← Chapters

ခန္ဓာမှ ဝိဉာဉ်ခွဲထွက်ခြင်း...စကြဝဠာ သိုင်းတာအိုနယ်ပယ်......

Vol. 3 Ch. 38

ခန္ဓာမှ ဝိဉာဉ်ခွဲထွက်ခြင်း...စကြဝဠာ သိုင်းတာအိုနယ်ပယ်......

Vol. 3 Ch. 38

ကျန်းချန်ရှန်း တစ်ညလုံးလှည့်ပတ်ပြီး မြို့တော်အတွင်း သို့မဟုတ် အပြင်တွင် သူ့ကို ဆန့်ကျင်ဘက်ပြုနိုင်သည့် ကျွမ်းကျင်ပညာရှင်များကိုရှာကြည့်သော်လည်း တစ်ယောက်မျှ မရှိခဲ့ပေ။တစ်မြို့လုံးတွင် ကျန်းယွီကသာ အသန်မာဆုံးသိုင်းပညာရှင်ဖြစ်နေသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် ဆက်ဆံရေးကောင်းမွန်သောကြောင့် ကျန်းယု သည် သူ့ကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

အိမ်သို့ပြန်ရောက်ပြီးနောက်၊ ကျန်းချန်ရှန်း သည် သူ၏ဝိညာဉ်စွမ်းအင်ကို စတင်ဖြန့်ကျက်လိုက်ပါသည်။

နောက်တစ်နေ့ မိုးသောက်ချိန်တွင်.....

တနှစ်ပတ်လုံးစစ်ပွဲတွေကြောင့် နေရာအနှံ့ ဖရိုဖရဲဖြစ်နေပေမယ့် မြို့တော်ကတော့ သာယာနေတုန်းဆဲပင်..... နိုင်ငံသားများအတွက် မြို့တော်သည် အလုံခြုံဆုံးဖြစ်သည်။

ဝုန်းးးးးးး

မိုးခြိမ်းသံ ရုတ်တရက်မြည်ဟီးလာသည်။ မရေမတွက်နိုင်သော သာမန်လူတန်းစားများ၊ စစ်သားများနှင့် သြဇာရှိသူများကစူးစမ်းကြည့်သောအခါ လုံချီ ဘုရားကျောင်း၏ တောင်ထိပ်တွင် တိမ်မည်းများစုဝေးနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်မှာ ပြည့်နေတဲ့ ဆီးနှင်းတွေ အရည်ပျော်ပြီး လုံချီ ဘုရားကျောင်းကို ဝိုင်းရံထားတဲ့ မြူခိုးတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။

လျှပ်စီးကြောင်းကို အကန့်အသတ်မရှိသော မြူများထဲတွင် အလွန်ထင်ရှားစွာမြင်နေရသည်။

"အဲ့ဒါ လုံချီ ဘုရားကျောင်းကမလား...."

" ဆရာတော်ချန်ရှန်း တစ်ချိန်က လျှပ်စီးအတိဒုက္ခကို ကျော်ဖြတ်ခဲ့တယ်လို့ ကောလဟာလတွေရှိခဲ့ဖူးတယ်.... နောက်တစ်ကြိမ်ထပ်ဖြစ်ပြန်ပြီလား....."

"ဒါအမှန်ပဲလား? လုကောလာဟလတစ်ခုလို့ထင်နေခဲ့တာ....."

"အဲဒါအမှန်ပဲ.... ကိုးကွယ်ဆည်းကပ်သူတစ်ဦးက ဆရာတော်ချန်ရှန်း လေထဲမှာ လွင့်မျောပြီး လျှပ်စီးတွေကိုခုခံနေတာမြင်ခဲ့တယ်တဲ့......"

“ဒီနေ့တော့ မှန်လား မှားလား သိနိုင်တော့မယ်ထင်တယ်......”

မြို့သူမြို့သားများက ထိုအကြောင်းနှင့်ပတ်သတ်ပြီးအကျယ်တဝင့်ဆွေးနွေးနေကြသည်။

နန်းတော်ထဲတွင်.....

ကျန်းယွမ်သည် နန်းဆောင်ထဲမှ ထွက်လာကာ လုံချီ ဘုရားကျောင်းကို အဝေးမှကြည့်ရှုနေသည်။

ဧကရီသည် နုပျိုဆေးကိုသောက်ထားသောကြောင့် နုပျိုနေဆဲပင်... သို့သော်လည်း ကျန်းယွမ်သည် အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ကျော်အရွယ်ရှိပုံရပြီး ကိုယ်အလေးချိန်များစွာ လျော့ကျသွားခဲ့သည်။

“ကိုယ်တော်ချန်ရှန်း အတိဒုက္ခကိုဖြတ်ကျော်နေပြန်ပြီ... အတိဒုက္ခကို အမှန်တကယ် ဖြတ်ကျော်နိုင်မလား ဒါမှမဟုတ် တမင်တကာ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေကို လူသိအောင်လုပ်နေတာလား.....ငါတကယ်ပဲသိချင်မိတယ်...."

ဧကရီက ပြုံးလိုက်ပြီး....

"သေချာပေါက်ကို လူထင်ကြီးအောင်လုပ်နေတာပဲဖြစ်မှာပေါ့....သိုင်းပညာရှင်တွေက အတိဒုက္ခဖြတ်ကျော်စရာမှမလိုတာ....."

ကျန်းယွမ်က....

“သူက တမင်လုပ်နေတယ်လို့မထင်ဘူး.... ဥပမာ နုပျိုဆေးကိုပဲကြည့်.... မှော်ဆန်တယ်လို့ မင်းမထင်ဘူးလား? ကမ္ဘာပေါ်က နာမည်ကြီး သမားတော်တွေတော်ဒီလိုဆေးမျိုးဖော်စပ်နိုင်မှာမဟုတ်ဘူး....."

ဧကရီက ဒီစကားကို အဓိပ္ပါယ်ရှိသည်ဟု ခံစားမိပြီး ဆရာတော် ချန်ရှန်းကို ပို၍ စိတ်ဝင်စားလာသည်။

"အရှင်မင်းကြီးက ဆရာတော် ချန်ရှန်းနဲ့ အရမ်းရင်းနှီးတဲ့အတွက် ကျွန်မနဲ့ဆုံပေးဖို့

နန်းတော်ထဲကို ဘယ်အချိန်ဖိတ်ခေါ်ခိုင်းမှာလဲ......."

ကျန်းယွမ်၏ အကြည့်များ ခဏမျှဝေဝါးသွားပြီး.... "မင်း....သူနဲ့ တွေ့ဖို့ အချိန်တန်ပြီ"

တစ်ချိန်တည်းမှာပင်.......

လုံချီ ဘုရားကျောင်းတွင်၊ ရှုထျန်းကျိ၊ ဝမ်ချန်းနှင့်ဟွမ်းချွမ်တို့ စကားမပြောနိုင်ဖြစ်နေကြပြီး ကျန်းဇီယုနှင့်ပင်းအန်းတို့က အလွန်စိတ်လှုပ်ရှားနေကြသည်။ တံစက်မြိတ်အထက်မှာ လွင့်မျောနေတဲ့ ကျန်းချန်ရှန်းကို သူတို့အားလုံး ကြည့်နေကြသည်။

ကျန်းချန်ရှန်းသည် လေထဲတွင် ထိုင်နေပြီး သူ၏ ၀တ်ရုံများ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး ချီလင်မြင်းမြီးသားယပ်ကို သူ့ခြေထောက်တွေပေါ်မှာ အပြားလိုက်ချထားသည်။ လျှပ်စီးကြောင်းတစ်ခု ကျရောက်ခဲ့သော်လည်း သူ့ကိုယ်ပေါ်ရှိ မမြင်နိုင်သော အကာအကွယ်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။

အတိဒုက္ခစတင်ခဲ့ပြီ.......

"ဒါဆို ကောလဟာလတွေက အမှန်ပဲပေါ့.. မိုးကြိုးအတိဒုက္ခကို ဘယ်လိုခုခံနိုင်မလဲဆိုတာသူတကယ်သိတယ်... ဒီသိုင်းပညာက စကြဝဠာရဲ့ ကောင်းကင်ဘုံကျမ်းစာပဲဖြစ်ရမယ်......."

ရှုထျန်းကျိက ရေရွတ်လိုက်သည်။ ကျန်းချန်ရှန်းကို သူကြည့်တဲ့ပုံစံက အင်မော်တယ်နတ်ဘုရားတပါးကို မော်ဖူးနေသည့် သေမျိုးလူသားနှင့်တူသည်။

လုံချီဘုရားကျောင်းမှ တပည့်များနှင့် ဘုရားဝတ်ပြုသူများသည်ကလည်း ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရန် စုဝေးခဲ့ကြသည်။ တပည့်သစ်အများစုသည် ကျန်းချန်ရှန်း၏ အတိဒုက္ခကို ကျော်လွှားခြင်းကို တစ်ခါမျှမမြင်ဖူးသောကြောင့် အလွန်စိတ်လှုပ်ရှားနေကြ၏။

သူသည် နောက်ဆုံးအကြိမ် အတိဒုက္ခကို ကျော်ဖြတ်ခဲ့သည်မှာ လွန်ခဲ့သော ၁၈ နှစ်ခန့်ကဖြစ်သည်။ ထိုအချိန်တွင် ကျန်းချန်ရှန်း သည် အသက် 21 နှစ်ရှိပြီဖြစ်ပြီး ယခုအခါ 39 နှစ်ရှိပြီဖြစ်သည်။

ကျန်းချန်ရှန်းသည် လူတိုင်း၏အကြည့်ကို လျစ်လျူရှုကာ အတိဒုက္ခကို ကျော်လွှားရန်သာ အာရုံစိုက်ခဲ့သည်။ လျှပ်စီးကြောင်းများ ပိုများလာသည်နှင့်အမျှ ဖိအားများကို ခံစားလာရတော့သည်။

ဆဌမအဆင့်၏ အတိဒုက္ခက အရင်ကထက် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကျယ်လောင်သောမိုးခြိမ်းသံကြောင့် လုံချီ ဘုရားကျောင်းရှိလူတိုင်း ကောင်းကင်ကြီးပြိုကျလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်ရသည်။ မိုးကြိုးအတိဒုက္ခကျရောက်မည်ကို စိုးရိမ်သဖြင့် မြို့သူမြို့သားများလည်း ထိတ်လန့်နေကြသည်။

ကျန်းချန်ရှန်းသည် မိုးကြိုးအတိဒုက္ခ၏ စွမ်းအားများမြင့်တက်လာသည်ကို မြင်သောအခါ၊ နံသာတိုင်ရေတွက်ခြင်းစနစ်ကို ချက်ချင်း စတင်အသုံးပြုခဲ့သည်။ တခဏချင်းမှာပဲ သူ့ခန္ဓာကိုယ်ကနေ အလင်းမှုန်လေးတွေ ထွက်လာပြီး သူ့ခေါင်းထက်မှာ ပြန့်ကျဲလာပြီး လျှပ်စီးကြောင်း အဆက်မပြတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသော မီးလုံးကြီးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

နံ့သာတိုင်အရေအတွက် လျော့လာသော်လည်း သူ၏ဦးခေါင်းထက်က မီးလုံးကိုဝိညာဉ်စွမ်းအင်သုံး၍ ခေတ္တထိန်းသိမ်းထားနိုင်သည်။

လျှပ်စီးကြောင်းက ဘယ်လောက်ပဲ အားကောင်းနေပါစေ မီးလုံးတွေကို ဖြတ်ကျော်ပြီး ကျန်းချန်ရှန်းကို မထိမှန်နိုင်ခဲ့ဘဲ သစ်ပင်အောက် အရိပ်မှာ ခိုနေသလိုသာ ခံစားရသည်။ သို့သော် သူသည် လူတိုင်းရှေ့တွင် အစွမ်းထက်နေဟန်ဆောင်ရပေဉီးမည်။

“အံ့သြစရာကောင်းတယ်။ လျှပ်စီးကြောင်းများပင်လျှင် ဆရာတော် ကိုမထိနိုင်ပါ။"

“ဒီလျှပ်စီးတွေက လှည့်စားမှုမဟုတ်ဘူး”

" ဆရာတော်ရဲ့ ခေါင်းပေါ်က မီးတောက်က ဘာလဲ.... စစ်မှန်တဲ့ချီဓာတ်နဲ့ ဖွဲ့စည်းထားတာလား........"

"ဒါကို တာအိုဆရာတော်တွေက ပန်းသုံးပွင့်စုဝေးခြင်းလို့ ခေါ်တာ ဖြစ်နိုင်တယ်....."

“ဒို့ဆရာတော်ကို အင်မော်တယ်သခင်လို့ ခေါ်သင့်တယ်.....မြန်မြန်လေး ဂါရဝပြုကြ....."

တပည့်တို့ ဆွေးနွေးကြရာ တယောက်ပြီး တယောက် ဒူးထောက်ကာ ကျန်းချန်ရှန်းးကိုအရိုအသေပြုလိုက်ကြသည်။

ကျန်းဇီယုသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ့မျက်ခုံးကြားမှ ရွှေရောင်အလင်းတန်းများ ထွန်းလင်းနေသည့် မွေးရာပါ အမှတ်အသားကို သတိမထားမိလိုက်ပေ။

ဝမ်ချန်း က..... “ဆရာတော်ရဲ့နယ်ပယ်ကို စိတ်ကူးကြည့်ဖို့ခက်တယ်.... သူ့ကို လျှော့တွက်မိခဲ့ပြီထင်တယ်.....”

ရှုထျန်းကျိသည် သူ့ဘေးနားတွင် ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

“တကယ်တော့ သိုင်းပညာနယ်ပယ်မှာ ဘယ်တော့မှ အထွတ်အထိပ်ရောက်နိုင်မှာ မဟုတ်ပါဘူး..... ရှေးခေတ်ကတည်းက ဒီလုအင်မော်တယ်နတ်ဘုရားတွေက အစွမ်းထက်တဲ့သိုင်းပညာရှင်တွေထက်ကိုအဆင့်မြင့်တယ်..... သာမန်လူတွေက သိုင်းပညာကို အားကိုးပြီး အမြင့်ကိုရောက်နိုင်တာကို မယုံနိုင်ကြသေးဘူး.... ဆရာတော် အခုလိုအတိဒက္ခကို ဖြတ်ကျော်တယ်ဆိုကတည်းက သူ့ရဲ့နယ်ပယ်ကငါတို့တွေ မြင်ဖူးကြားဖူးထားတဲ့နယ်ပယ်ထက်ကျော်လွန်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ......."

ဤအတိုင်းသာဆို တကျန်းတွင် ကျန်းချန်ရှန်းကသာ အဆင့်မြင့်ဆုံးဖြစ်နေခဲ့ပြီ......

အိမ်ရှေ့စံ၏အိမ်တော်ထဲတွင်......

ကျန်းယွီသည် ခြံဝင်းထဲတွင် ရပ်နေပြီး လုံချီ တောင်ပေါ်ရှိ အံ့မခန်း မိုးကြိုးအတိဒုက္ခကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ .....

" ဆရာတော်ချန်ရှန်းက သူ့ရဲ့ ဒုတိယ အတိဒုက္ခကို ကြုံတွေ့နေပြီ.... သူလေ့ကျင့်ထားတဲ့ သိုင်းပညာကို မသိပေမယ့် နောင်အနာဂတ်မှာ ငါ့ရန်သူဖြစ်လာရင် မဟာယာနနဂါးမျှော်စင်က သူ့ကို နှိမ်နင်းနိုင်ပါ့မလား”

လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါး၏ခေါင်းဆောင် ကွေ့လိုင်က......

“နဂါးမျှော်စင်က နက်နဲတဲ့အုတ်မြစ်ရှိပေမယ့် ဒီဆရာတော် ဘယ်လောက်သန်မာသလဲမသိနိုင်သေးဘူး....အရှင်မင်းသား စိတ်ပူနေရင် ကျုပ် စာရေးပြီး သူ့ကို စမ်းသပ်ဖို့ နဂါးမျှော်စင်ကတစ်ယောက်ယောက်ကို လွှတ်ခိုင်းလို့ရတယ်....."

ကျန်းယွီက ခေါင်းခါလိုက်ပြီး.....

“ထားလိုက်ပါ.... ဒါမှပဲ သူ့ဒေါသကိုသွားဆွသလိုဖြစ်နေလိမ့်မယ်.... အခုအချိန်မှာ သူက ဇီယုရဲ့ဆရာဖြစ်တဲ့အပြင် ချန်းလီကလွဲပြီး အခြားမင်းမျိုးမင်းနွယ်တွေနဲ့လည်း အဆက်အသွယ်တာမဟူတ်ဘူး... ကျန်းယုတောင် သူနဲ့ အဆက်အသွယ်ဖြတ်ထားတယ်.... သူက လောကီလောကကို စွန့်ခွာပြီး တာအိုရှာဖွေနေတဲ့သူလည်းဖြစ်နိုင်တာပဲ.... လက်ရှိအခြေအနေကိုပဲ ထိန်းထားကြတာပေါ့......”

ကွေ့လိုင်က ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်တော့ သူ့ကို စမ်းသပ်စရာ မလိုဘူးလို့ သူခံစားမိသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာတော်ချန်ရှန်း သည် အလွန်အားကောင်းနေပြီဖြစ်ပြီး မည်သူမျှ ရပ်တန့်နိုင်သောသူမဟုတ်သောကြောင့်ဖြစ်သည်။ ထို့အပြင် မြို့တော်တွင် ဆရာတော်ချန်ရှန်းလိုပုဂ္ဂိုလ်ရှိနေခြင်းကြောင့် ကျန်းမိသားစု၏ နယ်ချဲ့အာဏာလည်း ပို၍လုံခြုံနိုင်သည်မဟုတ်ပေလော......

…..................

ကျန်းချန်ရှန်းသည် လျှပ်စီးများကို တွန်းလှန်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။ မိုးကြိုးအတိဒုက္ခသည် တစ်နာရီကြာ ကြာမြင့်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူသည် အခက်ခဲဆုံးကာလကို လွတ်မြောက်ခဲ့သည်။

ရှုထျန်းကျိသည် ကျန်းချန်ရှန်း မည်မျှ မိုးကြိုးပစ်ခံရသည်ကို မရေတွက်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ကျန်းချန်ရှန်း အား အလွန်အမင်းလေးစားကာ နှလုံးသားထဲတွင် နတ်တစ်ပါးအဖြစ် သတ်မှတ်ထားလိုက်ပြီဖြစ်သည်။

တစ်နာရီခန့်အကြာတွင်၊ မိုးကြိုးအတိဒုက္ခသည် ပြီးဆုံးသွားပြီး ကြီးမားကျယ်ပြန့်သော မိုးကြိုးတိမ်တိုက်များလည်း ကွယ်ပျောက်သွားခဲ့သည်။

ကျန်းချန်ရှန်းသည် ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို အငမ်းမရ စုပ်ယူနေသည်။ မြေဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များထံမှ မမြင်နိုင်သော အရောင်မဲ့ဝိညာဉ်စွမ်းအင်များလည်း ကျန်းချန်ရှန်းဆီသို့ တိုးလာကာ သူ့ပတ်ဝန်းကျင်တွင် လေပွေတစ်ခုအဖြစ် ရွေ့လျားသွားသည်။

သူ၏ဝိညာဉ်စွမ်းအားများ တိုးပွားလာခဲ့ချေပြီ.....

ကျန်းချန်ရှန်း ရုတ်တရက် မျက်လုံးပွင့်လာပြီး လေထဲတွင် လွင့်မျောနေပြီး

ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က အောက်မှာပဲ ရှိနေတာကို တွေ့လိုက်ရသည်။

"ဒါ... ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲက ထွက်သွားတာလား"

ကျန်းချန်ရှန်း လွန်စွာအံ့သြသွားသည်။ ခန္ဓာကိုယ်မှ ထွက်သွားသော ဝိညာဉ်သည် အင်မော်တယ်ကျင့်ကြံခြင်း၏ လက္ခဏာများထဲမှ တစ်ခုဖြစ်သည်။ သူသည် သူ့ဝိညာဉ်ကို လွင့်မျောရန် စတင်ထိန်းချုပ်ခဲ့ပြီး ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ထူးခြားစွာ သွက်သွက်လက်လက်လှုပ်ရှားနိူင်ကြောင်း တွေ့ရှိခဲ့သည်။ ခြံဝင်းထဲ ရောက်သွားတော့ သူ့ဝိညာဉ်ကို အဘယ်သူမျှ မတွေ့ကြဘဲ သူ့ခန္ဓာကိုယ်ကိုကြည့်ကာ အတိဒုက္ခအကြောင်းဆွေးနွေးနေကြဆဲပင်......

သူ့ဝိညာဉ်ကို အဘယ်သူမျှ မမြင်နိုင်ကြပေ။

ကျန်းချန်ရှန်းသည် ဓားထိန်းချုပ်မှုနည်းစနစ်အတိုင်း အလွန်လျင်မြန်သော အရှိန်ဖြင့် မြို့ထဲသို့ ပျံသန်းသွားသည်။

သူသည် မြို့တော်ကို လှည့်ပတ်ကာ ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်လည်ပျံသန်းနေခဲ့သည်။

ရုတ်တရက်........

သူ ရပ်လိုက်ပြီး သူ့အကြည့်တွေက အဝေးက နန်းတော်ဆီရောက်သွားခဲ့သည်။ နန်းဆောင်

တစ်ခု၏ အထက်တွင် လွင့်မျောနေသည့် ယင်ချီအစုအဝေးကို မြင်လိုက်ရသဖြင့် စိတ်မသက်မသာခံစားလိုက်ရသည်။

"အဲဒါဘာလဲ? နတ်ဆိုးလား....? နန်းတော်ထဲမှာ လျှို့ဝှက်ချက်တွေရှိနေသေးတာလား..."

ကျန်းချန်ရှန်း တွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နန်းတော်အား ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေလေသည်။ ညအချိန်၌ နန်းတော်ထဲသို့ ဝင်သောအခါ၌ ထိုလမ်းကို ဖြတ်သွားသော်လည်း အထဲမှာ ဘယ်သူမှ မနေကြောင်းသိထားပြီးဖြစ်သည်။

ထားလိုက်ပါတော့........

အရင်ဆုံး လတ်တလောအဆင့်တက်ထားသည်ကို အခြေခိုင်အောင်လေ့ကျင့်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ကျန်းချန်ရှန်း နောက်ပြန်လှည့်၍ သူ့ခန္ဓာကိုယ်ဆီသို့ ပြေးသွားသည် ။ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ဘာကိုမျှထွေထွေထူးထူးမခံစားရသဖြင့် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။ မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိလိုက်ရသည်။

ကျန်းချန်ရှန်းသည် ကျင့်ကြံမှုကို ခိုင်မာအောင် စတင်လုပ်ဆောင်နေခဲ့သည်။ ကျန်းဇီယု၏ မျက်ခုံးမွှေးများကြားမှ တာအိုအမှတ်အသားသည်လည်း တောက်ပြောင်နေသည်ကို သူသတိပြုမိသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအမှတ်အသားက အလွန်အားနည်းနေသဖြင့် ဘယ်သူမှသတိမထားမိလိုက်ကြပေ။

ထိုအမှတ်အသားတွင် အခြားသော အဓိပ္ပါယ်များ ပါဝင်နိုင်သည်။

ကျန်းချန်ရှန်း သေချာစဉ်းစားပြီးနောက် သူတို့ရဲ့ သွေးသားတော်စပ်မှု ထုတ်ဖော်မပြဖို့ သူ့ရဲ့တာအိုအမှတ်အသားတွေကိုသေချာဖုံးဖိထားလိုက်တော့သည်။

မိုးကြိုးများ ပျောက်ကွယ်သွားသောအခါ၊ မန်ချွဲ့ဆောင်နှင့်ချင်ကူတို့သည် တပည့်များနှင့် ကိုးကွယ်ဆည်းကပ်သူများကို စတင်လူစုခွဲခဲ့ပြီး ကျန်းချန်ရှန်း ငြိမ်းချမ်းစွာ ထားခဲ့သည်။

ကျန်းဇီယု ၏ မျက်ခုံးကြားမှ မွေးရာပါ အမှတ်အသားသည်လည်း ပုံမှန်ပြန်ဖြစ်ခဲ့ပြီး ဝမ်ချန်းကသူ့ကို အိမ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။

ရှုထျန်းကျိက တံမြက်စည်းကို ကောက်ယူပြီး ထွက်မသွားမီ အချိန်အတန်ကြာ စောင့်ကြည့်နေခဲ့သေးသည်။

ကျန်းချန်ရှန်းသည် စွမ်းအင်များကို ဖြန့်ကျက်ထားစဉ် လေထုထဲတွင်သာ လွင့်မြောနေခဲ့သည်။ နေဝင်ရီတရောအချိန်မှသာ ထိုဖြစ်စဉ်ပြီးဆုံးသွားခဲ့သည်။

ယခုချိန်တွင် အတိဒုက္ခမဖြတ်ကျော်ခင်ကထက် ဆယ်ဆကျော်သန်မာနေပြီဖြစ်သည်။

ကျန်းချန်ရှန်း စိတ်လှုပ်ရှားသွားသည်။ ဆယ့်ရှစ်နှစ်ကြာ ခါးသီးစွာ ကျင့်ကြံပြီး နောက်ဆုံးတွင် သူသည် ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့ချေပြီ......

ယခု မဟာယာနနဂါးမျှော်စင်ကို ကြောက်နေစရာမလိုတော့ပေ။

ထိုအချိန်တွင် ကျန်းချန်ရှန်း၏ မျက်လုံးများရှေ့တွင် စကားလုံးများ ပေါ်လာသည်။

“မင်းဆက်တည်ထောင်ပြီး သုံးဆယ့်ကိုးနှစ်အကြာမှာ ကျင့်ကြံမှုအဆင့် တိုးတက်ခဲ့ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကိုနားလည်နိုင်ခဲ့ပြီ..... သင်သည် ကိုးကောင်းကင်ဘုံ၏ အတိဒုက္ခသုံးမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ်လျှို့ဝှက်ပညာရပ်တခုဖြစ်သော 'ပြန်လည်ဝင်စားခြင်းစည်းတံဆိပ်' ကို ရရှိခဲ့သည်........"

[နံ့သာတိုင်စနစ် ရရှိထားကြောင်း တွေ့ရှိရသည်။ သင့်ရဲ့ ကျင့်ကြံမှုတာအိုက ကောင်းကင်နှင့်မြေပြင်နဲ မဆိုင်တဲ့အတွက် သင့်ထံတွင်ရွေးချယ်စရာနှစ်ခုရှိပြီး တစ်ခုပဲရွေးလို့ရပါမည်......]

[1- ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ပြီး သင်၏ ဝိညာဉ်စွမ်းအားများကို ဤကမ္ဘာ၏ သိုင်းပညာနယ်ပယ်တခုဖြစ်သောစကြဝဠာနယ်ပယ် ပြောင်းလဲသွားမည်ဖြစ်သည်....]

[2: ဆက်လက်ကျင့်ကြံမည်ဆိုပါက သက်ရှိအားလုံးထက် သာလွန်ပြီး အားလုံးက သင့်ကိုအင်မော်တယ်တပါးအဖြစ် လေးစားကြသည်။ ကျင့်ကြံခြင်းသည် ကောင်းကင်ဘုံတာအိုကိုရှာဖွေရန်ဖြစ်သည်.... နံ့သာတိုင်စနစ်ကို လှစ်ဖွင့်နိုင်ပါပြီ.....]

ထုံးစံအတိုင်း ကျန်းချန်ရှန်းကတော့ ကျင့်ကြံဖို့ကိုပဲ ရွေးချယ်ခဲ့ပါသည်။

ကျန်းချန်ရှန်းသည် တုံ့ဆိုင်းမနေဘဲ သူ့အတွက်ရွေးချယ်မှုများထဲမှ စကြဝဠာနယ်ပယ်အကြောင်း စဉ်းစားခဲ့သည်။

စကြဝဠာနယ်ပယ်သည် စစ်မှန်သောနတ်ဘုရားနယ်ပယ်နှင့် နှိုင်းယှဉ်ပါက မည်မျှမြင့်မားသည်ကို သူမသိသေးပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် စကြဝဠာနယ်ပယ်အကြောင်း တစ်ခါမျှ မကြားဖူးခဲ့ပေ။ စကြဝဠာ နယ်ပယ်ကို ဆိုမထားနှင့် စစ်မှန်သော နတ်ဘုရားနယ်ပယ်ကိုပင် မတွေးဖူးသေးပေ။

သို့သော် နယ်ပယ်တစ်ခု၏ တည်ရှိမှုသည် တစ်စုံတစ်ဦးက ထိုနယ်ပယ်သို့ ရောက်ရှိသွားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤကျယ်ပြောလှသောကမ္ဘာကြီးတွင် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိကိုရှိနေပေလိမ့်မည်။

ကျန်းချန်ရှန်းသည် စကြဝဠာနယ်ပယ် ကျွမ်းကျင်သူကို ရှာဖွေရန် ကမ္ဘာကို လှည့်ပတ်နေမည်မဟုတ်ပေ။ သူသည် တကျန်းတွင်နေထိုင်ပြီး ကမ္ဘာကို အုပ်စိုးရန် သူဆုံးဖြတ်ခဲ့သော အတွေ့အကြုံမရှိသေးသောကြောင့် ဆက်လက်ကျင့်ကြံနေရဉီးမည်။ဝေ့ဝမ် နန်းတက်ပြီး ဧကရာဇ်ဖြစ်လာသောအခါ အနာဂါတ်တွင် ဆေးလုံးသန့်စင်ရန်အတွက် ဆေးဖက်ဝင်ပါဝင်ပစ္စည်းများ လိုအပ်ပါကကူညီရှာဖွေပေးရန် တောင်းဆိုနိုင်သည်။ ထို့နောက် သူသည် စိတ်ပူစရာမလိုဘဲ အင်မော်တယ်တာအိုကိုရှာဖွေနိုင်မည်ဖြစ်သည်။

တစ်နေ့တွင် သိုင်းပညာနယ်ပယ်သည် ကျင့်ကြံမှုနယ်ပယ်နှင့် လိုက်လျောညီထွေမဖြစ်နိုင်သောအခါ သူသည် သိုင်းပညာနယ်ပယ်ကို ကျော်လွန်ကာ လက်လှမ်းမမီနိုင်သောနယ်ပယ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ထိုအခါ သူသည် လွတ်လပ်ပျော်ရွှင်ပြီး ကမ္ဘာကြီး၏ပျော်ရွှင်မှုများကို တွေ့ကြုံခံစားနိုင်တော့မည်ဖြစ်သည်။

All Chapters