တောက်ပသော နေမင်း တထ္တာဂထ...သိုင်းပညာ၏ ဒဏ္ဍာရီ......
Vol. 3 Ch. 34
မင်းဆက်တည်ထောင်ပြီး ၃၄ နှစ်တွင် ကွေ့ရန်ဂိုဏ်းချူပ် ရှုထျန်းကျိဟာ ဆရာတော်ချန်ရှန်းကိုစိန်ခေါ်ဖို့ ဂိုဏ်းခွဲရှစ်ခုကိုစုရုံးခဲ့သည်။ ကျွမ်းကျင်သူ ၅၀၀၏ ထက်ဝက်ကျော်သည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခဲ့သည်။ သိုင်းလောက၏ အုပ်စိုးရှင် ရှုထျန်းကျိအဖမ်းခံရပြီး ၎င်း၏ ကံကြမ္မာကို မသိရသေးပေ။
အံ့ဖွယ်ဂိုဏ်း၏ လျှို့ဝှက်နည်းပညာများသည် ကမ္ဘာတစ်ဝှမ်းတွင် ပျံ့နှံ့သွားပြီး သိုင်းလောကကို တုန်လှုပ်စေခဲ့သည်။
ထိုအချိန်တွင် ကျန်းချန်ရှန်းသည် သိုင်းလောကတွင် သက်ရှိဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့သည်။
…..........
ခြံဝင်းထဲတွင်.....
ကျန်းချန်ရှန်းသည် သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေစဉ် ရှုထျန်းကျိက ထောင့်တစ်နေရာတွင် လဲလျောင်းနေရာမှ သတိပြန်ဝင်လာပြီး ဝေ့ဝမ်နှင့်ပင်းအန်း တို့က သူ့ကို စူးစမ်းလိုစိတ်ဖြင့် အဝေးမှ ကြည့်နေကြသည်။
ဝမ်ချန်းက ကျန်းချန်ရှန်၏အနားသို့တိုးလာပြီး...... "ဆရာကြီး....သိုင်းပညာရှင်တွေ ဆုတ်ခွာသွားပါပြီ......"
ကျန်းချန်ရှန်းက ခေါင်းသာညိတ်လိုက်ပြီး စကားမပြောသဖြင့် ဝမ်ချန်း မနှောင့်ယှက်ဝံ့ဘဲ လှည့်ထွက်လာခဲ့သည်။
ယနေ့တိုက်ပွဲသည် အထူးသဖြင့် ဓမ္မရုပ်တု၏ နောက်ဆုံးတိုက်ခိုက်မှု၏ အဖျက်စွမ်းအားက သူ့ကို တွေးရုံနဲ့တင် တုန်လှုပ်နေစေသည်။
ဤတိုက်ပွဲတွင် ကျွမ်းကျင်ပညာရှင် ၅၀၀အနက်မှ ထက်ဝက်ခန့် သေဆုံးခဲ့ပြီး အသက်ရှင်နေသေးသူများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူတို့ အသက်ရှင်ကျန်ရစ်ရတဲ့ အကြောင်းရင်းကတော့ ကျန်းချန်ရှန်းက နောက်ထပ် ရှင်သန်ခြင်း ဆုလာဘ်များကို စောင့်မျှော်နေသောကြောင့်ပင်.....
ယခုအချိန်တွင် သူသည် တကျန်းကို အတွေ့အကြုံမရှိသေးသော ရွာတစ်ရွာအဖြစ် မှတ်ယူထားပြီး သိုင်းလောကသားများကို ပျိုးပင်များအဖြစ်သာ သတ်မှတ်ထားသည်။ သူသည် ကမ္ဘာ့နံပါတ်တစ်နေရာကို ရရှိခဲ့ပြီး နောင်တွင်၊ မရေမတွက်နိုင်သော ကျွမ်းကျင်သူများက သူ့ကို ရှင်သန်ခြင်းဆုလာဘ်များ ပေးဆောင်ရန် စိန်ခေါ်လာကြလိမ့်မည်။
အနည်းဆုံးတော့ သိုင်းပညာလောကတွင် မည်သူမျှ သူ့ကို ကျော်လွန်ရန် မဖြစ်နိုင်ပေ။ မြင့်မားသောနယ်ပယ်ရှိသူများသာ သူ့ကို ခြိမ်းခြောက်နိုင်သည်။ ထို့အပြင် သူသည် ယခုအချိန်အထိ တမူထူးခြားစွာသန်မာသောသူများနှင့်ပဋိပက္ခ တစ်စုံတစ်ရာ မရှိခဲ့ပေ။ မဟာယာနနဂါးမျှော်စင်တောင်မှ ရန်သူဖြစ်မှန်း မသိခဲ့ရှာပေ။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက်၊ နောက်ဆုံးတွင် ကျန်းချန်ရှန်း၏ မျက်လုံးရှေ့တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။
“မင်းဆက်တည်ထောင်ပြီး သုံးဆယ့်လေးနှစ်အကြာတွင် မူလဝိဉာဉ်ပြန်ဂိုဏ်း၏ဂိုဏ်းချုပ်ရှုထျန်းကျိသည် သိုင်းပညာရှင်၅၀၀ နှင့်ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်။ သင်၏ကိုယ်ပိုင်ခွန်အားဖြင့်၊သိုင်းပညာရှင်များကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး ဘေးဆိုးမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် အင်မော်တယ်ကျင့်စဉ်နည်းစနစ်တစ်ခုဖြစ်သော ‘တောက်ပသောနေမင်းဗုဒ္ဓကျင့်စဉ်’ ကို ရရှိခဲ့သည်။
တောက်ပသော နေမင်းဗုဒ္ဓ....နာမည်ကတော့ အံ့မခမ်းပဲ.....
ထိုကျင့်စဉ်သည် အခြားသောသိုင်းသမားများလေ့ကျင့်၍မရဘဲ ကျန်းချန်ရှန်းတစ်ယောက်တည်းသာလေ့ကျင့်နိုင်သောကျင့်စဉ်ဖြစ်သည်။
ကျန်းချန်ရှန်းသည် တောက်ပသော နေမင်းဗုဒ္ဓကျင့်စဉ်၏အချက်အလက်များကို ရယူပြီးသည်နှင့် သူ၏ နှုတ်ခမ်းထောင့်များ တဖြည်းဖြည်း ကွေးညွတ်လာသည်။
တကယ့်ကို အစွမ်းထက်ပြီးထူးခြားတဲ့ စွမ်းရည်ပဲ........
နောက်တစ်လအကြာတွင် တိုက်ပွဲသတင်းက ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီး လူပြောများသောအကြောင်းအရာဖြစ်လာခဲ့သည်။
နှစ်သစ်ရောက်ရှိလာပြီး မင်းဆက်တည်ထောင်ပြီးနောက် သုံးဆယ့်ငါးနှစ်မြောက်အချိန်အခါသမယတွင်.........
နယ်စပ်စစ်မြေပြင်မှ စစ်ပွဲသတင်းများ ဆက်လက်ထွက်ပေါ်လာသည်။ အောင်ပွဲတွေထက် ဆုံးရှုံးမှုက ပိုများနေပြီး အခြေနေသိပ်မကောင်းတော့ပေ။
ကျန်းချန်ရှန်းသည် လုံချီတောင်ပေါ်တွင်သာနေထိုင်သဖြင့် စစ်ပွဲ၏ရက်စက်မှုကို မခံစားခဲ့ရပေ။ လုံချီ ဘုရားကျောင်းတွင် အမွှေးတိုင် ပူဇော်ခြင်းမှ ဝင်ငွေ လျော့နည်းသွားသော်လည်း တောင်ပေါ်တွင် လယ်ကွင်းများနှင့် ဟင်းသီးဟင်းရွက် ဥယျာဉ်များ ရှိသဖြင့် ဖူလုံအောင် ဆောင်ရွက်ပေးနိုင်သည်။
ထိုကာလအတွင်း ကျန်းချန်ရှန်းသည် သူသိသမျှ သိုင်းပညာအားလုံးကို လျှို့ဝှက်စာအုပ်များတွင် ရေးသားခဲ့ပြီး တပည့်များ လေ့လာနိုင်ရန် ကျမ်းစာတိုက်တွင် ထားပေးခဲ့သည်။ စကြဝဠာ၏ ကောင်းကင်ကျမ်းစယနှင့် အံ့ဖွယ်ဂိုဏ်း၏ဓမ္မရုပ်တုသာ ပျောက်ဆုံးနေခဲ့သည်။ သူသည် ဤပညာရပ်နှစ်ခုကို သူ၏အမှတ်အသား ပညာရပ်အဖြစ် သဘောထားကာ တပည့်ရင်းများကိုသာ ဖြန့်ဝေရန် ရည်ရွယ်ခဲ့သည်။
ရှုထျန်းကျိသည် ယခုချိန်တွင် တာအိုဝတ်စုံကိုပြောင်းလဲဝတ်ဆင်ထားရသည်။ သူသည်သေခြင်းရှင်ခြင်း တံဆိပ်ရိုက်နှိပ်ခြင်းကို ခံခဲ့ရပြီး ယခုအခါ လုံချီ ဘုရားကျောင်းတွင် နာခံမှုဖြင့် တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေရရှာသည်။အစပိုင်းတွင် ရှက်ရွံနေခဲ့သော်လည်း ဝေ့ဝမ် သိုင်းပညာသင်ယူနေသည်ကိုကြည့်ပြီး အကြံတစ်ခုရသွားခဲ့သည်။
ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်........
ရှူထျန်းကျိ၏စိတ်ထဲတွင်ကျန်းချန်ရှန်း အကြောင်း သိချင်စိတ်တွေ ပြည့်နှက်နေသည်။
ဒီလူ ဘယ်လိုနည်းစနစ်တွေ လေ့ကျင့်ထားတာလဲ...... ထို့အပြင်၊ ထိုအံ့ဖွယ်ဂိုဏ်း၏ ဓမ္မရုပ်ထုသည် သူ့နှလုံးသားထဲတွင် အရိပ်တစ်ခု ဖြစ်လာနေပြီဖြစ်သည်။
နှစ်သစ်ကူးပြီးနောက် ခုနစ်ရက်မြောက်သောနေ့တွင် ကျန်းချန်ရှန်းထံသို့ ဧကရာဇ် ရောက်ရှိလာခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ကနှင့် နှိုင်းယှဉ်ပါက ကျန်းယွမ်သည် ကိုယ်အလေးချိန် အလွန်ကျဆင်းနေပြီး တက်ကြွမှုများလည်းပျောက်ဆုံးနေပြီဖြစ်သည်။
ကျန်းယွမ်နှင့် ယကျန်းချန်ရှန်းတို့ ကျောက်စားပွဲပေါ်တွင် ထိုင်ပြီစကားပြောနေကြသည်။ ဆံပင်ဖြူတွေနဲ့ ပြည့်နေတဲ့ ဦးခေါင်းနဲ့ သူ့မျက်နှာမှာ အရေးအကြောင်းတွေ အများကြီးရှိနေပြီး သူ၏လက်ချောင်းများက မီးခြစ်ဆံများကဲ့သို့ ပါးလွှာပြီး အန္တရာယ်ရှိသော သရဲတစ္ဆေ၏ ခြေသည်းများနှင့်ပင်တူနေသေးသည်။
ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ကာ.....
“အရှင်မင်းကြီးရဲ့ခွန်အားက…”
ကျန်းယွမ်၏ခန္ဓာကိုယ်ထဲတွင် အစစ်အမှန်ချီကို သဲလွန်စရှာမတွေ့တော့ပေ။ ထင်ရှားသည်မှာ....ဤမျှလောက်အိုစာနေရခြင်း အကြောင်းအရင်းမှာ သူသည် ခွန်အားများ ဆုံးရှုံးသွားခြင်းကြောင့်ဖြစ်နိုင်သည်။
ကျန်းယွမ် အသက်ရှင်ရန် နှစ်ပေါင်းများစွာ ကျန်နေသေးသည်။
ကျန်းယွမ်သည် ပင်းအန်း၊ဝေ့ဝမ်းတို့နှင့် အတူလေ့ကျင့်နေသော ရှုထျန်းကျိကိုကြည့်ကာ ပြုံးလျက်......
"ငါ ရှုထျန်းကျိကို အရင်ကတွေ့ဖူးတယ်.....အဲ့အချိန်တုန်းကတော့ စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ပေါ့..... ငါ သူ့ကိုဝတ်ဖြူတော်အစောင့်တပ်ဖွဲ့ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ငြင်းခဲ့တယ်....နှစ်ပေါင်းများစွာ ကြာပြီးချိန်မှာ သူတောင် လုံချီဘုရားကျောင်းမှာခိုလှုံနေရပြီပဲ......ကံကြမ္မာကဆန်းကြယ်လိုက်တာ....."
ရှုထျန်းကျိ ထိုစကားကိုကြားသောအခါ သူ့အမူအရာ တင်းမာသွားသော်လည်း မကြားချင်ယောင်ဆောင်ကာ ကောင်လေးနှစ်ယောက်နှင့် လေ့ကျင့်ရန်သာ အာရုံစိုက်နေခဲ့သည်။
ကလေးနှစ်ယောက်ကို ကောင်းကောင်း သင်ပေးရင် ဆရာတော်ချန်ရှန်းက သူ့ကို လမ်းပြပြီး ပိုသန်မာလာစေမှာ သေချာတယ်.......
ကျန်းယွမ်က အကြည့်လွှဲလိုက်ပြီး ကျန်းချန်ရှန်းကို အပြုံးပြလိုက်ကာ.....
“ငါ ကျန်းမာပါတယ်.... မင်း ဘာလို့ ငါ့အတွက် စိတ်ပူနေတာလဲ......"
“မင်းပေးခဲ့တဲ့ဆေးက တကယ်ထိရောက်တယ်၊ ဒါပေမယ့် အသက်ရှည်တဲ့ဆေးမဟုတ်ဘူး။ ဒီကမ္ဘာမှာ အင်မော်တယ်တွေမရှိတာကို ငါနားလည်ခဲ့ပြီးပြီ.....ဒါကြောင့် သဘာဝအတိုင်းပဲထားလိုက်ပါတော့......"
ကျန်းချန်ရှန်းက.....
"မင်းကြီးရဲ့ ခွန်အားတွေ ဆုံးရှုံးသွားပြီလား......"
ကျန်းယွမ်သည် သူ့ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသော ရောဂါတစ်ခုရှိနိုင်သည်၊ အထူးသဖြင့် သူ၏ ဒန်တျန်ကြောင့်ဖြစ််လိမ့်မည်။ သူ၏ ခွန်အားများ စုပ်ယူခံထားရပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အခုလို အိုစာနေရခြင်းဖြစ်နိုင်သည်။
ကျန်းယွမ်က ခေါင်းခါပြီး......
“ အိမ်ရှေ့မင်းသားကို ခွန်အားတွေ ပေးခဲ့တယ်...ဒါကို ငါ့ရဲ့နောက်ဆုံးကြိုးစားမှုလို့ ယူဆလို့ရပါတယ်.... ငါ သူ့ကိုအရှုပ်ထွေးတွေကြားထဲမှာထားခဲ့ရတော့မယ်....."
သက်ပြင်းချလိုက်ပြီး သူ့အမူအရာက စိုးရိမ်ကြောင့်ကြနေပုံရသည်။
သူက ရှေးဟောင်းဟန်မင်းဆက်ကို တိုက်ခိုက်ပြီး နှစ်ထောင်ချီကြာအောင် ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရရှိအောင် တွန်းအားပေးခဲ့ချင်သော်လည်း မမျှော်လင့်ဘဲ၊ တကျန်းကို မုန်တိုင်းထဲသို့ ကျရောက်စေခဲ့သည်။
သို့သော်လည်း ရွေးချယ်ခွင့်ရှိခဲ့လျှင်တောင် ရှေးဟောင်းဟန်မင်းဆက်ကိုတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ဉီးမည်သာ.......
အဲဒီနောက်မှာတော့ ကျန်းယွမ်က သူ့အကြောင်းတွေ ရပ်လိုက်ပြီး ဧကရီအကြောင်း ပြောပြခဲ့သည်။ ဤကာလတွင် ဧကရီသည် သူ့ကိုအကြွင်းမဲ့ ပြုစုစောင့်ရှောက်ခဲ့သဖြင့် လင်မယားနှစ်ယောက် ဒုက္ခရောက်ခဲ့တဲ့အချိန်ကို ပြန်သတိရမိနေသည်။ အတိတ်အကြောင်းပြောတဲ့အခါ ဝမ်းနည်းမှုတွေကလည်း အလိုလိုကပ်ပါလာစမြဲပင်.....
ကြမ်းပြင်ကို သုတ်နေသော ဝမ်ချန်းသည်လည်း ထိုစကားများကြောင့် ဝမ်းနည်းနေရှာသည်။
ကျန်းယွမ်ကို မုန်းသင့်သလား ဒါမှမဟုတ် ကျန်းယွမ် အမှားလုပ်ခဲ့တာလား.....ဝေခွဲမရတော့ပေ.........
သူသည် အိမ်ရှေ့စံမဖြစ်ခဲ့ရင်တောင် လွယ်တဲ့ဘဝတွင်နေထိုင်ရမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ကျန်းယွမ်သည် သူ့ကို အိမ်ရှေ့စံအဖြစ် အနည်းဆုံး အနှစ်သုံးဆယ် နေထိုင်ခွင့်ပေးခဲ့သည်။ သူ့ဘဝက စိတ်လှုပ်ရှားစရာကောင်းပြီး နောင်တရစရာလည်းမရှိခဲ့ပေ.....
ကျန်းချန်ရှန်း ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ခံစားချက်ရှိသော်လည်း သူ့နှလုံးသားက မယိမ်းယိုင်နိုင်အောင်မာကြောနေခဲ့ပြီ......
သူသည် ကျန်းယွမ်နှင့်ဧကရ်ီကို အသိအမှတ်ပြုရန် မရည်ရွယ်ထားပေ။အသက်ကို ကယ်တင်ခြင်းဖြင့် ဧကရီ၏ ကျေးဇူးကို ပြန်လည်ပေးဆပ်ခဲ့ပြီးပြီ..... ကျန်းယွမ်ဘက်က သူ့ကို သားအရင်းမှန်းသိသော်လည်းထုတ်ပြောမည့်သူမဟုတ်ပေ။
ပုံမှန်တိုင်းသာ အေးချမ်းစွာကျင်ကြံနေခဲ့လျှင် နောက်ထပ် အနှစ်သုံးဆယ်ကြာသောအခါတွင် ဤမျိုးနွယ်သည် သဘာဝအတိုင်း ပျောက်ကွယ်သွားပေလိမ့်မည်။
တစ်နာရီကြာပြီးနောက် ကျန်းယွမ်က ဝေ့ဝမ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ အားအင်ချည့်နဲ့နေသော ကျန်းယွမ်၏ကျောပြင်ကိုကြည့်ပြီး လေ့ကျင့်ခြင်းတွင်အာရုံပိုစိုက်ဖို့ဆုံးဖြတ်လိုက်လေသည်။
သူသည် လူသားများ အလိုရှိသော အဆုံးစွန်သော ပန်းတိုင်ဖြစ်သည့် အင်မော်တယ်တစ်ပါးဖြစ်ဖို့ လမ်းကြောင်းမှန်ပေါ်ရောက်နေခဲ့ပြီ...
“ဆဌမအဆင့်ကိုရောက်မှဖြစ်မယ်....အင်မော်တယ်ဖြစ်ဖို့ဘယ်လောက် ခရီးဝေးသေးလဲ........"
ကျန်းချန်ရှန်း တိတ်တိတ်လေး တွေးနေမိသည်။
အင်မော်တယ်ခရီးလမ်းတွင်.. လူ့လောက၏ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတို့ကို မြည်းစမ်းကြည့်နိုင်ပြီး နေနှင့်လတို့ကလည်းအချိန်နှင့်အမျှပြောင်းလဲနေဉီးမည်....ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲ.........
…................
မတ်လ၏ နေသာသောနေ့တစ်နေ့တွင်......
နတ်ဆိုးသခင်အလည်အပတ်လာခဲ့ပြီး ဒီတစ်ခါတော့ သူက ခုနစ်နှစ်သားလေးကို ခေါ်လာပေးခဲ့သည်။
" ဆရာ...သူ့ကို လက်ခံနိုင်မလား....ဒီကလေးက အလွန်ထက်မြက်တာမို့ သိုင်းပညာအကျော်အမော်တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ဂုဏ်သိက္ခာကို ဘယ်တော့မှ ညိုးနွမ်းစေမှာမဟုတ်ဘူး....."
ကောင်လေးက အနည်းငယ်ပိန်ပါးပြီး ဖြူစင်သော အသားအရေရှိသည်။ ကျန်းချန်ရှန်း ကို အကြောက်အလန့်မရှိဘဲ စိုက်ကြည့်နေစဉ် သူ့တွင် မျက်ခုံးထူထူနှင့် မျက်လုံးဝိုင်းဝိုင်းတစ်စုံရှိသည်ကိုသတိပြုမိလိုက်သည်။
ရှုထျန်းကျိက တံမြက်စည်းလှည်းနေရင်းကနေ စပ်စုနေသည်။
“ဘယ်သူများလဲ....နတ်ဆိုးဂိုဏ်းများ သိုင်းပညာနိမ့်ပါးတာမို့ လုံချီဘုရားကျောင်းကိုလာပို့တာလား......"
နတ်ဆိုးသခင်က သူ့ကိုလျစ်လျူရှုပြီး ဦးညွှတ်သောကိုယ်ဟန်ကို ထိန်းသိမ်းထားသည်။
ကျန်းချန်ရှန်း ကောင်လေးကိုစစ်ဆေးကြည့်သောအခါ ကြွက်သားများနှင့် အရိုးများက ပင်းအန်းလောက် မခိုင်မာသော်လည်း ၎င်းတို့သည် ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်နေပြီး သူအသက်ရှုစဉ်တွင် ချွေးပေါက်များက အလွန်အားနည်းနေသော်လည်း ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို မသိစိတ်က စုပ်ယူထားသည်။
"သူ့နာမည်က ဘယ်လိုလဲ....မင်းနဲ့ဘာတော်လဲ"
“သူက ကျုပ်ရဲ့မြေး ဟွမ်းချွမ်ပါ...မိဘတွေဆုံးပါးသွားပါပြီ....ကျုပ်လည်းအသက်ကြီးလာပြီလေ...ကျုပ်မရှိတော့ရင် ဒီကလေးတစ်ယောက်တည်းဒုက္ခရောက်နေတော့မှာ.....ဆရာတော် ဂရုဏာထားပေးဖို့မျှော်လင့်ပါတယ်....."
ပင်းအန်းက ဟွမ်းချွမ်နားကို ရောက်လာပြီးသေချာအကဲခတ်နေသည်။ ပသူက ခြောက်နှစ်ပဲရှိသေးပေမယ့် ဟွမ်းချွမ်ထက် အရပ်ရှည်ပြီး သန်မာသည်။
"ဟီးဟီး၊ ငါနဲ့လိုက်ခဲ့...ကစားမယ်...တိုက်ခိုက်ကြမယ်......."
ပင်းအန်းက ဟွမ်းချွမ်၏ ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။ ဟွမ်းချွမ် မျက်မှောင်ကြုတ်လိုက်ပြီး ပင်းအန်း၏လက်ကို လှုပ်ခါချင်သော်လည်း သူ့ပခုံးကို မလှုပ်နိုင်တော့ပေ။
ဘယ်လောက် ခွန်အားကြီးလဲ......
ဟွမ်းချွမ် ဒေါသထွက်သွားပြီး ပင်းအန်းရဲ့ ရင်ဘတ်ကို လက်သီးနှင့် ထိုးလိုက်သည်။ ပင်းအန်းက လက်ကို လွှတ်လိုက်ပြီး လေးလှမ်း နောက်ဆုတ်လိုက်ကာ သူ့ရင်ဘတ်ကို ပွတ်သည်။ ဘာဝေဒနာမှ မခံစားရဘဲ အဲဒီအစား ပိုလို့တောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အမူအရာတစ်ခုကို ထုတ်ပြပြီး ဟွမ်းချွမ် ကို ထပ်ပြီး အော်ဟစ်လိုက်သည်။
ဤသို့ဖြင့် နှစ်ယောက်သား သဲသဲမဲမဲတိုက်ခိုက်ကုန်ကြသည်။
ပင်းအန်းသည် ကြိုတင်စီစဉ်ခြင်းမရှ်ဘဒ ရက်စက်ကြမ်းကြုတ်သောအင်အားကိုသာ မှီခိုအားထားခဲ့သည်။ ဟွမ်းချွမ်သည် ယခင်က သိုင်းပညာကို သင်ယူခဲ့ဖူးပြီး လှုပ်ရှားမှူက ပြေပြစ်ကောင်းမွန်သည်။ သူသည် တစ်ချိန်တည်းတွင် ရှောင်တိမ်းကာ တိုက်ခိုက်နိုင်သော်လည်း သူ၏ လက်သီးများနှင့် ကန်ချက်များက နွားတစ်ကောင်လိုသန်မာသော ပင်းအန်းကို မထိခိုက်စေနိုင်ပေ။
ရှုထျန်းကျိ တံမြက်စည်းလှည်းနေခြင်းကိုရပ်ပြီး တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေသည်။
ပင်းအန်း၏ အရည်အချင်းကြောင့် နတ်ဆိုးသခင်သည် ထိတ်လန့်သွားသည်။
ဒီကလေးရဲ့ နောက်ခံက ဘယ်လိုလဲ......
ဟွမ်းချွမ်ရဲ့ အရည်အချင်းကို သူယုံကြည်သည်။ နတ်ဆိုးဂိုဏ်းတွင်၊ အသက်ဆယ့်ငါးနှစ်အောက် မည်သူမျှ သူ့ရန်သူမဟုတ်ပေ။ ထို့ကြောင့် သူသည် ကျန်းချန်ရှန်းဆီသို့ သတ္တိရှိရှိ သူ့မြေးကိုခေါ်လာခဲ့ခြင်းဖြစ်သည်။
“မင်း တောင်ပေါ်ကဆင်းတော့...... ငါသူ့ကို ငါ့တတိယတပည့်အဖြစ် ခေါ်ထားမယ်...."
ကျန်းချန်ရှန်းက ကလေးနှစ်ယောက်ကို စိုက်ကြည့်ပြီး နတ်ဆိုးသခင်ကို ပြောလိုက်သည်။
နတ်ဆိုးသခင်သည် သတိပြန်ဝင်လာကာ အလျင်စလိုဉီးညွတ်ပြီး ထွက်ခွာသွားခဲ့သည်။
သူက ဟွမ်းချွမ်ကို လှည့်တောင်မကြည့်ခဲ့ပေ။ သူထွက်သွားကြောင်းကို ဟွမ်းချွမ် မြင်သောအခါ ချက်ချင်းပင် စိုးရိမ်ထိတ်လန့်သွားပြီး.....
“အဘိုး! မသွားပါနဲ့…”
ဟွမ်းချွမ်က နတ်ဆိုးသခင်နောက်ကို လိုက်ချင်ပေမယ့် ပင်းအန်းက သူ့ခါးကို ပွေ့ဖက်ပြီး မြေပြင်ပေါ် လှဲချလိုက်သဖြင့်မလှုပ်နိုင်တော့ပေါ မနတ်ဆိုးသခင်သည် ခြံဝင်းထဲမှ ထွက်သွားပြီး ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေခဲ့ရပြီး ငယ်ရွယ်သူမို့ မထိန်းနိုင်ဘဲ မျက်ရည်ကျမိသည်။
ဝမ်ချန်း သည်းမခံနိုင်တော့ဘဲ ပင်းအန်းကို ဆွဲထုတ်ဖို့ လျှောက်သွားလိုက်သည်။ ခွန်အားတွေ အများကြီးမသုံးသင့်ကြောင်းဆုံးမနေသော်လည်း ပင်းအန်းက ဘာမှမသိဘဲ ရယ်မောနေခဲ့သည်။
ကျန်းချန်ရှန် က ဟွမ်းချွမ် အနားကိုလာပြီး ထိုင်ချလိုက်ကာ သူ့မျက်ရည်တွေကို သုတ်ပေးလိုက်သည်။
"ဘာဖြစ်လို့ မြေကြီးပေါ်လှဲပြီး ငိုနေရတာလဲ......."
ဟွမ်းချွမ် ထိုစကားကိုကြားသောအခါ ချက်ခြင်းထကာ ခေါင်းမာမာဖြင့် တဖက် လှည့်လိုက်သည်။ သူသည် နတ်ဆိုးသခင်ထွက်ခွာသွားသည့် လမ်းကြောင်းကိုကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး ဟွမ်းချွမ်ရဲ့ ခေါင်းကို ထိလိုက်သည်။ ဟွမ်းချွမ် တုန်လှုပ်သွားသော်လည်း မရှောင်တိမ်းခဲ့ပေ။ ဒီကိုလာရာလမ်းမှာ နတ်ဆိုးသခင်က သူ့အခြေအနေကို ရှင်းပြခဲ့ပြီးပြီ။ သူသည် လက်ရှိ သိုင်းလောက၏ ဒဏ္ဍာရီတစ်ပါးကို သူ့ဆရာအဖြစ် အသိအမှတ်ပြုချင်သည်။ ဒါဟာ သူကြိုးစားရမယ့် ကြီးမားတဲ့အခွင့်အရေးတစ်ခုဆိုလည်း မမှားပေ။
"လုံချီ ဘုရားကျောင်းက ဘုရားကျောင်းရဲ့ဂုဏ်သတင်းကိုကျော်ဇောစေမယ့် တပည့်တွေမွေးထုတ်သင့်ပြီ......"
မန်ချွဲ့ဆောင်၊ချင်ကူ၊ ဝမ်လီနှင့်မင်ယွဲ့တို့သည် အလတ်အလယ်အဆင့်သာအရာ်အချင်းရှိသဖြင့် ထူးချွန်သူများဖြစ်မလာနိုင်ပေ။
ဟွမ်းချွမ်ကတော့ အသက် ခုနစ်နှစ်သာရှိသေးသော်လည်း တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး၏ အရည်အချင်းလည်း ရှိနေပြီဖြစ်သည်။ အတွင်းအားပညာကို သင်ယူပြီးသည်နှင့် သူ၏ သိုင်းပညာသည် ခုန်ပျံကျော်လွှားကာ သေချာပေါက် တိုးတက်လာမည်ဖြစ်သည်။
ကျန်းချန်ရှန်းက ရှုထျန်းကျိကို မကြည့်မီ ဟွမ်းချွမ် အတွက် နေရာထိုင်ခင်း စီစဉ်ပေးရန် ဝမ်ချန်းကို တောင်းဆိုခဲ့သည်။
ရှုထျန်းကျိ ထိတ်လန့်တုန်လှုပ်သွားပြီး ကြမ်းပြင်ကို သုတ်ရန် သူ့ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။ သူ့စိတ်ထဲမှာတော့.....
“ နတ်ဆိုးသခင်မှာ တကယ်ပဲ ဒီလိုမြေးတစ်ယောက်ရှိတယ်ပေါ့.... အနာဂါတ်မှာ၊သေချာပေါက်ကျော်ကြားလာလိမ့်မယ်....”
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ပါရမီရှင်များကို သဘာဝအတိုင်း အာရုံစိုက်ခဲ့ဖူးသည်။ သို့သော်လည်း သူဘယ်လောက်ပဲ ငြူစူနေပါစေ ကျန်းချန်ရှန်းဆီက လူတွေကို မလုယူဝံ့ပေ။
ထိုအချိန်တွင် ခြံဝင်းထဲတွင် အခြားလူတစ်ယောက်ရှိနေခဲ့သည်။
…...................
မျက်စိတစ်မှိတ်အတွင်း..နှစ်လကြာသွားခဲ့ပြန်သည်။
နွေရာသီရောက်လာခဲ့ပြန်ပြီ......
ကျန်းချန်ရှန်းက မြေဝိညာဉ်သစ်ပင်အောက်တွင် တရားထိုင်နေပြီး ဝိညာဉ်စွမ်းအင်များကို ခံစားနေသည်။ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထူးဆန်းသောအမူအရာပေါ်လာသည်။
သတ္တမမြောက်မင်းသားကျန်းယွီက ဝေ့ဝမ်ကို ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်လာပြီး တောင်တက်လမ်းပေါ်သို့ ရောက်နေပြီဖြစ်သည်။ ကျန်းယွီ နောက်ကို လိုက်လာသူတစ်ယောက်လည်း ရှိနေသည်။ ၎င်းသည် ဘေးဆိုးဗုဒ္ဓရော လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါးရေယမဟုတ်ပေ။ သို့သော် ၎င်း၏ အစစ်အမှန်ချီသည် ရှုထျန်းကျိနှင့် နှိုင်းယှဉ်နိုင်သည့် အကျွမ်းတဝင်မရှိသော သိုင်းသမားတစ်ယောက်ဖြစ်နိုင်သည်ယ
ဤမျှလောက်နှင့်ကျန်းချန်ရှန်း အံ့အားသက့်နေမည်မဟုတ်ပေ။
ကျန်းယွီသည် ရှုထျန်းကျိထက် နှစ်ဆပို၍ ကြံ့ခိုင်နေသောကြောင့် အံ့အားသင့်သွားခြင်းဖြစ်သည်။ ကျန်းယွမ်၏ ခွန်အားကို စုပ်ယူလိုက်သည့်တိုင် အဘယ်ကြောင့် နတ်ဘုရားနယ်ပယ်အဆင့်ထိ အစွမ်းထက်လာရသနည်း.......