မှော်ဓားရှင်ကိုသတ်ခြင်း....လှည့်စားခြင်း......
Vol. 3 Ch. 40
ယန်လုံသည် သူ၏ညာလက်၌ ဓားရှည်တစ်လက်ကိုကိုင်ထားလျှက် လုံချီ ဘုရားကျောင်းတံခါးရှေ့တွင် ရပ်နေခဲ့သည်။ သူသည် နှစ်မီတာနီးပါး အရပ်ရှည်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် အနက်ရောင် ဘောင်းဘီတိုကို ၀တျဆငျထားပွီး သူ၏ သန်မာသော လက်မောင်းများကို ပေါ်လွင်စေခဲ့သည်။ သူ့မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေပေမယ့် မောက်မာသောဟန်ပန်ရှိသည်။
သူ၏ ရှည်လျားသော အဖြူရောင်ဆံပင်များက သူ့ပခုံးထက်တွင် ခြငေ်္သ့တစ်ကောင်၏လည်ဆံမွှေးများလို ဖြာကျနေသည်။
သူသည် အသက်ခြောက်ဆယ်ကျော်ရှိဟန်တူသော်လည်း သူ၏ကိုယ်လုံးကိုယ်ပေါက်သည် လူငယ်အများစုထက်ပင် သန်မာတောင့်တင်းနေသည်။
လုံချီဘုရားကျောင်း၏ တပည့်များသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသော တံတား ရှေ့တွင် တန်းစီရပ်နေကြသည်။ သူတို့သည် စိန်ခေါ်သူရောက်လာလို့စိတ်ပူရမည့်အစား ပွဲကောင်းကြည့်ရတော့မည်ဖြစ်သောကြောင့်စိတ်လှုပ်ရှားနေကြသည်။
မကြာခင်မှာပဲ ကျန်းချန်ရှန်း ရောက်လာပြီး တပည့်တွေ လမ်းဖယ်ပေးလိုက်ကြသည်။
ကျန်းချန်ရှန်းက ရပ်လိုက်ပြီး ယန်လုံကို အကဲခတ်နေသည်။ သူ၏ အစစ်အမှန်ချီမှာ အလွန်ကောင်းမွန်ပြီး သူသည် အမှန်တကယ်ပင် လျှို့ဝှက်ကျွမ်းကျင်သူဖြစ်သည်။
လူထူးဆန်းဓားသမား ကွယ်လွန်ပြီးနောက် သာမန် သိုင်းပညာရှင်များက သူ့ကို စိန်ခေါ်ရန် တောင်ပေါ်သို့ရောက်မလာကြတော့ပေ။
ယန်လုံလည်း ကျန်းချန်ရှန်းကို တိတ်တဆိတ်အကဲခတ်နေပြီး ထိတ်လန့်သွားသည် ။ ဤဆရာတော်သည် အလွန်ငယ်ရွယ်လွန်းလှသည်။
ယန်လုံသည် လက်ထဲတွင် တံမြက်စည်းကိုင်ထားသည့် ရှုထျန်းကျိကို မြင်လိုက်သဖြင့် လှောင်ပြောင်သရော်လိုက်သည်။
ကွေ့ယန်နတ်ဘုရားဂိုဏ်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းချုပ်ပြီးက တံမြက်စည်းလှည်းနေရပါကောလား....."
ရှုထျန်းကျိက..... "ငါကတံမြက်စည်းလှည်းရနေပေမယ့် အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်....မင်း မကြာခင် သေတော့မှာပဲ၊ ဒီတံမြက်စည်းနဲ့ မင်းရဲ့အလောင်းကို လှည်းကျင်းပေးမယ်....."
သူတို့ နှစ်ယောက် တိတ်တဆိတ် သွားကြသည်။ သူတို့မှာ အာဃာတဟောင်းတွေ ရှိခဲ့သည်ကို စကားအသွားအလာကိုနားထောင်ရုံနှင့်ပင်သိနိုင်သည်။
ယန်လုံသည် ရှုထျန်းကျိနှင့် ငြင်းခုံမနေတော့ဘဲ ကျန်းချန်ရှန်းကိုတစ်ဖန်ကြည့်ကာ....
"ဆရာတော်ချန်ရှန်း...တိုက်ခိုက်ကြတာပေါ့.... နောက်မဆုတ်ပါနဲ့...သိုင်းပညာအကျော်အမော်တစ်ယောက်ရဲ့ တကယ့်အစွမ်းသတ္တိကို သက်သေပြပါရစေ။ ငါဒီမှာသေရင်တောင်နောင်တရနေမှာမဟုတ်ဘူး.....
ကျန်းချန်ရှန်းက တိုင်ဟန် ဓားကို ဆွဲထုတ်ပြီး ပြုံးလိုက်သည်။
"ဆန္ဒပြည့်စေရမယ်.... "
ဒီလူက အသက်ကြီးလွန်းနေပြီ.... နောက်နှစ်အနည်းငယ်ကြာရင် သူသေလိမ့်မယ်.... ဒါကြောင့် အခုပဲ သတ်လိုက်တော့မယ်.....
သူ့ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး လွှဲခုတ်လိုက်သည့်အခါ ယန်လုံ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ အရှိန်သည် အလွန်လျင်မြန်ပြီး ဓားချက်ထုတ်ဖော်လိုက်သည့်အခါ ဓားပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ဒါဇင်နဲ့ချီတဲ့ ဓားချက်တွေကိုတပြိုင်နက်တည်းထုတ်ဖော်လိုက်သလို မရေတွက်နိုင်သော ဓားချီများက မုန်တိုင်းကဲ့သို့ ကျန်းချန်ရှန်းဆီသို့ တိုးဝင်သွားကြသည်။ အရှိန်အဟုန်က ကြီးမားလွန်းသဖြင့် တပည့်များအားလုံးကို တုန်လှုပ်စေခဲ့သည်။
တကယ့်ကို အစွမ်းထက်တဲ့ ဓားချက်ပင်...လူထူးဆန်းဓားသမားနှင့် နှိုင်းယှဉ်ပါက ၎င်းသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် အစွမ်းထက်ပြီး လူမ်ားကို တုန်လှုပ်စေပါသည်။
ကျန်းချန်ရှန်းက တိုင်ဟန်ဓားကို မြှောက်လိုက်ပြီး သူ့အရှိန်က ပိုမြန်လာသည်။ သူက သူ့ဓားကို ယန်လုံဆီသို့ ညွှန်ပြီး သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်သည့်အခါ ပိုလို့တောင် ပြင်းထန်တဲ့ ဓားချက်က ပြင်းထန်သော အင်အားဖြင့် ယန်လုံ၏ဓားချက်ကိုဖြိုခွင်းလိုက်လေသည်။
"ဒါ...ဒါ...ဘယ်လိုဖြစ်နိုင်မှာလဲ!"
ယန်လုံ ကြောက်လန့်တကြားဖြင့် မျက်လုံးပြူးသွားသည်။
ဝုန်းးးးးးး
လုံချီတောင်မှ ကျယ်လောင်တဲ့ အသံကြောင့် မြို့သူမြို့သားများ တုန်လှုပ်ကုန်ကြသည်။ မရေမတွက်နိုင်သော မြို့သူမြို့သားများက တောင်ထိပ်ကိုမျှော်ကြည့်လိုက်သောအခါ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ မြင်နေရသော လေလှိုင်းတစ်ခုသည် တောင်ထိပ်မှ တိမ်ပင်လယ်ကို ဖြိုခွင်းသွားသည်။ကျန်းချန်ရှန်း၏ဓားချက်က ကောင်းကင်ကို ဖြိုခွဲလိုက်သကဲ့သို့ ပေထောင်ပေါင်းများစွာ ရှည်လျားသည်။
ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော မြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အိမ်ရှေ့မင်းသားစံအိမ်တော်ရှိ လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဦးနှင့်ကပ်ဘေးဗုဒ္ဓတို့သည် တံစက်မြိတ်ပေါ်မှ ဆင်းသက်ကာ လုံချီဘုရားကျောင်းကို ကြောက်ရွံ့စွာဖြင့် ကြည့်နေလေသည်။
" ဆရာတော်က ပိုသန်မာလာတယ်... "
ကွေ့လိုင်၏ရေရွတ်သံကိုအားလုံးက တညီတညွတ်တည်းထောက်ခံနေကြသည်။
တောင်ထိပ်...တံခါးရှေ့တွင်
ချီဓာတ်ဖြင့်ဖန်တီးထားသောဓား ပျောက်ကွယ်သွားကာ လေနှင့် တိမ်တိုက်များပင် ရပ်တန့်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ယခုချိန်တွင် ယန်လုံသည် သွေးစွန်းသောလူအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ လဲကျသွားပြီး သူ့ဓားကလည်း မြေပြင်ပေါ် ကျသွားလေသည်။
ကျန်းချန်ရှန်းက ...."စီနီယာယန်လုံကို သူရဲကောင်းသင်္ချိုင်းမှာမြှုပ်ပေးလိုက်ပါ...."
ထိုစကားကိုပြောပြီးသည်နှင့် ကျန်းချန်ရှန်း လှည့်ထွက်သွားသည်။ တပည့်အပေါင်းတို့က သူ့ကို အံ့ဩစွာကြည့်နေကြပြီး ထိုသူများထဲတွင် ရှုထျန်းကျိ၊ ကျန်းဇီယု၊ဟွမ်းချွမ်၊ဝမ်ချန်းနဲ့ ကျန်တဲ့သူတွေလည်းပါဝင်နေသည်။
အေဝးက အိမ်တစ်အိမ်ရဲ့ တံစက်မြိတ်မှာ အဖြူရောင်ဝတ်ထားတဲ့ ဟွာဂျန်ရှင်းက ခေါင်းကို အနည်းငယ်ငုံ့ထားပြီး မျက်နှာဖုံးအောက်ကနေ သူမ ဟစ်အော်လိုက်သည်။
"အစွမ်းအစကိုဘယ်လိုထုတ်ပြရမလဲဆိုတာသိသားပဲ..... "
သူမ၏စကားသံထဲတွင် ရယ်မောသံတွေများ ပြည့်နေသည်
.........................
အခန်းထဲပြန်ရောက်သောအခါ ကျန်းချန်ရှန်း ၏မျက်လုံးများရှေ့တွင် စာတန်းတစ်ခုပေါ်လာသည်။
"ကျန်းမင်းဆက်တည်ထောင်ပြီးနှစ် 40 အကြာတွင် ယန်လုံကို အနိူင်ယူနိုင်ခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုကို အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ် နတ်ဘုရားသတ်နတ်ဆိုးဓားသွား သိုင်းပညာကိုရရှိသည်....]
သိုင်းပညာ???????
နည်းနည်းဆိုးတယ်၊ ဒါပေမယ့် နောက်ထပ် သိုင်းပညာတစ်ခု ရှိထားတာလည်း မဆိုးတော့မဆိုးပါဘူး......
ထိုသိုင်းပညာကို လုံချီဘုရားကျောင်းသို့ လွှဲပြောင်းပေးရုံသာမက အနာဂတ်တွင် အင်အားကြီးမားသော ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း ဝှက်ဖဲအဖြစ်သုံးနိုင်လိမ့်မည်။
ကျန်းချန်ရှန်းသည် နတ်ဘုရားသတ်နတ်ဆိုးဓားသွားသိုင်းပညာကို အမွေဆက်ခံလိုက်လေသည်။
နတ်ဘုရားသတ်နတ်ဆိုးဓားသွားသိုင်းပညာသည် သတ်ဖြတ်ခြင်းဓားသမားယန်လုံ ၏အမည်ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။နာမည်ကြားရုံနှင့်ပင် ဖိန့်ဖိန့်တုန်စေလောက်သည်။ ထိုသိုင်းပညာသည် ဓားအော်ရာကို အဆက်မပြတ် အားကောင်းလာစေပြီး ထိုသို့အားကောင်းလာစေရန်သွေးနှင့်ချီဓာတ်ကိုပင် လောင်ကျွမ်းစေမည်ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ သက်တမ်းကို အလြယ္တကူ ယုတ်လျော့စေနိုင်သည့် လွန်ကဲသော သိုင်းပညာတစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေတွင် ရုန်းထွက်နိုင်သည့်ဝှက်ဖဲတစ်ခုဆိုလည်းမမှားနိုင်ပေ။
...............
သူရဲကောင်းဂူဗိမာန်တွင် ယန်လုံ မြှုပ်နှံခံရသည့်သတင်းသည် သိုင်းလောကတစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားသည်။ ဆရာတော်ချန်ရှန်း၏ ပုံရိပ်သည် သိုင်းပညာရှင်တို့၏ နှလုံးသားထဲတွင် တစ်ဖန်ပြောင်းလဲသွားပြီး အတိဒုက္ခကိုအမှန်တကယ်ကျော်ဖြတ်နိုင်သည်ဟု ယုံကြည်လိုက်ကြသည်။
အင်မော်တယ် ဆရာကြီးချန်ရှန်း၏ အမည်သည် တဖြည်းဖြည်း ပျံ့နှံ့လာသည်။ထိုသို့ဖြစ်ရခြင်းမှာ ကျန်းချန်ရှန်းကို ယုံကြည်သူများထံမှ ကူးစက်ခြင်းကြောင့်ဖြစ်သည်။ နောက်ပိုင်းမှာ လူတွေက ပိုပိုပြီး အသိအမှတ်ပြုလာကြသည်။
သိုင်းပညာရှင်တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျန်းချန်ရှန်းရဲ့ ထိုးနှက်ချက်တစ်ခုတည်းကိုတောင် မခံနိုင်ကြဘူး.... သူက အစွမ်းထက်လွန်းတယ်....
.............................
ယန်လုံသေဆုံးပြီး တစ်လခန့်အကြာတွင် ဝမ်လီသည် တပည့်များနှင့်အတူ တောင်ပေါ်သို့ ပြန်လာကာ တပည့်သစ်တစ်စုကိုပါ ခေါ်ဆောင်လာခဲ့သည်။ အားလုံးပေါင်း အယောက် ငါးဆယ်ကျော်ရှိပြီး ၎င်းတို့အားလုံးမှာ မိဘမဲ့များဖြစ်ကြသည်။
"ဆရာကြီး.... ဂါထာက ရှည်လွန်းတယ်..... အရင်က ဂါထာရွတ်နေတုန်း အရိုက်ခံရပြီး သေလုနီးပါးဖြစ်သွားတယ်...
ဒါပေမယ့် နောက်ပိုင်းကျတော့ အစစ်အမှန်ချီကိုပေါင်းထည့်လိုက်တာနဲ့ အဆောင်ကိုသုံးနိူင်မှန်းသိခဲ့ရတယ်..... ဆရာတော် ကျွန်တော့်ကို တမင်နောက်လိုက်တာမလား....."
ဝမ်လီသည် ကျန်းချန်ရှန်းရှေ့မှာ ထိုင်ကာ ခါးသီးစြာ ညည်းညူလိုက်သည်။ ခြံဝင်းထဲက တခြားသူတွေကလည်း မရယ်ဘဲ မနေနိုင်ကြတော့ပေ။ ရှုထျန်းကျိသည် ကျယ်လောင်စွာ ရယ်မောပြီး ဝမ်လီကို ပြက်ရယ်ပြုခဲ့သည်။
ကျန်းချန်ရှန်းက..... "မင်းစိတ်ရင်းမှန်ရင် အလုပ်ဖြစ်လိမ့်မယ်..... အရေးပေါ်အခြေအနေဆိုရင် ဂါထာရွတ်ဖို့မလိုဘူး.... မင်းကိုယ်တိုင် ချိန်ဆလို့ရတယ်....."
ဝမ်လီ ညည်းညူနေရင်းကနေ တခုခုကိုသတိရသွားတာကြောင့် စိတ်လှုပ်ရှားစွာနဲ့
"ဆရာတော်....သိုင်းလောကက ဂိုဏ်းတော်တော်များများက အဆောင်စာရွက်တွေဝယ်ချင်နေကြတယ်.....ကျွန်တော်တို့ ရောင်းကြမလား......"
ကျန်းချန်ရှန်းက ခေါင်းခါပြီး......
အလှူငွေတွေနဲ့မလုံလောက်လို့လား...အဆောင်စာရွက်ကို ဖောဖောသီသီထုတ်နိုင်တယ်များထင်နေလား....ငါလည်း ကျင့်ကြံရဉီးမယ်လေ....."
မှန်ပေသည်..... မှော်အတတ်နဲ့ ရိုက်နှိပ်ထားတဲ့ အဆောင်စာရွက်တွေက သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေသည်။ အမြောက်အမြား ထောက်ပံ့မည်ဆိုပါက မည်သို့ ကျင့်ကြံနိုင်တော့မည်နည်း......
ဝမ္လီက ခေါင်းကို ကုတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။ မကြာခင်မှာ သူဟာ ကျန်းဇီယုနဲ့ ဟွမ်ချွမ်တို့ကိုလွန်ခဲ့တဲ့ နှစ်နှစ်ကျော်က လောကတခွင်လှည့်လည်ခဲ့သည့် သူ့ရဲ့အတွေ့အကြုံတွေအကြောင်း ကြွားလုံးထုတ်နေခဲ့သည်။ ဆယ်ကျော်သက် နှစ်ယောက်က အဲဒါကို တောင့်တခဲ့ပေမယ့် ကောင်းတဲ့ အချိန်တွေက ကြာကြာမခံခဲ့ပါဘူး။ ရှုထျန်းကျိက သူ့အတွေ့အကြုံတွေအကြောင်းကြားဖြတ်ပြောပြနေသဖြင့် ကျန်းဇီယုတို့က ဝမ်လီ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုသလိုဖြစ်နေရှာတော့သည်။
.........................
နွေဦးရာသီ.... ဇူလိုင်လအစပိုင်းတွင်.....
တကျန်း၏ မြောက်ပိုင်းဒေသမှ သတင်းဆိုးများထွက်ပေါ်လာသည်။ ချင်ဝမ်ကျန်းယုနှင့် သူ၏အထက်တန်းအဆင့် တပ်သား ၄၀၀,၀၀၀ ဝိုင်းရံခံထားရသည်။ ရှေးဟောင်းဟန်မင်းဆက်မှ ဂရမ်းမာစတာနှစ်ဉီးပူးပေါင်းပြီး တကျန်း၏ ဗိုလ်ချုပ် ၂၂ ဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချင်ဝမ်သည် ကျုံးထျန်းဝူကြောင့် လွတ်မြောက်ခဲ့သော်လည်း သူ့စစ်တပ်၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းမှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခဲ့သည်။ စစ္သား 100,000 နီးပါးသည် အရိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးများသည်လည်း မြစ်ကဲ့သို့ စီးဆင်းသွားကြသည်။
ဤစစ်တပ်သည် ချင်ဝမ်၏ အထက်တန်းအဆင့်များဖြစ်ပြီး ၎င်းတို့သည် ယခင်က ရှုံးပွဲမရှိခဲ့သူများဖြစ်ကြသည်။ ထိုသို့သော ရှုံးနိမ့်မှုမှာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ထိတ်လန့်စေခဲ့သည်။
"အမှိုက်ကောင်တွေ... အမှိုက်ကောင်တွေ!"
ရာဇပလ္လင်ခန်းမအတွင်း၌ မင်းသားခုနှစ် ကျန်းယွီသည် ဒေါသတကြီးသောင်းကျန်းနေသည်။
စစ်သူကြီးတစ်ဦးက မနေနိုင်တော့ဘဲ....
အရှင်မင်းသား..... ချင်ဝမ်က တိုက်ပွဲအလီလီအောင်နိုင်ခဲ့သူပါ...ဘယ်လိုလုပ်သူ့စစ်တပ်က အမှိုက်တွေဖြစ်နိုင်မှာလဲ....."
ကျန်းယွီက ထိုသူကို စိုက်ကြည့်ကာ.... "ချင်ဝမ်သာ ကျော်ကြားမှုကိုမက်မောပြီး မဆင်မခြင်မလုပ်ရင် အခုလိုဖြစ်လာစရာအကြောင်းမရှိဘူး...."
သူသည် ကျယ်လောင်စွာ ကျိန်ဆဲပြီး ဗိုလ်ချုပ်ကို ရှက်ရွံ့ထိတ်လန့်စေခဲ့သည်။
ကျန်းယွမ်သည် နဂါးပလ္လင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေပြီး ဘာတခွန်းမှဝင်မပြောခဲ့ပေ။
အခုအချိန်မှာတော့ မင်းသားခုနှစ် ကျန်းယွီ ဟာ ထီးနန်းကို သိမ်းပိုက်မယ့် အရိပ်အယောင်တွေ ပြသနေပြီ ဖြစ်သည်။ သူသည် အကြောင်းများစွာကို ကျန်းယွမ်ကို မေမးဘဲ တိုက်ရိုက်အမိန့်ပေးနေခဲ့သည်။ မင်းသားကျန်းယွီသည် သူ၏ကြင်ယာတော်နှင့် သူ၏တရားမဝင်သားတော်တို့ကို အကြီးဆုံးသားတော်အဖြစ် ကြေငြာခဲ့စဉ်ကတည်းက ဤလက္ခဏာများ စတင်ခဲ့ခြင်းဖြစ်သည်။
ကျန်းယွီ တခဏမျှငြိမ်သက်သွားပြီး ....
ရှေးဟောင်းဟန်မင်းဆက်မှာ ဂရမ်းမာစတာ သုံးယောက်ရှိတယ်...သူတို့ကိုယ်သူတို့ဟုတ်လှပြီထင်နေတယ်ပေါ့....အဲ့သုံးယောက်ကိုနှိမ်နှင်းဖို့ ဂရမ်းမာစတာလေးယောက်ခေါ်လိုက်မယ်....ဒင်းတို့တွေမောက်မာနိုင်ဉီးမလားကြည့်ကြသေးတာပေါ့....ဒီကိစ္စကို ငါကိုယ်တိုင်ဉီးဆောင်မယ်....အခုပဲအမိန့်ထုတ်လိုက်......"
သူပြောသည်နှင့် တပြိုင်နက် အရပ်ဘက်နှင့် စစ်ဘက် အရာရွိမ်ားက အပြန်အလှန် ကြည့်နေသော်လည်း မည်သူမျှ သူ့ကို မတားကြပေ။ သတ္တမမြောက်မင်းသား ကွယ်လွန်သွားရင်တောင် မှုနေစရာမလိုပေ။မည်သို့ပင်ဆိုစေကာမူ လုံလောက်သောမင်းသားများ ရှိနေသေးသည် မဟုတ်လော.......
လုံချီဘုရားကျောင်းတွင်.......
ကျန်းချန်ရှန်းသည် ပိုင်လုံ၏ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေပါသည်။ ယခုအချိန်တွင်၊ ပိုင်လုံ၏ ခန္ဓာကိုယ်သည် သူ့ပခုံးထက် များစွာကျယ်ပြီး အိပ်ရာအဖြစ် အသုံးပြုနိုင်သည်။ သူတစ်ရေးတစ်မော အိပ်နေသကဲ့သို့ ချီလင်သားမြီးယပ်တောင်ဖြင့် မ်က္လုံးကို ဖုံးအုပ်ထားသော်လည်း အမှန်မှာနံ့သာတိုင်အရေအတွက်ကိုစစ်ဆေးနေခြင်းဖြစ်သည်။
မကြာသေးမီက နံ့သာတိုင်အရေအတွက်သည် ၇၀၀ ကျော် မြင့်တက်လာခဲ့သည်။
တကျန်း အန္တရာယ်ကျရောက်သောအခါ သာမာန်လူများသည် မသေမျိုးနတ်ဘုရများ၏ အကာအကွယ်အတွက်သာ ဆုတောင်းနိုင်ကြသည်။ တကျန်း လုံခြုံသွားသောအခါတွင် သာမန်လူများသည် ငွေရှာခြင်း၊ ရှင်သန်ခြင်းနှင့် ဘဝတွင် မျှော်လင့်ချက်ရှိခြင်းတို့ကြောင့် အလုပ်များနေပါသည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ဟာ နတ်ဘုရားတွေနဲ့ ကောင်းကင်ဘုံတာအိုကိုလည်းမေ့လျော့နေကြမည်သာ....
[TN/ ခလုတ်ထိမှအမိတဆိုသလိုမျိုးပါ.....]
ဟုတ်ပါတယ်၊ အရေးကြီးဆုံးအချက်က သတင်းအချက်အလက်တွေ ပို့လွှတ်တာ နှေးကွေးလွန်းသည်။ နံ့သာတိုင်ပူဇော်ရန် လုံချီ ဘုရားကျောင်းသို့ လာရောက်နိုင်သူများသည် သာမန်လူများမဟုတ်ပေ။ သာမန်လူများကို သူ့အကြောင်းသိစေလိုပါက လုံချီဘုရားကျောင်း၏ တပည့်များကို အားကိုးပြီး သိုင်းလောကကို လှည့်ပတ်ကာ တရားဟောရန် လိုအပ်သည်။
လောလောဆယ်တွင်၊ အတိဒုက္ခဖြတ်ကျော်ရန် အရင်ကရရှိထားခဲ့သည့် နံ့သာတိုင်များကိုသုံးပစ်ခဲ့ရသည်။ သို့သော်လည်း ရှင်သန်မှုစနစ်က ရှင်းပြချက်မပေးခဲ့သဖြင့် ၎င်းကို သည်းမခံနိုင်တော့ဘဲ လက်ခံခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ နံ့သာတိုင်အရေအတွက်သည် အပေါ်ယံမျှသာဖြစ်သည်။တကယ်တမ်းတွင်မူ ကျင့်ကြံခြင်းကသာစစ်မှန်သော အနှစ်သာရဖြစ်သည်။
ဆဋ္ဌမအဆင့်ကို ဖြတ်ကျော်ပြီးနောက် ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ စည်းမျဉ်းများ အရ လာမည့် အောင်မြင်မှုသည် နှစ်ပေါင်းများစွာ ကြာနိုင်ဖွယ်ရှိပြီး ပျင်းရိနေမယ်ဆိုရင် နှစ်ရာနဲ့ချီပြီး ကြာသွားနိုင်သည်။
"ဘာလဲ? စစ်တပ်ထဲဝင်ချင်တာလား...လေလုံးထွားမနေနဲ့ မင်းအသက်က ဆယ့်တစ်နှစ်ပဲရှိသေးတာ.....မင်းရူးနေလား?"
ဝမ်ချန်၏ အသံ ဘေးမှ ထွက်ပေါ်လာသည်။ ကျန်းဇီယုသည် ချင်ဝမ် ရှုံးနိမ့်ကြောင်း သိလိုက်ရသောအခါ စစ်တပ်ထဲသို့ ဝင်ချင်သည် ။ သို့သော် ကျန်းချန်ရှန်းကို အလေးစားဆုံးဖြစ်သောကြောင့် သူ့ထင်မြင်ချက်ကို မေးရလေသည်။
ကျန်းဇီယုက မျက်နှာကိုမော်ချီထားပြီး
...." ကျွန်တော်က ငယ်ပေမယ့် သိုင်းပညာက သာမန်စစ်သားတွေနဲ့ ယှဉ်လို့မရဘူး...ဒါ့အပြင်၊ ပင်းအန်းလည်းအတူလိုက်မှာပဲကို.... ပင်းအန်းက ထိပ်တန်းကျွမ်းကျင်သူကို လက်ဗလာဖြင့် ဆွဲဖြဲနိုင်တယ်လို့ ဦးလေးထျန်းကျိပဲပြောခဲ့တာမလား.... "
ရှုထျန်းကျိက အလျင်စလိုအော်လိုက်ပြီး.....
"ငါက ချဲ့ကားပြောလိုက်တာကွ.... ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်က အဲဒီနေရာမှာ မတ်တပ်ရပ်ပြီး သူတို့ကို ရိုက်ခွင့်ပေးမယ်ထင်နေတာလား....."
ကျန်းဇီယုက သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။ ရှုထျန်းကျိကလည နောက်ပြန်မဆုတ်ဘဲ ဒေါသတကြီး စိုက်ကြည့်နေသည်။ နောက်ဆုံးတွင်၊ သူသည် တစ်ချိန်က ထိပ်သိးဂိုဏ်းတခု၏ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးသည်မဟုတ်လော.....
"ဉီးလေးစောင့်နေလိုက်.... တစ်နေ့ကျရင်၊ ကွေ့ရန် နတ်ဘုရားဂိုဏ်ကို ကျွန်တော့်ဆီမှာ လက်အောက်ခံခိုင်းပြီး တစ်ဂိုဏ်းလုံးကိုစစ်တိုက်ထွက်ခိုင်းပြမယ်....."
ရှုထျန်းကျိက နားဖာချေးကလော်လိုက်ပြီး.....
" ဝေ့ဝမ့.... မင်းအဖေက မင်းကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ချင်တယ်ဆိုရင်တောင် မင်းနန်းတက်ဖို့ နှစ်ဘယ်လောက်ကြာမလဲ..... အဲဒီအချိန်မှာ ငါလည်း သူရဲကောင်းသင်္ချိုင်းမှာအရိုးဆွေးနေလောက်ပြီ....."
သူရဲကောင်းသင်္ချိုင်း၏ ဂုဏ်သိက္ခာသည် အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူထူးဆန်းဓားသမားနှင့် ယန်လုံတို့ကိုအရိုအသေပြုရန် လူပေါင်းများစွာရောက်လာခဲ့ကြသည်။ရှုထျန်းကျိသည် တချိန်က သိုင်းလောကကိုအုပ်စိုးဖူးသူဖြစ်သောကြောင့် သေဆုံးသည့်အခါ ဂုဏ်သိက္ခာအဖတ်ဆယ်နိုင်ရန် သူရဲကောင်းသင်္ချိုင်းတွင်သာ မြှုပ်နှံလိုသည်။
"ဇီယု....ဘာမှစိတ်မပူနဲ့.....ငါသင်ပေးမယ်.... "
ကျန်းချန်ရှန်း၏အသံ လွင့်ပျံလာပြီး ကျန်းဇီယု ချက်ခြင်းပြေးလာပြီး ဂရုတစိုက်နားထောင်လိုက်သည်။
"မင်းရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းချင်ရင် သေရေးရှင်ရေးအခြေနေမျိုးမှာ လူလုံးထွက်ပြရမယ်..... အခု စစ်ထဲဝင်ရင် သေဖို့ အခွင့်အလမ်း များတယ်.... ပါဝင်ကူညီမယ်ဆိုရင်တောင် သေးငယ်တဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်လိမ့်မယ်.... နှစ်အနည်းငယ်စောင့်ပါ..... အဲဒီအခါကျရင် မင်းနဲ့ ပင်းအန်းက တပ်သားတစ်သောင်းကိုရင်ဆိုင်နိုင်လောက်အောင်သန်မာလာလိမ့်မယ်....."
ကျန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။ အကြောင်းပြချက်ကို သူနားလည်သော်လည်း မစောင့်နိုင်တော့မည်ကို သူကြောက်သည်။
"နောက်နှစ်အနည်းငယ်အတွင်းမှာ တကျန်းရှုံးနိမ့်သွားရင်ဘယ်လိုလုပ်မလဲ.....စီရင်စု ၁၃ ခုက သိပ်ကိုကြီးမားကျယ်ပြန့်တယ်.....ရှုံးနိမ့်သွားတဲ့မင်းဆက်တွေ ဘယ်လိုမှနလံထူနိုင်မှာမဟုတ်ဘူး......"
" ဒါကြောင့် အခြေနေကိုပြောင်းပြန်လှန်နိုင်ဖို့နည်းလမ်း သင်ပေးမယ်လို့ပြောနေတာပေါ့....."
ကျန်းဇီယုသည် ကျန်းချန်ရှန်း၏ ပေါ့ပေါ့ပါးပါး စကားကြောင့် ထိတ်လန့်သွားသည်။ မချေပနိုင်သော ခိုင်လုံသောစကားများကို ပေါ့ပေါ့ပါးပါး ပြောနိုင်သည်ဆိုကတည်းကထိုသူမည်မျှ အစွမ်းထက်နေပြီလဲ......