတော့သည်။
...............................................
ကျန်းမင်းဆက်တည်ထောင်သည်မှာ အနှစ်နှစ်ဆယ်ရှိခဲ့ပြီ.... တိုင်းပြည်အေးချမ်းသာယာနေသလို တူးမြောင်းတည်ဆောက်မှုမှာလည်း လမ်းတစ်ဝက်ကျော်ကျော် ပြီးသွားခဲ့ပြီဖြစ်သည်။
နွေဦးရာသီတွင် လုံချီ တောင်ပေါ်တွင် သစ်ပင်ပန်းမာန်များ လှပစွာပွင့်ဖူးနေသော်လည်း ထိုနေ့တွင် ဧည့်သည်များ တောင်ပေါ်သို့ တက်မလာခဲ့ပေ။
ခြံဝင်းထဲတွင်.....
ကျန်းချန်ရှန်းက မျက်လုံးဖွင့်ပြီး ဟွာဂျန်ရှင်း ကို တစ်ချက်ကြည့်လိုက်သည့်အခါ ဟွာဂျန်ရှင်း ချက်ချင်း အိမ်ထဲဝင် ပုန်းနေလိုက်သည်။
တစ်နှစ်အကြာတွင် သူ၏ဝိညာဉ်စွမ်းအားသည် နှစ်ဆတိုးလာပြီး ပဉ္စမအဆင့်သို့ နီးကပ်လာခဲ့သည်။
သူသည် နတ်ဆိုးသခင်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရပါက၊ ကိုယ်တိုင်တိုက်ခိုက်စရာမလိုလဲ တော်ဝင်ဓားသိုင်းနှင့်ပင်သတ်နိုင်ပြီဖြစ်သည်။
ကျန်းချန်ရှန်းသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးနှင့်သာ ကြုံတွေ့ဖူးသည်။ ထို့ကြောင့် အပြစ်ပေးသူအကြီးအကဲကို နတ်ဆိုးသခင်ထက်အဆတစ်ရာသန်မာသည်ဟု ယူဆထားရမည်။ ရန်သူကို ဘယ်သောအခါမှလျှော့မတွက်သင့်ပေ
သူသည် နတ်ဆိုးသခင်ထက် အဆတစ်ရာ အားကောင်းသော်လည်း တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သို့ ဖြတ်ကျော်ချင်သေးသည်။
ခဏအကြာတွင် ခြေသံများ ထွက်ပေါ်လာသည်။
ချင်ကူက စိတ်လှုပ်ရှားစွာနဲ့ .....
"အစ်ကို ချန်ရှန်း၊ ဧကရာဇ်ရောက်နေတယ်..... မြန်မြန်သွားလိုက်ပါ.....အကြီးဆုံးအစ်မက မင်ရှင်းခန်းမမှာ ဧည့်ခံထားတယ်.... "
ဧကရာဇ်?နောက်ဆုံးတော့ရောက်လာပြီပေါ့.....
ကျန်းချန်ရှန်း တုံ့ဆိုင်းမနေဘဲ ချက်ခြင်း ထွက်လာခဲ့လိုက်သည်။
သူနှင့် ချင်ကူသည် မင်ရှင်းခန်းမရှေ့သို့ ဦးစွာသွားခဲ့သည်။
မကြာခင်မှာပဲ ကျန်းယွမ်က မန်ချွဲ့ဆောင်နဲ့အတူ ခန်းမထဲ ဝင်လာခဲ့သည်။ သူ့နောက်က တော်ဝင်အစောင့်တွေကတော့ ခြံဝင်းကို စောင့်ကြပ်နေကြသည်။
ကျန်းယွမ်က လက်ကို မြှောက်လိုက်သဖြင့် မန်ချွဲ့ဆောင် ချက်ခြင်းရပ်လိုက်ပြီး ခန်းမထဲကိုလိုက်မဝင်ခဲ့တော့ပေ။ သူမသည် ချင်ကူ ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းထွက်သွားသည်။
ကျန်းယွမ်သည် ချင်ကူကို လျစ်လျူရှုပြီး ကျန်းချန်ရှန်းကို ကြည့်လိုက်သည်။
ငယ်ရွယ်သော ကျောင်းထိုင်ကိုယ်တော်သည် သန့်ရှင်းသပ်ရပ်သော တယအို၀တ်စုံကိုဝတ်ဆင်ထားပြီစ ခါးပေါ်တွင် ဓားတစ်လက်ချိတ်ဆွဲထားကာ လက်ထဲတွင် မြင်းမြီးသားယပ်တစ်ချောင်းကိုင်ဆောင်ထားသည်။
ကျန်းယွမ်က ကျေနပ်တဲ့ အပြုံးကို ထုတ်ပြပြီး ကျန်းချန်ရှန်းဆီကို လျှောက်သွားခဲ့သည်။
"မင်္ဂလာပါ အရှင်မင်းကြီး....."
ကျန်းယွမ် က တခစ်ခစ်ရယ်ပြီး .... "နှုတ်ဆက်တာဆိုတော့ မင်း ဘာလို့ဒူးထောက်မတာလဲ"
ကျန်းချန်ရှန်း တုံ့ဆိုင်းသွားသည်။ သူဘယ်လိုဖြေရမလဲ တွေးနေစဉ် ကျန်းယွမ်က သူ့လက်ကိုဆွဲပြီး......
"ထားလိုက်ပါ.... ဒူးထောက်နေစရာ မလိုပါဘူး.... ခန်းမထဲဝင်ပြီး စကားစမြည်ပြောရအောင်....."
ဤလုပ်ရပ်သည် ကျန်းချန်ရှန်း ကို ချောက်ထဲကျသွားစေခဲ့သည်။
ဤသူသည် ဤဘဝတွင် သူ၏ဖခင်အရင်းဖြစ်သည်။
ကျန်းယွမ်သည် ကျန်းချန်းရှန်းက သူ့သားဖြစ်ကြောင်း သိမည်ဖြစ်သော်လည်း ကျန်းချန်ရှန်းလည်း ထိုအကြောင်းကိုသိထားသည်ကို ကျန်းယွမ်သိလိမ့်မည်မဟုတ်ပေ။
ခန်းမထဲသို့ဝင်ပြီးနောက် ကျန်းယွမ်သည် ရိုသေလေးမြတ်သောအမူအရာဖြင့် နံ့သာတိုင်ကို မီးညှိပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
ကျန်းယွမ် ရွတ်ဆိုပြီးနောက်၊ သူတို့နှစ်ဦးသည် ထိုင်ဖုံပေါ်တွင်ထိုင်ကြပြီး ကျန်းယွမ် သည် ချင်ရှုနှင့်တွေ့ဆုံခဲ့သည့်ဇာတ်ကြောင်းကို ပြောပြခဲ့သည်။
ကျန်းချန်ရှန်း ဂရုတစိုက် နားထောင်နေသော်လည်း ငြီးငွေ့လာသည်။
လူကြီးများသည် အသက်ကြီးလာသည်နှင့်အမျှ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုရသည်ကိုနှစ်ခြိုက်လာကြသည်။
အချိန်အကြာကြီး စကားစမြည်ပြောပြီးနောက် ကျန်းယွမ်သည် ကျန်းချန်ရှန်းကို ထပ်မံ စိုက်ကြည့်နေသည်။
"ချန်ရှန်း...ချင်ရှု ထွက်မသွားခင် မင်းကို ကောင်းကောင်းဂရုစိုက်ဖို့ အထူးညွှန်ကြားထားခဲ့တယ်.... ဒီကိုလာဖို့ဆိုတာ ရှားရှားပါးပါးမို့ မင်းလိုချင်တာရှိရင် မင်းကျေနပ်အောင် ငါအကောင်းဆုံးကြိုးစားပေးမယ်...."
ကျန်းယွမ်၏ စိတ်အားထက်သန်မှုသည် ကျန်းချန်ရှန်းကို စိတ်မသက်မသာဖြစ်စေသည်။
ဒါပေမယ့် ကျန်းယွမ်ကြောင့် သူ ဒုက္ခအကြိမ်ကြိမ်ရောက်ခဲ့ရတယ်...ဘာမဆိုဖြည့်စည်းပေးမယ်ပြောနေပေမယ့် အိမ်ရှေ့စံရာထူးကိုတော့ ပြန်ပေးမှာမဟုတ်ဘူး....
ကျန်းချန်ရှန်းက....
"ကျွန်တော်က ဆေးပညာနဲ့ ပတ်သက်တဲ့သုတေသနတချို့ လုပ်နေတာမို့ တောင်ပေါ်မှာ စိုက်ထားနိုင်တဲ့ ဆေးဖက်ဝင်မျိုးစေ့တွေလိုချင်ပါတယ်...."
ဆေးပညာ ?
ကျန်းယွမ်၏ မျက်လုံးများ တောက်ပလာပြီး....
"မင်းဖော်ထားတဲ့ ဆေးလုံးကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါလား..."
ဤဧကရာဇ်သည် အင်မော်တယ်တာအိုကို စွဲလမ်းကာ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆေးများရှာဖွေနေခဲ့သည်။ ထုံးစံအတိုင်း၊ 'ဆေး' ဟူသော စကားလုံးကို ကြားသောအခါ သူ သွေးဆောင်ခံလိုက်ရသည်။
ကျန်းချန်ရှန်း က နုပျိုဆေးလုံး တစ်လုံးကိုထုတ်ပြီး .....
"ဒါက ငယ်ရွယ်နုပျိုမှုကို ထာဝရတည်စေနိုင်တဲ့ နုပျိုဆေးပါ....."
ကျန်းယွမ်က ဆေးလုံးကို ယူလိုက်ပြီး ဂရုတစိုက်အကဲခတ်နေသည်။ ပိုကြည့်လေ ပိုပျော်လေပင်.....
" ကောင်းပြီ ရစေရမယ်...ဒီဆေးလုံးကို ပေးလိုက်လို့ရမလား...ဧကရီကိုပေးချင်လို့....."
ဘာပဲဖြစ်ဖြစ် သူ့အမေအတွက်ဆိုတော့ ကျန်းချန်ရှန်း မငြင်းနိုင်ခဲ့ပေ။
ကျန်းယွမ်သည် နုပျိုဆေးကိုကြည့်ရင်းစိတ်လှုပ်ရှားမှုကို မျိုသိပ်ထားရသည်။
"ဒီဆေးလုံးမှာ စစ်မှန်တဲ့ချီဓာတ်ရဲ့အငွေ့အသပ်တွေ ပါနေတယ်။ မဟုတ်သေးဘူး.... သာမန်စစ်မှန်တဲ့ချီထက် ပိုလေးနက်တယ်...ဒါ သာမာန်ဆေး လုံးဝမဟုတ်နိုင်ဘူး....မြင်ဖူးသမျှ ဆေးလုံးတွေထက် ပိုထူးခြားတယ်....ဒါဘယ်သူသင်ပေးတာလဲ"
ကျန်းချန်ရှန်းက ပြုံးပြီး.....
"အိပ်မက်ထဲမှာ အင်မော်တယ်တစ်ယောက်က သင်ပေးသွားတာ.... "
ကျန်းယွမ် မျက်လုံးပြူးသွားပြီး....
"မင်းရဲ့ သိုင်းပညာတွေကလည်း အိပ်မက်ထဲက အင်မော်တယ် သင်ပေးခဲ့တာပဲလား..."
ရှေးခေတ်ကတည်းက ဒဏ္ဍာရီတွေကိုဘယ်သူများငြင်းဆန်ဝံ့သလဲ......
ကျန်းချန်ရှန်း ခေါင်းညိတ်လိုက်သည်။ ကျန်းယွမ် လုံးဝစိတ်လွတ်သွားပြီး အင်မော်တယ်များအကြောင်း မေးရန် သူ့ကို ဆွဲခေါ်သွားသည်။
ကျန်းချန်ရှန်းက မရေရာ မသေချာဟန်ဖြင့် အိပ်မက်ထဲက အင်မော်တယ်ကို မမှတ်မိဘဲ သူသင်ပေးခဲ့တာတွေကိုပဲ မှတ်မိတယ်လို့ ဆိုလိုက်သည်။ ဒါကလည်း ကျန်းယွမ်ကို ပိုယုံကြည်လာစေခဲ့သည်။
" အရှင်မင်းကြီး....ဒီအကြောင်းတွေကို ကျွန်တော့်ဆရာတောင်မသိခဲ့ဘူး.... ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကျွန်တော့်ကို တိတ်တဆိတ် လမ်းပြနေတယ်လို့ ကျွန်တော့်ဆရာက ထင်နေခဲ့တာ...အရှင်မင်းကြီး ကျွန်တော့်အတွက် ဖုံးကွယ်ပေးထားဖို့ မျှော်လင့်ပါတယ်....."
ကျန်းယွမ် ကျေနပ်အားရသွားပြီး....
"ကောင်းပြီ....ဒါကို ဘယ်သူ့ကိုမှ မပြောဘူး ဒါပေမယ့်..."
ကျန်းချန်ရှန်း ချက်ချင်းသဘောပေါက်လိုက်သည်။
"အရှင်မင်းကြီး မသေဆေးလိုက်ရှာနေတယ်ဆိုတာကျွန်တော်ကြားထားပါတယ်...ကျွန်တော့်မှာ မသေဆေးမရှိသေးပေမယ့် လုံလောက်တဲ့ဆေးဝါးရှိလာတဲ့အခါ သေချာပေါက်ဖော်စပ်ပေးပါ့မယ်....."
" ကောင်းပြီ...."
ကျန်းယွမ်သည် နားရွက်တက်ချိတ်မတက် ပြုံးကာ ကျန်းချန်ရှန်း၏ နောက်ကျောကို လက်ဖြင့် ပုတ်လိုက်သည်။
အဲ့ဒီနောက် ကျန်းယွမ်က ကျန်းချန်ရှန်း ငယ်ငယ်တုန်းကအကြောင်းမေးပြီး သူထွက်မသွားခင် တစ်နာရီကြာတဲ့အထိ စကားစမြည်ပြောခဲ့ကြသည်။
တောင်တံခါးရှေ့တွင်၊ ကျန်းချန်ရှန်းသည် ခြေလှမ်းသုံးလှမ်းတိုင်းတွင် နောက်ပြန်လှည့်၍ လက်ဝှေ့ယမ်းပြနေသည့် ကျန်းယွမ် ကို ကြည့်နေသည်။ ပြုံးပြနေသော်လည်း သူ့နှလုံးသားက ရှုပ်ထွေးနေသည်။
ဧကရာဇ်ရဲ့ အတွေးတွေက ခန့်မှန်းရခက်တယ်......သူ့အရင် ခန့်မှန်းချက်က မှန်သလားလို့တောင် သံသယဖြစ်မိတယ်။ ကျန်းယွမ် မှာ ရွေးချယ်စရာမရှိခဲ့တာလည်း ဖြစ်နိုင်တယ်.....
သို့သော် ကျန်းချန်ရှန်း စိတ်မယိမ်းယိုင်ခဲ့ပေ။
သူ့ပန်းတိုင်က မပြောင်းလဲဘူး......သူ့ကို ထိခိုက်စေခဲ့သူတိုင်းကို လက်စားချေမည်သာ.... ရာဇပလ္လင်အတွက် ငါသာ ဆုံးဖြတ်နိုင်တယ်.....
ဧကရာဇ်၏သဘောထားကြောင့် လုံချီ ဘုရားကျောင်းကတပည့်များအား သက်ပြင်းချနိုင်စေခဲ့သည်။ မန်ချွဲ့ဆောင် သည်ပင် အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ ချင်ရှု ထွက်သွားပြီးနောက်၊ ဘုရင်မင်းမြတ်က လုံချီ ဘုရားကျောင်းကို လျစ်လျူရှုထားမည်ကို စိုးရိမ်ခဲ့ကြသည်။
ဘုရင်မင်းမြတ်၏ ကျေးဇူးတော်ရှိနေသရွေ့ လုံချီဘုရားကျောင်း ပြိုလဲမည်မဟုတ်ပေ။
နောက်နေ့မွန်းတည့်အချိန်၌ ဧကရာဇ်၏အစောင့်အဖွဲ့တစ်ဖွဲ့သည် သေတ္တာကြီးအချို့ကို တောင်ပေါ်သို့ သယ်ဆောင်လာသည်။ ဆေးဖက်ဝင်ပစ္စည်းများမှလွဲ၍ အခြားမျိုးအစေ့များလည်းပါသေးသည်။ ကျန်းချန်ရှန်းက မန်ချွဲ့ဆောင် ကို တပည့်များအား ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန် ဦးဆောင်ခိုင်းပြီး အဖိုးတန်လှကြောင်း အထူးသတိပေးခဲ့သည်။ ယင်းကြောင့် မန်ချွဲ့ဆောင် စိတ်လှုပ်ရှားသွားပြီး စိုက်ပျိုးမှုကို ကိုယ်တိုင်ကိုယ်ကျ ဉီးစီးခဲ့သည်။
ကျန်းချန်ရှန်းသည် ကျန်းယွမ်အတွက် မသေဆေးဖန်တီးရန် ဤဆေးဖက်ဝင်ပစ္စည်းများကို လိုချင်ရုံသာမက သူ့အတွက်ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်နိုင်သည့် ဆေးပြားများကိုလည်း ထုတ်လုပ်လိုသည်။
စွမ်းအင်ကျင့်ကြံခြင်းတွင် ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းအပြင် ပြင်ပအရာဝတ္ထုများကို နှိုးဆွခြင်းသည်လည်း အလွန်အရေးကြီးပါသည်။
ထိုအချိန်မှစ၍ ကျန်းချန်ရှန်းသည် ကျင့်ကြံခြင်းအပြင် ဆေးဖော်ရာတွင်ပါအာရုံစိုက်ခဲ့သည်။နွေဉီးဆောင်းဉီးဆေးကျမ်းထဲတွင် ကျင့်စဉ်မြင့်တက်လာစေမည့်ဆေးနည်းမရှိသောကြောင့် ကိုယ်တိုက်ကိုယ်ကျလေ့လာဖော်စပ်ရမည်သာ.......
ပိုင်လုံသည် သူ၏ အစမ်းသပ်ခံသတ္တဝါဖြစ်လာသည်။ တစ်ခုခု လွဲမှားနေပါက ကုသရန် ပြန်လည်နုပျိုခြင်းကျင့်စဉ်ကို အသုံးပြုနိုင်သည်။
ပထမလတွင် ပိုင်လုံသည် ဆေးသုံးမျိုးကိုစားသုံးခဲ့ရသည်။ တတိယအကြိမ်တွင် မြွေ၏ခန္ဓာကိုယ်သည် ဖောင်းကားလာပြီး ပေါက်ကွဲလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းချန်ရှန်းက ဝိညာဉ်စွမ်းအင်ကို အသုံးပြီး ထိန်းပေးခဲ့ရသည်။
ဒုတိယလတွင် ပိုင်လုံသည် ဆေးအမျိုးအစား နှစ်မျိုးကို စားသုံးခဲ့သည်။ မူမမှန်မှု မရှိသော်လည်း ၎င်း၏ ခန္ဓာကိုယ် ပိုကြီးထွားလာပြီး စပါးအုံးမြွေအဖြစ်သို့ ပြောင်းလဲတော့မည်ဖြစ်သည်။
နောက်နှစ်လတွင် ပိုင်လုံသည် ဆေးဖက်ဝင် ဆေးပြား လေးမျိုး စားသုံးခဲ့သည်။ စတုတ္ထဆေးလုံးသည် နောက်ဆုံးတွင် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို တိုးမြင့်လာစေခဲ့သည်။
အလုပ်ဖြစ်ပြီ.........