← Chapters

မဟူရာလမင်း....ကောင်းကင်ကိုခိုးယူခြင်း.....

Vol. 2 Ch. 26

မဟူရာလမင်း....ကောင်းကင်ကိုခိုးယူခြင်း.....

Vol. 2 Ch. 26

ကျန်းချန်ရှန်းသည် မင်းသားအတုနှင့် ကျန်းမင်၏ ရန်ပွဲကြောင့် အထွေအထူး မအံ့သြတော့ပေ။ ကျန်းမင်သည် ကျွမ်းကျင်သူများကို ကြိုးကိုင်လိုပြီး ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း ထင်ရှားသည်။

ကျန်းမင်ထံမှ လက်ဆောင်များစွာ ရရှိခဲ့သော်လည်း ကျန်းချန်ရှန်း တရေးတယူ စိတ်ထဲမထားခဲ့ပေ။ လုပ်ကြံခံရပြီးကတည်းက ကျန်းမင်ကလည်း သူ့ကို တစ်ခါမျှလာမတွေ့ခဲ့ပေ။ ဤသည်မှာ ကျန်းယွမ်၏သတိပေးချက်လည်းဖြစ်နိုင်သည်။

ဟွာဂျန်ရှင်းသည် ချန်းလီ၏စကားကိုကြားသောအခါ .......

"ချန်မိသားစုက မင်းသားတွေကြားတိုက်ပွဲမှာ ဘက်မလိုက်သေးဘူးလား...?"

“တဖက်ဖက်ကိုဘက်လိုက်မယ်ဆို ချန်းမိသားစုထဲမှာသဘောထားကွဲလွဲမှုတွေရှိလာနိုင်တယ်....ဒါပေမယ့် ထောက်ခဲပေးမယ့်မင်းသားကိုတွေးထားပြီးသားပါ...."

ဟွာဂျန်ရှင်းက သိချင်စွာဖြင့်..... "ရှင် ဘယ်သူ့ကို ထောက်ခံမှာလဲ"

ချန်းလီက နှစ်ပေါင်းများစွာခင်မင်ခဲ့သည့် ကျန်းချန်ရှန်းကို ယုံကြည်သည့်အတွက် ချွင်းချက်မထားဘဲပြောပြလိုက်သည်။

“မင်းသားခုနှစ်...."

မျှော်လင့်ထားသည့်အတိုင်းပင်....

မင်းသားခုနှစ်ထံတွင် အစစ်မှန်နဂါးအော်ရာကိုခံစားရပြီးကတည်း ထိုသို့ဖြစ်လာမည်မှန်းကြိုတင်မှန်းဆပြီးသားပင်.....

ကျန်းယွမ်နှင့်မင်းသားခုနှစ်တို့သည် မဟာယာနနဂါးမျှော်စင်မှ နဂါး၏အစစ်အမှန်နဂါးအော်ရာကိုရရခဲ့မည်ဟုလည်း သံသယရှိခဲ့သည်။

'နဂါး' ဟူသော စကားလုံးသည် စိတ်ကူးစိတ်သန်းများကို ရိုင်းစိုင်းသွားစေလောက်အောင်ပင်ထူးခြားလှသည်။

“မင်းသားခုနှစ်ကို ဘုရင်မင်းမြတ်က ချစ်ခင်တဲ့အတွက် အိမ်ရှေ့စံက အရှေ့နန်းတော်ကို ဘယ်သောအခါမှ ပြောင်းရွေ့ရမှာမဟုတ်ဘူး.... ဒီအချက်ကိုကြည့်ရုံနဲ့မင်းကြီး၏အတွေးကိုမှန်းဆနိုင်တယ်.... ရှေးခေတ်ကတည်းက အသက်ကြီးတဲ့သူတွေကိုရောဖယ်ခိုင်းပြီး ဖျက်သိမ်းပြီး ငယ်ရွယ်သူတွေကိုနေရာပေးတာက ပုန်ကန်ခြင်းရဲ့အစပဲ......”

ချန်းလီက သက်ပြင်းချလိုက်ပြီး စိတ်ပူတဲ့အမူအရာနဲ့ ပြောလိုက်သည်။

ကျန်းချန်ရှန်းက သူ့ကို နှစ်သိမ့်မပေးခဲ့သော်လည်း ဟွာဂျန်ရှင်းက ပေါ့ပေါ့ဆဆ တုံ့ပြန်လိုက်သည်။

တစ်နာရီလောက်ကြာတော့ ချန်းလီ နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။

"ရှင် ဘာကိုစောင့်နေတာလဲ....သားမလိုချင်ဘူးလား... ဒါမှမဟုတ် အိမ်ရှေ့မင်းသားဖြစ်ဖို့ တစ်စုံတစ်ယောက်ကို စောင့်နေတာလား....”

"မှန်တယ်၊ ငါစောင့်နေတာ....."

"ဘာလို့ ကျန်းယုကို မရွေးချယ်တာလဲ...ရှင်သူ့ကိုထောက်ခံပေးနိုင်သားပဲ....."

ကျန်းချန်ရှန်းက ဟွာဂျန်ရှင်းကို တစ်ချက်ကြည့်လိုက်ပြီး.....

"ငါတို့က အဖေတူအမေတူညီအစ်ကိုတွေဆိုပေမယ့် ငါတို့ရဲ့ မတူညီတဲ့ ပတ်ဝန်းကျင်က ငါတို့ကို နီးစပ်ဖို့ ခွင့်မပြုဘူး....ငါ သူ့ကို ထောက်ပံ့ရင် ဒုက္ခအများကြီး ဖြစ်လာစေလိမ့်မယ်... ရာဇပလ္လင်အတွက် တိုက်ပွဲဝင်တာက ငါ့ရဲ့ သေးငယ်တဲ့ ရည်မှန်းချက်လေးတစ်ခုပဲလေ... ငါ့ရဲ့ တကယ့်ရည်မှန်းချက်က အင်မော်တယ်ဖြစ်ဖို့....."

ဟွာဂျန်ရှင်း နားမလည်နိုင်ပေ။ သူမ၏အမြင်အရ အသက်ရှည်ခြင်းသည် အဓိပ္ပါယ်မရှိပေ။

ဒီကမ္ဘာမှာ မသေနိုင်တဲ့သူ ဘယ်လိုရှိနိုင်မလဲ.....

"ရှင် ဒုက္ခရောက်မှာကိုကြောက်ရင် သားလေးမွေးပြီးရင် နောင်တစ်ချိန်မှာ ထီးနန်းအတွက် တိုက်ပွဲဝင်ရတာလဲ ဒုက္ခမဟုတ်ဘူးလား...."

ဟွာဂျန်ရှင်းထံမှ စိတ်ပူသော လေသံဖြင့် မေးခွန်းတစ်ခု ထွက်လာသည်။

“နောက်ထပ် အနှစ်နှစ်ဆယ်မှာ သူ့ကို နန်းတက်ခွင့်ပေးရင် ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး၊ ဒီလောက်ဒုက္ခရောက်စရာလည်း မလိုတော့ဘူး......”

ကျန်းချန်ရှန်း သူ့ဘေးနားရှိ အပင်ကို ကြည့်လိုက်သည်။ တစ်နှစ်ကြီးထွားလာပြီးနောက်၊ မြေဝိညာဉ်သစ်ပင်သည် 30 စင်တီမီတာမြင့်ပြီး ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ခြင်းမရှိသေးပေ။

အချိန်တွေ အေးအေးဆေးဆေး ကုန်လွန်သွားပြီးနောက် ရှည်လျားသောနှစ်များတွင်၊ မြေဝိညာဉ်သစ်ပင်နှင့် ပိုင်လုံတို့သာ သူနှင့်အတူ လိုက်ပါနိုင်ဖွယ်ရှိသည်။

ဟွာဂျန်ရှင်း၊ မန်ချွဲ့ဆောင်နှင့်ဘုရားကျောင်း၏ အခြားတပည့်များသည် အနှစ်တစ်ရာကြာပြီးနောက် မြေမှုန့်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြမည်သာ.....

လောလောဆယ်မှာတော့ ကျန်းချန်ရှန်းက သူ့ရဲ့ကျင့်စဉ်များကို အခြားသူတွေဆီ ဖြန့်ဝေဖို့ ရည်ရွယ်ချက်မရှိသေးပေ။ သူ့ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အကြွေးတင်တာမဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ ပေးစရာ မလိုပေ။ ဤဘဝတွင် သူသည် မိမိအတွက်သာ အသက်ရှင်သန်မည်ဖြစ်သည်။

ထို့ပြင် ကျင့်စဉ်များကို ဖြန့်ဝေလိုက်သည်နှင့် တစ်နေ့တွင် သူ့အားသာချက် ဆုံးရှုံးသွားမည်ဖြစ်သည်။

အင်မော်တယ်ဖြစ်လာမှသာ အမွေအနှစ်အချို့ကို ချန်ထားခဲ့ရန် စဉ်းစားနိုင်သည်။

ထို့အပြင်၊ သူဂရုစိုက်သောလူအား ကျင့်စဉ်များ ဖြန့်ဝေပေးမည်ဆိုပါက တစ်ဖက်လူသည် ရှင်သန်ခြင်းဆုလာဘ်များမရှိသည့်အပြင် အတိဒုက္ခကို ကျော်လွန်သောအခါ၊ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများက ၎င်းတို့ကို ငြင်းပယ်ပြီး မိုးကြိုးပစ်ခံရမည်ဖြစ်သည်။ ထိုအချိန်တွင်၊ သူတို့သည် လူဝင်စားရန် အခွင့်အလမ်းမရှိတော့ဘဲ၊ အခြေနေပိုဆိုးသွားလိမ့်မည်။

ကျန်းချန်ရှန်း၏ စကားလုံးများက ဟွာဂျန်ရှင်းကို လှုံ့ဆော်ပေးခဲ့သည်။ ကျန်းချန်ရှန်းထံမှ ကြီးကျယ်ခမ်းနားတဲ့ စကားတွေကို သူမ ပထမဆုံးအကြိမ် ကြားခဲ့ရခြင်းပင်.....

သူသည် အလွန်အစွမ်းထက်နေပြီဖြစ်သောကြောင့် လက်တွေ့တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီဖြစ်သည်။ နောက်ထပ် အနှစ်နှစ်ဆယ်မှာ သူ ဘယ်လောက် ကြံ့ခိုင်နိုင်မလဲ.....

ဟွာဂျန်ရှင်းသည် ၎င်းကို စိတ်ကူးမယဉ်ဝံ့သော်လည်း သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

အကယ်၍ သူမ၏သားသာ ဧကရာဇ်ဖြစ်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် မိခင်တစ်ယောက်အတွက် ဘုန်းအသရေအရှိဆုံးအရာ မဟုတ်ပေလော။

ဤဘဝတွင်ဤမျှလောက်နှင့်လုံလောက်နေပြီ......

….....................

အချိန်ငါးနှစ်တာကုန်ဆုံးခဲ့ပြန်သည်......

အိမ်ရှေ့မင်းသားနှင့် ဒုတိယမင်းသားတို့ကြား တိုက်ပွဲသည် ကမ္ဘာတဝှမ်းတွင် လူသိများသည်။ မြို့တော်အပြင်ဘက်တွင် နှစ်ဖက်တပ်များ၏ နောက်လိုက်များက မကြာခဏဆိုသလို လုပ်ကြံသတ်ဖြတ်ခြင်းခံရကာ မြို့တော်၏အခြေအနေသည်လည်း ပို၍ပို၍ ဖရိုဖရဲဖြစ်ခဲ့ရသည်။ ဧကရာဇ်သည် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ဘဲ လက်ရှိတွင် ဆိုးရွားသော ပြင်ဆင်မှုတစ်ခု ပြုလုပ်နေသည်။တကျန်းစစ်တပ်သည် ရှေးဟောင်းဟန်မင်းဆက်၏နယ်မြေနှင့်အမြဲတစေ တိုက်ခိုက်နေရသောကြောင့် စစ်ပန်းနေပြီဖြစ်သည်။ ထို့အပြင် ရှေးဟောင်းဟန်မင်းဆက်က တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာတွေ့ခဲ့သည်။ နှစ်အတော်ကြာ အဆက်မပြတ် ရှုံးနိမ့်ပြီးနောက်၊ ရှေ့တန်းတပ်ဖွဲ့သည် တကျန်း၏ နယ်နိမိတ်ဆီရောက်လာခဲ့ပြီ.....

ယခုနှစ်သည် မင်းဆက်တည်ထောင်ပြီးနောက် နှစ်ဆယ့်ရှစ်နှစ်မြောက်ဖြစ်ပြီး သိုင်းလောကတွင် ထူးချွန်သူများစွာရှိခဲ့သည်။ အသစ်ရော အဟောင်းရော တလှည့်စီ နဲ့ စာပေလောကထဲမှာပါ အရည်အချင်းရှိသူအများအပြားပေါ်ထွန်းခဲ့သည်။

“မင်းသားခုနှစ်ရဲ့ စွမ်းအားက ပိုအားကောင်းလာတယ်။ ဘုရင်မင်းမြတ်က ဝတ်ဖြူတော် အစောင့်တပ်တွေကို မင်းသားခုနှစ်ဆီ လွှဲအပ်လိုက်ပြီ.... အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားကိုလည်း ကန့်သတ်ထားပုံရတယ်....ဒါပေမယ့် ဘုရင်မင်းမြတ်က မင်းသားခုနှစ်ကို အခြေခိုင်အောင် ကူညီပေးနေတယ်ထင်တယ်.... သူ့အနားမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ကောင်းကင်စံအိမ်ရဲ့လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဦးစလုံးက ထိပ်တန်းကျွမ်းကျင်သူတွေကို လုပ်ကြံသတ်ဖြတ်နိုင်စွမ်းရှိတယ်... မင်းသားခုနှစ် သူတို့ကို ဘယ်ကနေ ခေါ်လာခဲ့တာလဲမသိဘူး....."

ချန်းမိသားစုက အစောကြီးကတည်းက မင်းသားခုနှစ်ထံခိုလှုံခဲ့ကြပြီဖြစ်သည်။

ကျန်းချန်ရှန်းက ချန်းလီကို စိတ်ဝင်တစား မေးလိုက်သည်

“မကြာသေးမီက မြို့တော်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိခဲ့တယ်...စစ်ပွဲကြီးစတင်တော့မှာလား....."

ချန်းလီက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။

" အမှန်ပဲ... အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားတို့က ကျွမ်းကျင်သူတွေစုဆောင်းဖို့ အရူးအမူး လှုပ်ရှားနေကြတယ်... ဘုရင်မင်းမြတ် ကိုယ်တိုင်က စစ်ထွက်မှာဆိုတော့ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်မှာပဲစိုးရိမ်နေရတယ်... မင်းသားနှစ်ယောက်ထဲက တစ်ယောက်တော့ သေချာပေါက်သေလိမ့်မယ်...."

စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်နေတာလား။

ဟား..ဟားးး ဒါက မင်းသားခုနှစ်ကိုပေါ်တင် အခွင့်အရေးပေးတာ..... မာယာနနဂါးမျှော်စင်ရဲ့အကူအညီသာရှိလျှင် အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားက မင်းသားခုနှစ်ကိုဘယ်လိုယှဉ်နိုင်မှာလဲ.......

ကျန်းချန်ရှန်း စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ကျန်းယွမ် ၏ မျက်နှာသာပေးမှုကညတကယ်ဘက်လိုက်လွန်းသည်။ ကြမ်းတမ်းသောကျားသည် ၎င်း၏သားပေါက်များကို မစားနိုင်သော်လည်း အတားအဆီးများကို ချေမှုန်းရန် ကာကွယ်ပေးမည်ဟုဆိုမထာပေ။

ချန်းလီက တခုခုသတိရဟန်ဖြင့်မေးလိုက်သည်။

" ဟွာဂျန်ရှင်း ဘယ်မှာလဲ ....ငါသူ့ကိုဘာလို့မတွေ့တာလဲ......"

" မြို့ထဲခဏသွားခိုင်းထားတယ်..."

ချန်းလီက ဒီကိစ္စကို ထွေထွေထူးထူး သိပ်မတွေးခဲ့ပေ။ ဧကရာဇ်သည် ဟွာဂျန်ရှင်းကို ရာထူးတိုးပေးမည်ဝု ကတိပေးထားးသည်။ လက်ရှိတွင် ဟွာဂျန်ရှင်းသည် ဤနေရာတွင် ပုန်းအောင်းမနေခြင်းမဟုတ်ဘဲ သိုင်းပညာသင်ယူနေခြင်းဖြစ်သည်။

ဤတစ်ကြိမ်တွင် ချန်းလီသည် အဖိုးတန်ဆေးဖက်ဝင်အပင်များ ယူဆောင်လာခဲ့သည်။ ထုံးစံအတိုင်း သူရောက်လာတိုင်း လက်ဆောင်တွေ ယူလာပေးစမြဲပင်...

ကျန်းချန်ရှန်းကလည်း ထိုလက်ဆောင်များကို မငြင်းပယ်ခဲ့ပေ။ မည်သို့ပင်ဆိုစေ၊ သူသည် အနာဂတ်တွင် ချန်းလီ၏အသက်ကို ကာကွယ်ပေးမည်သာ.....

ချန်းလီ ထွက်သွားပြီးနောက် ဟွာဂျန်ရှင်း အိမ်ထဲမှ ထွက်လာခဲ့သည်။ ယခုအချိန်တွင် ဟွာဂျန်ရှင်း ကိုယ်ဝန်ရှိနေပြီဖြစ်သည်။

"မွေးဖို့ရက်နီးလာပြီ.... ကလေးရဲ့ငိုသံကဘုရားကျောင်းကို နှိုးဆော်ပြီး စီစဉ်ထားသမျှ ချို့ယွင်းချက်မဖြစ်စေဖို့အတွက် ကလေးမွေးဖို့ တောင်ပေါ်ကဆင်းတာ ပိုကောင်းလိမ့်မယ်ထင်တယ်....."

"ဟုတ်တယ်၊ မင်း ညဥ့်နက်မှ အပြင်ထွက်သင့်တယ်"

ဟွာဂျန်ရှင်းသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်နေပြီဖြစ်သောကြောင့် မိမိကိုယ်ကို ကာကွယ်ရန် လုံလောက်ပြီဖြစ်သည်။

ဟွာဂျန်ရှင်းက.... "မင်းသားလေးခုနှစ်ရဲ့ကြင်ယာတော်လည်း ကလေးမွေးတော့မှာမလား...." ဟုမေးသည်။

“မနေ့ညက သွားကြည့်ထားတယ်.... ငါတို့ကလေးထက် ရက်အနည်းငယ် နောက်ကျလိမ့်မယ် ထင်တယ်...ဒါက ကြီးမားတဲ့ပြသာနာမဟုတ်ဘူး...."

သူသည် အင်မော်တယ်ကျင့်ကြံသူဖြစ်သောကြောင့် ကလေးလိုချင်သရွေ့တော့ ရနိုင်ဉီးမည်သာ....မင်းသားခုနှစ်သည်လည်း သူ့လိုကျွမ်းကျင်သူဖြစ်နိုင်သည်။ထို့ကြောင့် မင်းသားခုနှစ် လက်မထပ်ခင်အထိ ကလေးမယူသေးဘဲစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

မင်းသားတစ်ပါးသည် လက်ထပ်ခြင်းသည် ကြီးကျယ်သောကိစ္စဖြစ်သည်။ထို့ကြောင့် ထွေထွေထူးထူး စောင့်ကြည့်နေစရာမလိုခဲ့ပေ။

ကံမကောင်းစွာဖြင့် မင်းသားခုနှစ်တွင် သားအကြီးဆုံးတစ်ယောက်ရှိနှင့်ပြီဖြစ်သည်။ သားအကြီးဆုံးသည် တရားမ၀င်ကလေးဖြစ်ပြီး သူ့မိခင်သည် ကိုယ်ဝန်ရှိလာပြီးနောက် မင်းသားခုနှစ်၏ကိုယ်လုပ်တော်အဖြစ်သာ နေထိုင်ခွင့်ရခဲ့သောကြောင့် ကျန်းချန်ရှန်း ဤအခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

မင်းသားခုနှစ်လက်ထပ်ပြီးနောက် နန်းတော်မှ ထွက်ခွာခဲ့ရသည်။ တိုက်ဆိုင်စွာပင်၊မင်းသားခုနှစ်၏အိမ်တော်သည် လုံချီတောင်နှင့်အလွန်နီးကပ်သည်။

ဟွာဂျန်ရှင်းက ဗိုက်ကို ပွတ်သပ်ကာ သူမ၏မျက်နှာသည် နူးညံ့သိမ်မွေ့ပြီး မျှော်လင့်ချက်များပြည့်လျှံနေသည်။

ကျန်းချန်ရှန်းက သူမကို တိတ်တဆိတ် ကြည့်နေသည် ။ ဟွာဂျန်ရှင်း၏ သွေးဆောင်မှုကို မခံခဲ့ရသော်လည်း၊ သူသည် အသက်ရှည်သူဖြစ်သည်။ ထို့အပြင်၊ သူသည် ဟွာဂျန်ရှင်းနှင့်အတူ ဘဝတစ်လျှောက်လုံး ဖြတ်သန်းရမည်ဖြစ်သောကြောင့် အနည်းဆုံးတော့ သူမအတွက် ကျေနပ်စရာဖြစ်နေခဲ့ပြီဖြစ်သည်။

ဒီကိစ္စကို သဘောတူညီညှိနှိုင်းပြီးနောက် ကိုယ်ဝန်ရှိကတည်းက ဟွာဂျန်ရှင်းသည် ပိုမိုရွှင်လန်းလာကာ သူမ၏ဘဝသည်လည်း အဓိပ္ပါယ်ရှိလာခဲ့လေသည်။

ထိုညတွင် ဟွာဂျန်ရှင်း တစ်ယောက်တည်း တောင်ပေါ်မှ တိတ်တဆိတ် ဆင်းသွားခဲ့သည်။

ကျန်းချန်ရှန်းသည် လုံချီဘုရားကျောင်းအဝင်ဝတွင် ရပ်ကာ သူမကို တိတ်တဆိတ်ကြည့်နေသည်။

ထို့နောက် ရှန်းနည်းစနစ်ကို စစ်းဆေးခဲ့သည်။

[လက်ရှိ ရှန်းအနေအတွက်... ၃၈၁]

၃၈၁........

ကောင်းကင်ဘုံ၏ ဤနံ့သာပေါင်းတန်ဖိုးသည် သူ၏နောက်ထပ်အောင်မြင်မှုအတွက် မည်မျှနှိမ်နှင်းနိုင်သနည်းဟု တွေးတောနေမိသည်။

ကျန်းချန်ရှန်းသည် တာအိုသဘာဝကျင့်စဉ် ၏ ဆဋ္ဌမအဆင့်သို့ နီးကပ်လာခဲ့သည်။ လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း သူသည် စွမ်းအင်ကျင့်ကြံခြင်းနှင့် ဝိညာဉ်တိုးပွားဆေးများကို လစဉ် သုံးစွဲခဲ့သဖြင့် အတော်လေး လျင်မြန်စွာ တိုးတက်လာသည်။

တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သည် အစစ်အမှန်နတ်ဘုရားနယ်ပယ နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ဆဋ္ဌမအဆင့်က မည်မျှ တန်ခိုးကြီးမည်ကို သိချင်နေမိပြီ......

လက်ရှိတွင် မြို့တော်တွင် အားအကောင်းဆုံးသူမှာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်သာရှိသည်။

ဟွာဂျန်ရှင်း တည်းခိုခန်းထဲသို့ဝင်သွားသည်အထိ ကျန်းချန်ရှန်း တိတ်တဆိတ်ကြည့်နေခဲ့သည်။

ဟွာဂျန်ရှင်းသည် သိုသိုသိပ်သိပ်နေတတ်သော်လည်း သူမသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။ ထုံးစံအတိုင်း သူမအတွက် အန္တရာယ်ရှိမည်မဟုတ်ပေ။သို့သော်လည်း မီးဖွားနေချိန်တွင် တိတ်တဆိတ်စောင့်ရှောက်ပေးမည်သာ......

…..............

အင်ပါယာဥယျာဉ်ထဲတွင်

ကျန်းယွမ်နှင့် မင်းသားခုနှစ်တို့ မဏ္ဍပ်ထဲတွင် လက်ဖက်ရည်သောက်နေကြသည်။ လက်ရှိတွင် မင်းသားခုနှစ်သည် ငယ်ရွယ်နုပျိုသောဆယ်ကျော်သက်လေးမဟုတ်တော့ပေ။

"သားတော်... နဂါးမျှော်စင်မှာ ကျုံးထျန်းဝူနဲ့ ယှဉ်နိုင်တဲ့သူရှိလား...."

“ဟုတ်ကဲ့....ဆရာသခင်တွေ လာနေကြပြီ ..... သူတို့ မြို့တော်ကို နှစ်လအတွင်း ရောက်လာကြလိမ့်မယ်....”

ကျန်းယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ခမည်းတော်....ကျုံးထျန်းဝူက ခမည်းတော်ခေါ်ယူခဲ့တဲ့သူလေ...အမိန့်တွေကိုမနာခံမှတော့ ဘာလို့အသက်ရှင်ခွင့်ပေးထားသေးတာလဲ....."

“သိုင်းသမားတွေမှာ ကိုယ်ပိုင်ခံယူချက်တေံရှိတယ်... မင်းသာ သူ့ကိုအနိုင်ယူနိုင်ရင် နှင်ထုတ်နိုင်ပြီ..... မာနကြီးပေမယ့် ကျန်းယုက သူ့လူတွေကိုသိပ်ကာကွယ်ပေလွန်းတယ်....."

ကျန်းယွီက ခေါင်းညိတ်လိုက်သည်။

"ယွီအာ.... မင်းအတွက် လမ်းခင်းပေးပြီးပြီ.... အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားကလွဲရင် ကျန်တဲ့အစ်ကိုတွေကိုတော့ အသက်ချမ်းသာပေးလိုက်...နို့မို့ဆိုသမိုင်းမှာအမည်းစက်ထင်နေလိမ့်မယ်...."

“ ခမည်းတော်....ညီတော်တွေကို ဘယ်တော့မှ ဒုက္ခမပေးပါဘူး....”

"ကောင်းပြီ.... မင်းအချိန်ရရင် လုံချီ ဘုရားကျောင်းကိုသွားပြီး ကိုယ်တော်ချန်ရှန်းနဲ့တွေ့လိုက်ဉီး.... မင်းရဲ့ ကြင်ယာတော်က ကလေးမွေးတော့မှာ မဟုတ်လား....နောင်အခါကျရင် ကိုယ်တော်ချန်ရှန်းကို မြေးတော်လေးရဲ့ ဆရာအဖြစ် အသိအမှတ်ပြုခိုင်းရမယ်....ကိုယ်တော်ချန်ရှန်းက သာမန်လူမဟုတ်ဘူး.... သူကကျော်ကြားမှုတွေစည်းစိမ်းတွေကိုလည်း မမက်မောဘူး... ဒီလိုလူမျိုးကသာ မြေးတော်လေးရဲ့ဆရာဖြစ်သင့်တာ....."

“ဟုတ်တယ်...ကိုယ်တော်ချန်ရှန်း က တကယ်ကို အံ့သြစရာကောင်းတယ်.... ဒါပေမယ့် အရင်က သူ့ကို စော်ကားခဲ့ဖူးတယ်....သားတော်လေးမွေးလာရင် ဆက်တံရေးပြေလည်ဖို့ လုံချီဘုရားကျောင်းကိုသွားဖြစ်အောင်သွားလိုက်ပါ့မယ်...."

ကျန်းယွမ်က သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးနေလေ၏။

သူ့အစီအစဉ်က ပြီးပြည့်စုံတယ်လို့ ခံစားရသည်။ ဖယ်ရှားပစ်ရမည့် သားအတုမှလွဲ၍ သူသည် သူ့သားသမီးများအားလုံးကို ကာကွယ်နိုင်ပြီး ကျန်းမိသားစု၏ အနာဂတ်အာဏာကို စုစည်းနိုင်သည်။

…...................

ဆယ်ရက်အကြာတွင် ဟွာဂျန်ရှင်းသည် ကျန်းချန်ရှန်း၏လျှို့ဝှက်ကာကွယ်မှုအောက်တွင် မြို့တော်ရှိ ခြံကျဉ်းလေးတွင် သားဉီးလေးကို အောင်မြင်စွာမွေးဖွားခဲ့သည်။

နောက်ထပ်ငါးရက်ကြာသောအခါ....လမိုက်ညတွင်လေပြင်းများတိုက်ခတ်နေသည်။

မင်းသားလေးခုနှစ်၏ အိမ်တော်တွင် ကြင်ယာတော်က သားလေး ဖွားမြင်သည်။ထိုညတွင် မင်းသားခုနှစ် အိမ်တော်တွင်မရှိသော်လည်း ကြင်ယာတော်နှင့်သားတော်ကို ကာကွယ်ရန် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးကို စေလွှတ်ထားသည်။

ကျန်းချန်ရှန်းက သူ့သားလေးကို လက်တစ်ဖက်နဲ့ ပွေ့ချီထားပြီး တိုင်ဟန်ဓားကို စီးနင်းလိုက်သည်။ သူသည် တိမ်များထက်တွင် ရပ်ကာ ခြံဝင်းကို ငုံ့ကြည့်လိုက်သည်။

၁၅ ရက်သား ကလေးငယ်သည် လက်သီးနှစ်ဖက် တင်းတင်းဆုပ်ထားရင်း အိပ်ပျော်နေရှာသည်။ သူ့နဖူးတွင် အမှတ်အသားနှစ်ခုရှိနေသည်။ ၎င်းတို့သည် တာအိုသဘာဝကျင့်စဉ်၏ ပဉ္စမအဆင့်သို့ ရောက်သောအခါ ကျန်းချန်ရှန်းရရှိခဲ့သော တာအို ပုံစံများဖြစ်သည်။ ကလေး၏မျက်နှာပေါ်ရှိ ပါးလွှာသောမျဉ်းနှစ်ကြောင်းသည် မွေးရာပါအမှတ်အသား သို့မဟုတ် ပိတ်ထားသောတတိယမျက်လုံးနှင့် ပိုတူနေသည်။

“ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှစ်ယောက်ကို စေလွှတ်နိုင်ဖို့ဆိုတာ မဟာယာနနဂါးမျှော်စင်ရဲ့အကူအညီပဲဖြစ်ရမယ်....ကြည့်ရတာ မဟာယာနမျှော်စင်က ပေါ့သေးသေးတော့မဟုတ်ဘူး....."

သူ့ရဲ့ ပုံရိပ်ယောင်နတ်မျက်စိက အရမ်းကို အစွမ်းထက်နေပြီမို့ ကျွမ်းကျင်သူနှစ်ယောက်၏ မှတ်ဉာဏ်များဖျောက်ဖက်ဖို့ သိပ်မခက်ပေ။

ကျန်းချန်ရှန်း၏ အာရုံငါးပါးက အလွန် အစွမ်းထက်သည်။ သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ အိမ်တွင်းကအခြေနေကိုအကဲခတ်နေသည်။

ကလေးမွေးပြီးတာနဲ့စလှုပ်ရှားမယ်...

အိုးး ချစ်လှစွာသော ခမည်းတော်....ခမည်းတော်ဆီကသင်ယူထားတဲ့လှည့်ကွက်တွေကိုလာကြည့်ပါဉီး...ဟားးးဟားးးး

All Chapters