← Chapters

ကံကြမ္မာကဒီမှာ.....အပြစ်ပေးအကြီးအကဲရဲ့အမွေခံ....

Vol. 3 Ch. 42

ကံကြမ္မာကဒီမှာ.....အပြစ်ပေးအကြီးအကဲရဲ့အမွေခံ....

Vol. 3 Ch. 42

[ကျန်းမင်းဆက်၏ 43 နှစ်တွင် ထျန်းရှန်းဂျိချွဲ၏ဘဝနေဝင်ချိန်ရောက်ရှိနေပြီဖြစ်သည်။.

မသေဆုံးမီတွင် သူသည် သိုင်းပညာအကျော်အမော်တစ်ဦးကို စိန်ခေါ်ရန် ရောက်လာခဲ့သည်။ သင်သည် သူ၏စိန်ခေါ်မှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့သည်။ ရှင်သန်ခြင်းဆုလာဘ်အဖြစ်

အဆုံးစွန်သော ကျင့်ကြံမှုနည်းစနစ်ဖြစ်သည့် ကောင်းကင်နှလုံးသားလျှပ်စီးပညာရပ်ကိုရရှိထားသည်။]

ကျန်းချန်ရှန်း ကုတင်ပေါ်တွင်ထိုင်ကာ ပြုံးလိုက်သည်။

ဂရမ်းမာစတာကိုအနိူင်ယူနိုင်သည့်အတွက် မျှော်လင့်ထားသည့်အတိုင်း၊ ဆုလာဘ်က ထူးထူးခြားခြားဖြစ်နေသည်။

ကျန်းချန်ရှန်းသည် ကောင်းကင်နှလုံးသားလျှပ်စီးပညာရပ်ကို ပျော်ရွှင်စွာ အမွေဆက်ခံခဲ့သည်။ သူသည် ပိုသန်မာလာသည်နှင့်အမျှ လုံချီဘုရားကျောင်းတွင်နေထိုင်ခြင်းဖြင့် သူရရှိနိုင်သော ရှင်သန်မှုဆုလာဘ်များစွာမရှိသောကြောင့် အချိန်တိုင်းတွင် အသက်ပေး၍စိန်ခေါ်မည့်သူများကို လည်တဆန့်ဆန့်နှင့်မျှော်နေရှာသည်။

တကယ်တော့ သူ့အတွက် အခြားလမ်းကို ရွေးနိုင်သေးသည်။ အဲဒါက သိုင်းပညာလောကထဲမှာ ကျင်လည်ကျက်စားပြီး နေ့တိုင်း တိုက်ခိုက်သတ်ဖြတ်ဖို့ပင်....ထိုအခါ ရှင်သန်ခြင်းဆုလာဘ် အရေအတွက်က ကျိန်းသေ တိုးလာမည်ဖြစ်သော်လည်း အလွန်သင့်လျော်မည်မဟုတ်ပေ။ နေ့စဉ်နေ့တိုင်းတိုက်ခိုက်နေပါက ကျင့်ကြံဖို့အတွက်အချိန်ရှိနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင်၊ ရှင်သန်ခြင်းဆုလာဘ်များသည် သူ့အား ကျင့်ကြံသည့်နည်းလမ်းကိုသာ ပေးလိမ့်မည်ဖြစ်ပြီး သူ့ကို တိုက်ရိုက်သန်မာစေမည်မဟုတ်ပေ။

ဒါ့အပြင် ရန်သူတွေများလွန်းရင် ကျရှုံးလိမ့်မည်ဟုလည်း ခံစားနေရသည်။

အဆုံးထိသတ်ဖြတ်နိုင်သူများသာ ဇာတ်လိုက်များဖြစ်သည်။ လမ်းမှာ သေဆုံးသွားတဲ့ သူတွေအားလုံးဟာ ဇာတ်ပို့ဇာတ်ကောင်တွေ ဒါမှမဟုတ် လူဆိုးတွေသာသာလောက်ပင်......

ဂျိချွဲ့သည် လုံချီ ဘုရားကျောင်းတွင် ကျဆုံးခဲ့ပြီး သူရဲကောင်းသချိုင်းတွင်မြှုပ်နှံခံခဲ့ရသည်။ ဤကိစ္စသည် တစ်လအတွင်း သိုင်းလောကတွင် တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။

လူထူးဆန်းဓားသမားနှင့် လူသတ်ဓားတို့သည် အားကောင်းသော်လည်း ဂရမ်းမာစတာများ၏ အဆင့်အတန်းကို မရောက်နိုင်ကြသေးပေ။

ဤတိုက်ပွဲတွင်၊ သူရဲကောင်းသင်္ချိုင်း၏ အခြေအနေကို သိုင်းပညာရှင်တို့၏ နှလုံးသားတွင် လုံးလုံးလျားလျား ရေးထွင်းထားပြီး မှတ်ချက်တစ်ခုပင် ရှိသေးသည်။

သိုင်းလောကရှိ လူများအတွက် ကံအကောင်းဆုံးအရာမှာ သူရဲကောင်းသချိူင်းတွင်မြှုပ်နှံခံရခြင်းပင်ဖြစ်သည်။

ဟုတ်ပါတယ်၊ ဒီမှတ်ချက်ကို မထီမဲ့မြင်ပြုသူတွေလည်း ရှိနေပါသေးသည်။ထိုသူများက ကိုယ်ပိုင်ဂုဏ်သတင်းကိုထူထောင်ရန် သူရဲကောင်းသချိုင်းသို့ ခြေချရန် မျှော်လင့်နေကြသည်။

ဆောင်းဦးအခါသမယတွင်.....

အိမ်ရှေ့မင်းသား ကျန်းယွီသည် စစ်တပ်ကို မြို့တော်သို့ ပြန်ပို့ခဲ့သည်။ ဧကရာဇ်၏ အကြံအစည်များကို နားလည်ပြီးနောက် ဒေါသမထွက်နိုင်ဘဲ မနေနိုင်တော့ပေ။ သူသည် ဒေါသတကြီးဖြင့် နန်းတော်ထဲသို့ ဝင်သွားပြီး တော်ဝင်စာကြည့်တိုက်ထဲတွင် ကျန်းယွမ်ကို ရင်ဆိုင်ခဲ့သည်။

ကျန်းယွမ်သည် ဘဝနေဝင်ချိန်ရောက်နေပြီဖြစ်သည်။ မျက်လုံးတစ်ဝက်မှိတ်ပြီး နဂါးဆိုဖာပေါ်တွင် လှဲနေသည့်ကျန်းယွမ်ကို ကျန်းယွီက.......

"ခမည်းတော်...သားတော်ကို ဒုက္ခပေးနေတာလား။ ဇီယုကို ထောက်ခံရင် ဇီဟန်ကို ဒုက္ခပေးသလိုဖြစ်မနေဘူးလား... သားတော် နန်းတက်တဲ့အခါ ဇီဟန်ကို အိမ်ရှေ့မင်းသားအဖြစ် အတိအကျ ခန့်ထားမယ်!”

ကျန်းယွီသည် ကျန်းယွမ်ကို ဧကရာဇ်အဖြစ် လုံးဝ မဆက်ဆံဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ကျန်းယွမ်က အားနည်းနေသောလေသံဖြင့်....

"ဇီဟန်က အရမ်းမာနကြီးပြီး ရက်စက်လွန်းတယ်...မင်းလည်း သားသမီးတွေ အချင်းချင်းသတ်တာကို မမြင်ချင်ဘူးမဟုတ်လား.....”

ကျန်းယွီက ထိုစကားကြောင့် မျက်မှောင်ကြုတ်ပြီး ငြိမ်ကျသွားသည်။

အစ်ကိုတွေနဲ့ ရန်ဖြစ်ခဲ့ပေမဲ့ သူ့သားတွေ ရန်ဖြစ်တာကိုတော့ မတွေ့ချင်ပေ။

အိမ်ရှေ့မင်းသား ကျန်းယွီက ထိုင်ချလိုက်ပြီး သက်ပြင်းချလိုက်ကာ.....

“ခမည်းတော်....သားတော် ရုတ်တရက် အရမ်းပင်ပန်းသလိုခံစားနေရတယ်... ထီးနန်းကိုအုပ်စိုးရတာ ထင်သလောက် မလွယ်ဘူး”

လွန်ခဲ့သည့် နှစ်နှစ်တွင်၊ သူသည် သူ့နှလုံးသားထဲတွင် မောက်မာမှုကို လျော့ပါးစေသည့် တိုက်ပွဲဝင်ရန် ထွက်သွားခဲ့သည်။

ကျန်းယွမ်က ပြန်မဖြေဘဲ အိပ်ပျော်သွားပုံရသည်။

ကျန်းယွီသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူ၏တွေ့ဆုံမှုများကို ပြန်ပြောပြသည်။ မဟာယာနနဂါးမျှော်စင်မှ ကျွမ်းကျင်သူများကို ဖိတ်ကြားလျှင်တောင် ဒီရေကိုတွန်းလှန်ဖို့မလွယ်ကူနိုင်ခဲ့ပေ။ ရှေးဟောင်းဟန်မင်းဆက်တွင် ဂရမ်းမာစတာ သုံးဦးသာရှိသော်လည်း ၎င်းတို့အားလုံးသည် ကျုံးထျန်းဝူ နှင့် ယှဉ်နိုင်သော ကိန်းဂဏန်းများဖြစ်သည်။ မဟာယာနနဂါးမျှော်စင်၏ ကျွမ်းကျင်ပညာရှင်များသည် ၎င်းတို့ကို ထိန်းထားနိုင်ရုံမျှမက စစ်တပ်နှင့် ပတ်သက်လျှင် ရှေးဟောင်းဟန်မင်းဆက်ဘက်က ပိုမိုအားကောင်းနေသည်။

အရေးအကြီးဆုံးမှာ ဂျင်မင်းဆက်သည် တိုက်ပွဲတွင် အမှန်တကယ်ပါဝင်ခဲ့ပြီး အိမ်ရှေ့မင်းသားကျန်းယွီကို လုံးဝရှုံးနိမ့်စေခဲ့သည်။

တကျန်းနှင့် ရှေးဟောင်းဟန်မင်းဆက်တို့သည် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး ပြည်သူများကို ငွေကြေးဆုံးရှုံးမှုနှင့် တိုင်းပြည်အင်အားကိုလည်း ချိနဲ့စေခဲ့သည်။ သို့သော်လည်း ဂျင်မင်းဆက်သည် အမြဲတစေ တည်ငြိမ်အေးချမ်းနေသောတိုင်းပြည်ဖြစ်သည့်အတွက် အစစအရာရာအင်အားတောင့်တင်းနေသည်။ ၎င်း၏ ခွန်အားသည် တကျန်းနှင့် ရှေးဟောင်းဟန်မင်းဆက်တို့ထက် အနည်းငယ် ပြင်းထန်သည်။

“မဟာယနနဂါးမျှော်စင်က သိပ်လွန်သွားပြီ....သူတို့က ချူမင်းဆက်ကိုပြန်ထူထောင်ဖို့တောင်းဆိုနေတယ်.......ဒီလိုမှမဟုတ်ရင် ထောက်ပံ့ပေးဖို့ ပိုအားကောင်းတဲ့ ကျွမ်းကျင်သူတွေ စေလွှတ်မှာမဟုတ်ဘူး... တကျန်းရဲ့ဂရမ်းမာစတာငါးယောက်ကလည်းအဲ့အတိုင်းပဲ....ခမည်းတော်....တကျန်းရဲ့ ကံကြမ္မာက တကယ်ပဲ ပြီးဆုံးသွားပြီလား”

အိမ်ရှေ့စံမင်းသားကျန်းယွီသည် အံကြိတ်ကာ လက်သီးဆုပ်ထားလိုက်မိသည်။

ကျန်းယွမ်က... "ချူမင်းဆက်ကို ပြန်လည်ထူထောင်ဖို့" ဟူသော စကားကို ကြားလိုက်သည့်တိုင် မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။

သူ့မှာ ဒီလောက်တွေးဖို့ ခွန်အားမရှိတော့ပေ။ အခုအချိန်မှာတော့ ကျန်းချန်ရှန်းရဲ့ ဆေးနဲ့သာ အသက်ဆက်နေရသည့်ဘဝရောက်နေခဲ့ရပြီပကော....

ကျန်းယွီက သူ့ရင်ထဲက စိတ်ပျက်အားငယ်မှုတွေကို ထုတ်ဖော်ဖို့ အချိန်အတော်ကြာအောင် စကားပြောနေခဲ့သည်။ အရာအားလုံးကို ဖွင့်ထုတ်ပစ်ပြီးနောက် ထရပ်လိုက်ပြီး နဂါးအိပ်ရာပေါ်ရှိ ကျန်းယွမ်ကို ငုံ့ကြည့်လိုက်သည်။

"ခမည်းတော်....ခမည်းတော် နတ်ရွာစံရမယ့် အချိန်ရောက်ပြီ....ချူမင်းဆက်ကိုပြန်ထူထောင်ဖို့ဆုံးဖြတ်ချက်ချပါရစေ။ ဒါက ခမည်းတာ်ဂုဏ်သိက္ခာကို ထိပါးတယ်ဆိုပေမယ့် တစ်ဘဝလုံး ဧကရာဇ်ဖြစ်ခဲ့ဖူးပြီးပြီပဲ....."

ထိုသို့ပြောပြီးသည်နှင့်ကျန်းယွီ လှည့်ထွက်သွားခဲ့သည်။

ကျန်းယွမ်က ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ ကျန်းယွီ ထွက်သွားသည့်လမ်းကြောင်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နောင်တနှင့် မကျေမနပ်ချက်များဖြင့် ပြည့်နှက်နေသည်။

“ဒီကစားပွဲမှာ… ငါ… ရှုံးနေသေးတာပဲ…”

နှစ်ကုန်သောအခါတွင်၊ လီကုန်းကုန်းသည် ကျန်းချန်ရှန်းကိုလာရှာပြီး ဧကရာဇ်မင်းထံ ခစားဖို့ ဆင့်ခေါ်ခဲ့သည်။ ဒါကိုကြားတော့ ကျန်းချန်ရှန်းက ကြိုတင်သတိပေးချက်တစ်ခုရပြီး လီကုန်းကုန်းရဲ့နောက်ကို လိုက်သွားခဲ့သည်။

သူတို့ ကျန်းယွမ်၏ အိပ်ခန်းထဲသို့ ရောက်လာကြသည့်အခါ ဧကရီက ကျန်းယွမ်ကို ဆေးတိုက်ကျွေးသည်။ ကျန်းချန်ရှန်း ကိုတွေ့လိုက်ရတော့ ဧကရီ ပြောမပြတတ်အောင် အရမ်းစိတ်လှုပ်ရှားသွားသည်။

ယခုအချိန်တွင် ကျန်းယွမ်သည် အလွန်ပိန်လှီပြီး အရိုးအပြိုင်းပြိုင်းကျနေရှာသည်။ သူ၏မျက်နှာပေါ်တွင် မီးခိုးရောင်အစက်အပြောက်များဖြင့် ဖုံးလွှမ်းနေပြီး သူ၏အသက်စွမ်းအားကလည်း ကုန်ဆုံးတော့မည်ဖြစ်သည်။

“အားလုံး ထွက်သွားကြ…”

ကျန်းယွမ်က ခက်ခက်ခဲခဲအမိန့်ပေးလိုက်သည်။ သူ့လက်ဝှေ့ယမ်းတာကိုမြင်တော့ ဧကရီက နန်းတော်အစေခံတွေနဲ့အတူ ထွက်သွားပေးခဲ့သည်။ ကျန်းချန်ရှန်းအနားက ဖြတ်သွားသောအခါ ဧကရီက သူ့ကို စိုးရိမ်တကြီးကြည့်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမထွက်သွားပြီး တံခါးကိုပိတ်လိုက်သည်။

ကျန်းချန်ရှန်း ကုတင်နားတွင် ထိုင်လိုက်သည့်အခါကျန်းယွမ် သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ သူ့လက်တွေ တုန်နေပြီး ရုတ်တရက် စကားမပြောနိုင်တော့ပေ။

သူ့မျက်လုံးတွေ နီရဲနေပြီး မျက်ရည်တွေ ပြည့်နေတာကို မြင်လိုက်ရတော့ ကျန်းချန်ရှန်းလည်း စိတ်မကောင်းဖြစ်နေမိသည်။ကျန်းချန်ရှန်းက ပြန်လည်နူပျိုခြင်းပညာရပ်သုံး၍ ကျန်းယွမ်ကို မသေဆုံးမီ ပြန်လည်ကောင်းမွန်လာစေရန် တခဏာတာ ကုသပေးခဲ့သည်။

တခဏချင်းမှာပဲ၊ ကျန်းယွမ်ဟာ သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုတွေပျောက်ကွယ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူမေ့လုမတတ်ဖြစ်နေတဲ့ ခွန်အားတွေနဲ့ အစားထိုးခံလိုက်ရသည်။ သူက တုန်တုန်ယင်ယင်ထထိုင်ပြီး.....

“ချန်ရှန်း၊ ဒါက သိုင်းပညာမဟုတ်တာ သေချာတယ်… ဒါပေမယ့်၊ ငါ သေခါနီးနေပြီ… ငါ့စိတ်ထဲက နောင်တနဲ့ အပြစ်တွေအတွက် မင်းကို ဆင့်ခေါ်ခဲ့တာပါ..…”

ကျန်းချန်ရှန်းကအမူအရာ မပြောင်းလဲဘဲ....

"အရှင်မင်းကြီး၊ အရှင့်ရဲ့ အသက်အရွယ်အရဆို သေခြင်းတရားကိုရင်ဆိုင်ဖို့ပြင်ဆင်သင့်နေပါပြီ.... ဘာလို့နောင်တရနေတာလဲ....လောကကြီးမှာ လူတိုင်းသူ့ကံကြမ္မာနဲ့သူရှိပြီးသားပါ....အရှင့်ရဲ့သားစဉ်မြေးဆက်တွေကိုသာ ယုံထားလိုက်....”

ကျန်းယွမ်က သူ့လက်နှစ်ဖက်ကို ကိုင်ထားပြီး စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားကာ....

"ငါမင်းကိုပြောစရာရှိတယ်... ဒီလျှို့ဝှက်ချက်ကို တမလွန်အထိသယ်ဆောင်သွားချင်ပေမယ့် ငါကြောက်နေမိတယ်....."

ကျန်းချန်ရှန်းက....

"ဘာကိုကြောက်တာလဲ.....အရှင် ကျွန်တော့်ကို နှိမ့်ကျတဲ့ဘဝနဲ့နေခိုင်းတဲ့အတွက်လား....ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်တော့်ကို ပစ်မှတ်ထားမှာကို ကြောက်နေလား....."

ကျန်းယွမ် အံ့အားသင့်သွားပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ကျန်းချန်ရှန်းက ....“ချစ်လှစွာသော ခမည်းတော်.... တကယ်တော့ ကျွန်တော် ဒီအကြောင်းတွေကိုသိနေခဲ့တာကြာပါပြီ.... အဲဒီညက ခမည်းတော်မြင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ကျွန်တော်ပါပဲ.."

ကျန်းယွမ် ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလို ခံစားရပြီး ကျန်းချန်ရှန်း၏လက်ကို မသိစိတ်ကြောင့် လွှတ်လိုက်သည်။

ကျန်းယွမ် ဉာဏ်အလင်းပွင့်သွားသော်လည်း ပဟေဠိဖြစ်နေဆဲပင်...

“မင်းကို ဘယ်သူပြောတာလဲ...လီကုန်းကုန်းလား... ဒါမှမဟုတ် ငါခေါင်းဖြတ်ခဲ့တဲ့ကောင်တွေလား”

ကျန်းချန်ရှန်းက... "ကျွန်တော့် ကံကြမ္မာကိုကျွန်တော်ကြည့်ခဲ့တယ်...."

ဒါကိုကြားတော့ ကျန်းယွမ် ရဲ့ အမူအရာက ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ ခါးသီးတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါတွေက အရေးမကြီးတော့ပါဘူး… မင်းရဲ့ နောက်ခံအကြောင်း ပြောပြချင်တာက အိမ်ရှေ့မင်းသားရဲ့ မယ်တော်လည်း ဒီအကြောင်းကို သိနေလို့ပဲ..အစပိုင်းက ဘာမှမဟုတ်ပေမယ့် နောက်ပိုင်း မင်းရဲ့သိုင်းပညာက ပိုပိုပြီးအစွမ်းထက်လာတယ်... ဒါပေမယ့် အိမ်ရှေ့မင်းသားက ချူမင်းဆက်ကိုပြန်တည်ထောင်ချင်တယ်....ချူမင်းဆက် ပြန်လည်ထူထောင်လိုက်တာနဲ့ မင်းနဲ့မင်းညိအစ်ကိုတွေအကုန်သေရလိမ့်မယ်....ဒါ့အပြင် အိမ်ရှေ့မင်းသားက အစစ်မှန်ချီကို စုပ်ယူနိုင်တဲ့ပညာရပ်မျိုးတတ်ကျွမ်းထားတယ်.... မင်းကိုမကာကွယ်နိုင်တော့မှာကိုပဲ ငါကြောက်တယ်…”

သူ့မျက်နှာမှာ နောင်တတွေနဲ့ ပြည့်နှက်နေသည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...."

ကျန်းယွမ်က သူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ အပြစ်ရှိသည့်အရိပ်အယောင်တွေ ပြည့်နှက်နေသည်။

“ချန်းအာ...မင်း ဒီအဖေကိုမုန်းသလား..."

"အမှန်တရားကိုသိလိုက်ရတုန်းကတော့ မုန်းခဲ့တယ်၊ ဒါပေမယ့် အခုတော့ ဒါတွေကို

လွှတ်ချလိုက်ပါပြီ....ကျွန်တော် ထီးနန်းကို စိတ်မဝင်စားဘူး.... ကိုယ့်ကံကြမ္မာကို သူများတွေ ဆုံးဖြတ်တဲ့အတွက်တော့မုန်းမိတယ်...."

“ချန်ရှန်း၊ မင်းက တကယ်ကို သန်မာပြီး အခုသိုင်းလောကရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်နေပြီ...ဒါပေမယ့် ငါမင်းကို အကြံဉာဏ်တစ်ခုပေးရမယ်..... ဒီကမ္ဘာကြီးကို လျှော့မတွက်ပါနဲ့...စီရင်စု ၁၃ ခုက ကျယ်ပြောလှတဲ့ ကမ္ဘာကြီးရဲ့ ထောင့်တစ်ခုသာသာပဲရှိသေးတယ်... အိမ်ရှေ့မင်းသားရဲ့ နောက်ကွယ်မှာ အနှစ်တစ်ထောင်ကြာအောင် တည်တံ့ခဲ့တဲ့ မဟာယာနနဂါးမျှော်စင်ရှိနေတယ်...ဒါ့ကြောင့်မို့ နဂါးမျှော်စင်မှာ အကန့်အသတ်မရှိနိုင်မယ်မထင်ဘူး...တကျန်းရဲ့ သိုင်းပညာဆိုင်ရာ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ဖို့အတွက် ချူမင်းဆက်ကို သိုင်းပညဆိုင်ရာ ကန့်သတ်မိန့်ထုတ်ဖို့ တောင်းဆိုခဲ့တယ်....စီရင်စု ၁၃ခုရဲ့ သိုင်းပညာက အသန်မာဆုံးမဟုတ်တဲ့အပြင် အခြားနေရာတွေထကမတောင် နောက်ကျကျန်နေသေးတယ်.... မဟာယာနနဂါးမျှော်စင်က မင်းဆက်အပြောင်းအလဲတွေမှာ ဝင်ပါမှာမဟုတ်ပေမယ့် သိုင်းပညာကို မြှင့်တင်တာက သူတို့ရဲ့ဒေါသကိုဆွပေးလိုက်သလိုပဲ.... ဒါ့ကြောင့်၊ သူတို့က အိမ်ရှေ့မင်းသားကို နတ်ဘုရားသိုင်းကျမ်းတခုသင်ပေးလိုက်ပြီး ငါဆီက အစစ်အမှန်ချီတွေကိုစုပ်ယူခိုင်းခဲ့တယ်....ပြီးတော့ ချူမင်းဆက်ကိုကြန်လည်ထူထောင်ခဲ့ခဲ့တယ်.... "

သိုင်းပညာဆိုင်ရာ ကန့်သတ်မိန့်?

ကျန်းချန်ရှန်း ထိုအကြောင်းကို မသိသော်လည်း ချူမင်းဆက်သည် ကိုယ်ခံပညာထက် စာပေကို တန်ဖိုးထားကြောင်း သူသိသည်။

“မဟာယာန နဂါးမျှော်စင်က အရမ်းသန်မာတယ်… မင်း သူတို့နဲ့မယှဉ်နိူင်ဘူး... မြို့တော်ကနေ အမြန်ဆုံး ထွက်သွားပါ…”

ကျန်းယွမ် အရမ်းစိတ်လှုပ်ရှားနေပြီး အဆက်အပြတ်ချောင်းဆိုးနေသည်။

ကျန်းချန်ရှန်းက.... “ဒါပဲလား....မဟာယာန နဂါးမျှော်စင်ကို ဖျက်စီးလိုက်ရင် ဘာဖြစ်မလဲ”

ကျန်းယွမ် အံ့အားသင့်သွားသည်။ ကျန်းချန်ရှန်း လှည့်စားနေတယ်လို့သာ ခံစားလိုက်ရပေမယ့် ကျန်းချန်ရှန်းရဲ့မျက်လုံးတွေကို သူတွေ့လိုက်တဲ့အခါ လိမ်နေတာမဟုတ်မှန်း ခံစားလိုက်ရသည်။

"ဒါဆို မင်းနဂါးမျှော်စင်ကိုဖျက်စီးလိုက်ရင်တောင်... မင်းဘယ်လောက်ပဲ သန်မာနေပါစေ ကမ္ဘာကြီးက မင်းပိုင်တာမဟုတ်ဘူး...မင်းမှာ ကိုယ်ပိုင်အဆင့်အတန်းမရှိဘူး... ပြီးတော့ တကျန်းကို တခြားသူတွေ သိမ်းယူသွားဉီးမှာပဲ…” ကျန်းယွမ် ခေါင်းခါလိုက်သည်။

အိမ်ရှေ့စံမင်းသား ကျန်းချန်ရှန်းအဖြစ် သူ့အမည်ကို ပြန်ယူမည်ဟု ကမ္ဘာကို ကြေညာရန်မှာ မဖြစ်နိုင်ပေ။ ဒီလိုဖြစ်ခဲ့ရင် အနှစ်တစ်သောင်းလောက် နာမည်ဆိုးနဲ့ သူ့ဘဝဟာ ဟာသဖြစ်ကုန်လိမ့်မည်။

ကျန်းချန်ရှန်း အနည်းငယ် စိတ်ပျက်သွားသည်။

“ဟုတ်တယ်...တကျန်းကိုကျွန်တော်မပိုင်ဘူး၊ ဒါပေမယ့် ကျွန်တော့်သားကတော့ ပိုင်နိုင်တယ်.....”

'သား?'

ကျန်းယွမ်၏ မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင်စွာ စိုက်ကြည့်နေသည်။

"မင်းရဲ့သားက ဘယ်သူလဲ... ဝေဝမ့်လား.... မဖြစ်နိုင်ဘူး… မင်းကဝေ့ဝမ်ရဲ့ဆရာလေ...……”

ကျန်းယွမ် တုန်လှုပ်သောအသံဖြင့် မေးလိုက်သည်။

" ခမည်းတော်ရဲ့နည်းလမ်းကိုအတုခိုးခဲ့ရုံပါပဲ....အိမ်ရှေ့စံအိမ်တော်က မဟာယနနဂါးမျှော်စင်က အစောင့်နှစ်ယောက်က သိပ်ကိုနုံအလွန်းတယ်လေ....ပြောစမ်းပါဉီး... မဟာယနမျှော်စင်က ကျွန်တော့်ကိုဘယ်လိုနည်းနဲ့ချိန်းခြောက်နိုင်မှာလဲ...."

ကျန်းယွမ် တုန်လှုပ်သွားသည်။

"ကျွန်တော် ခမည်းတော်အတွက် မြေးတစ်ယောက်ထားခဲ့တာကိုပျော်နေသင့်တယ်..တကျန်းမင်းဆက်က နောက်ထပ် အနှစ်တစ်ရာလောက် တည်တံ့နိုင်ပါသေးတယ်.....ဒါကို.ကျွန်တော့်ကို မွေးဖွားပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်တယ်လို့ မှတ်ယူနိုင်ပါတယ်...."

ပြောစရာရှိတာ ပြောပြီးပြီမို့ သူ လှည့်ထွက်ဖို့ ပြင်ဆင်လိုက်သည်။

ကျန်းယွမ်က လက်မြှောက်လိုက်ပြီး မသိစိတ်က သူ့ကို ဆက်နေဖို့ တောင်းဆိုချင်ပေမယ့် ထောင်နဲ့ချီတဲ့ စကားတွေက သူ့လည်ချောင်းဝမှာတင်ဆို့နင့်နေခဲ့သည်။

ကျန်းချန်ရှန်း ထွက်သွားပြီးနောက် ကျန်းယွမ် ဖြည်းညှင်းစွာ လှဲချလိုက်သည်။ ရုတ်တရက် မျက်ရည်တွေနဲ့ ပြုံးလိုက်မိသည်။

"ငါဆိုတဲ့ ကျန်းယွမ်က ငါ့ဘဝမှာ စွန့်ပစ်ထားတဲ့ ကလေးအပေါ် အားကိုးရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားဘူး... ဟားဟား၊ ကံကြမ္မာက ပန်းချီကားတချပ်လိုပါပဲလား...''

ကျန်းယွမ်၏ အကြည့်များ ပြောင်းလဲသွားပြီး တကျန်းကိုတည်ထောင်ခဲ့သည့် ဧကရာဇ်ကျန်းယွမ် ပြန်လည်ရောက်ရှိလာခဲ့ပုံပင်.....

ကျန်းမင်းဆက်တည်ထောင်ပြီး 43 နှစ်မြောက်တွင်၊ ကျန်းမင်းဆက်၏ ဧကရာဇ်ကြီး ကျန်းယွမ် ကွယ်လွန်ခဲ့သည်။ သူ၏ ခေတ်လွန်နာမည်မှာ သိုင်းဘိုးဘေးကျန်း ဖြစ်သည်။

အိမ်ရှေ့မင်းသားကျန်းယွီ နန်းတက်ပြီး ဧကရာဇ်ဖြစ်လာကာ သူ့ကို ကျန့်ယ်ွီ ဟုခေါ်ကြသည်။

ကျန့်ယွီနှစ်၏ 1 နှစ်မြောက်နှစ်သစ်သို့ရောက်ရှိလာခဲ့သည်။

ဒီနှစ်မှာတော့ ကျန်းဇီယုက အသက်ဆယ့်ငါးနှစ်ရှိပါပြီ.....

လုံချီ ဘုရားကျောင်းသို့ လီကုန်းကုန်းရောက်လာခဲ့သည်။သူသည် နန်းတော်မှ နှင်ထုတ်ခံခဲ့ရပြီး သာမန်လူအဖြစ် ရာထူးမှ ဆင်းပေးခဲ့ရသည်။ သူ့အဆင့်အတန်းက ကျဆင်းသွားပေမယ့် သူက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်အတွက် အနာဂတ်မှာ စိုးရိမ်စရာမရှိဘဲ အသက်ရှင်နေနိုင်ပါလိမ့်မည်။

ဝမ်ချန်းက လီကုန်းကုန်းကို ကျန်းချန်ရှန်း၏ ခြံဝင်းဆီသို့ ခေါ်သွားခဲ့သည်။

လီကုန်းကုန်းသည် ခြံဝင်းထဲတွင် အခြားလူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။

အလျင်အမြန် ဒူးထောက်ကာ

“ဧကရီ…”

ပျောက်ဆုံးနေသော ဧကရီသည် လုံချီ ဘုရားကျောင်းတွင် ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျန့်ယွီ၏ လက်အောက်ငယ်သားများကဧကရီကို သတ်ခဲ့သည်ဟု သူထင်ခဲ့သည်။

ရိုးရှင်းသော တာအို၀တ်စုံကို ၀တ်ဆင်ထားသည့် ဧကရီက မတ်တပ်ထရပ်ပြီး

“ကျွန်မက ဧကရီမဟုတ်တော့ပါဘူး....ရှင်တို့တွေ စကားနှင့်ကြပါ....."

သူမ လှည့်ထွက်သွားပြီး အခန်းထဲသို့ဝင်သွားခဲ့သည်။

အသက်ကြီးနေပြီဖြစ်သောကြောင့် တုန်တုန်ရီရီဖြစ်နေသော်လည်း နုပျိုဆေးများသောက်သုံးခဲ့သည့်အတွက်အရွယ်တင်နေဆဲပင်.... ကျန်းချန်ရှန်းသာ သူမအတွက် ဆေးမဖော်ပေးခဲ့လျှင် သူမလည်း ကျန်းယွမ်နှင့်အတူ သေဆုံးသွားလိမ့်မည် ။ ဒါတောင် သူ့နှလုံးသားက သေဆုံးနေပြီမို့ အကြာကြီး အသက်ရှင်နိုင်မှာ မဟုတ်တော့ပေ။

ကျန်းချန်ရှန်း၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများက ထက်မြက်သော်လည်း ၎င်းတို့သည် သူ့ကို ထာဝရအသက်ရှင်ရန် မကူညီနိုင်ပေ။ သူသည် ကျင့်ကြံသူ

မျှသာဖြစ်ပြီး စစ်မှန်သောအင်မော်တယ်မဟုတ်သေးပေ။

လီကုန်းကုန်းက ကျန်းချန်ရှန်း ဆီသို့ လျှောက်သွားခဲ့သည်။မြို့ထဲသို့သွားရောက်လည်ပတ်နေသဖြင့် ပင်းအန်း၊ ကျန်းဇီယု

နှင့် ရှုထျန်းကျိတို့ အနီးနားတွင် မရှိပေ။

ကျန်းချန်ရှန်းက စားပွဲမှာထိုင်ပြီး လက်ဖက်ရည်ခွက်ကို ဆော့ကစားကာ....

“လီကုန်းကုန်း... ဘုရင်မင်းမြတ် ဆုံးပါးသွားတာတောင် ကျုပ်ကိုလာရှာရဲတယ်ပေါ့.... သေမှာမကြောက်ဘူးလား"

လီကုန်းကုန်း၏ အမူအရာ ပြောင်းသွားသည်။ တစ်ဖက်သားရဲ့ အဓိပ္ပါယ်ကို သူချက်ချင်းနားလည်သွားပြီး သူ့နှလုံးသားကလည်း ကမောက်ကမ ဖြစ်ကုန်သည်။

“ဒါဆို အရှင့်သားက…”

လီကုန်းကုန်း ကြောက်လန့်တကြား ဒူးထောက်ထိုင်ချလိုက်ပြီး....

“အရှင့်သား… အဲဒီတုန်းက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကိုနာခံခဲ့ရလို့ပါ…”

သူ့လက်ထဲက သေတ္တာက ပြုတ်ကျသွားသည်ကိုမြင်လိုက်တော့ ကျန်းချန်ရှန်း က မျက်မှောင်ကြုတ်ကာ

“အဲ့တာ ဘာလဲ....”

လွန်ကဲသော ယင်အော်ရာကို သူ ခံစားလိုက်ရသည်။ အတိဒုက္ခ ဖြတ်ကျော်သည့်နေ့က သူ့ဝိညာဉ် သန္ဓာကိုယ်မှ ထွက်သွားသောအခါ သူမြင်ခဲ့သော နက်နဲသော ယင်အော်ရာကို ရုတ်တရက် ပြန်သတိရသွားသည်။

လီကုန်းကုန်းက မော့ကြည့်ပြီး....

“ဒါက ဝေ့ဂမ်အတွက် ဘုရင်မင်းမြတ်ရဲ့ လက်ဆောင်ပါ... ဝေ့ဝမ်ကို ပေးပေးဖို့ မျှော်လင့်ပါတယ်....ဒါက တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ဆိုလည်းမမှားပါဘူး....အရှင့်သား အပြစ်ပေးအကြီးအကဲအကြောင်းသိတယ်မလား...."

"ခင်ဗျား ကျူပ်ကို အရှင့်သားလို့ ခေါ်စရာ မလိုဘူး။ ဒီဂုဏ်ပုဒ်မျိုးလိုလည်း မလိုချင်ဘူး.... အပြစ်ပေးအကြီးအကဲအကြောင်း ကျုပ်သိတယ် ဒီသေတ္တာနဲ့ဘာဆိုင်လို့လဲ...."

လီကုန်းကုန်းက.... “အပြစ်ပေးအကြီးအကဲက ဒီသေတ္တာထဲမှာရှိတယ်.... သူက လူသားမဟုတ်တဲ့ တောင်ပေါ်နေ နတ်ဆိုးတစ်ကောင်ပါ..... ဟိုတချိန်တုန်းက မင်းကြီးက သမုဒ္ဒရာလေးစင်းကို အသက်ကယ်ပေးဖို့အကူအညီတောင်းခဲ့ဖူးတယ်...အဲ့အချိန်တုန်းကတည်း သူ မင်းကြီးဆီမှာ အမှုထမ်းနေခဲ့တာပါ....

အများအားဖြင့်၊ သူက လူသားတစ်ဦးအဖြစ်အသွင်ပြောင်းထားပေမယ့် အတိအကျပြောရရင် နတ်ဆိုးတစ်ပါးဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက သူ့နာမည်ကိုသာ သိပြီး သူ့ရဲ့ဖြစ်တည်မှုကို မသိနိုင်ကြဘူး... သူက ဘုရင်မင်းမြတ် ဝှက်ထားတဲ့ဓားဖြစ်ပြီး အချွန်ထက်ဆုံးဓားဆိုလည်း ဟုတ်တယ်... အခု ဘုရင်မင်းမြတ်က ဒီဓားကို ဝေ့ဝမ်ဆီအပ်နှင်းလိုက်ပါပြီ......"

"ကျေးဇူးပြုပြီး တကျန်းမင်းဆက်ကို ကယ်တင်ပေးပါ....!"

All Chapters