← Chapters

မြေဝိညာဉ်သစ်ပင်.....ဧကရာဇ်အာဏာအတွက်တိုက်ပွဲ.....

Vol. 2 Ch. 25

မြေဝိညာဉ်သစ်ပင်.....ဧကရာဇ်အာဏာအတွက်တိုက်ပွဲ.....

Vol. 2 Ch. 25

ဒါဇင်နှင့်ချီသော တပည့်များနှင့် ဘုရားဝတ်ပြုသူများ အဝင်ဝက တံတားငယ်လေးတွင် စုရုံးရောက်ရှိနေကြသည်။ သူတို့ရှေ့တွင်လံချီဘုရားကျောင်း၏အကြီးဆုံးတပည့်ဟောင်း မန်ချွဲ့ဟေး ဦးဆောင်သောလူတစုရှိနေသည်။

နှစ်အတော်ကြာဝေးကွာသွားပြီးနောက် မန်ချွဲ့ဟေးသည် ပို၍ရင့်ကျက်လာခဲ့သည်။ သူသည် အဖိုးတန်သောခရမ်းရောင်၀တ်စုံ၊သူ့လက်ချောင်းပေါ်တွင် ကျောက်စိမ်းလက်စွပ်၊ သူ့ခါးပတ်ပတ်လည်တွင် ကျောက်စိမ်းခါးပတ်နှင့်ရက်ကွန်းဝက်ဝံသားရေဖြင့်ချုပ်ထားသောဖိနပ်တို့ကိုဝတ်ဆင်ထားသည်မှာ မျိုးရိုးစဉ်ဆက်ချမ်းသာခဲ့သောသခင်လေးတပါးနှယ်.....

သူသညလ တံတားငယ်လေးရှေ့က နဂါးဖြူကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

ပိုင်လုံသည် လူများစွာ ဝန်းရံထားသော်လည်း ကြောက်ရွံခြင်းအလျင်းမရှိပေ။ ယခုအချိန်တွင် ၎င်းသည် အရှည်သုံးမီတာရှိနေပြီဖြစ်ပြီး မြွေကြီးတစ်ကောင်ဟု ယူဆနိုင်သည်။ သို့သော် ကြင်နာတတ်သောကြောင့် မည်သူမျှ ၎င်းကို မကြောက်ကြဘဲ ခြိမ်းခြောက်နိူင်သည်ဟုပင်မထင်ကြတော့ပေ။

မန်ချွဲ့ဆောင်က တပည့်တွေကို တွန်းထုတ်ပြီး ကျော်တက်လာကာ မန်ချွဲ့ဟေးကို စိုက်ကြည့်နေသည်။

"အစ်ကိုနှစ်...ဒါဘာသဘောလဲ.... "

မန်ချွဲ့ဟေးက သူ့လက်ချောင်းပေါ်က လက်စွပ်ကိုပွတ်သပ်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့်....

"ဘာသဘောမှမဟုတ်ပါဘူး...ကိုယ်တော်ချန်ရှန်းရဲ့ ခွန်အားကို စမ်းသပ်ချင်ရုံပါ.... အရင်တုန်းကတော့ လက်ရည်စမ်းဖို့တောင်းဆိုတိုင်းအမြဲငြင်းခဲ့ပေမယ့် ဒီနေ့တော့သဘေယတူမှဖြစ်မယ်....."

မန်ချွဲ့ဆောင်က မျက်မှောင်ကြုတ်ပြီး ....

"ဒါဆိုပိုင်လုံကို တရားခံအဖြစ်ခေါ်ထားရတာလဲ.... ဘာလို့ လူတွေကို ခေါ်လာပြီး ခြိမ်းခြောက်တာလဲ....."

မန်ချွဲ့ဟေးက သူ့ခါးမှ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး....

"ညီမလေး၊ ဆက်မမေးနဲ့တော့.... အခု ငါတို့က သူစိမ်းတွေဖြစ်နေပြီ.... ချန်ရှန်းကိုသာသွားခေါ်ပေး.... သူငါ့ကိုအနိုင်ယူနေသရွေ့ မင်းတို့ကိုထပ်မနှောင့်ယှက်တော့ဘူး......"

မန်ချွဲ့ဟေး နောက်တွင် အသက်ဆယ့်ငါးနှစ်၊ဆယ့်ခြောက်နှစ်ရွယ် ချောမောလှပတဲ့ လူငယ်တစ်ယောက်ရှိသည်။

“မြန်မြန်လုပ်.....ငါမစောင့်နိုင်တော့ဘူး...."

မန်ချွဲ့ဟေးက အံကြိတ်လိုက်ပြီး ဓားမြှောင်ကို ပိုင်လုံဆီချိန်ရွယ်ကာ ဓားဖြင့်ထိုးရန် ပြင်ဆင်နေသည်။

"ငါ..ဒီမှာ......"

ပေါ့ပါးသောအသံ ထွက်ပေါ်လာပြီး တပည့်များ လမ်းဖယ်လိုက်ကြသည်။ ကျန်းချန်ရှန်း ကိုမြင်သည်နှင့် ဘုရားဖူးများက ချက်ချင်း အံ့သြစွာ အော်ဟစ်လိုက်ကြသည်။

"သူက တာအိုဆရာသခင်ချန်ရှန်းလား...?"

"အရမ်းခန့်တာပဲ!"

"ဒီလို စိတ်ထားမျိုးနဲ့ဆို သူ တကယ်အင်မော်တယ်နတ်ဘုရားဖြစ်နိုင်ပါ့မလား...."

“သူ့လက်ထဲက မြင်းမြီးသားယပ်ကတောင်မှ တခြားတာအိုဘုန်းတော်ကြီးတွေနဲ့ မတူဘူး....အရမ်းထူးခြားတာပဲ.... ”

ကျန်းချန်ရှန်း၏ ရုပ်သွင်သည် အလွန်ထူးခြားပြီး အထူးသဖြင့် တာအိုသဘာဝကျင့်စဉ်၏ပဉ္စမအဆင့်သို့ တက်လှမ်းပြီးနောက်တွင် အလွန်ထူးခြားလာသည်။ သူ၏

အော်ရာသည် ကောင်းကင်နှင့် မြေကြီးတို့နှင့် တစ်သားတည်းနီးပါး ဖြစ်နေသည်။

မန်ချွဲ့ဟေးက ကျန်းချန်ရှန်းကို ပြင်းထန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့နောက်မှ လူငယ်သည်လည်း ကျန်းချန်ရှန်းကို ဂရုတစိုက်အကဲခတ်နေသည်။

ကျန်းချန်ရှန်း ကိုယ်တိုင်ကိုယ်ကျ ထွက်လာရတဲ့ အကြောင်းရင်းကလည်း ဒီလူငယ်ကြောင့်ပင်....ထိုလူငယ်၏ ကောင်ကင်တက်လှမ်းခြင်းနယ်ပယ်နှင့် အလွန်နီးကပ်နေပြီး သူ၏စစ်မှန်သောချီသည် ဟွာဂျန်ရှင်းထက်ပင် အားကောင်းနေသည်။ လုံချီဘုရားကျောင်း၏တပည့်များသည် ထိုလူငယ်၏ပြိုင်ဘက်မဟုတ်ပေ။

ဒီကောင်လေး အသက်ဘယ်လောက်ရှိပြီလဲ.....

ကျန်းချန်ရှန်းသည် ဤလူငယ် စွမ်းအင်ကျင့်စဉ်များကို ကျင့်ကြံနေသည်ဟုပင် သံသယဖြစ်မိသည်။

မန်ချွဲ့ဟေးက ကျန်းချန်ရှန်းကို လက်ယက်ခေါ်လိုက်ပြီး.....

"ချန်ရှန်း... လာစမ်းပါ.... မင်းရဲ့ ခွန်အားကို သိချင်နေပြီ....."

သူသည် ကိုယ်ဟန်အနေအထားကိုပြင်ကာ လက်သီးများကို ဆုပ်ထားပြီး မကောင်းဆိုးဝါး ကျားတစ်ကောင်လို ပါးစပ်ကို ဖွင့်လိုက်သည်။ သူ၏ခြေထောက်များသည်က တိုင်တောင်တန်းကဲ့သို့ တည်ငြိမ်နေသည်။

ကျန်းချန်ရှန်းက အနည်းငယ် ခေါင်းညိတ်ပြီး .....

"ဒီစီနီယာအစ်ကိုက ဉာဏ်ရည်ထက်မြက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာပြီ.... သူရခဲ့တဲ့အခွင့်အရေးက မနည်းဘူးထင်တယ်....

ကံမကောင်းတာက သူက ခြေသုံးချောင်းရှိတဲ့ ကြောင်တစ်ကောင်အတွက်အလုပ်လုပ်ပေးနေရတယ်....”

[TN/ ခြေ ၃ ချောင်းကြောင်၏ အဓိပ္ပါယ်သည် ဒုက္ခများကို ဖြတ်ကျော်ခြင်း၊ ခံနိုင်ရည်ရှိခြင်းနှင့် ရှင်သန်ခြင်းတို့ကို ကိုယ်စားပြုသည်]

မန်ချွဲ့ဟေးက ကျန်းချန်ရှန်းဆီသို့ လျင်မြန်စွာ ပြေးတက်သွားသဖြင့် ကြည့်ရှုသူများ လိုက်မမီနိုင်တော့ပေ။

ဒိုင်း......

သူက ကျန်းချန်ရှန်းရဲ့ ရင်ဘတ်ကို ထိုးခဲ့ပေမယ့် ကျန်းရှန်းချန်းကတုတ်တုတ်မျှမလှုပ်ဘဲ ယင်းအစား၊ သူ၏ တာအို၀တ်လုံသာ လွင့်ပျံလာသည်။

မန်ချွဲ့ဟေးက မျက်လုံးတွေကို ပြူးကျယ်ပြီး မယုံကြည်နိုင်တဲ့ အရိပ်အယောင်ကို ထုတ်ဖော်လိုက်သည်။ သူသည် အံကြိတ်ကာ ကျန်းချန်ရှန်းကို ထပ်မံတိုက်ခိုက်ဖို့ သူ၏ ညာဘက်လက်မောင်းထဲသို့ချီ အစစ်အားလုံးကို လောင်းထည့်လိုက်သော်လည်း အသုံးမဝင်သေးပေ။

ထိုအချိန်တွင် မန်ချွဲ့ဟေးနောက်မှ လူငယ်က ရုတ်တရက် လှုပ်ရှားလာသည်။

“ကိုယ်တော်ချန်ရှန်း က တကယ်ကို အစွမ်းထက်တယ်.... ကျူပ် မန်ချွဲ့ဟေးကို ကူညီတဲ့အတွက် စိတ်မရှိပါနဲ့.... "

လူငယ်သည် မန်ချွဲ့ဟေး၏နောက်သို့ လိုက်လာပြီး ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး မန်ချွဲ့ဟေး၏ပခုံးပေါ် ဖိလိုက်သည်။ စစ်မှန်သောချီ ပေါက်ကွဲထွက်လာသဖြင့် မန်ချွဲ့ဟေး အံ့သြသွားသည်။

သူတို့၏ စစ်မှန်သောချီသည် ကျန်းချန်ရှန်း ကို တချိန်တည်း တိုက်ခိုက်သော်လည်း ကျန်းချန်ရှန်း ၏ခြေထောက်များက သစ်မြစ်များကဲ့သို့ ခိုင်မာနေပါသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ…”

သူ့အစွမ်းအစကို သူကောင်းကောင်းသိသဖြင့်လူငယ် ထိတ်လန့်သွားသည်။ သာမာန် ထိပ်တန်းကျွမ်းကျင်သူများပင်လျှင် သူ့ထံမှ လှုပ်ရှားမှုသုံးခုကို သည်းမခံနိုင်ပေ။

မန်ချွဲ့ဟေးကလည်း သူ့နောက်က လူငယ်ရဲ့ ခွန်အားကို သိသည်။ မူလက လူငယ်သည် အနိုင်ရရန် 90% ရှိသည်ဟု သူထင်ခဲ့သော်လည်း ၎င်းတို့နှစ်ဦး လက်တွဲသွားလျှင်ပင် အောင်နိုင်လိမ့်မည်မဟုတ်ဟု မျှော်လင့်မထားခဲ့မိပေ။

"ကဲ....မင်းတို့နှစ်ယောက်စလုံး ပြန်သွားပြီး ကောင်းကောင်းလေ့ကျင့်လိုက်ကြဉီး....."

ဘုန်းးးးးး

လူငယ်နှင့်မန်ချွဲ့ဟေးတို့ သွေးအန်ပြီး ထွက်သွားကြသည်။ နှစ်ယောက်သား ရုပ်ပျက်ဆင်းပျက် ပြန်ထွက်လာသဖြင့် သူတို့နှင့်အတူလိုက်ပါလာသော အစေခံတွေ အရမ်းထိတ်လန့်သွားတဲ့အတွက် ဒဏ်ရာတွေကို စစ်ဆေးဖို့ ချက်ခြင်းဝိုင်းရံလိုက်ကြသည်။

သူတို့ထဲက တစ်ယောက်က ဒေါသတကြီးအော်လိုက်ပြီး....

“အတင့်ရဲလှချည်လား....မင်းသားခုနှစ်ကို ဘယ်လိုအတင့်ရဲပြီး ဒဏ်ရာရအောင်လုပ်ဝံ့တာလဲ....သေလမ်းရှာနေတာလား....."

မင်းသားခုနှစ်....မင်းသားခုနှစ်လား....

ဧည့်သည်များ ရုတ်ရုတ်သဲသဲဖြစ်ပြီး တပည့်များလည်း ထိတ်လန့်သွားကြသည်။

ကျန်းချန်ရှန်းက ခေါင်းခါလိုက်ပြီး.....

“လူတိုင်းရှေ့မှာ မင်းသားခုနှစ်ကို ဒုက္ခပေးချင်တဲ့အတွက် ငါ့ကို အပြစ်တင်ဖို့ ကြိုးစားနေတာလား.... မူလက ကျုပ်နဲ့ စီနီယာအစ်ကိုမန်တို့တိုက်ခိုကိနေတာကို မင်းသားခုနှစ်ကရုတ်တရက်ဝင်လာတာလေ...."

“မင်း… မင်းသားခုနှစ်ကို ဒဏ်ရာရစေတာက သေဒဏ်ပေးရမယ့် ရာဇ၀တ်မှုပဲ....”

အစေခံက အရှက်ပြေ အော်ကျယ်အော်ကျယ်လုပ်နေသော်လည်း ကျန်းချန်ရှန်းကို မတိုက်ခိုက်ဝံ့ပေ။

ဤအခိုက်တွင် မင်းသားခုနှစ် မတ်တတ်ထ၍ အစေခံထံသို့ ရောက်လာပြီး ပါးရိုက်လိုက်လေသည်။

"ငါ့ကို အရှက်ထပ်ခွဲနေတာလား...."

မင်းသားခုနှစ်သည် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး ကျန်းချန်ရှန်းဘက်သို့လှည့်ကာ လက်အုက်ချီလိုက်သည်။

“ ကိုယ်တော်ချန်ရှန်းက တကယ့်ကို အစွမ်းထက်ပါတယ်..... သိုင်းလောကမှာ ဘယ်သူမှ ကိုယ်တော့်ကို အနိုင်ယူနိုင်မဟုတ်ဘူး.... ကျွန်တော့်ရဲ့ရှုံးနိမ့်မှုကြောင့် ကတိအတိုင်း လုံချီဘုရားကျောင်းကို ဘယ်တော့မှ မနှောက်ယှက်တော့ပါဘူး....ပြီးတော့ ကိုယ်တော်နဲ့လည်း မိတ်ဆွေဖွဲ့ချင်ပါတယ်...."

ကျန်းချန်ရှန်းက တခစ်ခစ်ရယ်ပြီး.....

“ဒါက သိုင်းသမားချင်း ပညာချင်းဖလှယ်ရုံပါ....မင်းသား ကိုယ်တော်တို့ဘုရားကျောင်းမှာအမွှေးတိုင်လှူချင်တယ်ဆို လုံချီဘုရားကျောင်းကမြဲတမ်းကြိုဆိုနေမှာပါ..."

မင်းသားခုနှစ်က ပြုံးပြီး လှည့်ထွက်သွားသည်။

မန်ချွဲ့ဟေးက မတ်တပ်ထရပ်ပြီး ကျန်းချန်ရှန်းကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ကာ မင်းသားခုနှစ်နှင့်အတူ တောင်ပေါ်မှဆင်းသွားခဲ့ကြသည်။

တပည့်များနှင့် ဘုရားဝတ်ပြုသူများက တယောက်ပြီးတယောက် ဝိုင်းရံကာ ကျန်းချန်ရှန်းကို အားပေးကြသည်။ ကျန်းချန်ရှန်းက တချင်မျှ မတိုက်ခိုက်ဘဲ တာအိုဆရာသခင်ရဲ့ ဂုဏ်ကျက်သရေကို ပြသပြီး အစွမ်းထက်တဲ့ ရန်သူတွေကို အလွယ်တကူ တွန်းလှန်နိုင်သည်။

တကယ်တော့၊ ကျန်းချန်ရှန်းက ဒီကလေးရဲ့စစ်မှန်တဲ့ချီဟယ ကျန်းယွမ်နဲ့ အလွန်ဆင်တူတာကြောင့် မင်းသားတစ်ပါးဖြစ်တယ်လို့လည်း မှန်းဆထားပြီးဖြစ်သည်။ ကျန်းယုနှင့် ဒုတိယမင်းသားထံတွင်ပင်လျှင် ထိုသို့သောစစ်မှန်သောချီမရှိပေ။

စစ်မှန်သော နဂါးစွမ်းအင်.....

ကျန်းချန်ရှန်းသည် ပတ်ဝန်းကျင်ရှိလူများနှင့် ပျော်ရွှင်စွာစကားဖလှယ်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ ပိုင်လုံသည် ထိုနေရာ၌ ကျန်ခဲ့သည်။

ခြံဝင်းထဲသို့ ပြန်သွားပြီးနောက် ကျန်းချန်ရှန်း ၏ မျက်လုံးများရှေ့တွင် စကားတစ်ကြောင်း ပေါ်လာသည်။

“မင်းဆက်တည်ထောင်ပြီး နှစ်ဆယ့်နှစ်နှစ်မှာ မင်းသားခုနှစ်က သင့်ကို မန်ချွဲ့ဟေးနဲ့တိုက်ခိုက်ခိုင်းခဲ့သည်။ သင်သည် သူတို့ကို အောင်မြင်စွာ တွန်းလှန်ပြီး ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် စိတ်ဝိဉာဉ်ရေးရာပစ္စည်း မြေဝိညာဉ်သစ်ပင်ကိုရရှိသည်...]

စိတ်ဝိဉာဉ်ရေးရာပစ္စည်း?????

ဤအသုံးအနှုန်းကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

ကျန်းချန်ရှန်းသည် မြေဝိညာဉ်သစ်ပင်နှင့်ပတ်သက်သော အချက်အလက်များကို လက်ခံပြီး တကိုယ်တည်းတွေးတောနေ၏။

မြေဝိဉာဉ်သစ်ပင်သည် ဝိညာဉ်စွမ်းအင်ကို မွေးမြူပေးသော သစ်ပင်အမျိုးအစားဖြစ်သည်။ ထိုသစ်ပင် အရွယ်ရောက်ပြီးနောက် ကိုယ်ပိုင်အသိဉာဏ် မွေးဖွားပေးနိုင်ပြီး ၎င်း၏နယ်မြေကိုပင် ခုခံကာကွယ်နိုင်သည်။

ကျန်းချန်ရှန်း ရှည်ရှည်ဝေးဝေးသိပ်မတွေးတော့ဘဲ သစ်စေ့ကို ခြံဝင်းအလယ်တွင် စိုက်ပျိုးလိုက်သည်။

ဟွာဂျန်ရှင်းက အခန်းထဲက ထွက်လာပြီး “ဒါက ဘာလဲ” လို့ စပ်စုလိုက်သည်။

"ငါခုနက လမ်းလျှောက်နေတုန်း မျိုးစေ့တစ်စေ့ ကောင်းကင်ကနေ ရုတ်တရက်ကျလာတယ်...... ကောင်းကင်ကပေးတဲ့ လက်ဆောင်ဖြစ်နိုင်တယ်...ဒါကြောင့်မို့ အပင်ကြီးတစ်ပင် ပေါက်နိုင်မလား စိုက်ကြည့်မလို့...."

ဟွာဂျန်ရှင်းက နှုတ်ဆိတ်နေ၏။

သူမသည် ကျန်းချန်ရှန်း၏ ကြုံရာကျပန်းလုပ်ဆောင်မှုများကို ကျင့်သားရနေပြီဖြစ်သဖြင့် သားလေးဘယ်တော့ယူမလဲလို့သာမေးချင်နေသည်။

ကျန်းချန်ရှန်းနဲ့ မနှစ်က ဒီကိစ္စပြောပြီးကတည်းက သူမစောင့်နေခဲ့ခြင်းပင်.... သို့သော်လည်း တနှစ်ကျော်ကြာသည်အထိအကြောင်းထူးမလာသေးပေ။

ကျန်းချန်ရှန်းက မျိုးစေ့ကို စိုက်ပျိုးပြီးနောက် .....

" မင်းအချိန်ရရင် ရေလောင်းလိုက်ဉီး...."

ကျန်းချန်ရှန်းအိမ်ထဲဝင်သွားတာကိုကြည့်လိုက်ပြီး ဟွာဂျန်ရှင်း စိတ်တိုတိုဖြင့်ခြေဆောင့်လိုက်လေသည်။သို့သော်လည်း သစ်စေ့ကိုရေလောင်းရန် ရေသွားခပ်လိုက်လေသည်။

မင်းသားခုနှစ်ထပ်နှောက်ယှက်မည်ကို ကျန်းချန်ရှန်းမစိုးရိမ်တော့ပေ။ထိုအစားနှောက်တစ်ကြိမ် လာနှောက်ယှက်ဖို့ပင်မျှော်လင့်နေခဲ့သေးသည်။

သူသည် ရှင်သန်ခြင်းဆုလာဘ်များရရှိရန် ပြသာနာများများတက်ဖို့သာ မျှော်လင့်နေမိသည်။

မဟာယာန နဂါးမျှော်စင်ဘက်ကသာ မလှုပ်ရှားသေးသ၍ အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။

မင်းသားခုနှစ်နှင်တွေ့ဆုံခဲ့စဉ်က ကျန်းချန်ရှန်းသည် သူ၏ဝိညာဉ်စွမ်းအားကို တမင်တကာ ထိန်းချုပ်ထားခဲ့သည်။ သူသည် ထိုလူနှစ်ယောက်ကို ထိတ်လန့်ကြောက်ရွံ့စေရန် အင်အားအနည်းငယ်သာ ထုတ်သုံးခဲ့သည်။

မင်းသားခုနှစ်သည် ကိုယ်တော်ချန်ရှန်းကို စိန်ခေါ်ရန် ထိပ်တန်းသိုင်းပညာရှင်ကို လုံချီဘုရားကျောင်းကိုဆီသို့ခေါ်ဆောင်လာခဲ့သည့် သတင်းသည် မြို့တော်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချန်ရှန်း၏ ဂုဏ်သိက္ခာကို တိုးပွားစေခဲ့သည်။

နန်းတော်၏ ဧကရာဇ်ဥယျာဉ်တွင် မင်းသားတစ်စု စုဝေးနေကြသည်။

“ဟာဟားဟား၊ ညီတော်ခုနှစ်... မင်းတကယ်ပဲ ကိုယ်တော်ချန်ရှန်း ကို စိန်ခေါ်ရဲတယ်.... ငါမင်းကို အရင်ကအကြောင်းတွေပြောထားတာကိုယုံမှမယုံဘဲ...."

ဒုတိယမင်းသားကျန်းမင် က ကျယ်လောင်စွာ ရယ်မောလိုက်သည်။မင်းသားခုနှစ်သည် ကျန်းချန်၏နောက်တွင် ရပ်ကာ အခြားညီအစ်ကိုများ စစ်တုရင်ကစားနေသည်ကို ကြည့်ရှုနေသည်။သို့သော် ကျန်းမင်၏ ကဲ့ရဲ့ရှုတ်ချမှုကို မည်သို့မျှမတုံ့ပြန်ခဲ့ပေ။

မင်းသားတွေထဲက တစ်ယောက်က မတ်တပ်ထရပ်ပြီး.....

" ညီတော်ခုနှစ်က ငယ်ရွယ်ပြီး စိတ်အားထက်သန်တယ်ဆိုတာ ငါနားလည်နိုင်တယ်.... ကိုယ်တော်ချန်ရှန်းက ဖခမည်းတော်ရဲ့ဘုန်းကြီးဆိုတော့ ဘယ်လိုလုပ် သိုင်းပညာညံ့ဖျင်းမှာလဲ....."

အခြားသော မင်းသားတို့က မင်းသားခုနှစ်ကို နှစ်သိမ့်ပေးကာ လွတ်လမ်းရှာပေးခဲ့ကြသည်။

ကျန်းမင်ကတော့ ငြီးငွေ့လာသဖြင့် ဘာမှဝင်မပြောခဲ့ပေ။

သူက ကျန်းချန်ကို... "စတုတ္ထအစ်ကို ဘယ်မှာလဲ" ဟု မေးသည်။

"ကျုံးထျန်းဝူနဲ့ သိုင်းပညာလေ့ကျင့်နေတယ်...."

ကျုံးထျန်းဝူဆီက သင်ကြားပြီးကတည်းက ကျန်းယုသည် ကျန်းချန်ရှန်းကိုပင် သွားမရှာဖြစ်တော့ဘဲ.....

ကျန်းယု၏အမြင်အရ ကျုံးထျန်းဝူက ကျန်းချန်ရှန်းထက် ပိုသန်မာသည်။ ကျန်းချန်ရှန်း သည် တာအိုဘုန်းကြီးတစ်ဦးသာဖြစ်ပြီး ကျုံးထျန်းဝူသည် သိုင်းလောက၏ ထိပ်တန်းကျွမ်းကျင်ပညာရှင်ဖြစ်ပြီး သိုင်းလောက၏ဒဏ္ဍာရီဆန်သူဖြစ်သည်။

ကျန်းမင်က .....

“အစ်ကိုကြီး၊ မင်းရဲ့ စတုတ္ထညီက မလွယ်ဘူး... သူပြန်လာပြီးကတည်းက နေရာတိုင်းမှာ စစ်တပ်အာဏာကို ဖြန့်ကျက်ဖို့ကြိုးစားနေတယ်...."

ကျန်းချန်က တိတ်ဆိတ်နေပြီး အခြားမင်းသားများက မကြားချင်ယောင်ဆောင်ကာ စစ်တုရင်ကစားရန် အာရုံစိုက်နေကြသည်။

မကြာသေးမီက အိမ်ရှေ့စံမင်းသား၊ ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့သည် ပြောင်ပြောင်တင်းတင်းတဖုံ၊ လျှို့ဝှက်၍တနည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြပြီး တရားရုံး၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ကြိုးချည်ရန် ကြိုးစားနေမှန်း လူတိုင်းသိသည်။ ဧကရာဇ်ကတော့ နဂါးပလ္လင်ပေါ်တွင် ထိုင်ကာ ရှေးဟောင်းဟန်မင်းဆက်ကို သိမ်းယူရန် တနေကုန် တွေးတောနေ၏။

တကျန်းသည် တိုက်ပွဲများစွာကို အောင်နိုင်ခဲ့သော်လည်း ရှေးဟောင်းဟန်မင်းဆက်နယ်မြေသည် ကျယ်ပြောလှသဖြင့် ခရီးဝေးနေဆဲပင်...ထို့ကြောင့် တကျန်း၏ စစ်သည်များသည် မြို့တော်ကို မရောက်နိုင်ဘဲ အခက်တွေ့နေရသည်။

မင်းသားခုနှစ်က ရုတ်တရက်.....

“အစ်ကိုနှစ်ဆိုလိုချင်တာ ဘာအဓိပ္ပါယ်လဲ....အစ်ကိုတော်ကို အရှေ့နန်းဆောင်မှာမနေစေချင်ဘူးလား...."

အရှေ့နန်းတော်သည် အိမ်ရှေ့စံမင်းသားနေထိုင်ရာနေရာဖြစ်သည်။ အိမ်ရှေ့စံမင်းသားအနေဖြင့် အရှေ့နန်းတော်၌ မနေရသရွေ့ အိမ်ရှေ့စံရာထူးက မတည်မငြိမ်ဖြစ်နေဉီးမည်သာ.....

မင်းသားတွေအားလုံးက ကျန်းချန်ကို ကြည့်နေကြသည်။

"ခမည်းတော်က သူ့လိုအင်ဆန္ဒတွေပြည့်ဝနေပြီလေ....မင်းဘာတွေစိတ်ပူနေတာလဲ....."

မှန်ပေသည်။သူတို့အဖေက အင်မော်တယ်ဘဝကိုမက်မက်မောမောရှဖွေနေဆဲပင်...

မင်းသားတွေက ခေါင်းယမ်းပြီး ရယ်လိုက်ကြသည်။

ထိုအခါ ကျန်းမင်က ရုတ်တရက် မေးလိုက်သည်။

“ညီတော်ခုနှစ်.... မဟာယာနနဂါးမျှော်စင်မှာကျွမ်းကျင်သူတွေရှိလား... ကျုံးထျန်းဝူ ထက် သန်မာတဲ့သူတွေရော ရှိလား...."

မင်းသားခုနှစ်က ခေါင်းညိတ်လိုက်ပြီး....

“ရှိတယ်.... မဟာယာနနဂါးမျှော်စင်က တကျန်းမင်းဆက်ရဲ့ ပင်မထောက်တိုင်ဖြစ်ပြီး တော်ဝင်မိသားစု၏လျှို့ဝှက်ချက်ဆိုလည်းမမှားဘူး......သူတို့တွေသိုသိုသိပ်သိပ်နေကြလို့သာ ကျုံးထျန်းဝူအခုလိုနာမည်ကြီးလာနိုင်တာပေါ့....."

ကျန်းမင်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း မတ်တပ်ထရပ်ကာ သူသည် မင်းသားခုနှစ်ကို ပခုံးလှမ်းဖက်လိုက်သည်။

တခြားမင်းသားတွေက သူ့ကို မနှောင့်ယှက်ကြသော်လည်း မည်သို့တွေးတောနေမှန်း မည်သူမျှခန့်မှန်းမရခဲ့ပေ။

အိမ်ရှေ့မင်းသား၊ ဒုတိယမင်းသား၊ စတုတ္ထမင်းသားနှင့် ဧကရာဇ်မင်းမြတ်၏ အချစ်တော်ဖြစ်ခဲ့သည့်မင်းသားနှစ်မင်းသားတို့သည် အာဏာအတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ သူတို့လေးယောက်ရှေ့တွင် အခြားမင်းသားက ဘောင်မဝင်တန်းမဝင်ကျသူများသာ......

….................

နွေဦးပေါက်ပြီး ဆောင်းဦးသို့ ရာသီစက်ဝန်းတပတ်လည်ခဲ့ပြန်သည်။

မင်းဆက်ထူထောင်ပြီးနှစ်ဆယ့်သုံးနှစ်တွင်၊ ကျန်းချန်ရှန်းသည် ကျင့်ကြံရာတွင် အလုပ်များခဲ့ပြီး စွမ်းအားများလည်း တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ သို့သော်လည်း သူသည် တာအိုသဘာဝကျင့်စဉ်၏ ဆဋ္ဌမအဆင့်သို့ ရောက်ရန် ဝေးနေသေးသည်။ ထို့အပြင် ဟွာဂျန်ရှင်းသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရောက်ရန်ခြေတစ်လှမ်းသာလိုတော့သည်။

“အင်း၊ အခု ဒုတိယမင်းသားနဲ့ အိမ်ရှေ့မင်းသားတို့ ရန်ဆောင်နေကြပြီး တရားရုံးမှာတောင် အချင်းချင်း ပေါ်ပေါ်တင်တင်အပြစ်ရှာနေကြပြီ.... ကြည့်ရတာ မင်းကြီးတော့ခေါင်းရှုပ်ရဉီးမယ်ထင်တယ်...."

ချန်းလီက ကျန်းချန်ရှန်းဆီလာရောက်လည်ပတ်စဉ် မကျေနပ်ချက်များကို အိတ်သွန်ဖာမှောက် သွန်ချနေသည်။

All Chapters