← Chapters

မိတ်ဆွေဟောင်းကရူးသွပ်သွားပြီး တော်ဝင်ဝတ်ရုံဆင်မြန်းရန် အိမ်မက်မက်နေသည်.......

Vol. 2 Ch. 28

မိတ်ဆွေဟောင်းကရူးသွပ်သွားပြီး တော်ဝင်ဝတ်ရုံဆင်မြန်းရန် အိမ်မက်မက်နေသည်.......

Vol. 2 Ch. 28

မင်းဆက်တည်ထောင်ပြီးနောက် အနှစ်သုံးဆယ်အကြာတွင်... ဧကရာဇ်သည် ရှေးဟောင်းဟန်မင်းဆက်ကိုတိုက်ခိုက်ရန် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ခဲ့ပြီး ကြေကွဲဖွယ်ရှုံးနိမ့်မှုကို ခံစားခဲ့ရသည်။ထိုစစ်ပွဲတွင် စစ်သည် ၃၀၀,၀၀၀ သေဆုံးခဲ့ပြီး တကျန်းမင်းဆက်ကို တုန်လှုပ်စေခဲ့သည်။ မြို့တော်၏ လေထုသည် ပို၍ပင် တင်းမာလာသည်။ ဧကရာဇ်က အသက်ကြီးပြီးဖြစ်

သောကြောင့် အရာရှိများအားလုံး ဧကရာဇ်သေဆုံးမည်ကို စိုးထိတ်နေကြသည်။သို့သော် ယခုအချိန်ထိ အိမ်ရှေ့မင်းသားသည် အရှေ့နန်းတော်သို့ မပြောင်းရွှေ့ရသေးပေ။

ဒီနှစ်မှာတော့ ဝေ့ဝမ်နှင့်ပင်းအန်းတို့ဟာ တစ်နှစ်သားအရွယ်ရောက်နေခဲ့ကြပြီ.....

ခြံဝင်းထဲတွင် ....

ကျန်းချန်ရှန်းက သစ်ပင်အောက်မှာ ထိုင်နေသည်။ မြေဝိညာဉ်သစ်ပင်သည် အမြင့်

ဆယ်ပေရှိနေပြီဖြစ်သော်လည်း အခက်အလက်ဝေဆာမှုမရှိသေးပေ။ ယခုအချိန်တွင် ၎င်းသည် အားနည်းသော ဝိညာဉ်စွမ်းအင်များကိုသာ ထုတ်လုပ်နိုင်သော်လည်း ကောင်းသောလက္ခဏာဖြစ်သည်။

မနီးမဝေးတွင် ပင်းအန်းလေးသည် ပိုင်လုံကိုစီးပြီး လှည့်ပတ်ဆော့ကစားနေ၏။ချင်ကူကလည်းသူ့နောက်ကို လိုက်ကာအတူဆော့ကစားပေးနေသည်။

ပင်းအန်းလေးသည် ဉာဏ်ရည်ဉာဏ်သွေးချို့တဲ့စွာ မွေးဖွားလာသော်လည်း သူ၏ကြွက်သားများနှင့် အရိုးများက အမှန်တကယ်ပင် ထူးခြားနေသည်။ အသက်တစ်နှစ်အရွယ်တွင် လေးနှစ်၊ ငါးနှစ်အရွယ် ကလေးတစ်ဦး၏ ခွန်အားကို ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် လုံချီဘုရားကျောင်းတွင် သူသည် သိုင်းပညာထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရပြီးဖြစ်သည်။

ခြံအပြင်ဘက်ကနေ လျင်မြန်စွာ လျှောက်လာနေသော ပုံရိပ်တစ်ခု.....

ထိုသူကတော့ ချန်းလီပင်....

သူက ကျန်းချန်ရှန်းဆီကို စိတ်ပူတဲ့အမူအရာနဲ့ ရောက်လာပြီး ....

"ချန်ရှန်း...ပြသာနာတက်နေပြီ. ဒုတိယမင်းသား ပျောက်နေတယ်....”

ကျန်းချန်ရှန်းက မျက်လုံးတောင်မဖွင့်ဘဲ...

“အဲ့တာဘာဖြစ်လို့လဲ...ခင်ဗျားတို့ချန်းမိသားစုက မင်းသားခုနှစ်ဆီခိုလှုံခဲ့ကြတယ်မလား...."

"ဒုတိယမင်းသား ပျောက်နေတယ်.... ဟုန်မိသားစု ပုန်ကန်သွားမှာကို ငါကြောက်တယ်... တိုက်တိုက်ဆိုင်ဆိုင် ဘုရင်မင်းမြတ်က မြောက်ပိုင်းစစ်ပွဲကို ရှုံးနိမ့်ခဲ့တယ်....ပုန်ကန်မှု ကြုံလာတဲ့အခါ မြို့တော်တစ်ခုလုံး အန္တရာယ်ရှိလိမ့်မယ်.....”

ထိုမှသာ ကျန်းချန်ရှန်း မျက်လုံးများကို ဖွင့်လိုက်သည်။

အသက် 60 မပြည့်မီ ကျန်းယွမ်၏ဘဝသည် လွန်စွာ ကျက်သရေရှိခဲ့သည်။ ကံမကောင်းစွာပဲ၊ သူအာဏာရလာတာကြာလာတော့ အသက်ကြီးမှ စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ပြီး ကြီးမားတဲ့ရှုံးနိမ့်မှုကို ခံစားခဲ့ရရှာသည်။ ပြည်သူများ၏ နှလုံးသားထဲတွင် သူ၏ ဂုဏ်သိက္ခာများစွာ ကျဆင်းသွားခဲ့ပြီး အရပ်ဘက်နှင့် စစ်ဘက် အရာရှိများပင်လျှင် သူ့ကို မကြောက်ကြတော့ပေ။ အကယ်၍ ဟုန်မိသားစုက တော်လှန်ပုန်ကန်ခဲ့လျှင်တောင် မအောင်မြင်ခဲ့လျှင် တကျန်းမင်းဆက် အလွန်ပျက်စီးသွားလိမ့်မည်။

ဟုန်မိသားစု ၏စစ်တပ်သည် မြို့တော်အပြင်ဘက်တွင် တပ်စွဲထားသောကြောင့် ယခုအခါ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့သည်။

ကျန်းချန်ရှန်းက ကူကယ်ရာမဲ့နေဟန်ဖြင့်.....

"ဟုန်မိသားစု ပုန်ကန်ချင်တဲ့ကိစ္စ ကျုပ်ကိုလာပြောလို့ ဘာအကျိုးရှိမှာလဲ....."

" ပရမ်းပတာဖြစ်သွားပြီဆိုတာနဲ့ မင်းရဲ့လုံချီ ဘုရားကျောင်းကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို သတိပေးချင်တာပါ....ကြိုကြိုတင်တင်ရိက္ခာကြိုစုထားဉီး....ဟုန်မိသားစုက ဘုရားကျောင်းကို ပစ်မှတ်မထားဘူးဆိုရင်တောင် တစ်မြို့လုံး ပရမ်းပတာဖြစ်သွားရင် ဘုရားကျောင်းက လူတွေ ပုန်းအောင်းဖို့ အရမ်းသင့်တော်တာကြောင့် အခုကတည်းက ပြင်ဆင်သင့်တာတွေကြိုတင်ပြင်ဆင်ထားသင့်ပြီ...."

"ကောင်းပြီ...."

အခုချိန်တွင် ချင်ကူအနားမှာရှိနေသည်ကိုပင် ချန်းလီ ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့သည် အသိမိတ်ဆွေများဖြစ်ကြပြီး ကျန်းချန်ရှန်းနှင့် ဆယ့်ရှစ်နှစ်ကြာအောင် ခင်မင်ရင်းနှီးခဲ့သည်မဟုတ်လော.....

ဆယ့်ရှစ်နှစ်ကြာပြီးနောက် ချန်လီသည် စိတ်အားထက်သန်သော လူငယ်ပညာရှင်မဟုတ်တော့ပေ။ ယခု သူသည် လူလတ်ပိုင်းအရွယ်အရာရှိတစ်ယောက်ဖြစ်လာခဲ့လေပြီ.....

မသိလိုက်သိခင်မှာပင် အချိန် ဆယ့်ရှစ်နှစ်ကုန်လွန်သွားခဲ့ချေပြီတကား.......

ကျန်းချန်ရှန်းသည် ချန်းလီ၏ ရင့်ရော်နွမ်းလျနေသောမျက်နှာကို ကြည့်ကာ စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ချန်းလီသာမက ဘုရားကျောင်းရှိ မန်ချွဲ့ဆောင်အပါအဝင် စီနီယာတပည့်များအားလုံး လူလတ်ပိုင်းအရွယ်သို့ တဖြည်းဖြည်း ရောက်ရှိလာကြပြီ.....

ကျန်းချန်ရှန်းသည် စုစုပေါင်း နုပျိုဆေး သုံးလုံးကို တီထွင်ခဲ့သည်။ တစ်လုံးက သူကိုယ်တိုင် စားသုံးရန်ဖြစ်ပြီး နောက်တစ်လုံးကို ဧကရာဇ်မင်းထံ ပေးအပ်ခဲ့ပြီး နောက်ဆုံးတစ်လုံးမှာ ဟွာဂျန်ရှန်း စားသုံးရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဟွာဂျန်ရှန်းသည် သူ့ကလေးကိုမွေးပေးထားသည့် သူ့ဇနီးလည်းဖြစ်သဖြင့် သဘာဝအတိုင်း ဘက်လိုက်ရပေမည်။

သူသည် အခြားသူများ၏ဘဝကို အနှောင့်အယှက်မပေးချင်သော်လည်း သူ၏နုပျိုမှုက တပည့်များ၏ ကြည်ညိုမှုကို တဖြည်းဖြည်း နှိုးဆွလာခဲ့သည်။

ချန်းလီက....

"ယန်မိသားစုရဲ့အကူအညီနဲ့ အိမ်ရှေ့မင်းသားမှာ နောက်ထပ် အုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ ဝန်ကြီးနှစ်ယောက်ရှိတယ်....ဒါ့ကြောင့်မို့ တရားရုံးမှာ သူ့ရဲ့ ပြောပိုင်ခွင့်က အရမ်းမြင့်တယ်..... ကံမကောင်းစွာပဲ၊ သူ့မှည စစ်တပ်အာဏာမရှိနာကြောင့် သူ့လက်အောက်မှာ သိုင်းပညာကျွမ်းကျင်သူရှားပါးတယ်.... ဘုရင်မင်းမြတ် မြို့တော်ကထွက်ခွာသွားပြီး အိမ်ရှေ့မင်းသားနဲ့ ဒုတိယမင်းသားတို့ကို တိုက်ခိုက်ဖို့ ခွင့်ပြုလိုက်ပြီဆိုပေမယ့် ဒုတိယမင်းသားက အိမ်ရှေ့မင်းသားကို ဘယ်လိုအနိုင်ယူနိုင်မလဲ.... ဒုတိယမင်းသား ကွယ်လွန်ပြီဆိုတာနဲ့ ဟုန်မိသားစုကပုန်ကန်ပြီး အိမ်ရှေ့မင်းသားကို သတ်ပစ်မည်ဟုလို့ သစ္စာဆိုထားကြတယ်.... အိမ်ရှေ့မင်းသား ကွယ်လွန်တာနဲ့မင်းသားခုနှစ်က ဟုန်မိသားစုကို တရားဝင် ဖိနှိပ်နိုင်ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်တယ်.... ဧကရာဇ်ရဲ့နှလုံးသားက တကယ်ကို ကြောက်စရာကောင်းတယ်......”

မည်သို့ပင်ဆိုစေ အိမ်ရှေ့မင်းသားက သေကိုသေရမည့် အစားထိုးခံနယ်ရုပ်လေးတစ်ခုသာပင်.....

အိမ်ရှေ့မင်းသား၏ ကံကြမ္မာကို သိပြီးနောက် ကျန်းချန်ရှန်း၏ အမုန်းတရားများ ပျောက်ကွယ်သွားခဲ့သည်။ ပြောရရင် အိမ်ရှေ့မင်းသားက တကယ်ကို သနားစရာ ကောင်းလှသည်။ ယန်မိသားစုသာ အမှန်တရားကို သိရှိသည့်အခါ အိမ်ရှေ့မင်းသားသည် တစ်ကမ္ဘာလုံးမှ စွန့်ပစ်ခံရပြီး အထီးကျန်ဆန်ကာ အကူအညီမဲ့ဖြစ်သွားမည်ဖြစ်သည်။

ကျန်းချန်ရှန်းက....

"မြေအောက်လောကအကြောင်းပြောပါဉီး...."

ဟွာဂျန်ရှန်းက ဝေ့ဝမ်လေးကို နေ့ရောညပါစောင့်ရှောက်ပေးနေရသည်။ ရံဖန်ရံခါတွင် သူမသည် ကျန်းချန်ရှန်း တရားရုံးအကြောင်း ပြောပြလေ့ရှိသောကြောင့် တရားရုံးကအရေးကိစ္စများကို ကျန်းချန်ရှန်း ဂရုစိုက်စရာမလိုတော့ပေ။

ကျန်းချန်ရှန်း၏ တော်ဝင်နန်းတွင်းအတွက် တစ်ခုတည်းသော စိုးရိမ်မှုသည် ဝေ့ဝမ်လေးအတွက် နေရာရဖို့သာပင်... သို့သော် သူသည် ငယ်ရွယ်သေးပြီး ထီးနန်းနှင့် ဝေးနေသေးသည်။ ကျန်းယွမ် ပြုတ်မကျခင်အထိ ဝေ့ဝမ်အခြေနေကောင်းနေပေလိမ့်မည်။

ချန်းလီက ခေါင်းခါလိုက်ပြီး.....

"အခုလောလောဆယ်တော့ မြေအောက်လောကကို အာရုံစိုက်ဖို့ အချိန်မရှိသေးဘူး....အော် ဒါနဲ့ မင်းရဲ့စီနီယာအစ်ကို လီချန်းချင်ကို မှတ်မိသေးလား...."

"အင်း...မှတ်မိတယ်...."

ငယ်ငယ်တုန်းက လီချန်းချင်ဟာ လုံချီဘုရားကျောင်းကို သစ္စာဖောက်ပြီး ဘုန်းတော်ကြီးချင်ရှုကို နတ်ဆိုးဂိုဏ်းက အဆိပ်ခတ်ခဲ့သည်။

ချန်းလီ သက်ပြင်းချလိုက်ပြီး....

“သူက မိန်းမတစ်ယောက်အတွက်နဲ့ နတ်ဆိုးဂိုဏ်းကိုဝင်ခဲ့တယ်... မနှစ်တုန်းက အဲဒီအမျိုးသမီး သေဆုံးသွားတာမို့ သူရူးသွားခဲ့တယ်... အခုအချိန်မှာ သူက သိုင်းလောကထဲမှာ မြင်သမျှလူတိုင်းကို သတ်ပစ်လိုက်တယ်....ဒါကြောင့်မို့ ဂိုဏ်းရှစ်ဂိုဏ်းက သူ့ကို သတ်ဖို့ အတူတူ ပူးပေါင်းလိုက်ကြပြီ....သူကြာကြာအသက်ရှင်နိုင်မယ်မထင်ဘူး.... "

ကျန်းချန်ရှန်း နှုတ်ဆိတ်နေ၏။

“ သိပ်အများကြီး မစဉ်းစားနဲ့....ဒါ သူရွေးတဲ့လမ်းပဲလေ...မင်း မပါဝင်ပါနဲ့ . ဂိုဏ်းရှစ်ဂိုဏ်း၏ ပူးပေါင်းထားတဲ့အင်အားနဲ့ဆို ဘုန်းတော်ကြီးချင်ရှုတောင် လွတ်မြောက်နိုင်ဖို့မလွယ်ဘူး....."

"အစ်ကိုချန်း စိုးရိမ်လွန်နေပြန်ပြီ...ကျုပ်တောင်ပေါ်ကနေမဆင်းပါဘူး....."

ချန်းလီက ပြုံးပြီး တခြားအကြောင်းအရာတွေကို ပြောဖြစ်ခဲ့ကြသည်။

လီချန်းချင်၏သတင်းက ကျန်းချန်ရှန်း ၏နှလုံးသားထဲတွင် လှိုင်းလုံးများဖြစ်စေခဲ့သည်။မည်သို့ပင်ဆိုစေ သူတို့သည် အသိအကျွမ်းဟောင်းတွေမဟုတ်ပေလော....

ဘုန်းတော်ကြီးချင်ရှုရော ဘယ်ဆီဘယ်ဝယ်ရောက်နေပြီလဲ.....

....................................

တစ်နှစ်ခွဲကြာတွင်....

ချန်းလီ၏ မှန်းဆချက်များ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။မျှော်လင့်ထားသည့်အတိုင်း ဟုန်မိသားစုက ပုန်ကန်ခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးဟုန်လဲ့သည် သံချပ်ကာ မြင်းစီးစစ်သည် တစ်သိန်းကို မြို့တော်ထဲသို့ ပို့ဆောင်ပြီး နန်းတော်ထဲသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

မြို့တော်အတွင်း တိုက်ပွဲသံများ ပဲ့တင်ထပ်လာသည်။

ကျန်းချန်ရှန်း မျက်လုံးကိုဖွင့်ကာ သက်ပြင်းချပြီး မတ်တပ်ရပ်လိုက်သည်။

နောက်ဆုံးတော့လည်း သူလက်မလွှတ်နိုင်ခဲ့ပေ။

ကျန်းချန်ရှန်းသည် ပိုင်လုံကို ညွှန်ကြားချက် အနည်းငယ်မှာကြားပြီးနောက် စာငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းကာ နန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နန်းတော်ထဲတွင် သံချပ်ကာမြင်းစီးစစ်သည်များသည် အတားအဆီးမရှိ ပြေးလွှားနေကြသည်။ အစေအပါးများနှင့် မိန်းမစိုးများအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်လှုပ်နေကြရှာသည်။

ဟုန်လဲ့သည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး သန်မာသော မြင်းနက်ကိုစီးနင်းကာ ဖြည်းညှင်းစွာ ချီတက်လာခဲ့သည်။ လက်တစ်ဖက်တွင်လည်း ဓားရှည်ကြီးကို ကိုင်ဆောင်ထားသည်။

"နန်းတော်ကို ပိတ်ချပြီး အိမ်ရှေ့မင်းသားကို ရှာကြ....."

စစ်သူကြီးတစ်ယောက်က သူ့ဓားကို မြှောက်ပြီး အမိန့်ပေးလိုက်သည့်အခါ စစ်သည်များက အမိန့်ကို ခံယူပြီး ရှာဖွေရန် တပ်ဖြန့်လိုက်သည်။

ထိုစဉ် အမျိုးသမီးတစ်ဉီးက ဟုန်လဲ့ အနားကို ပြေးသွားပြီး .....

"အစ်ကိုတော်... မင်အာအတွက် လက်စားချေပေးပါ......"

ဟုန်လဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး.....

“စိတ်ချပါ ညီမလေး.....အိမ်ရှေ့မင်းသား ဒီနေ့ နတ်ရွာစံရစေ့မယ်.....”

အမျိုးသမီးက မျက်ရည်တွေကို သုတ်လိုက်ပြီး.... “မင်အာ ဘယ်မှာလဲ? စုံစမ်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပြီလား......"

" ငါ့ စစ်သားတွေ မြို့ပြင်မှာ အလောင်းတစ်လောင်းတွေ့တယ်.....သေချာစစ်ဆေးကြည့်လိုက်တော့ မင်အာရဲ့အလောင်းဖြစ်နေတယ်..... "

ဒါကိုကြားတော့ အမျိုးသမီးက မိုးကြိုးပစ်ခံရသလို မြေပြင်ပေါ် လဲကျသွားလေ၏။

ဟုန်လဲ့က ခေါင်းယမ်းပြီး မြင်းကို ထိန်းလိုက်ကာ အဝေးက ပလ္လင်ခန်းကို စိုက်ကြည့်ရင်း.....

“အစ်ကိုကျန်း... မင်း ဒီတိုင်းပြည်ကို အုပ်စိုးခဲ့တာ အနှစ်သုံးဆယ်ရှိပြီ....အခု ရာဇပုလ္လပေါ် ကျုပ် ထိုင်ဖို့အချိန်တန်ပြီ...."

တစ်ဖက်မှာတော့ ဧကရီရဲ့ အိပ်ခန်းထဲတွင်.....

အိမ်ရှေ့စံမင်းသား ကျန်းချန်သည် ဖွာလန်ကြဲနေသောပုံစံဖြင့် စားပွဲတွင် ထိုင်နေပြီး အလွန်ပင် စိတ်ဓာတ်ကျနေပုံပေါ်သည်။

ဧကရီက အပြင်ကနေ ဝင်လာပြီး တံခါးကို ပိတ်လိုက်ကာ....

“ဒီလိုထိုင်နေရမယ့်အချိန်မဟုတ်ဘူး.... ဟုန်လဲ့က အကုန်ပိတ်ချလိုက်ပြီမို့ ယန်မိသားစုကို အကူအညီတောင်းလို့ မရတော့ဘူး....."

ကျန်းချန်က အားတင်းပြုံးပြီး .....

"မယ်တော်.... ယန်မိသားစုက ဟုန်လဲ့ကြောင့် ဖြစ်လာတဲ့ ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှုကို မကြားဘဲနေမှာမဟုတ်ဘူး.... ညီနှစ် ပျောက်မသွားခင်ကတည်းက ယန်မိသားစုဘက်က တစ်စုံတစ်ခု မှားနေပြီဆိုတာ ကျွန်တော် ခံစားမိပြီးသားပါ...ကျွန်တော်အပေါ်ထားတဲ့ ဦးလေးတွေရဲ့ သဘောထားက အရင်ကလောက် စိတ်အားထက်သန်မှု မရှိတော့ဘူး…”

ကျန်းချန် ပြောနေရင်းကနေဆို့နင့်လာသည်။ မည်မျှပင် ခက်ခက်ခဲခဲ တွေးနေပါစေ အကြောင်းအရင်းကို နားမလည်နိုင်တော့ပေ။ ယန်မိသားစုအပါအဝင် အရာရှိများအားလုံးက သူ့ကို စွန့်ပစ်သွားဖွယ်ရှိသည်။

ဧကရီက မျက်မှောင်ကြုတ်ကာ....

“မင်းရဲ့ ဒုတိယညီကို မင်းတကယ်သတ်ခဲ့တာလား”

ကျန်းချန်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိုးရွံ့လာသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ.... သူနဲ့ကျွန်တော်ကနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြတာပါ.... ကျွန်တော် နှစ်ပေါင်းများစွာ သည်းခံနိုင်ခဲ့တာ မယ်တော်လည်းသိနေတာပဲ....ဘာလို့အခုလိုအခြေနေမှာ အလျင်စလိုလုပ်ရမှာလဲ.... ပြိုင်ဘက်တွေဆိုပေမယ့် သူ့ကိုသတ်ဖို့ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး....ညီတော်တွေကသာ ကျွန်တော်ကို့သတ်ချင်သတ်မယ်...ကျွန်တော်ကတော့ ကိုယ့်ညီတော်တွေကိုဘယ်တော့မှမသတ်ဘူး....."

သူသည် အိမ်ရှေ့မင်းသားဖြစ်ခဲ့သော်လည်း ဧကရာဇ်နှင့် ဧကရီက ငယ်စဉ်ကတည်းက အေးစက်စွာဆက်ဆံခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုများကြား နွေးထွေးသော ဆက်ဆံရေးကို မြတ်နိုးခဲ့သည်။ ငယ်ငယ်တုန်းက ညီတော်တွေက သူ့ကို လိုအပ်သလို လေးစားခဲ့သည့်အတွက် သူ့ညီငယ်တွေကို အမြဲကာကွယ်ပေးချင်ခဲ့သည်။ မဟုတ်ရင် ဒုတိယမင်းသားနဲ့ ရန်ပွဲက နှစ်အတော်ကြာမည်မဟုတ်ပေ။

သူသည် အိမ်ရှေ့စံမင်းသားဖြစ်ပြီး တော်ဝင်နန်းတွင်း၌ ကြီးမားသောအာဏာကို ကိုင်စွဲထားသည်။ ထို့ကြောင့် ဒုတိယမင်းသားကိုရှင်းပစ်ချင်ပါက အစောကြီးကတည်းကရှင်းပစ်နိုင်သည်။

ကျန်းမင်ကို နယ်စပ်သို့ စေလွှတ်ရန် ဧကရာဇ်မင်းကိုပင် တောင်းဆိုနိုင်သည်။

ဧကရီက သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်လိုက်သည်။

ကျန်းချန်သည် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့် ဒေါသတို့ကိုတလှည့်ဆီခံစားနေရသောကြောင့် သူမ၏ အကြည့်ကို သတိမထားမိပေ။

ခန်းမအပြင်ဘက်မှ ခွာသံများနှင့် ခြေသံများကို ကြားနေရသည်။ ထိုအသံကြောင့် စစ်သည်အမြောက်အမြား ပြေးလာနေသည်မှာ အထင်အရှားပင်.....

“မင်းရဲ့ စတုတ္ထညီက မင်းအဖေနဲ့ စစ်တိုက်ထွက်သွားတယ်.... ဒီလိုမှမဟုတ်ရင် သူနဲ့ ကျုံးထျန်းဝူက မင်းကို ကယ်တင်နိုင်ပါသေးတယ်”

ကျန်းချန် အံကြိတ်ကာ မတ်တပ်ထရပ်လိုက်သည်။

“မယ်တော်... အပြင်ထွက်မလာပါနဲ့.... ကျွန်တော်တစ်ယောက်တည်း အပြင်ထွက်ရင် ကျွန်တော်ပဲသေလိမ့်ရမယ်.....ကျန်းမိသားစုက ဘာကြောင့် သေရမှာ ကြောက်ရမှာလဲ”

ထိုစကားဆုံးသည်နှင့် ကျန်းချန်က မဆိုင်းမတွပင် တံခါးဆီသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ဝင်းအပြင်ဘက်တွင် အနက်ရောင်စစ်သားများဖြင့် ပြည့်နေသည်။ ဟုန်လဲ့သည် ခြံအပြင်ဘက် စင်္ကြံတွင် မြင်းစီးပြီး အဝေးမှ လှမ်းကြည့်သည်။

ကျန်းချန်က အသက်ပြင်းပြင်းရှူပြီး ဆံပင်ကို သပ်လိုက်ကာ ရှေ့ကို တိုးလာပြီး ....

“ဗိုလ်ချုပ်ဟုန်... ကျုပ်ကို မယုံရင် ကျုပ်မှာပြောစရာမရှိဘူး....ခင်ဗျား ဆန္ဒအတိုင်း ကျူပ်ကိုသတ်နိုင်သလို နှိပ်စက်နိုင်တယ်...ခမည်းတော်နဲ့ စတုတ္ထညီတော် ပြန်လာတဲ့အခါ ခင်ဗျားလည်း သေဘေးကနေပြေးလွတ်မှာမဟုတ်ဘူး...."

စစ်သားတွေက တိတ်ဆိတ်နေပြီး ဗိုလ်ချုပ်ဟုန်ပြောမည့်စကားကို စောင့်ဆိုင်းနေချိန်တွင် မည်သူမျှ ချက်ခြင်းမလှုပ်ရှားဝံ့ကြပေ။

"ဗိုလ်ချုပ်ဟုန်.... ဒုတိယညီငယ် တကယ်သေသွားရင်တောင် ဘာလို့ ဟုန်မိသားစုကိုခင်ဗျားနဲ့အတူဆွဲချဖို့ကြံစည်နေရတာလဲ....ဟုန်မိသားစုမှာ အားကိုးစရာ မင်းသားတစ်ပါးပဲရှိတာ....."

ဟုန်လဲ့က ရှေ့ကို ငုံ့ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။

“ဒုတိယမင်းသားကို ပံ့ပိုးကူညီစရာ မလိုတော့ဘူးဆိုတော့ တော်ဝင်ဝတ်ရုံကို ငါကိုယ်တိုင်ဆင်မြန်းလိုက်ရုံပေါ့...ဟားးးဟားးးးး"

“ခင်ဗျား…”

ကျန်းချန်က မျက်လုံးပြူးပြီး ဒေါသကြောင့်တုန်ရီနေသော်လည်း ရုတ်တရက်ပင် ဉာဏ်အလင်းရသွားသည်။

ကျန်းမင် ပျောက်ဆုံးမှုက ဟုန်လဲ့နဲ့ ဆက်စပ်မှုရှိနေတာလား......

စစ်သည်တွေက ရယ်ပြီး “ဧကရာဇ်ဟုန် သက်တော်ရာကျော်ပါစေ” လို့ ကြွေးကြော်လိုက်ကြသည်။

ကျန်းချန်သည် ဒေါသတကြီးဖြင့် ဟုန်လဲ့ဆီသို့ ပြေးသွားခဲ့သည်။ သူသည် သိုင်းပညာကို တစ်ခါမျှ မလေ့ကျင့်ဖူးသောကြောင့် စစ်သားတစ်ဦး၏ တိုက်ရိုက်ကန်ထုတ်ခြင်းကို ခံခဲ့ရပြီး ထိုစစ်သည်၏ ဓားက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ကာ သွေးများ မြေပြင်ပေါ်သို့ ဖြာကျလာသည်။

ကျန်းချန်၏ ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်နေပြီး သူ့ရှေ့မှ စစ်သားကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် အမျက်ဒေါသများသာရှိနေပြီး ကြောက်ရွံ့ခြင်းမရှိတော့ပေ။

“အတင့်ရဲလိုက်တဲ့ဟုန်လဲ့...မင်း ငါတို့ရဲ့ ခင်မင်မှုကို တကယ် မေ့နေတာလား....."

ဧကရီ၏အေးစက်သောစကားသံ ထွက်ပေါ်လာသည်။

ဟုန်လဲ့က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး

“မရီးက နှစ်ပေါင်းများစွာကြာတာတောင် လှပနေတုန်းပဲနော်.....ဘုရင်မင်းမြတ်က မင်းကို ဘယ်လို ရှားပါးရတနာတွေ ကျွေးမွေးခဲ့လဲ သိချင်မိတယ်.... ငါ ဒီနေရာကို ရောက်နေပြီဆိုမှတော့ ပြန်လှည့်မယ်လို့ထင်နေတာလား....."

“ကဲ..စစ်သည်တို့ ဧကရီကို ဖမ်းပြီး ငါ့အိပ်ဆောင်ထဲထည့်ထားလိုက်စမ်း... ဟားဟား!"

ဟုန်လဲ့က ရယ်မောပြီး ဧကရီကိုပင် တိုက်ရိုက်စော်ကားနေချေပြီ.....

စစ်သားတွေက ချက်ချင်း ရှေ့ကို တိုးလာတော့ ကျန်းချန်က သူ့လက်ကို မြှောက်လိုက်ပြီး ကျိန်ဆဲလိုက်သည်။

"ဟုန်လဲ့... မင်းက လူမဟုတ်ဘူး! မင်း ကောင်းကောင်းသေမှာ မဟုတ်ဘူး!”

သူ့ကို နှိပ်စက်နေတဲ့ စစ်သားက ချက်ချင်း လည်ချောင်းကို ဖြတ်လိုက်လေသည်။အိမ်ရှေ့စံသည် သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး စကားမပြောနိုင်ရှာတော့ပေ။

ဧကရီ အလွန်ထိတ်လန့်သွားပြီး သူမ၏ လှပသော မျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။ သူမ ဆက်တိုက်နောက်ဆုတ်သွားပြီး တံခါးကို မှီလိုက်သည်။

ထိုအချိန်တွင် အသံတစ်သံ တိုးညှင်းစွာထွက်ပေါ်လာသည်။

"တကျန်းရဲ့ခွေးတစ်ကောင်က တော်ဝင်ဝတ်စုံကို ဝတ်ချင်နေတာလား....မောက်မာပြီး ရင်းမောက်မာနေတာပဲ..... ဒီနေ့ မင်း သေချင်းဆိုးနဲ့သေစေရမယ်....."

လူတိုင်း မော့ကြည့်လိုက်တော့ ဧကရီ အိပ်ခန်းရဲ့ တံစက်မြိတ်မှာ ပေါ်လာတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ဤလူသည် မည်းမှောင်သော အနက်ရောင်၀တ်စုံဝတ်ဆင်ထားပြီး သူ့မျက်နှာပေါ်တွင် သစ်သားမျက်နှာဖုံးကို ၀တ်ဆင်ထားသည်။ သူ့လက်ထဲမှာ ဘာလက်နက်မှ မပါပေမယ့် အလွန်အန္တရာယ်များတဲ့ ခံစားချက်ကို ပေးစွမ်းနေ၏။

All Chapters