မြင့်မြတ်သောနှလုံးသားနယ်ပယ်..... အံ့သြဖွယ်ဂိုဏ်း၏ဓမ္မရုပ်တု
Vol. 2 Ch. 29
ကျန်းချန်ရှန်း ခေါင်မိုးပေါ်ကနေ ပျောက်ကွယ်သွားပြီး အိမ်ရှေ့မင်းသား ကျန်းချန် အနားမှာ ဖြတ်ကနဲပေါ်လာသည်။ဝတ်ရုုလက်စဝှေ့ယမ်းလိုက်ရုံဖြင့် သူ့ပတ်ဝန်းကျင်ရှိ စစ်သည်များအား ဝိညာဉ်စွမ်းအားဖြင့် တွန်းလှန်ခဲ့သည်။ထိုအခါ စစ်သည်များအားလုံး ကိုယ်တွင်းအင်္ဂါများကြေမွကာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
သူက လည်ပင်းကို တင်းကြပ်စွာဆုပ်ကိုင်ရင်း နာကျင်စွာ ရုန်းကန်နေတဲ့ ကျန်းချန်ဆီ လက်ညိုးညွှန်ကာ ဒဏ်ရာသက်သာစေရန် ဝိဉာဉ်စွမ်းအားများပို့လွှတ်ပေးလိုက်သည်။
ကျန်းချန်သည် မျှော်လင့်ချက်မဲ့တဲ့ အခြေအနေမျိုးမှာပင် သူရဲဘောကြောင်သူ မဟုတ်ဘဲ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာနှင့် သူ့မိခင်ကို ကာကွယ်စောင့်ရှောက်ချင်သေးသည့်အတွက် အခုလို ကယ်တင်ပေးရခြင်းဖြစ်သည်။
ကျန်းချန်ရှန်းက သူ့နေရာကို အစားထိုးခဲ့သည့် အိမ်ရှေ့မင်းသားအတုကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ကျန်းချန်က သူမျှော်လင့်ထားသည်ထက် ပိုကောင်းနေသေးသည်။ ချန်လီ အိမ်ရှေ့မင်းသားကို အလွန်လေးစားခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
မည်သို့ပင်ဆိုစေ ကျန်းချန်သည် သနားစရာကောင်းသူဖြစ်နေသည်မဟုတ်လော....
အိမ်ရှေ့မင်းသားအနေဖြင့် အကျင့်ပျက်ခြစားမှုမျိုး တစ်ခါမျှ မလုပ်ဖူးစည့်အတွက် နာပျက်လည်းမရှိခဲ့ပေ။ ထို့ကြောင့် တိုင်းသူပြည်သားများက ဧကရာဇ်မင်း မြန်မြန် နတ်ရွာစံပြီး အိမ်ရှေ့မင်းသားကို နန်းတက်ခွင့်ပြုရန်မျှော်လင့်ခဲ့ကြသည်။
ကျန်းချန်ရှန်းက သူ့ကို ကယ်တင်ခဲ့သော်ငြားလည်း သူ့ကို အိမ်ရှေ့မင်းအဖြစ် ဘယ်တော့မှ ခွင့်မပြုမည်မဟုတ်ပေ။
"မင်း...ဘယ်သူလဲ?"
ဟုန်လဲ့က ကျန်းချန်ရှန်းကို စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။ ကျန်းချန်ရှန်း ၏စကားကြောင့် ဒေါသထွက်ရမည့်အစား ပို၍ပင်သတိထားနေမိသည်။ဒီလိုနေရာကို တစ်ယောက်တည်းလာဖို့ သတ္တိရှိသည်ကိုကြည့်ချင်းအားဖြင့် ကျွမ်းကျင်သူဖြစ်နိုင်သည်။ ထို့အပြင်၊ ကျန်းချန်ရှန်း၏ လှုပ်ရှားမှုများက ထူးဆန်းလွန်းသည်။ ဒီလိုသိုင်းပညာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အနီးနားရှိ စစ်သားများသည်လည်း တုန်လှုပ်ချောက်ချားနေကြပြီး အလွယ်တကူ ချဉ်းကပ်ရန် မဝံ့ရဲကြပေ။ မြေပြင်ပေါ်ရှိ စစ်သည်များ၏ အလောင်းများက သူတို့ကို အလွန်ကြောက်လန့်စေခဲ့သည်။
ဧကရီသည်လညခး ကျန်းချန်ရှန်းကို ထိတ်လန့်စွာကြည့်ကာ ပဟေဋ္ဌိဖြစ်နေရှာသည်။
ဒီလူက ဘယ်သူလဲ......
ကျန်းချန်ရှန်းသည် သူ၏အသွင်အပြင်ကို ဖုံးကွယ်ထားရုံသာမက အသံကိုလည်း ဖုံးကွယ်ထားသည်။ လုံချီဘုရားကျောင်း၏ တပည့်များပင်လျှင် သူ့ကို မှတ်မိရန် ခက်ပေလိမ့်မည်။
သူ့အကြည့်က သံချပ်ကာဝတ်စစ်သားတွကို ကျော်ဖြတ်ပြီး မြင်းပေါ်က ဟုန်လဲ့ဆီရောက်သွားခဲ့သည်။
"တကျန်းရဲ့ ရေတွေ ဘယ်လောက်နက်တယ်ဆိုတာတောင်မသိဘဲ..ပုန်ကန်ဝံ့တယ်ပေါ့.... ဟာသပဲ.... နောင်ဘဝရောက်ရင် ဉာဏ်ဖို့ဆုတောင်းပေးလိုက်ပါတယ်...."
ထို့နောက် ကျန်းချန်ရှန်းက ညာလက်ကို မြှောက်ပြီး "နိုးထကြလော့” ဟု အော်လိုက်သည်။
တခဏချင်းမှာပဲ စစ်သားအားလုံးရဲ့လက်ထဲက ဓားနဲ့လှံတွေဟာ အထိန်းအကွပ်မဲ့စွာ လွတ်ထွက်သွားပြီး လေထဲကို တညီတညွတ်တည်း ပျံတက်သွားသည့်အတွက် ဧကရီနှင့် ကျန်းချန် အပါအဝင် လူတိုင်းသည် ဤမြင်ကွင်းကြောင့် လန့်ဖြန့်ကုန်ကြသည်။
ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ.....
ဟုန်လဲ့က သူ့ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အလွန်ကြောက်စရာကောင်းတဲ့ တွန်းအားတစ်ခု ခံစားလိုက်ရသည်။ စက္ကန့်အနည်းငယ်ကြာအောင် အားတင်းခုခံနေသော်လည်း သူ၏ဓားသည် လေထဲသို့ ပျံတက်သွားပြီး ဓားသွားထိပ်က သူ့အား ဉီးတည်နေ၏။
ဓားထိန်းချုပ်မှုနည်းစနစ်.....
ဤနည်းစနစ်သည် ဓားများသာမက အခြားလက်နက်များပေါ်တွင်လည်း သက်ရောက်မှုရှိသည်။သို့သော် ပြိုင်ဘက်၏ အင်အားက သူ့ထက်အဆပေါင်းများစွာ နိမ့်ကျသွားသောအခါတွင် ဓားကို အဝေးမှပင် လုယူနိုင်လိမ့်မည်။
ကျန်းချန်ရှန်း ညာလက်ကို နှိမ့်လိုက်သည့်အခါ လက်နက်များက မိုးရွာသလို ကျဆင်းလာပြီး စစ်သားများကိုထိုးစိုက်သွားသည်။ထို့ကြောင့် နန်းရင်ပြင်တွေသွေများစိုရွဲနေ၏။
ဟုန်လဲ့သည်လည်း မြင်းပေါ်မှ ခုန်ဆင်းကာ အမြန် ရှောင်ထွက်လိုက်ရသည်။
ဟုန်လဲ့သည် သိုင်းပညာထူးချွန်သူဖြစ်သည်။မဟုတ်ပါက သိုင်းပညာကို အရေးပေးသေယ တကျန်းတွင် ဗိုလ်ချုပ်ရာထူးရရှိနိုင်မည်မဟုတ်ပေ။
ကျန်းချန်ရှန်း သူ့ထံကနေ စစ်မှန်သော စွမ်းအင်ကို ခံစားလိုက်ရသည်။ထိုစွမ်းအင်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အလွန်နီးကပ်နေသည်။
အသက်ရှူကြိမ် ဆယ်ချက်မပြည့်မီတွင် နန်းတော်တွင်းနှင့် အပြင်ဘက်ရှိ ရာနှင့်ချီသော စစ်သားများသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ လက်နက်များဖြင့် ထိုးခံရပြီး သေဆုံးခဲ့ရသည်။ ဟုန်လဲ့၏လက်စွဲတော်ဓားကလည်း သံချပ်ကာကို ထိုးဖောက်ပြီး သွေးများ ဖုံးလွှမ်းသွားစေခဲ့သဖြင့် နန်းတော်နံရံကို မှီ၍ အသက်ပြင်းပြင်းရှူရင်း ကျန်းချန်ရှန်းကို စိုက်ကြည့်နေသည်။
ပတ်ပတ်လည်တွင် ဓား၊လှံများဝိုင်းရံနေသဖြင့် ဟုန်လဲ့အတွက် လွတ်လမ်းမရှိတော့ပေ။
ဟုန်လဲ့ရဲ့မျက်လုံးတွေထဲတွင် ကြောက်ရွံ့မှုများပြည့်နှက်နေ၏။
ဒီလူရဲ့ သိုင်းပညာက ဘယ်လောက်အထိ မြင့်မားနေသလဲ.......ဒီလို သိုင်းညာကို သူ တစ်ခါမှ မမြင်ဖူးဘူး........ကြောက်စရာကောင်းလွန်းတယ်.....
ထိုစဉ် ကျန်းချန်ရှန်း၏ အသံ လွင့်ပျံလာသည်။
“အရင်က ပြောခဲ့သလိုပဲ....မင်းသေကိုသေရမယ်......"
စကားဆုံးသည်နှင့် ဟုန်လဲ့ရဲ့ခန္ဓာကိုယ်ထဲကို ဓားတွေထိုးစိုက်နေသည့်အသံနှင့် ဟုန်လဲ့၏နာကျင်စွာအော်ငြီးသံတို့က ဦးရေပြားတွေထုံကျဉ်စေလောက်အောင် ထွက်ပေါ်လာသည်။
ကျန်းချန်ရှန်း တဖက်လှည့်ပြီး ကျန်းချန်ကို ချီမကာ ဧကရီထံသို့ လျှောက်သွားခါနီးတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ သိုင်းပညာက မဆိုးပေမယ့် အိမ်ရှေ့မင်းသားကို ခေါ်သွားနိုင်ဖို့မလွယ်ဘူး......"
စကားသံနှင့်အတူ ကပ်ဘေးဗုဒ္ဓနှစ်ပါးက နန်းတော်တံစက်မြိတ်မှ ခြံဝင်းအတွင်းသို့ အမြန်ဆင်းသက်လာခဲ့ပြီး နှစ်ယောက်သား တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
ကျန်းချန်ရှန်းက သူတို့ကို လျစ်လျူရှုပြီး ဧကရီကို ကြည့်လိုက်ကာ....
"သွားကြရအောင်... ကျုပ် ခင်ဗျားကို ဒီနန်းတော်ထဲကနေ အသက်ရှင်လျှက် ခေါ်ထုတ်သွားပေးမယ်....."
ဧကရီက အသက်ပြင်းပြင်းရှူလိုက်ပြီး
“ဟုန်လဲ့သေပြီ.... သူတို့ရဲ့ ကန့်သတ်ချက်ကို သူတို့ သိတာမို့မင်းသားခုနှစ်ရဲ့ လက်အောက်ငယ်သားများသည် ငါ့ကိုထိခိုက်အောင်မလုပ်ရဲကြဘူး.... အိမ်ရှေ့မင်းသားကိုသာ ခေါ်သွားပေးပါ..... ကျေးဇူးပြုပြီး သူ့ကိုဘေးကင်းအောင်စောင့်ရှောက်ပေးပါ....."
ကပ်ဘေးဗုဒ္ဓညီနောင်ကထိုစကားကိုကြားသောအခါ ကျန်းချန်ရှန်း ဆီသို့ ချက်ချင်း ပြေးသွားလေသည်။ သူတို့ရဲ့လှုပ်ရှားမှုက တစ္ဆေသရဲကဲ့သို့ လျင်မြန်သောကြောင့် သာမန်မျက်စိဖြင့် မြင်ရန် ခက်ခဲသည်။
ကျန်းချန်ရှန်းက တချက်လှည့်ကြည့်ပြီး ကန်လိုက်သည့်အခါ ကပ်ဘေးဗုဒ္ဓသည် နန်းတော်နံရံနှင့်ဆောင့်မိသွားပြီး အပျက်အစီးများက သူ့အပေါ်ပြိုကျလာသည်။
ဧကရီနှင့် ဘေးဆိုးဗုဒ္ဓတို့နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။
ကျန်းချန်ရှန်းသည် ကပ်ဘေးဗုဒ္ဓကို ညာခြေဖြင့်နင်းပြီး အားနည်းနေသေးသော ကျန်းချန် ကို ဘယ်လက်ဖြင့် သယ်ဆောင်သွားသည်။
ခပ်ဝေဝေးရောက်သည့်အခါ......
"ဟမ့်...မင်းတို့မဟာယာနမျှောစင်မှာ ကောင်းကင်တက်လှမ်းခြင်းထက်သာတဲ့သူမရှိတော့ဘူးလား....."
ဘယ်လောက်ကြောက်စရာကောင်းတဲ့ အင်အားလဲ.....
ဘေးဆိုးဗုဒ္ဓ ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ကပ်ဘေးဗုဒ္ဓ၏ခွန်အားကို သူ့လောက်သိနိုင်သူရှိနိုင်မည်မထင်.... သို့သော်လည်း ပြိုင်ဘက်က သူ့ကို တစ်ချက်ကန်ချက်ဖြင့် အနိုင်ယူခဲ့သည်။
သူ့အတွေးတွေက လျှပ်စီးလက်သလိုမြန်ဆန်စွာတွက်ချက်ပြီးနောက်......
“မင်းက နတ်ဘုရားနယ်ပယ်မို့ဒီလောက်မောမာရဲနေတာကိုး....မင်းဘာသာ နတ်ဘုရယးနယ်ပယ်မကလို့ ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် မဟာယာနနဂါးမျှော်စင်ကိုစော်ကားခဲ့တဲ့အတွက် ဇာတ်သိမ်းကောင်းနိုင်မှာမဟုတ်ဘူး......"
နတ်ဘုရားနယ်ပယ်....ဒါ ဘယ်လိုနယ်ပယ်မျိုးလဲ......
ကျန်းချန်ရှန်း အံ့သြသွားသည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် စစ်မှန်သောနတ်ဘုရားနယ်ပယ်ကြားတွင် နတ်ဘုရားနယ်ပယ်ရှိနေသေးတာလား......
တစ်ဖက်သား၏စကားအရ မြင့်မြတ်သောနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူဖြစ်လျှင်ပင် မဟာယာနနဂါးမျှော်စင်သည် သူ့ကို နှိမ့်ချနိုင်စွမ်းရှိသေးသည်။
ကျန်းချန်ရှန်းက မထီမဲ့မြင် ပြုံးလိုက်ပြီး....
“ဒါဆို ရှေးဟောင်းဟန်မင်းဆက်ကနေ မဟာယာနနဂါးမျှော်စင်ကို စောင့်နေမယ်..... မင်းတို့ငါ့ကို ရှေးဟောင်ဟန်မင်းဆက်မှာ ရှာနိုင်မရှာနိုင်ကတော့ မင်းတို့ရဲ့မဟာယာနမျှော်စင်ရဲ့အစွမ်းအစပေါ်မူတည်သွားပြီ......"
ကျန်းချန်ရှန်းက ညာခြေကို အားစိုက်ထုတ်ကာ ကပ်ဘေးဗုဒ္ဓ၏ ကြွက်သားများနှင့် အရိုးများကို ချိုးဖျက်ခဲ့သည်။
နာကျင်လွန်းသဖြင့် ကပ်ဘေးဗုဒ္ဓ၏ မျက်လုံးများ ပေါက်ထွက်လုမတတ်ပြုးကျယ်နေသော်လည်းကျန်းချန်ရှန်းကို ပြင်းပြင်းထန်ထန် မတိုက်ခိုက်ဝံ့ပေ။
ကျန်းချန်ရှန်း ထွက်သွားခါနီးမှာ တစ်ခုခုကို ရုတ်တရက် အာရုံခံမိလိုက်ရသည်။
လူရိပ်အချို့ နန်းတော် တံတိုင်းများ၏ နောက်ကွယ်မှ ခုန်တက်လာပြီး ကျန်းချန်ရှန်းကို ဝိုင်းထားကြသည်။ ၎င်းတို့ ဆယ့်သုံးဉီးစလုံးက ဝါးဦးထုပ်များ ဆောင်းထားပြီအဝတ်အစားများက အနည်းငယ် ညစ်နွမ်းနေသော်လည်း ဓားများကို လက်ထဲတွင် ကိုင်ဆောင်ထားကာ သတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် နယ်ပယ် ၁၃ယောက်....ဘေးဉပဒ်ဗုဒ္ဓညီနောင်နဲ့ပါဆို အားလုံးပေါင်း ၁၅ယောက်......
ကျန်းချန်ရှန်း ရယ်ရခက်ငိုရခက်ဖြစ်နေလေပြီ.....
ငါလိုက်ရှာနေတုန်းကတော့ ကောင်းကင်တက်လှမ်းခြင်းအဆင့်တွေရှားပါးလိုက်တာ....အခုများကျတော့လဲ တထိုင်တည်း၁၅ ယောက်နဲ့တည့်တည့်တိုးနေပါရောလား......
မင်းသားခုနှစ် အာဏာရလာပြီးနောက် မဟာယာနနဂါးမျှော်စင်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ပညာရှင် ၁၅ ဦးကို အမှန်တကယ်စေလွှတ်ခဲ့သည်။ မဟာယာနနဂါးမျှော်စင်၏ အုတ်မြစ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျန်းယွမ် ခေါင်းငုံ့ပြီး သတ္တမမင်းသားခုနှစ်ကို ထောက်ပံ့ရန် အရှုံးပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိသည်မှာ အံ့သြစရာမဟုတ်ပေ။
လုပ်ကြံသတ်ဖြတ်သူများ၏ခေါင်းဆောင်ဖြစ်သူ အမျိုးသမီးက....
“အိမ်ရှေ့မင်းသားကို လွှတ်လိုက်ပါ..ဒါဆို ဒီနေ့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်...” ဟု လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ထိုအခါ ကျန်းချန်ရှန်းက.....
"မင်း သူ့ကို သေစေချင်တာလား....ကယ်တင်ချင်တာလား"
ဆယ့်သုံးယောက်စလုံး တိတ်ဆိတ်နေကြသည်။
ကျန်းချန်ရှန်းက ရုတ်တရက် သူ့ဓားကိုဆင့်ခေါ်ပြီး ဓားပျံစီးနင်းကာထွက်ခွာသွားပြီး
သူ့ရယ်မောသံများက ကောင်းကင်ယံတွင် ပျံ့လွင့်သွားသည်။
"သူ့အသက်နဲ့ သေခြင်းကို ငါပဲဆုံးဖြတ်မယ်!"
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် နယ်ပယ်လုပ်ကြံသတ်ဖြတ်သူ 13 ယောက်က ချက်ချင်းလိုက်လာသော်လည်း ဓားပျံစီးနင်းနေသော် ကျန်းချန်ရှန်းကို မည်သို့ဖမ်းနိုင်မည်နည်း။
ဘေးဆိုးဗုဒ္ဓက ဧကရီကိုအရိုအသေပြုလိုက် ပြီး....
“ကျေးဇူးပြုပြီး နန်းဆောင်ထဲမှာပဲနေပါ.... ဒီနေ့ နန်းတော်ထဲမှာ လူသတ်ပွဲတွေ အများကြီးရှိမယ်ဆိုပေမယ့် ဧကရီကို မကြောက်ပါနဲ့......"
ဧကရီက ခေါင်းညိတ်ပြပြီး နန်းတော်သို့ လှည့်ဝင်သွားသည်။
ကျန်းချန်ရှန်းသည် တိမ်ပင်လယ်အထက်တွင် အချိန်အနည်းငယ်ကြာအောင် စောင့်ကြည့်နေခဲ့ပြီး ဧကရီဘေးကင်းကြောင်းသေချာမှသာ နန်းတော်ထဲကထွက်လာခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်ပညာရှင်များသည် သူ၏ရန်ဘက်များ လုံးဝမဟုတ်ပေ။ အကယ်၍ သူတို့ကို သတ်လိုက်မည်ဆိုလျှင် မဟာယာနနဂါးမျှော်စင်သည် ပိုမိုအားကောင်းသောသူများကို စေလွှတ်မည်မှာ သေချာပါသည်။ ထို့အပြင် ဘေးဉပဒ်ဗုဒ္ဓညီနောင်သည် ဝေ့ဝမ်ကိုမွေးဖွားစဉ်က စောင့်ရှောက်ပေးခဲ့သူများဖြစ်သဖြင့် ကလေးလဲလှယ်ခြင်းကိုသက်သေထူပေးနိုင်သည်။
မဟာယာနနဂါးမျှော်စင်၏ စွမ်းအားအစစ်အမှန်ကို မသိရသေးခင်အထိ သတိထားရမည်ဖြစ်သည်။
မဟာယာနနဂါးမျှော်စင် ပေါင်းစည်းထားသော ပညာရှင်အားလုံးထက် တန်ခိုးကြီးသည်ဟု 100% သေချာနေမှသာ မဟာယာနနဂါးမျှော်စင်ကို ဖျက်ဆီးချေမှုန်းနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် သူသည် ဝေ့ဝမ်ကိုပင် ပွင့်ပွင့်လင်းလင်း ထောက်ခံနိုင်ပြီဖြစ်သည်။
ကျန်းချန်ရှန်းသည် ကပ်ဘေးဗုဒ္ဓနှင့် ကျန်းချန်တို့ကို လက်တစ်ဖက်စီတွင် ကိုင်ဆောင်ကာ လုံချီ ဘုရားကျောင်းအထက်သို့ ပျံသန်းသွားခဲ့သည်။ထို့နောက် ခြံဝင်းထဲ ဆင်းလာခဲ့သည်။
ကျန်းချန်ရှန်း ရုတ်တရက်ရောက်လာသောအခါ ပိုင်လုံနှင့် ပင်းအန်းတို့ထိတ်လန့်သွားကြသည်။ ပင်းအန်းသည် ငယ်ရွယ်သေးသဖြင့် ကျန်းချန်ရှန်းကိုမြင်သည်နှင့်တခစ်ခစ်ရယ်မောနေသည်။
ကျန်းချန်ရှန်းက သူတို့နှစ်ယောက်ကို အိမ်ထဲကို ခေါ်သွားပြီး သတိမေ့နေတဲ့ ကပ်ဘေးဗုဒ္ဓနှင့် ကျန်းချန်ကို ပစ်ချလိုက်သည်။
သိပ်မကြာခင် ကပ်ဘေးဗုဒ္ဓ ထပ်မံမေ့မြေညသွားပြန်သည်။ သူ မသေဆုံးမီ မဟာယာနနဂါးမျှော်စင်၏ အစွမ်းသတ္တိအစစ်အမှန်ကို မေးမြန်းစစ်ဆေးရပေဉီးမည်။
ကျန်းချန်ကတော့ သူ့ရွေးချယ်မှုအပေါ် မူတည်နေသေးသည်။
ကျန်းချန်သည် နာကျင်သောအမူအရာဖြင့် မြေပြင်ပေါ်တွင် လှဲနေလိုက်သည်။ သူ့လည်ချောင်းဒဏ်ရာက အခုအချိန်အထိ တည်ငြိမ်နေပေမယ့် သူ့အတွင်းအင်္ဂါတွေလည်း ဒဏ်ရာရထားသဖြင့် ဒီအချိန်မှာအသက်ရှူဖို့တောင် ခက်ခဲနေခဲ့သည်။
ကျန်းချန်ရှန်းက သူ၏ဒဏ်ရာများကို စတင်ကုသခဲ့သည်။
တစ်နာရီကြာပြီးနောက်၊ ကျန်းချန် ၏အခြေအနေသည် ပြန်လည်ကောင်းမွန်လာပြီး စကားအနည်းငယ်ပြောဆိုနိုင်ပြီဖြစ်သည်။
ကျန်းချန်ရှန်းရဲ့ ဝိဉာဉ်စွမ်းအားကြောင့်သာမဟုတ်ရင် သူ့ကို ဘယ်သမားတော်မှ ကယ်တင်နိုင်မည်မဟုတ်ပေ။
ကျန်းချန်က ကျန်းချန်ရှန်းကို ခက်ခက်ခဲခဲကြည့်ကာ တုန်လှုပ်သောအသံဖြင့်......
“ကျေးဇူးတင်ပါတယ်…စီနီယာ…”
ကျန်းချန်ရှန်း ကုတင်ပေါ်ထိုင်ပြီး သူ့ကိုငုံ့ကြည့်သည်။
“အခုချိန်ကစပြီး မင်း..အိမ်ရှေ့မင်းသား မဖြစ်နိူင်တော့ဘူး.... မင်းအနာဂတ်အတွက် ဘာအစီအစဉ်တွေရှိလဲ......"
ကျန်းချန် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် သိသိသာသာ တုန်လှုပ်သွားပြီး ချောင်းဆိုးလာသည်။ .....
"ကျွန်တော်က ဘာဖြစ်လို့ အိမ်ရှေ့မင်းသား ဖြစ်ရမှာလဲ… ခမည်းတော် ပြန်လာတဲ့အခါ…”
"မင်းက မင်းသားအတုပဲ"
ထိုစကားကြောင့် ကျန်းချန် ကျောက်ရုပ်သဖွယ်အေးခဲသွားလေသည်။ခဏအကြာတွင် သူ့မျက်လုံးများ ချက်ချင်းနီရဲလာပြီး တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
“ဟုတ်တယ်… ဟုတ်တယ်… မယ်တော် မရူးဘူး… ကျွန်တော်က စစ်တုရင်နယ်ရုပ်လေးပဲ....…ခမည်းတော် ကျွန်တော့်ကို ဒီလို ဆက်ဆံပြီး စစ်တပ်အာဏာ မပေးခဲ့တာ အံ့သြစရာ မဟုတ်ဘူး... ယန်မိသားစု ကျွန်တော့်ကို ရုတ်တရက် စွန့်ပစ်သွားတာလည်း အံ့သြစရာ မဟုတ်တော့ဘူး.....…”
ကျန်းချန် အော်ဟစ်ရယ်မောရင်း ရူးသွပ်သွားပုံရသည်။
ထို့နောက် ခက်ခက်ခဲခဲ ကုန်းရုန်းထလာသည့် ကျန်းချန်ကို ကျန်းချန်ရှန်းက စိတ်ဝင်တစားစိုက်ကြည့်နေသည်။
ကျန်းချန်သည် စားပွဲပေါ်ရှိ တိုင်ဟန်ဓားကို ကောက်ကိုင်လိုက်ပြီး လက်နှစ်ဘက်နဲ့ကိုင်ပြီး သူ့မျက်နှာကို ဓားဖျားနဲ့ ခြစ်ချလိုက်သည်။ လတ်ဆတ်သော သွေးများက သူ့လက်များ စီးဆင်းကာ မြေပြင်ပေါ်သို့တသွင်သွင်စီးကျနေလေ၏။
ကျန်းချန်ရှန်းက သူ့ကို မတားဘဲ စိုက်ကြည့်နေဆဲပင်.....
ကျန်းချန် သူ့ကိုယ်သူ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်လိုက်သဖြင့် မျက်နှာမှာ သွေးများစွန်းထင်းနေသော်လည်း မျက်လုံးများကတော့ ကြည်လင်နေသေးသည်။ သူသည် တိုင်ဟန် ဓားကို ပစ်ချလိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ထို့နောက် ကျန်းချန်ရှန်း ၏ခြေရင်းသို့ ခက်ခက်ခဲခဲ တွားသွားကာ...
“စီနီယာ...ကျွန်တော့်ကိုလက်ခံပေးပါ… အိမ်ရှေ့မင်းသားမဖြစ်ချင်တော့ဘူး… ဒါပေမယ့် အသက်ရှင်ချင်တယ်…”
သူ့မျက်နှာ မပျက်ဆီးသရွေ့ အဆုံးမရှိ လိုက်လဲဖမ်းဆီးခံရမည်ကို သူနားလည်သည်။
"မင်းငါ့နဲ့နေချင်ရင် မင်းရဲ့မုန်းတီးမှုကို စွန့်လွှတ်ရမယ်.... အခုချိန်ကစပြီး ငါ့နောက်လိုက်အဖြစ်တောင်ပေါ်မှာပဲနေရမယ်....."
“ဒီငယ်သား… ဆန္ဒရှိပါတယ်…”
ကျန်းချန်ရှန်း မျက်နှာဖုံးကို ချွတ်လိုက်ပြီး ကျန်းချန် ကို အံ့အားသင့်စေသည့် အလွန်နုနယ်သော မျက်နှာကို ထုတ်ဖော်လိုက်သည်။
“ဒါက လုံချီ ဘုရားကျောင်းပါ... ကျုပ်နာမည်က ချန်ရှန်း....မင်း ကိုယ့်ကိုကိုယ် နာမည်ပေးပြီးရင် အတိတ်ကိုမေ့ပြီး ဘဝသစ်ပြန်စပါ....."
ထုံးစံအတိုင်း ကျန်းချန်သည် ချန်ရှန်းအကြောင်းကို ကြားသိထားပြီးဖြစ်သည်။အခူချိန်တွင် သူ့နှလုံးသားက သေဆုံးနေပြီဖြစ်ပြီး ဘယ်သူ့ကိုမျှ ဂရုမစိုက်နိုင်တော့ပေ။
“အခုချိန်ကစပြီး ကျွန်တော့်နာမည်က ဝမ်ချန်း…”
ထိုစကားကိုပြောပြီးနောက် ကျန်းချန် မေ့မြောသွားလေတော့သည်။
ကျန်းချန်ရှန်းက သက်ပြင်းချပြီး သူ့ကို ပြန်ကုသပေးပြန်သည်။
ဒီကောင် သူ့ကိုယ်သူ ဘယ်လိုနှိပ်စက်ရမယ်ဆိုတာ တကယ်သိတယ်......
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးရှေ့တွင် စကားတစ်ကြောင်း ပေါ်လာသည်။
“မင်းဆက်တည်ထောင်ပြီး အနှစ်သုံးဆယ်အကြာတွင် မိခင်ဖြစ်သူကို ကယ်တင်ဖို့ ဟုန်လဲ့နဲ့သူ့စစ်သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်။ နောက်ပိုင်းတွင်၊ သင်သည် ဘေးဥပဒ်ဗုဒ္ဓနှစ်ပါးနှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဉီးတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့်အတွက် ရှင်သန်ခြင်းဆုလာဘ်အဖြစ် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုကို ရရှိခဲ့သည်။"
နောက်ဆုံးတွင် သူသည် ရှင်သန်ခြင်းဆုလာဘ်ကို ရရှိခဲ့သည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တု၏ အသုံးဝင်မှုများကို စောင့်မျှော်နေလေတော့သည်။