လောကတခွင်နာမည်ကျော်ခြင်း.... ဧကရာဇ်၏ ရည်မှန်းချက်.....
Vol. 3 Ch. 45
သမုဒ္ဒရာလေးစင်းပဏ္ဍိတ ထွက်သွားပြီးနောက် မဟာယာန နဂါးမျှော်စင် အဘယ်ကြောင့် ပါဝင်ရသနည်းဟု သူ အံ့သြနေမိသည်။
ပဏ္ဍိတပြောခဲ့တဲ့ ရှန်းရှန်တုံးထျန်းက ဘယ်မှာလဲ....အဲဒီမှာ အမည်မသိ ပညာရှင် ဘယ်နှစ်ယောက် ဝှက်ထားလဲ.....
ကျန်းချန်ရှန်းက စကြဝဠာနယ်ပယ်သည် ရွှေခန္ဓာနယ်ပယ် ပြီးနောက် နောက်ထပ်နယ်ပယ်ဖြစ်သင့်သည်ဟု ခန့်မှန်းခဲ့သည်။ သူ၏ သဘယာဝတာအိုကျင့်စဉ်သည် အဆင့်တစ်ခုကို ဖြတ်ကျော်သွားခဲ့ပြီးတိုင်း သိုင်းပညာနယ်ပယ်ရှိ အဓိကနယ်ပယ်နှစ်ခု၏ ကွာခြားချက်မှာ အလွန်ချဲ့ကားနေပြီဖြစ်သည်။ ဒီထက်ပိုပြီး ကွဲပြားမှုတွေရှိဖို့ မဖြစ်နိုင်မယ်မထင်တော့ပေ။
သိုင်းပညာနယ်ပယ်ကို တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့်၊ အစစ်အမှန်ချီနယ်ပယ်၊ ဝိညာဉ်နယ်ပယ်၊ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၊ နတ်ဘုရားနယ်ပယ်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်၊ ရွှေခန္ဓာနယ်ပယ်နှင့် စကြာဝဠာနယ်ပယ်ဟူ၍ ပိုင်းခြားသင့်သည်။
မဟာယာနနဂါးမျှော်စင်တွင် အစစ်အမှန်နတ်ဘုရားနယ်ပယ်များ ရှိသည်ဆိုသော်လည်း အများအပြားရှိလိမ့်မည်မထင်.... သမုဒ္ဒရာလေးစင်းပဏ္ဍိတ၏ပြောပြချက်အရ အသန်မာဆုံးက ရွှေခန္ဓာနယ်ပယ် ဖြစ်သင့်ပြီး ကျန်းချန်ရှန်းက ပိုအားကောင်းတဲ့ စကြဝဠာနယ်ပယ်မှာ ရှိနေနိုင်သည်။
ထိုအခြေအနေမျိုးတွင် သူသည် တူနှိုင်းမဲ့ပညာရှင်ဟုသတ်မှတ်ခံရနိုင်သည်။
မဟုတ်သေးဘူး....သူက အနီးနားက ဒေသမှာ တန်ခိုးရှင်အဖြစ်နာမည်ကြီးနေရုံလေးပဲ...ဒါ့ကြောင့်မို့ စိတ်ကြီးဝင်နေလို့မဖြစ်ဘူး....
ကျန်းချန်ရှန်း ထို့သို့တွေးပြီးနောက် အတော်အတန်စိတ်အေးသွားခဲ့သည်။ သန်မာလာပြီဖြစ်သဖြင့် မဆင်မခြင်စိတ်ထင်တိုင်းလုပ်၍မဖြစ်တော့ချေ..... ဒါပေမယ့်လည်း အရမ်းကြီးတော့သတိထားနေစရာမလိုပေ။
ထိုစဉ် ဟွမ်းချွမ်က စိတ်လှုပ်ရှားစွာနဲ့ရောက်လာပြီး....
“ဆရာ....အစစ်အမှန်နတ်ဘုရားနယ်ပယ်က ဘာလဲ? အစစ်အမှန်နတ်ဘုရားနယ်ပယ်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အထက်က အဆင့်လား....."
ဟွမ်းချွမ်က သမုဒ္ဒရာလေးစင်းပဏ္ဍိတပြောသမျှကို မှတ်ထားပုံရသည်။
လူငယ်ပီပီ ကျယ်ပြောသောလောကအကြောင်းနှင့် မြင့်မားသောသိုင်းပညာအဆင့်များအကြောင်း စိတ်ဝင်စားနေသည်။
ကျန်းချန်ရှန်းကပြုံးလိုက်ပြီး....
" ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ရဲ့ အထက်မှာ နတ်ဘုရားနယ်ပယ်ရှိတယ်....အစစ်အမှန်နတ်ဘုရားနယ်ပယ်က နတ်ဘုရားနယ်ပယ်ရဲ့အထက်က.... ရှုထျန်းကျိက နတ်ဘုရားနယ်ပယ်ရောက်နေပြီ...."
“ဒါဆို ဆရာက အစစ်အမှန်နတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူပေါ့....”
ဟွမ်းချွမ်၏ ချီးကျူးစကားကို ကျန်းချန်ရှန်း မငြင်းနိုင်ပေ။
သမုဒ္ဒရာလေးစင်းပဏ္ဍိတ သူ့ကို ထိတ်လန့်သွားသည့် သတင်းက သိုင်းလောကတွင် ပျံ့နှံ့ခြင်းမရှိခဲ့ပေ။ ပဏ္ဍိတအကြောင်းကို လူအနည်းငယ်သာ ကြားဖူးသည်။
ဤသို့ဖြင့် ဆောင်းဦးရာသီရောက်လာပြီး စိမ်းလန်းသောသစ်ရွက်များ ရွှေဝါရောင်ပြေင်းခဲ့ချေပြီ....
တနေ့သ၌....
ကျန်းချန်ရှန်းဆီသို့ မန်ချွဲ့ဆောင် လာရောက်လည်ပတ်ခဲ့သည်။
“ဆရာတော်.... နောက်ထပ်အကြီးဆုံးတပည့်ကို ရွေးဖို့အချိန်တန်ပြီ.....”
မန်ချွဲ့ဆောင်က စိုးရိမ်တကြီးပြောလိုက်သည်။ တစ်ချိန်က နုပျိုလှပခဲ့သော အကြီးစီနီယာအစ်မသည်လည်း ယခုအခါ အသက်ကြီးနေပြီဖြစ်သည်။ သူ့ကိုယ်သူ ကောင်းကောင်း ဂရုစိုက်ခဲ့ပေမယ့် မျက်လုံးထောင့်နဲ့ လက်ပေါ်က အရေးအကြောင်းတွေကို ဖုံးကွယ်ထားလို့မရခဲ့ပေ။
အသက်ကြီးလာတဲ့အခါ မောပန်းနွမ်းနယ်ပြီး သူတို့ရဲ့ စွမ်းအင်တွေကိုလည်း ထိန်းသိမ်းမထားနိုင်တော့ပေ။
ကျန်းချန်ရှန်းက ခဏလောက် စဉ်းစားလိုက်ပြီး.....
"ဝမ်လီ ဆိုရင်ရောဘယ်လိုလဲ?"
“ဒါပေမယ့် နောက်မျိုးဆက်အတွက် စဉ်းစားဖို့ လိုပါသေးတယ်....ဆရာတော့်ကိုယ်စား တပည့်သစ်တွေကို သင်ကြားပေးဖို့ လုံချီ ဘုရားကျောင်းက တပည့်ငယ်တစ်ယောက်ကို ရွေးဖို့ အချိန်တန်ပြီ....."
ကျန်းချန်ရှန်းသည် သိုင်းပညာအကျော်အမော်တစ်ဦးဖြစ်သော်လည်း သူ့လက်အောက်ရှိ တပည့်သုံးယောက်သည် လုံချီ ဘုရားကျောင်း၏ တပည့်စစ်စစ်များမဟုတ်ပေ။ ထို့အပြင်၊ သူတို့သည် ဝေ့ဝမ်နှင့်အတူစစ်မြေပြင်ဆီလိုက်ပါသွားခဲ့ပြီး ဟွမ်းချွမ်သည် အခြားတပည့်များနှင့် ဆက်ဆံရေးကောင်း မရှိခဲ့ပေ။ သူသည် သိုင်းပညာတွင် အမြဲနှစ်မြုပ်နေသောကြောင့် လုံချီ ဘုရားကျောင်း၏ အကြီးဆုံးတပည့်ဖြစ်လာရန် အလွန်ခက်ခဲသည်။
" ကောင်းပြီ.... လာမယ့်ရက်အနည်းငယ်အတွင်းမှာ တခြားတပည့်ကို ရွေးမယ်....”
မန်ချွဲ့ဆောင်က ပြုံးပြီး ကျန်းချန်ရှန်းနဲ့ သူ့ငယ်ဘဝအကြောင်း ပြောဖြစ်ခဲ့သည်။ ကျန်းချန်ရှန်းလည်း ဒီလိုနားထောင်ရတာ သဘောကျနေသည်။ အသက်ကြီးလာသည်နှင့်အမျှ သူတို့သည် အတိတ်ကို လွမ်းဆွတ်နေပေလိမ့်မည်။
ကျန်းယွီနန်းတက်ပြီး တတိယနှစ်တွင် ဝေ့ဝမ်သည် မြောက်ဘက်သို့ သံမဏိတပ်သား 100,000ကို ဦးဆောင်ပြီး ကျင်းမင်းဆက်၏ တပ်ဖွဲ့ဝင် 300,000အား တပ်ဖွဲ့ဝင် 100,000 ဖြင့် အနိုင်ယူခဲ့သည်။ ထိုတိုက်ပွဲတွင် ကျင်းမင်းဆက်ကို တုန်လှုပ်စေသော အမည်တစ်ခုရှိခဲ့သည်။ သူ့နာမည်က ပင်းအန်း ဖြစ်ပြီး ရန်သူ 8,000 ကိုတစ်ယောက်တည်း သတ်နိုင်ခဲ့သူဖြစ်သည်။ပင်းအန်းကို လူ့လောကရှိ နတ်ဆိုးတစ်ပါးဟု ဆိုနိုင်သည်။ ဤကဲ့သို့သော အောင်မြင်မှုသည် စီရင်စု ဆယ့်သုံးပါးတွင် ပျံ့နှံ့သွားပြီး တကျန်းအတွက် မယုံနိုင်စရာပင်။
သာမန်လူအများစုက ဒီသတင်းကို ကောလဟာလလို့ ထင်နေကြပြီး ဤတိုက်ပွဲမှတ်တမ်းကို ချဲ့ကားလွန်းသည်ဟုထင်နေကြသည်။
ဧပြီလတွင် ဝေ့ဝမ်သည် ရှန်းပြည်နယ်ကို တိုက်ခိုက်ပြီး အင်အား ၁၅၀,၀၀၀ ရှိသော ရှေးဟောင်းဟန်မင်းဆက်၏တပ်ဖွဲ့ကို ဖြတ်ကျော်ခဲ့သည်။ ရက်အနည်းငယ်ကြာအောင် လိုက်ဖမ်းပြီး ရန်သူစစ်သည်များအားလုံးကို သတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ရှန်းပြည်နယ်သည် တကျန်း၏လက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
စဉ်ဆက်မပြတ်သတင်းကောင်းများက တကျန်းပြည်သူတို့ကိုစိတ်လှုပ်ရှားစေသည်။
အချိန်အတော်ကြာတော့ ဝေ့ဝမ်ရဲ့ ဒဏ္ဍာရီသည်လည်း တဖြည်းဖြည်း ပြန့်နှံ့လာသည်။ သူသည် မျက်လုံးသုံးလုံးဖြင့် မွေးဖွားလာသူ၊ ရွှေတောင်ပံနတ်ဘုရားဝင်စားသူ၊ သိုင်းလောက ဒဏ္ဍာရီ၏ တပည့် စသည်ဖြင့် ဂုဏ်သတင်းအမျိုးမျိုးဖြင့်ကျော်ဇော်ခဲ့သည်။ဤသတင်းများက ဝေ့ဝမ်၏ပုံရိပ်ကို တကျန်း ပြည်သူများ၏ နှလုံးသားထဲတွင် စွဲထင်သွားစေခဲ့သည်။
ဝေ့ဝမ် ကျော်ဇော်လာခြင်းကလည်း အိမ်ရှေ့မင်းသားနှင့် အခြားမင်းသားများကို ဖိအားများစွာပေးခဲ့သည်။ ဒါကိုမြင်တော့ ဧကရာဇ်ဘုရင်က အိမ်ရှေ့မင်းသားကို ထောက်ပံ့ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ ဝေ့ဝမ်ရဲ့ နာမည်ဂုဏ်သတင်းကြောင့် အိမ်ရှေ့မင်းသားရဲ့ အဆင့်အတန်းကို ထိခိုက်မှာကို စိုးရိမ်နေသည်။
နန်းတော်ထဲတွင်.....
ဧကရာဇ်ကျန်းယွီသည် ၀တ်ဖြူတောအစောင့်တစ်ဦး ပေးပို့လာသောသတင်းကြောင့် မျက်မှောင်ကြုံ့နေသည်။
"ပင်းအန်း၊ ရှုထျန်းကျိ... လုံချီ ဘုရားကျောင်းက တကယ်ကိုထိန်းနိုင်သိမ်းမရပါလား......ဇီယုအတွက် ယန်မိသားစုက တပ်သားစုဆောင်းပေးခဲ့တာလား...."
ဧကရာဇ် ကျန်းယွီ သည် မျက်မှောင်ကြုတ်ပြီး စားပွဲကို လက်ချောင်းများဖြင့် တတောက်တောက်ခေါက်နေပြီး သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ပေ။
ဝေ့ဝမ်အခုလို နာမည်ကြီးလာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ယခင်ကတော့ ကျန်းချန်ရှန်းက ဝေ့ဝမ်ကို မလွှဲမရှောင်သာလို့သာတပည့်အဖြစ်လက်ခံခဲ့သည်ဟုထင်ခဲ့မိသည်။အခုလို နက်ရှိုင်းသော ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု ယောင်လို့ပင်မတွေးခဲ့မိပေ။
ဝတ်လုံဖြူအစောင့်က... "ယန်မိသားစုသာမကဘဲ ချန်မိသားစုလဲပါပါတယ်....."
ကျန်းယွီ ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ နန်းမတက်မီကတည်းက ဤမိသားစုနှစ်စုသည် တောင်ဘက်သို့ ပြောင်းရွှေ့ခဲ့ပြီး မြို့တော်တွင် အဆင့်မြင့်အရာရှိများသာ ကျန်ရှိတော့သည်။ အကယ်၍ သူသည် ယခု မိသားစုနှစ်စုကိုထိပါးပါက သူ့အာဏာကို ခြိမ်းခြောက်မည့် တောင်ဘက်မှ မိသားစုနှစ်စု တိုးလာနိုင်သည်။
သူသည် လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါး၏ခေါင်းဆောင် ကွေ့လိုင်ကိုကြည့်ကာ...
" ငါတို့ ဘာလုပ်သင့်လဲ"
ကွေ့လိုင်က.....
" ယန်မိသားစု၊ ချန်းမိသားစုနဲ့ လုံချီဘုရားကျောင်းတို့က ဝေ့ဝမ်ကို ထောက်ခံကြတယ်.... သူတို့ရဲ့ ရည်ရွယ်ချက်တွေက ထင်ရှားနေပေမယ့် လုံချီ ဘုရားကျောင်းကလွဲရင် ယန်မိသားစုနဲ့ချန်းမိသားစုတို့က မြို့တော်ကနေ ရွှေ့ပြောင်းသွားကြပြီမို့ သေချာသတိထားဖို့လိုပါတယ်...."
ကျန်းယွီက ငတုံးတစ်ယောက်မဟုတ်ပေ။
“ လုံချီဘုရားကျောင်းက ငါ့ကို အချိန်မရွေးနောက်ကျောကို ဓားနဲ့ထိုးလို့ရတယ်လို့ ပြောချင်တာလား...."
"အရှင်သာ မိသားစုနှစ်စုကို မထိရင် ဒါမှမဟုတ် ဝေ့ဝမ်ကို တိုက်ရိုက်ဖိနှိပ်တာမျိုးမလုပ်ရင် လုံချီ ဘုရားကျောင်းက လုံးဝလှုပ်ရှားမှာမဟုတ်ဘူး....ဒါပေမယ့် လုံချီ ဘုရားကျောင်းက သေချာစိတ်ပိုင်းဖြတ်ထားပြီးပြီမို့ အာဏာအတွက် တိုက်ပွဲဝင်မှုအကြောင်း ကောင်းကောင်းသိနေပြီ.....သူတို့တွေရဲ့ရွေးချယ်မှုက ကျရှုံးစရာအကြောင်းမရှိဘူး....."
ကျန်းယွီ လေးလေးနက်နက် တွေးတောပြီးနောက် သူ့ရှေ့က ဝတ်ဖြူတော်
အစောင့်ကို ကြည့်ပြီး ....
"မင်း အရင်တိုင်း ဝေ့ဝမ်ကိုကြည့်ထားပေး...."
“ဟုတ်ကဲ့!”
ဝတ်ဖြူတော်အစောင့်က အမိန့်ရသည်နှင့် အမြန်ထွက်သွားလေတော့သည်။
ကျန်းယွီ မတ်တပ်ထရပ်ပြီး တော်ဝင်စာကြည့်ခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။
ကွေ့လိုင်က....
"အရှင်မင်းကြီး၊ ဘုန်းတော်ကြီးချန်ရှန်းနဲ့ ထိပ်တိုက်တွေ့လို့မဖြစ်ဘူး... ကျွန်တော်မျိုးမှာ အစီအစဉ်တစ်ခုရှိတယ်....အဲဒါက ချင်ဝမ်ကို မြို့တော်ဆီ ပြန်ခေါ်ဖို့ပဲ.... ချင်ဝမ် ပြန်လာတဲ့အခါ ကျုံးထျန်းဝူလည်း ပြန်လာမှာ သေချာတယ်.... သူပြန်လာရင် အရှင်မင်းမြတ်က ကျုံးထျန်းဝူရဲ့အစစ်အမှန်ချီကိုစုပ်ယူနိုင်ပြီး ဘုန်းတော်ကြီးချန်ရှန်းကိုဖယ်ရှားနိုင်မယ်....ကျွန်တော်မျိုးဘေးကနေကူညီပေးမှာပါ.... ကျုံးထျန်းဝူရဲ့အစစ်အမှန်ချီကိုစုပ်ယူပြီးရင် အရင်ဘယ်ဧကရာဇ်မှ မအောင်မြင်ခဲ့ဖူးတဲ့ အောင်မြင်မှုတွေရလာမှာသေချာပါတယ်..."
ဒါကိုကြားတော့ ကျန်းယွီရဲ့ မျက်လုံးတွေ တောက်ပလာပြီး....
"အဲ့ဒီအကြံကောင်းတယ်....ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ချင်ဝမ်ကိုပါ တစ်ခါတည်း ဖယ်ရှားနိုင်လိမ့်မယ်....."
ချင်ဝမ်၏တည်ရှိမှုသည် ကျန်းယွီ ၏နှလုံးသားထဲတွင် အမြဲတမ်းဆူးတစ်ချောင်းနစ်ဝင်နေသလိုဖြစ်ခဲ့သည်။ တိုင်းပြည် အန္တရာယ် ကျရောက်နေတာကြောင့်သာမဟုတ်လျှင် ဧကရာဇ်ကျန်းယွီသည် ချင်ဝမ်ကို ဖယ်ရှားရန် နည်းလမ်းများသုံးပြီးနေလောက်ပြီ.....
ဧကရာဇ်ကျန်းယွီက မျက်မှောင်ကြုတ်ပြီး
" ကျုံးထျန်းဝူကို ငါတို့ တကယ် ဖြိုခွင်းနိုင်ပါ့မလား ?"
ကျုံးထျန်းဝူသည် ယခင်က သိုင်းလောက၏ အထွတ်အထိပ်ဖြစ်ပြီး ရှေးဟောင်းဟန်မင်းဆက်၏ ဂရမ်းမာစတာသုံးယောက်ကိုပင် တစ်ယောက်တည်းရင်ဆိုင်ခဲ့သူဖြစ်သည်။
“နဂါးမျှော်စင်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ထက်မြင့်တဲ့ ဆရာတော်တစ်ပါး လွှတ်ပေးလိမ့်မယ်...ကျွန်တော်တို့သုံးယောက်ပေါင်းလိုက်ရင် ကျုံးထျန်းဝူ ပြေးလို့လွတ်မှာမဟုတ်ဘူး....."
ဧကရာဇ်ကျန်းယွီ၏ မျက်လုံးများက အေးစက်နေ၏။
“ဒါဆို ဧကရာဇ်ဟောင်းကို ဂါရဝပြုဖို့ အကြောင်းပြပြီး သူတို့ကိုပြန်ခေါ်ရမယ်.... ”
ခြံဝင်းထဲမှာ ကျန်းချန်ရှန်းက စွမ်းအင်တွေဖြန့်ကျက်ပြီး သူ့ရှေ့က လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။၎င်းတို့ထဲမှ တစ်ဉီးမှာ ဟွမ်းချွမ်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျန်းချန်ရှန်း၏ တပည့်အသစ်ဖြစ်သည်။ သူသည် သိူင်းလောကတွင် ခရီးထွက်ရာမှ ပြန်ခေါ်ဆောင်လာသည့် မိဘမဲ့ကလေးတစ်ဦးဖြစ်သည်။ သူ့နာမည်က လင်းရှောင်ဖြစ်ပြီး အသက် ဆယ့်တစ်နှစ်သာရှိသေးသော်လည်း သိုင်းပညာစွမ်းရည်ကောင်းများကို ပြသထားပြီးဖြစ်သည်။
ဟွမ်းချွမ်သည် အစစ်အမှန်ချီကို မသုံးဘဲ လင်းရှောင်ကို တိုက်ခိုက်ရန် သိုင်းပညာစွမ်းရည်ကိုသာ အားကိုးခဲ့သည်။ သူသည် လင်းရှောင်ထက် ခုနစ်နှစ်ပိုကြီးသော်လည်း ဖိနှိပ်လို့မရပေ။
လင်းရှောင်သည် လုံချီ ဘုရားကျောင်း၏ တပည့် 200 ကျော်မှ ကျန်းချန်ရှန်း စိတ်ကြိုက် ရွေးချယ်ထားသော ထိပ်တန်းအရည်အချင်းရှိသူများထဲမှ တစ်ဦးဖြစ်သည်။
ဟွမ်းချွမ်က လင်းရှောင်ကို နောက်ပြန်တွန်းလိုက်သည်။ သူ မောနေတာကို မြင်တော့ ပြုံးပြီး ....
" ညီလေး... မင်းငါ့ကို အနိုင်ယူလုနီးပါးပဲ.... ဘယ်လောက် အထင်ကြီးစရာကောင်းလိုက်လဲ..”
လင်းရှောင်၏ မျက်နှာ နီရဲနေသည်။ သူ မောပန်းနေသလား ရှက်နေသလား ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ခေါင်းယမ်းလိုက်ကာ....
“ဘယ်လို ဖြစ်နိုင်မှာလဲ....အကိုကြီး..ကျွန်တော့်ကို နှစ်သိမ့်မနေနဲ့....ကျွန်တော် ကိုယ့်အကြောင်းကိုယ်သိပါတယ်.... အစ်ကိုသာ အလေးနက်ထားပြီး တိုက်မယ်ဆို ကျွန်တော်အစကတည်းကရှုံးနေလောက်ပြီ....."
ဟွမ်းချွမ် ပြုံးလိုက်သည်။ ကျန်းချန်းရှန်းလည်း သူ့ကိုဒီလိုပြောခဲ့ဖူးသည်မဟုတ်ပါလား.....
ကျန်းချန်ရှန်း သူတို့ကိုကြည့်နေသည်ကိုမြင်တော့ သူအရမ်းကြောက်သွားပြီး အမြန်အကြည့်လွှဲလိုက်ရသည်။
ကျန်းချန်ရှန်းက.... "လင်းရှောင်...မင်းက သိုင်းပညာရော အတွင်းအားအတွက်ပါ အခြေခံခိုင်နေပြီမို့ ကျမ်းစာရွတ်ဖတ်မနေဘဲ ကျင့်ကြံဖို့ကိုသာအာရုံစိုက်တော့...အရွယ်ရောက်လာရင် အခြားတပါ့်တွေကို မင်းပဲသင်ပြပေးရမှာ....."
လင်းရှောင် ချက်ချင်းပင် ခေါင်းညိတ်လိုက်သော်လည်း စိတ်မသက်မသာသလို ခံစားလိုက်ရသည်။
ကျန်းချန်ရှန်း၏ တပည့်ဖြစ်လာသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း အလွန်စိတ်လှုပ်ရှားနေသေးသည်။ ကံကောင်းထောက်မစွာဖြင့်
ဟွမ်းချွမ်က ရွှင်လန်းသော စရိုက်ရှိပြီး သူ့ကိုအနေမခက်အောင်ကူညီပေးနေသည်။
ထိုအချိန်တွင် လီကုန်းကုန်း ပြေးဝင်လာသည်။
လီကုန်းကုန်းသည် လုံချီ ဘုရားကျောင်းတွင်နေထိုင်သော်လည်း မကြာခဏဆိုသလို မြို့တော်ကိုလှည့်ပတ်ကာ လုံချီဘုရားကျောင်းအတွက် အစားအသောက်မျိုးစုံ၊ ဆေးဖက်ဝင်အပင်များ စသည်တို့ကို ဝယ်ယပေးခဲ့သည်။ သူကိုယ်တိုင်လည်း သူ့အဆက်အသွယ်တွေကို စီမံခန့်ခွဲနေသေးသည်။
လီကုန်းကုန်း ရောက်လာတာကိုမြင်တော့ ဟွမ်းချွမ်က လင်းရှောင်ကို အလိုက်တသိ ခြံဝင်းထဲကနေ ခေါ်ထုတ်သွားခဲ့သည်။
ဝမ်ချန်းနှင့်ပိုင်လုံတို့က တောင်၏အနောက်ဘက်တွင် ရင့်မှည့်နေသော ဆေးဖက်ဝင်အပင်များ စုဆောင်းရန် ကူညီနေသဖြင့် ခြံဝင်းထဲတွင်မရှိကြပေ။
လီကုန်းကုန်းက ကျန်းချန်ရှန်းအနားကိုရောက်လာပြီး အသံတိုးတိုးဖြင့်.....
"ဧကရာဇ်ဘုရင်က ဧကရာဇ်ရဲ့အုတ်ဂူကို ဂါရဝပြုဖို့ အကြောင်းပြချက်နဲ့ ချင်ဝမ်ကို မြို့တော်ကိုပြန်ခေါ်ထားပေမယ့် ဧကရာဇ်ရဲ့ ဂူဗိမာန်မှာ ဘာမှမရှိဘူး....."
"ကျန်းယွီက ချင်ဝမ်ကို တိုက်ခိုက်ချင်တာလား....."
လီကုန်းကုန်းက ခေါင်းညိတ်ပြပြီး.... “မကြာသေးမီက ဘုရင်ဘွဲ့အပ်နှင်းခံရဖူးသူတွေ တယောက်ပြီး တယောက် ဖျားနာပြီး သေဆုံးခဲ့ကြတယ်....ဒါ ဧကရာဇ်မင်းလုပ်ခဲ့တာလို့ ငါသံသယရှိတယ်.... ချင်ဝမ်က သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ ညီတော်ဖြစ်တဲ့အပြင် ကျုံးထျန်းဝူ က သူ့အနားမှာ ရှိနေတော့ သူ့ကို ဖယ်ထုတ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိဘူး......”
ကျန်းချန်ရှန်း တိတ်ဆိတ်သွားသည်။
လီကုန်းကုန်းထွက်သွားပြီးနောက် ကျန်းချန်ရှန်း၏အကြည့်များက ခြံနောက်ဘက်ရှိ သင်္ချိုင်းဂူဆီသို့ ရွေ့သွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
တောထဲမှာတွင် မြင်းနှစ်ကောင်အပြေးနှင်နေကြသည်။ ထ်ိုမြင်းနှစ်ကောင်ကိုစီးနင်းလာသူများမှာချင်ဝမ်နှင့်ကျုံးထျန်းဝူ တို့ဖြစ်သည်။ သူတို့နှစ်ဦးသည် ပေါ့ပေါ့ပါးပါးအ၀တ်အစားများကိုသာဝတ်ဆင်ထားကြသည်။
ဆံပင်ဖြူနေတဲ့ ကျုံးထျန်းဝူက မျက်မှောင်ကြုတ်ပြီး..... "မင်းသား.... ဒီခရီးက ကျားတွင်းထဲကို တည့်တည့်တိုးဝင်နေသလိုများဖြစ်နေမလား...."
ချင်ဝမ်က ရှေ့ကို လှမ်းကြည့်ပြီး....
“ကျွန်တော် သိပါတယ်.... ဒါပေမယ့် ခမည်းတော်နဲ့မယ်တော် ဆုံးပါးတဲ့အချိန်အနားမှာရှိမနေခဲ့ဘူး....ဒီတစ်ခါတော့ ထပ်ပြီးလွဲလို့မဖြစ်တော့ဘူး....."
ကျုံးထျန်းဝူ သက်ပြင်းချလိုက်သည်။
"ဒါပြီးရင် ခင်ဗျားရဲ့ဂိုဏ်းဆီ ပြန်သွားနိုင်တယ်။ လက်ရှိဧကရာဇ်ကို သဘောမတွေ့ပေမယ့် သားကောင်းတစ်ယောက်မွေးခဲ့တာကိုတော့ချီးကျုးမိတယ်... ဝေ့ဝမ်က ကျူပ်ထက် သန်မာတယ်”
ကျုံးထျန်းဝူက မျက်မှောင်ကြုတ်ပြီး....
" ဝေ့ဝမ်က တကယ်ကို ငယ်ရွယ်ပြီး ထူးချွန်တယ်၊ သတ္တိလည်း အရမ်းရှိတယ်။ ဒါပေမယ့် မင်းလက်လျှော့ရင် သေရလိမ့်မယ်....."
အာဏာရရှိရေး ကြိုးပမ်းမှုသည် ညီအစ်ကိုသံယောဇဉ်ကိုပင် စွန့်လွှတ်နိုင်သောအရာဖြစ်သည်။
"ကျုပ် အသက်ရှင်နိုင်ခဲ့ရင်ညစစ်တပ်ကနေ အနားယူပြီး ဓားသမားတစ်ယောက်အဖြစ်နဲ့ သိုင်းလောကတခွင် လှည့်လည်ပစ်မယ်....ဒါက ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခု ဖြစ်လာမှာပါ....”
တခဏအကြာတွင် ရှေ့နားတွင် လူတစ်ယောက် လမ်းပိတ်ပြီးရပ်နေသည်ကိုမြင်လိုက်ရသည်။
ထိုလူသည် ခရမ်းသွေးရောင်၀တ်စုံကို ၀တ်ထားပြီး မြွေခေါင်းပုံဏ္ဍန်ာကျောက်စိမ်းသရဖူဖြင့် ဆံပင်ရှည်များကို ချည်ထားသည်။ သူ့အမူအရာက အေးစက်နေပြီး ခြေလှမ်း လှမ်းလိုက်တိုင်း ခြေဖဝါးအောက်မှ အနက်ရောင်အော်ရာများ ထွက်ပေါ်လာသည်။
ကျုံးထျန်းဝူက မျက်မှောင်ကြုတ်ကာ....
" အရမ်းသန်မာတယ်...ဂရမ်းမာစတာအဖိုးကြီးတွေထက် မနိမ့်ဘူး....."
ချင်ဝမ် တွေးရခက်နေသည်။ တကျန်း၏ သိုင်င်းလောကတွင် ထိုသို့သော အနှိုင်းမဲ့ပညာရှင်တစ်ဦး မည်သည့်အချိန်တွင် ပေါ်လာသနည်း။ သူ့ကို အရင်က မတွေ့ဖူးဘူး။
"သိုင်းလောကရဲ့ အမြင့်မြတ်ဆုံး၊ ကျုံးထျန်းဝူ...ဒီနေ့ မင်းကိုတွေ့မှ နာမည်နဲ့လိုက်ဖက်မှန်းသိလိုက်ကတယ်.... ငါက ယန်စယ်ပါ...ငါ့ကို ဆရာတော်ယန်စယ်လို့လဲ ခေါ်လို့ရတယ်...."
ယန်စယ်၏အပြုံးက လူသတ်ချင်စိတ်ပြင်းပြနေသည့် သွေးဆာသောအပြုံးမျိုးပင်....
ကျုံးထျန်းဝူက သူ့ကို မထီမဲ့မြင်ပြုကာ ...
“ဘာ ဆရာတော်ယန်စယ်လဲ... မင်းလိုနာမည်မရှိတဲ့သူက ငါ့ကို တစ်ယောက်တည်း တိုက်ခိုက်ချင်တာလား...."
“ငါ့ကို နှိမ့်ချစော်ကားတယ်ပေါ့...ကောင်းပြီ..."
သူ့စကားဆုံးသည်နှင့် အရပ်ရပ်မှ လူရိပ်များခုန်ထွက်လာပြီး ကျုံးထျန်းဝူနှင့်ချင်ဝမ် အနီးတဝိုက်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
ကောင်းကင်စံအိမ်ကလုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါး.......