ဝူလင်းလောက၏တိုက်ခိုက်မှု...နားလည်ရခက်သော ဂိုဏ်းဆရာ.....
Vol. 3 Ch. 31
“ကမ္ဘာကြီးက ကြီးမားတယ်.... ဒါကို မင်းဘယ်လောက်သိလဲ....တကျန်းအပြင်မှာ ဘယ်လောက်ကျယ်ပြောတဲ့နယ်မြေတွေရှိနေမလဲဆိုတာ ဘယ်သူပြောနိုင်မလဲ......”
ကျန်းချန်ရှန်း ပြုံးလိုက်သည်။ သူ့စကားကြောင့် ဝမ်ချန်း ခေါင်းညိတ်ပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။
ရှေးခေတ်ကတည်းက ကမ္ဘာကြီး ဘယ်လောက်ကျယ်ပြောသလဲ ဘယ်သူမှ မသိခဲ့ကြပေ။ ရှေးဟောင်းဟန်မင်းဆက်က တကျန်းကို ရင်ဆိုင်ရုံသာမက တစ်ဖက်တွင်လည်း မင်းဆက်တစ်ခုနှင့် ရင်ဆိုင်ရသည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ ကံကောင်းထောက်မစွာဖြင့် တကျန်းသည် ပင်လယ်နှင့် နီးသောကြောင့် ဘက်ပေါင်းစုံမှ ရန်သူများ ဝိုင်းရံ၍မရနိုင်သော ကောင်းမွန်သောနေရာတွင် ရှိနေသည်။
ကျန်းချန်ရှန်းက ဝေ့ဝမ်ကို ခေါ်ပြီး သိုင်းပညာသင်ကြားပေးခဲ့သည်။
ဝမ်လီ..မင်ယွဲ့ နှင့် ပင်းအန်းတို့ကလည်း သိုင်းပညာအတူလေ့ကျင့်ဖို့ ဝေ့ဝမ် ဘေးနားသို့ လျှောက်သွားကြသည်။ ပင်းအန်းသည် ဉာဏ်ရည်ချို့တဲ့သော်လည်း ရန်လိုစိတ်ပြင်းပြသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ကျန်းချန်ရှန်း သည် အတွင်းအားကျင့်စဉ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး စကြဝဠာ၏ ကောင်းကင်ဘုံကျမ်းစာ ဟုအမည် ပေးခဲ့သည်။ထိုကျင့်စဉ်သည် တာအိုသဘာဝကျင့်စဉ်၏ ပထမအဆင့်သုံးဆင့်ကို တုပပြီး အဆင့်ခုနစ်ဆင့် ခွဲခြားထားသောကျင့်စဉ်ဖြစ်သည်။
လက်ရှိအချိန်တွင် ဝမ်ချန်း၊ ဝေ့ဝမ် နှင့်ဟွာဂျန်ရှင်းတို့သည် စကြဝဠာ၏ ကောင်းကင်ဘုံကျမ်းစာကို လေ့ကျင့်နေသူများဖြစ်ကြသည်။
အခြားတစ်ဖက်တွင်၊ ပင်းအန်းသည် နတ်ဆိုးခန္ဓာကျင့်စဉ်ကိုလေ့ကျင့်နေသည်။ သို့သော် ပင်အန်းကိုသင်ကြားခြင်းသည် ဝေ့ဝမ်ကို သင်ကြားခြင်းထက် ပိုခက်ခဲသည်။
ရွက်ဟောင်းတွေတဖြုတ်ဖြုတ်ကြွေဆင်းခဲ့ပြန်ပြီ...........
အဝေးက တံစက်မြိတ်မှာ ဝတ်ရုံဖြူဝတ်ဆင်ထားသူတစ်ဉီး ကောင်းကင်ကို မော့ကြည့်ရင်း ငြိမ်သက်စွာ ရပ်နေပ်သည်......
ထိုမြင်ကွင်းက တိတ်ဆိတ်ပြီး တမျိုးတဖုံလှပနေပြန်တော့သည်။
….....................
မင်းဆက်တည်ထောင်ပြီး ၃၄ နှစ်အကြာတွင်.......
ရှေးဟောင်းဟန်မင်းဆက်သည် ကျန်းမင်းဆက်ကို ကြီးမားသော အတိုင်းအတာဖြင့် ကျူးကျော်ဝင်ရောက်ခဲ့ပြီး ပတ်၀န်းကျင်ရှိ အခြားမင်းဆက်များမှာလည်း မငြိမ်မသက်ဖြစ်ကုန်ကြသည်။
ကျန်းမင်းဆက်သည် နှစ်ပေါင်းသုံးဆယ်အတွင်း အကြီးမားဆုံး အကျပ်အတည်းကိုတွေ့ကြုံနေရပြီဖြစ်သောကြောင့် အိမ်ရှေ့မင်းသား ကျန်းယွီသည် ရှေ့တန်းသို့သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။ ဧကရာဇ်သည် မြို့တော်တွင်နေခဲ့သော်လည်း ညီလာခံတက်ရောက်သည့်အကြိမ်အရေအတွက် လျော့နည်းသွားသည်။ သူသည် လက်ရှိအချိန်တွင် အားနည်းလာပြီဖြစ်သောကြောင့် အမတ်များကလည်း စိတ်ယိုင်နေကြပြီ........
ကမ္ဘာကြီးက ကမောက်ကမ ဖြစ်နေပေမယ့် သိုင်းလောကကတော့ ရှင်သန်နေဆဲပင်......
ဒေသဆိုင်ရာ အရာရှိများ၏ ကန့်သတ်ချက်များမရှိသဖြင့် သိုင်းလောကသည် ပို၍ပင် ပရမ်းပတာဆန်လာခဲ့သည်။ အမျိုးမျိုးသော သြဇာအာဏာကြီးသည့်ပုဂ္ဂိုလ် အများအပြား ပေါ်လာပြီး ပါရမီရှင်များကလည်း လက်ညှိုးထိုးမလွဲအောင် ပေါများလာခဲ့သည်။
တနေ့သ၌...........
လုံချီ ဘုရားကျောင်းဆီသို့ ဧည့်သည်တစ်ဉီးရောက်လာခဲ့သည်။
ထိုလူသည် သူတောင်းစားအိုကြီးတစ်ယောက်သဖွယ် ညစ်ပတ်ပေရေနေသည်။
တောင်တံခါးကိုစောင့်သော တပည့်တချို့က ထိုသူကို စာနာစိတ်ဖြင့် အသားအသောက်အချို့ကျွေးမွေးခဲ့ကြသည်။
သူတောင်းစားဟောင်းက တပည့်တစ်ယာက်ရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ......“ဆရာတော် ချန်ရှန်း ဒီမှာရှိသေးလား”
တပည့်က ပြုံးပြီးပြောတယ်...... " ခင်ဗျားလည်း ဆရာတော်ချန်ရှန်း နဲ့ တွေ့ချင်နေတာလား......မဖြစ်နိုင်ဘူး..... မင်းမျိုးမင်းနွယ် တော်တော်များများက သူနဲ့ စကားပြောချင်ပေမယ့် ငြင်းပယ်ခံလိုက်ရတယ်......ဆရာတော်ကအလုပ်များတာမို့ လောကီလောကကို ဂရုစိုက်ဖို့ အချိန်မရှိဘူး..... ဒါပေမယ့် ရောက်တုန်းရောက်ခိုက် ပိုင်လုံကိုတွေ့သွားပေါ့....ပိုင်လုံက ကျွန်တော်တို့ လုံချီဘုရားကျောင်းရဲ့ဝိညာဉ်သားရဲလေ...... တွေ့ဆုံမှုတစ်ခုက ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပါတယ်......."
သူတောင်းစားအိုကြီးက ရှုပ်ပွနေသော ဆံပင်ကို ဖယ်ရှားကာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော မျက်နှာကို ပေါ်လွင်စေသည်။ထိုသူ၏မျက်နှာသွင်ပြင်က အလွန်ကြောက်စရာကောင်းပြီး တပည့်များကို ထိတ်လန့်စေသည်။
“ငါ့ကို တစ်ခုလောက် ကူညီပြီးသတင်းပို့ပေးပါ...... လီချန်းချင် လာလည်တဲ့အကြောင်း ဆရာတော်ချန်ရှန်းဆီလျှောက်တင်ပေးပါ....."
"လီချန်းချင်?"
တပည့်က မျက်မှောင်ကြုတ်ပြီး ရေရွတ်နေရင်းကနေ ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်ပြီး သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
"ကောင်းပြီ.....ဆရာတော်ကိုချက်ချင်းအကြောင်းကြားမယ်"
သူထွက်သွားပြီးနောက် သူတောင်းစားအိုကြီးသည် မီးဖိုချောင်မှထွက်ကာ ခြံဝင်းထဲသို့ လျှောက်သွားသည်။ အနီးနားရှိ အဆောက်အဦများကို ကြည့်ရင်း သူ့မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည်။
အမွှေးတိုင်တစ်တိုင်စာခန့်အကြာတွင် ထိုတပည့်ပြန်လာပြီး လီချန်းချင်ကို ကျောင်းထိုင်၏ခြံဝင်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လီချန်းချင်သည် ဘယ်ညာ ဝေ့ဝဲကြည့်နေသည်။ သူသည် အရာအားလုံးကို ရင်းနှီးသော်လည်း မရင်းနှီးသလို ခံစားရသည်။
လုံချီဘုရားကျောင်းတွင် တပည့်များ ပိုများလာသော်လည်း ရင်းနှီးသူနည်းပါးသည်။
သူတို့နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကျန်းချန်ရှန်း ၏ ခြံဝင်းဆီသို့ ရောက်ရှိလာကြသည်။
လီချန်းချင် အသက်ပြင်းပြင်းရှူပြီး ခြံဝင်းထဲသို့ ဂရုတစိုက် လျှောက်သွားသည်။ ကလေးနှစ်ယောက်နှင့်ခြံဝင်းကို သန့်ရှင်းရေးလုပ်နေသည့် ရုပ်ဆိုးသော ဘုန်းတော်ကြီးတစ်ပါးကို သူတွေ့လိုက်ရသည်။ သူ့ဂျူနီယာညီငယ် ကျန်းချန်ရှန်းကတော့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေပြီး သူ့အငွေ့အသက်က ကောင်းကင်၊မြေကြီးနဲ့ တစ်သားတည်းဖြစ်လုနီပါး တည်ငြိမ်အေးချမ်းလှသည်။
ကျန်းချန်ရှန်းကိုမြင်သောအခါ လီချန်းချင် တုန်လှုပ်သွားသည်။
သူ ထွက်သွားခဲ့စဉ်က ကျန်းချန်ရှန်းသည် အသက်မပြည့်သေးသော ကလေးအရွယ်သာရှိသေးသည်။ နှစ်များစွာကြာပြီးသည့်တိုင် တစ်ချက်ကြည့်ရုံနှင့်ပင် မှတ်မိနိုင်သေးသည်။ ကျန်းချန်ရှန်းသည် ယခုအချိန်တွင် အသက် ၃၄နှစ်ရှိနေပြီဖြစ်သည်။
ကျန်းချန်ရှန်း မျက်လုံးဖွင့်ပြီး ပြုံးလိုက်သည်။
“စီနီယာအစ်ကိုကြီး မတွေ့တာကြာပြီ....လာထိုင်ပါ.... ဝမ်ချန်၊ လက်ဖက်ရည်ပြင်ပေး....."
ဒါကိုကြားတော့ ဝမ်ချန်းက ချက်ချင်းပဲ အိမ်ဘက်ကို လျှောက်သွားသည်။
ဝေ့ဝမ်သည် လက်ရှိတွင် ရေချိုးရန် ရေကန်ငယ်လေးထဲတွင် ငြိမ်သက်စွာ လေ့ကျင့်နေပြီး လီချန်းချင်ကို တစ်ချက်ကြည့်လိုက်ရုံသာကြည့်လိုက်သည်။ ဒီရေကန်ထဲတွင် ကျန်းချန်ရှန်းက သူ့အတွက် အထူးတီထွင်ထားတဲ့ ဆေးတစ်မျိုးနဲ့ ပြည့်နေပြီး သူ့ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် အလွန်အထောက်အကူပြုပေးနိုင်သည်။
လီချန်းချင် ဝေဝေဝါးဝါးဖြင့် ကျန်းချန်ရှန်း ရှေ့တွင်ထိုင်ချလိုက်သည်။
“နောက်ဆုံးတွေ့တာ နှစ်အတော်ကြာခဲ့ပြီပဲ..... ကံကောင်းထောက်မစွာနဲ့... လုံချီဘုရားကျောင်းမှာ မင်းရှိနေသေးတယ်....."
လီချန်းချင် ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူ့ညီငယ်လေးက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်လို့ အမြဲတမ်းခံစားခဲ့ရသည်။ ကံမကောင်းစွာပဲ၊ သူသည် လုံချီ ဘုရားကျောင်းမှ စောစီးစွာ ထွက်ခွာခဲ့ပြီး သူ၏ကြီးပြင်းလာမှုကို မမြင်နိုင်ခဲ့ပေ။
ကျန်းချန်ရှန်းသည် သူနှင့် ပျော်ရွှင်စရာများကို စတင်ဖလှယ်ခဲ့သည်။ အခုမှပြန်တွေ့ရသည်မို့ ကျန်းချန်ရှန်းလည်း ခံစားချက်တွေ ပြည့်နှက်နေခဲ့သည်။
တစ်ချိန်က ချောမောပြီး ကြီးကျယ်ခမ်းနားတဲ့ အကြီးဆုံးအစ်ကိုက ဒီလို အခြေအနေမျိုး ရောက်သွားခဲ့တယ်.........
လီချန်းချင်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူဖြစ်နေပြီဟု သူနားလည်နိုင်သော်လည်း သူ၏ အစစ်အမှန်ချီများမှာ ဖရိုဖရဲဖြစ်ပြီး အတွင်းအင်္ဂါများ လည်းဆိုးရွားစွာ ပျက်စီးနေသဖြင့် ရက်ပိုင်းမျှသာအသက်ရှင်နိုင်တော့မည်။
လီချန်းချင်သည် ကျန်းချန်ရှန်း၏ ငယ်စဉ်ကလေးဘဝအကြောင်းကိုသာ မေးမြန်းခဲ့ပြီး သူ့အကြောင်း များစွာမပြောပြခဲ့ပေ။
ချန်းလီဆီက ကြားသင့်ကြားထိုင်သမျှ အကုန်ကြားထားပြီးပြီမို့ ကျန်းချန်ရှန်းကလည်း ဘာမှမမေးခဲ့ပေ။
တစ်နာရီကြာ စကားပြောပြီးနောက် လီချန်းချင် ချောင်းဆိုးရင်းသွေးအန်လာခဲ့သည်။
သူက ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်ပြီး.......
"ညီငယ်......ချန်ရှန်း၊ ငါ့ကို လုံချီ ဘုရားကျောင်းမှာပဲ သင်္ဂြိုဟ်ပေးပါ..... ငါ့ကိုနေစရာပေးမယ်မလား...."
သူ့အသံက အရမ်းအားနည်းတယ်........
ကျန်းချန်ရှန်းက.....
“ရတယ်..... ဝမ်ချန်း...စီနီယာအစ်ကိုကို အစ်မတော်ဆီခေါ်သွားပေးလိုက်ပါ....ဒီမှာနေဖို့ ခွင့်ပြုတဲ့အကြောင်းလည်းပြောပြလိုက်......"
ဝမ်ချန်း ချက်ချင်းပင် အနားရောက်လာပြီး လီချန်းချင်လည်း မတ်တတ်ထရပ်လိုက်သည်။
ကျန်းချန်ရှန်းက သူတို့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရွှင်မြူးသွားသည်။
တောင်ပေါ်ကမဆင်းခဲ့တာလည်း ကံကောင်းခြင်းပဲ......ကံကောင်းထောက်မစွာနဲ့ အချစ်နဲ့မတွေ့ခဲ့ဘူးပဲ.........
ကျန်းချန်ရှန်းသည် မိန်းမများကို နှစ်သက်သော်လည်း သူ့ကန့်သတ်ချက်များကို သူသိသည်။ မအောင်မြင်ခင်မှာ သူ့အတွက် အားနည်းချက်တွေ မဖန်တီးချင်သေးပေ။ထို့ကြောင့်လည်းဟွာဂျန်ရှင်းနဲ့ သူ့ရဲ့ဆက်ဆံရေးကို ထုတ်ဖော်မပြခဲ့ပေ။
သူသည် လီချန်းချင်ကို ကယ်တင်ရန် ရည်ရွယ်ချက်မရှိပေ။ လီချန်းချင်သည် အချစ်အတွက် ရူးသွပ်သွားခဲ့ပြီး လူပေါင်းများစွာကို သတ်ခဲ့ဖူးသည်။ သူ့ကို ကယ်တင်ခြင်းက ပိုဒုက္ခပေးလိမ့်မည်။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နက်နဲလွန်းလှသည်။
လီချန်းချင်ကိုမြင်သောအခါ မန်ချွဲ့ဆောင် သဘာဝအတိုင်း စိတ်လှုပ်ရှားနေသည်။ နှစ်ယောက်သား စကားအကြာကြီး ပြောဖြစ်ခဲ့ကြသည်။ တစ်ချိန်က မန်ချွဲ့ဆောင်သည် လီချန်းချင်ကို လေးစားမှု အရိပ်အယောင် ရှိခဲ့သည်။လုံချီဘုရားကျောင်းတွင် လီချန်းချင်သည် အကြီးဆုံးတပည့်ဖြစ်ပြီး သူ၏ အငယ်တန်းညီအကိုမောင်နှမများကို ကောင်းစွာပြုစုစောင့်ရှောက်ခဲ့သည်။ သို့သော် ဤမြတ်နိုးမှုခြေရာသည် အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ငါးရက်အကြာတွင် လီချန်းချင် သေဆုံးသွားခဲ့သည်။ ကျန်းချန်ရှန်း၊မန်ချွဲ့ဆောင်နှင့် တပည့်ဟောင်းအချို့က သူ့ကို သင်္ဂြိုဟ်ပေးခဲ့ကြသဖြင့် ထိုသတင်းက အပြင်သို့ပျံ့မသွားခဲ့ပေ။
သို့သော်လည်း နောက်ရက်များတွင် သိုင်းပညာရှင်တစ်ဦးကို တောင်ပေါ်သို့ ခိုးဝင်ကာ နေရာအနှံ့ ရှာဖွေနေခဲ့သည်။ သို့သော် သူသည် မည်သည့် မကောင်းမှုမှ မကျူးလွန်ဘဲ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ထိုသူသည် ပြန်မထွက်သွားခင် လီချန်းချင်၏အုတ်ဂူရှေ့တွင်အချိန်အတော်ကြာ ရပ်နေခဲ့သေးသည်။
ကျန်းချန်ရှန်းက သူတို့ရဲ့ အာဃာတကို အနှောင့်အယှက်မပေးခဲ့ပေ။ လီချန်းချင် သေဆုံးသွားခဲ့ပြီဖြစ်၍ အာဃာတကို ယခုအချိန်တွင် ဖြေရှင်းသင့်သည်။ လုံချီဘုရားကျောင်းမှာ ပြဿနာရှာဖို့ အတင်းအကြပ်ပြောနေတယ်ဆိုရင် သူ့အတွက် ရှင်သန်ခြင်းဆုလာဘ်တွေ ထပ်ရလာပါလိမ့်မည်။
တစ်လခွဲခန့်တွင် ....
စတုတ္ထအဆင့် အရာရှိဖြစ်နေပြီဖြစ်သော ချန်းလီ ရောက်ရှိလာသည်။ ချန်မိသားစုသည် သတ္တမမြောက်မင်းသားထံ ခိုလှုံပြီးနောက် ရာထူးတိုးမြှင့်ခံရပြီး စိတ်ဓာတ်ကျနေသော ချန်လီသည်လည်း ယခုအချိန်တွင် အခွန်ဌာနတွင် အလုပ်လုပ်နေပြီး သူ့ကိုယ်ပိုင်အိမ်လည်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ချန်းမိသားစုပိုင်အိမ်တွင်နေထိုင်စရာမလိုတော့ပေ။
"ချန်ရှန်း...... မင်း လီချန်းချင် ကို တောင်ပေါ်မှာ မြှုပ်ဖို့ အမိန့်ပေးတယ်.....ဒါက မကောင်းဘူးနော်..... သိုင်းပညာရှင် အများအပြားက မြို့တော်အပြင်ဘက်မှာ စုဝေးနေကြပြီ..... လီချန်းချင်ရဲ့သင်္ချိုင်းကို တူးချင်တယ်လို့ ပြောကြတဲ့ သူတို့ထဲမှာ ငါတို့ ချန်းမိသားစုရဲ့ တပည့်တွေလည်းပါတယ်....."
ချန်းလီက စိုးရိမ်သောကဖြင့် ပြောလိုက်သည်။
ဝေ့ဝမ် မရှိသောကြောင့် ဝမ်ချန်သည် ပင်အန်းနှင့်အတူ တောင်တဝိုက်တွင် လှည့်လည်နေသဖြင့် အခု ခြံထဲမှာ သူတို့ နှစ်ယောက်ပဲ ရှိနေခဲ့သည်။
“အခုအချိန်မှာ သတ္တမမြောက်မင်းသားက သူ့စစ်တပ်ကို စစ်မြေပြင်မှာ စုစည်းပြီးပြီ..... မြို့တော်အတွင်းနှင့် အပြင်မှည စစ်သည် စုစုပေါင်း အရေအတွက်က 100,000 ထက် မပိုဘူး.... ဒီအရေအတွက်နဲ့စုရုံးနေတဲ့သိုင်းသမားတွေကို ခုခံဖို့မလွယ်ဘူး......"
ကျန်းချန်ရှန်းက... “သူသေနေပြီပဲ... သူ့သင်္ချိုင်းကို တူးမယ်ဆိုတာ ဘာသဘောလဲ”
“တကယ်တော့ သူတို့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတဲ့ပုံပဲ..... ဒါပေမယ့် သူတို့မှာ လက်စားချေဖို့ အကြောင်းပြချက် ရှိပြီး သူတို့ကို မောင်းထုတ်ဖို့က ကျင့်ဝတ်အရ မသင့်တော်ဘူး.... ဒါ့ပြင် လက်ရှိအခြေအနေက…”
ထိုကာလအတွင်း ကျန်းချန်ရှန်းသည် မြို့အပြင်ဘက်တွင် သိုင်းပညာရှင်အများအပြား စုဝေးနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ သူတို့အားလုံးဟာ အလွန်အားနည်းတဲ့အတွက် သူတို့ကို ဂရုစိုက်နေစရာမလိုပေ။
ကျန်းချန်ရှန်းက..... "လုံချီတောင်ကို ဝန်းရံဖို့ မြို့တော်ကို ဖွင့်ပေးမှာလား...."
ချန်းလီက ခဏလောက်စဉ်းစားပြီး ...
“ဒါတော့ ငါလည်း မသိဘူး..... ဒီဖြစ်နိုင်ချေကိုမေ့ထားလို့မရဘူး.... တကယ်တော့၊ ဂိုဏ်းခွဲအများစုဟာ အရာရှိတွေနဲ့ ခင်မင်ရင်းနှီးကြတယ်...အခုချိန်မှာ သတ္တမမင်းသားရော စတုတ္ထမင်းသားရော မြို့တော်မှာမရှိဘူး..... ဘုရင်မင်းမြတ်က မကြာသေးမီကမှ တံခါးပိတ်လေ့ကျင့်နေတာ.....လုံချီဘုရားကျောင်းကို ဘယ်သူမှမကူနိုင်ဘူး....."
ကျန်းချန်ရှန်းက "နားလည်ပါတယ်....."
ချန်းလီက "မင်း ညှိနှိုင်းချင်ရင်ပြော.... ချန်းမိသားစုက စီစဉ်ပေးလို့ရတယ်....."
ကျန်းချန်ရှန်းက ခေါင်းခါပြီး ရယ်သည်။
"အစ်ကိုချန်....ကျုပ်က ရန်လိုတာမဟုတ်ပေမယ့် ငါ့တံခါးကို တစ်ယောက်ယောက်က ဝင်တိုက်ခိုက်ရင် သနားနေမှာမဟုတ်ဘူး"
ချန်လီသည် တစ္ဆေမျက်လုံးနတ်ဆိုးဘုရင်အကြောင်း တွေးတောသောအခါ၊ ကျန်းချန်ရှန်းသည် ယခင်က လူတစ်ဦးကို သတ်ခဲ့ဖူးပြီး မြင်နေရသလို နူးညံ့သိမ်မွေ့ခြင်းမရှိကြောင်း ရုတ်တရက် သိလိုက်ရသည်။ နှစ်အတော်ကြာ အပြန်အလှန် ဆက်ဆံပြီးနောက် ဤအရာကို သူ မေ့လုနီးပါး ဖြစ်ခဲ့သည်။
သူ မထွက်ခွာမီ နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးခဲ့သည်။ အလုပ်ရှုပ်နေသောကြောင့် လူကိုယ်တိုင်လာရောက်ရန် မလွယ်ကူပေ။
ကျန်းချန်ရှန်းသည် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သော်လည်း ထိုင်ရာမှ မထခဲ့ပေ......
လူမလောက်ဘူး........
ထို့အပြင်၊ လူများလေလေ၊ ရှင်သန်ခြင်းဆုလာဘ်သည် ပို၍ရက်ရောလေလေဖြစ်သည်။
ကျန်းချန်ရှန်းသည် နေ့တိုင်း လေ့ကျင့်နေခဲ့ပြီး ရံဖန်ရံခါ ဝိညာဉ်တိုးဆေးကို သောက်သုံး
သည်။ သူ၏ ကျင့်ကြံမှုက တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသဖြင့် ထိုဂိုဏ်းများသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူ အယောက် (၁၀၀)ကို စုစည်းနိုင်လျှင်ပင်၊ သူသည် ၎င်းတို့ကို ဂရုစိုက်နေမည်မဟုတ်ပေ။
ဤနှစ်များတစ်လျှောက်လုံးတွင် သတ္တမမြောက်မင်းသားနှင့် မဟာယာနနဂါးမျှော်စင်တို့သည် သူ့ကိုစမ်းသပ်ရန် ရောက်မလာခဲ့ကြပေ။ ဆိုလိုသည်မှာ လုံချီဘုရားကျောင်းကို လုံး၀ သံသယမရှိသည့်သဘောပင်..... ကျန်းချန်ရှန်းဟာ သူတို့ရဲ့ရန်သူမှန်းတောင် မသိကြရှာပေ။
အပေါ်ယံတွင် ကျန်းချန်ရှန်းသည် ဝေ့ဝမ် ၏ဆရာဖြစ်ပြီး သတ္တမမြောက်မင်းသား၏လူအဖြစ် ယူဆနိုင်သည်။
ထိုနေ့ညတွင်......
နောက်တစ်ယောက် တောင်ပေါ်တက်လာပြန်သည်။ ဤတစ်ကြိမ်တွင် ရောက်လာသူသည် ကျန်းချန်ရှန်း၏ခြံဝင်းဆီသို့ ပြေးသွားခဲ့သည်။ ကျန်းချန်ရှန်းသည် အသိအကျွမ်းဟောင်းတစ်ဦးဖြစ်သောကြောင့် သူ့ကိုမတားခဲ့ပေ။
တစ်စုံတစ်ယောက်က ပြတင်းပေါက်ကို ခေါက်လိုက်ပြီး အသံတစ်ခု ထွက်ပေါ်လာသည်။
" ဆရာ... ဒီမှာလား ? ငါက နတ်ဆိုးသခင်ပါ....”
ဝမ်ချန် နှင့်ပင်းအန်းတို့ ကြားသွားမည် စိုးသောကြောင့် သူ့အသံက အလွန်နူးညံ့နေသည်။
ကျန်းချန်ရှန်း မျက်လုံးကိုဖွင့်လိုက်သည်နှင့် ပြတင်းပေါက် ရုတ်တရက်ပွင့်လာသဖြင့်... နတ်ဆိုးသခင်ကို တုန်လှုပ်သွားစေခဲ့သည်။
ကျန်းချန်ရှန်းကိုတွေ့တော့ ချက်ချင်းထပြီး ဦးညွှတ်လိုက်ပြီး......
" ဆရာ....မကောင်းတော့ဘူး....သိုင်းလောကသားတွေက ပိုင်လုံကို သိမ်းပိုက်ဖို့ လီချန်းချင်ကို ရမယ်ရှာနေကြတာ....."
“ကျုပ် သိထားရသလောက်ဆို ဒီနောက်ကွယ်က ကြိုးကိုင်နေသူက မူလဝိဉာဉ်န်ပြန်ဂိုဏ်းရဲ့ ဂိုဏ်းချူပ်ပဲ...... အဲ့ဒီ့ဂိုဏ်ချုပ်က ဒီနှစ်တွေတစ်လျှောက်လုံး နတ်သားရဲတွေကို အထူးရှာဖွေနေပြီးသူတို့ရဲ့ ဝိညာဉ်သွေးများကို စုပ်ပြီး ကြွက်သားနဲ့ အရိုးတွေသန်မာအောင်လေ့ကျင့်နေတာ.... အရင်က ကြုံဖူးပေမယ့် အခုဘယ်လောက်သန်မာမေပြီလဲမသိဘူး....ဒါပေမယ့် သူက အပြစ်ပေးအကြီးအကဲထက်သန်မာပြီး နန်းတော်ထဲကကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူလောက်တော့ရှိမယ်ထင်တယ်....."
ကျန်းချန်ရှန်း ထိုစကားကိုကြားသောအခါ အေးစက်သောအရိပ်တစ်ခုက မျက်လုံးများထဲတွင်ဖြစ်တည်လာသည်။
ပိုင်လုံကို ပစ်မှတ်ထားတာမို့ အကြောင်းအရင်းတခုမဟုတ် တခုထပ်ရှာကြဉီးမှာပဲ....
ကျန်းချန်ရှန်းသည် မူလဝိညာဉ်ပြန်ဂိုဏ်း၏ ဂိုဏ်းချုပ်အမည်ကို ဟိုအရင်ကတည်းကကြားဖူးထားသည်။ သူသည် တစ်ချိန်က ငယ်ရွယ်သော ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ သိုင်းလောကတွင် မွန်းစတားတစ်ကောင်ဖြစ်လာပြီး ရာဇပလ္လင်အတွက် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။
"သူရောက်နေပြီလား...."
ကျန်းချန်ရှန်းက မေးလိုက်သည်။
“မရောက်သးဘူး.... ဆယ်ရက်အလွန်ဆုံးပဲ...... သူက အရပ်ဘက်နဲ့ စစ်ဘက်အရာရှိများစွာကို လာဘ်ထိုးထားတာမို့ မြို့တံခါးဖွင့်လိုက်တာနဲ့ သူတို့တွေ မြို့ထဲသို့ဝင်ခွင့်ရမှာ..... သူတို့ရဲ့ပစ်မှတ်က လုံချီဘုရားကျောင်းပဲ....."