ကောင်းကင်တာအို၏ပြန်လည်ဝင်စားခြင်း.... သမုဒ္ဒရာလေးစင်းပဏ္ဍိတ.....
Vol. 3 Ch. 44
ညဘက်တွင် ပြတင်းပေါက်မှ လူရိပ်တစ်ခု ခုန်ဆင်းလာသည်။ အခန်းတွင်းရှိ ဖယောင်းတိုင်မီးအလင်းကြောင့် သူမ၏ရုပ်သွင်ကို ထင်ထင်ရှားရှား မြင်နေရသည်။
ဟွာဂျန်ရှင်း ......
ဟွာဂျန်ရှင်းသည် သူမ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ကျန်းချန်ရှန်း အနားတွင် ထိုင်လိုက်သည်။
"ဝတ်ဖြူတော်အစောင့်တပ်ဖွဲ့ခေါင်းဆောင်က ချူမင်းဆက်ပြန်တည်ထောင်မယ့် ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေတာမို့ ဇီယုကို ကူညီဖို့ ဆုံးဖြတ်ထားပြီးသားပါ...သူ့ကိုသေချာသတိထားပြီးစောင့်နေဖို့မှာထားတယ်....”
ကျန်းချန်ရှန်းက တရားထိုင်နေရာကနေ
မျက်လုံးဖွင့်လိုက်ပြီး
“သူက ဉာဏ်ကောင်းသားပဲ... ဒါ့ကြောင့် အပြစ်ပေးအကြီးအကဲက ရာထူးစွန့်နိုင်ခဲ့တာနေမယ်...."
အရင်တုန်းကတော့ ဝတ်ဖြူတော် အစောင့်တပ်တွေဟာ အပြစ်ပေး အကြီးအကဲရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ကြသည်။ ကျန်းယွမ် မသေဆုံးမီတွင်၊ ဧကရာဇ်ကျန်းယွီ သူတို့ကို အတင်းအကျပ် ထုတ်ပယ်တာမျိုးမလုပ်နိုင်အောင် အပြစ်ပေးအကြီးအကဲက ၎င်း၏ရာထူးကို စွန့်လွှတ်ခဲ့သည်။ ဒီလိုလုပ်မှသာလျှင် သူ့လူတွေကို ရွေးချယ်ဖို့ လွတ်လမ်းကို ချန်ထားပေးနိုင်လိမ့်မည်။
ဟွာဂျန်ရှင်းက သက်ပြင်းချလိုက်ပြီး....
"ဇီယု အရွယ်ရောက်လာပြီ.... သူ့မှာ ပင်းအန်း၊ရှုထျန်းကျိနဲ့ အပြစ်ပေးအကြီးအကဲတို့ရဲ့ အကူအညီရှိပေမယ့်လည်း အိမ်ရှေ့စံဖြစ်လာဖို့လွယ်မှာမဟုတ်ဘူး...."
ကျန်းချန်ရှန်းက ပြတင်းပေါက်အပြင်ဘက်မှာ တောက်ပထွန်းလင်းနေတဲ့ လကို ကြည့်ပြီး ....
"ငါ့မှာ နည်းလမ်းတွေ ရှိတယ်။ ဧကရာဇ် ကျန်းယွီကို မတိုက်ခိုက်ရသေးတဲ့အကြောင်းရင်းက မဟာယာန နဂါးမျှော်စင်ကို ကြောက်နေလို့ မဟုတ်ဘဲ ဇီယုကို အချိန်ပေးချင်တာကြောင့်ပါ.... သူ့နာမည် ကမ္ဘာအနှံ့ ပြန့်နှံ့နေမှပဲ သူ့ကို တရားဝင်အခွင့်အရေးပေးမယ်......”
သူသည် သိုင်းတာအိုစကြဝဠာနယ်ပယ်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အမွှေးတိုင်အရေအတွက်ကို တွက်ချက်ပြီးနောက် မဟာယာနနဂါးမျှော်စင်ကို အလွယ်တကူ နှိမ်နင်းနိုင်သည်ကို သိရှိခဲ့သည်။ ထို့ကြောင့် ယခုတွင် သူသည် စိုးရိမ်စရာမရှိခဲ့ဘဲ ကျန်းဇီယု နန်းတက်ရန်သာ လိုလားခဲ့သည်။
ဧကရာဇ်ကျန်းယွီကို ယခုချက်ချင်း သတ်ပစ်ခြင်းသို့မဟုတ် ရာထူးမှ စွန့်လွှတ်ရန် အတင်းအကြပ် ခိုင်းစေပါက ကမ္ဘာပေါ်တွင် သူရဲကောင်းများစွာ ပေါ်လာမည်မှာ သေချာပါသည်။
ဟွာဂျန်ရှင်း ခေါင်းညိတ်လိုက်ပြီး ဘေးတိုက်မြင်နေရသည့် ကျန်းချန်ရှန်း၏မျက်နှာကိုကြောင်တက်တက်ဖြင့် ငေးကြည့်နေသည်။
"ဘာဖြစ်နေတာလဲ....မင်းစိတ်ထဲမှာ တစ်ခုခုရှိနေလို့လား...."
ဟွာဂျန်ရှင်းက သက်ပြင်းချလိုက်ပြီး ...
" ကျွန်မ နုပျိုဆေးသောက်ခဲ့ပေမယ့် အသက်ငါးဆယ်ကျော်နေပြီ... ကျွန်မ ရှင့်နောက်ကို ဘယ်လောက်ကြာကြာ လိုက်နိုင်မလဲ မသိဘူး....လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူငယ်ချင်းဟောင်းတွေ အများကြီး ဆုံးပါးသွားတဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်.....”
အကြောင်းတစ်ခုခုကြောင့် ကျန်းချန်ရှန်းက သူမထက် အသက်ပိုရှည်နိုင်သည်ဟု သူမ ခံစားနေရသည်။
" အသက်..အိုမင်းခြင်း...နာဖျားခြင်း...သေဆုံးခြင်းတွေဆိုတာ ကံကြမ္မာပဲလေ....အတင်းအကြပ်ဖိအားပေးလို့ရတဲ့အရာတွေမှမဟုတ်တာ...မင်း ဒါတွေကိုရင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားသင့်တယ်....စကြဝဠာရဲ့ကောင်းကင်ဘုံကျမ်းစာကိုလေ့ကျင့်တာဘယ်အခြေနေရောက်ပြီလဲ....."
ဟွာဂျန်ရှင်းက.... "ဒီထက်ပိုပြီး တိုးတက်ဖို့က အရမ်းခက်ခဲတယ်...."
ကျန်းချန်ရှန်း အနည်းငယ် စိတ်ပျက်သွားသည်။ စကြဝဠာ၏ကောင်းကင်ဘုံကျမ်းဂန်သည် သူဖန်တီးခဲ့သော အရည်အသွေးနိမ့်သော စွမ်းအားကျင့်ကြံစဉ်ဖြစ်သည်။၎င်းသည် ဝိညာဉ်စွမ်းအင်ကို ပြုစုပျိုးထောင်ရန် နည်းလမ်းကိုလည်း ပေးစွမ်းသည်။
အဆင်မပြေဘူးဆိုတော့ ဟွာဂျန်ရှင်းမှာ ကျင့်ကြံဖို့ အရည်အချင်း မရှိဘူးပေါ့.....
တကယ်တော့ ဒါဟာ
အရည်အချင်းနဲ့ ဘာမှမဆိုင်ခဲ့ပေ။ ဤလောက၌ သိုင်းပညာသာထွန်းကားပြီး ကျင့်ကြံသူများမရှိပေ။ ဟွာဂျန်ရှင်း မကျင့်ကြံနိုင်ရခြင်းမှာ လောကစည်းမျဥ်းတွေကြောင့် ဖြစ်နိုင်သည်။
သူနှင့် ဟွာဂျန်ရှင်းတို့ နောက်ဆုံးတွင် လမ်းခွဲကြရမည်သာ......
ဟွာဂျန်ရှင်းကို မြင်မြင်ချင်း ချစ်မိသွားတာမဟုတ်ပေမယ့် သူမနဲ့ အနှစ်နှစ်ဆယ်ကျော်ကြာအောင် ပေါင်းသင်းပြီးနောက် သူမအပေါ် ခံစားချက်တွေ ရှိနေခဲ့ပြီဖြစ်သည်။ နှစ်များတစ်လျှောက်တွင်၊ တစ်စုံတစ်ယောက်ကတော့ သူနှင့်အတူ လိုက်ပါလာမည်ဟု ရံဖန်ရံခါ မျှော်လင့်ခဲ့သည်။ ယခုအခါတွင် မြေဝိညာဉ်သစ်ပင်ကသာ သူနှင့်အတူလိုက်ပါနိုင်ပုံရသည်။
ဟွာဂျန်ရှင်းက ကျန်းချန်ရှန်း နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရပြီး အနည်းငယ် ရှက်သွားသည်။ သူမတွင် မက်လောက်စရာအရည်အချင်းမရှိကြောင်း နားလည်သော်လည်း ကျန်းချန်ရှန်း၏ အကူအညီဖြင့် သူမသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အထိ တက်လှမ်းနိုင်ခဲ့သည်။
သူမက ကျန်းချန်ရှန်း၏ ပခုံးပေါ် မှီလိုက်သော်လည်း ကျန်းချန်ရှန်းက မရှောင်လွှဲဘဲ ငြိမ်နေပေးခဲ့သည်။
"ရှင် အနာဂတ်မှာ တစ်ယောက်ယောက်နဲ့ လက်ထပ်မှာလား..."
" ဖြစ်ကောင်းဖြစ်နိုင်သလို....မဖြစ်နိုင်ဘူးလို့လဲပြောလို့ရတယ်...."
ဟွာဂျန်ရှင်းသည် နှလုံးသားထဲတွင် အနည်းငယ် ချဉ်စူးလာသော်လည်း ဘာမှ ပြောမနေတော့ပေ။
ကျန်းချန်ရှန်းသည် သစ်သားတုံးမဟုတ်သောကြောင့် သူမဘာတွေတွေးနေမှန်း သိသဖြင့် သူမ၏ ကျောပြင်ကို တချက်ပုတ်ကာ ပြန်လည်ဝင်စားခြင်းတံဆိပ်ကို အမှတ်သားပြုပေးလိုက်သည်။
ဟွာဂျန်ရှင်းသည် သူမ၏ခန္ဓာကိုယ်ထဲသို့ နားမလည်နိုင်သော စွမ်းအားများ တိုးဝင်လာသည်ကို ခံစားလိုက်ရသော်လည်း အဆင်မပြေမှုတစ်ခုမျှ မဖြစ်ခဲ့ပေ။
“အဲ့တာ ဘာလဲ”
" မင်း...ပြန်လည်ဝင်စားခြင်းကိုယုံကြည်လား...."
“ယုံတာပေါ့.... ဆိုရိုးစကားရှိတယ်လေ.... သေပြီးသားလူတွေက သံသရာစက်ဝန်းအတိုင်းလူဝင်စားပြန်ဖြစ်ကြတယ်တဲ့....."
“ဒါဆို မင်း နောက်ဘဝလူဝင်စားပြန်ဖြစ်မယ်ဆိုတာ ယုံထားလိုက်တော့....."
"တကယ်လို့ နောက်ဘဝသာရှိခဲ့မယ်ဆို ကျွန်မတို့ရဲ့အတေမှတ်တရတွေ ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ..... "
"ငါ မှတ်မိနေမှာပါ....."
"ဒါဆို ရှင် ကျွန်မကို ရှာတွေ့နိုင်တယ်ပေါ့ ...."
" အင်း.....”
ဟွာဂျန်ရှင်း မရယ်ဘဲ မနေနိုင်တော့ပေ။ ကျန်းချန်ရှန်းက မနူးညံ့တတ်ဘူးလို့ထင်ရပေမယ့် စိတ်ဝင်စားဖို့ကောင်းတာကိုတော့ဝန်ခံရမည်။
သူမ၏အတွေးထဲတွင် နောက်ဘဝဆိုသည်မှာ ကျန်းချန်ရှန်း၏နှစ်သိမ့်မှုတစ်ခုသာဖြစ်သည်။ဒါဟာ နှစ်သိမ့်စကားတွေဆိုသော်လည်း သူမ အလွန်ကျေနပ်နေမိသည်။
အနည်းဆုံးတော့ သူမကို ဘယ်လိုနှစ်သိမ့်ရမယ်ဆိုတာ သိသေးသည်မဟုတ်လော.....
ဇူလိုင်လတွင်.......
ကျန်းဇီယုသည် တကျန်း၏တောင်ဘက်ရှိ ချန်၊ယွီနှင့်ဖန်း စီရင်စု သုံးခုတွင် တပ်သားများ စုဆောင်းခဲ့ပြီး တကျန်းကို အသက်ပေး၍ ကာကွယ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် အခြားမင်းသားများသည်လည်း အိမ်ရှေ့မင်းသားနှင့် ဝေ့ဝမ်တို့ကို အတုယူကာ တိုက်ပွဲဝင်ရန် မြို့တော်မှ ထွက်ခွာသွားကြသည်။
တစ်ခဏမျှလောက်တော့ တကျန်းတွင် ရှေးဟောင်းဟန်မင်းဆက်နှင့်ကျင်းမင်းဆက်ကို ထိန်းထားနိုင်စေမည့် လေထုကို လှုံ့ဆော်နိုင်ခဲ့သည်။ တိုင်းပြည်ပြိုလဲပျက်စီးပါက မိသားစုတွေ သေကြေပျက်စီးရလိမ့်မည်။ မှူးမတ်များသည် စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး တကျန်းအတွက် ရဲစွမ်းသတ္တိကို စုစည်းခဲ့သည်။
ဝှစ်.. ဝှစ်...ဝှစ်....
ခြံဝင်းထဲမှာ ဟွမ်းချွမ်က ကျန်းချန်ရှန်း ကို လက်သီးနဲ့ထိုးပြီးတိုက်ခိုက်နေသည်။ သူ၏တိုက်ခိုက်မှုများက ထက်မြက်သော်လည်း ကျန်းချန်ရှန်း၏အဝတ်အစားကိုပင်အထိနိုင်သေးပေ။
ဟွမ်းချွမ်က ဒါကိုကျင့်သားရနေသော်လည်း အရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေဆဲပင်.....
ဝမ်ချန်းက သစ်ပင်အောက်တွင်ထိုင်ကာ ပိုင်လုံအရေခွံလဲနေသည်ကို ကူခွာပေးနေသည်။
ပိုင်လုံ၏ ဉာဏ်ရည်သည် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ် ကလေးတစ်ဦးနှင့် ညီမျှနေပြီဖြစ်သည်။ ပိုင်လုံက အလွန်အပျင်းကြီးသည့်အတွက် ဝမ်ချန်းအခုလိုကူညီနေရခြင်းဖြစ်သည်။
ခဏအကြာတွင်......
ဟွမ်းချွမ် ပြင်းပြင်းထန်ထန် မောပန်းနေချိန်လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ အမေဖြေနေသည်။ အသက်ဆယ့်ခုနစ်နှစ်တွင် သူသသည် အရွယ်ရောက်ပြီးသားသူတစ်ယောက်လိုကြံ့ခိုင်သန်မာနေပြီဖြစ်သည်။ သူက အရပ်ရှည်ပြီး ဆံပင်ရှည်များကိုမြက်ကြိုးနဲ့ ချည်နှောင်ထားပြီး ချောမောတဲ့ မျက်နှာကို ပေါ်လွင်စေသည်။ သူ့မျက်ခုံးတွေက ဓားသွားတွေနဲ့တူပြီး သူ့မျက်လုံးတွေက ထက်မြက်မှုတို့ဖြင့်တောက်ပနေသည်။ခြုံငုံပြောရရင် နတ်ဆိုးဘုရင်၏မြေးပီသသူပင်....
"ချွမ်အာ.... မင်းတော်တော်လေး တိုးတက်လာပြီ....ငါ့ကိုတောင်ထိလုနီးပါးပဲ...."
ဤစကားများသည် သူ့အား နှစ်သိမ့်သလိုဖြစ်နေပေမယ့် သူတို့ကြားတွင် ကြီးမားသော အဆင့်ကွာခြားချက် ရှိခဲ့သဖြင့် ဟွမ်းချွမ် သူ့ကို အမှန်တကယ် ထိရန် မဖြစ်နိုင်ပေ။
ဟွမ်းချွမ်က စိတ်အားထက်သန်စွာဖြင့် .
" တကယ်ကို ထိမိလုနီးပါးဖြစ်သွားတာလား...."
ကျန်းချန်ရှန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သဖြင့် ဟွမ်းချွမ် ချက်ချင်းပင် ခွန်အားပြန်ပြည့်လာသလိုပျော်ရွှင်နေရှာသည်။
ထိုအချိန်တွင် ချင်ကူ ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။ သူသည် အသက်လေးဆယ်ကျော်ရှိပြီဖြစ်၍ ဘဝ၏အဆိုးအကောင်းများကို ကြုံတွေ့ခဲ့ရပုံရသည်။ သူ့မျက်နှာပေါ်တွင်ညအရေးအကြောင်းများရှိနေပြီး တဖက်ပြတ်နေသောလက်ကလည်း ဇာတ်လမ်းများနှင့် ပြည့်နှက်နေပုံရသည်။
“အကိုကြီး၊ သူ့ကိုယ်သူ သမုဒ္ဒရာလေးစင်းရဲ့ပဏ္ဍိတလို့ခေါ်တဲ့သူတစ်ယောက် ရောက်နေတယ်.... ကံကြမ္မာအကြောင်း ဆွေးနွေးဖို့ အလည်လာတာလို့စကားပါးလိုက်သေးတယ်.....”
ကျန်းချန်ရှန်းက ကျောက်စားပွဲတွင်ဝင်ထိုင်လိုက်ပြီး....
“သူ့ကိုခေါ်လာခဲ့.....ဝမ်ချန်း...လက်ဖက်ရည်ပြင်ပေးပါဉီး....."
သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတသည် အပြစ်ပေးအကြီးအကဲမွေးဖွားခြင်းကိုကူညီပေးခဲ့ကြောင်း ကျန်းယွမ်ဆီက ကြားဖူးပြီးသားဖြစ်သည်။
သူသည် သမုဒ္ဒရာလေးစင်းပဏ္ဍိ၏ အော်ရာကို အာရုံခံမိနေပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ခွန်အားထက်ပင် အမှန်တကယ်ပင် ပြင်းထန်လှသည်။ အရေးအကြီးဆုံးကတော့ သမုဒ္ဒရာလေးစင်းပဏ္ဍိတရဲ့ ခွန်အားဟာ သာမန်သိုင်းသမားတွေနဲ့ မတူပပေ။ သူ၏စစ်မှန်သောချီသည် ကြမ်းတမ်းခြင်းမရှိဘဲ ရေကဲ့သို့ နူးညံ့နေသည်။
မဟုတ်သေးဘူး....သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မဟုတ်နိုင်ဘူး..သူ့ဒန်တျန်ထဲမှာ ပိုအားကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်....
ထိုစွမ်းအားက ကျန်းချန်ရှန်းကို မခြိမ်းခြောက်နိုင်သော်လည်း သမုဒ္ဒရာလေးသစင်းပဏ္ဍိတသည် ကျင်းတိုင်းပြည်၏ထိပ်တန်းကျွမ်းကျင်သူဖြစ်နေနိုင်သည်။
ခဏအကြာတွင်......
ချင်ကူက သမုဒ္ဒရာလေးစင်းပဏ္ဍိတကို ခေါ်ဆောင်လာခဲ့သည်။ သမုဒ္ဒရာလေးစင်းပဏ္ဍိသည် အသက်လေးဆယ်အရွယ်လူလတ်ပိုင်းတစ်ဉီးဖြစ်ပြီး လက်ထဲတွင် သေရည်ထည့်ထားသည့် ဘူးသီးခြောက်တစ်လုံးနှင့် သေတ္တာကြီးတစ်လုံးကို ကိုင်ဆောင်ထားသည်။
“အင်မော်တယ် ဆရာကြီးချန်ရှန်းက တကယ့်ကို ထူးခြားသားပဲ.... မင်းဆက်နှစ်ခုတိုင်အောင် နုပျိုမှုကိုထိန်းထားနိုင်တဲ့ပညာမျိုးမအခုထိမမြင်ဖူးသေးဘူး....."
ပဏ္ဍိက တခစ်ခစ်ရယ်ပြီး ကျန်းချန်ရှန်း ရှေ့မှာ ထိုင်လိုက်သည်။
ချင်ကူက တစ်ခုခုပြောချင်ပေမယ့် ကျန်းချန်ရှန်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သဖြင့် ထွက်လာခဲ့လိုက်ရသည်။
သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတသည် ပန်းကန်လုံးသေးသေးလေးတစ်လုံးကို ကောက်ယူပြီး ဘူးသီးခြောက်ထဲမှ ဝိုင်ကို လောင်းချလိုက်သည်။
"အင်မော်တယ် ဆရာကြီးချန်ရှန်း၊ မဟာယာနနဂါးမျှော်စင် ထိန်းချုပ်ထားတဲ့ မင်းဆက်မှာ ဒီလောက်အဆင့်အထိ ကျင့်ကြံနိုင်တာကို ငါတကယ် သဘောကျတယ်...ဒါပေမယ့် မင်းက မြို့တော်မှာပဲနေပြီး ကောင်းကင်ကံကြမ္မာကို ဝင်စွက်ဖက်ချင်နေတာလား....”
"ခင်ဗျားပြောနေတဲ့ ကောင်းကင်ကံကြမ္မာဆိုတာ ဘာလဲ"
ပဏ္ဍိတက ပန်းကန်လုံးတစ်လုံးထဲက စပျစ်ရည်ကို တကျိုက်တည်းမော့သောက်လိုက်ပြီး....
"ကံကြမ္မာက ချူ မှာရှိတယ်"
သူသည် ကျန်းချန်ရှန်းကို စေ့စေ့ကြည့်ရင်း သူ့အကြည့်က စူးရှလာသည်။
ကျန်းချန်ရှန်းက ထိုအကြည့်ကို လျစ်လျူရှုပြီး ....
"ကံကြမ္မာကို ဘယ်သူက သတ်မှတ်တာလဲ...ခင်ဗျားလား.... ဒါမှမဟုတ် မဟာယာနနဂါးမျှော်စင်လား”
ပဏ္ဍတိက ခေါင်းခါပြီး.....
“မဟုတ်ဘူး၊ အဲဒါကို သိုင်းပညာလမ်းကြောင်းက သတ်မှတ်ထားတာ..... .မင်းရဲ့ကျင့်ကြံမှုအဆင့်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ရောက်တော့မယ်မလား....ဒါ့ကြောင့် တချို့အရာတွေကိုသိထားသင့်တယ်.....
ရှေးခေတ်ကတည်းက မင်းဆက်တွေရဲ့ အပြောင်းအလဲကို သိုင်းပညာလမ်းကြောင်းက ထိန်းချုပ်ထားခဲ့တာ ..ဒီဆယ့်သုံးခရိုင်ကို မဟာယာနနဂါးမျှော်စင်က ထိန်းချုပ်ထားပေမယ့် မဟာယာနနဂါးမျှော်စင်မှာ အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူတွေရှိနေတာ မင်းသိရဲ့လား....."
ဝမ်ချန်း မနေနိုင်တော့ဘဲလှည့်ကြည့်လိုက်မိသည်။
“အစစ်အမှန်နတ်ဘုရားနယ်ပယ်"ဟူသော စကားကို သူ တစ်ခါမျှ မကြားဖူးပေ။
" အင်မော်တယ်ဆရာကြီး....အလေးအနက်ထားပြီးတိုက်တွန်းရမယ်ဆို....မင်း မကြာခင်ဘေးဒုက္ခနဲ့ကြုံရလိမ့်မယ်....ဒီမြေမှာ သူ့ကံကြမ္မာနဲ့သူ ရှိပြီးသားမို့ ငါနဲ့အတူလိုက်ခဲ့ပါ....."
"ဘယ်သွားမှာလဲ....?"
“ငါတို့ ကမ္ဘာအနှံ့ခြေဆန့်ပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကို ကြည့်မယ်...ပြီးရင် ရှန်းရှန်တုံးထျန်းကိုသွားပြီး ပိုမြင့်မားတဲ့သိုင်းပညာတွေရှာဖွေကြမယ်....."
“အစစ်အမှန်နတ်ဘုရားနယ်ပယ်ထက် သာလွန်တဲ့ နယ်ပယ်ရှိသေးတာလား....”
"ရှိတာပေါ့.... သိုင်းပညာမှာ ကန့်သတ်ချက်မရှိဘူး...အစစ်အမှန်နတ်ဘုရားနယ်ပယ်ရဲ့အထက်မှာ. ရွှေခန္ဓာနယ်ပယ်ရှိတယ်.... ဒါဟာ သိုင်းပညာရှင် 90% လောက် ဘဝတစ်လျှောက်လုံး လက်လှမ်းမမီနိုင်တဲ့ နယ်ပယ်တစ်ခုပါ.... "
ကျန်းချန်ရှန်း တုန်လှုပ်သွားသည်ကို မြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ နက်ရှိုင်းလာသည်။
ရွှေခန္ဓာနယ်ပယ်.....
အစစ်အမှန်နတ်ဘုရားနယ်ပယ်နှင့် စကြဝဠာနယ်ပယ်ကြားတွင် နယ်ပယ်တစ်ခု ရှိနေကြောင်းသိလိုက်ရပြီ......
ကျန်းချန်ရှန်းက ခေါင်းခါပြီး .....“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ဒီမှာပဲ နေပြီး အေးအေးချမ်းချမ်းကျင့်ကြံချင်တယ်....."
သမုဒ္ဒရာလေးစင်းပဏ္ဍိတက မျက်မှောင်ကြုတ်လိုက်ပြီး...
"ကျန်းယွမ် ပုန်ကန်မှုစတင်တုန်းက ငါ သူ့ကိုကူညီခဲ့တယ်၊ ဒါကြောင့် တကျန်းအတွက် ခံစားချက်တချို့ရှိနေတုန်းပဲ....မင်က တကျန်းရဲ့ သိုင်းလောကမှာ အထူးချွန်ဆုံးသူအဖြစ် သတ်မှတ်ခံရပေမယ့် တကျန်းက မကြာခင် ပျက်စီးတော့မယ်.... ဧကရာဇ်မင်းဟောင်းကြောင့်သာ တကျန်း သိုင်းလောကအတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့ချင်လို့ မင်းကိုအခုလိုလာခေါ်နေတာ...."
ကျန်းချန်ရှန်း က မျက်ခုံးပင့်လိုက်ပြီး
"ဧကရာဇ်ဟောင်းက ခင်ဗျားကိုဒီကိုလာခိုင်းတာလား.... "
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူက ငါ့ဆီကို စာတစ်စောင်ပို့ပြီး လုံချီဘုရားကျောင်းက ဘုန်းတော်ကြီးချန်ရှန်းကို ခေါ်ထုတ်သွားခိုင်းတယ်....အစက မင်းကို သာမာန် ပါရမီရှင်တစ်ယောက်လို့ထင်ခဲ့ပေမဲ့ မင်းက သိုင်းလောကမှာ ဒဏ္ဍာရီဖြစ်လာမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"
ကျန်းချန်ရှန်းက ကျန်းယွမ်အကြောင်း တွေးပြီး သက်ပြင်းချလိုက်သည်။
သားအဖကြားက ဆက်ဆံရေးအကြောင်း သူတွေးနေမိနေဆဲပဲ......
“ပင်ပန်းစေခဲ့မိလို့ တောင်းပန်ပါတယ်...ဒါပေမယ့်ကျွန်တော် မလိုက်နိုင်ဘူး....."
“မဟာယာနနဂါးမျှော်စင်က မြို့တော်ကို ဆင်းလာတော့မယ်.... သူတို့က မင်းရဲ့သိုင်းပညာကို စိတ်ပူနေတာမဟုတ်ဘူး၊ ဒါပေမယ့် တခြားကိစ္စတွေနဲ့ ဆက်စပ်နေတယ်.... သူတို့ရောက်လာတာနဲ့ လက်ရှိဧကရာဇ်ကို ချူမင်းဆက်ပြန်တည်ထောင်ဖို့တွန်းအားပေးကြတော့မှာ....အဲ့အခါကျရင် တတိုင်းပြည်လုံး ကျွန်ဖြစ်မယ့်အပြင် အရပ်ဘက်၊စစ်ဘက်အရာရှိတွေအကုန် သုတ်သင်ခံရလိမ့်မယ်....."
ဘေးမှ နားထောင်နေသည့် ဝမ်ချန်း ထိတ်လန့်သွားသည်။ မဟာယာနနဂါးမျှော်စင်၏တည်ရှိမှုကို သူသိထားပြီးဖြစ်သော်လည်း ဤမျှ ရက်စက်ကြမ်းကြုတ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
" ကျွန်တော် စိတ်ပိုင်းဖြတ်ပြီး... ပြန်မပြင်မှာမဟုတ်ဘူး....."
ထိုစကားကြောင့် ပဏ္ဍိက စားပွဲကို ဆောင့်ရိုက်ကာ မတ်တပ်ရပ်လိုက်ပြီး....
"ရူးနေတဲ့ကောင်....."
ဘူးသီးခြောက်ကို ကောက်ယူပြီး လှည့်ထွက်သွားသည်။ သို့သော်လည်း ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် သူရပ်လိုက်ပြီး....
"ကျန်းယွမ်ကို ငါ့တပည့်တစ်ဝက်လို့ သတ်မှတ်လို့ရတယ်။ ငါ့စကားကို ပြန်မပြင်နိုင်ဘူး.... မင်းနဲ့ငါ လက်ဝါးရိုက်ချက်ပြိုင်ကြမယ်.... မင်းအနိုင်ရရင် ငါမင်းကို မဆွဲဆောင်တော့ဘူး.....မင်းရှုံးရင် မင်းငါ့အနဲ့အတူလိုက်ခဲ့ရမယ်..."
"ရတယ်..."
ပဏ္ဍိတက သူ့ကိုရှုတင်းတင်းအမူအရာဖြင့်ကြည့်နေသောကြောင့် ကျန်းချန်ရှန်း ရယ်လိုက်မိသည်။
ဒီအဖိုးကြီးက ကလေးဆန်လိုက်တာ.....
ကျန်းချန်ရှန်း မတ်တပ်ထရပ်ပြီး သမုဒ္ဒရာလေးစင်းပဏ္ဍိတရှေ့တွင် ရုတ်တရက်ပေါ်လာသည်။ သူ၏ညာဖက်လက်ဖဝါးသည် ပဏ္ဍိတ၏နဖူးရှေ့တွင်ရပ်သွားကာ လေပြင်းများကြောင့် ဝတ်ရုံပင်စုတ်ပြဲလုနီးပါးပင်....
လေပြင်းများ ပျောက်ကွယ်သွားသောအခါ အေးစက်သော ချွေးများ သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ နဖူးမှ စိမ့်ထွက်လာသည်။ သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး နှလုံးခုန်သံက ဗုံတီးနေသလိုမြည်ဟိီးနေသည်။ ကျန်းချန်ရှန်းတောင် အဲဒါကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ကျန်းချန်ရှန်းက ပြုံးပြီး.... "ကျွန်တော်တို့ တကယ်ပြိုင်ကြမှာလား.....?"
ပဏ္ဍိတက ရိုးသားစွာပြုံးပြီး....
“ငါက ဒီအတိုင်းနောက်လိုက်တာပါ....…အင်မော်တယ်ဆရာကြီးက တကယ်ကို အံ့သြစရာပဲ… အရက်မူးပြီးဘာတွေလျှောက်ပြောမိမှန်းမသိဘူး....စိတ်ထဲမထားပါနဲ့....."
ပဏ္ဍိတက ထိုသို့ပြောပြီး ခြံဝင်းထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။
သူ့ပုံစံကြည့်ရတာ အင်မတန်ရယ်စရာကောင်းနေ၏.......