ဂရမ်းမာစတာငါးယောက်.....မဟာယနနဂါးမျှော်စင်၏ခွန်အား.....
Vol. 3 Ch. 35
မင်းသားခုနှစ်ကျန်းယွီကို နောက်ဆုံးအကြိမ် တွေ့ခဲ့ချိန်က အတော်ပင်ငယ်ရွယ်သေး၏။ သူက မန်ချွဲ့ဟေးနှင့်အတူ လုံချီတောင်ကိုစိန်ခေါ်ဖို့ရောက်လာခဲ့ဖူးသည်။ ရန်သူများမဖြစ်ခဲ့ကြသော်လည်း၊ ကျန်းချန်ရှန်း သူ့အပေါ် အထင်ကြီးနေမည်မဟုတ်ပေ။ကျန်းမင်သည်လည်း တူညီသော လုပ်ဆောင်ချက်များအတွက် လက်ဆောင်များစွာ ပေးခဲ့ဖူးသည်မဟုတ်လော......
ယခုအချိန်တွင်၊ ကျန်းယွီသည် ဧကရာဇ်မင်းမြတ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို စတင်ပြသနေပြီဖြစ်သည်။ဧကရာဇ်၏အားနည်းလာမှုကြောင့် ယန်မိသားစု ခေါင်းငုံ့ထားရသည်။ ဟုန်မိသားစုကတော့ ဟုန်လဲ့ရဲ့ ပုန်ကန်မှုကြောင့် ကွပ်မျက်ခံခဲ့ရပြီး သူတို့မိသားစုတစ်ခုလုံးလည်း ငြိစွန်းခဲ့ရသည်။
အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းပြီးချိန်တွင် ကျန်းယွီသည် ဝေ့ဝမ်နှင့်အတူ ခြံဝင်းထဲသို့ဝင်လာခဲ့သည်။ ခြံဝင်းထဲရောက်သည်နှင့်
ဝေ့ဝမ်က ကျန်းချန်ရှန်းကို ဦးညွှတ်ပြီးနောက် ပင်အန်နှင့် ကစားရန် ထွက်သွားခဲ့သည်။
ကျန်းချန်ရှန်းက ကျန်းယွီကို ခြံဝင်းအတွင်းရှိ ကျောက်စားပွဲမှာ ထိုင်ခိုင်းလိုက်သည်။ ကျန်းယွီနှင့်အတူပါလာသူက ခရမ်းရောင်ဝတ်စုံဝတ်ဆင်ထားပြီး သူ့လက်ထဲမှာ ဓားတစ်ချောင်းကိုင်ထားသည်။သူသညလ မနီးမဝေးတွင် တံမြက်စည်းလှည်းနေသော ရှုထျန်းကျိ ဆီသို့ အကြည့်ရောက်သွားသည် ။
ဟွာဂျန်ရှင်းကတော့ အဝေးမှ တံစက်မြိတ်တွင် စောင့်ဆိုင်းနေခဲ့သည်။ ဝတ်ဖြူတော်
အစောင့်အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမသည် ကျန်းယွီ၏နောက်သို့ လိုက်ရန် မလိုအပ်ပေ။ သူမ၏တာဝန်က ဝေ့ဝမ်ကို တိတ်တဆိတ်ကာကွယ်ရန်သာဖြစ်သည်။
ကျန်းယွီက ပြုံးလိုက်ပြီး.....
"ကျုပ်တို့နောက်ဆုံးတွေ့တာ တော်တော်ကြာနေပြီ...ဇီယုကို သိုင်းပညာကျွမ်းကျင်အောင် သင်ကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်....ဆရာတော်က သိုင်းပညာအကျော်အမော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့တကယ် ထိုက်တန်သူပါ......"
ဇီယုသည် ကျန်းယွီပေးထားသော ဝေ့ဝမ်၏အမည်ဖြစ်သည်။
ကျန်းချန်ရှန်းက ကျန်းယွီ၏ယဉ်ကျေးသိမ်မွေ့မှုကို နှိမ့်ချစွာတုံ့ပြန်ခဲ့သည်။ ကျန်းယွီ သည် အစောပိုင်းနှစ်များတွင် သိုင်းလောကတွင် ကျင်လည်ခဲ့သည့်အကြောင်းများကိုစတင်ပြောပြခဲ့သည်။
“တကျန်းရဲ့ သိုင်းလောကမှာ ကြီးကျယ်ခမ်းနားတဲ့ ဂရမ်းမာစတာငါးယောက်ရှိတယ်....အခုဆိုဆရာတော်ချန်ရှန်း ထပ်တိုးလာတော့ ခြောက်ယောက်ဖြစ်သွားပြီပေါ့....ဂရမ်းမာစတာဆိုတာက နယ်ပယ်သတ်မှတ်ချက်မဟုတ်ပေမယ့် သိုင်းလောကမှာအကောင်းဆုံးကို ရည်ညွှန်းတဲ့ အသုံးအနှုန်းပါ..... သာမန် သိုင်းပညာရှင်တွေက စိတ်ဝိညာဉ်နယ်ပယ်ကို ထိပ်တန်း ကျွမ်းကျင်ပညာရှင် အဖြစ် မှတ်ယူကြပေမယ့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အဆင့်နဲ့ နတ်ဘုရားနယ်ပယ်တွေရှိနေသေးတာကိုမသ်ကြဘူး.... ဂရမ်းမာစတာ ငါးယောက်ကလည်း ဆရာတော်လို လောကီအရေးကိစ္စတွေကို စိတ်ဝင်စားကြတာမဟုတ်ဘူး....သူတို့က်ိုထိပါးစော်ကားလာမှသာ တုန့်ပြန်ကြတာ....သူတို့ငါးယောက်ထက်စာရင် ဆရာတော်ချန်ရှန်းက ငယ်ရွယ်သေးတာမို့ တက်လမ််းတွေအများကြီးရှိဉီးမှာပါ....."
ကျန်းယွီသည် ကျန်းယွမ်ထံမှ အစစ်အမှန်ချီများကို ရရှိထားသဖြင့်ခွန်အားတိုးပွားလာသော်လည်း ကျန်းချန်ရှန်းကို ကောင်းစွာမမြင်နိုင်သေးပေ။
လုံချီ ဘုရားကျောင်းကို စုံစမ်းစစ်ဆေးရန် ဝတ်ဖြူတော်အစောင့်တပ်များကို တောင်းဆိုခဲ့သော်လည်း အခြားကျွမ်းကျင်သူများကို မတွေ့ခဲ့ရပေ။ တစ်နည်းအားဖြင့်ဆိုရသော် ကောလဟာလများပြောသည့်အတိုင်း ဆရာတော်ချန်ရှန်းသည် အမှန်တကယ်ပင် ထက်မြက်ပြီး နားလည်သဘောပေါက်ရန် သူ့ကိုယ်ပိုင် ကျင့်ကြံမှုအပေါ် အားကိုးနေပါသည်။ အိမ်ရှေ့မင်းသားအနေဖြင့်၊ ကျန်းယွီသည် သဘာဝအားဖြင့် သူ့ကို မနှောင့်ယှက်ဘဲ သူ့ဘက်တော်သားဖြစ်အောင်ချည်နှောင်ဖို့ကြိုးစားနေခြင်းပင်.....
ကျန်းယွီက ရှေးဟောင်းဟန်မင်းဆက်အကြောင်း စကားစလာခဲ့ပြန်သည်။ ရှေးဟောင်းဟန်မင်းဆက်တို့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ရသည့် အကြောင်းရင်းမှာ အလွန်အစွမ်းထက်သော ဂရန်းမာစတာ သုံးဦး ပေါ်ထွန်းလာခဲ့ပြီး ၎င်းတို့အားလုံးမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သူများဖြစ်နေသောကြောက့်ပင်.... ၎င်းတို့၏ အခန်းကဏ္ဍအများစုမှာ ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များနှင့် မြင်းစီးစစ်သည်များကြားတွင် စစ်ဗိုလ်ချုပ်များ၏ အကြီးအကဲများအဖြစ် တာဝန်ယူရန်ဖြစ်သည်။
ကျန်းချန်ရှန်းက မျက်မှောင်ကြုတ်ကာ.....
"ဒါဆို တကျန်းက ဂရမ်းမာစတာတွေဘာလို့မလှုပ်ရှားကြတာလဲ....."
ကျန်းယွီက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး.....
“သိုင်းလောကမှာ စည်းကမ်းတွေရှိတယ်...... နောက်ပြီး သူတို့က အသက်ကြီးပြီ....သူတို့က ကျန်းမင်းဆက်မှာ မွေးဖွားခဲ့တာမဟုတ်ဘဲ ချူမင်းဆက်မှာ မွေးဖွားခဲ့ကြတာလေ..... ကျန်းမင်းဆက် တည်ထောင်လိုက်ကတည်းက ဆရာကြီးငါးဦးစလုံး လောကီရေးရာတွေကို ဂရုမစိုက်ဘဲ သီးခြားနေထိုင်ခဲ့ကြတယ်....ခမည်းတော်က သူတို့ကို ဖိတ်ခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေမယ့် ငြင်းပယ်ခဲ့တယ်....အစွမ်းထက်လွန်းသူတွေမို့ စစ်တပ်အင်အားနဲ့လည်း ဖိနှိပ်လို့မရခဲ့ဘူး....."
ကျန်းမင်းဆက်သည် အဆင်မပြေသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ပညာရှင်အများစုသည် မိမိကိုယ်ကို ချူမင်းဆက်၏ အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူနေကြဆဲဖြစ်သည်။ နတ်ဂိုဏ်းသည် ရှေ့တန်းမှနေခဲ့ဖူးသောကြောင့် ဖိနှိပ်မှုအများဆုံးခံခဲ့ရသည်။
ချူမင်းဆက်အကြောင်းပြောရင်း ကျန်းယွီပို၍ပင်တက်ကြွလာသည်။ အနောက်ဘက်ဒေသတွင် ချူမင်းဆက်၏မြို့များ ရှိနေသေးပြီး တကျန်း၏အလယ်တွင် အခြားမင်းဆက်များလည်း ရှိသေးသည်။ကျန်းယွီက ချူမင်းဆက်၏ ဓလေ့ထုံးတမ်းနှင့် ကျင့်ဝတ်များကို အဆက်မပြတ် ချီးကျူးခဲ့သည်။
ကျန်းယွီ၏ အမူအရာများက ကျန်းချန်ရှန်း ၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
ဒီကောင် ဘာဖြစ်ချင်နေတာလဲ....
တကျန်းရဲ့အိမ်ရှေ့မင်းသားအနေနဲ့ ချူမင်းဆက်ကို မမုန်းသင့်ဘူးလား....
ကျန်းချန်ရှန်း တစ်ခုခုလွဲနေပြီဟု ခံစားမိသော်လည်း တိုက်ရိုက်မမေးနိုင်ပေ။
ကျန်းယွီ ရုတ်တရက်ပြုံးပြီး....."ဆရာတော်..... ချူမင်းဆက် ဒါမှမဟုတ် ကျန်းမင်းဆက်.... ဘယ်မင်းဆက်က ပိုကောင်းတယ်ထင်လဲ" လို့မေးလိုက်သည်။
ကျန်းချန်ရှန်းက....
"ကိုယ်တော်က ချူမင်းဆက်မှာ တစ်ခါမှ မနေထိုင်ဖူးတဲ့အတွက် မှတ်ချက်မပေးတတ်ဘူး....."
ကျန်းယွီ ပြုံးပြီး.....
"ဒါအမှန်ပဲ..... တကယ်တော့ တစ်ချို့အရာတွေကို လက်ဆင့်ကမ်းသင့်တယ်..ကဲ..အချိန့်လင့်နေပြီမို့ ပြန်လိုက်ဉီးမယ်...နောက်တော့မှစကားအေးဆေးပြောကြတာပေါ့....."
ကျန်းယွီမတ်တတ်ထရပ်ပြီး ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသူနှင့်အတူ ပြန်သွားခဲ့သည်။
ရှုထျန်းကျိ ခြံဝင်းထဲမှာ မရှိတာကို အခွင့်ကောင်းယူပြီး ဝမ်ချန်း ဝင်လာပြီး ....
" မင်းသားခုနှစ်ရဲ့မိခင် ကြင်ယာတော်လီက မိခင်ဖြစ်တဲ့ ချူမင်းဆက်ရဲ့ နောက်ဆုံးမင်းသမီးလေ....ဒါ့ကြောင့် သူ ချူမင်းဆက်အပေါ် အကောင်းမြင်တာကို နားလည်နိုင်ပါတယ်....."
ကျန်းချန်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့်.....
"ငါသိတယ်..... ဒါပေမယ့် သူက ကျနမင်းဆက်ရဲ့ ဧကရာဇ်ဖြစ်လာတော့မှာမို့လို့ အရင်မင်းဆက်ကို အဲ့ဒီလို မချီးမွမ်းသင့်ဘူး.....”
ဝမ်ချန်း မျက်မှောင်ကြုတ်ပြီး အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ကျန်းချန်ရှန်းက ....
"ဂရမ်းမာစတာငါးယောက်က ကျင်းမင်းဆက်ကို မကူညီချင်ကြဘူးလို့ ပြောခဲ့တာက ချူမင်းဆက်ထဲက ဖြစ်လို့ပဲ.... ရှေးဟောင်းဟန်မင်းဆက်ဘက်က ဂရမ်းမာစတာသုံးယောက်ကို ဘယ်လိုဖြေရှင်းသင့်တယ်ထင်လဲ...."
ဝမ်ချန်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချည် မြင့်ချည်ဖြစ်လာသည်။
“… ခမည်းတော်… ဧကရာဇ် ရှိသေးတယ်!”
ကျန်းချန်ရှန်းက.... "ဒါပေမယ့် ဧကရာဇ်က ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး..."
ဝမ်ချန်း တိတ်ဆိတ်နေပြီး လက်သီးများကို တင်းတင်းဆုပ်ထားလိုက်မိသည်။
…,...........................
ကျင်းမင်းဆက်တည်ထောင်ပြီး ၃၆ နှစ်တွင် စတုတ္ထမင်းသား ကျန်းယုသည် ရှေးဟောင်းဟန်မင်းဆက်၏နယ်နိမိတ်ကို ဝင်ရောက်စီးနင်းရန် စစ်သည်ပေါင်း 100,000 ကို ဦးဆောင်ခဲ့သည်။ အမြင့်မြတ်ဆုံး သိုင်းပညာရှင် ကျုံးထျန်းဝူ၏အကူအညီဖြင့် ရန်သူ 300,000 ကျော်ကို သတ်ဖြတ်ခဲ့ပြီး အကြီးမားဆုံးအောင်ပွဲဆင်နွှဲနိုင်ခဲ့သည်။
ဧကရာဇ် အလွန်ဝမ်းမြောက်ကာ ကျန်းယုကို ချင်ဘုရင်အဖြစ် အပ်နှင်းခဲ့ပြီး ကျန်းယု ဘုရင်ရာထူးကို အပ်နှင်းခံရသည့် တော်ဝင်မိသားစု၏ ဒုတိယမြောက်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ကျန်းယွမ်က တော်ဝင်မိသားစုကို ဘုရင်ဘွဲ့အပ်နှင်းမှာကို သေမလောက်ကြောက်သည့်အတွက် ကျန်းယုကို ဘုရင်ဘွဲ့အပ်နှင်းနိုင်သည့်အချက်က ဤအောင်မြင်မှု၏ အရေးပါမှုကို ပြသနေသည်။
အောင်ပွဲမျှော်လင့်ချက်ကို မြင်လိုက်ရသလို ကမ္ဘာကြီးတစ်ခုလုံး ရွှင်မြူးနေလေ၏။
ယခုနှစ်တွင် ကျန်းဇီယုနှင့်ပင်းအန်းတို့သည် အသက် ခုနစ်နှစ်ရှိပြီဖြစ်သည်။ ကျန်းဇီယု သည် သူ၏ အစွမ်းထက်သော သိုင်းပညာစွမ်းရည်ကို ပြသခဲ့ပြီးဖြစ်ကာ သူ့ထက် တစ်နှစ်ကြီးသော ဟွမ်းချွမ်ကိုပင် လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် ရှုထျန်းကျိက သူတို့နှစ်ယောက်ကို နတ်ဆိုးနှစ်ကောင်ဟု နာမည်ပြောင်ပေးထားသည်။
တစ်ခုသောနေ့လည်ခင်းတွင်
ကျန်းဇီယုသည် ဟွာဂျန်ရှင်းနှင့်အတူ တောင်ပေါ်သို့ တက်လာခဲ့သည်။
“ဆရာကြီး၊ ကျွန်တော့်အစ်ကိုကို သိုင်းပညာသင်ဖို့ ခမည်းတော်က မြင့်မြတ်တဲ့နယ်မြေကို ပို့ထားတယ်။ သူ မထွက်ခွာခင်မှာ သူသွားမယ့် မဟာယာန နဂါးမျှော်စင်ဟာ တန်ခိုးကြီးတယ်လို့ ချီးမွမ်းခဲ့တယ်...ကျွန်တော်သာအဲ့ကိုရောက်ရင် ဘာကောင်မှမဟုတ်ဘူးလို့လဲပြောသွားတယ်....."
“ဆရာကြီး....ဆရာကြီးကမဟာယာနနဂါးမျှော်စင်ထက် တန်ခိုးကြီးတယ်မဟုတ်လား”
ကျန်းချန်ရှန်းက သူ့ခေါင်းကို ပွတ်သပ်ပြီး ပြုံးလိုက်ကာ....
" မဟာယာနနဂါးမျှော်စင်က ပညာရှင်တွေကို မတွေ့ဖူးတဲ့အတွက် ငါဘယ်လိုသိမှာလဲ? သိုင်းပညာ ကောင်းကောင်း လေ့ကျင့်ပါ..
.. သိုင်းပညာရဲ့ မြင့်မားမှုက မင်းရဲ့ကြိုးစားမှုအပေါ်မှာ မူတည်တယ်.....”
ကျန်းဇီယုက လေးလေးနက်နက် ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားသည်။
ရှုထျန်းကျိ လမ်းလျှောက်လာပြီး ....
“ဆရာကြီး၊ မဟာယာနနဂါးမျှော်စင်အကြောင်း ကျုပ် ကြားဖူးတယ်....သိုင်းလောကရဲ့ ဂရမ်းမာစတာငါးယောက်ထဲက နှစ်ယောက်က မဟာယာနနဂါးမျှော်စင်ရဲ့ အမွေကို ရရှိထားတယ်လို့ ပြောကြတယ်..... မဟာယာနနဂါးမျှော်စင်က ဒီမြေပေါ်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်စွာ ရပ်တည်ခဲ့ပြီး မင်းဆက်များစွာကို တွေ့ကြုံခံစားခဲ့ရတယ်....ဒါ့ကြောင့် သူတို့ရဲအခြေခံအုတ်မြစ်ကနက်ရှိုင်းလွန်းနေပြီ.... ဒါ့အပြင် သူတို့က သရဲတစ္ဆေများတွေလို တပည့်တွေကို ကမ္ဘာအနှံဖြန့်ကျက်ထားတယ်....."
ကျန်းချန်ရှန်းက ....
"ဒါဆို မင်း အသုံးဝင်တာတစ်ခုခုပြောလို့ရမလား"
သူသည် သိုင်းပညာအကျော်အမော်တစ်ဦးဖြစ်လာပြီးကတည်းက၊ ဘေးဆိုးဗုဒ္ဓအပါဝင်၊လုပ်ကြံသတ်ဖြတ်သူဆယ့်သုံးဉီးကို ဖိနှိပ်နိုင်ခဲ့သည်။ ထင်ရှားသည်မှာ၊ မဟာယာနနဂါးမျှော်စင်သည် သူ၏ သိုင်းပညာကို သိချင်သော်လည်း နှစ်ဖက်ကြားတွင် အာဃာတမရှိသောကြောင့် လုံချီဘုရားကျောင်းကို မစော်ကားခဲ့ကြပေ။
ထိုစကားကြောင့်ရှုထျန်းကျိ၏ အမူအရာ တင်းမာသွားသည်။ ရုတ်တရက် တစ်ခုခုကို တွေးပြီး လက်ခုပ်တီးလိုက်ကာ....
“အရင်က ကျုပ် အနောက်တိုင်းကို ရောက်ခဲ့ဖူးတယ်။ အနောက်တိုင်းဒေသမှာ ကျုပ်ရဲ့ အင်မော်တယ်နည်းစနစ်ကို သင်ယူခဲ့တယ်.....အနောက်ဘက်မှာတော့ မဟာယာနနဂါးမျှော်စင်ရဲ့ ဂုဏ်သတင်းကို ကြားဖူးပါတယ်။ လူမျိုးစုများစွာက မဟာယာနနဂါးမျှော်စင်ကို ဘုရားတစ်ဆူလိုကိုးကွယ်ကြတယ်......"
အနောက်ပိုင်းဒေသ ?
ကျန်းချန်ရှန်း ထိုအကြောင်းကို လေးလေးနက်နက် တွေးနေမိသည်။
ကျန်းယွီသည် ၎င်း၏သားအကြီးဆုံးကို မဟာယာနနဂါးမျှော်စင်သို့ သွားရောက်လေ့လာရန် တောင်းဆိုခဲ့ပြီး သားအကြီးဆုံးကို အနာဂတ်အိမ်ရှေ့စံအဖြစ် ရွေးချယ်ထားပြီးဖြစ်ကြောင်း လက်တွေ့ကျကျ ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ ကျန်းယွမ်သည် သတ္တမမြောက်မင်းသားကို ထိုနေရာသို့သွားရန် အကြံပြုခဲ့ပြီး ကျန်းချန်ကို ကျော်လွန်၍ အိမ်ရှေ့စံအဖြစ် ရာထူးအပ်နှင်းခဲ့ရသည်။သို့သော်...ကျန်းဇီယု၏ဘုန်းတန်ခိုးကို ကျန်းယွီ၏အကြီးဆုံးသား ဘယ်နည်းနှင့်မျှ ကျော်လွန်နိုင်မည်မဟုတ်ပေ။
ရွှေတောင်ပံငှက်ကြီး ဝင်စားသူ.....
ဘုရင်အဖြစ် မွေးဖွားလာသူ...
သိုင်းလောကဒဏ္ဍာရီရဲ့ တပည့်...
ဒါတောင် ကျန်းဇီယုက ကျန်းယွီရဲ့ အကြီးမားဆုံးသော ထောက်ခံမှုကို မရရှိခဲ့ပေ။ ပထမဇနီးမှမွေးသောသားအကြီးဆုံးဟူသော ဂုဏ်ပုဒ်က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ ရာဇပလ္လင်ကို သိမ်းပိုက်သော မောင်းမမိဿံများရှိလျှင်ပင် နောင်လာနောက်သားတို့သည် ပထမမယား၏ သားအကြီးဆုံးကို နှစ်သက်ကြပေလိမ့်မည်။ ယခင်ဖြစ်ရပ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းရင်းမှာ ကျန်းယွမ်သည် မဟာယာနနဂါးမျှော်စင်၏ လွှမ်းမိုးမှုခံရပြီး ရွေးချယ်စရာမရှိသောကြောင့်ဖြစ်သည်။
သူ လေးလေးနက်နက် တွေးတောနေတာကြောင့် ရှုထျန်းကျိ သူ့ကို မနှောင့်ယှက်ဘဲ ကလေး သုံးယောက်နှင့်သာ လေ့ကျင့်နေခဲ့သည်။
...............
ညဉ့်နက်တော့ ကျန်းချန်ရှန်းရဲ့ အခန်းထဲကို တစ်စုံတစ်ယောက် ရုတ်တရက် ဝင်လာခဲ့သည်။
ဟွာဂျန်ရှင်း.......
ဟွာဂျန်ရှင်းသည် သူမ၏ဓားကို စားပွဲပေါ်တင်ပြီး ကုတင်ပေါ်တက်လိုက်သည်။ သူက ကျန်းချန်ရှန်းရဲ့ဘေးမှာထိုင်ပြီး .....
"မကြာသေးမီက အိမ်ရှေ့စံရဲ့အိမ်တော်မှာ အထူးသတင်းတစ်ခုကြားခဲ့တယ်"
ကျန်းချန်ရှန်းက မျက်လုံးမဖွင့်ဘဲ ....
“ငါ့ကို ပြောပါ”
"ကျန်းယွီက ချူမင်းဆက်ကို ပြန်လည်ထူထောင်ချင်နေတယ်...."
ကျန်းချန်ရှန်း မျက်လုံးဖွင့်လိုက်ပြီး....
"ဒါအမှန်ပဲလား?"
"လောလောဆယ် သေချာမသိနိုင်ပေမယ့် အိမ်တော်ထဲမှာ ချူမင်းဆက်ကလူတွေ ပိုများလာတယ်။ အအေးနန်းဆောင်ကို နှင်ထုတ်ခံထားရတဲ့ ကြင်ယာတော်လီကိုတောင် စံအိမ်ကို ပြန်ခေါ်ထားကြပြီ... တကယ်တော့ ချန်းမိသားစုက ကျန်းယွီကို မှီခိုအားထားနေတယ်ဆိုတာ ထင်ရှားတယ်.... ချန်မိသားစုက ချူမင်းဆက်ရဲ့ မိသားစုတစ်ခုပဲလေ....."
"သူဘာဖြစ်နေတာလဲ..."
မှန်းဆပြီးသားဖြစ်ပေမဲ့ ကျန်းချန်ရှန်က ဒါကို အတည်ပြုပြီးနောက် ရယ်စရာကောင်းတယ်လို့ ခံစားမိနေရဆဲပင်....
သတ္တိကောင်းလှချည်လား......
ဟွာဂျန်ရှင်းက ကူကယ်ရာမဲ့စွာဖြင့်....
" ကျန်းယွီက သိုင်းပညာ ကျွမ်းကျင်ပေမယ့် ဧကရာဇ်လို သူရဲကောင်းစိတ်ဓာတ် မရှိဘူး.... သူက ရုပ်သေးရုပ်နဲ့ ပိုတူတယ်.... အခြေအနေကို နောက်ပြန်လှည့်နိုင်စွမ်းမရှိဘူးလို့ ခံစားခဲ့ရတာကြောင့် ချူမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ဂရမ်းမာစတာငါးဉီးကိုဖိတ်ကြားပြီး ရှေးဟောင်းဟန်မင်းဆက်ကို အမြစ်ဖြတ်လိမ့်မယ်.... ကျန်းယွီ တစ်ချိန်က လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဦးကို စစ်မြေပြင်ဆီ ပို့ဆောင်ခဲ့ပေမယ့် သူတို့အားလုံး ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး တစ်နှစ်ခွဲကြာမှ ပြန်လည်ကျန်းမာလာခဲ့ကြတာ....."
ကျန်းချန်ရှန်း ဘာပြောရမှန်းပင် မသိတော့ချေ။
ဘယ်လောက်တောင် သူရဲဘောကြောင်လိုက်သလဲ......
ကျန်းယွီက မဟာယာနနဂါးမျှော်စင်ကနေ ဘာ့ကြောင့် အကူအညီမတောင်းတာလဲ....ဒါမဟာယာနနဂါးမျှော်စင်ရဲ့ ဆန္ဒများလား.....
ချူမင်းဆက်ကို ပြန်လည်ထူထောင်ချင်တယ်ဆို ကျန်းယွမ် မင်းဆက်ထူထောင်ဖို့ ဘာကြောင့် ထောက်ခံခဲ့ကြသေးလဲ.......
ကျန်းယွမ်သည် မင်းဆက်တည်ထောင်ရန် ယန်မိသားစုကို အားကိုးခဲ့ကြောင်း ရုတ်တရက် သတိရမိသည်။ သို့ရာတွင် မင်းဆက်တည်ထောင်ပြီးနောက် မဟာယာနနဂါးမျှော်စင်သည် ကျန်းမင်းဆက်ကို ချုပ်ကိုင်လိုသောကြောင့် အရေးယူခဲ့သည်။ ကျန်းယွမ်က မနာခံသောကြောင့် မဟာယာန နဂါးမျှော်စင်က အခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
"ရှင်ဘာလုပ်ဖို့ရည်ရွယ်ထားလဲ"
“ထုံးစံအတိုင်း ငါတို့သားကို ဧကရာဇ်ဖြစ်စေချင်တယ်။ ဘယ်သူကမှ ငါတို့ကို ဟန့်တားလို့မရဘူး..... ငါ့ရဲ့ အရင်က လုပ်ရပ်တွေက ဧကရာဇ်ကိုဆန့်ကျင်ရုံသာမကဘဲ သူ့နောက်ကွယ်ကအင်အားစုကိုပါဆန့်ကျင်သလိုဖြစ်နေခဲ့တယ်....အခု သူတို့တွေ တကျန်းရဲ့အရေးကိစ္စကိုဝင်စွက်ဖက်ချင်နေတယ်ဆိုတော့....ခဏလောက်စောင့်ကြည့်ကြတာပေါ့....... "
ဟွာဂျန်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး.....
“မဟာယာနနဂါးမျှော်စင်က တကယ်ကို အစွမ်းထက်တယ်...ကျန်းယွီဘက်က စေလွှတ်လိုက်တဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူ အယောက် ၂၀ ထက်မနည်းရှိတယ်.... သိုင်းလောကမှာ ကျွမ်းကျင်သူတွေ အများကြီးရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
ကျန်းချန်ရှန်းက ပြတင်းပေါက်အပြင်ဘက်မှာ တောက်ပနေတဲ့ လကို ကြည့်လိုက်ပြီး.....
"အချိန်ရှိပါသေးတယ်"
သူအခုလို သိိုသိုသိပ်သိပ်နေနေရခြင်း အကြောင်းရင်းမှာ မဟာယာနနဂါးမျှော်စင်၏ အင်အားကို မတိုင်းတာနိုင်ခြင်းကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ကျန်းဇီယုကို မင်းသားတစ်ဦး၏ အဆင့်အတန်းကို ကြိုတင်ပိုင်ဆိုင်ထားစေပြီး ကိုယ်ပိုင်အင်အားစုတစ်ခုတည်ထောင်ပေးချင်သည်။
သူသည် တာအိုသဘာဝကျင့်စဉ်၏ ဆဌမအဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။ ဆဋ္ဌမအဆင့်သို့ရောက်သောအခါ မဟာယာနနဂါးမျှော်စင်ကို မှောက်လှန်နိုင်ရမည်။
ပဉ္စမအဆင့်သို့ရောက်သောအခါ၊ စစ်မှန်သောနတ်ဘုရားနယ်ပယ်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုက လွန်စွာ ကျော်လွန်နေပြီဖြစ်သည်။ စစ်မှန်သောနတ်ဘုရားနယ်ပယ်ဆယ်ယောက်ကျော်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟုယုံကြည်ခဲ့သည်။အဆင့်ခြောက်သို့ ဖြတ်ကျော်ပြီးသည်နှင့် စစ်မှန်သောနတ်ဘုရားနယ်ပယ်တစ်ရာကို သတ်ရန် မခက်ခဲသင့်ပေ။
ဟွာဂျန်ရှင်းက ဘာမှဆက်မပြောဘဲ ကျန်းချန်ရှန်း အနားမှာ တိတ်တိတ်လေး ထိုင်နေလိုက်သည်။
သူတို့နှစ်ဦးသည် အကြင်လင်မယားဖြစ်သော်ငြားလည်း တကယ့်အကြင်လင်မယားမဟုတ်ပေ။ သူမသည် ကျန်းချန်ရှန်းကို ချစ်ခင်လေးစားပြီး သူမ၏ လက်ရှိဘဝကို အလွန်ကျေနပ်နေပြီဖြစ်သည်။
"မင်း စကြာဝဠာရဲ့ ကောင်းကင်ဘုံကျမ်းစာကို လေ့ကျင့်တာ အခက်အခဲတွေကြုံရသေးလား....."
ဟွာဂျန်ရှင်းသည် အလွန်ဝမ်းသာသွားပြီး "ဟုတ်ကဲ့" ဟု အလျင်စလိုဖြေလိုက်သည်။
"...ငါ့ကိုပြောပြ....."
လရောင်က မှုန်မှိုင်းနေပြီး လေနုအေးကလည်းတသုန်သုန်တိုက်ခတ်နေသည်။
ကျန်းချန်ရှန်း၏ ဝိညာဉ်စွမ်းအားဖြင့် အခန်းကို ဖုံးအုပ်ထားပြီး မည်သည့်အသံမှ ထွက်မလာအောင် တားဆီးထားသည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာပါက ၎င်းကို ဦးစွာ သတိပြုမိလိမ့်မည်။ ထို့ကြောင့် ဟွာဂျန်ရှင်းနှင့်သူ၏ဆက်ဆံရေးပေါက်ကြားသွားမည်ကို စိုးရိမ်နေစရာမလိုပေ။