ငါက လီရှီမင်းဆို မင်းက လီယွမ်ဘ.....
Vol. 2 Ch. 30
[TN/ လီရှီမင်းသည် ဖခင်ကိုပုန်ကန်ပြီးထီးနန်းလုခဲ့သဖြင့် တန်မင်ဆက်၏ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ပုန်ကန်ရာတွင်ပါဝင်ကူညီခဲ့သော် ညီတော်လီယွမ်ဘ ကွယ်လွန်ချိန်တွင် မျိုးရိုးဆက်ခံရန်သားတော်မရှိသဖြင့် လီရှိမင်းက သူ၏စတုတ္ထသားတော် လီတိုင်ကို လီယွမ်ဘ၏မျိုးရိုးဆက်ခံသူအဖြစ်ကြေငြာပေးခဲ့သည်။ လီတိုင်၏ဘွဲ့တော်မှာ ဝေမင်းသားဖြစ်သည်....လီရှိမင်းက ဉာဏ်ရည်ထက်မြက်သူဖြစ်သော်လည်း လီယွမ်ဘကသိုင်းပညာတတ်ကျွမ်းပြီး ခွန်အားကြီးရုံကလွဲရင် ရိုးရိုးဖြောင့်ဖြောင့် ဟောဟောဒိုင်းဒိုင်းသမား ဖြစ်သည်....]
ကျန်းချန်ရှန်းသည် အံဖွယ်ဂိုဏ်း၏ဓမ္မရုပ်ထုမှ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သည်။ အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်ထုသည် အစစ်အမှန်ပုံစံအဖြစ် ဖွဲ့စည်းနိုင်ပြီး ခုခံရေးရော တိုက်ခိုက်ရေးတွင်ပါအသုံးပြုနိုင်သည်။ဤပညာရပ်ကို သုံးပညာအဖြစ်အသုံးပြုနိုင်သလို မှော်ဂါထာအနေနဲ့လည်းအသုံးပြုနိုင်သေးသည်။ သို့သော် ထိုပညာရပ်ကို အတွင်းအားသုံး၍ အသုံးပြုခြင်းနှင့် ဝိဉာဉ်စွမ်းအားသုံး၍အသုံးပြုခြင်းတို့က အကျိုးသက်ရောက်မှုတူညီနေလိမ့်မည်မဟုတ်ပေ။
အင်မော်တယ်ကျင့်ကြံသူများက သိုင်းပညာတတ်ကျွမ်းသော်လည်း သာမန်သိုင်းသမားများက မှော်ဂါထာများကိုအသုံးမပြုနိုင်ပေ။ထို့ကြောင့် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်ထုကျင့်စဉ်က တမူထူးခြားလှသည်ဟုဆိုနိုင်သည်။
ကျန်းချန်ရှန်း တကိုယ်တည်း အတွေးနယ်ချဲ့နေချိန်တွင် ကပ်ဘေးဗုဒ္ဓ၏ညည်းသံသဲ့သဲ့ကိုကြားလိုက်ရသည်။
မြို့တော်၌ ပုန်ကန်မှုသည် နေဝင်ရီတရောအချိန်အထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ ပြင်ပရောက်နေသော တပါ့်များထံမှသတင်းကြားပြီးနောက် မန်ချွဲ့ဆောင်က ကျန်းချန်ရှန်းဆီသတင်းလာပို့ပေးခဲ့သည်။
ဗိုလ်ချုပ်ဟုန်လဲ့ကတော်လှန်ပုန်ကန်ပြီး နန်းတော်၌ ကြေကွဲဖွယ် ကွယ်လွန်ခဲ့သည်။ အခြေအနေပြောင်းပြန်လှန်မှုက မြန်ဆန်လွန်းသဖြင့် အားလုံးထိတ်လန့်အံ့သြနေကြသည်။
မည်သို့ပင်ဆိုစေ၊ ဟုန်မိသားစုတပ်မတော်ကို ဖျက်သိမ်းပြီး ငြိမ်းချမ်းရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။
…....................................
ညဉ့်နက်ချိန်တွင်.....
ကျန်းချန် နိုးလာတော့ သူ့မျက်နှာကို အဝတ်သန့်သန့်နဲ့ ပတ်ထားသည်ကိုသတိပြုမိလိုက်သည်။ ကျန်းချန်ရှန်း လေထဲတွင် တရားထိုင်သည်ကို မြင်သောအခါ ကျန်းချန် ပါးသပ်အဟောင်းသားဖြစ်နေရှာသည်။
ကျန်းချန်ရှန်းကို ကျန်းချန် မနှောင့်ယှက်ဝံ့ပေ။ နံဘေးကို မျှော်ကြည့်တော့ ကပ်ဘေးဗုဒ္ဓက သေနေသလို မြေပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရပြန်သည်။
"နိုးပြီလား? လမ်းလျှောက်ထွက်လို့ရပေမယ့် ခြံအပြင်ကိုတော့ ထွက်လို့မရဘူး.... တစ်ယောက်ယောက်ရောက်လာရင် ချက်ချင်း ပုန်းနေပါ..... ဒီလပိုင်းထဲမှာ မင်းကိုဘုန်းတော်ကြီးဖြစ်အောင်စီစဉ်ပေးမယ်...."
ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ ပြောလိုက်သည်။
ကျန်းချန် အမြန်ထရပ်ပြီး........
“ဝမ်ချန်းက ကိုယ်တော်ချန်ရှန်းကို ထာဝရအစေခံဖို့ ဆန္ဒရှိပါတယ်။ အသက်ကိုကယ်တင်ပေးတဲ့အတွက်ရော အေးချမ်းတဲ့ဘဝသစ်တစ်ခုမှာနေခွင့်ပေးတဲ့အတွက်ပါ ပြောမပြတတ်အောင်ကျေးဇူးတင်ပါတယ်....."
နန်းတော်ထဲတွင် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကိုပြန်တွေးရင်း သိုင်းပညာမတတ်ကျွမ်းသည့် မိမိကိုယ်မိမိ ခံပြင်းနာကျည်းနေမိသည်။
သူ့လည်ချောင်းကို လှီးဖြတ်ပြီး သေခြင်းတရား သူ့ထံ အဆင့်ဆင့် ချဉ်းကပ်လာသောအခါ စိတ်ပျက်အားငယ်မှုက သူ့ကို အသက်ရှင်လိုစိတ် ဖြစ်စေသည်။ သူ နာကျင်ပြီး စိတ်ပျက်အားငယ်နေချိန်မှာ ကျန်းချန်ရှန်းရဲ့ အသွင်အပြင်က သူ့ရဲ့ စိတ်ပျက်အားငယ်မှုကို ပြေပျောက်စေခဲ့သည်။ထို့ကြောင့် ဒီကြင်နာမှုကို သူဘယ်တော့မှမေ့မည်မဟုတ်ပေ။
ယခုအချိန်မှစ၍ သူ့အမည်မှာ ကျန်းချန်မဟုတ်တော့ဘဲ ဝမ်ချန်း ဖြစ်သွားခဲ့ပြီ......
ကျန်းချန်ရှန်းက မြေပြင်ပေါ် ရုတ်တရက် ဆင်းသက်လာပြီး ...
"မင်းဒီမှာရှိတုန်း ငါသူ့ကို စစ်ဆေးမေးမြန်းမယ်"
ကျန်းချန်ရှန်း လက်ညှိုးတစ်ချက်ညွှန်လိုက်သည်နှင့် ကပ်ဘေးဗုဒ္ဓ သတိပြန်လည်လာသဖြင့် ဝမ်ချန်း လန့်ဖြန့်နေရှာသည်။
ကံဘေးဗုဒ္ဓက ပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် လှမ်းကြည့်ရာ ကျန်းချန်ရှန်း၏ ရွှေရောင်မျက်လုံးများကို တွေ့လိုက်ရသည်။
ပုံရိပ်ယောင်နတ်မျက်စိ........
ဝမ်ချန်သည် ကျန်းချန်ရှန်း၏မျက်လုံးများအရောင် ပြောင်းသွားသည်ကို မြင်သောအခါ အလွန်အမင်းထိတ်လန့်နေသည်။ ကံကောင်းထောက်မစွာဖြင့် ပုံရိပ်ယောင်နတ်မျက်စိကို သူ့အပေါ်အသုံးမချတဲ့အတွက် ပုံမှန်အသိစိတ်တိုင်းသာရှိနေသည်။
ကျန်းချန်ရှန်းသည် တစ်ဖက်သား၏မေးခွန်းများကို မသိစိတ်ဖြင့် ဖြေနိုင်သည်အထိ ပုံရိပ်ယောင်နတ်မျက်စိကျင့်စဉ်ကို လေ့ကျင့်ခဲ့သည်။တစ်ဖက်သားက သူ့ကို အယုံကြည်ရဆုံးလူဟု လွဲမှားစွာ ထင်မြင်နေသမျှ ကာလပတ်လုံး သူမေးသမျှကို မချွင်းမချန်ဖြေကြားပေးလိမ့်မည်။
“ မဟာယာန နဂါးမျှော်စင်မှာ အစစ်အမှနမ နတ်ဘုရား ဘယ်နှစ်ပါး ရှိသလဲ”
အစစ်အမှန်နတ်ဘုရားနယ်ပယ်......
ဝမ်ချန်း တံတွေး မျိုချလိုက်မိသည်။ သူသိသလောက်ဆို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကသာ အသန်မာဆုံးဖြစ်သည်။ အစစ်အမှန်နတ်ဘုရားနယ်ပယ်အကြောင်း သူတစ်ခါမှ မကြားဖူးပေ။
“အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ငါမသိဘူး....…”
“ဒါဆို မဟာယာနနဂါးမျှော်စင်မှာ အသန်မာဆုံး နယ်ပယ်က ဘယ်နယ်ပယ်လဲ…”
“အကြည်ညိုခံဆယ့်နှစ်ပါးက နတ်ဘုရားနယ်ပယ်...မျှော်စင်သခင်နဲ့ကာကွယ်သူနှစ်ယောက်ကတော့ အဲ့ထက်အဆင့်မြင့်တယ်......"
ကျန်းချန်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။ တစ်နည်းဆိုရသော် မဟာယာနနဂါးမျှော်စင်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်ရှိနိုင်သည်မှာ မသေချာနိုင်တော့ပေ။
“မဟာယာနနဂါးမျှော်စင်မှာ တပည့်ဘယ်နှစ်ယောက်ရှိပြီး မင်းဆက်ဘယ်နှစ်ဆက်ကိုချုပ်ကိုင်ထားလဲ”
" မင်းဆက်တွေအကြောင်း လျှို့ဝှက်ထားတာမို့ သေချာမသိဘူး.... ကျန်းယွီ ရာဇပလ္လင်ကို သိမ်းပိုက်ဖို့ အားလုံးကို ကူညီဖို့ပဲ အမိန့်ရထားတယ်.....…”
မင်းသားခုနှစ်ကို နန်းတင်မည်ဟု ထင်မထားသဖြင့် ဝမ်ချန်း စိတ်ရှုပ်နေသည်။
ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားသည် အကြီးကျယ်ဆုံးသော ခြိမ်းခြောက်မှုဖြစ်သည်ဟု သူအမြဲတွေးနေခဲ့သည်။ ကျန်းယွီသည် များသောအားဖြင့် နူးညံ့သိမ်မွေ့ပြီး သိုင်းပညာရှင်ဖြစ်သောကြောင့် ရည်မှန်းချက်တစ်စုံတစ်ရာရှိမည်မထင်ခဲ့ပေ။
"ဒါဆို တကျန်းရဲ့ တော်ဝင်မိသားစုအကြောင်း မင်းသိသမျှအကုန်ပြော......"
“ဧကရာဇ်ကျန်းက တစ်ချိန်က မဟာယာနနဂါးမျှော်စင်ကို သူ့ရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုပြီး အစစ်အမှန်နဂါးရဲ့အော်ရာကို သင်ယူခဲ့တယ်...ဒါမှသာ ရှုပ်ထွေးတဲ့ကမ္ဘာကြီးမှာ သီးခြားရပ်တည်ဖို့ အခြေခံအုတ်မြစ်ရှိနိုင်မှာ.... ဒါပေမယ့် ခွန်အားအပြင် ငွေကြေးလည်း လိုအပ်သေးတယ်..... ယန်မိသားစုရဲ့ ပံ့ပိုးကူညီမှုကို ရရှိတဲ့အတွက် ယန်မိသားစုရဲ့ သမီးတော်ကို ဧကရီအဖြစ် ခန့်အပ်ဖို့ ကတိပြုခဲ့တယ်...ဒါပေမယ့် မဟာယာနနဂါးမျှော်စင်က သိုင်းပညာအတွက် အရင်းအမြစ်တွေ ပိုမိုစုဆောင်းနိုင်ဖို့ မင်းဆက်သစ်တစ်ခုကို ထိန်းချုပ်ဖို့ လိုအပ်နေသေးတယ်...ဒါ့ကြောင့် သူတို့က မင်းဆက်တွေရဲ့စည်းမျဉ်းကို ချိုးဖောက်ပြီး ဧကရာဇ်ကျန်းရဲ့ ဆရာတူညီမကို အခြေနေဝင်ထိန်းဖိူ့တောင်းဆိုခဲ့ကြတယ်.....အဲ့အတွက် သူမ မွေးလာတဲ့သားကို ထီးနန်းလွှဲဖို့ ကတိပြုခဲ့တယ်....သူတို့နှစ်ဦးက အိမ်ရှေ့မင်းသားကို လဲလှယ်ပြီး ယန်မိသားစုကို ဖိနှိပ်ဖို့ သဘောတူခဲ့ကြတယ်လေ.... ဧကရာဇ်ကျန်းက ဧကရီအတွက် စိတ်မကောင်းဖြစ်ပြီး စတုတ္ထမြောက်မင်းသားကို ဖွားမြင်စေခဲ့တယ်.... နောက်တော့ ဧကရာဇ်ကျန်းနဲ့ ဆရာတူညီမက မင်းသားခုနှစ်ကို ဖွားမြင်ခဲ့တယ်…”
ထိုစကားကိုကြားသောအခါ ဝမ်ချန်း အံ့ဩသွားသည်။ လူစားထိုးခံရသည်ကို သိထားပြီးသားဖြစ်ပေမယ့် တကျန်းဟာ သိုင်းလောကအရေးတွင်ပါဝင်ရောက်စွက်ဖက်နေမည်ဟုလုံးဝထင်မထားမိခဲ့ပေ။
“ဒါဆို… မင်းသားအတုက ဘယ်ကလာတာလဲ”
ဝမ်ချန်း မနေနိုင်ဘဲမေးလိုက်သော်လည်း ကပ်ဘေးဗုဒ္ဓက တခွန်းမျှပြန်မဖြေခဲ့ပေ။ထို့ကြောင့် ကျန်းချန်ရှန်းကသာ ထပ်မေးလိုက်ရသည်။
“မင်းသားအတုက ဧကရာဇ်အမိန့်နဲ့ ဝတ်ဖြူတော်အစောင့်တွေ ဆင်ခြေဖုံးကရှာလာတဲ့ကလေးပါ...အဲ့တုန်းကတိုင်းပြည်ထူထောင်ကာစမို့ ဆင်းရဲနွမ်းပါးကြတယ်....ကလေးကိုဆန်တစ်အိတ်နဲ့လဲခဲ့ကြတာ......"
ဝမ်ချန်း တိတ်ဆိတ်နေ၏။
ကျန်းချန်ရှန်းက သူ၏ဝမ်းနည်းမှုကို ဂရုမစိုက်ဘဲ မဟာယာနနဂါးမျှော်စင်၏ အခြေအနေကို ဆက်လက်မေးမြန်းခဲ့သည်။
တစ်နာရီကြာပြီးနောက် ကျန်းချန်ရှန်သည် ကပ်ဘေးဗုဒ္ဓ၏အသက်ကိုအဆုံးသတ်ကာ ပိုင်လုံစားသောက်ရန် ပစ်ချပေးလိုက်သည်။ မမျှော်လင့်ဘဲ ပိုင်လုံက သူ့ကို မထီမဲ့မြင်ပြုနေသညိ့အတွက် ဓားပျံကိုစီးနင်းပြီး ကပ်ဘေးဗုဒ္ဓကို မြို့အပြင်က တောအုပ်ထဲကို ပစ်ချဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဝံပုလွေများသည် ကံဘေးဗုဒ္ဓရုပ်အလောင်းကို လူရုပ်မပေါ်အောင် ကိုက်ဖျက်စားသောက်သည်ကိုကြည့်ပြီးမှသာ ဘုရားကျောင်းသို့ပြန်လာခဲ့သည်။
ဝမ်ချန်းက ပိုင်လုံ သူ့ကို စိုက်ကြည့်နေသည့်အတွက် ကမူးရှူးထိုး မလုပ်ရဲတော့ပေ။
ကျန်းချန်ရှန်းက သူ့ကို နတ်ဆိုးသခင်နေခဲ့တဲ့ အခန်းကို ပေးလိုက်ပြီး ဒီအတိုင်း အခြေချနေထိုင်စေခဲ့သည်။
…...............
ဟုန်လဲ့ပုန်ကန်ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အိမ်ရှေ့မင်းသားနှင့်ဒုတိယမင်းသားကလည်း ပျောက်ဆုံးနေသည်......
ဒီအဖြစ်အပျက်တွေက မြို့တော်နဲ့ ကမ္ဘာတဝှမ်းလုံးမှာ ပျံ့နှံ့သွားပြီး အိမ်ရှေ့မင်းသားရာထူးကြောင့် ပြည်တွင်း ရန်ပွဲဖြစ်မှာလားဆိုပြီး ပြည်သူတွေ စိုးရိမ်မှုထိတ်လန့်နေကြသည်။ ထိုအကြောင်းကို ဧကရာဇ်ကြားသိသောအခါ ချက်ချင်း မြို့တော်သို့ ပြန်လာခဲ့သည်။
ဧကရာဇ်ပြန်လာသောအခါ၊ မြို့တော်အတွင်း လုံချီဘုရားကျောင်းအပါအဝင် ကြီးမားသောရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ သို့သော် လပေါင်းများစွာကြာပြီးနောက် ဝမ်ချန်းသည် သူ့မျက်နှာပေါ်ရှိ အဝတ်ကို ချွတ်ပစ်လိုက်သည်။ သူ့မျက်နှာမှာ အမာရွတ်တွေနဲ့ ဖုံးလွှမ်းနေပြီး လွန်ခဲ့သည့်လတွင် ကိုယ်အလေးချိန်များစွာကျဆင်းခဲ့ပြီး ပြင်းထန်သောဒဏ်ရာများကြောင့် အသံကလည်း ပြာအက်အက်ဖြစ်နေပြီ.... သူသည် ယခုချိန်တွင် တာအို၀တ်စုံကို ၀တ်ထားပြီး အိမ်ရှေ့မင်းသားနှင့် ဘာမှမဆိုင်သော ရုပ်ဆိုးသောတာအိုဘုန်းကြီးအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။
ချန်းလီကလည်း ထုံစံအတိုင်း ကျန်းချန်ရှန်း ဆီသို့လာရောက်လည်ပတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်၏ ခွန်အားကို အားပါးတရပြောပြခဲ့သည်။ သံချပ်ဝတ် မြင်းစစ်သည် 100,000 ရှိသော ဟုန်လဲ့ကို သတ်နိုင်မည်ဟု သူ မယုံနိုင်ပေ။
နောက်ပိုင်းတွင် လုံချီဘုရားကျောင်း၌ ရုပ်ဆိုးဆိုးဘုန်းတော်ကြီးတစ်ယောက် တိုးလာခဲ့သည်။ သူသည် ကိုယ်တော်ချန်ရှန်း၏ ခြံဝင်းကို သန့်ရှင်းရေးလုပ်လေ့ရှိပြီး မန်ချွဲ့ဆောင် နှင့် အခြားသော တပည့်များကိုလည်း ကူညီပေးတတ်သည်။
အများအားဖြင့်၊ ဝမ်ချန်းနှင့်ပိုင်လုံတို့ရှိနေ
သည့်အတွက် ပင်းအန်းကို ဂရုစိုက်စရာမလိုသိပ်မလိုခဲ့ပေါ။ ဝမ်ချန်း ကျင့်ကြံရန်အတွက် ကျန်းချန်ရှန်းက အဆင့်နိမ့်မသေမျိုးကျင့်စဉ် တခုပေးခဲ့သော်လည်း သွေးကြောများပေါက်ထွက်လုမတတ် ဖြစ်ကုန်သဖြင့် ကျင့်စဉ်ကိုပြောင်းလဲပေးရုံအပြင် မတတ်နိုင်တော့ပေ။
ဤသို့ဖြင့် တစ်နှစ်တာအချိန်ကုန်ခဲ့ပြန်သည်.....
တကျန်းမင်းဆက်ထူထောင်ပြီး ၃၁ နှစ်တွင် ဧကရာဇ်က မင်းသားခုနှစ်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့သည်။ထိုသတင်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်ခြောက်ခြားသွားစေခဲ့သော်လည်း မင်းသားများကတော့ မည်သူမျှ ကန့်ကွက်ရန် သတ္တိမရှိကြပေ။ မင်းသားခုနှစ်ကို ချိန်းခြောက်နိုင်သူကတော့ နယ်စပ်တွင် ရှေးဟောင်းဟန်မင်းဆက်များနှင့် တိုက်ခိုက်ပြီး ဧကရာဇ်အတွက် အရှုပ်အထွေးများကို ရှင်းထုတ်ပေးနေရဆဲပင်.....
ကျန်းချန်ရှန်း၏နေ့ရက်များက ပျင်းရိစရာကောင်းလှသည်။ ဧကရီ အဆင်ပြေကြောင်းသေချာချိန်ကနေစ၍ လေ့ကျင့်ခြင်းတွင်သာအာရုံစိုက်ခဲ့သည်။
မင်းဆက်တည်ထောင်ပြီး ၃၂ နှစ်တွင်.....
ဝေ့ဝမ်လေး သုံးနှစ်သားအရွယ်မှာ ဟွာဂျန်ရှင်းနဲ့ အစေခံတစ်ဖွဲ့က သူ့ကို လုံချီဘုရားကျောင်းဆီခေါ်လာပေးခဲ့သည်။ ထိုနေ့မှစ၍ ဝေ့ဝမ်သည် လုံချီဘုရားကျောင်းတွင် တစ်ပတ်လျှင် သုံးရက်နေထိုင်ပြီး ကျန်းချန်ရှန်းထံမှ သိုင်းပညာကိုသင်ယူလေ့လာခဲ့သည်။
ကျန်းချန်ရှန်း၏တပည့်တပိုင်းအဖြစ်သတ်မှတ်ခံထားရသော ဝမ်လီနှင့်မင်ယွဲ့ သည်လည်း ထိပ်တန်းကျွမ်းကျင်သူများဖြစ်နေပြီဖြစ်သည်။သို့ပေမယ့် နှစ်ယောက်စလုံး တောင်ကနေမဆင်းကြပေ။ အားလပ်ချိန်တွေမှာ ကျန်းချန်ရှန်းက ဝေ့ဝမ်ကို ဂရုစိုက်ဖို့သူတို့နှစ်ဉီးကိုတာဝန်ပေးထားသည်။
မင်းဆက်တည်ထောင်ပြီးနောက် ၃၃ နှစ်တွင်.....
တကျန်း၏ မြောက်ပိုင်းနယ်နိမိတ်ကို ရှေးဟောင်းဟန်မင်းဆက်က ချိုးဖောက်နိူင်ခဲ့သည်။ထိုအချိန်မှစ၍ တကျန်းတတိုင်းပြည်လုံး စစ်ပွဲများနှင့်ရင်ဆိုင်နေရသည်။
သာမန်ပြည်သူအများစုက ဧကရာဇ်ကို ငြူဆူကျိန်ဆဲနေကြသည ဧကရာဇ်သာ ရှေးဟောင်းဟန်မင်းဆက်ကို လုပ်ကြံရန် မတိုက်တွန်းပါက၊ ထိုသို့ဖြစ်မည်မဟုတ်ပေ။
ဆောင်းဦးရာသီ.... လုံချီ ဘုရားကျောင်းဝင်းအတွင်း.....
မြေဝိညာဉ်သစ်ပင်သည် အဆောက်အအုံတစ်ခုထက် ပိုမြင့်ပြီး ကြွေကျနေသော သစ်ရွက်များကလည်း မြေပြင်ပေါ်တွင်ပြန့်ကြဲနေ၏။ ထိုသစ်ပင်၏ပင်စည်တွင် ပေါင်လုံးခန့်ကြီးမားသောမြွေဖြူတစ်ကောင်ရစ်ပတ်နေပြီး သစ်ပင်အောက်တွင် လူတစုဝိုင်းဖွဲ့နေကြသည်။
ကျန်းချန်ရှန်း ပုံပြင်တစ်ပုဒ်ပြောပြနေသည်ကို ဝေ့ဝမ်၊ ပင်းအန်း၊ ဝမ်လီနှင့်မင်ယွဲ့ တို့က နားထောင်နေသည်။
“ယွမ်စစ်တပ်က ယရှန်ကိုဝိုင်းထားတာကြောင့် ဝန်ကြီးချုပ်က ရှစ်နှစ်သားအရွယ် ဧကရာဇ်ကို ကျောပေါ်တင်ပြီး ပင်လယ်ထဲခုန်ချခဲ့တယ်... စစ်သည်နဲ့ နိုင်ငံသားပေါင်း ၁၀၀,၀၀၀ ကျော် စစ်ပွဲအတွင်း သေဆုံးခဲ့ရပြီး စုန်မင်းဆက်လည်းဆုံးခန်းတိုင်ခဲ့ရတယ်......"
လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်ကတည်းက ဝေ့ဝမ်ကို ရှေးမင်းဆက်များ၏ ဇာတ်လမ်းများကို စတင်ပြောပြခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဝမ်လီနှင့်မင်ယွဲ့ ကို အတူတကွ နားထောင်ရန် ဆွဲဆောင်ခဲ့သည်။
ဝေ့ဝမ်သည် တန်ဖိုးကြီးဘရိုကိတ်အဝတ်အစားများကို ၀တ်ဆင်ထားပြီး သူ၏မျက်နှာသွင်ပြင်မှာ အလွန်ထူးခြားလှသည်။ အထူးသဖြင့် မျက်ခုံးကြားမှ မွေးရာပါအမှတ်အသားသည် တတိယမျက်လုံးနှင့်တူသည်။ ပင်းအန်းက သူ့ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး ဆံပင်၊အဝတ်အစားတို့ကရှုပ်ကွနေသည်။ သူတို့နှစ်ဦး၏ ပုံရိပ်နှင့် စိတ်နေစိတ်ထားမှာ အလွန်ကွာခြားလှသည်။
ပင်းအန်းသည် မွေးရာပါ ဉာဏ်ရည်ချိူ့တဲ့သူဖြစ်သောကြောင့် ဝမ်ချန်းနဲ့ မင်ယွဲ့တို့က သူ့ဆံပင်နဲ့ အဝတ်အစားတွေကို သပ်ရပ်အောင် ကူညီပေးတဲ့အခါတိုင်း၊ မကြာခင်မှာ ညစ်ပတ်သွားစမြဲပင်.....
သူသည် ဉာဏ်ရည်ချို့တဲ့သော်လည်း ကြီးမားသော ခွန်အားဖြင့် မွေးဖွားလာခဲ့သည်။ လေးနှစ်သားအရွယ်တွင် အိပ်ပျော်နေသော ဝမ်ချန်းကို မချီနိုင်နေပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ချန် အလွန်ထိတ်လန့်သွားသည်။
ဝေဝေ့ဝမ်က ဟန်ပါပါမေးထောက်လိုက်ပြီး.....
“စုန်မင်းဆက်ဇာတ်လမ်းက မကောင်းဘူး....ကျွန်တော်ကတော့ တန်မင်းဆက်ကိုသဘောကျတယ်.... ကျွန်တော်သာ ဧကရာဇ်ဖြစ်ရင် ရှေးဟောင်းဟန်မင်းဆက်ကိုပြားပြားဝပ်အောင်နင်းချေပစ်မယ်....."
သူက ပင်းအန်းကို လှည့်ကြည့်လိုက်ပြီး ပခုံးပေါ်လက်တင်လိုက်ကာ.....
"ပင်းအန်၊ ငါက လီရှီမင်းဆို မင်းက လီယွမ်ဘပဲ..... ငါတို့နှစ်ယောက် ကမ္ဘာအနှံ့ အတူတူ ခရီးထွက်ကြမယ်.......”
လေးနှစ်သားက ရှစ်နှစ် ကိုးနှစ်သားကဲ့သို့ ပြောနေသော်လည်း အလွန်နားထောင်ကောင်းနေသည်။
ပင်းအန်းက သူ့ကို ပွေ့ဖက်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ တခစ်ခစ်ရယ်ပြီး.....
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ လီရှီမင်း၊ လီယွမ်ဘ…”
သူတို့ နှစ်ယောက် ဆုံပြီးကတည်းက ခင်မင်ရင်းနှီးခဲ့ကြသည်။ သက်တူရွယ်တူမို့ နှစ်ယောက်သားရင်းနှီးကြသည်မှာမထူးဆန်းသော်လည်း ပင်းအန်းသာအနားမှာရှိပါကဝေ့ဝမ်ကိုဘယ်သူမျှမထိဝံ့ကြပေ။
မင်ယွဲ့က ခေါင်းခါလိုက်ပြီး....
. "လီရှိမင်းက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကိုရခဲ့ပြီး သမိုင်းမှာ ပထမဆုံး ဧကရာဇ်အဖြစ် သတ်မှတ်ခံရတယ်...ဒါပေမယ့် လိပ်နက်ဂိုဏ်းမှာဖြစ်ခဲ့တဲ့ ပြောင်းလဲမှုက မဆေးကြောနိုင်တဲ့ အစွန်းအထင်းတစ်ခုဖြစ်နေတယ်.... အစ်ကိုနဲ့အဖေကိုသတ်ပြီး နန်းလုတာ ဘာများအထင်ကြီးစရာကောင်းနေလို့လဲ......"
ဝေ့ဝမ်က ဒေါသတကြီးထရပ်ပြီး ....
" အစ်မမင်ယွဲ့..... လီရှီမင်းက အတင်းအကြပ်ဖိအားပေးခံခဲ့ရတာ....ဘာပဲဖြစ်ဖြစ် သူသာ ဧကရာဇ်ဖြစ်သင့်တယ်.... အရင်ဆုံးမွေးတဲ့သူကိုဘာလို့ ဧကရာဇ်ဖြစ်ခွင့်ပေးကရမှာလဲ....အစွမ်းအစရှိတဲ့သူသာ ဧကရာဇ်ဖြစ်သင့်တာ....."
ကျန်းချန်ရှန်း သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ပြောရလျှင် ဝေ့ဝမ်သည် မင်းသားခုနှစ်၏ အကြီးဆုံးသားတော်မဟုတ်ပေ။ သားအကြီးဆုံးသည် တရားမ၀င်သောသားဖြစ်သော်လာည်း မင်းသားခုနှစ်၏ မျက်နှာသာပေးမှုကိုလည်း ခံရသည်။ သူ့အမေက မင်းသားခုနှစ်ရဲ့ အချစ်တော်ဖြစ်ပြီး ဝေ့ဝမ်ရဲ့မိခင်ကိုတော့ ဧကရာဇ်က စီစဉ်ပေးခဲ့၍သာလပ်ထပ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဝေ့ဝမ်ကို မွေးဖွားပြီး တစ်နှစ်မပြည့်မီတွင် ကြင်ယာတော် ကွယ်လွန်သွားသဖြင့် သားအကြီးဆုံး၏မိခင်သည် ကိုယ်လုပ်တော်ဘဝမှကြင်ယာတော်အဖြစ်သို့ အောင်မြင်စွာ ရာထူးတိုးခဲ့သည်။
ကျန်းချန်ရှန်း ထိုအကြောင်းကို တိတ်တဆိတ် တွေးနေမိသည်။
ဝေ့ဝမ်နှင့်မင်ယွဲ့တို့ ငြင်းခုန်ကြရင်း ဝေ့ဝမ် ဒေါသထွက်နေတာကို မြင်လိုက်ရတော့ ပင်းအန်း ရုတ်တရက် ထရပ်ပြီး မင်ယွဲ့ ကို လက်သီးနဲ့ထိုးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် မင်ယွဲ့လည်း သိုင်းပညာကို လေ့ကျင့်ထားသဖြင့် အလွယ်တကူရှေညင်တိမ်းနိုင်ခဲ့သည်။
ဝမ်ချန်း တံမြက်စည်းလှည်းနေရင်းကနေ ကျန်းချန်ရှန်းရဲ့ နံဘေးကိုရောက်လာပြီး....
" ဆရာသခင်.... ကျုံး မင်းဆက်၊ ချင်မင်းဆက်၊ ဟန်မင်းဆက်၊ တန်မင်းဆက်နဲ့ စုန်မင်းဆက်" ဒီမင်းဆက်တွေက ဘယ်ကလာတာလဲ.... သူတို့အကြောင်း တခါမှမကားဖူးဘူး....."
ကျန်းချန်ရှန်း ဒီပုံပြင်များကို သက်သက်ထန်တီးထားသည်ဟုသာထင်နေမိသည်။
ကျန်းချန်ရှန်းဘက်က စိတ်ကူးယဉ်ပုံပြင်ဟုပြောခဲ့သော်လည်း ထိုအဖြစ်အပျက်များကအစစ်အမှန်နှင့်တူလွန်းလှသည်။