မဟာယနမျှော်စင်....သားတော်တပါးလိုအပ်နေတယ်......
Vol. 2 Ch. 23
ခြံဝင်းထဲသို့ ကောင်းကင်မှ လူရိပ်တစ်ခု ဆင်းသက်လာသည်။နဂါး၀တ်စုံဝတ်ဆင်ထားသောကျန်းယွမ်၏ဆံပင်များကသရဖူမဆောင်းထားသဖြင့် လေအလွင့်တွင် ဖွာလန်ကျဲနေသည်။ထိုသူ သူ့ကျောပြင်ကိုစိုက်ကြည့်နေစဉ် ကျန်းချန်ရှန်းသည် ဓားကို တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။
"သူ့ကိုလွှတ်ပေးလိုက်... မင်းငါ့ဆီလာတာမလား.....ငါအခုရောက်လာပြီ....."
ကျန်းယွမ်က လေးနက်သောအသံဖြင့်အော်လိုက်သည်။ သူသည် စစ်မှန်သောချီကိုအသက်သွင်းပြီး သူ့ပတ်ဝန်းကျင်တွင် နဂါးအရိပ်ကို ပေါင်းထည့်လိုက်သည်။ ဒီမြင်ကွင်းကို ကျန်းချန်ရှန်းက နတ်ဘုရားအာရုံကတဆင့်သိလိုက်ရသဖြင့် ဖမ်းယူထားပြီး အံ့သြသွားသည်။
ဤအထူးအကျိုးသက်ရောက်မှုက အမိုက်စားပင်...
အရေးကြီးဆုံးကတော့ ကျန်းယွမ်ရဲ့ စစ်မှန်တဲ့ချီဓာတ်တွေ တခဏအတွင်း အဆပေါင်းများစွာ တိုးပွားလာသည်မှာ ရုးနေသောအမျိုးသမီးထက်နိမ့်ကျခြင်းမရှိတော့ပေ။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်...
ဤဧကရာဇ်သည် အစွမ်းအစကို ကောင်းစွာသိုဝှက်ထားသူဖြစ်သည်။ သူသည် သိုင်းလောက၏ ထိပ်တန်းကျွမ်းကျင်ပညာရှင်များကို သူ့လက်အောက်သို့ ဆွဲသွင်းနိုင်ခြင်းကို အံ့သြစရာမလိုတော့ပေ။
"ဧကရာဇ်၊ အိမ်ရှေ့မင်းသားအတုရဲ့ မူလဇစ်မြစ်ကဘာလဲ....."
ဒါကိုကြားတော့ ကျန်းယွမ် ရဲ့အမူအရာ မည်းမှောင်သွားသည်။ ညကောင်းကင်အောက်မှာ သူ့အမူအရာက မှောင်မိုက်ပြီး ကြောက်စရာကောင်းလွန်းနေ၏။
"ဒီအကြောင်းကို မင်းဘယ်လိုသိတာလဲ...မင်းဘယ်သူလဲ?"
ကျန်းယွမ်က ပြောနေရင်း ရှေ့ကို တိုးလာသည်။
အအေးနန်းဆောင်က အမျိုးသမီးက အံကြိတ်ကာ......
“မလာနဲ့...ရှင်သူ့ကို မယှဉ်နိုင်ဘူး....!"
ကျန်းယွမ်က ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းချန်ရှန်းကို စူးစူးစိုက်စိုက်ကြည့်နေသည်။ ကျန်းချန်ရှန်းသည် ယခုချိန်တွင် ချီလင်သားမြီးယပ်ကို ယူဆောင်လာခြင်းမရှိခဲ့ဘဲ တိုင်ဟန်ဓားကိုလည်း ဝှက်ထားသည်။ထို့ကြောင့် အမှောင်ထဲတွင် ကျန်းချန်ရှန်း၏ရုပ်သွင်အစစ်ကိုမမြင်နိုင်ပေ။
ကျန်းယွမ်၏အတွေးများရောက်ယက်ခတ်နေ၏။ သူ့ဘဝတွင် ရန်သူများစွာရှိခဲ့ပြီး ၎င်းတို့အနက်မှအချို့သည် သူ့ထက်သာလွန်သော ကျွမ်းကျင်သူများဖြစ်သည်။
ကျန်းချန်ရှန်းကာသူ့ကို ကျောပေးထားဆဲပင်....
"သိက္ခာရှိတဲ့ ဧကရာဇ်ဖြစ်ပြီး ကိုယ့်သားအရင်းကို ကိုယ်တိုင်လူစားလဲခဲ့တာ ဘယ်လောက်တောင်လူရယ်စရာကောင်းလိုက်သလဲ..... အခုအိမ်ရှေ့စံအတုက သူ့သားလား ဒါမှမဟုတ်....."
ကျန်းချန်ရှန်းရဲ့စကားတွေက လှောင်ပြောင်သရော်မှုတွေနဲ့ ပြည့်နေပေမယ့် ကျန်းယွမ် ကတော့ စိတ်မဆိုးခဲ့ပေ။
"မင်းဘာလိုချင်တာလဲ..... ငါ့သားအကြီးဆုံးကိုသိလို့လား"
“မင်းရဲ့သားအကြီးဆုံးကို ငါသိတယ်... မိဘမဲ့ တာအိုကိုရင်လေးတစ်ယောက်အဖြစ် မင်းသူ့ကို ဘုရားကျောင်းတစ်ခုမှာ စွန့်ပစ်ခဲ့တာကို သူသိရင် သူဘယ်လိုတွေးနေမလဲ.... "
ကျန်းယွမ် တိတ်ဆိတ်နေ၏။
"ဘယ် တာအိုဘုရားကျောင်းလဲ?"
အအေးနန်းဆောင်ထဲမှ အမျိုးသမီးက မေးလိုက်ခြင်းဖြစ်သည်။
“မြို့တော်မှာ တာအိုဘုရားကျောင်း ဘယ်နှစ်ကျောင်း ရှိလို့လဲ”
ကျန်းချန်ရှန်း ထိုသို့ပြောလိုက်သောအခါ အအေးနန်းဆောင်မှ အမျိုးသမီးက ကျန်းယွမ်ကို စိုက်ကြည့်ကာ.....
"ဧကရာဇ်....ရှင် ကျွန်မကို နှစ်အတော်ကြာအောင် လှည့်စားခဲ့တာလား...?"
ကျန်းယွမ်၏အမူအရာက အလွန်ရုပ်ဆိုးနေသဖြင့် ကျန်းချန်ရှန်း အနည်းငယ် အံ့သြသွားသည်။ သူ့စကားကြောင့် တခြားအရာတွေ ပေါ်လာတာ ထင်ရှားနေပြီ.....
ကျန်းချန်ရှန်းက မေးခွန်းတွေ ထပ်မေးချင်ပေမယ့် ကျန်းယွမ် ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ ညာလက်ဖဝါးဖြင့် ရိုက်လိုက်ရာ သူ့ပတ်ဝန်းကျင်တွင် နဂါးအရိပ်တစ်ခု ပေါ်လာသည်။ သူ့လက်ဖဝါးမှ လေပြင်းနှင့်အတူ နဂါးအရိပ်သည် ကျန်းချန်ရှန်းဆီသို့ ဦးတည်သွားသည်။ နန်းတော်တံခါးသည် မရေမတွက်နိုင်သော သစ်သားအပိုင်းအစများအဖြစ် ပေါက်ကွဲသွားသည်။
"ဟမ့်...အတင့်ရဲလိုက်တာ”
ကျန်းချန်ရှန်းက အော်ဟစ်ပြီး နောက်လှည့်အကြည့်ဘဲ ဘယ်ဘက်လက်ကို ညင်သာစွာ ပုတ်လိုက်သည်။ထိုအခါ ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့သွားပြီး နဂါးအရိပ်ကို အလွယ်တကူ ချေဖျက်လိုက်သည်။ သူ၏စစ်မှန်သော ချီသည် နန်းတော်ရှိ စားပွဲများနှင့် ကုလားထိုင်များကို ပြိုကျသည်အထိ ပြင်းထန်သည်။
တိုက်ခိုက်ပြီးနောက် ဧကရာဇ်၏အင်အားသည် အဆများစွာ တိုးပွားလာခဲ့သည်။ သူ့အဖေက သူ့ခွန်အားကို ဘယ်နှစ်ခါ တိုးပေးနိုင်မလဲ......
တကယ့်ကို အံ့သြစရာပါပဲ......
ကျန်းယွမ်သည် ပို၍ပင် တုန်လှုပ်သွားသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... သူက ငါ့ရဲ့ အစစ်အမှန်နဂါးအော်ရာကို အလွယ်တကူ ချေဖျက်ပစ်လိုက်တယ်... သူက ဘယ်သူလဲ....."
ကျန်းယွမ်သည် ထိုသို့သောဖိအားများကို မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
လောကမှာ ဒီလို ကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်ရှိနေတာလား....
ကျန်းယွမ်သည် ဖြစ်နိုင်ချေများစွာကို ချက်ခြင်းစဉ်းစားပြီး ဤလူသည် ချန်ရှန်း ကိုယ်ခံပညာကို သင်ကြားခဲ့သူမည်ဟုပင် မှန်းဆခဲ့သည်။
ချန်ရှန်းကို ကူညီဖို့ ရောက်လာတာလား.....
မဟုတ်သေးဘူး....ချန်ရှန်းကို သူ့တပည့်အဖြစ် ဘာကြောင့် လက်ခံခဲ့တာလဲ....သူ့ကိုဘာလို့ကျောထောက်နောက်ခံပြုနေတာလဲ.... အမှန်တရားကို သူဘယ်လိုသိတာလဲ.....
ကျန်းယွမ်ဟာ အခုဆို ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပြီး တဖက်လူကို ရန်သူဖြစ်ရမယ်လို့ ခံစားနေရသည်။
မွေးကင်းစကတည်းက အဝေးပို့ထားသောကြောင့် အခုရောက်လာသူကို ကျန်းချန်ရှန်း ဖြစ်မည်ဟု သူ မမျှော်လင့်ထားပေ။ ကျန်းချန်ရှန်းသာဆိုသူ့နောက်ခံကို သိဖို့နေနေသာသာ ဒီလူလို အရာရာကို လွှမ်းမိုးထားဖို့ မဖြစ်နိုင်ပေ။
နောက်ကွယ်မှာ ကြံစည်နေတဲ့ ရန်သူတစ်ယောက်ရှိရမယ်....
"ဧကရာဇ် မင်းဘာပြောချင်သေးလဲ....."
ကျန်းချန်ရှန်းကထိုသို့ပြောပြီး အမျိုးသမီး၏လည်ပင်းကို လှမ်းဆွဲလိုက်သည်။
“ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက်ကို မင်းက အအေးနန်းဆောင်ဆီ နှင်ထုတ်ထားတယ်.... ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ.....”
ကျန်းယွမ် အမူအရာ ပြောင်းသွားသည်။ သူသည် ထိုလူ၏ပြိုင်ဘက်မဟုတ်မှန်းသိနေသောကြောင့် အသက်ပြင်းပြင်းရှူကာ....
“ကျုပ်ပြောပါ့မယ် ....အိမ်ရှေ့စံအတုက ကျုပ်သားအရင်းမဟုတ်ဘူး.... သူက စွန့်ပစ်ဖို့ ရည်မှန်းထားတဲ့ စစ်တုရင်နယ်ရုပ်လေးတစ်ရုပ်ပဲ.... ခင်ဗျား အိမ်ရှေ့စံအစစ်အတွက်တရားမျှတမှုလာမရှာရင်တောင် အိမ်ရှေ့စံအတုကို မကြာခင်ရှင်းပစ်တော့မှာပါ...ကျုပ်ရဲ့ ဂုဏ်သတင်းအရ ဒီကိစ္စက အပြင်ကိုပြန့်သွားမှာ မဟုတ်ဘူး...ယန်မိသားစုကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပြီး အကြောင်းပြချက်ရှာခိုင်းမယ်။း... အိမ်ရှေ့မင်းသား ကွယ်လွန်ခြင်းက သမိုင်းတွင်မယ့် နောင်တရစရာတစ်ခုသာ ဖြစ်လယလိမ့်မယ်....”
ကျန်းချန်ရှန်း.....
"မင်း အိမ်ရှေ့စံကို လူစားထိုးပြီး စစ်တုရင်အဖြစ် ဘာကြောင့် အသုံးပြုခဲ့တာလဲ...."
ကျန်းယွမ်က သက်ပြင်းချလိုက်ပြီး .....
"ဘာလို့လဲဆိုတော့ သူက အိမ်ရှေ့စံမဖြစ်နိုင်လို့ပဲ... ရာဇပလ္လင်ကိုပိုင်စိုးမယ့်သူ့ကို ရည်မှန်းထားပြီးသား....ကံမကောင်းစွာနဲ့ပဲ ယန့မိသားစုက သူ့ကို မမြင်နိုင်ခဲ့ပါဘူး။...သူ့ဘေးကင်းဖို့ စွန့်လွှတ်ခဲ့ရတာပါ. .. နန်းတော်ထဲမှာဆို သူ သေချာပေါက်သေရလိမ့်မယ်....."
ထိုအချိန်တွင် လူများစွာ ပြေးလာနေသည့်အသံ ကြားလိုက်ရသည်။ အထူးသဖြင့် နန်းတော်နောက်ဘက်ရှိ တော်ဝင်အစောင့်များဖြစ်သည်။ သိုင်းပညာ မြင့်မားသော ကျွမ်းကျင်ပညာရှင်များသည် အရှိန်အဟုန်ဖြင့် မကြာမီရောက်လာကြသည်။
ဒီကိစ္စကို လွယ်လွယ် ပြီးလိုက်လို့မဖြစ်ဘူး...မဟုတ်ရင် သူ့ရဲ့ ကျင့်ကြံမှုကိုအနှောက်အယှက်ဖြစ်စေလိမ့်မယ်.....
ကျန်းချန်ရှန်းက ဆက်မေးပြန်သည်။
"သူ့ကို ဘယ်သူက ဒုက္ခပေးမှာလဲ ....နာမည်လေးပြောပြပါဦး။ မင်းက သူ့ကို ကာကွယ်ချင်တာဆိုတော့ ငါတို့တွေအကြံတူတယ်....."
"မဟာယာနနဂါးမျှော်စင်" ဟုပြောသောအခါ ကျန်းယွမ်၏မျက်လုံးများ မှုန်မှိုင်းနေသည်။
မဟာယာနနဂါးမျှော်စင်?
ကျန်းချန်ရှန်း ဒီနာမည်ကို တစ်ခါမှ မကြားဖူးပေ။ သူ့မှာ အဖြေရှိပြီမို့ ထွက်သွားသင့်နေပြီ.... အနာဂတ်မှာ သေချာပေါက်ပြန်လာရပေဉီးမည်။
သူ့လက်ကို လွှတ်လိုက်ပးကာ အအေးနန်းဆောင်ထဲကအမျိုးသမီးကို လွှတ်ပေးပြီး ခုန်ပေါက်လိုက်သည်နှင့် သူသည် အအေးနန်းဆောင် တံစက်မြိတ်များကို တိုက်ရိုက် ရိုက်ချိုးကာ သဲလွန်စမရှိဘဲ ညအမှောင်တွင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းယွမ်က ချက်ချင်းပြေးပြီး အမျိုးသမီးကို ပြေးထူလိုက်သည်။
အမျိုးသမီးက သူ့ကို တွန်းဖယ်လိုက်ပြီး......
“ကျန်းယွမ် ...ရှင် တော်တော်လွန်သွားပြီ.... ရှင်သူ့ကို ဧကရီရာထူးပေးပြီး ကျန်းယုကိုမွေးခွင့်ပေးခဲ့ပေမယ့် ရှင် ကျွန်မကိုလှည့်စားခဲ့တယ်.....မနက်ဖြန် ဒီကောင်လေးကို သတ်ပစ်မယ်!"
ကျန်းယွမ် မတ်တပ်ထရပ်ပြီး အလွန်အေးစက်သော အကြည့်ဖြင့် သူမကို ငုံ့ကြည့်လိုက်သည်။
"မင်း အဲ့ဒီလူကို အနိုင်ယူနိုင်မလား"
အအေးနန်းဆောင်မှ အမျိုးသမီး တိတ်ဆိတ်နေသည်။
"ငါမင်းကိုပေးထားတဲ့ကတိအတိုင်းဖြည့်ဆည်းပေးမယ်၊ ဒါပေမယ့် ကျားဆိုးတစ်ကောင်တောင်မှ သူ့ရဲ့သားပေါက်လေးတွေကို မစားဘူး....သူက သေရမယ့်လူဖြစ်ပြီး သူ့နောက်ခံကိုဘယ်သူမှ မသိကြဘူး.... ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမှာလဲ.... ဒုက္ခရောက်အောင် လုပ်မယ် ဆိုရင် ထီးနန်းက ဒီလောက် မသေချာဘူး..... ဒီနှစ်တွေအကုန်လုံး ငါ့သားတွေအားလုံးဟာ စွမ်းရည်ရှိတဲ့ နဂါးတွေဖြစ်ကြောင်း ငါရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့ဒါကို သေချာစဉ်းစားပါ။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ မင်းကချူမင်းဆက်ရဲ့ မင်းသမီးမဟုတ်တော့ဘူး....စိတ်ထင်ရာလုပ်နေတာတွေရပ်လိုက်တော့......"
စကားဆုံးသည်နှင့် ကျန်းယွမ် လှည့်ထွက်ကာ တော်ဝင်အစောင့်အကြပ်များစွာဖြင့် ထွက်သွားလေသည်။
ကျန်းယွမ်၏ အသံသည် ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။
“မနေ့ည ဖြစ်ပျက်ခဲ့တာတွေကို ပြောရဲတဲ့သူက ခေါင်းဖြတ်ခံရလိမ့်မယ်!”
အအေးနန်းဆောင်မှ အမျိုးသမီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ထိုင်နေပြီး သူမ ဝမ်းနည်းစွာ ပြုံးလိုက်သည်။
“ရယ်စရာကောင်းတယ်။ ငါကအရမ်းရယ်စရာကောင်းတယ်....."
လရောင်အောက်မှာ ကျန်းယွမ်က သူ့ရဲ့နဂါးအစွမ်းကို ထုတ်ဖော်လိုက်သည့်အခါ အမှောင်ထဲတွင် သူမသည် အထီးကျန်ဆန်သော တစ္ဆေတစ်ကောင်သဖွယ် အကြောင်သားငေးကြည့်နေရုံသာတတ်နိုင်ရှာခဲ့သည်။
…
...............
လုံချီ ဘုရားကျောင်းသို့ပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းသည် ဟွာဂျန်ရှင်းကိုမနှောင့်ယှက်ဘဲ အိမ်ထဲသို့တိတ်တဆိတ်ဝင်ရောက်ခဲ့သည်။
နန်းတော်သို့သွားပြီးနောက် သူသည် ဤညတွင် အမြတ်များစွာရခဲ့သည်။
ပထမဦးစွာ နန်းတော်ထဲမှ ကျွမ်းကျင်သူသည် သူ၏ပြိုင်ဘက်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဒုတိယအချက်မှာ ကလေးချင်းလဲခဲ့ရခြင်း အကြောင်းရင်းအမှန်ကို အတည်ပြုနိုင်ခဲ့ပြီး သူရခဲ့သော အဖြေမှာ မဟာယာနနဂါးမျှော်စင် ဖြစ်သည်။
ဘုန်းတော်ကြီးချင်ရှု၏စကားများကြောင့် ဒီကိစ္စကို သူ(ချင်ရှု)နှင့်ကျန်းယွမ်တို့လျှို့ဝှက်စွာပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်နိုင်သည်။ ကျန်းချန်ရှန်ကို လုံချီဘုရားကျောင်းတွင် မည်သူမျှ ရဲရဲတင်းတင်း မသတ်ဝံ့ကြပေ။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကျန်းယွမ် သူ့ကို ကာကွယ်ချင်နေသေးသည်ကို မြင်နိုင်သည်။
ကျန်းယွမ်သည် သူ့ကို ကာကွယ်ရန် ဆန္ဒရှိသော်လည်း ယန်မိသားစုကို ဖိနှိပ်နိုင်ဖို့ အခွင့်အရေးကိုလည်း ရယူလိုခဲ့သည် ။ ဧကရာဇ်မင်း၏စိတ်က နားလည်ရခက်သည်။
မဟာယာနနဂါးမျှော်စင်သည် ကျန်းယွမ် ၏ပစ်မှတ်လည်းဖြစ်ကောင်းဖြစ်နိုင်သောကြောင့် အငှားလက်ဖြင့်လူသတ်ရန် ကျန်းချန်ရှန်းကိုပြောပြခဲ့ခြင်းဖြစ်လိမ့်မည်။
ကျန်းချန်ရှန်း ဒေါသမထွက်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ပန်းတိုင်မှာ အင်မော်တယ်ဖြစ်လာရန်ဖြစ်သည်။ မဟာယာနနဂါးမျှော်စင်ကသာ သူ့ကိုသတ်ချင်ရင် ရှင်သန်မှုဆုလာဘ်တွေရရှိနိုင်ဖို့ တစ်စုံတစ်ယောက်ကို ဒီနေရာကို မြန်မြန်ဆန်ဆန် ပို့ပေးလိမ့်မယ်။
ရှင်သန်ခြင်းဆုလာဘ်ကို မဖြစ်ပေါ်စေခဲ့သောအချက်က သေစေလောက်အောင်အန္တာရာယ်မများခဲ့သေယကြောင့်ပင်....
" ရာဇပုလ္လင်ကိုမပိုင်စိုးနိုင်ဘူးတဲ့လား....? ကျန်းယွမ်.... ခင်ဗျား မလုပ်နိုင်ဘူးဆိုတော့ ကျုပ်ကိုယ်တိုင် လုယူရတော့မှာပေါ့......."
ကျန်းချန်ရှန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ဤဘဝတွင် ဆွေမျိုးတော်စပ်မှုမှာ အလွန်အားနည်းခဲ့သည်။ နောက်ဆုံးတော့ သူ့မှညအရင်ဘဝက အမှတ်တရတွေ ရှိခဲ့သည်။ သူသည် ဤဘဝတွင် စဉ်ဆက်မပြတ် ကျင့်ကြံအားထုတ်ခဲ့သောကြောင့် အလျှော့အတင်းလုပ်ရမည့်ဘဝမျိုးတွင် မနေချင်ပေ။
သူကြောက်တာက ကမ္ဘာပေါ်က သန်မာတဲ့သူတွေကိုပါ.... ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကိုမဟုတ်ဘူး...
ဒီတစ်ကြိမ်မှာတော့ ကျန်းယွမ်ကို သတိပေးချင်တဲ့အတွက် ပုံရိပ်ယောင်နတ်မျက်စိ ကို မသုံးခဲ့ပေ။ ပုံရိပ်ယောင်နတ်မျက်စိကို ဘယ်အချိန်မှာ သုံးရမည်ကို သူစီစဉ်ထားပြီးသားပင်....
နောက်တစ်နေ့တွင် ဟွာဂျန်ရှင်းသည် ကျန်းချန်ရှန်း စိတ်လက်ကြည်သာနေသည်ကို သတိပြုမိသည်။ သူမကိုတောင် လေ့ကျင့်ရေးမှာ ကိုယ်တိုင် လမ်းညွှန်ပေးနေသေးသည်။
ကျန်းချန်ရှန်းသည် အင်မော်တယ်ကျင့်ကြံသူဖြစ်ပြီး သူလေ့ကျင့်နေသောကျင့်စဉ်များသည် သူမ၏ သိုင်းပညာထက် ပိုမိုလေးနက်သည်။ အနည်းငယ်သောအချက်များကလည်း သူမအတွက် များစွာအကျိုးရှိစေပါသည်။
မနေ့ညက နန်းတော်တွင်း အဖြစ်ပျက်ခဲ့သည်များ သတင်းမပျံ့နှံ့မသွားခဲ့ပေ။
လုံချီ ဘုရားကျောင်းသည် လာရောက်လည်ပတ်သူများဖြင့် အသက်ဝင်နေဆဲပင်...
မန်ချွဲ့ဆောင်သည် ကျန်းချန်ရှန်းကို အကြိမ်ကြိမ်လာရှာခဲ့သည်။ မှူးမတ်အချို့၏အဆင့်တန်းက မငြင်းဆန်နိုင်လောက်အောင်မြင့်မားလွန်းလှသည်။သေချာ စဉ်းစားပြီးနောက် ကျန်းချန်ရှန်းက ပိုင်လုံကို တွေ့ခွင့်ပေးဖို့ခွင့်ပြုပေးလိုက်ရသည်။
ပိုင်လုံသည် လစဉ် ဝိညာဉ်တိုးပွားဆေးပြားကိုစားသုံးခွင့်ရခဲ့သည်။မည်သို့ဆိုစေ ၎င်းသည် ဆေးပြားဖန်တီးမှုတွင် ပါဝင်ကူညီသူ တစ်ဦးဖြစ်သည်။ ကျန်းချန်ရှန်းက ပိုင်လုံကို မတရားမဆက်ဆံခဲ့ပေ။
ထို့ကြောင့် ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးသည်လည်း တဖြည်းဖြည်း တိုးတက်လာသည်။ ယခုဆိုလျှင် ရိုးရှင်းသော လူစကားအချို့ကို နားလည်နေပြီး ရံဖန်ရံခါတွင် ဟွာဂျန်ရှင်းကိုပင် ကဲ့ရဲ့တတ်သေးသည်။သူ့ကဲ့ရဲ့မှုကြောင့် ဟွာဂျန်ရှင်း ဒေါသထွက်သွားတိုင်း မြွေခေါင်းကို ပျော်ရွှင်စွာ ခါယမ်းတတ်သည်။
မန်ချွဲ့ဆောင်သည် နဂါးဖြူကိုကြည့်ကာ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် ပိုင်လုံသည် ၎င်း၏ မြွေခန္ဓာကိုယ်ကို ထောင်မတ်ကာ ခေါင်းညိတ်ပြလိုက်သောအခါ သူမ၏ လောကအမြင်သုံးပါးစလုံးပြိုကွဲလုနီးပါးဖြစ်ခဲ့ရသည်။
“အဲ့ဒါက…”
နဂါးဖြူသည် လူသားနှင့် အလွန်တူကြောင်းမန်ချွဲ့ဆောင် သိသော်လည်း သူမအား ခေါင်းညိတ်ပြသည်မှာ ရယ်စရာကောင်းလွန်းသည်။
ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည့်အခါ မန်ချွဲ့ဆောင်က ထိတ်လန့်မှုကို ထိန်းထားနိုင်ခဲ့ပြီး ပိုင်လုံနှင့်အတူ ထွက်သွားခဲ့သည်။
မန်ချွဲ့ဆောင် ထွက်သွားပြီးနောက် ဟွာဂျန်ရှင်း အိမ်ထဲမှ ထွက်လာကယ အံ့သြစွာဖြင့်......
" တာအိုဆရာခင်... ရှင့်ရဲ့မြွေက အနှေးနဲ့အမြန်ဆိုသလို နတ်ဆိုးဖြစ်လာလိမ့်မယ်..... "
ကျန်းချန်ရှန်း၏မျက်လုံးထဲတွင် ပိုင်လုံသည် ချစ်စရာကောင်းသော်လည်း သူမ၏မျက်လုံးထဲတွင်တော့ ကြောက်စရာကောင်းသော အရာတစ်ခုဖြစ်သည်။ ပိုဉာဏ်ကောင်းလေလေ ကြောက်စရာကောင်းလေလေပါပဲ.....
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး....
“ဒါ အရမ်းကောင်းပါတယ်.... အနာဂတ်မှာ ကျွန်တော်တို့နဲ့တောင် စကားပြောနိုင်ပါသေးတယ်.......”
ဟွာဂျန်ရှင်း တုန်လှုပ်သွားသည်။
ဟွာဂျန်ရှင်းက ခေါင်းစဉ်ပြောင်းသည့်အနေဖြင့် .....
"ဆရာသခင်.... ...သိုင်းပညာလည်းတော်တယ် အရွယ်ကလည်းငယ်သေးတယ်....ရှင် တနေကုန်ဘယ်သူနဲ့မှအတွေ့မခံဘဲလေ့ကျင့်နေတာ ဘာအတွက်လဲ..... "
အသက်ဆယ့်လေးနှစ်အရွယ်တွင် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်ကိုသတ်ခဲ့သည့် ချန်ရှန်း၏ဒဏ္ဍာရီပုံပြင်ကို သူမကြားသိခဲ့ရသည်။ နောက်ပိုင်းတွင် မန်ချွဲ့ဆောင်က ကျန်းချန်ရှန်းကို ဂျူနီယာမောင်လေးဟု ခေါ်သည်ကို သူမကြားလိုက်ရသည်။ ဆိုလိုသည်မှာ ကျန်းချန်ရှန်းသည် အသက်ငယ်သေးသည်။သို့သော် အလိုလောဘမရှိဘဲ တိတ်ဆိတ်စွာလေ့ကျင့်နေခဲ့သည်။
နတ်ဘုရားများထံတွင်ပင် အလိုဆန္ဒရှိစမြဲပင်.......
"တာအိုကို နားလည်ပြီး အသက်ပိုရှည်ဖို့အတွက်လေ့ကျင့်နေတာပါ...."
ကျန်းချန်ရှန်း စိတ်ကောင်းဝင်နေသည်ကို မြင်လိုက်ရတော့ ဟွာဂျန်ရှင်းက သတ္တိမွေးပြီးထပ်မေးပြန်သည်။
“အဲ့ဒါက ရေရှည်ပန်းတိုင်ပဲလေ...လက်တလောအတွက်ရှင့်ရဲ့ရည်မှန်းချက်ကဘာလဲ....."
ကျန်းချန်ရှန်းသည် အဝေးက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်ပြီး.....
“လတ်တလောအတွက်ရည်မှန်းချက်လား....? ဒါဆိုငါ့မှာ ရည်မှန်းချက်တစ်ခုရှိတယ်.... သားတစ်ယောက်လောက်လိုချင်တယ်"
ဟွာဂျန်ရှင်း တလွဲတွေးမိပြီး အံ့ဩသွားသည်။ ကျန်းချန်ရှန်း ၏ ချောမောသော ရုပ်သွင်ကို သူမ စိုက်ကြည့်ရင်း နားရွက်များ နီရဲလာပြီး နှလုံးခုန်သံ မြန်လာသည်။
ကျန်းချန်ရှန်း၏ အာရုံကို မြို့အပြင်ဘက် ရှုခင်းများက ဆွဲဆောင်ထားသည်။ လုံချီ ဘုရားကျောင်းသည် မြို့တော်၏အစွန်းတွင် တည်ရှိသည်။ တစ်ဖက်တွင် မြို့ရိုးရှိပြီး အပြင်ဘက်မှာ အဆုံးမရှိ ပြန့်ကျဲနေသည့် တောအုပ်ကြီးများက ကာရံပိတ်ဆို့ထားသည်။
စစ်တပ်က မြို့ပြင်ကနေ အပြေးအလွှားစစ်ချီလာနေပြီ.......