ဒဏ္ဍာရီလာ ဓားက တိုက်ပွဲဆာလောင်နေပြီ......တိုင်ချင် ဓားနည်းစနစ်...
Vol. 3 Ch. 36
ကျန်းယွီတွင် ချူမင်းဆက်ကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်ချက်ရှိသော်လည်း ရူးကြောင်ကြောင် မလုပ်ဝံ့ပေ။ မည်သို့ပင်ဆိုစေ ဧကရာဇ် သက်ရှိထင်ရှားရှိနေသေးသာည်မဟုတ်လော.....
ကျန်းချန်ရှန်း ထိုအရာများကို စိတ်ပူမနေခဲ့ဘဲ ကျင့်ကြံခြင်းတွင်သာအာရုံစိုက်ထားခဲ့သည်။
နွေဦးပေါက်ပြီး ဆောင်းဦးရောက်လာပြန်သည်။
မင်းဆက်တည်ထောင်ပြီး သုံးဆယ့်ခုနစ်နှစ်အကြာတွင် တကျန်းမင်းဆက်နှင့် ရှေးဟောင်းဟန်မင်းဆက်တို့ကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း စစ်ပွဲသည် ကြီးမားသောစစ်ပွဲမှ သေးငယ်သောစစ်ပွဲသို့ ပြောင်းလဲသွားခဲ့သည်။ နှစ်ဘက်စလုံးက တိုက်ခိုက်ရသည်ကို ငြီးငွေ့လာပြီး ပြန်လည်သက်သာလာဖို့ အခွင့်အရေးကို လိုချင်နေကြသည်။
ခြံဝင်းထဲတွင်......
အသက် ၉ နှစ်အရွယ် ဟွမ်းချွမ်သည် လက်ရှိတွင် ဝမ်လီနှင့်အတု လေ့ကျင့်နေသည်။ သူသည် ကိုးကောင်းကင်ဘဂါး ခြေလှမ်းများကို အသုံးပြုကာ လက်ဖဝါးမှထုတ်လွှတ်နေသော စစ်မှန်သောချီများသည် ဝမ်လီဆီသို့ရောက်သောအခါ သေးငယ်သော အပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျောက်စိမ်းအပ်ပညာရပ်........
ဝမ်လီသည်ဝတ်ရုံလက်စကိုဝှေ့ယမ်းပြီး အစစ်မှန်ချီများဖြင့် အပ်များကို ရိုက်ချလိုက်သည်။
ဟွမ်းချွမ်သည် ဝမ်လီ၏ ရင်ဘတ်ကို ကန်ထုတ်ကာ နောက်ပြန်ဆုတ်သွားခဲ့သည်။
လက်ခုပ်သံများကို ဘေးမှ ကြားနေရသည်။ ရှုထျန်းကျိက ခြံဝင်းတံခါးကိုမှီလျှက်.....
"ဟွမ်းချွမ်၊ မင်းက တကယ့်ကို သိုင်းပညာ ထူးချွန်သူပါ.... ငါတောင် မင်းထက် ညံ့တယ်.... မင်းတောင်ပေါ်ကဆင်းပြီး အနာဂတ်မှာ ကွေ့ရန်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ချင်လား.... ငါ မင်းအတွက် ရာထူး စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်......."
ဟွမ်းချွမ်က ရှုထျန်းကျိကို လျစ်လျူရှုပြီးညဝမ်လီကိုကြည့်ကာ....
"ကျွန်တော် မတိုက်တော့ဘူး"
သူ့မှာ စစ်မှန်တဲ့ချီ နည်းပါးလွန်းတာကြောင့် ကာယကြံ့ခိုင်မှုရှိသည့်တိုင် ဆက်လက်တိုက်ခိုက်နေလျှင် မလွဲမသွေရှုံးရလိမ့်မည်။
တံမြက်စည်းလှည်းနေသည့် ဝမ်ချန်းက ဟံမ်ချွမ်ကိုလှမ်းကြည့်လိုက်ပြီး....
“မင်း ငယ်သေးတယ်....ဘာလို့အလျင်လိုနေတာလဲ?"
ဟွမ်းချွမ်က အံကြိတ်လိုက်ပြီး....
“ကျွန်တော့်အဘိုးရဲ့နောက်ဆုံးခရီးကို လိုက်ပို့ပေးချင်လို့ပါ..... ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မရောက်သေးဘဲ သူ့ကိုလာမရှာဖို့မှာထားတယ်....."
ဝမ်ချန်း အံ့အားသင့်သွားပြီး ခေါင်းယမ်းကာ တံမြက်စည်း ဆက်လှည်းနေလိုက်တော့သည်။
“ငါ့အလှည့်ရောက်ပြီ..... ဟဲဟဲ…”
ပင်းအန်း ရုတ်တရက် ဘေးမှခုန်ဝင်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဝမ်လီ၏ အပြုံးများ တင်းမာလာသည်။ သူ မတုံ့ပြန်ခင်မှာ ပင်းအန်းက သူ့ကို လှမ်းထိုးလိုက်သည့်အတွက် တိုက်ခိုက်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ ရိုက်နှက်ခံရတိုင်း ပြင်းထန်စွာ နာကျင်ခံစားရသည်သာ.....
ပင်းအန်း၏ သိုင်းပညာသည် အလွန်ညံ့ဖျင်းပြီး ကျန်းဇီယုနှင့်ဟွမ်းချွမ်တို့နှင့် လုံးဝမယှဉ်နိုင်ပေ။ သို့သော်၊ သူ၏ ခွန်အားသည် အမှန်တကယ် ပြင်းထန်ပြီး တုံ့ပြန်မှု အရှိန်မှာလည်း အလွန်တရာ လျင်မြန်လှသည်။
ကျန်းချန်ရှန်းကမြေဝိညာဉ်သစ်ပင်အောက်မှာထိုင်ပြီး သူတို့ကို တိတ်တဆိတ်ကြည့်နေသည်။
“အရည်အချင်းက တကယ့်ကို အရေးကြီးပုံပဲ...ဟွမ်းချွမ်နဲ့ပင်းအန်းကလွဲရင် အခြားဘယ်သူမှ မြေဝိညာဉ်သစ်ပင်က ထုတ်လွှတ်တဲ့ ဝိညာဉ်စွမ်းအင်ကို အလိုအလျောက် မစုပ်ယူနိုင်ဘူး.....ဒါကြောင့်မို့ သူတို့နှစ်ယောက်က တခြားသူတွေထက် ပိုတိုးတက်နေတာ......"
ကျန်းချန်ရှန်း တိတ်တဆိတ် တွေးနေမိသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် မြေဝိဉာဉ်သစ်ပင်သည် ဝိညာဉ်စွမ်းအင်ကို ထုတ်လုပ်နေပြီဖြစ်သည်။အင်မော်တယ်ကျင့်စဉ်များကို ကျင့်ကြံနိုင်သည့် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည့် ကျန်းချန်ရှန်းမှလွဲ၍ ပင်းအန်းနှင့် ဟွမ်းချွမ်တို့ကသာ ထိုစွမ်းအင်များကိုစုပ်ယူနိူင်ကြသည်။ သူတို့ရဲ့ မြန်နှုန်းက ကျန်းချန်ရှန်းထက် အဆမတန် နိမ့်နေပေမယ့် သူတို့ မသိစိတ်က ဝိဉာဉ်စွမ်းအားများကိုအလိုအလျောက်စုပ်ယူနိုင်သည်။
သိုင်းပညာရှင်အများစုသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူခြင်းမဟုတ်ဘဲ ၎င်းတို့၏စစ်မှန်သောချီကိုလှုံ့ဆော်ရန်အတွက် ၎င်းတို့၏ခန္ဓာကိုယ်ကိုအသုံးပြု၍ လေ့ကျင့်သင်ကြားခဲ့ကြသည်။ ပင်းအန်းနှင့်ဟွမ်းချွမ်က ဒါကို လုပ်နိုင်တဲ့အတွက် တခြားသော သိုင်းပညာရှင် တွေလည်း ဒိီလိုလုပ်နိုင်လောက်မည်။ သို့သော် ထိုကဲ့သို့သောလူသည် တစ်သန်းတွင် တစ်ဦးသာရှိနိုင်သည်။
သိုင်းပညာရှင်သည်များသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သော်လည်း ကျန်းချန်ရှန်းကတော့ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ကသာ ပိုမိုနက်နဲသည်ဟု ယူဆထားသည်။
ထိုအချိန်တွင် မင်ယွဲ့ ခြံဝင်းထဲသို့ ပြေးဝင်လာသည်။
"ဆရာတော်.... တစ်ယောက်ယောက်က ဆရာတော်ကိုစိန်ခေါ်ဖို့ လာနေပြီ....သူ့ကိုယ်သူ ထိုက်ချိချိုးကျန်းလို့တော့ပြောတယ်..... ထိုက်ချိချိုးကျန်းက သိုင်းလောကရဲ့ ဒဏ္ဍာရီဆန်တဲ့ပုဂ္ဂိုလ်တစ်ဦးလို့ စီနီယာချင်ကူကပြောတယ်....."
ထိုက်ချိချိုးကျန်းဆိုတဲ့ နာမည်ကိုကြားတော့ ရှုထျန်းကျိ တုန်လှုပ်သွားသည်။
“ဒီခွေးကောင်လည်း ပေါ်လာပြီ....စိတ်ဝင်စားစရာပဲ.....”
ကျန်းချန်ရှန်းသည် ရှုထျန်းကျိနှင့် ဆင်တူသည့် ထိုက်ချိချိုးကျန်း၏ စစ်မှန်သောချီကို အာရုံခံမိသော်လည်း သူ့ပတ်ဝန်းကျင်တွင် စူးရှသော အော်ရာအချို့ရှိနေသည်။
ဓားဆန္ဒ......
ဤဓားဆန္ဒကြောင့် ထိုက်ချိချိုးကျန်းက ရှုထျန်းကျိထက် သာလွန်နေခြင်းဖြစ်သည်။
ကျန်းချန်ရှန်းက မတ်တပ်ထရပ်ပြီး ခပ်သော့သော့ပြုံးလိုက်သည်။
ရှင်သန်ခြင်းဆုလာဘ် ရောက်လာပြီ....
လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ ရံဖန်ရံခါတွင် ၎င်းတို့ကို စိန်ခေါ်ရန် ကျွမ်းကျင်သူများ ရောက်လာသော်လည်း ၎င်းတို့သည် ရှင်သန်မှုဆုလာဘ်ကို ဖြစ်ပေါ်စေရန် အားနည်းလွန်းသည်။
နှစ်နှစ်လောက် စောင့်ပြီးမှ နောက်ဆုံးမှာ တကယ့်ပညာရှင်တစ်ယောက် ရောက်လာခဲ့ပြီ.....
ကျန်းချန်ရှန်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ ရှုထျန်းကျိက သူ့ကိုသတိပေးသည့်အနေဖြင့်......
"ဆရာကြီး..... ထိုက်ချိချိုးကျန်း တကျန်းကမဟူတ်ဘူး.... သူက အခြားမင်းဆက်က ဆင်းသက်လာတဲ့သူ.... ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်လေးဆယ်က စစ်ပွဲအတွင်း ချူမင်းဆက်က ဓားသမားအားလုံးကို အနိုင်ယူပြီး ဓားတာအိုအတွက် ဒဏ္ဍာရီတွေ ချန်ထားနိုင်ခဲ့တယ်.... သူနဲ့တိုက်ခိုက်မယ်ဆို သတိထားပါ.....သူ့ရဲ့ဓားအစွမ်းက ကျင့်ကြံမှုအဆင့်ထက်ပိုမြင့်နေပြီ....."
အခြားမင်းဆက်ကလား.....
ကျန်းချန်ရှန်း အနည်းငယ် ခေါင်းညိတ်ပြပြီး ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ တခြားသူတွေကလည်း စိတ်ဝင်စားပြီး သူ့နောက်ကို လိုက်လာကြသည်။ ဝမ်လီနှင့်ပင်းအန်း၏ တိုက်ပွဲလည်းရပ်နားလိုက်ရသည်။
တံခါးရှေ့တွင် တပည့်အများအပြား စုဝေးနေ
ကြသည်။ အဲ့ဒီအထဲမှာ ဘုရားဝတ်ပြုသူ အနည်းငယ်လည်း ပါနေသည်။
တောင်တံခါးရှေ့က လှေကားထစ်တွေပေါ်မှာ လူတစ်ယောက်ရပ်နေပြီး ထိုသူက မိုးကာအင်္ကျီဝတ်ဆင်ထားပြီး သံချေးတက်နေသော ကြေးဝါဓားတစ်လက်ကိုကိုင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်သည်။
ထိုက်ချိချိုးကျန်းသည် ဆံဖြူသွားကျိူးအရွယ်အဖိုးအိုဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကနေ မည်သူမျှ မထီမဲ့မြင်မပြုဝံ့သော အော်ရာများကိုထုတ်လွှတ်နေသည်။
"ထိုက်ချိချိုးကျန်း.... ဒီနာမည်ကို ကြားဖူးလား....."
“ငါကြားဖူးတယ်.... စီနီယာချင်ကူနဲ့ သိုင်းလောကကိုခရီးထွက်ခဲ့တုန်းက သူ့ရဲ့မှတ်တမ်းတွေဖတ်ခဲ့ဖူးတယ်..သူက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ရှုံးနိမ့်မှုကို တစ်ခါမျှ မမြည်းစမ်းခဲ့ဖူးဘူး... နှစ်လေးဆယ်အတွင်း ဓားသမား ၁၃၂၇ ဦးကို အနိုင်ယူခဲ့ပြီးပြီတဲ့....…”
"လွန်ခဲ့တဲ့နှစ်ပေါင်းလေးဆယ်ကဆို အခုသူ့အသက်ဘယ်လောက်ရှိနေပြီလဲ....."
“တချို့ သိုင်းသမားတွေက အသက်ကြီးလာတာနဲ့အမျှ နတ်ဆိုးပိုဆန်လာတယ်လို့ ကြားဖူးတယ်...”
“တကယ်တော့ ဒီကမ္ဘာမှာ ပုန်းနေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ကျားတွေရှိတယ်၊ ဒါပေမယ့် သူတို့က ငါတို့ ဆရာတော်ရဲ့ ပြိုင်ဘက်မဟုတ်တာတော့ သေချာတယ်...ဆရာတော်က အခုချိန်မှာ သိုင်းပညာရှင်အကျော်အမော်တစ်ဦးဖြစ်နေပြီ...ကျုံးထျန်းဝူ၊ ရှုထျန်းကျိ၊ နှဲ့ ထင်းရှူးရေကန်က နတ်ဘုရားဘုန်းတော်ကြီးတို့တောင် ဒီလိုဘွဲ့မျိုးမရှိနိုင်သေးဘူး....."
တပည့်များ အချင်းချင်း ဆွေးနွေးနေကြပြီး ထိုက်ချိချိုးကျန်း ဂုဏ်သတင်းကြောင့် အံ့အားသင့်ခဲ့ကြသော်လည်း ကျန်းချန်ရှန်း ကို ယုံကြည်နေကြဆဲပင်......
" ဆရာတော် ရောက်လာပြီ ! "
ထိုက်ချိချိုးကျန်း မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ့မျက်လုံးများက အသက်မဲ့နေသော်လည်း ကျန်းချန်ရှန်းကို လှမ်းကြည့်လိုက်သောအခါ သူ့မျက်လုံးများထဲက အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ကျန်းချန်ရှန်း ရှေ့သို့ လျှောက်သွားပြီး ထိုက်ချိချိုးကျန်းနှင့် ရင်ဆိုင်လိုက်သည်။
ထိုက်ချိချိုးကျန်းက...
“ဒါက ငါ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်လိမ့်မယ်.... တိုင်ဟန်ဓားအောက်မှာ ငါသေဆုံးခဲ့ရင် ထိပ်တန်းဓားဆယ်လက်ထဲက တစ်လက်အဖြစ် နာမည်ဂုဏ်သတင်းကျော်ဇောနိုင်မှာပါ.....”
ကျန်းချန်ရှန်းက....
"ကျွန်တော်က ဓားသမားမဟုတ်ဘူး.... ဒါပေမယ့် မင်းဒီမှာသေချင်ရင်တော့ ဆန္ဒပြည့်စေရမယ်....."
ထိုက်ချိချိုးကျန်းသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ညာလက်ဖြင့် ဓားကို စတင်ဆုပ်ကိုင်လိုက်သည်။
လုံချီ ဘုရားကျောင်းမှ တပည့်များက ကျန်းချန်ရှန်း၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားနေကြသည်။ သူတို့ရဲ့ ဆရာတော်ဟာ များသောအားဖြင့် နူးညံ့သိမ်မွေ့ပေမယ့် ရန်သူကို ရင်ဆိုင်လိုက်တာနဲ့ လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်ပင်....
ရှုထျန်းကျိက ထိုက်ချိချိုးကျန်းကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။ ကျန်းချန်ရှန်း သူ့ကို သတ်နိူင်မယ်လို့ ယုံကြည်နေသည်။
ထိုက်ချိချိုးကျန်းက သူ့ဓားကို လက်တစ်ဖက်နဲ့ မြှောက်လိုက်ပြီး အေးစက်သောလေသံဖြင့်....
"ဂျူနီယာလေး...မင်းက ငါအရင်တုန်းကလိုပဲ အရမ်းယုံကြည်မှုရှိတယ်.... ဒငါသေချင်ပေမယ့် မိုင် 100,000 ခရီးနှင်ခဲ့တာတောင် ဘယ်သူမှ ငါ့ကို ကျေနပ်အောင်မလုပ်နိုင်ခဲ့ဘူး.....”
သူသည် ကြေးဓားကို မြှောက်လိုက်ပြီး ကျန်းချန်ရှန်းကို ညွှန်လိုက်သည်။ တခဏချင်းမှာပဲ အလွန်အစွမ်းထက်တဲ့ အငွေ့အသက်တွေ ပေါက်ကွဲသွားပြီး လူတိုင်းရဲ့နှလုံးသားကို တုန်လှုပ်စေခဲ့သည်။
ကောင်းကင်နဲ့ မြေကြီးကြားက လေဟာနယ် ရုတ်တရက် ရပ်သွားသလိုပင်.....
အဝေးက အထိမ်းအမှတ်ကမ္မည်းတိုင်တွေကို ကိုင်တွယ်နေတဲ့ ကျန်းယွီက ခေါင်းကို မော့ပြီး ပြတင်းပေါက်ကနေ မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။
“ဓားဆန္ဒပိုင်တိုင်ထားတဲ့ ဘယ်ပညာရှင်မြို့တော်ကို ရောက်လာတာလဲ.....”
ကျန်းယွီ မေးလိုက်သည်နှင့် အပြင်မှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
"လူထူးဆန်းဓားသမား.... ထိုက်ချိချိုးကျန်း"
ထိုက်ချိချိုးကျန်း?
ကျန်းယွီက မျက်မှောင်ကြုတ်လိုက်ပြီး.....
“သူ့ဓားကို နဂါးမျှော်စင်မှာ တွေ့ခဲ့ဖူးတယ်.... သူ အသက်ရှင်နေသေးတာလား"
အမျိုးသမီး၏အသံ တဖန်ထွက်ပေါ်လာပြန်သည်။
“ဒီနှစ်တွေတစ်လျှောက်လုံး ထိုက်ချိချိုးကျန်းက တိုင်ချန်းကလာပြီး သေခြင်းတရားကို ရှာဖွေခဲ့ပေမယ့် မသေနိူင်ခဲ့ဘူး.... အဲ့ဒီ့အစား သူက အားကောင်းတဲ့ ဓားသမားများစွာကို သတ်ခဲ့ပြီးအစွမ်းသတ္တိကလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေခဲ့ပြီ.... သူ့ရဲ့ ရည်ရွယ်ချက်က ဒီနေ့ခေတ်ရဲ့ သိုင်းပညာရှင်အကျော်အမော်ကို စိန်ခေါ်ဖို့ပဲဖြစ်ရမယ်.... ”
ကျန်းယွီ အဝေးကို လှမ်းကြည့်ရင်း အောက်မေ့ဖွယ် အခမ်းအနားတွေကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
….............
ကျန်းချန်ရှန်းသည် သူ၏ ဘယ်လက်တွင် တိုင်ဟန်ဓားကို ကိုင်ထားပြီး မြင်းမြီးသားယပ်ကို ညာဖက်တွင် ကိုင်ထားသည်။ သူက ရယ်မောပြီး ......
“ခင်ဗျားရဲ့ဓားဆန္ဒက အရမ်းပြင်းထန်တယ်.... ဘဝမှာ မြင်ဖူးသမျှ ဓားသမားတွေထဲမှာ ခင်ဗျားက အသန်ဆုံးပဲ....ခင်ဗျားရဲ့ ခွန်အားကို လေးစားတဲ့အတွက် ကျုပ်အစွမ်းကုန်ထုတ်သုံးပါ့မယ်....."
ထိုက်ချိချိုးကျန်းသည် အသက်ရှင်နေသည်ဆိုရုံမျှသာ အသက်ဓာတ်ကျန်ရှိနေသော်လည်း သူမည်မျှအားကောင်းသည်ကို ဘုရားသာသိလိမ့်မည်။
ထိုက်ချိချိုးကျန်းသည် ဆုပ်ကိုင်ထားသော ကြေးဝါဓားကို ရုတ်တရက်လွှဲယမ်းလိုက်ရာ သာမန်မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်ကြိုးများ ခန္ဓာကိုယ်မှ ပြည့်လျှံလာပြီး ဓားကို ဝိုင်းရံထားသည်။
"ဒီဓားကို အံ့ဖွယ်ရိုက်ချက်လို့ခေါ်တယ်!"
ထိုက်ချိချိုးကျန်း ပြောပြီးတာနဲ့ ကြေးဓားက ရုတ်တရက် ထွက်လာပြီး လူတိုင်းကစူးစူးရှရှ အော်သံကို ကြားလိုက်ရသည်။ ကြေးဝါဓားသည် လေထုထဲတွင် ပျံသန်းနေပြီး ကျန်းချန်ရှန်းရဲ့နောက်မှာ ရပ်နေတဲ့ သူတို့အားလုံး သေခြင်းအငွေ့အသက်ကို ခံစားနေကြရသည်။ ရှုထျန်းကျိပင်လျှင် တုန်လှုပ်သွားသည်။
ဝုန်းးးးးး
ကြေးဝါဓားသည် ကျန်းချန်ရှန်းနှင့် တိုက်မိသော်လည်း မမြင်နိုင်သော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသည်။
ရုတ်တရက် ကြေးဝါဓား ပြန်လှည့်သွားပြီး
သွားပြီး ထိုက်ချိချိုးကျန်းဆီသို့ အရှိန်ပိုမြန်စွာဖြင့်ပျံသန်းသွားလေ၏။
ဇွိ......
ကြေးဝါဓားကထိုက်ချိချိုးကျန်း၏ ရင်ဘတ်ကို ထိုးဖောက်ပြီး နေရာအနှံ့ သွေးများ လွှင့်စင်ကုန်သည်။ ကြေးဝါဓားသည် လေထဲတွင် အကွေ့အကောက်တစ်ခုဖြင့် ပြန်ပျံသွားကာ သူ့ရှေ့က ကျောက်လှေခါးထစ်တွင် စိုက်ဝင်နေသည်။
ထိုက်ချိချိုးကျန်း မျက်လုံးပြူးသွားသည်။ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှု မရှိဘဲ အဲဒီအစား အံ့အားသင့်မှုများသာကြီးစိုးနေသည်။
“ဒီအဘိုးကြီး… နောက်ဆုံးတော့ ပိုမြန်တဲ့ဓားကို တွေ့ခဲ့ရပြီ.....…”
ထိုက်ချိချိုးကျန်း ထိုသို့ ရေရွတ်လိုက်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။ ဒူးထောက်ပြီး ဓားသွားကို လက်နှစ်ဘက်ဖြင့် ကိုင်လိုက်ပြီးအကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားသည်။
ထိုအခါမှသာ ပွဲကြည့်ပုရိသတ်တွေ သတိပြန်ဝင်လညပြီး ထိုက်ချိချိုးကျန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
ထိုက်ချိချိုးကျန်း၏အရှိန်အဟုန်က ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲ..... သူဒီလိုပဲသေသွားတာလား?
ရှုထျန်းကျိ တံတွေးကို မျိုချလိုက်ပြီး ကျန်းချန်ရှန်းကို အနာဂတ်မှာ ကလန်ကဆန်မလုပ်တော့ဖို့ တိတ်တဆိတ်ဆုံးဖြတ်လိုက်သည်။
ဟွမ်းချွမ်က ကျန်းချန်ရှန်းကို လေးလေးစားစား ကြည့်နေသည် ။ ဤသည်မှာ သိုင်းပညာအကျော်အမော်တစ်ဦး၏ ခွန်အားဖြစ်ပါသလား.....
ကျန်းချန်ရှန်း မည်ကဲ့သို့ တိုက်ခိုက်သည်ကို မမြင်ရသော်လည်း ထိုက်ချိချိုးကျန်း မည်မျှ အစွမ်းထက်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ထိုကဲ့သို့ အစွမ်းထက်သော ဓားသမားကို သူ့သခင်က ချက်ချင်း သတ်ပစ်လိုက်သည်။
“တောင်ပေါ်တစ်ဝက်လောက်မှာ မြေကွက်တစ်ကွက်ရှင်းပြီး ထိုက်ချိချိုးကျန်း အတွက်ကမ္မည်းတိုင်တစ်ခုစိုက်ထူပေးလိုက်ပါ.... ယခုအချိန်ကစပြီး စိန်ခေါ်မှုတစ်ခုကြောင့် သေဆုံးသွားတဲ့ သိုင်းပညာရှင်တိုင်း ကမ္မည်းတိုင် စိုက်ထူနိုင်ပြီ...."
မန်ချွဲ့ဆောင် ခေါင်းညိတ်လိုက်သည်။
ကျန်းချန်ရှန်း၏ တိုက်ခိုက်မှုကို သူမ မြင်ဖူးတာ ဒါပထမဆုံးမဟုတ်ပေမယ့် အချိန်တိုင်း ထိတ်လန့်နေရဆဲပင်....
…...............
အခန်းထဲပြန်ရောက်ပြီးနောက် ကျန်းချန်ရှန်းမျက်လုံးရှေ့တွင် အကြောင်းကြားစာတစ်ခုပေါ်လာခဲ့သည်။
"ကျန်းမင်းဆက်တည်ထောင့်ပြီး
သုံးဆယ့်ခုနစ်နှစ်တွင်၊ လူထူးဆန်းဓားသမား ထိုက်ချိချိုးကျန်းက တိုက်ပွဲတစ်ခုအတွက် တောင်းဆိုခဲ့သည်။ သူသေတဲ့အထိ တိုက်ခိုက်နိုင်သည့်အတွက် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်တိုင်ချင် ဓားနည်းပညာကို ရရှိခဲ့သည်...."
တိုင်ချင် ဓားနည်းစနစ်သည် အနာဂတ်တွင် ပေါ်လာမည့်ပုံရသည်။
သို့သော် ၎င်းသည် သိုင်းပညာဆိုင်ရာ နည်းစနစ်တစ်ခုဖြစ်သောကြောင့် အံ့ဩခြင်းမရှိပေ။
လူထူးဆန်းဓားသမား တစ်ယောက်တည်းနဲ့ မလုံလောက်ဘးပဲ... ဆယ်ယောက် လာရင်ကောင်းမယ်......
ကျန်းချန်ရှန်း စိတ်ခံစားမှုနှင့်အတူ သက်ပြင်းချလိုက်ပြီး တိုင်ချင် ဓားနည်းစနစ်ကို အမွေဆက်ခံလိုက်တော့သည်။
တိုင်ချင်ဓားနည်းစနစ်သည် ခင်ထားသလောက် မဆိုးကြောင်း သူနားလည်ခဲ့သည်။ သေချာတာကတော့ ထူးခြားတဲ့ အရည်အချင်းတစ်ခုပင်.....
လုံချီ ဘုရားကျောင်းတိုက်ပွဲတွင် ထိုက်ချိချိုးကျန်း သေဆုံးခဲ့ရသည့် သတင်းက သိုင်းလောက တစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဒဏ္ဍာရီတွင်စေမည့် နောက်ထပ် အောင်မြင်မှုတစ်ခု တိုးလာခဲ့သည်။
နောက်လအနည်းငယ်ကြာသည်အထိ သူ့ကို စိန်ခေါ်ဖို့ ကျွမ်းကျင်သူတွေ ရောက်မလာခဲ့ကြပေ။
ကျန်းမင်းဆက်တည်ထောင်ပြီး ၃၈ နှစ်တွင်.....
ကျန်းချန်ရှန်းသည် နောက်ဆုံးတွင်အဆင့်တက်တော့မည်ဟုခံစားနေရသောကြောင့် အမွှေးတိုင် အရေအတွက်ကိုစစ်ဆေးကြည့်လိုက်သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက်... 1,021]