ပြိုင်ဘက်ကင်းသော...ဝေ့ဝမ်တောင်ပေါ်ကဆင်းပြီ.....
Vol. 3 Ch. 43
လီကုန်းကုန်းက ထွက်မသွားတော့ဘဲ ယင်းအစား၊ သူသည် လုံချီ ဘုရားကျောင်းတွင်နေထိုင်ပြီး တာအိုဘုန်းတော်ကြီးတစ်ဦးအဖြစ်သာနေထိုင်ခဲ့သည်။ ကျန်းချန်ရှန်း သူ့ကို ခေါ်ထားရတဲ့ အကြောင်းရင်းက သူ့ရဲ့ အနာဂတ်ရည်ရွယ်ချက်တွေအတွက်အသုံးဝင်တာကြောင့်ပင်...
အခန်းထဲရောက်တော့.....
ကျန်းချန်ရှန်းက သေတ္တာကိုဖွင့်ကြည့်တော့ အထဲမှာ အဖြူရောင်အရိုးတစ်ပိုင်းရှိနေတာကိုတွေ့လိုက်ရသည်။
အဖြူရောင်အရိုးသည် အနက်ရောင်အော်ရာကို ထုတ်လွှတ်လိုက်ပြီး ကျန်းချန်ရှန်း ၏ရှေ့တွင် လူသားအသွင်အဖြစ် ပေါင်းစပ်သွားခဲ့သည်။ ထ်ိုသူက ခရမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ကြေးမျက်နှာဖုံးတပ်ဆင်ထားသည်။
ရှည်လျားသော ဆံပင်များကို သရဖူအောက်တွင် သပ်ရပ်စွာထုံးဖွဲ့ထားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။ သူ့ရုပ်သွင်က ကျန်းယွမ် လက်ထက်တုန်းကလိုနုပျိုနေဆဲပင်....
အပြစ်ပေးအကြီးအကဲ.....
ကျန်းချန်ရှန်းက ထိုသူ၏ အသွင်အပြင်ကို အာရုံခံကာ ထိုသူသည် မြင့်မြတ်သောနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူ၏စစ်မှန်သောချီသည် ဂျိချွဲ့ ထက်မနိမ့်ပေ။
အပြစ်ပေးအကြီးအကဲက လက်သီးဆုပ်၍ ဉီးညွတ်ကာ.... “မင်္ဂလာပါ သခင်လေး” ဟုဆိုသည်။ သူ့အသံက ကြမ်းရှရှဖြစ်နေသောကြောင့် သူ့ခံစားချက်တွေကို ခန့်မှန်းဖို့မလွယ်ပေ။
ကျန်းချန်ရှန်းက.....
"ကျွန်တော်က အိမ်ရှေ့မင်းသား မဟုတ်တော့ဘဲ အနာဂတ်မှာလဲ ဖြစ်မလာနိုင်တော့တဲ့သူပါ.... ကျန်းယွမ် ကွယ်လွန်သွားတော့ မင်းကို ဝေ့ဝမ်လက်ထဲ အပ်လိုက်တယ်..... ဒီအကြောင်းကို ခင်ဗျား သိပြီးသားဖြစ်မှာပါ....."
ထိုသူက ခေါင်းညိတ်သည်။
ကျန်းချန်ရှန်း ရုတ်တရက် လက်ကိုမြှောက်ပြီး အပြစ်ပေးအကြီးအကဲကို ရိုက်လိုက်သည်။ အပြစ်ပေးအကြီးအကဲ တုံ့ပြန်ခြင်းမပြုမီတွင် ပြန်လည်ဝင်စားခြင်းတံဆိပ်ကို ရိုက်နှိပ်ခဲ့သည်။
အပြစ်ပေးအကြီးအကဲက တည်နေကာရွေ့ပြောင်းလိုက်သလို တံခါးဝဆီသို့ ဆုတ်ခွာသွားပြီး...
“ဆရာတော် ချန်ရှန်း၊ ဒါက ဘာသဘောလဲ....” ဟု တိုးညှင်းသောလေသံဖြင့် မေးသည်။
ကျန်းချန်ရှန်းက ပြုံးလိုက်ပြီး "ဒါက သေးငယ်တဲ့လှည့်ကွက်တစ်ခုပါပဲ....ခင်ဗျားက ကျန်းယွမ်ရဲ့ အမိန့်ကိုနာခံခဲ့ပေမယ့် သူသေသွားပြီ.... မကောင်းဆိုးဝါး ရင်ဆိုင်ရတဲ့အခါ သူ့စကားတခွန်းကိုယုံပြီး လောင်းကစားလုပ်လို့ မရဘူးလေ.... ဝေ့ဝမ်ကို သေချာ ကူညီပါ..... ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းကြီးပြီးသွားတဲ့အခါ မင်းကို အခွင့်အရေးကောင်းတစ်ခု ပေးမယ်....”
“ဘာအခွင့်အရေးလဲ..... ဘယ်လိုအခွင့်အရေးက ငါ့နှလုံးသားကို လှုံ့ဆော်ပေးနိုင်မှာလဲ...”
" ခင်ဗျား လူသားစင်စစ်ဖြစ်ချင်လား...? ”
ကျန်းချန်ရှန်း၏ အပြုံးက အပြစ်ပေးအကြီးအကဲကို တုန်လှုပ်စေသည်။
ဤလောကရှိ နတ်ဆိုးများသည် တောရိုင်းတိရစ္ဆာန်များနှင့်အတူ လှည့်လည်သွားလာနေသော သရဲတစ္ဆေများမှ အသွင်ပြောင်းလာကြခြင်းဖြစ်သည်။ ဤကမ္ဘာပေါ်တွင် ကျင့်ကြံခြင်းနည်းစနစ်မရှိသောကြောင့် ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်ချီကို စုပ်ယူရန် သို့မဟုတ် သိုင်းပညာကိုသင်ယူရန် သူတို့၏အရည်အချင်းကိုသာ အားကိုးနိုင်ကြသည်။ သို့သော် ဤနည်းလမ်းများသည် ၎င်းတို့၏ ပင်ကိုယ်သဘောသဘာဝကို မပြောင်းလဲနိုင်ပေ။
မကောင်းဆိုးဝါးများသည် လူသားအသွင်ကို ပိုင်ဆိုင်နိုင်သော်လည်း အချိန်အကြာကြီး မပိုင်ဆိုင်နိုင်ပေ။
အပြစ်ပေးအကြီးအကဲသည် ကျန်းချန်ရှန်း ၏ အမျိုးမျိုးသော မှော်ဆန်သော အောင်မြင်မှုများနှင့် နားမလည်နိုင်သောနည်းစနစ်များကို တွေးကြည့်သောအခါ မတုန်မလှုပ်ဘဲ မနေနိုင်တော့ပေ။
သူ တကယ်လုပ်နိုင်ပါ့မလား......
အပြစ်ပေးအကြီးအကဲက ကျန်းချန်ရှန်း ရှေ့သို့ ရောက်လာပြီး ဒူးထောက်လိုက်သည်။
“အရင်ဧကရာဇ် ကွယ်လွန်သွားပြီ...အခုချိန်ကစပြီး အပြစ်ပေးအကြီးအကဲဖြစ်တဲ့ကျူပ်က မင်းကို ရိုသေလေးစားပြီး မင်းရဲ့ညွှန်ကြားချက်အတိုင်း ဝေ့ဝမ်ကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်...."
ကျန်းချန်ရှန်း က ကျေနပ်စွာ ပြုံးပြီး
"အခုချိန်ကစပြီး သေချာကျင့်ကြံပါ....."
အပြစ်ပေးအကြီးအကဲက အနက်ရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး အရိုးအတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
ကျန်းချန်ရှန်းသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်စေရန် ပြတင်းပေါက်ရှေ့တွင် သေတ္တာကို ချထားလိုက်သည်။
နေ့ရက်တွေက ပုံမှန်အတိုင်းလည်ပတ်နေဆဲပင်......
ဝမ်ချန်းသည် ဧကရီအနားတွင် တနေကုန် လိုက်ပါခဲ့ပြီး နောက်ဆုံးသောနေ့ရက်များကို အတူဖြတ်သန်းခဲ့သော်လည်း ကျန်းချန်ရှန်း နှင့် သူမ၏ဆက်ဆံရေးအကြောင်း ဝမ်ချန်း ကို မပြောပြခဲ့ပေ။
ဧကရီက ကျန်းချန်ရှန်းကို နေ့တိုင်းတွေ့ရတာကိုပင် ကျေနပ်နေရှာသည်။
ကျန်းချန်ရှန်းက သူမအတွက် အသက်ရှည်ဆေးအချို့ကို သန့်စင်ပေးချင်သော်လည်း ငြင်းပယ်ခံခဲ့ရသည်။
ကျန်းယွမ်က သူမကို စွန့်ပစ်ခဲ့ဖူးပေမယ့် သူမကတော့ အမြဲတမ်း လေးလေးနက်နက် ချစ်ခဲ့ပါသည်။ ယခု ကျန်းချန်ရှန်း ကြီးပြင်းလာသည်နှင့်အမျှ သူမအတွက် စိတ်ပူစရာမရှိတော့ပေ။
ဧပြီလတွင်......
ဧကရီသည် ယန်ချယ်နှင့် တွေ့ဆုံရန် စီစဉ်သည်။ နှစ်နာရီကြာပြီးနောက် ယန်ချယ် ထွက်ခွာသွားပြီး ထိုညမှာပင် ဧကရီနတ်ရွာစံခဲ့သည်။
ကျန်းချန်ရှန်းက သူမကို ခြံနောက်ဘက် တောင်ကုန်းပေါ်တွင် သင်္ဂြိုဟ်ခဲ့ပြီး ဝမ်ချန်း နှင့် လီကုန်းကုန်း တို့က ဂါရဝပြုရန် သူ့နောက်မှ လိုက်ပါခဲ့ကြသည်။
ဤဘဝတွင် သူ့မိဘများ အသက်ကြီး၍ ကွယ်လွန်သွားသည်ဟု ယူဆနိုင်သည်။ သူတို့မသေခင်မှာ ပြန်ဆုံခွင့်ရခဲ့သည့်အတွက် သူတို့မှာ နောင်တရစရာ မရှိတော့ပေ။
သေခြင်းနှင့် ခွဲခွာခြင်းအကြောင်း ကျန်းချန်ရှန်း ပိုမိုနားလည်သဘောပေါက်လာခဲ့ရသည်။
အသက်ရှည်ခြင်းလမ်းစဉ်သည် မျှော်လင့်ခြင်းသာမက ဝမ်းနည်းမှုများလည်း ပြည့်နှက်နေပါသည်။
သို့သော် အသက်ရှည်ခြင်းလမ်းစဉ်ကို လိုက်စားသည်နှင့် နှိုင်းစာလျှင် ဤဝမ်းနည်းမှုမှာ ဘာမှမဟုတ်ပေ။ ထို့အပြင် ဤဘဝတွင် သူ့မိဘများနှင့်လည်း မရင်းနှီးခဲ့ပေ။
ဒီနှစ်မှာ သူအသက် ၄၄ နှစ်ရှိနေပြီ။ သူ့အရင်ဘဝနဲ့ ယှဉ်ရင် သူ့ကို အဘိုးကြီးလို့ သတ်မှတ်နိုင်ပေမယ့် သူ့စိတ်က အရမ်းနုပျိုနေသေးသည်။
လူတစ်ဦးသည် လုံလောက်သော ကြံ့ခိုင်မှုရှိမှသာလျှင် အဆိုးအကောင်းများကို ကြုံတွေ့ခံစားနိုင်မည်ဖြစ်သည်။
ဝမ်ချန်းက ကျေးဇူးတင်စွာနဲ့....
“ကျေးဇူးတင်ပါတယ် ဆရာတော်....အကယ်၍ မယ်တော်သာ
နန်းတော်ထဲမှာဆို..…”
ကျန်းချန်ရှန်းက သူ့လက်ကို ဝှေ့ယမ်းပြကာ လှည့်ထွက်သွားသည်။
လီကုန်းကုန်းကလည်း ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းယမ်းကာ ထွက်လာခဲ့လိုက်သည်။ သူက ဧကရီနဲ့ ကျန်းချန်ရှန်းရဲ့ဆက်ဆံရေးကို ထုတ်မပြောခဲ့ပေ။ ကျန်းချန်ရှန်းက မလိုလားပါက ဤလျှို့ဝှက်ချက်ကို တမလွန်အထိသယ်ဆောင်သွားရမည်သာ....
ရာဇပလ္လင်ခန်းမထဲမှာ......
ဧကရာဇ်အသစ် ကျန်းယွီက နဂါးပလ္လင်ပေါ်ကနေ တရားရုံးကို သူရဲကောင်းဆန်စွာ ငုံ့ကြည့်နေသည်။
ဧကရာဇ်ရာထူးက တကယ်ကို စွဲဆောင်မှုရှိသားပဲ......
အောက်ဘက်တွင်....
မိန်းမစိုးဟောင်းတစ်ယောက်က ဧကရာဇ် ကျန်းယွီကို စိုက်ကြည့်နေသည်။ ကျန်းယွီက သူ့အကြည့်တွေကို ခံစားပြီး....
“ရှေးဟောင်းဟန်မင်းဆက်နဲ့ ကျင်းမင်းဆက်က ကိုယ်တော်တို့ကို လောဘကြီးစွာနဲ့ စောင့်ကြည့်နေကြတယ်.... တကျန်းနဲ့ ရှေးဟောင်းဟန်မင်းဆက်က သေသည်အထိ တိုက်ပွဲဝင်ခဲ့ကြပြီးပြီ.... အခု..တကျန်းက မကြုံစဖူး အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရတယ်....မောင်မင်းတို့မှာ ဘာအစီအစဥ်ကောင်းများရှိကြလဲ....”
တရားရုံးတစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး ဘယ်သူမှ အသံမထွက်ရဲကြပေ။သို့သော် အားလုံး၏ရင်ထဲတွင်မကျေနပ်ချက်တွေနဲ့ ပြည့်နှက်နေသည်။ မူလက သူတို့သည် ရှေးဟောင်းဟန်မင်းဆက်နှင့် ငြိမ်းချမ်းစွာရှိခဲ့သော်လာ်း ဧကရာဇ်ဖြစ်လာရန်အတွက် ကျန်းယွမ်က ရှေးဟောင်းဟန်မင်းဆက်ကို တိုက်ခိုက်ရန် တောင်းဆိုခဲ့သည်။ အခု မင်းဆက်နှစ်ဆက်ဟာ ရန်သူတွေ လုံးလုံးလျားလျား ဖြစ်သွားတာကြောင့် ငြိမ်းချမ်းမှု မရှိတော့ပေ။
ကျန်းယွမ် အမှားလုပ်ခဲ့သလို လက်ရှိဧကရာဇ်သည်လည်း အမှားမကင်းခဲ့ပေ။ သူသည် တကျန်း၏တပ်သားတစ်ဝက်ကို သင်္ဂြိုဟ်ခဲ့သည်။ ယခုအခါ နေရာတိုင်းတွင် အငတ်ဘေး ကြုံလာရသဖြင့် လူတိုင်း ရှင်သန်ရန် ရုန်းကန်နေကြရသည်။ တကျန်းဘက်က ရှေးဟောင်းဟန်မင်းဆက်ဆီ သံတမန်များစေလွှတ်ခဲ့သော်လည်း အားလုံး အရှက်ကွဲခဲ့ကြသည်။ ထို့အပြင် ကျင်းမင်းဆက်သည် ငါးနှစ်အတွင်း တကျန်းကို ဖျက်စီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။
မင်းဆက်နှစ်ဆက်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတဲ့အတွက် စစ်ဗိုလ်ချုပ် တစ်ယောက်မှ ရှေ့ကို မလှမ်းဝံ့တော့ပေ။
ထိုစဉ် တစ်စုံတစ်ယောက်က မတ်တပ်ထရပ်ပြီး .....“တကျန်းမှာ သြဇာအကြီးမားဆုံး ဗိုလ်ချုပ်က ချင်ဝမ် ဖြစ်နေတုန်းပဲ။ ဘုရင်မင်းမြတ်၊ ချင်ဝမ်ကို ဘာကြောင့် စစ်သားတွေ စုဆောင်းခွင့် မပေးတာလဲ....."
ကျန်းယွီ ငုံ့ကြည့်လိုက်တော့ စကားပြောတဲ့လူက အရမ်းထိတ်လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားသည်။
ချင်ဝမ် စစ်ရှုံးပြီးကတည်းက ဧကရာဇ် ကျန်းယွီက သူ့ကို စစ်သားတွေစုဆောင်းဖို့ ခွင့်မပြုတော့ပေ။ အရင်ဧကရာဇ် ကွယ်လွန်သွားသည့်တိုင် ချင်ဝမ်ကို နေပြည်တော်သို့လည်း ပြန်ခွင့်မပြုခဲ့ပေ။ ယခု ချင်ဝမ်သည် မြောက်ဘက်ရှိ မြို့တစ်မြို့ကို စောင့်ကြပ်နေပြီး ချောင်ပိတ်မိနေသော သားရဲကဲ့သို့ ရုန်းကန်နေရသည်။
ဧကရာဇ် ကျန်းယွီက..... “ငါ့မှာ တိုင်းပြည်ရဲ့ အန္တရာယ်ကို ဖြေရှင်းနိုင်တဲ့ အစီအစဉ်ရှိတယ်”
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက ခေါင်းကို မော့ကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။
ဒီလိုအခြေအနေမျိုးကို ဘယ်လိုဖြေရှင်းနိုင်မှာလဲ......
"နိုင်ငံနာမည်ကို ချူလို့ပြောင်းပြီး ချူလူမျိုးတွေနဲ့ပူးပေါင်းပြီး ဆယ့်သုံးခရိုင်ရဲ့မြေကို ကာကွယ်မယ်...." ကျန်းယွီက ခန်းမထဲက လူတိုင်းကို ငုံ့ကြည့်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။
ဒီစကားတွေကြောင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
"အဓိပ္ပါယ်မရှိဘူး...! ဒါက ရန်သူ့လက်အောက်မှာအညံ့ခံလိုက်တာနဲ့ ဘာကွာတော့လို့လဲ.....”
ဝန်ကြီးဟောင်းတစ်ယောက် မတ်တပ်ထပြီး ကန့်ကွက်လိုက်သည်။ အခြားသော ဝန်ကြီးများသည်လည်း စိတ်မထိန်းနိုင်တော့ဘဲ တယောက်ပြီးတယောက် ကျိန်ဆဲကြသည်။
ဤနှစ်များတစ်လျှောက်လုံး ဧကရာဇ်ကျန်းယွီသည် ချူလူမျိုးတို့ကို အဘယ်ကြောင့် မြှင့်တင်နေသနည်းဟု တွေးတောနေကြသော်လည်း ချူမင်းဆက်ကိုပြန်လည်တည်ထောင်စေလိုသည်ဟု မထင်ထားခဲ့ပေ။
ဒါက ရယ်စရာကောင်းလွန်းတယ်.... သမိုင်းမှာ မကြုံဖူးတဲ့အဖြစ်အပျက်ပဲ.....
ဒီကိစ္စ ပြန့်နှံ့သွားတဲ့အခါ တကျန်းဟာ သမိုင်းမှာ အရှက်ရစေမယ့် ကျောက်စာတချပ်ကိုထွင်းထုလိုက်သလိုဖြစ်နေလိမ့်မည်။
" အရှင်မင်းကြီး..ရူးများရူးနေပြီလား...."
"မဖြစ်နိုင်ဘူး! ဒါမဖြစ်နိုင်ဘူး!"
"ချူတွေကို တိုင်းပြည်ပြန်ပေးမလို့လား...? တကျန်း ပြည်သူတွေ ဘယ်လိုထင်ကြမလဲ...."
"အရှင်မင်းကြီး... ကျင်းတိုင်းပြည်ဆီမှာ လက်နက်ချအညံ့ခံမယ်လို့ပဲပြောလိုက်ပါတော့လား..."
"ရယ်စရာပဲ! အရှင်မင်းကြီး၊ ဒီလောက်ကောင်းတဲ့အကြံအစည်ကို ဘယ်ဉာဏ်ကြီးရှင်ကများပေးခဲ့တာလဲ. ”
ဝန်ကြီးများ ဒေါသတကြီးဖြစ်ကာ ဧကရာဇ်မင်းမြတ်၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်ကြတော့ပေ။ ဧကရာဇ်ကျန်းယွီ၏ နားထဲသို့ မနှစ်မြို့ဖွယ်စကားလုံးများ ဝင်လာပြီး အမူအရာကလည်း အလွန်ရုပ်ဆိုးသွားခဲ့သည်။
အများအားဖြင့် သူရဲဘောကြောင်သော အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သူ့ကို ဤကဲ့သို့ စော်ကားဝံ့မည်ဟု မမျှော်လင့်ထားပေ။
"အတင့်ရဲလိုက်ကြတာ.... မင်းတို့တွေ အသက်ရှင်ရတာ တကယ်ကို ပင်ပန်းနေပြီလား။ ခေါင်းဖြတ်ခံချင်တာလား... မင်းတို့မိသားစုတစ်ခုလုံးကို ကွပ်မြက်လိုက်ရမလား....!”
ကျန်းယွီက မတ်တပ်ထရပ်ပြီး ဟိန်းဟောက်လိုက်သည့်အခါ သူ၏စစ်မှန်သောချီများ တဟုန်ထိုးတက်လာပြီး လူတိုင်း၏နှလုံးကို တုန်လှုပ်စေခဲ့သည်။
ဝန်ကြီးချုပ်က ဒူးထောက်ကာ....
“အရှင်မင်းကြီး ဒီအတွေးကို ချေဖျက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ကျွန်တော်မျိုးတို့သေရမယ်ဆိုရင်တောင်ကန့်ကွက်ရမှာ.... !"
"အရှင်မင်းကြီး ဒီအကြံအစည်ကို ဖြေဖျောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
အရပ်ဘက်အရာရှိများနှင့် စစ်ဗိုလ်ချုပ် အများစုက ဒူးထောက်တောင်းဆိုနေသော်လည်း ထိုသူများထဲတွင် ချူအရာရှိများ မပါရှိပေ။
ဧကရာဇ်ကျန်းယွီ၏အမူအရာက အလွန်အေးစက်နေပြီး သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ကျန်းယွီ နန်းတက်ပြီး တစ်နှစ်အကြာ.... မေလတွင်၊ ချူမင်းဆက်ကို ပြန်လည်ထူထောင်လိုသောသတင်းက ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့သည်။ ဝန်ကြီးများက ကန့်ကွက်ခဲ့သော်လည်း ဤကြေငြာချက်သည် ကမ္ဘာပေါ်ရှိ သာမန်လူများကို စိတ်ပျက်စေခဲ့သည်။ သာမန်လူများ အားလုံး ကျန်းယွီကို ကျိန်ဆဲနေကြသည်။
လုံချီ ဘုရားကျောင်းတွင်......
“ခမည်းတော် ရူးနေပြီ.... ဒီလောက် ရယ်စရာကောင်းတဲ့ စကားကို သူဘယ်လိုပြောထွက်နိုင်တာလဲ!”
အသက်ဆယ့်ငါးနှစ်အရွယ် ကျန်းဇီယုက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သူသည် ကျန်းချန်ရှန်း အနားတွင် ထိုင်နေပြီး သူတို့နှစ်ဦးကိုကြည့်ရသည်မှာ ညီအစ်ကိုအရင်းများကဲ့သို့ပင်။ တစ်ခုတည်းသော ခြားနားချက်မှာ ကျန်းဇီယု၏ မျက်ခုံးနှစ်ခုကြားမှ မွေးရာပါ အမှတ်အသားသည် သူ့ကို ပို၍ပင် ချောမောပြီး ဂုဏ်သိက္ခာရှိစေသည်။
ရှုထျန်းကျိက သူတို့နဲ့နှစ်ယောက်ကို ကြည့်ပြီး
"ဘာလို့ ပိုပိုပြီး တူလာရတာလဲ?"
ဒါကို ဝမ်ချန်းလည်း သတိထားမိသည်။ ပုံမှန်အားဖြင့် သတိထားရခက်သော်လည်း ကျန်းဇီယု ဒေါသထွက်သောအခါ ကျန်းချန်ရှန်းတစ်ယောက် သာလွန်သောကျွမ်းကျင်သူနှင့် ရင်ဆိုင်ရချိန်နှင့် အလွန်ဆင်တူသည်။
ကျန်းဇီယုက ကျန်းချန်ရှန်းကိုကြည့်ကာ....
"ဆရာ...ကျွန်တော်တို့ မြောက်ပိုင်းကို ဖိနှိပ်ရမယ်....ရှေးဟောင်းဟန်မင်းဆက်နဲ့ကျင်းတိုင်းပြည်ကို အနိုင်ယူနေသမျှကာလပတ်လုံး ခမည်းတော်က ချူမင်းဆက်ပြန်လည်ထူထောင်ဖို့ ထပ်ပြောမှာမဟုတ်တော့ဘူး....."
သူသည် သိုင်းပညာကျွမ်းကျင်သည်။ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်တွင် မရှိသော်လည်း၊ ဝိဉာဉ်နယ်ပယ်ရှိ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ ထို့အပြင် ယန်မိသားစုနှင့် ချန်းမိသားစုတို့ ခွန်အားစုဆောင်းရန် ကူညီပေးခဲ့သည်။ထို့ကြောင့် သူ့တွင် ယုံကြည်မှုအပြည့်ရှိခဲ့သည်။
ကျန်းချန်ရှန်းက... " ပင်းအန်း ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် ရောက်တဲ့အခါ ငါတို့ အစီအစဉ်ကို စကြမယ်...."
ကျန်းဇီယုက ပင်းအန်းကို လှည့်ကြည့်လိုက်သည်။ ပင်းအန်းသည် ခြံဝင်းထဲတွင် ပိုင်လုံ နှင့် ကစားနေသည်။ နဂါးတစ်ကောင်လို သန်မာသော ပိုင်လုံသည်ပင် ပင်းအန်းလက်ချက်ကြောင့် မူးဝေနေရှာသည်။
ပင်းအန်းသည် ရုပ်ချောသည်ဟု မဆိုနိုင်သော်လည်း သူ၏ မျက်နှာအသွင်အပြင်က သူရဲကောင်းဆန်လှသည်။ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ယှဉ်တွဲလျက် လူထောင်ပေါင်းများစွာကို အနိုင်ယူနိုင်သည့် သန်မာသော ဗိုလ်ချုပ်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
ကျန်းဇီယု မျက်မှောင်ကြုတ်လိုက်သည်။
ပင်းအန်း မရှိဘဲ သူတစ်ယောက်တည်း ရှေးဟောင်းဟန်မင်းဆက်နှင့်ကျင်းတိုင်းပြည် ဂရမ်းမာစတာများရကိုရင်ဆိုင်ဖို့ ယုံကြည်မှုမရှိပေ။
"ဒါဆို ခဏလောက်စောင့်ရအောင်"
ကျန်းဇီယုက မှုန်ကုပ်ကုပ်နဲ့ပြန်ဖြေလိုက်သည်။
ကျန်းချန်ရှန်းက ပင်းအန်းကို ခေါ်လိုက်သည်။ ပင်းအန်းသည် နုံသော်လည်း ကျန်းချန်ရှန်း စကားကို အများဆုံး နားထောင်သည်။
"ဒီနေ့ မင်းကို အံဖွယ်ဂိုဏ်းရဲ့ဓမ္မရုပ်ထုပညာရပ်သင်ပေးမယ်...."
ကျန်းချန်ရှန်း ဒီစကားကို ပြောပြီးတာနဲ့ တခြားသူတွေက လှမ်းကြည့်နေကြသည်။
ဆယ်နှစ်တာကာလက ကုန်လွန်ပြီဖြစ်သောကြောင့် တောင်ပေါ်မှ ထွက်ခွာတော့မည့် ရှုထျန်းကျိလည်း ထိုစကားကို စိတ်ဝင်စားနေသည်။ အံဖွယ်ဂိုဏ်း၏ဓမ္မရုပ်ထုပညာရပ်သည် သူလိုချင်တောင့်တခဲ့သော နောက်ဆုံးနည်းလမ်းဖြစ်သည်။
သို့သော် ဆရာတော်ကို မည်သို့ခွင့်တောင်းရမည်နည်း.....
ရှုထျန်းကျိ အကျပ်ရိုက်နေပြီ......
ကျန်းယွီနန်းတက်ပြီး ဒုတိယနှစ်တွင် ဧကရာဇ်မင်းသည် သားတော် ကျန်းဇီဟန် အား အိမ်ရှေ့မင်းအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် အိမ်ရှေ့မင်းသားသည် မြောက်ဘက်သို့ စစ်အင်အားတစ်သိန်းကို ဦးဆောင်ခဲ့သည်။ သူသည် စိတ်ဓာတ်မြင့်မားပြီး အရည်အချင်းရှိကြောင်း သက်သေပြချင်ခဲ့သည်။
ဇွန်လ.....
ပင်းအန်းသည် နောက်ဆုံးတွင် ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် ရောက်ရှိခဲ့သည်။ထို့ကြောင့် ကျန်းဇီယုက တောင်ပေါ်ကဆင်းဖို့ ကျန်းချန်ရှန်းကို လာနှုတ်ဆက်ခဲ့သည်။
သူထွက်မသွားခင်မှာ ကျန်းချန်ရှန်းက အပြစ်ပေးအကြီးအကဲကို သူ့ထံ ပေးအပ်ခဲ့သည်။ ယခုတော့ ကျန်းဇီယု လက်ထဲတွင် မြင့်မြတ်သောနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရှိနေပြီဖြစ်သည်။
ကျန်းချန်ရှန်းသည် တောင်တံခါးရှေ့တွင် ရပ်ကာ တောင်ပေါ်မှ ညီအကို နှစ်ယောက် ဆင်းသွားသည်ကို ကြည့်နေသည်။ ဝမ်ချန်း ၊ ဟွမ်းချွမ် ၊ ဝမ်လီနှင့် အခြားလူများက သူ့နောက်တွင် ရပ်နေကြသည်။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့သောကြောင်ယြ့ ကျန်းဇီယု သည် ဘုရားကျောင်းရှိ တပည့်တိုင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။
ရှုထျန်းကျိက....
" ဆရာတော် ...ကျုပ် ဝေ့ဝမ်ကို
ကူညီပေးရင် သူအောင်မြင်လာတဲ့အခါ ကျုပ်ကို အံ့ဖွယ်ဂိုဏ်းရဲ့ဓမ္မရုပ်ထုပညာရပ် သင်ပေးနိုင်မလား....."
သူသည် တစ်နှစ်ကြာ တွေးတောခဲ့သော်လည်း ဤနည်းလမ်းကိုသာ ရရှိခဲ့သည်။
ကျန်းချန်ရှန်းက တောင်တက်လမ်းကို ကြည့်လိုက်ပြီး... "ကောင်းပြီ" ဟု တိုးတိုးလေး သဘောတူလိုက်သည်။
ရှုထျန်းကျိ အလွန်ဝမ်းသာသွားပြီး တောင်ပေါ်မှ အပြေးအလွှား မဆင်းမီ ကျေးဇူးတင်စကားဆိုခဲ့သေးသည်။
"မင်းသား.... ကျွန်ုပ်ကို စောင့်ပါဉီး..."
"ဉီးလေးက ဘာလိုက်လုပ်မလို့လဲ?"
"ငါက မင်း ကမ္ဘာကြီးကိုအုပ်စိုးနိုင်အောင် ကူညီပေးမလို့...."
"ကျွန်တော် နန်းတက်တဲ့အထိစောင့်နေမယ်လို့ ဉီးလေးပဲဲပြောခဲ့တယ်လေ...."
" ငါ အဲ့အချိန်ထိမစောင့်နိုင်တော့မှာစိုးလို့ပေါ့ကွာ....."
"ပြန်သွားစမ်းပါ.... အချိန်တန်ရင် ဉီးလေးရဲ့ဂိုဏ်းသားတွေကို ကျွန်တော်ရှေ့ဒူးထောက်ခစားစေရမယ်...."
ကျန်းဇီယုနှင့် ရှုထျန်းကျိး ရယ်မောသံများ တောင်တက်လမ်းပေါ်တွင် ပဲ့တင်ထပ်နေ၏။
ဝမ်ချန်းက စိတ်ခံစားချက်နဲ့ သက်ပြင်းချလိုက်ပြီး ....
"အခု ဝေ့ဝမ်ကိုကြည့်ရတာ ရဲ့ရင့်တဲ့စစ်သူကြီးတစ်ယောက်လိုပဲ.....နောက်ဆို ယန်မိသားစုနဲ့ချန်းမိသားစုကလူငယ်တွေ ဗျူဟာမှုးအဖြစ်သူ့အနားရောက်လာကြလိမ့်မယ်....."
မျှော်လင့်ချက်အချို့ကို ဝမ်ချန်း တွေ့မြင်နေရသည်။
ဒါပေမယ့် ဝေဝမ့်က အခြေနေကိုပြောင်းလဲပစ်နိူင်ရင်တောင် ထီးနန်းရဖို့လွယ်ပါ့မလား....
ဧကရာဇ်က သူ့ကို မြှောက်စားမှာလား ဖိနှိပ်မှာလား......
ဝမ်ချန်းက ကျန်းချန်ရှန်းကိုလှည့်ကြည့်လိုက်သည်။
ကျန်းချန်ရှန်း မြို့တော်တွင် ရှိနေခြင်းသည် လက်ရှိဧကရာဇ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သော်လည်း ထိုအကြောင်းကို ဧကရာဇ်မသိနိုင်ရှာပေ။