← Chapters

ပညာရှိကို ပြုစုပျိုးထောင်ခြင်း.... ကျွမ်းကျင်သူများ၏ စိန်ခေါ်မှု.....

Vol. 2 Ch. 24

ပညာရှိကို ပြုစုပျိုးထောင်ခြင်း.... ကျွမ်းကျင်သူများ၏ စိန်ခေါ်မှု.....

Vol. 2 Ch. 24

တောတောင်တွေကြားက လမ်းတစ်လျှောက်တွင် ဖုန်မှုန့်တွေ နေရာအနှံ့ ပျံဝဲနေ၏။ စစ်သည်တစ်စုသည် ၎င်းတို့၏မြင်းများကိုစီနှင်ကာ 'ဂုဏ်သတင်း' ဟူသော စကားလုံးကိုရေးထိုးထားသည့်စစ်အလံများကို လွှင့်ထူထားကြသည်။ ၎င်းတို့ကို ဦးဆောင်သူမှာ ငွေရောင်သံချပ်ကာဝတ်စစ်သူကြီးဖြစ်ပြီး ချောမောသော မျက်နှာထားရှိသည်။ သူ့လက်ထဲမှာ လှံတစ်ချောင်းကိုင်ထားပြီး စိတ်ဓာတ်ကလည်းအလွန်ပြင်းထန်သည်။

စတုတ္ထမင်းသားကျန်းယုသည် ယခုချိန်တွင် အသက် ဆယ့်ကိုးနှစ်ရှိပြီဖြစ်သည်။

အဝေးက တော်ဝင်မြို့ကို ကြည့်လိုက်တော့ ကျန်းယု ပြုံးလိုက်မိသည်။

"အစ်ကိုတော်... မင်း ရာဇပလ္လင်ပေါ်မှာ မထိုင်နိုင်မှာမဟုတ်တော့ဘူး!"

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်ထားသော တပ်သားတစ်ထောင်သည် ရပ်တန့်မရသော နဂါးများကဲ့သို့ ကျန်းယုနောက်ကနေလိုက်လာကြသည်။

သူတို့ရှေ့တွင် လမ်းဘေး ကျောက်သားမဏ္ဍပ်တစ်ခုရှိနေသည်။ မဏ္ဍပ်ထဲတွင် လူတစ်ယောက် အရက်သောက်နေသည်။ ထိုသူသည် တစ်ချိန်က သိုင်းလောက၏အကျော်ဇေယျဖြစ်ခဲ့သည့် ကျုံးထျန်းဝူဖြစ်သည်။

ကျုံးထျန်းဝူက ကျန်းယုကိုမြင်သည်နှင့်သေရည်ခွက်ကိုလက်ကချပြီး မတ်တပ်ထရပ်ကာ ကျောက်မဏ္ဍပ်မှထွက်ကာ လမ်းကိုပိတ်ဆို့လိုက်သည်။

ကျန်းယုသည် လမ်းကို ပိတ်ဆို့နေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်တဲ့အခါ သူ့အမူအရာက ပြောင်းလဲမသွားဘဲ မြင်းကိုအသော့နှင်လာခဲ့သည်။

နှစ်ဘက် နီးကပ်လာသော်လည်း ကျုံးထျန်းဝူ သည် ကျန်းယုကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်ရင်း နောက်ပြန်ဆုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ကျန်းယုစီးနင်းလာသည့်မြင်းက ကျုံးထျန်းဝူ ကိုနင်းဖို့ ခွာမြှောက်လိုက်သည့်အခါ ကျုံးထျန်းဝူ၏မျက်လုံးများအေးစက်လာပြီး သူ၏စစ်မှန်သောချီသည် လှိုင်းလုံးများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ဖုန်တွေ လွင့်ပျံပြီး မြင်းလဲကျသွားသည့်အတွက် ကျန်းယုက လှံထောက်ခုန်ပြီး မြေပြင်ပေါ် ခုန်ဆင်းလိုက်ရသည်။

"အတင့်ရဲပြီး ငါ့လမ်းကိုပိတ်ရဲတယ်ပေါ့....."

ကျန်းယု ဟန်ကိုယ့်ဖို့အတွက်သာအော်လိုက်သော်လည်း သူ တုန်လှုပ်သွားသည်။

ဒီလို ပညာရှင်တစ်ယောက် ဘယ်တုန်းက မြို့တော်မှာ ပေါ်လာတာလဲ......သူ့ခွန်အားက ကြောက်စရာကောင်းလွန်းတယ်......

သူသည် စစ်မြေပြင်တွင် သိုင်းပညာ ကျွမ်းကျင်သူများစွာကို မြင်ဖူးသော်လည်း မည်သူမျှ ဤလူနှင့် မနှိုင်းယှဉ်နိုင်ပေ။

တပ်သားတစ်ထောင်က ကျုံးထျန်းဝူကို လျင်မြန်စွာ ဝိုင်းရံထားသည်။

ကျုံးထျန်းဝူက....

"ဘုရင်မင်းမြတ်က မင်းရဲ့ဝံပုလွေတပ်သားရဲ့အင်အားကို မြင်ချင်နေတယ်...

ကျန်းယုက မျက်မှောင်ကြုတ်ပြီး မေးတယ်......

"ခင်ဗျား ဘာကိုဆိုလိုတာလဲ...ခင်ဗျား တစ်ယောက်တည်းလား?"

ကျုံးထျန်းဝူက ဖိတ်ခေါ်တဲ့ အမူအရာနဲ့ သူ့ညာလက်ကိုမြှောက်ပြီး.....

"ငါက ထျန်းဝူရှီးတုရဲ့ခေါင်းဆောင် ကျုံးထျန်းဝူ....."

ဒါကိုကြားတော့ ကျန်းယုရဲ့ လှံကိုင်ထားတဲ့ လက်က ပိုတင်းကြပ်လာသည်။

သူသည် စစ်မြေပြင်တွင် ရှိနေသော်လည်း ထျန်းဝူရှီးတု၏ စွမ်းအားကိုကြားသိပြီးဖြစ်သည်။

အစွမ်းထက်လွန်းတယ်......ပြီးတော့ရက်စက်တယ်!

“ စစ်ပွဲအလီလီကျော်ဖြတ်လာတဲ့ ဝံပုလွေနက်တပ်သားတွေ ငါ့ကို ကြောက်တယ်လို့တော့ မပြောနဲ့......”

ကျန်းယု ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ ချက်ချင်းနီရဲသွားသည်။

ဒီလူသေလမ်းရှာနေတာလား.....

….....................

မွန်းတည့်အချိန်ဖြစ်၍ နေသာပြီး လေညှင်းသုန်သုန်တိုက်ခတ်နေသည်။

ခြံဝင်းထဲတွင် ကျန်းချန်ရှန်း၊ကျန်းယွမ်နှင့် ကျန်းယုတို့သည် ကျောက်စားပွဲဝိုင်းတွင် ဝိုင်းဖွဲ့ ထိုင်နေကြသည်။ မျက်နှာတွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော ကျန်းယုသည် လွန်ခဲ့သည့် သုံးရက်က လူတစ်ဉီးက တိုက်ပွဲအလီလီနွှဲခဲ့သော ဝံပုလွေနက်တပ်ဖွဲ့ကို လူတစ်ယောက်တည်းက အနိုင်ယူသွားကြောင်းပြန်ပြောပြနေသည်။

“ဒါက ရယ်စရာကောင်းလွန်းတယ်.... လူတစ်ယောက်ရဲ့ သိုင်းပညာက ဘယ်လောက်အထိ အားကောင်းနိုင်မလဲ..... ငါ့ညီအစ်ကိုတွေက ဒါဇင်နဲ့ချီတဲ့ ရန်သူတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းထက်တဲ့သူတွေပဲ...နောက်ပြီး ကျုံးထျန်းဝူက လုံးဝ အညှာတာမဲ့လွန်းတယ်...ခမည်းတော်..သူ့ကို အပြစ်မပေးဘူးလား"

ကျန်းယုက များများပြောလေလေ စိတ်လှုပ်ရှားလေပင်.. ကျန်းယွမ်ကလည်း ကျယ်လောင်စွာရယ်မောနေ၏။

ဒီလိုမြင်ကွင်းမျိုးက ကြည်နူးဖွယ်မိသားစုလိုပင်....

ကျန်းချန်ရှန်း စိတထဲကနေသက်ပြင်းချလိုက်သည်။

ကျန်းယွမ်သည် သူ၏စိတ်နှလုံးကို နှစ်သိမ့်ရန် ဤစုဝေးမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျန်းချန်ရှန်းသည် သူတို့၏ ဆက်ဆံရေးအစစ်အမှန်ကို သိသော်လည်း ကျန်းယုကတော့ ဘာမှမသိရှာပေ။

ကျန်းယုသည် ကျန်းချန်ရှန်းကိုကြည့်ကာ.....

"အစ်ကိုချန်ရှန်း....ကျုံးထျန်းဝူကို အနိုင်ယူနိုင်လား....သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်စမ်းပါ....အစ်ကိုလိုချင်သမျှဖြည့်ဆည်းပေးမယ်လေ.... "

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့နေဟန်ဖြင့်ပြန်မေးလိုက်သည်။

"မင်းတကယ်ပြောတာလား......"

ကျန်းယုက တခစ်ခစ်ရယ်ပြီး .

" တကယ်ပေါ့.....သူ့ကိုဖိနှိပ်ဖို မစောင့်နိုင်တော့ဘူး...သူက ရိုင်းစိုင်းမောက်မာပြ ကျွန်တော့်ကို သူ့လက်အောက်ငယ်သားလို ရိုက်နှက်ခဲ့တယ် ....ဒါ့အပြင် သူက သိုင်းလောကရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဆိုတော့ ကျန်းမိသားစုအတွက် အလုပ်လုပ်ပေးနိုင်တာကလည်း ဂုဏ်ယူစရာပါပဲ....”

ရှေးခေတ်ကတည်းက မင်းဆက်တွေ ပြောင်းလဲခဲ့သော်လည်း အမှောင်လောကကတော့ အရင်တိုင်းမပြောင်းလဲခဲ့ပေ။ တရားရုံးက ဒဏ်ခတ်ခံလို့မရတဲ့အပြစ်ဒဏ်တွေကိုအမှောင်လောကသားတွေကိုသာအားကိုးပြီးရှင်းလင်းရစမြဲပင်....

ကျန်းယွမ်က ပြုံးပြီးစကားဝိုင်းထဲဝင်လာသည်။

"ကျုံးထျန်းဝူက တကယ့်ကိုမာနကြီးပေမယ့် သိုင်းလောကရဲ့ ကျွမ်းကျင်သူတွေကို ကြိုးချည်နိုင်ဖို့လိုတယ်... တကျန်းကို ၂၁ နှစ်ကြာ တည်ထောင်ခဲ့ပြီး၊ အနီးနားမှာရှိတဲ့ မင်းဆက်တွေကလာ တစ်ခုပြီးတစ်ခု ပျက်သုန်းလာပြီ...ဒါပေမယ့် ဝေးကွာနေတဲ့မင်းဆက်တွေကတော့ကျန်နေသေးဆယ်....... နှစ်ပေါင်းများစွာကြာမြင့်တဲ့ စစ်ပွဲတွေပြီးဆုံးချိန်မှာ ကျန်းတိုင်းပြည်မှာရှိတဲ့ သိုင်းပညာတွေ

အလွန်ကျဆင်းသွားခဲ့ပြီး....အဝေးကမင်းဆက်တွေရဲ့ သိုင်းပညာတွေလောက်မမြင့်မားတော့ဘူး.... မင်းဆက်တွေကို လူတစ်ဦးတည်းက အနိုင်ယူလို့ မရပေမယ့် တိမ်တိုက်တွေလို ပညာရှင်တွေ အများကြီးရှိနေတယ်.... သူတို့က ထောင်ပေါင်းများစွာသော တပ်သားတွေကို အနိုင်ယူပြီး မင်းဆက်တွေကို လှုပ်ခတ်စေနိုင်တယ်....”

စကားဆုံးသည်နှင့် ကျန်းယွမ် သက်ပြင်းချလိုက်သည်။စိတ်ထဲတွင်မူ နန်းတော်ကို ကျူးကျော်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်အကြောင်းကို သူ တွေးနေမိသည်။ ထိူလူ၏ ခွန်အားက အလွန်ကြောက်စရာကောင်းသောကြောင့် ကျုံးထျန်းဝူသည်ပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

ကျန်းယွမ်က စကားလမ်းကြောင်းလွှဲလိုက်ပြီး.....

"ချန်ရှန်း၊ မင်းရဲ့ခြံဝင်းထဲမှာ တခြားတစ်ယောက်ရှိနေပုံရတယ်...."

ကျန်းချန်ရှန်းက တွန့်ဆုတ် ဟန်ဆောင်ပြီး....

"ဂျန်ရှင်း ထွက်လာပါ"

ထိုနာမည်ကိုကြားတော့ ကျန်းယွမ်နှင့်ကျန်းယုတို့မျက်ခုံးပင့်လိုက်ကြသည်။

ထိုအချိန်တွင် ဟွာဂျန်ရှင်း အခန်းထဲမှ ထွက်လာခဲ့သည်။

ကျန်းယုက မျက်လုံးပြူးပြီး .....

“အစ်ကို ချန်ရှန်း၊ မင်းက တာအိုဘုန်းကြီးပါ....ဘယ်လိုဖြစ်ပြီး မိန်းမတစ်ယောက်ကိုဝှက်ထားတာလဲ... "

ကျန်းယွမ်က သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း ပြုံးလိုက်ကာ....

“လုံချီဘုရားကျောင်းက ရိုးရာတာအိုဘုရားကျောင်း မဟုတ်ဘူး....တာအိုဘုန်းတော်ကြီးချင်ရှုက ဒီဘုရားကျောင်းကိုစတင်တည်ထောင်ခဲ့တာမို့ သိုင်းပညာဂိုဏ်းတစ်ခုအဖြစ်သတ်မှတ်နိုင်တယ်.... တပည့်များကို အိမ်ထောင်သားမွေးလုပ်ဖို့ တားမြစ်ထားတာမျိုးမရှိဘူး.... ဒါပေမယ့် အိပ်ထောင်ပြုချင်တယ်ဆို တောင်ပေါ်ကဆင်းရမယ်.... ချန်ရှန်း ...မင်း လက်ထပ်ချင်တယ်ဆိုရင်၊ ငါ ခွင့်ပြုဖို့ အမိန့်ထုတ်ပေးလို့ရတယ်....."

“အရှင်မင်းကြီး၊ ဒီအမျိုးသမီးရဲ့အကျင့်စရိုက်က ထူးခြားတယ်...ကျွန်တော့်မှာ တောင်းဆိုစရာရှိတယ်....."

"ပြောပါ....."

ဟွာဂျန်ရှင်းက လမ်းလျှောက်လာပြီး ကျန်းယွမ်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

“သူက ဝတ်ဖြူတော်တပ်ဖွဲ့ကအဖွဲ့ဝင်တစ်ယောက်ပါ....နတ်ဆိုးသခင်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တာမို့ ကျွန်တော် သူ့ကိုကယ်တင်ထားခဲ့တယ်... အခုချိန်မှာ ကျွန်တော်နဲ့အတူ သိုင်းပညာလေ့လာနေတာမျိုး နောင်အနာဂတ်မှာ သူ့ကိုဝတ်ဖြူတော်အစောင့်တပ်သားအဖြစ် ရာထူးပြန်ပေးလို့ရနိုင်မလား..... "

ကျန်းယွမ်က “ဘာလို့ နောင်မှာလဲ” လို့မေးခွန်းထုတ်လိုက်သည်။

ထိုအခါ ဟွာဂျန်ရှင်းက

"ကျွန်မ ဆရာသခင်နဲ့ပဲသိုင်းပညာလေ့လာချင်ပါတယ်...."

ကျန်းယွမ်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး.....

"အဲဒီညတုန်းက မင်းတစ်ယောက်တည်း နတ်ဆိုးဂိုဏ်းသားတွေကိုလိုက်ဖမ်းခဲ့တယ်လို့ ကြားထားတယ်....မင်း အများကြီးပေးဆပ်ခဲ့တဲ့အတွက် ငါ မင်းကို ဆုချသင့်တယ်....မင်း ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့ဆီ ပြန်လာတဲ့အခါ တပ်သားတစ်ထောင်ကိုအုပ်ချုပ်ရတဲ့တပ်မှူးဖြစ်ဖို့ ငါစီစဉ်ပေးမယ်....."

ဟွာဂျန်ရှင်းက ဝမ်းသာအားရ အံ့သြသွားပြီး ကျန်းယွမ်ကို အလျင်စလို ကျေးဇူးတင်နေမိသည်။

ဝတ်ဖြူတော်အစောင့် စုစုပေါင်း ၅၀၀၀၀ ရှိသည်။ ခေါင်းဆောင်ကို အကြီးအကဲဟုခေါ်ကြပြီး သူ့အောက်တွက်နောက် လူတစ်ထောင်ကိုအုပ်ချုပ်ရသည့်တပ်မှူးအဆင့်ရှိသည်။ ထောင်စုတပ်မှူးများသည် လစာပိုမြင့်သောအဆင့်ကို ကိုယ်စားပြုပြီး ဝတ်ဖြူတော်အစောင့်များကြားတွင် ၎င်းသည် လူတစ်ထောင်ကို စည်းရုံးနိုင်သည့်အာဏာကို ကိုယ်စားပြုသည်။

ကျန်းချန်ရှန်းက သူမကို ထွက်သွားဖို့ ပြောလိုက်သည်။

ကျန်းယွမ်နဲ့ကျန်းယုတို့ သုံးယောက်သား ခဏလောက် စကားစမြည်ပြောခဲ့ကြသေးသည်။ကျန်းယွမ်က မပြန်ခင်ဆေးလုံးများ ထပ်တောင်းခဲ့သည်။ ဒါကိုကြားတော့ ကျန်းယု မျက်လုံးပြူးသွားခဲ့သည်။

ကျန်းယု အံ့ဩသွားသော်လည်း မမေးဝံပေ။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်များကို လိုက်ရှာသည့်ကိစ္စနှင့်ပတ်သတ်လျှင် သူ့ခမည်းတော်က အကဲဆတ်လွန်းလှသည် ထိုအကြောင်းကြောင့် လူများစွာ ခေါင်းဖြတ်ခံခဲ့ရပြီးပြီ.....

သူတို့ထွက်သွားပြီးနောက် ဟွာဂျန်ရှင်း အိမ်အပြင်သို့ ထွက်လာပြန်သည်။

သူမ ကျန်းချန်ရှန်အနားသို့ရောက်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့် ....

"ဆရာသခင်... ရှင် ဘာလို့ ကျွန်မကို ဝတ်ဖြူတော်တပ်ဖွဲ့ဆီ ပြန်စေချင်တာလဲ....."

ကျန်းချန်ရှန်းသည် သူ၏ဝိညာဥ်စွမ်းအားများပါ၀င်သော အဆောင်စာရွက်တစ်ခုကို သန့်စင်ထားပြီး ဟွာဂျန်ရှင်း၏အသွင်အပြင်ကို ဖုံးကွယ်ရန် ကူညီပေးနိုင်သည်။ သို့သော်လည်း ကျန်းချန်ရှန်းက သူမအား ဖုံးကွယ်ဖို့ခွင့်မပြုခဲ့ပေ။

ကျန်းချန်ရှန်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး.....

"မင်း ငါ့အတွက် တခုခုလုပ်ပေးချင်တယ်မလား...ဒါဆို အနာဂတ်မှာ ဝတ်ဖြူတော်တပ်ဖွဲ့မှာ ငါ့ရဲ့မျက်စိတွေနားတွေဖြစ်ပေးနိုင်မလား....."

ဟွာဂျန်ရှင်း အံ့သြသွားသည်။ ကျန်းချန်ရှန်း အာဏာကို မက်မောမည်ဟု မမျှော်လင့်ခဲ့ပေ။ ဝတ်ဖြူတော်တပ်ဖွဲ့သည် အရှင်မင်းမြတ်၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ရှိသောတပ်ဖွဲ့ဖြစ်သည်။

“ရှင် ဘယ်သူ့ကို ပစ်မှတ်ထားတာလဲ.... ဒါမှမဟုတ် တစ်ခုခု စီစဉ်နေတာလား.....”

"ဟုတ်တယ်...ငါ ထီးနန်းရဖို့ကြံစည်နေတာ.. "

" ဆရာသခင်... ဧကရာဇ်ကို သတ်ရုံနဲ့ ထီးနန်းကို အုပ်စိုးနိုင်မှာမဟုတ်ဘူး.... အရပ်ဘက်နဲ့စစ်ဘက်အရာရှိတွေရဲ့ ပံ့ပိုးကူညီမှုလည်း လိုသေးတယ်... မင်းမျိုးမင်းနွယ်တွေရဲ့ ထောက်ပံ့မှုကိုလည်း သေချာစဉ်းစားရမယ်.....”

လုံချီ ဘုရားကျောင်း မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ကျန်းချန်ရှန်းသည် တာအိုဘုန်းကြီးတစ်ပါးသာဖြစ်သည်။

တာအိုဘုန်းကြီးတစ်ပါးက နိုင်ငံတစ်ခုကိုဘယ်လိုအုပ်ချုပ်မလဲ.....ကိုရင်ငယ်တွေကိုအားကိုးပြီးတော့လား......

"ငါ ဧကရာဇ်မဖြစ်ချင်ဘူး...တာအိုကျင့်စဉ်ကိုပဲလေ့ကျင့်ချင်တာ.... ဒါပေမယ့် ငါ့သားကို ဧကရာဇ်ဖြစ်အောင် လုပ်ပေးနိုင်တယ်.... ငါ့ရဲ့ ပင်ကိုယ်စရိုက်ကို မင်းသိလား......"

ဟွာဂျန်ရှင်း ပိုလို့တောင် စိတ်ရှုပ်သွားသည်။

“ဒါဆို ဘုရင်မင်းမြတ်က ငါ့ဆီ ဆေးလုံးတွေကြောင့်ရောက်လာတယ်လို့ထင်နေတာလား.... ဒီလိုဆိုရင် စတုတ္ထမင်းသားကို ဘာလို့ ငါနဲ့ဆက်သွယ်ဖို့ အကြံပေးခဲ့တာလဲ....”

သူနှင့် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် ဟွာဂျန်ရှင်းကို ယုံကြည်နိုင်ပြီဖြစ်သည်။ သူသည် အမှန်တရားကို ထုတ်ပြောပြီး သူ၏အနာဂတ် သားငယ်အတွက် အဖွဲ့တစ်ဖွဲ့ထူထောင်ဖို့ကြိုးစားနေခြင်းဖြစ်သည်။

ဟွာဂျန်ရှင်းက မျက်မှောင်ကြုတ်ပြီး အသည်းအသန်စဉ်းစားနေသည်။ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး သူမ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

“စတုတ္ထမင်းသားနဲ့ အိမ်ရှေ့မင်းသား နှစ်ဦးစလုံးက အမေတစ်ယောက်တည်းကမွေးကြတာ....ဧကရီ စိတ်နောက်သွားတုန်းက အိမ်ရှေ့စံကို သူ့သားမဟုတ်ဘူးလို့ပြောခဲ့တယ်..ဒါဆို....."

"မှန်ပါတယ်၊ ငါက အိမ်ရှေ့စံအစစ်ပါ... ပြောပါဉီး ဒီလောက်ဆို ရာဇပလ္လင်ကိုတပ်မက်ဖို့ အရည်အချင်းရှိပြီလား....."

ဟွာဂျန်ရှင်း ထိတ်လန့်သွားပြီး သူ့မျက်လုံးလှလှလေးတွေ ပြူးကျယ်သွားသည် ။

ကျန်းချန်ရှန်းသည် သူ၏ ငယ်ဘဝအတွေ့အကြုံနှင့် သူသိထားသည်များကို ပြန်ပြောပြပြီး ဟွာဂျန်ရှင်းကို အံ့အားသင့်စေခဲ့သည်။ တော်ဝင်မိသားစုက ရှုပ်ထွေးကြောင်း သူမသိထားပြီးဖြစ်သော်လည်း ဤမျှရှုပ်ထွေးမည်ဟု သူမမျှော်လင့်ထားပေ။

ကျန်းချန်ရှန်း၏အမြင်အရ သူမသည်လည်း ဒေါသထွက်နေသည်ကို ခံစားလိုက်ရသည်။ သူသည် အိမ်ရှေ့စံမင်းသားဟု ယူဆရသော်လည်း နဂါးတစ်ကောင်သည် သေမျိုးကမ္ဘာသို့ ကျရောက်သွားခဲ့သည်။

ဟွာဂျန်ရှင်းက မျက်မှောင်ကြုတ်ပြီး .....

“မဟာယာန နဂါးမျှော်စင်အကြောင်း ကြားဖူးတယ်...ဒီမျှော်စင်က နှစ်ထောင်ပေါင်းများစွာကတည်းက သိုင်းပညာရဲ့ သန့်ရှင်းတဲ့နယ်မြေဖြစ်ပြီး ခြေရာခံဖို့ခက်တယ်.....လက်ရှ်သိုင်းလောကအတွက်တော့ ဒါဟာဒဏ္ဍာရီတပုဒ်လိုပဲ..…”

"အဲ့ဒါကြောင့် နောက်ကွယ်က အင်အားစုတွေရဲ့ ရုပ်သေးရုပ်မဟုတ်တဲ့ ဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်ချင်တာပေါ့..... လူတွေကို စာနာတတ်တဲ့ သီလရှိတဲ့ ပညာရှိမျိုးကိုပဲ လိုချင်တယ်.... သူက ငါ့အတွက် တိုက်ပွဲဝင်နိုင်ရုံသာမက ကမ္ဘာကြီးကို ပိုမိိုတည်ငြိမ်ပြီး ငြိမ်းချမ်းသာယာအောင်ဖန်တီးပေးနိုင်တယ်....ဂျန်ရှင်း.... မင်း ငါ့ကိုကူညီဖို့ဆန္ဒရှိလား...."

ဟွာဂျန်ရှင်းသည် ထိုညက တော်ဝင်တံခါးရှေ့တွင် ရပ်နေစဉ် လီကုန်းကုန်း၏ ရက်စက်သောအမူအရာကို တွေးတောမိသောအခါ သူမ၏ နှလုံးသားထဲတွင် ဒေါသမီးတောက်များ လောင်ကျွမ်းသွားသည်။ သူမထံတွင်သာ အခွင့်အာဏာရှိလျှင် မိတ်ဆွေများကိုကယ်တင်နိုင်မည်ဖြစ်ကြောင်း ရုတ်တရက်ဉာဏ်အလင်းပွင့်သွားခဲ့သည်။

" ဆရာခင်.... ရှင် ကျွန်မအသက်ကိုကယ်ခဲ့တာပါ.... ကူညီဖို့ ဆန္ဒရှိပါတယ်!”

"ကောင်းပြီ.... ကျေးဇူးတင်ပါတယ် ဂျန်ရှင်း.... ငါ မင်းကို အခုတော့ ဒါပဲပြောနိုင်ဉီးမယ်..... ဒီကိစ္စကို ဘုရားကျောင်းကလူတွေ ဘယ်သူမှ မသိဘူး....ဧကရာဇ်တောင်မသိသေးဘူး...."

"ကျွန်မ ရှင့်အတွက်ဆို ဓားတောင်နဲ့မီးပင်လယ်ကိုတောင်ဖြတ်သန်းဝံ့ပါတယ်...."

"စိတ်ချပါ ငါ့ကြောင့် မင်း မသေစေရဘူး...."

"ဒါ...ဒါပေမယ့် ဆရာသခင်ရဲ့သားက ဘယ်မှာလဲ"

ဟွာဂျန်ရှင်း ရှက်သွားပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

“အာ...ဟုတ်သားပဲ.... ငါ့သား ဘယ်တော့ ပေါ်လာမယ်ဆိုတာ ငါမသိဘူး၊ ဒါကြောင့် ဒီတစ်နှစ်ပတ်လုံး အားသွန်ခွန်စိုက် လေ့ကျင့်ပြီး သားလေးမွေးဖို့ စောင့်နေရမယ်....."

ဟွာဂျန်ရှင်း ဤစကားကိုကြားသောအခါ နားမလည်နိုင်တော့ဘဲ...

"ရှင့်မှာ မောင်းမမိဿံတွေ ရှိနေပြီလား....."

"မရှိသေးပါဘူး... ငါရှာနေတုန်းပဲ....."

ဟွာဂျန်ရှင်းက အံကြိတ်ကာ....

"ဒါဆို ကျွန်မလုပ်လို့ရမလား?"

ကျန်းချန်ရှန်း က သူမကို အံ့အားသင့်စွာကြည့်လိုက်တော့ သူမ၏မျက်နှာက ပို၍ပင်နီမြန်းသွားသည်။

တကယ်တော့ ဟွာဂျန်ရှင်းဘက်က ကျန်းချန်ရှန်းကို သဘောကျခဲ့တာသည်မှာ အတော်ကြာပြီ....... သူမအသက်ကို ကယ်တင်ခဲ့တဲ့ အားကောင်းပြီး ချောမောတဲ့ လူငယ်တစ်ယောက်ရဲ့ သွေးဆောင်မှုကို ဘယ်လိုများငြင်းဆန်နိုင်မည်နည်း......

သို့သော်လည်း သူမသည် ကျန်းချန်ရှန်းအပေါ် အသက်အကြွေးတင်ထားသဖြင့် မှားယွင်းသော အကြံအစည်များကို မကြံစည်ဝံ့ခဲ့ပေ။ ယခု ကျန်းချန်ရှန်းသည် သားလေးလိုချင်သောကြောင့် သူမအတွက် အခွင့်အရေးရောက်လာပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။

ကျန်းချန်ရှန်းသည် ဟွာဂျန်ရှင်း၏ ချောမောလှပသော မျက်နှာကို ဂရုတစိုက် အကဲခတ်ရင်း တိတ်ဆိတ်နေခဲ့သည်။

သူမသည် ချောမောလှသောကြောင့် သားတစ်ယောက်မွေးလျှင် သူတို့၏ကလေးက ရုပ်ဆိုးမည်မဟုတ်ပေ။

…..............................

မင်းဆက်တည်ထောင်ပြီး နှစ်ဆယ့်နှစ်နှစ်တွင်......

နှစ်အစတွင်၊ ကျန်းချန်ရှန်း၏ အတိဒုက္ခကို ကျော်ဖြတ်ခြင်းနှင့် ပိုင်လုံ၏ဉာဏ်ပညာဇာတ်လမ်းသည် မြို့တော်မှ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ထိုနှစ်မှစတင်၍ ရူးကြောင်ကြောင်ကမ္ဘာမှ ပညာရှင်များသည် လုံချီဘုရားကျောင်းကို တယောက်ပြီးတယောက် စိန်ခေါ်လာကြသည်။ ပထမတော့ မန်ချွဲ့ဆောင် နဲ့ တခြားတပည့်တွေက ခုခံနိုင်သော်လည်း နောက်ပိုင်းတွင် ထိပ်တန်းကျွမ်းကျင်သူများ ပေါ်လာသောအခါ ကျန်းချန်ရှန်းဘက်က ဟွာဂျန်ရှင်း ဖြေရှင်းခိုင်းရုံမှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

ဟွာဂျန်ရှင်းသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်မလာသေးသော်လည်း၊ ကျောက်စိမ်းအပ်ကျင့်စဉ်ကို သင်ယူခဲ့သော်ကြောင့် သာမာန်ထိပ်တန်း ကျွမ်းကျင်သူများသည် သူ၏ ပြိုင်ဘက် မဟုတ်ပေ။

တစ်နေ့တွင်. .

ဝမ်လီ စိုးရိမ်တကြီးပြေးလာပြီး .....

"စီနီယာ ချန်ရှန်း..... စီနီယာ အစ်ကိုမန်က ကျွမ်းကျင်သူတစ်ဖွဲ့ခေါ်လာတယ်...အစ်ကိုမလာရင် ပိုင်လုံကိုသတ်ပစ်မယ်တဲ့......"

All Chapters