အဆင့်ငါးသို့ချိုးဖျက်ခြင်း....သေမျိုးတွေက အင်မော်တယ်တွေကိုဉီးညွတ်ရမယ်......
Vol. 2 Ch. 21
ပိုင်လုံကို မမွေးခင်ကတည်းက ကျန်းချန်ရှန်းရဲ့ ဝိညာဉ်စွမ်းအားတွေ ကျွေးမွေးထားတာကြောင့်၊ ဝိညာဉ်စွမ်းအားအကြွင်းအကျန်မျက သူ့ခန္ဓာကိုယ်ထဲမှာ ကြာရှည်စွာအမြစ်တွယ်နေပြီဖြစ်သည်။ သို့သော် ၎င်း၏ ဉာဏ်ရည်သည် တိမ်မြုပ်နေသေးပြီး မည်သို့ ပြုစုပျိုးထောင်ရမည်ကို မသိခဲ့ပေ။ အများစုမှာ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန် ၎င်း၏အသက်ရှုခြင်းကိုသာ အားကိုးနိုင်သောကြောင့် တိုးတက်မှုနှေးကွေးနေသည်။
ဆေးပြားများသည် လူတစ်ဦး၏ ဝိညာဉ်စွမ်းအားကို တိုးမြင့်စေနိုင်သောကြောင့်၊ ၎င်းသည် ကျန်းချန်ရှန်းအတွက် အလားတူ အကျိုးသက်ရောက်သင့်သည်။
ကျန်းချန်ရှန်းသည် ရဲစွမ်းသတ္တိကို စုဆောင်းပြီး ကျန်နေသော ဆေးလုံးကို သောက်လိုက်သည်။ ဆေးဖက်ဝင်ဆေးလုံးသည် ပါးစပ်အတွင်း အရည်ပျော်သွားပြီး လည်ချောင်းနှင့် အရိုးများအတွင်းသို့ စီးဆင်းသွားသော အပူအရင်းအမြစ်အဖြစ်သို့ ပြောင်းလဲသွားသည်။
အရမ်းကောင်းတယ်.....
ကျန်းချန်ရှန်းသည် ရွှင်လန်းသောအကြည့်ကို ထုတ်ဖော်လိုက်သည်။ သူ့အနားကို ပိုင်လုံရောက်လာပြီး လျှာတစ်လစ်ဖြင့်ဆေးလုံးထပ်တောင်းနေသောကြောင့် ကျန်းချန်ရှန်းက တွန်းဖယ်လိုက်သည်။
"ဒီဆေးလုံးကို ဝိညာဉ်တိုးပွားဆေးလုံးလို့ခေါ်ရမယ်"
ကျန်းချန်ရှန်း ဝမ်းသာအားရတွေးလိုက်ပြီး နောက် ဆေးလုံးအတွက် ဆေးဖက်ဝင်ပစ္စည်းများကို မှတ်သားပြီး ဆေးစာအဖြစ် မှတ်တမ်းတင်ခဲ့သည်။
၎င်းသည် သူတီထွင်ခဲ့သော ပထမဆုံး ဆေးဖက်ဝင်ဆေးလုံးဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်းများသည် ရှားပါးသည်မဟုတ်သော်လည်း ရရှိရန်မလွယ်ကူပါ။ ဒါတွေကိုစုဆောင်းဖို့ ဧကရာဇ်ကို အားကိုးနေရဆဲပင်.....
ကျန်းချန်ရှန်းသည် လူတစ်ဦး၏ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးပြီး တက်ကြွလန်းဆန်းစေသည့်ဆေးတမျိုး တီထွင်ခဲ့ပြီး ဧကရာဇ်ထံ ပေးအပ်ခဲ့သည်။
ဟွာဂျန်ရှင်းသည် ပိုင်လုံထံတွင် အမျိုးမျိုးသော အပြောင်းအလဲများကို မြင်တွေ့ခဲ့ရသော်လည်း မနှောင့်ယှက်ဝံ့ပေ။
နွေဦးနှင့် ဆောင်းဦးသည် တလှည့်စီကုန်ဆုံးခဲ့ပြန်သည်။
ကျန်းယွမ်သည် လုံချီဘုရားကျောင်းသို့ လစဉ်လတိုင်း လာရောက်လေ့ရှိသည်။ ထိုသို့သော မကြာခဏ လည်ပတ်မှုများကြောင့် လုံချီဘုရားကျောင်း၏ အဆင့်အတန်းသည်လည်း မြင့်တက်လာခဲ့သည်။ အမွှေးတိုင် မီးရှို့ရန် သြဇာကြီးမားသူများ ပိုများလာကာ လုံချီ ဘုရားကျောင်း၏ နံ့သာပေါင်းငွေသည် ယခင်နှစ်များထက် များစွာ ပိုများလာသည်။ ပိုက်ဆံများများရလို့ တပည့်တွေရဲ့ ဘဝတွေလည်းပိုတိုးတက်လာသည်။
တပည့်တွေ အားလုံး၏စိတ်ထဲတွင် ကျန်းချန်ရှန်းသည် တာဝန်မကျေသော်လည်း ဧကရာဇ်အား စကားပြောဆိုနိုင်ပြီးမျက်နှာသာပေးမှုကို ရယူနိုင်သည်။ ဒါဟာ သူ့ရဲ့ အကြီးမားဆုံး စွမ်းရည်ပင်.....
မျက်စိတစ်မှိတ်အတွင်း..နောက်တစ်နှစ် ကုန်ဆုံးခဲ့ပြန်သည်။
မင်းဆက်တည်ထောင်ပြီး ၂၁ နှစ်အကြာတွင်.....
ဧကရာဇ်သည် မသေဆေးများကို မလိုက်စားတော့ဘဲ နိုင်ငံတော်အရေးကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ပိုယူခဲ့သည်။ တကျန်း၏စီးပွားရေးသည် ဆက်လက်မြင့်တက်နေပြီး တူးမြောင်းဖောက်လုပ်ခြင်းကြောင့်ပင် နောက်ဆံငင်စရာမလိုတော့ပေ။ ပြည်တွင်းရေးကို စီမံခန့်ခွဲခြင်းမှလွဲ၍ ပြင်ပကမ္ဘာကို ဆန့်ကျင်သည့်စစ်ပွဲသည်လည်း ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
တကျန်းသည် ရှေးဟောင်းဟန်မင်းဆက်ကို တိုက်ခိုက်ပြီး ၎င်းတို့၏နယ်မြေများကို အဆက်မပြတ် သိမ်းပိုက်ကာ သယံဇာတ အမျိုးမျိုးကို ရိတ်သိမ်းခြင်းဖြင့် တကျန်းမင်းဆက်၏ စည်းလုံးမှုကို တိုးပွားစေခဲ့သည်။
ဒီတိုက်ကြီးမှာ မင်းဆက် ဒါဇင်နဲ့ချီရှိခဲ့ဖူးသည်။ တိုက်ကြီး၏ကြီးမားသောသမိုင်းတွင်၊ ဧကရာဇ်သည် အမြဲတမ်းအတောက်ပဆုံးတည်ရှိမှုဖြစ်သည်။ မင်းဆက်တစ်ခုရဲ့ ဧကရာဇ်တစ်ပါးအဖြစ် ကျန်းယွမ်ရဲ့ သမိုင်းအဆင့်အတန်းဟာ နိမ့်ပါးမနေတော့ပေ။ အင်မော်တယ်တာအိုကို စွဲလမ်းလာပြီးနောက် သူသည် ပို၍ပို၍ ခေါင်းရှုပ်လာမည်ဟု ပညာရှင်များက မူလက ထင်မြင်ယူဆခဲ့ကြသည်။ မထင်မှတ်ပဲ ရုတ်တရက် နားလည်လာပြီး ဧကရာဇ်ကို ချီးမွမ်းတဲ့ ကဗျာတွေ အမျိုးမျိုးအဖုံဖုံထွက်ပေါ်လာခဲ့သည်။
နွေဦးမိုး ဆက်လက်ရွှာသွန်းဆဲပင်.....
ချင်ကူသည် ကျန်းချန်ရှန်းဆီသို့လာရောက်လည်ပတ်ခဲ့ပြီး သူ၏ရည်ရွယ်ချက်များကိုထုတ်ပြောခဲ့သည်။ သူသည် တပည့်တစ်စုကို တောင်ပေါ်မှ လေ့ကျင့်ရန် ခေါ်ဆောင်သွားဖို့ ပြင်ဆင်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် မိဘမဲ့ကလေးများကို စုဆောင်းကာ လုံချီ ဘုရားကျောင်းအတွက် တပည့်အသစ်များကို ပြုစုပျိုးထောင်ပေးခဲ့သည်။ ဤသည်မှာ လုံချီဘုရားကျောင်း၏ရှေးဟောင်းအစဉ်အလာတစ်ခုဖြစ်သည်။
“ပိုသတိထားပါ....ဒီမှာ အဆောင်နှစ်ခုရှိတယ်... ရန်သူကို မအနိုင်ယူနိုင်တဲ့အခါ မင်းရဲ့ အစစ်မှန်ချီဓာတ်ကို အဆောင်စာရွက်ထဲထည့်သွင်းပြီးရန်သူဆီပစ်လိုက်....လွယ်လွယ်နဲ့ထုတ်မသုံးနဲ့......."
ကျန်းချန်ရှန်းသည် ဝတ်ရုံလက်စထဲမှာ အဝါရောင်အဆောင်စာရွက်နှစ်ခုကို ထုတ်ယူလိုက်သည်။ ထိုစာရွက်များကို ချန်းလီကပေးပို့ထားပြီး သူသည် ဝိညာဉ်စွမ်းအားဖြင့်မှော်စာလုံးများရေးသားပေးထူးသည်။ ထူးထူးခြားခြားမြင်သာစေရန်အတွက် ဂါထာအချို့ပင်ရေးထားပေးသေးသည်။
ချင်ကူသည် ပဟေဠိဆန်သောအမူအရာဖြင့် အဆောင်နှစ်ရွက်ကိုယူကာ....
"အစ်ကိုကြီး၊ မင်းဘာလို့ ပိုပိုပြီး လျှို့ဝှက်လာတာလဲ...."
ကျန်းချန်ရှန်းသည် သူ၏မျက်လုံးထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး လူသားများကို နားလည်နိုင်သော စပါးအုံးအဖြူတစ်ကောင်ကိုပင် မွေးမြူထားခဲ့သည်။ထို့ကြောင့် ဒီ အဆောင်က တကယ်အသုံးဝင်တာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
ချင်ကူ ထွက်သွားပြီးနောက် ကျန်းချန်ရှန်းဆက်လက် လေ့ကျင့်နေခဲ့သည်။
လွန်ခဲ့သည့်နှစ်တွင် တပည့်များသည် ပိုင်လုံကို ကျင့်သားရလာကြသည်။ လုံချီတောင်တဝိုက်မှာ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ပေ။ အရေးအကြီးဆုံးကတော့ ပိုင်လုံသည် အသာစားမျိုးနွယ်ဖြစ်သော်လည်း သက်သတ်လွတ်သမားဖြစ်တာကြောင့် တပည့်တွေကြား ရေပန်းစားလာခဲ့သည်။ ပိုင်လုံကို ချန်ရှန်း မွေးမြူထားကြောင်း သိပြီးနောက်မှာတော့ ဘုရားဖူးလာသူတွေပင် ပိုင်လုံကိုတခုတ်တရလာတွေ့တတ်ကြသည်။ တပည့်များ၏ တမင်လွှမ်းမိုးမှုအောက်တွင် ပိုင်လုံ၏အမည်သည် မြို့တော်အနှံ့ တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။
လုံချီ ဘုရားကျောင်းတွင် ပိုင်လုံဟု အမည်ပေးထားသည့် မြွေတစ်ကောင်ရှိ၍ လူသားများကို နားလည်သည်။
ဟွာဂျန်ရှင်းသည် ကျန်းချန်ရှန်းနောက်သို့ လိုက်နေသည်မှာ အတော်ကြာပြီဖြစ်သောကြောင့် ကျောက်စိမ်းအပ်ကျင့်စဉ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီဖြစ်သည်။ ကျန်းချန်ရှန်းသည် သူမအား ကိုးနဂါးခြေလှမ်းကိုပင် သင်ကြားပေးခဲ့ပြီး သူမ၏ ခွန်အားသည် ခုန်ကျော်ကာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ သူမ၏အဆိုအရ၊ သူမသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ရောက်ရန် မျှော်လင့်ချက်ရှိနေသည်ဟု ခံစားမိသည်။
၎င်းကိုကြည့်ခြင်းအားဖြင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်ရန် အတွင်းအားစွမ်းရည်များလိုအပ်ပုံမရပေ။
ချင်ကူ ထွက်ခွာပြီးနောက်ဆယ်ရက်မြောက်နေ့တွင်.....
ကျန်းချန်ရှန်းသည် နောက်ဆုံးတွင် အဆင့်ချိုးဖျက်ရန် အခွင့်အရေးနှင့်ကြုံကြိုက်ခဲ့သည်။
ယခုလိုကြိုတင်အောင်မြင်မှုရရန် သူသည် ဝိညာဉ်တိုးပွားဆေးလုံးကို လတိုင်း သောက်သုံးခဲ့ရသည်။
အခန်းထဲမှာထိုင်ပြီး သူ့စွမ်းအင်တွေကို ဖြန့်ကျက်လိုက်သည်။ သူ၏ဝိညာဉ်စွမ်းအင်များ တဟုန်ထိုးတက်လာပြီး တာအို ၀တ်လုံနှင့် ဆံပင်ရှည်များ တဖျပ်ဖျပ်လှုတ်ခတ်နေသည်။ ပြတင်းပေါက် စောင်းပေါ်တွင် လဲလျောင်းနေသော ပိုင်လုံသည် နေရောင်အောက်တွင် ခေါင်းကို လှည့်ကာ မြွေမျက်လုံးများ မှိန်ဖျော့သွားသည်။
“တစ်ခုခုတော့မှားနေပြီ…”
ကျန်းချန်ရှန်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။
သူ၏ အောင်မြင်မှုသည် ချောမွေ့ပြီးကျင့်ကြံမှုတွင်လည်း ပြဿနာမရှိခဲ့ပေ။ ဒါဆို သူဘာလို့ စိတ်မသက်မသာခံစားနေရတာလဲ......
သူသည် စွမ်းအင်များကို စိတ်လှုပ်ရှားစွာ ဖြန့်ကျက်ကာ ပို၍ပင် သတိထားလာခဲ့သည်။ လုံးဝမပေါ့လျော့ရဲပေ။
တစ်ချိန်တည်းမှာပင် လုံချီဘုရားကျောင်းအထက်တွင် အပြာရောင်ကောင်းကင်ရှိ တိမ်ဖြူဖြူများသည် တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။ လုံချီ ဘုရားကျောင်းမှ တပည့်များသည် မိုးရွာတော့မည်ဟု ထင်သောကြောင့် ဝတ်ပြုသူများအား မိုးမစိုစေရန် ခန်းမထဲသို့ ခေါ်ထားလိုက်ကြသည်။
မြို့တော်ရှိ နိုင်ငံသားများသည်လည်း လုံချီ တောင်၏ ဖြစ်စဉ်ကို သတိပြုမိကြသည်။ မွန်းတည့်ချိန်ဖြစ်သော်လည်း မြို့တော်တခုလုံး တိမ်မည်းများဖြင့် ဖုံးလွှမ်းနေသည်။ ထိုသို့သော ဖြစ်စဉ်သည် အတော်လေး ထူးဆန်းသော်လည်း ပြည်သူများသည် ထွေထွေထူးထူးမစဉ်းစားမိခဲ့ကြပေ။
သို့သော်…
ဝုန်းးးးးးးးးးး
ကောင်းကင်မှ ရုတ်တရက် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာပြီး ကျန်းချန်ရှန်း၏ အိမ်တံစက်မြိတ်ကို ထိမှန်သွားကာ နေရာအနှံ့ အပျက်အစီးများ လွင့်ပျံသွားခဲ့သည်။
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်သည်။ ပြင်ပကမ္ဘာမှ မူမမှန်မှုကို အာရုံခံရင်း သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။
ဟုတ်ပါ့မလား....အတိဒုက္ခရဲ့အပြစ်ပေးမိုးကြိုး....
ကျန်းချန်ရှန်း ချက်ခြင်းထရပ်ပြီး အိမ်ခေါင်မိုးပေါ်ကို တက်သွားခဲ့သည်။ လေပြင်းတိုက်ခတ်ပြီး ကောင်းကင်တွင် တိမ်မည်းများက မိုးကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ တိမ်ပင်လယ်ကြီးသည် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည်။ လျှပ်စီးလက်ခြင်းနှင့် မိုးခြိမ်းသံတို့ ရောယှက်နေပြီး ကြီးမားသော ကောင်းကင်ယံတွင် ဖြာထွက်နေသည်။
တံစက်မြိတ်သို့ ရောက်သောအခါ သူ့စိတ်ထဲမှ မသက်မသာခံစားချက်များ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင်၊ တာအိုသဘာဝကျင့်စဉ်၏ ၏ ပဉ္စမအဆင့်သို့ တက်လှမ်းရန် အတိဒုက္ခကို ကျော်ဖြတ်ရမည်ဟု နားလည်လိုက်သည်။ အတိဒုက္ခကိုရှောင်တိမ်းလို့မရပေ။အကယ်၍ ရှောင်တိမ်းလိုက်ပါက သူ၏စိတ်ထဲတွင် အစိုက်အခဲဖြစ်ကာ အနာဂတ်တွင် ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေမည့် အတွင်းနတ်ဆိုးအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
သူသည် ဤအတိဒုက္ခကို ကျော်ဖြတ်ရမည်....
ကျန်းချန်ရှန်း၏ အကြည့်များ တင်းမာလာသည်။ သူသည် တံစက်မြိတ်ပေါ်တွင် တရားထိုင်နေပြီး ခန္ဓာကိုယ်က တံစက်မြိတ်အထက် မီတာဝက်အကွာတွင် လွင့်မျောနေသည်။ ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး ဝတ်ရုံများက လေထဲတွင် လွင့်ပျံနေသည်။
ဟွာဂျန်ရှင်းသည်လည်း မိုးခြိမ်းသံကြောင့် ထိတ်လန့်သွားသည်။ သူမ တံခါးကို တွန်းဖွင့်ပြီး ခြံထဲသို့ ထွက်လာခဲ့သည်။ သူမ မျှော်ကြည့်လိုက်တော့ ကျန်းချန်ရှန်းကို လေထုအလယ်မှာ တွေ့လိုက်ရသည်။
သူမသည် သရဲတစ္ဆေမြင်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားသည်။
သူ... လေထဲမှာ လွင့်နေတာလား......
ဤအရာသည် နတ်ဆိုးသခင်၏လှည့်စားမှူပညာရပ်ကြောင့်လည်းဖြစ်န်ိူင်သည်။
ဝုန်းးးးးးး
နောက်ထပ် လျှပ်စီးကြောင်းတစ်ခု ပြိုကျလာသည်။ ယခုတစ်ကြိမ်တွင် ကျန်းချန်ရှန်းကို ရည်ရွယ်ထားသော်လည်း ၎င်းကို သူ၏ဝိညာဉ်ရေးစွမ်းအားဖြင့် ပိတ်ဆို့လိုက်သဖြင့် တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဒီမြင်ကွင်းက ဟွာဂျန်ရှင်းကို ထိတ်လန့်သွားစေသည်။
သူမ မတုံ့ပြန်နိူင်မီ၊ ကျန်းချန်ရှန်းဆီ ဉီးတည်ပြီးလျှပ်စီးကြောင်းများ ကျဆင်းလာပြန်သည်။ ကျန်းချန်ရှန်းသည် သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြုကာ လျှပ်စီးကြောင်းများကို ခံနိုင်ရည်ရှိစေရန် အကာကွယ်တစ်ခု ဖန်တီးခဲ့သည်။ လျှပ်စီးကြောင်း၏ စွမ်းအားသည် ပိုမိုအားကောင်းလာပြီး ဗုံးကြဲတိုက်ခိုက်နေသလို တလစက်ကျဆင်းလာသည်။
နေ့ခင်းဘက်မှာတောင် လျှပ်စီးကြောင်းတွေကို ရှင်းလင်းစွာမြင်နေရသည်။
နန်းတော်အပါအဝင် မြို့တော်၏ထောင့်တိုင်းကနေ လုံချီ တောင်ထိပ်က မိုးကြိုးများကို မြင်တွေ့နိုင်သည်။ လျှပ်စီးကြောင်းသည် တူညီသောဦးတည်ချက်တခုတည်းကိုသာပစ်ခတ်နေသည်။ဤသည်မှာ အဝေးကမြင်နေရသည့်တိုင် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။
"အဲ့ဒါဘာလဲ...?"
“ကြောက်စရာကောင်းတဲ့ မိုးကြိုး
....လုံချီ ဘုရားကျောင်းမှာ တစ်ခုခု ပေါ်လာတာများလား.....”
“လုံချီဘုရားကျောင်းရဲ့ ကျောင်းထိုင်အသစ်က ငယ်ရွယ်ပြီး ထက်မြက်တယ်လို့ ကောလဟာလတွေထွက်နေတယ်... လူ့သဘာဝကို နားလည်နိုင်တဲ့ စပါးအုံးဖြူတစ်ကောင်ကိုတောင် မွေးထားသေးတယ်.... သူက တကယ်ပဲ အင်မော်တယ် ဝင်စားတဲ့သူလား....."
"ဒါတော့ ဘယ်သိမလဲ... ကြည့်ရတာ လုံချီ ဘုရားကျောင်းက အန္တရာယ်ရှိနေပြီထင်တယ်....."
“ဒါက ထူးဆန်းတယ်....ကျုပ်အသက် ခုနစ်ဆယ်ကျော်ပြီ မင်းဆက်နှစ်ဆက်ကို တွေ့ကြုံခဲ့ပေမယ့် ဒီလို ဖြစ်စဉ်မျိုး တစ်ခါမှ မတွေ့ဖူးဘူး....."
မြို့တော်ရှိ ပြည်သူများက ထင်ရာမြင်ရာများကိုအခြေခံပြီး ဆွေးနွေးနေကြသည်။ အဆင့်မြင့် အရာရှိကြီးများနှင့် မှူးမတ်များပင် ဤဖြစ်စဉ်ကို ကြည့်ရှုရန် တယောက်ပြီး တယောက် အခန်းထဲမှ ထွက်လာကြသည်။
နန်းတော်အတွင်းတွင်......
ကျန်းယွမ်သည် ပလ္လင်တော်ရှေ့တွင် လက်နှစ်ဖက်နောက်ပစ်ပြီး ရပ်လိုက်သည်။ လုံချီ တောင်တဝိုက်က လျှပ်စီးကြောင်းကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသည်။ လီကုန်းကုန်းရောက်လာသောအခါ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး ရှေးဟောင်းရေတွင်းတစ်ခုနှင့် ဆင်တူသည့် နားမလည်နိုင်သော အရိပ်အယောင်များသာကြီးစိုးနေသည်။
“အရှင်မင်းကြီး၊ မြို့တော်ကလူတိုင်း ဒိဖြစ်စဉ်ကို မြင်ကုန်ကြပြီ... ဘယ်လိုရင်ဆိုင်ရမှာလဲ....."
ကျန်းယွမ်က ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး....
"ရာသီဥတုကို လူသားတွေ ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား......"
“မဟုတ်ဘူး၊ လုံချီ ဘုရားကျောင်း ပျက်စီးသွားမှာကိုပဲ စိုးရိမ်မိတယ်။ ဒါက ဘုရင်မင်းမြတ် သီးသန့်သတ်မှတ်ထားတဲ့ တာအိုဘုရားကျောင်းမဟုတ်လား...…”
"ပျက်စီးသွားတဲ့ကျမှဆက်ပြောကြတာပေါ့..."
ကျန်းယွမ်သည် လုံချီ ဘုရားကျောင်းကို စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
လီကုန်းကုန်းသည် နောက်ထပ်မေးခွန်းများ မမေးဝံ့တော့ပေ။ သူသည်လည်း လုံချီ တောင်ကို ကြည့်နေခဲ့သည်။
နန်းတော်တွင်းရှိ မင်းသား၊ မောင်းမမိဿံများနှင့် မင်းသမီးများသည် ရှားပါးမိုးတိမ်တောင်ဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရန် ထွက်သွားကြသည်။
…..........
အတိဒုက္ခသည် ကျန်းချန်ရှန်း စိတ်ကူးထားသည်ထက် ပိုခက်ခဲသည်။ တစ်နာရီကြာပြီးနောက်တွင် သူ၏ဝိညာဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်သော်လည်း မိုးကြိုးများ အားပျော့သွားခြင်းမရှိပေ။ အဲဒီအစား ပို၍ပြင်းထန်လာသည်။
ဒီအချိန်မှာ သူ့မှာ ဆက်ထိန်းထားဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပေ။ သတိမထားမိပါက မိုးကြိုးထိ၍ ပြာဖြစ်သွားနိုင်သည်။
ကျန်းချန်ရှန်းသည် မှော်ပညာသုံးနေခြင်းမဟုတ်ဘဲ ဒဏ္ဍာရီပုံပြင်များထဲကအတိုင်း အတိဒုက္ခ၏အပြစ်ပေးမိုးကြိုးကိုရင်ဆိုင်နေကြောင်း ဟွာဂျန်ရှင်း နားလည်လိုက်ပြီဖြစ်သည်။
သူမသည် တစ်စုံတစ်ခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ့ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။
အဝေးတွင် တပည့်များစွာကလည်း လှမ်းကြည့်နေကြဆဲပင်... လုံချီ ဘုရားကျောင်းတွင် ခေတ္တတည်းခိုနေကြသော ဘုရားဝတ်ပြုသူများသည် ၎င်းတို့နောက်ကွယ်တွင် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ပထမတော့ သူတို့ ကြောက်နေကြသေးသည်။ သို့သော် နောက်ပိုင်းတွင် မိုးကြိုးများသည် တစ်နေရာတည်းသာ ကျရောက်သည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဂရုတစိုက် ချဉ်းကပ်၍ ဤထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
လေထဲတွင် အတိဒုက္ခ၏အပြစ်ပေးမိုးကြိုးကိုရင်ဆိုင်နေသူ........
ကျန်းချန်ရှန်းသည် သူတို့၏ နှလုံးသားထဲတွင် နတ်ဘုရားတပါးဖြစ်လာခဲ့လေပြီ.....
မန်ချွဲ့ဆောင်လည်း ကျန်းချန်ရှန်းအတွက် စိတ်ပူနေသည်။ တစ်ချိန်တည်းမှာပင် သူမစိတ်ထဲတွင် ခံစားချက်များ ရောထွေးနေခဲ့သည်။
ချန်ရှန်းက တကယ်ပဲ အင်မော်တယ်လူဝင်စားလား......
ကျန်းချန်ရှန်းက သူတို့ဘာတွေတွေးနေမှန်း မသိသလို အတိဒုက္ခကို ဖြတ်ကျော်ဖို့ အာရုံစိုက်နေတဲ့အတွက် သူ့မှာ စဉ်းစားဖို့ အချိန်မရှိခဲ့ပေ။
သူစိုးရိမ်နေသလိုပဲ၊ မိုးကြိုးများ နောက်ဆုံးမှာ အားပျော့လာပြီး သုံးမိနစ်မပြည့်မီတွင်၊ အတိဒုက္ခ လုံးဝရပ်တန့်သွားပြီး မိုးတိမ်များ ပျောက်ကွယ်သွားသည်။
ကျန်းချန်ရှန်းသည် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို သူ့ပခုံးမှ ရုတ်သိမ်းလိုက်သလို ခံစားလိုက်ရသည်။ နေရောင်က သူ့အပေါ်ကိုဖြာကျလာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်တွေ ထွက်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ အရူးအမူးဝင်ရောက်လာပြီး သူ၏ဝိညာဉ်စွမ်းအင်များကို ပိုမိုလှုံ့ဆော်ပေးသည်။ တခြားသူတွေရဲ့ ရှုထောင့်ကနေကြည့်ရင်တော့ သစ်ရွက်တွေကိုတောင် လွင့်စင်သွားတဲ့ လေပွေတစ်ခုနဲ့ ဝန်းရံထားသည်ကိုသာမြင်နေရသည်။
"အင်မော်တယ်!"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တုန်ရီသောအသံဖြင့် ထိုသို့ရေရွတ်လိုက်ပြီး ဒူးထောက်လိုက်သည်။ သူ့တုံ့ပြန်မှုက တခြားဧည့်သည်တွေကို ဒူးထောက်စေခဲ့သည်။ ဆင်ခြင်တုံတရားရှိတဲ့ ဧည့်သည်တွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
အင်မော်တယ်တပါးကိုတွေ့တာတောင် ဒူးမထောက်ဘူးဆိုတော့ ဒါစော်ကားတာပဲပေါ့......
ဘုရားဖူးခရီးသည်များအားလုံး ဒူးထောက်ကာ မိမိတို့အတွက် ဆုတောင်းပေးရင်း ကျန်းချန်ရှန်းကိုမော်ဖူးနေကြသည်။
တပည့်တွေကလည်း တယောက်ပြီး တယောက် ဒူးထောက်ပြီး ကျန်းချန်ရှန်းကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ကျန်းချန်ရှန်း လေ့ကျင့်ပေးထားသော မင်ယွဲ့သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
မန်ချွဲ့ဆောင် ဒူးမထောက်ခဲ့ပေ။ သူမသည် ကျန်းချန်ရှန်းကို မှင်သေသေနှင့် ကြည့်နေရုံသာ.... သူမဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။
ကျန်းချန်ရှန်းသည် တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သို့ လုံးလုံးလျားလျား တက်လှမ်းနိုင်ခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအားများ တိုးလာကာ အာရုံငါးပါးလည်း ပိုမိုထက်ရှလာသည်။ သူ၏နတ်ဘုရားအာရုံဖြန့်ကျက်နိုင်သည့် အကွာအဝေး ပိုမိုကျယ်ပြန့်လာသည်။
ထိုက်ချိ အမြွှာငါးပန်းချီကားလိုရိုးရှင်းသောရွှေရောင်အမှတ်အသားနှစ်ခု မျက်ခုံးနှစ်ခုအလယ်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။