ကျန်းတိုင်းပြည်၏ပြည်တွင်းရေး.....အတိဒုက္ခ.....
Vol. 3 Ch. 37
ယခုအခါ လူပေါင်း ၁၀၂၁ ဦးက သူ့ကို ကိုးကွယ်နေကြသည်.......
အရမ်းနည်းလွန်းတယ်.....
ကျန်းချန်ရှန် စိတ်ထဲကနေ ငိုကြွေးခဲ့သည်။ အတိဒုက္ခကို ဖြတ်ကျော်ခဲ့ရသော်လည်း ပိုင်လုံရှိနေသည့်အပြင် သိုင်းပညာအကျော်အမော် ဂုဏ်သတင်းလည်းရှိနေသည့်တိုင ယုံကြည်သူအရေအတွက်က အလွန်နှေးကွေးစွာတိုးတက်နေသည်။ အကြောင်းမှာ အဓိကအားဖြင့် ဤကမ္ဘာတွင်သတင်းအချက်အလတ်များကို ကောင်းစွာ မဖြန့်ကျက်နိုင်သောကြောင့်ပင်.... ဒါတွေအားလုံးဟာ ပါးစပ်ပြောရာဇဝင်များသာဖြစ်ပြီး မျက်စိနှင့်တပ်အပ်မမြင်နိုင်သူများအဖို့ ယုံရခက်သောအရာများသာပင်.....
ဤနံ့သာတိုင်တန်ဖိုး နည်းနည်းလေးဖြင့် အတိဒုက္ခကိုမည်သို့ဖြတ်ကျော်ရမည်နည်း.....
ကျန်းချန်ရှန်းဟာ သူ့အရင်ဘဝက ဖတ်ဖူးတဲ့ ဝတ္ထုနဲ့ ဒဏ္ဍာရီတွေအရ၊ အတိဒုက္ခကို ကျော်ဖြတ်ဖို့မလွယ်မှန်းသိနေခဲ့ပါသည်။ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူအများစုသည် လမ်းခရီးတွင် သေဆုံးကြလိမ့်မည်။
ကျန်းချန်ရှန်းသည် အကန့်အသတ်မရှိသော သက်တမ်းရှိသောကြောင့် ပို၍သတိထားရမည်ဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်ဆင်းရဲဒုက္ခကြောင့် သေရမည်ဆိုလျှင် ကြီးမားသောဆုံးရှုံးမှုဖြစ်လိမ့်မည်။
နံ့သာတိုင်အရေအတွက် ပွားများလာရန် နည်းလမ်းကို တွေးတောရပေမည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်အထိ သူ မခုခံနိုင်သော အင်အားကြီးမားသော ရန်သူများ မရှိသေးပေ။
အတိဒုက္ခကိုရင်ဆိုင်နေချိန်အတွင်း တိုက်ခိုက်ခံရလျှင် အလွန်ဆိုးရွားလိမ့်မည်။ ထို့ကြောင့်၊ အတိဒုက္ခ၏အခက်အခဲကို လျှော့ချရန် နည်းလမ်းကို စဉ်းစားရပေတော့မည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းချန်ရှန်းသည် အဆောင်စာရွက်များကို ပြုလုပ်ပြီး မန်ချွဲ့ဆောင်ကို ပေးအပ်ခဲ့သည်။ နောက်တစ်ကြိမ် သိုင်းလောကကို ခရီးထွက်တဲ့အခါ တပည့်တွေကို ခေါ်သွားဖို့လည်းမှာလိုက်သည်။ အန္တရာယ်တစ်ခုခုကြုံလာပါက၊ ၎င်းတို့၏ အစစ်အမှန်ချီကို အဆောင်ထဲသို့ထည့်ပြီးအသုံးပြုနိုင်သည်။
အသုံးမပြုမီတွင်......
သာမန်လူများကို ကယ်တင်နိုင်ရန်အတွက် အင်မော်တယ်သခင်၏နာမတော်ကိုတိုင်တည်ပါသည်။ မကောင်းဆိုးဝါးများကိုနှိမ်နင်းရန်နှင့် နတ်ဆိုးများကိုဖယ်ရှားရန် ကောင်းကင်နှင့်မြေကြီး၏တန်ခိုးကို ချေးငှားပေးပါ...."ဟူသောစာသားကိုရွတ်ဆိုရမည်။
ဤနည်းလန်းက အလွန်ကလေးဆန်သော်လည်း ၎င်းသည် ပညာမတတ်သူများကို ကြောက်ရွံ့စေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ကျန်းချန်ရှန်းသည် စွမ်းအင်ကျင့်ကြံခြင်းကို ရပ်နား၍ တိုင်ဟန်ဓားပညာလေ့ကျင့်ခြင်းဆွင်သာအာရုံစိုက်ထားခဲ့ည်။
တစ်လကြာပြီးနောက်၊ လုံချီဘုရားကျောင်းမှတပည့်များ တောင်ပေါ်မှဆင်းသွားကြသည်။ ဤတစ်ကြိမ်တွင် အဖွဲ့၏ခေါင်းဆောင်မှာ ငယ်ငယ်ကတည်းက ကျန်းချန်ရှန်းနှင့်အတူ လေ့ကျင့်ခဲ့သော ဝမ်လီနှင့်မင်ယွဲ့တို့ ဖြစ်သည်။ သူတို့သည် ကျန်းချန်ရှန်း ၏တပည့်များမဟုတ်ကြသော်လည်း ပုံရိပ်ယောင်မျက်စိပညာရပ်သုံးပြီး လေ့ကျင့်ပေးထားသောကြောင့် သိုင်းလောကမှ စိတ်ဝိဉာဉ်နယ်ပယ်အဆင့်ရှိသူများနှင့် တန်းတူလောက်တော့ရှိပေလိမ့်မည်။
မကြာသေးမီက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူများကို အာရုံခံမိခဲ့သည်။ ထိုသူများဘက်က ဘာမှမလှုပ်ရှားသဖြင့်သာ မသိချင်ယောင်ဆောင်ထားခဲ့ခြင်းဖြစ်သည်။
တပည့်တိုင်းသည် ကျန်းချန်ရှန်း၏ အဆောင် စာရွက်ပေါ်တွင် ယုံကြည်မှုအပြည့်ရှိကြသည်။ ချင်ကူသည် ယခင်က ၎င်းကို အသုံးပြုခဲ့ပြီး လိုက်ပါလာသော တပည့်များအား ထိတ်လန့်စေခဲ့သည်။
ထို့အပြင်၊ နန်းတော်ရှိ လီကုန်းကုန်းသည် ဆေးဝါးများတောင်းခံရန် သုံးလတစ်ကြိမ် ကျန်းချန်ရှန်း ထံလာရောက်သည်။ ကျန်းချန်ရှန်းဘက်ကလည်းတွန့်တိုခဲ့ခြင်းမရှိပေ။ ဝေ့ဝမ့်လေးအတွက် ကျန်းယွမ်၏အသက်ကို ရသလောက်တော့ဆွဲဆန့်ထားရမည်။
သူသည် လီကုန်းကုန်း၏နောက်သို့ လျှို့ဝှက်စွာလိုက်သွားပြီး တိတ်တဆိတ်စုံစမ်းခဲ့ဖူးသည်။ လီကုန်းကုန်းက ကျန်းယွမ်းအပေါ် တကယ်ပင်သစ္စာတရားကြီးမားလှသည်။
တစ်နှစ်တာ ကုန်သုံးသွားခဲ့ပြန်သည်....
ကျန်းမင်းဆက်တည်ထောင်ခဲ့သည်မှာ 39 နှစ်ရှိပြီဖြစ်ပြီး စစ်ပွဲများကလည်းမပြီးဆုံးနိုင်သေးပေ။ ရှေးဟောင်းဟန်မင်းဆက်နှင့် နီးစပ်သော မြောက်ပိုင်းစီရင်စု အုပ်ချုပ်ရေးမှူးက တော်လှန်ပုန်ကန်ပြီး အင်ပါယာတရားရုံးမှ အရာရှိများကို သတ်ဖြတ်ခဲ့သည်။ တိုတောင်းသောကာလအတွင်း သူသည် စီရင်စုများကို ပေါင်းစည်းကာ တပ်များနှင့် မြင်းများကို အငမ်းမရ စုဆောင်းကာကျန်းဘုရင်၏ရက်စက်မှုများအကြောင်း လူထုကိုပြောပြပြီး စီရင်စု၁၃ခုကို ပေါင်းစည်းလိုက်လေသည်။
ထိုသတင်းကြောင့် တလောကလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။
ရာဇပလ္လင်ခန်းမတွင် သတ္တမမြောက်မင်းသားကျန်းယွီ ဒေါသ ထွက်ကယ ခရိုင်ဝန်ကို ကျိန်ဆဲနေသည်။ အသက်ကြီးပြီး အားနည်းသော ကျန်းယွမ်ကတော့ နဂါးပလ္လင်ပေါ်တွင် ငေးငိုင်လျက်ထိုင်နေသည်။ ရုတ်တရက် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်ပေါ်လာသည်။
တကျန်းအင်ပါယာက နောက်မျိုးဆက်မပြောနဲ့ လက်ရှိမျိုးဆက်ထိတောင် တည်မြဲနိုင်ပါဉီးမလား.....
ကျန်းယွမ်သည် ခန်းမထဲတွင် အဆက်မပြတ် ကျိန်ဆဲနေသော ကျန်းယွီကို ကြည့်ပြီး ခေါင်းငုံ့နေသော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ကြည့်လိုက်သည်။ ရုတ်တရက် သူဒီလိုအသေမခံနိုင်ဘူးလို့ ခံစားလိုက်ရသည်။ ကျန်းယုထံတွင် ဧကရာဇ်ဖြစ်နိုင်လောက်သည့် အရည်အချင်းမရှိသော်လည်း စီရင်စုသုံးခုနှင့် ဝန်ကြီးဌာနခြောက်ခုက အိမ်ရှေ့မင်းသားဟူသောရာထူးကို ထောက်ရှု၍ စစ်ပွဲသတင်းများကိုတင်ပြကြရသည်။
"ဗိုလ်ချုပ်တို့၊....ကျန်းဇူ ပြည်နယ်ကို ဘယ်သူတွေ ပြားပြားဝပ်သွားအောင် လုပ်နိုင်မလဲ"
ကျန်းယွီသည် ကျန်းယွမ်၏ထင်မြင်ချက်ကို မတောင်းဆိုဘဲ တိုက်ရိုက်မေးလိုက်သည်။
စစ်ဗိုလ်ချုပ်တွေက တယောက်ပြီး တယောက် ခေါင်းငုံ့လိုက်ကြသည်။ ဘယ်သူမှ မဖြေရဲကြပေ......
ကျန်းဇူ ပြည်နယ်သည် ရှေးဟောင်းဟန်မင်းဆက်နှင့် နီးကပ်သည်။ ဘယ်သူပဲသွားသွား သေမင်းက စောင့်နေလိမ့်မည်။
ကျန်းယွီ၏အကြည့်များသည် သူရာထူးတိုးပေးထားသော ချူမျိုးရိုး စစ်ဗိုလ်များကို ဖြတ်ကျော်သွားသော်လည်း သူတို့အားလုံးကလည်း အများနည်းတူခေါင်းငုံ့နေသဖြင့် သေလုနီးပါး ဒေါသထွက်နေလေတော့သည်။
ငါ့အမိန့်ကို နာခံကြ....ကျန်းဇူနဲ့ဟန်ဇူကတပ်တွေက ချင်ဝမ်ရဲ့လက်အောက်မှာရှိတာ...ချင်ဝမ်က သူ့ဘာသာသူ စစ်သားစုဆောင်းနိုင်တယ်..... တစ်နှစ်အတွင်း၊ ကျန်းဇူ ပြည်နယ်မှာရှိတဲ့ မငြိမ်မသက်မှုတွေကို ဖြေဖျောက်ရမယ်!"
[TN/ စတုတ္ထမင်းသား ချင်ယုကို ချင်ဘုရင်ဆိုတဲ့ဘွဲ့ပေးထားပါတယ်...ဒါကြောင့်မို့ ချင်ဝမ်လို့သုံးထားတာပါ.....]
ကျန်းယွမ် ရုတ်တရက်ပြီး ဖြည်းညှင်းစွာစကားပြောလိုက်သော်လည်း ခံနိုင်ရည်မရှိသော လွှမ်းမိုးချုပ်ကိုင်မှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။
သူသည် သေမင်းနှုတ်ခမ်းဝတွင်ရောက်နေသော်လည်း ဧကရာဇ်တပါး၏ ဂုဏ်သိက္ခာများရှိနေဆဲပင်.....တကျန်းအင်ပါယာကိုတည်ထောင်ခဲ့သူတစ်ဉီးတွင် ထိုက်သင့်သောမာန်မာနများရှိနေသေးသည်။
ကျန်းယွီ တုန်လှုပ်သွားပြီး သူ့အမူအရာက ရုပ်ဆိုးနေသည်။
သူသည် အိမ်ရှေ့မင်းသားဖြစ်နေပြီဖြစ်သော်လည်း ကျန်းယုသည် ရှေးဟောင်းဟန်မင်းဆက်နှင့်စစ်ပွဲများတွင် နတ်ဘုရားတပါးကဲ့သို့ နှစ်ပေါင်းများစွာ ခုခံခဲ့ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံသားအားလုံး၏ မျှော်လင့်ချက်ဖြစ်နေပြီဖြစ်သည်။ ကျန်းယုကို ထောက်ခံသူ အလွန်များလာသည်နှင့်အမျှ အိမ်ရှေ့မင်းသားအဖြစ် သူ၏ ရပ်တည်ချက်မှာ မတည်ငြိမ်နိုင်တော့ပေ။ တကယ်တော့ ချင်ဝမ်က သူ့ထက်အသက်ပိုကြီးသည်။
ကျန်းယွမ်၏ မိန့်ကြားချက်များကို မည်သူမျှ ငြင်းဆိုခြင်း မပြုဝံ့ဘဲ သက်ပြင်းသာချလိုက်ကြသည်။
ချင်ဝမ်တဖြစ်လဲ ကျန်းယုကို လွှဲပြောင်းပေးလိုက်တာ ကောင်းပါတယ်..... ဒီကလေးကလည်း လက်ခံမှာ သေချာပါတယ်......
စစ်ဘက်အရာရှိတွေက သူတို့ကိုယ်တိုင် စစ်မြေပြင်ကိုမသွားရလျှင် ဘာကိုမဆိုလိုက်နာကြမည်သာ.......
...............
စိမ်းလန်းသော တောင်တန်းများ အဆုံးမရှိသွယ်တန်းနေသောအရပ်တွင် ရေစီးရေလာရှိသော တံတားငယ်တစ်ခုရှိသည်။
တောင်ပေါ်ရှိတည်းခိုဆောင်တစ်ခုတွင်.. ...
ဆရာတော်ချင်ရှုက စားပွဲမှာထိုင်ပြီး လက်ဖက်ရည်သောက်နေသည်။ သူ့နောက်တွင် ဆယ်နှစ်အရွယ် ကိုရင်လေးတစ်ပါးလည်းရှိနေသည်။
"....ကြားပြီးလား မကြာသေးမီက.... လုံချီဘုရားကျောင်းက တပည့်တွေ အင်မော်တယ်ဆရာတော်ချန်ရှန်းရဲ့အဆောင်တွေကိုင်ပြီး ခရီးလှည့်လည်နေကြတယ်..... အင်မော်တယ်ဆရာတောချန်ရှန်းက တကယ်ပဲ ဆရာတော်ချင်ရှုရဲ့တပည့်လား.....ဒီလိုအဆောင်မျိုး ရေးနိုင်တဲ့သူ နောက်တစ်ယောက်ရှိတယ်လို့ တခါမှမကြားဖူးဘူး......"
" သိုင်းလောကက ဂိုဏ်းတွေတော်တော်များများ အဆောင်တွေဝယ်ဖို့ ဆရာတော်ချန်ရှန်းဆီသွားနေကြတယ်တဲ့....."
" လုံချီဘုရားကျောင်းက ငွေကြေးချို့တဲ့နေတာမှမဟုတ်တာ...ဒါတွေတော့ ရောင်းမှာမဟုတ်လောက်ဘူး....."
" လုံချီဘုရားကျောင်းကို ဧကရာဇ်က ထောက်ပံ့နေတာမို့ ငွေကြေးချို့တဲ့နေတာမှမဟုတ်တာ....."
အခြားသော သိုင်းပညာရှင်တို့၏ ဆွေးနွေးမှုကို ကြားသောအခါ ကိုရင်လေးက ဆရာတော် ချင်ရှုကိုကြည့်ကာ....
"ဆရာ.... ဆရာတော် ချန်ရှန်းက တကယ်ပဲ ဆရာ့ရဲ့တပည့်ပဲလား"
ဆရာတော်ချင်ရှုက လက်ဖက်ရည်ခွက်ထဲက အငွေ့တွေကို မှုတ်ထုတ်ပြီး.....
"ဒါက ဂုဏ်ပုဒ်တခုပါပဲ.... သူတတ်ကျွမ်းထားတဲ့ သိုင်းပညာတွေက ငါသင်ပေးထားတာ မဟုတ်ဘူး.... အရင်တုန်းကတော့ သူ့မှာ ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ရှိတယ် ထင်တယ်.... ဒါပေမယ့် သူ့ကြည့်ရတာတော့ သူ့ကိုယ်သူ အားကိုးနေနိုင်ပြီ.... သူ့အရည်အချင်းတွေက ကြီးမားလွန်းတယ်.... သာမာန်လူတွေနဲ့ နှိုင်းယှဥ်ကြည့်နိုင်တဲ့ အရာဟုတ်ဘူး
ကိုရင်လေးက ချင်ရှုရဲ့စကားကို အပြည့်အဝနားမလည်ဘဲ.....
ဒါဆို သူက တကယ်ပဲမသေနိုင်တဲ့ အင်မော်တယ်နတ်ဘုရားပြန်ဝင်စားတဲ့သူလား....
ဆရာတော်ချင်ရှုက....
"ဖြစ်ကောင်းဖြစ်နိုင်တယ်.... အနာဂတ်မှာ မင်း လုံချီဘုရားကျောင်းကို သွားတဲ့အခါ ကိုယ့်ဘာသာကို ကြည့်ကြည့်ပေါ့....."
ကိုရင်လေး၏မျက်ဝန်းထဲများက မျှော်လင့်ချက်များဖြင့်တောက်ပလာသည်။
ထိုအချိန်တွင် အဝေးမှ ဖုန်မှုန့်များ လိမ့်တက်လာပြီး မြင်းစီးသူရဲ အမြောက်အမြား ပြေးလွှားနေကြသည်။ ခေါင်းဆောင်မှာ ငွေရောင်ချပ်ဝပ်နှင့် ဖီးနစ်တောင်ပံများပါသည့် ငွေသရဖူကို ဆောင်းထားသည့် ကျန်းယု ဖြစ်သည်။ ပိန်ပိန်သွယ်သွယ်နှင့် ချောမောသော ကျန်းယုသည် မြင်းဇက်ကြိုးကို ဘယ်ဘက်လက်တွင် ကိုင်ထားပြီး ညာဘက်တွင်စစ်သုံးပုဆိန်တလက်ကို ကိုင်ထားသည်။ အဝေးကနေ ကြည့်လိုက်ရင်တောင် သူ့ရဲ့ ကြီးစိုးနေတဲ့ အော်ရာကို ခံစားရနိုင်သည်။
ယခုအချိန်တွင် ကျန်းယုသည် ကျန်းမင်းဆက်၏ ကျော်ကြားသော ချင်ဝမ် ဖြစ်သည်။
အဲ့ဒါက ချင်ဘုရင်ရဲ့တပ်မလား..... ကြည့်ရတာ သူတို့တွေ ကန်ဇူပြည်နယ်ကို ဉီးတည်နေတာပဲ....မင်းကြီးကဘာလို့များ မင်းသားခုနှစ်ကို အိမ်ရှေ့စံရာထူးပေးလိုက်ရတာလဲ....တကယ်ဆို ချင်ဝမ်က ဧကရီရဲ့သားပဲလေ....အရင်အိမ်ရှေ့စံမရှိတဲ့နောက်ပိုင်း ချင်ဝမ်ကိုပဲ အိမ်ရှေ့စံရာထူးပေးလိုက်သင့်တာပေါ့......"
ဓားသမားအချို့က ဒေါသဖြစ်နေကြသည်။ ဒီစကားလုံးတွေကို တခြားသူတွေကလည်း အသိအမှတ်ပြုနေကြသည်။ မင်းသားခုနှစ် တိုင်းရေးပြည်ရာများကို စီမံကတည်းက တိုင်းပြည်အခြေနေတဖြည်းဖြည်းဆိုးဝါးလာသည်မဟုတ်လော......
ကျန်းယွီသည် အားကောင်းသည့် ဝိုင်းပညာရှိမှန်း သိသာထင်ရှားသော်လည်း သူသည် မြို့တော်တွင် အမြဲနေထိုင်ခဲ့ရသဖြင့် ကျန်းယု ကဲ့သို့ စစ်တပ်ကို ဦးဆောင်ရန် သတ္တိမရှိခဲ့ပေ။
..............
ဆောင်းရာသီရောက်ခဲ့ပြန်ပြီ......
မြေဝိညာဉ်သစ်ပင်အောက်တွင်.....
ချန်လီက ကျန်းယု၏အောင်မြင်မှုများအကြောင်း စိတ်လှုပ်ရှားစွာပြောဆိုနေသည်။ ဧကရာဇ်ဆီကအမိန့်ရပြီး နှစ်လအကြာတွင် ချင်ဝမ်သည် စစ်မှန်သောနဂါးမင်းဆက်တည်မြဲနေဆဲဖြစ်ကြောင်း ကမ္ဘာကိုသက်သေပြရန် ကျန်းဇူ ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ ကျန်းဇူ ပြည်နယ်အုပ်ချုပ်ရေးမှူး၏စစ်တပ်သည် ချင်ဝမ်၏ပြိုင်ဘက်လုံးဝမဟုတ်ခဲ့ပေ။ ရှေးဟောင်းဟန်မင်းဆက်က သူ့ကို ထောက်ပံ့ဖို့ တပ်ဖွဲ့ဝင် ၂၀၀,၀၀၀ စေလွှတ်ခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့ရသည်။
ကျုံးထျန်းဝူသည် ယခင်က သိုင်းပညာလောက၏ အထွတ်အထိပ်ဟူသောဂုဏ်ပုဒ်ကိုအခုထိထိန်းထားနိုင်ဆဲပင်.... သူသည် ခရိုင်အုပ်ချုပ်ရေးမှူး၏ စံအိမ်သို့ တစ်ဉီးတည်းဝင်ရောက်ခဲ့ပြီး အုပ်ချုပ်ရေးမှူးကို အောင်မြင်စွာ ခေါင်းဖြတ်နိုင်ခဲ့သည်။
" ကျုံးထျန်းဝူက တကယ်ကို သန်မာတယ်.....သူ့ကြောင့်သာ ချင်ဝမ်က အောင်ပွဲတွေ တပွဲပြီးတပွဲ ဆွတ်ခူးနိုင်တာ.... သိုင်းပညာကျွမ်းကျင်သူတစ်ဦးက အစစ်မှန်ချီကုန်အောင်သုံးလိုက်ရင်မောပန်းနွမ်းနယ်သွားတယ်မလား....ဒါပေမယ့် ကျုံးထျန်းဝူက ဉာဏ်ကောင်းလွန်းတယ်....ရန်သူဘက်က ခေါင်းဆောင်ကိုပဲရွေးပြီးအပြတ်ရှင်းတာ...."
ချင်ဝမ်နှင့် ကျုံးထျန်းဝူတို့သည် သိုင်းလောကနှင့် စစ်တပ်ကို ပေါင်းစည်းနိုင်ကြောင်း ကမ္ဘာကို သက်သေပြခဲ့သည်။
ကျန်းချန်ရှန်းလည်း ခံစားချက်အပြည့်နဲ့ချန်းလီပြောသမျှနားထောင်နေခဲ့သည်။
ကျုံးထျန်းဝူနှင့် ကျန်းယုတို့က ပထမဆုံးအကြိမ်တွေ့ဆုံစဉ်ကတည်းက ကတောက်ကဆဖြစ်ထားဖူးသောကြောင့် အခုလိုအတွဲညီမည်ဟုထင်မထားမိခဲ့ပေ။
ဒါလည်း တမျိုးတော့ ကောင်းပေသည်။ ကျုံးထျန်းဝူနှင့်အတူရှိနေသောကြောင့် ကျန်းချန်ရှန်း၏ညီအစ်ကိုအရင်း၏လုံခြုံရေးကို အာမခံနိုင်သည်။
"ချင်ဝမ်က အင်အားကြီးပေမဲ့ တကျန်းမှာ ပညာရှိတဲ့ အုပ်ချုပ်သူ မရှိဘူးဖြစ်နေတယ်...."
ကျန်းဇီယု ရုတ်တရက် ရောက်လာပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ဒီစကားတွေ ပြန့်သွားရင်တော့ ခေါင်းဖြတ်ခံရမှာ သေချာသည်။ သို့သော် ချန်းလီက အလွန်ရဲရင့်သည်။ သူနှင့် ကျန်းဇီယု သည် ပထမအကြိမ်တွေ့ဆုံမှုတွင် မြင်မြင်ချင်းဆောက်နှင့်ထွင်းဆိုသလိုဖြစ်နေခဲ့ပြီ.....
ချန်းလီက ပြုံးပြီးမေးခွန်းထုတ်လိုက်သည်။
"မင်းသားသာ ဧကရာဇ်ဖြစ်ခဲ့ရင် ဘာလုပ်မှာလဲ"
အသက်ဆယ်နှစ်နီးပါးရှိပြီဖြစ်သော ကျန်းဇီယုက....
ရှေးဟောင်းဟန်မင်းဆက်က သဲကန္တာရနယ်မြေထဲမှာမို့ အရင်းအမြစ် နည်းပါးတယ်...အခုတော့တကျန်းရဲ့နယ်မြေအချို့ကိုသိမ်းလိုက်ပြီမို့ တကျန်းဘက်က နလန်ထူဖို့လွယ်မှာမဟုတ်တော့ဘူး..... ဒါကြောင့်မို့ရှိသမျှပုံအောပြီး ရှေးဟောင်းဟန်မင်းဆက်ကို ဉိးချိုးထားနိုင်မှဖြစ်မယ်....သူတို့ကိုသာဖိနှိပ်ထားနိုင်ရင် အိမျနီးခငြျးတျိုငျးပွညျတှလေဲ ဝင်ပါရဲတော့မှာမဟုတ်ဘူး...."
အဘိုးနဲ့ခမည်းတော်တို့က ဆယ့်သုံးခရိုင်ကို လျှော့တွက်ထားကြတယ်....တကျန်းမှာ မရေမတွက်နိုင်တဲ့ အရင်းအမြစ်နဲ့လူအင်အားရှိတာမို့ ဧကရာဇ်သာ စိတ်ပိုင်းဖြတ်လိုက်ရင်စစ်သားသန်းပေါင်းများစွာကို မွေးထုတ်ပေးနိုင်တယ်....ဒါပေမယ့် တကျန်းက ပြည်သူပြည်သားတွေကို စစ်မှုထမ်းခိုင်းဖို့ မနှိုးဆော်နိုင်ဘူး......"
ချန်းလီက.... "ဒါက အပြောလွယ်ပေမယ့် လုပ်ရခက်တယ်..... ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုးတွေအများကြီးပဲ....."
ကျန်းဇီယုက.....
" ဒါကြောင့် ဧကရာဇ်ကို အားကိုးရမယ်လို့ပြောနေတာပေါ့.... ဧကရာဇ်ရဲ့အလိုတော်က လောကရဲ့အလိုတော်ပဲ.... ဧကရာဇ်ကသာ ကြောက်နေရင် ပြည်သူပြည်သားတွေလည်းကြောက်နေဉီးမှာပဲ....."
ချန်းလီက အဓိပ္ပါယ်ပါပါခေါင်းညိတ်လိုက်လေသည်။
ကျန်းယွမ်ကို သူပထမဆုံးတွေ့စဉ်အခါက သူ၏ ကြီးစိုးသော အော်ရာကြောင့် ကမ္ဘာကြီးတစ်ခုလုံးသည် သူ့ခြေရင်း၌ရှိနေသကဲ့သို့ မည်သည့်မင်းဆက်ကမျှ သူ့ကို နှိမ့်ချနိုင်ခြင်းမရှိသည့်ခံစားချက်မျိုး ခံစားခဲ့ရဖူးသည်။
သူသည် ကျန်းချန်ရှန်းကို လှည့်ကြည့်ကာ ပြုံးလျှက်.....
"ချန်ရှန်း၊ မင်း ဝေ့ဝမ်ကို ကောင်းကောင်း သင်ပေးထားတာပဲ.... သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းရည်မှန်းချက်ကြီးတယ်....."
ကျန်းချန်ရှန်းက ပြုံးပြီးမေးလိုက်ပြန်သည်......
"မင်းသားခုနှစ်က အနာဂတ်မှာ စင်ပေါ်တက်တဲ့အခါ ခင်ဗျားရဲ့ ချန်းမိသားစုက ဘယ်သူ့ကို ပံ့ပိုးမှာလဲ"
ချန်းလီ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းဇီယုက သူ့လက်ကို ဝှေ့ယမ်းပြီး....
"ထုံးစံအတိုင်းဆို ကျွန်တော့်ကို ထောက်ပံ့ပေးရမှာပေါ့.... အစ်ကိုတော်က သိုင်းပညာလေ့ကျင့်ဖို့ သိုင်းပညာလောကရဲ့မြင့်မြတ်တဲ့နယ်မြေကို သွားခဲ့တယ်.... သူပြန်လာသောအခါ သိုင်းပညာကလွဲရင် တိုင်းရေးပြည်ရာအကြောင်းဘာမှနားလည်မှာမဟုတ်ဘူး....ကျွန်တော်က သိုင်းပညာကို လေ့ကျင့်ရုံသာမက နိုင်ငံရေးအကြောင်းတွေလဲ သင်ယူနေတယ်လေ....."
သူ၏စကားများသည် အစ်ကိုဖြစ်သူအတွက်သာမက လက်ရှိအိမ်ရှေ့မင်းသားနှင့်လည်း သက်ဆိုင်ပါသည်။
ပင်းအန်းက လန့်ပြီး စိတ်လှုပ်ရှားစွာနဲ့....
"လီရှီမင်း! မင်းက လီရှီမင်း ... ငါက လီယွမ်ဘ .....!"
ချန်းလီက လီရှီမင်းနှင့်လီယွမ်ဘ အကြောင်း မသိသော်လည်း ကျန်းဇီယုထံက မျှော်လင့်ချက်ကို သူမြင်ခဲ့သည်။ဆက်လက်ကြီးထွားနေသရွေ့ ကျန်းဇီယုသည် နောက်ထပ် ကျန်းယွမ် ဖြစ်လာနိုင်သည်။
သို့သော်လည်း ကျန်းဇီယုသည် အလွန်ငယ်သေးပြီး သူ၏အနာဂတ်မှာ မရေရာပေ။ ရှေးခေတ်ကတည်းက ကြီးပြင်းလာတဲ့အခါ ပါရမီရှင် မင်းသား ဘယ်နှစ်ယောက် ဆုံးပါးခဲ့ရသလဲ......
အဆုံးမှာတော့ ချန်းလီက အဖြေမပေးဘဲ ကျန်းချန်ရှန်းကိုသာ ကြည့်နေခဲ့သည်။ဆုံးဖြတ်ချက်ချဖို့ အမှန်ပင် စောနေသေးသည်မဟုတ်လော......
ထိုညတွင် ကျန်းချန်ရှန်းသည် သူ၏ နံသာတိုင်အရေအတွက်ကို စစ်ဆေးခဲ့သည်။
[လက်ရှိ အမွှေးတိုင်အရေအတွက်: 2,809]
ကျန်းချန်ရှန်း ဝမ်းသာအားရတွေးလိုက်သည်။ သူ့ရဲ့အောင်မြင်မှုတွေကို နီးကပ်လာခဲ့ပြီ......
မတ်တပ်ထရပ်ပြီး အိမ်ထဲမှထွက်လာခဲ့သည်။ ဓားရှည်ဖြင့် ပျံသန်းကာ မြို့တော်အတွင်းရော အပြင်ဘက်ပါ ကင်းလှည့်ခဲ့သည်။ ကျွမ်းကျင်သူများမရှိသည်ကို အတည်ပြုပြီးသည်နှင့် မနက်ဖြန်တွင် လုံချီ ဘုရားကျောင်းတွင် အတိဒုက္ခကို ကျော်ဖြတ်ရန် နံ့သာတိုင််တန်ဖိုးအမြောက်အမြားကို စုပ်ယူမည်ဖြစ်သည်။