အံ့ဖွယ်ဂိုဏ်းပေါ်လာပြီ.....ကမ္ဘာပေါ်က သိုင်းသမားတိုင်းကသာမာန်လောက်ပါပဲ.....
Vol. 3 Ch. 33
နတ်ဆိုးသခင်က မြို့ရိုးပေါ်ကနေ အဝေးကို မျှော်ကြည့်နေ၏။ ရှုထျန်းကျိ နောက်ပြန်ဆုတ်သွားတာကို မြင်တော့ အံ့သြသွားသည်။
ထိုသူသည် သာမန်လူမဟုတ်ပေ။ သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူစစ်စစ်ဖြစ်ပြီး ဂိုဏ်းတစ်ခု၏ခေါင်းဆောင်ဖြစ်သည်။ သူတို့နှစ်ယောက် လက်ချင်းချိတ်ထားရင်တောင်
ဆရာတော်ချန်ရှန်းရဲ့ ခွန်အားကို မှီနိုင်မည်မထင်......
ဒါက ရယ်စရာကောင်းလွန်းတယ်...
နတ်ဆိုးသခင် ထိတ်လန့်သွားသည်။ နောက်ထပ်အစီအစဉ်တစ်ခုစလုပ်တော့မည်ဖြစ်သောကြောင့် မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေခဲ့သည်။
တစ်ခြားဘက်တွင်......
မင်းသားခုနှစ်၏ အိမ်ရာတော်တံစက်မြိတ်ပေါ်တွင် လူဆယ့်လေးယောက်ရပ်နေသည်။ သူတို့သည် ဘေးဆိုးဗုဒ္ဓနှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါးတို့ဖြစ်သည်။၎င်းတို့ကလည်း လုံချီတောင်မှ တိုက်ပွဲကို ကြည့်နေကြသည်။
ဘေးဆိုးဗုဒ္ဓ မျက်မှောင်ကြုတ်နေ၏။ဆရာတော်ချန်ရှန်း၏ ခွန်အားသည် ကပ်ဆိုးဗုဒ္ဓကို သတ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကို အမှတ်ရစေသည်။ သို့သော် သူတို့၏အော်ရာ ခြားနားချက်ကတော့ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဦး၏ ခေါင်းဆောင်မှာ ကွေ့လော့ဖြစ်သည်။သူသည် လက်နှစ်ဘက်ဖြင့် ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး၊ မြွေများနှင့် ကင်းမြီးကောက်များကဲ့သို့ အေးစက်သော မျက်လုံးတစ်စုံက သူ၏ဝါးဦးထုပ်အောက်တွင် ပေါ်လာသည်။
“ဒီဆရာတော်က ရှုထျန်းကျိလို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ပဲဖြစ်ရမယ်.... သိုင်းလောကမှာ ဒီလို ပုန်းကွယ်နေသူတစ်ဦး ရှိလိမ့်မယ်မထင်ခဲ့ဘူး..... သိုင်းလောကက ငါတို့ထင်ထားသလိုအားနည်းနေတာမဟုတ်ဘူးပဲ....."
အခြားလူသတ်သမားတစ်ယောက်က.....
“ဧကရာဇ်လက်အောက်က အပြစ်ပေးအကြီးအကဲထက်တောင် သာလွန်နေပြီးဆိုတော့ သူ့ကို ဘယ်ကနေ ခေါ်ယူခဲ့တာလဲ သိချင်မိတယ်...."
မင်းသားခုနှစ်စံအိမ်တွင် လူသတ်သမားများ
ဆွေးနွေးနေကြစဉ် ရှုထျန်းကျိက ကျန်းချန်ရှန်းကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
မာနကြီးသော သက်လတ်ပိုင်း အမျိုးသားသည် ကျန်းချန်ရှန်း၏ အင်အားကြောင့် ထိတ်လန့်နေပြီး ကြောက်လန့်တကြားကြည့်ကာ စကားမပြောဝံ့တော့ပေ။
ဓားသွားကို ကိုင်ထားသည့် ကျန်းချန်ရှန်း၏ ဘယ်လက်က စောင်းကြိုးတီးခတ်နေသကဲ့သို့ လှုပ်ရှားသွားသည်။
“ငါ မင်းကို အခွင့်အရေး ပေးမယ်။ မင်းတို့အားလုံး အတူတူ တိုက်ခိုက်ကြ.....ငါကျေနပ်လောက်တဲ့အထိ တိုက်ခိုက်နိုင်ရင်အသက်ချမ်းသာပေးမယ်....."
ဤအခြေအနေတွင်၊ သူသည် ရှင်သန်ခြင်းဆုလာဘ်ကို ရရှိနိုင်သည်။ ရှင်သန်ခြင်းဆုကြေး၏တန်ဖိုးသည် ရန်သူ၏အင်အားပေါ်တွင်မူတည်သောကြောင့် အားလုံးကိုဒေါသထွက်အောင်ဆွပေးရမည်။
ရှုထျန်းကျိက.....
" ဆရာတော်က တကယ့်ကို မာနကြီးပါတးပေတယ်.... လူ ၅၀၀ မလိုဘူး.... ကျုပ်တစ်ယောက်တည်းနဲ့တင် လုံလောက်ပြီ!"
သူသည် ရှေ့မှလူကို တွန်းဖယ်ကာ ရှေ့သို့ တိုးလာသည်။ ထို့နောက် အစစ်အမှန်ချီများပေါက်ကွဲထွက်လာပြီး ဝတ်ရုံနှင့်ဆံပင်များလေထဲတွင် လူးလွန့်နေသည်။အခြားသော သိုင်းပညာရှင်များက လူစုခွဲကာ ကျန်းချန်ရှန်း လွတ်မြောက်ရန် တားဆီးခဲ့ကြသည်။
ချင်ကူနှင့် အခြားသူများ တောင်ခါးပန်းဆီသို့ ဆုတ်ခွာသွားခဲ့ကြပြီး တိုက်ပွဲကို ဆက်လက်ကြည့်ရှုခဲ့ရာ အလွန်ထိတ်လန့်သွားခဲ့သည်။
ကျန်းချန်ရှန်း အစွမ်းထက်ကြောင်း သူတို့သိသော်လည်း သိုင်းပညာရှင်များဘက်က ကျွမ်းကျင်သူ ၅၀၀ ကျော်ရှိသည်။
ဝေ့ဝမ်၊ဝမ်ချန်း၊ပင်းအန်းနှင့် အခြားတပည့်များအားလုံး တောင်ပေါ်ရှိ ကျောက်သားမဏ္ဍပ်ကနေ တိုက်ပွဲကို စောင့်ကြည့်နေကြသည်။
"ဆရာ အောင်မြင်နိုင်လား"
ဝေ့ဝမ်ကဖြင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ဒါဟာ ငယ်ငယ်ကတည်းက ဒီလိုကြီးမားတဲ့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်....
ဝမ်ချန်းက ခေါင်းညိတ်လိုက်ပြီး
"ဆရာတော် အနိုင်ရမှာပါ.... သေချာပေါက် နိုင်ရလိမ့်မယ်"
ပင်းအန်းက နာကျင်စွာ အော်ဟစ်လိုက်သည်။ ဝမ်ချနသာ သူ့ကို မတားထားရင် တောင်ကနေ အပြေးအလွှား ဆင်းသွားလိမ့်မည်။
ရှုထျန်းကျိ ရှေ့သို့ တလှမ်းချင်း ရွေ့လျားလာပြီး အရှိန်အဟုန် ဆက်လက် တိုးလာသည်။ သူ၏ အရှိန်အဟုန်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူထက် သာလွန်သွားခဲ့ပြီး အခြား သိုင်းပညာရှင်များကို တုန်လှုပ်သွားစေခဲ့သည်။
" ခေါင်းဆောင်ရှုရဲ့ ခွန်အားက ကြောက်စရာပဲ......"
"လန့်လို့သေတော့မယ်....ခေါင်းဆောင်ရှု မဆင်မခြင်လှုပ်ရှားနေပြီ.....”
"ဟုတ်တယ်....သူ့အရည်အချင်းနဲ့ဆိုရှောင်ဖို့ လွယ်ပါတယ်.....”
“ဒါပေမယ့် လုံချီဘုရားကျောင်းရဲ့ဆရာတော်
ချန်ရှန်းက တကယ်ကိုအစွမ်းထက်တယ်....သူ့ရဲ့ အစွမ်းက သိုင်းလောကရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ......”
“ဆရာတော်ချန်ရှန်းက အရမ်းငယ်တယ်....ကြည့်ရတာ ကောလဟာလတွေ မှန်နေပြီထင်တယ်....သူက မိုးကြိုးအတိဒုက္ခကိုဖြတ်ကျော်ထားတာမို့မသေမျိုးဖြစ်နေပြီတဲ့...."
ရှုထျန်းကျိနှင့်ကျန်းချန်ရှန်းကို ကြည့်ရင်း သိုင်းပညာရှင် အချင်းချင်း ဆွေးနွေးနေကြသည်။
ရှုထျန်းကျိက ကျန်းချန်ရှန်းနှင့် ပေ 30 အကွာတွင် ရပ်လိုက်သည်။ သူသည် စွမ်းအင်များကို လက်ဖဝါးများဖြင့် စတင် ဖြန့်ကျက်လိုက်ပြီး စက်ဝိုင်းပုံဆွဲလိုက်ရာ အော်ရာများ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ပေတစ်ထောင်အတွင်းမှ သိုင်းပညာရှင်တိုင်း အသက်ရှူကြပ်ကာ အလွန်အမင်း ဖိနှိပ်မှုကို ခံစားခဲ့ရသည်။
ရုတ်တရက် သူ့ခြေထောက်ကို ဆောင့်နင်းပြီး ကျန်းချန်ရှန်းဆီသို့ ပြေးသွားခဲ့သည်။ အပြာရောင်စစ်မှန်သောချီဓာတ်များ သူ၏ညာဖက်လက်ဖဝါးတွင် စုစည်းကာ ပျံသန်းနေသော နှင်းများကို မရပ်တန့်နိုင်သော စွမ်းအားဖြင့် ဓားတလက်လိုဖြတ်တောက်သွားလေ၏။
ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ ရွှေရောင်အလင်းတန်းတွေ ထွက်လာပြီး ပေငါးဆယ်ခန့်မြင့်မားသော ရွှေရောင်သဏ္ဍာန်တစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤရွှေရောင်သဏ္ဍာန်သည် သူနှင့်တူသော်လည်း ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါရှိပြီး မတူညီသော မှော်လက်နက်များကို ကိုင်ဆောင်ထားသည်။
အံ့ဖွယ်ဂိုဏ်း၏ ဓမ္မရုပ်တု....
ရှုထျန်းကျိ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ အံ့ဖွယ်ဂိုဏ်းရဲ့ဓမ္မရုပ်တုက ဓားရိပ်ကို ဝှေ့ယမ်းပြီး သူ့ကို နောက်သို့လွင့်စင်စေခဲ့သည်။
ရှုထျန်းကျိ လေထဲတွင် လူးလိမ့်ပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။ ထို့နောက် ညာလက်ဖဝါးဖြင့် မြေကြီးကို ပုတ်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ချင်ကူနှင့် အခြားသူများ ထိုမြင်ကွင်းကြောင့် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို မျက်လုံးများ ကျယ်သွားကြသည်။
နတ်ဆိုးသခင်၊ ဘေးဆိုးဗုဒ္ဓနှင့် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးယောက်အပြင် တိုက်ပွဲကို ကြည့်ရှုနေသော သိုင်းပညာရှင် အားလုံး ထိတ်လန့်သွားကြသည်။
"အဲ့ဒါဘာလဲ?"
ရှုထျန်းကျိ၏သွေးများ ပွက်ပွက်ဆူနေပြီး အတွင်းအင်္ဂါများ နာကျင်နေသည်ကိုသာ ခံစားခဲ့ရသည်။ လည်ချောင်းထဲက သွေးတွေကို သည်းခံပြီး မျိုချလိုက်ပြီး မတ်တတ်ထရပ်ကာ.... “ဒါက ဘာသိုင်းပညာလဲ” လို့ အသံနက်ကြီးနဲ့ မေးလိုက်သည်။
ကျန်းချန်ရှန်းက.....
"အံ့ဖွယ်ဂိုဏ်းရဲ့ ဓမ္မရုပ်တုက ငါကိုယ်တိုင်ဖန်တီးထားတဲ့ သိုင်းပညာတစ်ခုဖြစ်ပြီး အနာဂတ်မှာ လုံချီဘုရားကျောင်းရဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခု ဖြစ်လာလိမ့်မယ်..... ဒီနေ့၊ ကမ္ဘာပေါ်က သူရဲကောင်းအားလုံးကို အံ့ဖွယ်ဂိုဏ်းရဲ့ ဓမ္မရုပ်တုရဲ့ အစွမ်းသတ္တိကို ပြပေးမယ်....."
လူတိုင်းက ထိုနာမည်ကို အလွတ်ကျက်ပြီး သူ့နောက်ကွယ်က အဓိပ္ပါယ်အမှန်ကို မှန်းဆနေကြသည်။
ရှုထျန်းကျိ ရုတ်တရက်ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် ကျန်းချန်ရှန်း ၏ဘယ်ဘက်တွင် ပေါ်လာသည်။ သူသည် ညာဖက်လက်ဖဝါးကို မြှောက်လိုက်ပြီး ကျန်းချန်ရှန်း၏မျက်နှာကို ချိန်ရွယ်ထားသည်။
ကျန်းချန်ရှန်းက သူ့ကို ငုံ့ကြည့်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ပြင်းထန်လှသောရိုက်ချက်ကြောင့် ရှုထျန်းကျိ မျက်လုံးများပြာဝေသွားသည်။
အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုက သံတူကြီးဖြင့် ရိုက်နှက်လိုက်သည့်အတွက် ပေါက်ကွဲသံနှင့်အတူ ရှုထျန်းကျိ နှင်းထဲသို့ နစ်ထဲသွား၏။ ဒီတစ်ကြိမ်မှာတော့ သွေးတွေကို ဖုံးကွယ်ထားလို့ မရတော့ဘဲ သူ့ပါးစပ်ကနေ ဖျန်းခနဲ ထွက်လာသည်။
ရှုထျန်းကျိက ညာလက်ဖြင့် မြေပြင်ပေါ်ထောက်ပြီး အစစ်မှန်ချီဓာတ်များထပ်မံပေါက်ကွဲလာကာ မျက်ဆံများအပြာရောင်သန်းလာသည်။ထို့နောက် ဓမ္မရုပ်တု၏တူကြီးကို ခုခံကာ လှစ်ကနဲထွက်ပြေးသွားလေသည်။
ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။ ဒါက ကောလဟာလထွက်နေတဲ့ အင်မော်တယ်နတ်ဘုရားပညာရပ်လား.....
မဆိုးပါဘူး!
ပေါက်ကွဲနိုင်သောစွမ်းအားသည် အမှန်တကယ်ပင် အံ့ဩစရာဖြစ်ခဲ့သော်လည်း အဓိကအားဖြင့် ကျန်းချန်ရှန်းဘက်က ကရုဏာပြခဲ့သောကြောင့်ဖြစ်သည်။
သူအခုလို သက်တောင့်သက်သာ နေရခြင်း အကြောင်းရင်းမှာ ရှင်သန်ခြင်း ဆုလာဘ်များကို ရယူလိုသောကြောင့်လည်း ဖြစ်သည်။
ရှုထျန်းကျိ မတ်တပ်ထရပ်ပြီး လက်ကို မြှောက်လိုက်သည်။ သူ၏စစ်မှန်သောချီသည် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ယ ဆယ်ပေရှည်လျားသော ဓားချီက ကမ္ဘာကို နှစ်ခြမ်းခွဲနိုင်သကဲ့သို့ ပျံသန်းနေသောနှင်းများကိုဖြတ်တောက်လိုက်သည်။
ဓမ္မရုပ်ထုကလည်း ရှည်လျားသော တောင်ဝှေးကို ပင့်မြှောက်ကာ ဓားချီကို အလွယ်တကူ ပိတ်ဆို့ထားသည်။
ရှုထျန်းကျိ က ကျန်းချန်ရှန်းဆီသို့ တစ်ဖန် ပြေးလာသည်။လေပေါ်ခုန်တက်ပြီး ခန္ဓာကိုယ်ကို တပတ်လှည့်လိုက်သောအခါ
စစ်မှန်သောချီသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်ကာ အရာခပ်သိမ်းကို ထိုးဖောက်နိုင်သော နတ်မြှားတစ်စင်းကဲ့သို့ ဖြစ်စေသည်။
ဓမ္မရုပ်ထုက အခြားလက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ပါးရိုက်လိုက်သည်ကို ရှုထျန်းကျိက မရှောင်တိမ်းခဲ့ပေဖယ ယင်းအစား၊ သူသည် စစ်မှန်သောချီကို တိုးမြှင့်လိုက်သည်။
ဒိုင်း!
ရှုထျန်းကျိနောက်သို့လွင့်စင်သွားပြန်သဖြင့် မြို့ရိုးနံရံနှင့်ဝင်ဆောင့်ကာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေရှာတော့သည်။
လုံချီ တောင်ခြေရင်းမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းသာကြီးစိုးနေလေ၏။
နတ်ဆိုးသခင်၊ ဘေးဆိုးဗုဒ္ဓနှင့် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးယောက်စလုံးလည်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
ရှုထျန်းကျိ၏ အရှိန်အဟုန်နှင့် ကျွမ်းကျင်မှုက အလွန်အားကောင်းပြီး သိုင်းလောကတွင် နာမည်တစ်ခုစိုက်ထူထားနိုင်သူဖြစ်သည်။ သို့သော်၊ သူသည် အံ့ဖွယ်ဂိုဏ်း၏ ဓမ္မရုပ်တုရှေ့တွင် လွန်စွာအားနည်းနေခဲ့သည်။
"မင်းတို့ဘာကိုစောင့်နေတာလဲ? အတူတူလာတိုက်ကြလေ.....သိုင်းလောကမှာ မင်းတို့လိုသူရဲဘောကြောင်သူတွေပဲရှိတာလား.....မင်းတို့တွေက ရှေးဟောင်းဟန်မင်းဆက်ကိုကျတော့ မတိုက်ခိုက်ရဲဘဲ နောက်ကွယ်မှာသာလေကျယ်ရဲတာလား....ဒီလိုသာဆို တကျန်းကသိုင်းသမားတွေက အထင်ကြီးစရာမဟုတ်ဘူးပဲ....."
ကျန်းချန်ရှန်း၏ အသံ ထွက်ပေါ်လာသည်။ သူ့လေသံက ငြိမ်သက်နေပေမယ့် သူ့စကားထဲက သရော်လှောင်ပြောင်မှုက သိုင်းပညာရှင်တွေအားလုံးကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးခဲ့သည်။
မြို့ထဲသို့ဝင်ရောက်လာသူအားလုံးသည် သိုင်းလောကမှ ကျွမ်းကျင်သူများဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ တပည့်များသည် မြို့ပြင်တွင်သာ စောင့်ဆိုင်းနေခဲ့ကြသည်။ စောင့်ဆိုင်းရခြင်း အကြောင်းရင်းမှာ တော်ဝင်နန်းတွင်းမှ ဂိုဏ်းပေါင်းစုံမှ ကျွမ်းကျင်သူများကို ဖယ်ရှားရန် အခွင့်အရေးယူမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က ဒေါသတကြီးနဲ့.....
“အတူတူ တိုက်ခိုက်ကြမယ်.... ငါတို့ အစွမ်းကုန်ကြိုးစားရင် သူ ငါတို့အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး.....”
သူ ချက်ချင်းပဲ ကျန်းချန်ရှန်းဆီကို ပြေးသွားခဲ့သည်။ ကျွမ်းကျင်ပညာရှင် ၅၀၀တို့လည်း ဒေါသတကြီးဖြင့် ကျန်းချန်ရှန်းရှိရာဆီ ဘက်ပေါင်းစုံမှ အပြေးအလွှားသွားကြသည်။ တစ်ချို့က ကောင်းကင်ကို ဖြိုခွင်းပြီး မြေကြီးကို ဖုံးထားနိုင်သလို ခုန်ပေါက်သွားကြသည်။
ရေခဲနှင့် နှင်းများဖုံးလွှမ်းနေသောတောင်ခြေတွင် ကျန်းချန်ရှန်း ပြေးစရာနေရာမရှိတော့ပေ။သို့သော် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုသည် ရွှေရောင်အလင်းတန်းများဖြင့် ထွန်းလင်းတောက်ပနေ၏။
ကျန်းချန်ရှန်းသည် တိုင်ဟန်ဓားကို ကိုင်ကာ နှင်းထဲမှ ဆွဲထုတ်လိုက်သည်။ တခဏချင်းမှာပဲ၊ မှော်လက်နက်ပါရှိတဲ့ သူ့ရဲ့လက်ခြောက်ချောင်းကို အရူးအမူး ဝှေ့ယမ်းလိုက်တဲ့အတွက် အံ့ဖွယ်ဂိုဏ်းရဲ့ရုပ်တုဟာလည်း ပိုမိုမြင့်မားလာသည်။
ချွင်..ချွင်....
မရေမတွက်နိုင်သော တိုက်မိသံများ ထွက်ပေါ်လာသည်။ သိုင်းပညာကျွမ်းကျင်သူ ၅၀၀ ကျော်သည် ကျန်းချန်ရှန်းနှင့် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုဆီသို့ ပြေးသွားကြသည်။ ဓမ္မရုပ်တုတွင် လက်ခြောက်ဖက်ပါသော်လည်း လူ ၅၀၀ လုံးကို တစ်ပြိုက်နက် သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
ကျန်းချန်ရှန်းသည် သူ၏ မြင်းမြီးသားယပ်ကို ဝှေ့ယမ်းပြီး ဝင်လာသော သိုင်းပညာရှင်များကို ဖုန်မှုန့်တွေကို သုတ်သင်နေသလိုနှိမ်နင်းဖယ်ရှားလိုက်သည်။
ဤမြင်ကွင်းသည် ပရိသတ်အားလုံးကို တိတ်ဆိတ်သွားစေခဲ့ပြီး မယုံကြည်နိုင်သော အပြုအမူများကို ထုတ်ဖော်ပြသစေခဲ့သည်။
ကျန်းချန်ရှန်းနှင့် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုတို့သည် ငြိမ်သက်စွာ ရပ်နေကာ ကျွမ်းကျင်သူများစွာကတော့ ရှုံးနိမ့်ကာ ပြန်ဆုတ်သွားကြသည်။
"ဆရာကြီး အရမ်းတော်တာပဲ!"
ဝမ်ချန်းသာ ဆွဲမထားလျှင် ဝေ့ဝမ်အပျော်လွန်ပြီး တောင်အောက်သို့ပြုတ်ကျနေလောက်ပြီ......
ဘေးဆိုးဗုဒ္ဓက တုန်တုန်ယင်ယင်နဲ့.....
“သူ...သူ ဘယ်နယ်ပယ်ရောက်နေပြီလဲ”
သိုင်းပညာရှင်များထဲတွင် အားနည်းသူမှာ စစ်မှန်သောစွမ်းအင်နယ်ပယ်တွင်ဖြစ်သည်။စိတ်ဝိဉာဉ်နယ်ပယ် ပညာရှင် ငါးဆယ်ကျော်သည် သူ၏ပြိုင်ဘက်များမဟုတ်ပေ။
တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်၊ စစ်မှန်သောနယ်ပယ်၊စိတ်ဝိဉာဉ်နယ်ပယ်၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၊နတ်ဘုရားနယ်ပယ်........
ဆရာတော်ချန်ရှန်းက နတ်ဘုရားနယ်ပယ်ရောက်နေခဲ့ပြီလား......
ကျန်းချန်ရှန်းသည် အချိန်အတော်ကြာ လှည့်စားပြီးနောက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ ရှင်သန်ခြင်းဆုကြေးငွေများ ရယူလိုသော်လည်း သက်ညှာနေမည်မဟုတ်ပေ။ဤတိုက်ပွဲအတွင်းအချို့သောသူများ သေဆုံးရပေလိမ့်မည်။
ဒိုင်း!
ကျန်းချန်ရှန်းမြေပေါ်ခြေထောက်ဆောင့်လိုက်သောအခါ အမျိုးသမီး သိုင်းသမားအချို့ သွေးအန်ပြီး ချက်ခြင်း မေ့လဲသွားသည်။
"အားလုံးပဲ၊ ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ....."
ကျန်းချန်ရှန်း မော့ကြည့်လိုက်တော့ သတ်ဖြတ်ချင်စိတ်တွေ ပျံ့နှံ့သွားသလို သူ့မျက်လုံးတွေက အလွန်အေးစက်သွားသည်။
အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်သည် ၎င်း၏ လက်ခြောက်ဖက်ကို မြှောက်ထားသည်။ ခေါင်းသုံးလုံးသည် တစ်သားတည်းဖြစ်လာပြီး လက်ခြောက်ချောင်းက တညီတည်းဖြစ်လာသည်။ မှော်လက်နက်ခြောက်ခုသည် ရွှေဓားတစ်လက်အဖြစ် ပေါင်းစပ်ကာ ဓားချက်တစ်ချက်ထုတ်ဖော်လိုက်လေသည်။
ချီဓားသည် ကျယ်ပြောပြီး လေပြင်းသဖွယ်ပြင်းထန်လှသည်။ ဓားချက်၏ပြင်းအားကြောင့် မြေပြင်ပေါ်တွင်လဲကျနေသော သိုင်းပညာရှင်များနှင့် မြို့ရိုးနံရံအောက်တွင်နစ်မြှုပ်နေသော ရှုထျန်းကျိတို့ပါ အဝေးသို့လွင့်ထွက်သွားလေ၏။
မှိန်းနေသော ရှုထျန်းကျိ၏ခန္ဓာကိုယ်ပေါ်တွင် ကျောက်စရစ်ခဲများဖြင့် နှင်းများပြိုကျလာပြီး နာကျင်မှုကို သူ ဂရုမစိုက်နိုင်တော့ပေ။ ကောင်းကင်နှင့်မြေကြီးကြားရှိ ဟိန်းဟောက်သံများက သူ့ကို စိတ်မသက်မသာဖြစ်စေပြီး ယောင်ဝါးဝါးအော်သံများစွာကို သူကြားလိုက်ရသည်။
အချိန်တခဏအကြာတွင် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားသည်။
ရှုထျန်းကျိ ခက်ခက်ခဲခဲ ခေါင်းမော့ကာ မျက်လုံးများကို ဖွင့်လိုက်သည်။လူရိပ်တစ်ခုက နေရောင်ကိုကျောပေးပြီး သူ့ထံသို့လျှောက်လာနေသည်။
ကျန်းချန်ရှန်းက သူ့ကို ငုံ့ကြည့်ကာ......
"မင်း သေချင်လား ဒါမှမဟုတ် အသက်ရှင်ချင်လား။ မင်းသူတို့အားလုံးကို သေစေချင်သလား၊ ဒါမှမဟုတ် မင်းနဲ့အတူအသက်ရှင်စေချင်လား"
ရှုထျန်းကျိ တုန်လှုပ်ခြောက်ခြားသွားသည်။ မကြုံစဖူး အကြောက်တရားတစ်ခု သူ့နှလုံးသားထဲသို့ တိုးဝင်လာပြီး ဒေါသအရိပ်အယောင်တောင် မပြနိုင်တော့ပေ။
ကွာခြားချက်က ကြီးမားလွန်းတယ်.....
သူသည် သိုင်းပညာကို စတင်လေ့ကျင့်ချိန်မှစ၍ ယခုလို အပြတ်အသတ် ရှုံးနိမ့်မှုမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ထို့အပြင်၊ နတ်ဘုရားအဆင့်သိုင်းကျမ်းကို အောင်မြင်စွာတတ်ကျွမ်းထားပြီး
ကျန်းချန်ရှန်းက တိုင်ဟန်ဓားကို မြှောက်ထားပြီးသူ့ကိုခေါင်းဖြတ်ရန်ပြင်နေသည်ကို ရှုထျန်းကျိ မြင်သောအခါ၊ ခေါင်းငုံ့ကာ အံကြိတ်လိုက်ပြီး.....
"အသက်ရှင်ချင်တယ်...သူတို့ကိုလည်း အသက်ရှင်ခွင့်ပေးပါ..."
ကျန်းချန်ရှန်း က သူ့ကို ပင့်မြှောက်လိုက်ပြီး ကြက်တစ်ကောင်ကိုသယ်သွားကာ လုံချီ တောင်ပေါ်သို့ပြန်တက်သွားလေ၏။
"သွားကြရအောင်..ဆယ်နှစ်ပတ်လုံး လုံချီတောင်ကို စောင့်ရှောက်ပေးပြီး အပြစ်ဖြေကြ........"
အဝေးက မြို့ရိုးပေါ်မှာ နတ်ဆိုးသခင် တုန်လှုပ်နေ၏။
ဘေးဆိုးဗုဒ္ဓနှင့် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဉီးတို့သည်လည်း ထိတ်လန့်ကာ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။
…
...........
မြို့ပြင်တွင် ထောင်သောင်းချီသော သိုင်းပညာရှင်များ စောင့်မျှော်နေကြသည်။ လုံချီ တောင်ဘက်မှပျံ့လွင့်လာသော တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများက ၎င်းတို့ကို အလွန်ထိတ်လန့်စေခဲ့သည်။ လုံချီဘုရားကျောင်းသည် ဤမျှလောက်များပြားသော ဂိုဏ်းဂဏများစွာ၏ရင်ဆိုင်မှုတွငပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲနိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ သို့သော် မကြာမီ အသံများ ပျောက်ကွယ်သွားသည်။
ဂိုဏ်းပေါင်းစုံမှ တပည့်များ စောင့်ဆိုင်းနေရင်း စိတ်ရှုပ်နေကြသည်။မြို့ထဲကို ဖောက်ဝင်ရန် အဆိုပြုသူအချို့ပင် ရှိသော်လည်း တော်ဝင်တရားရုံးက အရေးယူမည်စိုးသောကြောင့်ငြိမ်နေရသည်။
အချိန်အကြာကြီး စောင့်ပြီးနောက် မြို့တံခါးများ ရုတ်တရက်ပွင့်လာပြီး ဆံပင်ဖြူ အဘိုးကြီးသည် သွေးများဖြင့် ဖုံးလွှမ်းကာ ညာဘက်လက်ကို တုန်တုန်ယင်ယင်ဖြင့်ဆုပ်ကိုင်ရင်း ထွက်လာခဲ့သည်။ သူ့ရဲ့ သနားစရာကောင်းတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ အားလုံး အံ့သြသွားကြသည်။
“အဲဒါ… ပထမကောင်းကင်အဖွဲ့အစည်းရဲ့ အကြီးအကဲမလား....”
တစ်စုံတစ်ယောက်၏ နှိုးဆော်သံကြောင့် တပည့်တစ်စုက ချက်ချင်း သူ့ကို ဝိုင်းထားလိုက်ကြသည်။ ဆံပင်ဖြူ အဘိုးကြီး၏ နောက်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသော ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ရှိနေသေးသည်။
ဆံပင်ဖြူ အဘိုးကြီးက မော့ကြည့်တော့ သူ့မျက်လုံးတွေက ကြောက်ရွံ့မှုတွေ ပြည့်နေပြီး....
"အံ့ဖွယ်ဂိုဏ်းနဲ့ယှဉ်လိုက်ရင် ကမ္ဘာပေါ်က သိုင်းပညာရှင်တိုင်းက သာမာန်အဆင့်သာသာလောက်ပဲရှိလိမ့်မယ်...."
"ရယ်စရာပဲ! ရယ်စရာကောင်းလွန်းတယ်!”
ဂိုဏ်းချုပ်ကြီးတစ်ယောက် လုံးဝ ရူးသွပ်သွားလေပြီ...... နောက်ဆုံးတွင် သူသည် သွေးအန်ပြီး သေဆုံးသွားခဲ့သည်။
အကန့်အသတ်မရှိသော နှင်းများကြားတွင် သိုင်းလောကသားတစ်ဝက်လောက် နစ်မြှုပ်သွားခဲ့လေပြီ........