သူရဲကောင်းများ၏သင်္ချိုင်း.... အသက်ရှင်ဖို့အတွက် အမဲလိုက်ခြင်း.....
Vol. 3 Ch. 39
ကျန်းချန်ရှန်းသည် ကျင့်ကြံမှုအခြေခိုင်အောင်ပြုလုပ်ပြီးနောက် အမွှေးတိုင် တွက်ချက်မှု လုပ်ဆောင်ချက်ကို စစ်ဆေးခဲ့သည်။
[နံ့သာတိုင်တွက်ချက်မှုလုပ်ဆောင်ချက်..... အရာဝတ္ထုများ၏ အနှစ်သာရနှင့် အကျိုးသက်ရောက်မှုကို ခန့်မှန်းရန် နံ့သာတိုင်ရမှတ်များကိုအသုံးပြနိုင်သည်။ လိုအပ်သော ပမာဏသည် အရာဝထ္တုအပေါ်မူတည်ပါသည်။]
“လက်ရှိ နံ့သာတိုင်ရမှတ် : 0”
ကျန်းချန်ရှန်းက ...“မဟာယာနနဂါးမျှော်စင်ကို လွယ်လွယ်ကူကူ နှိမ်နင်းနိုင်မလားဆိုတာ သိချင်ပါတယ်” ဟု စနစ်ကို မေးခဲ့သည်။
[အမွှေးတိုင် 1,000 လိုအပ်သည်...လုပ်ဆောင်
လိုပါသလား.......]
[ရမှတ် မလုံလောက်ပါ....တောင်းဆိုချက်ကျရှုံးပါသည်]
ကျန်းချန်ရှန်း ခေါင်းယမ်းလိုက်ပြီး စွမ်းအင်များ စုပ်ယူဖို့ကိုသာအာရုံစိုက်လိုက်တော့သည်။
ညဉ့်နက်မှ အခန်းသို့ ပြန်လာပြီး ပြန်
ဝင်စားခြင်းစည်းတံဆိပ်ကို အမွေဆက်ခံခဲ့သည်။
ပြန်ဝင်စားခြင်းဟူသော စကားလုံးသည် စွဲမက်ဖွယ်ကောင်းသည်။ ထို့အပြင်၊ ၎င်းသည် အတိဒုက္ခကို ဖြတ်ကျော်ခြင်းမှ ရရှိခဲ့သည်။
ပြန်ဝင်စားခြင်းစည်းတံဆိပ်သည် အခြားသူများအပေါ် တံဆိပ်ခတ်နိုင်သည့် ဝိညာဉ်စာလုံးဖြစ်သည်။ပြန်လည်ဝင်စားခြင်းသံသရာသည် မပျက်စီးနိုင်သောတည်ရှိမှုဖြစ်သည်။ပြန်လည်ဝင်စားခြင်းစည်းတံဆိပ်ခတ်နှိပ်ထားရသူများကို နတ်ဘုရားအာရုံဖြန့်ကျက်ပြီးရှာဖွေနိုင်သည်။ ထို့အပြင်၊ ရန်သူသည် ဤအမှတ်အသားကို ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး ဖျောက်ဖျက်ပစ်ဖို့လုံးသမဖြစ်နိုင်ပေ။
ထိုစည်းတံဆိပ်သည်ထာရဝခြေရာခံပေးနိုင်သည့် ခြေရာခံစနစ်လိုပင်......
ကျန်းချန်ရှန်းသည် ထိုစည်းတံဆိပ်အကြောင်းသေချာ စဉ်းစားပြီးနောက် ၎င်း သူ့ပတ်ဝန်းကျင်ရှိ လူများကို အသုံးပြုရန်ဆုံးဖြတ်လိုက်သည်။ ဤနည်းဖြင့် သူတို့သည် လူဝင်စားခြင်းသံသရာကို ဖြတ်ကျော်ခဲ့လျှင်ပင် ၎င်းတို့ကို ရှာတွေ့ရန် မျှော်လင့်ချက်ရှိသေးသည်။ ဘယ်သူတွေအပေါ်သုံးမလဲ ဆိုတာကိုတော့ အနာဂတ်မှသာဆုံးဖြတ်ပါလိမ့်မည်။
လာမည့်ရက်အနည်းငယ်တွင်၊ ဆရာတော် ချန်ရှန်း အတိဒုက္ခကို ကျော်ဖြတ်သည့်သတင်းသည် စီရင်စု ၁၃ တစ်လျှောက်လုံးပျံ့နှံ့သွားသည်။ ပရမ်းပတာ ခေတ်ကြီးမှာ ဒီလိုမျိုး ဖြစ်ရပ်တွေက ရှားပါးလှသည်မဟုတ်လော......
တစ်လခွဲကြာပြီးနောက်၊ ကျန်းချန်ရှန်း ၏ နံ့သာတိုင်အရေအတွက်သည် နောက်ဆုံးတွင် 15 အထိ မြင့်တက်လာခဲ့သည်။
တစ်နေ့သ၌.....
လီကုန်းကုန်း ရောက်လာပြီး. ဧကရာဇ်က ကျန်းချန်ရှန်းကို နန်းတော်သို့ ဆင့်ခေါ်ကြောင်းကြေငြာခဲ့သည်။ထို့ကြောင့် ကျန်းချန်ရှန်း တောင်ပေါ်မှဆင်း၍ လိုက်သွားခဲ့ရသည်။ ဒါကို တပည့်တွေ သိသွားတဲ့အခါ ဧကရာဇ်က လုံချီဘုရားကျောင်းကို ထပ်ပြီး ဆုချတော့မယ်လို့ တွေးပြီး အားလုံး စိတ်လှုပ်ရှားနေကြသည်။ ဧကရာဇ်သည် ကျန်းချန်ရှန်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း သိသူနည်းပါးလှသည်။
ကျန်းချန်ရှန်းသည် လီကုန်းကုန်း၏ နောက်သို့ လိုက်သွားပြီး သူ့ကို သတ်သင့်လားဟု တွေးနေခဲ့မိသည်။
သူ့ကို ကလေးချင်းလဲခဲ့သူများထဲတွင် လီကုန်းကုန်းမှလွဲ၍ အားလုံး သေဆုံးကုန်ပြီဖြစ်သည သူတို့အားလုံး ဧကရာဇ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အထူးသဖြင့် နတ်ဆိုးဂိုဏ်း မြို့တော်ကို ပြသာနာလာရှာစဉ်က ထိုသူများကို ဧကရာဇ်က အကြောင်းပြချက်ရှာပြီး သုတ်သင်ပစ်ခဲ့သည်။ ယခုအချိန်တွင် လီကုန်းကုန်းသာ အသက်ရှင်နေသေးသည် ။
လီကုန်းကုန်းသည် ကျန်းယွမ်အနားတွင် ဘဝတစ်လျှောက်လုံး တာဝန်ထမ်းဆောင်ခဲ့ပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့သည်။ ကျန်းချန်ရှန်းက ကျန်းယွမ်ကို နောက်ထပ်နှစ်အနည်းငယ် အသက်ရှင်စေချင်တာကြောင့် လီကုန်းကုန်းကို သတ်ပစ်ဖ်ို့ကိစ္စကိုခဏမေ့ထားလိုက်တော့သည်။
"ထားလိုက်တော့.... နောက်ဆုံးတော့ ဒီခွေးအိုကြီးကလည်း ရုပ်သေးရုပ်သာသာပါပဲ... ဧကရာဇ် နတ်ရွာစံတဲ့အခါ သူ့ကိုသတ်ပစ်လိုက်ရုံပဲ......”
ကျန်းချန်ရှန်း၏အတွေးများကိုမသိရှာသော လီကုန်းကုန်းကတော့ စိတ်အားထက်သန်စွာဖြင့် စကားများပြောဆိုနေရှာ၏။
လီကုန်းကုန်းသည် ကျန်းချန်ရှန်း၏ဇစ်မြစ်
အစစ်အမှန်ကို သိသဖြင့် သူ့နှလုံးသားတွင် ခံစားချက်များပြည့်နှက်နေသည်။ အကယ်၍ ဆရာတော်ချန်ရှန်းသာ အိမ်ရှေ့စံမင်းသားဖြစ်ခဲ့လျှင် တကျန်းအင်ပါယာအခုထက်တိုးတက်လာမည်မှာအမှန်ပင်....
ဆရာတော်ချန်ရှန်း သည် လောကီရေးရာများကို ဂရုမစိုက်ပုံရသော်လည်း ကျွမ်းကျင်သူများစွာ သူ့လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။ သူ၏ပြတ်သားသော ပင်ကိုယ်စရိုက်က ကျန်းယွမ်နှင့် အလွန်ဆင်တူသည်။
ကျန်းချန်ရှန်းကို ကျန်းယွမ် အဘယ်ကြောင့် လဲလှယ်ခဲ့သည်ကို လီကုန်းကုန် လည်း သိပါသည်။ တစ်ချို့အရာတွေကို သိထားသောလည်း သေဆုံးသည့်အတိုင် နှုတ်ဆိတ်နေရပေလိမ့်မည်။
တစ်နာရီလောက်ကြာတော့ နန်းတော်ထဲရောက်လာခဲ့ကြသည်။
တော်ဝင်စာကြည့်တိုက်ထဲတွင်.... .
ကျန်းယွမ်က စာရေးနေပြီး ဧကရီက မှင်သွေးပေးနေသည်။ ကျန်းချန်ရှန်းနှင့် လီကုန်းကုန်း ဝင်လာသည်ကို သူမ မြင်လိုက်သောအခါအလွန် အံ့အားသင့်သွားသည်။
"မင်းကြီး...မိဖုရားကြီး... လုံချီ ဘုရားကျောင်းက ဆရာတော်ရောက်လာပါပြီ....."
လီကုန်းကုန်း ထွက်သွားပြီး တံခါးမပိတ်ခင် လေးလေးစားစား ဦးညွှတ်လိုက်သေးသည်။
ဧကရီက ကျန်းချန်ရှန်းကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်နေသည်။ သူမ စိတ်လှုပ်ရှားနေသည်မှာ သိသာထင်ရှားသော်လည်း သူမကိုယ်သူမ ကောင်းကောင်းထိန်းနိုင်ခဲ့သည်။
ကျန်းချန်ရှန်းက ဉီးညွှတ်လိုက်ပြီး....
"မင်းကြီးနဲ့ ဧကရီကိုနှုတ်ခွန်းဆက်သပါတယ်....."
ဧကရီသည် သူ၏အမည်ရင်းအမှန်ကို သိပြီးဖြစ်ပုံရသည်။
သို့သော်လည်း ယခုအချိန်တွင် ကျန်းချန်ရှန်း သည် ၎င်းတို့အား အသိအမှတ်ပြုရန် စိတ်ကူးမရှိတော့ပေ။
အသက်လေးဆယ်နီးပါးရှိနေပြီဆိုတော့ ဘာလို့ သူတို့ကို အသိအမှတ်ပြုနေတော့မည်နည်း......
ကျန်းယွမ်က လက်ထဲက စုတ်တံကို ချလိုက်ပြီး ပြုံးကာ မော့ကြည့်လိုက်သည်။
"ချန်ရှန်း၊ လာကြည့်ပေးပါဉီး... ငါ့လက်ရေးလှစာသားကို မင်းဘယ်လိုထင်လဲ"
ကျန်းချန်ရှန်းအနားကပ်လာတော့ စာရွက်အရှည်ကြီးပေါ်မှာ စာလုံးခြောက်လုံးရေးထားတာ တွေ့လိုက်ရသည်။
//ငါသည် ကောင်းကင်ဘုံ၏အလိုတော်ဖြစ်၏//
"မဆိုးပါဘူး.... စုတ်ချက်တွေက ပြတ်သားပြီး ရေးသားပုံကစနစ်ကျတယ်....."
ကျန်းချန်ရှန်းက အမှန်အတိုင်း ချီးကျူးလိုက်သည်။
ကျန်းယွမ်က အံ့သြစွာနဲ့ .....
"ကံဆိုးတာက ငါ့မှာ အသက်ရှင်ဖို့ နှစ်တွေ အများကြီးမကျန်တော့ဘူး.... ချန်ရှန်း၊ မင်း ပန်းချီနဲ့ လက်ရေးလှကို သင်ဖူးလား... လာ၊ မင်းရဲ့လက်ရေးစာစားကို ငါ့ကိုကြည့်ခွင့်ပေးပါ"
ကျန်းချန်ရှန်း မငြင်းဆန်ခဲ့ပေ။ အစောပိုင်းနှစ်များတွင် လက်ရေးလှရေးနည်းကို သင်ယူခဲ့ပြီး ထုတ်ဖော်ပြသရန် ခဲယဉ်းခဲ့သည်။ အခုချိန်မှာတော့ သူ့မိဘအရင်းတွေရှေ့မှာ ဖုံးကွယ်ထားစရာ ဘာမှမရှိလိုတော့ပေ။
ကျန်းယွမ်က စားပွဲရှေ့မှ နေရာဖယ်ပေးလိုက်စဉ် ဧကရီက ကျန်းချန်ရှန်းအား နီရဲနေသော မျက်လုံးများဖြင့် ကြည့်ကာ သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို တိတ်တဆိတ် ခိုးသုတ်လိုက်သည်။
ကျန်းချန်ရှန်းသည် သူ့လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားပြီး စာသားအချို့ကိုရေးသားလိုက်သည်။ ကျန်းယွမ် ၎င်းကိုဖတ်သောအခါ တုန်လှုပ်သွားသည်။
“ကောင်းကင်အောက်၌ရှိသမျှအရာတိုင်းသည် ဧကရာဇ်၏အပိုင်ဖြစ်သည်...သို့သော် မည်သူ ဧကရာဇ်ဖြစ်နိုင်မည်နည်း...…”
ကျန်းယွမ် ထိုစာသားကိုဖတ်လိုက်သည်နှင့် သူ့အမူအရာ ရှုပ်ထွေးလာသည်။
ဤစာကြောင်းလေးကြောင်းကို ပြတ်သားသောစုတ်ချက်များဖြင့် ရေးသားထားပြီး စကားလုံးတစ်လုံးစီ၏အဆုံးတွင် ကွယ်ဝှက်ထားသော သတ်ဖြတ်လိုစိတ်များရှိနေသည်။ စကားလုံးများကိုကြည့်ရင်း၊ ကျန်းယွမ် သည် တိုင်းပြည်အာဏာကို ကိုင်ဆောင်ထားသော တန်ခိုးကြီးသော ဧကရာဇ်များ သမိုင်းတလျှောက် စစ်ပွဲများဆင်နွှဲနေသည့် ပုံရိပ်များကိုမြင်ယောင်လာသည်။
ဧကရီက.....
“ဆရာတော်လက်ရေးက ဆရာတော် ရဲ့ စိတ်နေစိတ်ထားထက် ပိုလွှမ်းမိုးပြီး အရှင့်ရဲ့လက်ရေးစာသားထင် အများကြီးသာလွန်ပုံရတယ်.... ဒီကဗျာကလည်း တော်တော်ကောင်းတယ်...ကျွန်မ ဒီလက်ရေးလှစာသားကို ဘောင်ခတ်ပြီး နောင်လာနောင်သားတွေလေ့လာဖို့ တော်ဝင်စာကြည့်တိုက်မှာသိမ်းထားရမယ်....."
ကျန်းယွမ်က.... “ မဆိုးဘူး.... အသက်ရှည်ခြင်းကျမ်းစာသည် ကမ္ဘာပေါ်က ထိပ်တန်းနည်းပညာသုံးမျိုးထဲက တစ်ခုဖြစ်တယ်... ကံမကောင်းစွာနဲ့ပဲ စာပေလောကထဲကို မ၀င်ရောက်ခဲ့နိုင်ဘူး....."
ကျန်းယွမ်သည်လည်းရုတ်တရက် လီကုန်းကုန်းနဲ့ ထပ်တူ ခံစားလိုက်ရသည်။
အိမ်ရှေ့စံကို ကလေးချင်းမလဲခဲ့ရင် အခုနေဘာတွေဖြစ်နေမလဲ .....
မင်းသားခုနှစ် အိမ်ရှေ့စံမင်းသားဖြစ်လာပြီးကတည်းက သူ၏ချို့ယွင်းချက်များ စတင်ပေါ်ပေါက်လာခဲ့သည်။ အရင်တုန်းကတော့ နိုင်ငံတော်အရေးကို ကိုင်တွယ်ဖြေရှင်းစရာ မလိုခဲ့ပေ။ သူ၏ စကားပြောစွမ်းရည်နှင့် ပြင်းထန်သော သိုင်းပညာကို အားကိုးပြီး မဟာယာနနဂါးမျှော်စင်၏ ပံ့ပိုးမှုရှိသဖြင့် ကျန်းယွမ် သူ့ကို အလွန်နှစ်သက်ခဲ့သည်။ သို့သော် သူ၏ အုပ်ချုပ်မှုအဆင့်သည် အိမ်ရှေ့မင်းသားအတုထက် များစွာ နိမ့်ကျနေပါသည်။ သူသည် သိုင်းပညာတွင် ထင်ရှားစွာ ကျွမ်းကျင်သော်လည်း အိမ်ရှေ့မင်းသားရာထူးကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေရပြီဖြစ်သည်။ ကျန်းယွီသည် တိုက်ပွဲဝင်နေသော ကျန်းယုနှင့်မတူဘဲ မြို့တော်တွင် ပုန်းအောင်းနေခဲ့သည်။
ကျန်းချန်ရှန်းရဲ့ အရည်အချင်းက ကျန်းယွီ ထက် အများကြီး ပိုကောင်းနေသည်။
ကျန်းယွမ် ထိုအကြောင်းကို ပိုတွေးလေလေ၊ သူပို၍စိတ်ဆင်းရဲလာလေလေဖြစ်သည်။ သူက ကျန်းချန်ရှန်းရဲ့လက်ကို ဆုပ်ကိုင်ထားပြီး အတိတ်ကအကြောင်းများပြန်ပြောဖြစ်ခဲ့သည်။
ဧကရီကတော့ မျက်ရည်အဝဲသားနှင့် ကျန်းချန်ရှန်းကိုသာ ငေးကြည့်နေသည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းချန်ရှန်း က ကျန်းယွမ် က သူ့ကို ဘာကြောင့်ခေါ်တာလဲလို့ မေးချင်လာတယ်။
"ချန်ရှန်း....မင်းသားခုနှစ်ရဲ့သားတော်နှစ်ပါးထဲမှာ ဘယ်သူက တကျန်းရဲ့တတိယဧကရာဇ်ရာထူးကို ထမ်းဆောင်နိုင်မယ်ထင်လဲ...."
ကျန်းယွမ် ခုံပေါ် ထိုင်ချလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
ဒီမေးခွန်းကိုသာ အရင်ကအမေးခံရလျှင် ကျန်းချန်ရှန်း ဇဝေဇဝါ ဖြစ်နေလိမ့်မည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူက ပြတ်သားစွာဖြင့်....
"ဝေ့ဝမ် ကျန်းဇီယုက အစကတည်းက အဓိက ကြင်ယာတော်ရဲ့သားဖြစ်တာမို့ ပထမဇနီးမယားရဲ့ အကြီးဆုံးသားဖြစ်တယ်လို့ ယူဆနိုင်ပါတယ်...ဒါပေမယ့် မကြင်ယာတော် အချိန်မတန်မီ ကွယ်လွန်သွားတာကြောင့် အိမ်ရှေ့စံမင်းသားက ကိုယ်လုပ်တော်ကို ကြင်ယာတော်အဖြစ်ကြေငြာခဲ့တယ်...ဒါကြောင့်မို့ ဝေ့ဝမ်က အဓိကကြင်ယာတော်ရဲ့ အကြီးဆုံးသားမဖြစ်နိုင်တော့ဘူး... ဒါက မတရားဘူး.... ဒါ့အပြင် ဝေ့ဝမ်က ဉာဏ်ရည်ထက်မြက်တယ်..... သူက သိုင်းပညာ ထူးချွန်ရုံသာမကဘဲ ပင်ကိုယ်စရိုက်နဲ့ ရည်မှန်းချက်ကလည တော်ဝင်မင်းသားရဲ့ အခြားကလေးတွေထက်အများကြီးသာတယ်...."
ကျန်းယွမ် ခေါင်းညိတ်လိုက်သည်။သူလည်း ကျန်းဇီယုကိုလည်း သဘောကျသည်။
ကျန်းယွမ်က သက်ပြင်းချလိုက်ပြီး....
"ဇီယုက ဧကရာဇ်ဖြစ်ဖို့ထိုက်တန်ပေမယ့် ကျောထောက်နောက်ခံမရှိဘူးဖြစ်နေတယ်.... ဒါ့အပြင်၊ သူ့အစ်ကိုက သိုင်းလောကရဲ့ မြင့်မြတ်နယ်မြေရဲ့ကျောထောက်နောက်ခံရှိနေတယ်.... အနာဂတ်မှာ ယှဉ်ပြိုင်ဖို့ ခက်လိမ့်မယ်။ သူ့မှာသာ ကျောထောက်နောက်ခံ ရှိရင် ကိုယ်တော် သူ့အတွက် လမ်းခင်းပေးနိုင်ပါတယ်.....”
ထိုအချိန်တွင် ကျန်းချန်ရှန်းက......
"လုံချီဘုရားကျောင်းက ဝေ့ဝမ်ကို ထောက်ပံ့ဖို့ ဆန္ဒရှိတယ်...."
ကျန်းယွမ်က သူ့ကို တည့်တည့်ကြည့်ပြီး သက်ပြင်းချလိုက်ပြန်သည်။
ဧကရီက..... “ကျွန်မလည်း ဇီယုကိုသဘောကျတယ်..... ဆရာတော်ချန်ရှန်း ဇီယုရဲ့ဆရာမို့ ဇီယုကိုသေချာပေါက်ထောက်ခံပေးမယ်.... မင်းကြီး ဇီယုအတွက် လမ်းခင်းပေးဖို့ပဲလိုတော့တယ်...."
ကျန်းယွမ် တံခါးဆီသို့ လျှောက်သွားလိုက်ပြီးလက်နောက်ပစ်ကာ သက်ပြင်းခပ်လေးလေးချလိုက်သည်။
"ဇီယုရဲ့အမေက စောစောသေသွားတာမို့ သူ့မိသားစုကိုလည်း ဇီယုကို ဖိနှိပ်ခဲ့တယ်..... မြို့တော်မှာ သူ့ကို ထောက်ပံ့ဖို့က တကယ်ကို ခက်ခဲပါတယ်...... ဘယ်လောက်ကြာကြာနေနိုင်မလဲ ကြည့်ရအောင်.....ချန်ရှန်း၊ ပြန်သွားပြီး ဇီယုကို ကောင်းကောင်းသင်ကြားပေးလိုက်ပါ......"
ကျန်းချန်ရှန်းက ဦးညွှတ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ ဆရာတော်ချန်ရှန်း....”
ဧကရီက ကျန်းချန်ရှန်းကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။ ကျန်းချန်ရှန်း လှည့်ကြည့်လိုက်တော့ ဧကရာဇ်အတွက် ပြင်ဆင်ထားတဲ့ အချိုမုန့်တွေကို မုန့်ဘူးထဲထည့်ပေးနေရှာသည်။
"ဆရာတော်က နန်းတော်ထဲက မုန့်တွေကို ကြိုက်တယ်လို့ ယုအာကပြောတယ်....."
ကျန်းချန်ရှန်း မငြင်းခဲ့ပေ။ နန်းတော်၏ အချိုပွဲများကို သူလည်း လွမ်းဆွတ်နေမိသည်။ သူ မထွက်ခွာမီတွင် ကရုဏာစိတ်ခံစားရပြီး ဧကရီထံသို့ အသံထုတ်လွှင့်ရန် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုခဲ့သည်။
ဧကရီ၏ လှပသော မျက်လုံးများကို ပြူးကျယ်လာက ခဏအကြာတွင် အရောင်ဖျော့သွားလေသည်။ ကျန်းယွမ်ကတော့ နောက်ကျောပေးထားသဖြင့် သူမ၏အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိခဲ့ပေ။
ကျန်းချန်ရှန်း ထွက်သွားသည့်အခါ ဧကရီက သူ့နောက်ကျောကို ထိတ်လန့်စွာကြည့်သော်လည်း မကြာမီမှာပင် အံ့သြစရာကနေ စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကျန်းချန်ရှန်း နန်းတော်မှ လီကုန်းကုန်းနှင့် အတူ ထွက်ခွာပြီးနောက် ဧကရီက ကျန်းယွမ် အား .....
"အရှင်မင်းကြီး၊ ဝန်ကြီးယန်ရဲ့ မြေးမလေးနဲ့ဝေ့ဝမ်ကို ထိမ်းမြားပေးလိုက်ပါလား ဝန်ကြီးယန်နဲ့ ကျွန်မက နှစ်ယောက်စလုံး ယန်မိသားစုက ဖြစ်ပေမယ့် သွေးဝေးပါတယ်.... အရှင်သာ ခွင့်ပြုရင် ဒီကိစ္စကို သေချာ ဆွေးနွေးလို့ရပါတယ်......”
ကျန်းယွမ် အံ့အားသင့်သွားသည်။ သူက သူမကို အံ့အားသင့်စွာကြည့်ကာ.... "ဇီယုက ချန်ရှန်းရဲ့ တပည့်ပဲလေ....ယန်မိသားစုဝင်ပါဖို့တောင်မလိုပါဘူး....."
ဧကရီက ပြုံးလိုက်ပြီး.....
"ယန်မိသားစုက ကျောထောက်နောက်ခံရှာနေတယ်.... အရှင်မင်းကြီး ကျွန်မရဲ့ဆန္ဒကိုဖြည့်စည်းပေးနိူင်မလား....."
ကျန်းယွမ် ထိုစကားကိုကြားသောအခါ စိတ်မသက်မသာ ခံစားလိုက်ရသည်။ ယန်မိသားစုသည် အမှန်တကယ်ပင် ပံ့ပိုးကူညီမှုများပေးခဲ့သော်လည်း နှစ်များတစ်လျှောက် ၎င်းတို့ကို ဆိုးရွားစွာ ဖိနှိပ်ခဲ့ရသည်။သို့သော်လည်း ယန်ချယ်က တရားရေးဝန်ကြီးဖြစ်နေဆဲပင်....
မကြာခင်သေရတော့မယ်သူတစ်ယောက်က ဘာတွေများဆုံးဖြတ်နိုင်ဉီးမည်နည်း.....
"နှစ်သစ်ပြီးရင် အမိန့်ထုတ်လိုက်မယ်...."
ကျန်းယွမ် သက်ပြင်းချလိုက်သည်။
ဧကရာဇ်က “ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး၊ ကျွန်မဆန္ဒကို ဖြည့်ဆည်းပေးလို့”
နှင်းတွေ တဖွဲဖွဲကျဆင်းပြီး နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထောင့်တစ်နေရာမှ ရုတ်တရက် သေးငယ်ပြီး စိမ်းလန်းသောသစ်ပင်တစ်ပင် ပေါက်လာခဲ့သည်။
…...................
ကျင်းမင်းဆက်တည်ထောင်ပြီး နှစ် ၄၀ မြောက်နှစ်ဖြစ်ပြီး နှစ်သစ်ကူးပြီးနောက်၊ ချင်ဝမ် ကျန်းယုသည် ကျန်းဇူပြည်နယ်ကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ရှေးဟောင်းဟန်မင်းဆက်ကို တိုက်ခိုက်ရာတွင်လည်း မြောက်များစွာသော တိုက်ပွဲပေါင်းများစွာကို အောင်နိုင်ခဲ့သည်။ ကျန်းယု၏ဂုဏ်သတင်း တဟုန်ထိုးတက်လာခဲ့ပြီး အိမ်ရှေ့မင်းဖြစ်သင့်သည်ဟု ယုံကြည်သူအများအပြားပင်ရှိခဲ့သည်။
နွေဦးရာသီရောက်လာခဲ့ပြန်ပြီ.......
လုံချီ ဘုရားကျောင်းသို့ ဖိတ်မထားသောဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။
"ကျွန်တော်က ယန်လုံပါ...သိုင်းလောကထဲက လူတွေက ကျွန်တော့်ကို သတ်ဖြတ်ခြင်းဓားသွားလို့ခေါ်ကြတယ်.... ဆရာတော် ချန်ရှန်းက သာမန်လူမဟုတ်ပဲ လုံချီတောင်ပေါ်မှာ သူရဲကောင်းသင်္ချိုင်းတစ်ခုကို တည်ထားခဲ့တဲ့အကြောင်းကြားရဖူးတယ်.... ဒီနေ့ ကျွန်တော်က ဆရာတော်နဲ့ ပညာစမ်းချင်လို့လာခဲ့တာပါ....."
လုံချီ ဘုရားကျောင်းတစ်ခွင်တွင် သူရဲကောင်းပီသသော အသံတစ်ခု ထွက်ပေါ်လာသည်။
ပိုင်လုံကို နှိပ်နယ်ပေးနေသာ ရှုထျန်းဂျိသည် အံ့သြစွာ မော့ကြည့်ကာ လျှာကိုက်လိုက်မိသည်ယ
“နောက်ထပ် အသေခံမယ့်သူ ရောက်လာပြန်ပြီ.... စိတ်ဝင်စားစရာပဲ....သူရဲကောင်းသင်္ချိုင်းက သိုင်းလောကမှာ ဒဏ္ဍာရီဖြစ်လာပုံပဲ....."
ကျန်းချန်ရှန်း မျက်လုံးများကိုဖွင့်ကာ ဓားပျံစီးနင်းပြီး ထွက်ခွာသွားခဲ့ကာ အခြားသူများကနောက်မှ အနီးကပ်စွာလိုက်လာခဲ့သည်။
ကျန်းဇီယုက ဟွမ်းချွမ်ကို စိတ်လှုပ်ရှားစွာနဲ့.....
“သတ်ဖြတ်ခြင်းဓားသွားက အရမ်းအားကောင်းမယ့်ပုံပဲ....ဆရာကြီးနဲ့ တိုက်ကွက်ဘယ်နှကွက် ဖလှယ်နိုင်မယ်ထင်လဲ....."
ဟွမ်းချွမ်က ဂုဏ်ယူစွာနဲ့.... “ဘယ်နှကွက်ဖြစ်ဖြစ် သေချာတာကတော့ အရင်လူတွေလိုပဲဇာတ်သိမ်းရမှာ.... သူသေချင်နေမှာတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့... ”