← Chapters

သေခြင်းတရား..... ကောင်းကင်မှ ဆင်းသက်လာသောနတ်ဘုရားလက်နက်....

Vol. 4 Ch. 46

သေခြင်းတရား..... ကောင်းကင်မှ ဆင်းသက်လာသောနတ်ဘုရားလက်နက်....

Vol. 4 Ch. 46

ကျုံးထျန်းဝူသည် မျက်လုံးထောင့်မှ ကောင်းကင်စံအိမ်၏ လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးပါးကို ကြည့်လိုက်သည်။ သူ့အကြည့်တွေက မပြောင်းလဲပေမယ့် စိတ်ထဲတွင်ပလောင်ဆူနေ၏။

ဒီကောင်တွေ အားလုံးက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတွေပဲ....

ဆယ့်သုံးပါးသော ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ဆယ့်သုံးယောက်နှင့်ဆရာတော်ယန်စယ်....ဒီအတိုင်းဆို သူတို့တော့ ဒုက္ခများပြီ......

ကျုံးထျန်းဝူသည် ၎င်းတို့ကို ရင်ဆိုင်ရန် ယုံကြည်မှုရှိသော်လည်း သူ့ဘေးတွင် ချင်ဝမ့ ရှိနေသည်။ ပညာရှင်များစွာ၏ ဝိုင်းရံမှုအောက်တွင် ချင်ဝမ်ကို ကာကွယ်ရန် မလွယ်ကူပေ။

ချင်ဝမ်သည် ဝိညာဉ်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ခွန်အားရှိသည်။ စစ်မြေပြင်တွင် ကြောက်ရွံ့ခြင်းကင်းသော ဗိုလ်ချုပ်ဟု ယူဆနိုင်သော်လည်း ယခုအချိန်တွင် ကျုံးထျန်းဝူအတွက် ဝန်ထုပ်ဝန်ပိုးအဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်သည်။ ထို့အပြင် ရန်သူသည် သူ့အတွက် ထင်ရှားစွာအင်အားသာနေသည်။

"ချင်ဝမ်.... ဘုရင်မင်းမြတ်က မင်းကို မြို့ထဲမှာ စောင့်နေတယ်။ မင်းဘာလို့ မြို့ကို အရင်ပြန်မလာတာလဲ....."

ကွေ့လိုင်က သူ့ဓားကိုဆွဲကာ ရက်စက်သေယအသံဖြင့်ဆိုလိုက်သည်။

ချင်ဝမ်သည် မူလက ရန်သူများက သူ့ကိုပစ်မှတ်ထားနေသည်ဟု ထင်ခဲ့သော်လည်း ၎င်းတို့၏ ပစ်မှတ်မှာ ကျုံးထျန်းဝူ ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကျုံးထျန်းဝူလည်း အံ့သြသွားသည်။

ဆရာတော်ယန်စယ်က ရှေ့သို့ လှမ်းလာပြီး...

“အမြင့်မြတ်ဆုံးတကျန်းရဲ့သိုင်းပညာရှင်ကျုံးထျန်းဝူ.... ငါ့ကို စိတ်ပျက်မနေနဲ့....."

ထိုသို့ပြောပြီးသည်နှင့်ယန်စယ်က ကျုံးထျန်းဝူ ဆီသို့ ရုတ်တရက် ပြေးဝင်လာသသည်။ ကျုံးထျန်းဝူ၏မြင်းရှေ့သို့ တစ္ဆေတစ်ကောင်သွယ် ချက်ချင်းရောက်လာပြီး

လက်ဖဝါးဖြင့် ရိုက်လိုက်ရာ အနက်ရောင်အခိုးအငွေ့များ တဟုန်ထိုးထွက်ကျလာပြီး မြင်းကို ရစ်ပတ်ထားသည်။ ကျုံးထျန်းဝူက ခုန်ပြီး သူ့လက်ကို လေထဲသို့ ဆန့်လိုက်သည်။ သူ့လက်ချောင်းကို ဖျတ်ခနဲ ပုတ်လိုက်ကာ ချီဓာတ်စီးကြောင်းတစ်ခု ပစ်ထုတ်လိုက်သည်။ချီဓာတ်စီးကြောင်းက မြှားတစ်စင်းကဲ့သို့ အနက်ရောင်အခိုးအငွေ့များကို ထိုးဖောက်ကာ ယန်စယ်၏ ဦးခေါင်းကို ထိုးဖောက်ရန် ကြံရွယ်သော်လည်း ယန်စယ်က အလွယ်တကူ ရှောင်တိမ်းခဲ့သည်။

နာကျင်နေသောမြင်းက ရူးသွပ်လာပြီး လှည့်ပတ်ပြေးပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က အနက်ရောင်အော်ရာတွေကို မချေဖျက်နိုင်ခဲ့ပေ။ တောထဲမရောက်ခင်မှာပင် မြေပြင်ပေါ်လဲကျပြီး အသားတွေ အရည်ပျော်ကာ အရိုးစုတစ်ခုဖြစ်သွားခဲ့သည်ါ အနက်ရောင်သွေးများသည် မြေကြီးထဲသို့ စိမ့်ဝင်နေသည်မှာ အလွန်ကြောက်စရာကောင်းလှသည်။

ကောင်းကင်စံအိမ်၏ လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးဦးကလည်း တပြိုင်နက်လှုပ်ရှားခဲ့ကြသည်။ ကျုံးထျန်းဝူ၏ ကျွမ်းကျင်မှုက သာလွန်ကောင်းမွန်သောကြောင့် သူ့ကိုဝိုင်းထားလျှင်ပင် ဝင်လာသောတိုက်ခိုက်မှုများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။

ကျုံးထျန်းဝူသည် ဓားရှည်လေးလက်၏ပူးပေါင်းတိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

ဝုန်းးးးး

ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်ကြောင့် လုပ်ကြံသတ်ဖြတ်သူလေးဦး သွေးအန်ကာ ထွက်ပြေးသွားခဲ့သည်။လက်ဝါးရိုက်ချက်ကြောင့် ပေဒါဇင်များစွာ ရှည်လျားပြီး လေးပေနက်သော ကြီးမားသော လက်ဖဝါးပုံသဏ္ဍာန် တွင်းကြီးတစ်ခု ဖြစ်လာသည်။ ပြင်းထန်သောလေပြင်းများကြောင့် ချင်ဝမ် စီးနင်းထားသောမြင်း အလွန်ထိတ်လန့်သွားကာ ၎င်း၏ရှေ့ခွာမြှောက်လိုက်ပြီး ဟီသံပေးနေသည်။

ဆရာတော်ယန်စယ်သည် ၏ခါးမှ ပျော့ပျောင်းသောဓားကို ဆွဲထုတ်ကာ လေထဲ၌ ရှိနေသော ကျုံးထျန်းဝူကို ခုတ်ပိုင်းလိုက်သည်။အနက်ရောင်ဓားချီများ ပြင်းထန်စွာ ပေါ်ထွက်လာပြီး ပေဒါဇင်နှင့်ချီသော နယ်မြေအတွင်းရှိ သစ်ပင်ပန်းမန်များကို ဖြတ်တောက်ပစ်လိုက်သည်။

ကျုံးထျန်းဝူ မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာပြီး အစစ်အမှန်ချီဖြင့် မြေပြင်ကိုတိုက်ခိုက်လိုက်သဖြင့် မြေအောက်ကနေ လှိုက်တက်လာသောစွမ်းအားများကို ယန်စယ်တို့ အလျင်အမြနမရှောင်တိမ်းလိုက်ကြသည်။

ကျုံးထျန်းဝူ ၏ ခန္ဓာကိုယ်ပေါ်သို့ အနက်ရောင် ဓားချီများ အစီအရီ ကျရောက်လာသည်။ ကံကောင်းထောက်မစွာ၊ သူတို့သည် အစစ်အမှန်ချီ၏အကာအကွယ်ကြောင့် ကျုံးထျန်းဝူကို လုံးဝမထိခိုက်စေခဲ့ပေ။

ကျုံးထျန်းဝူက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ မျက်လုံးတစ်စုံနဲ့မော့ကြည့်ပြီး ဘယ်ခြေကိုခြေဆောင့်နင်းက မျှားတစ်စင်စသဖွယ် ယန်စယ်ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးသွားလေသည်။

ကွေ့လိုင်နှင့် အခြားလူသတ်သမား ခုနစ်ယောက်တို့က ဓားချက်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။လေထဲထဲတွင် ဓားချီများ ပဲ့တင်ထပ်ကာ ဓားရှစ်လက်ပူးပေါင်းပြီး ကျုံးထျန်းဝူကို အတူတကွ ခုတ်ပိုင်းလိုက်သည်။ဓားချီများသည် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရပ်တန့်မသွားနိုင်ပေ။

ဘန်းးးးးးးးး

ဓားချင်းထိခတ်သံများ ထွက်ပေါ်လာပြီး ကျုံးထျန်းဝူက ဓားချီများကို ဖြိုခွဲခဲ့ပြီး ရန်သူရှစ်ယောက်ကို နောက်ဆုတ်စေခဲ့သည်။ထို့နောက် သူ၏ညာလက်ကို မြှောက်လိုက်ပြီး ယန်စယ်ကိုတိုက်ခိုက်ရန် လင်းယုန်လက်သည်းကို ဖန်တီးလိုက်သည်။

အရမ်းမြန်တယ်........

တခြားလူသတ်သမားတွေ သူ့ကိုတားဖို့ အချိန်မရှိတော့ပေ။ယန်စယ်သည် ဓားကို မြှောက်၍ ဘယ်လက်ကို ဓားပေါ်ဖိလိုက်သည်အခါ ပျော့ပြောင်းသောဓားထဲသို့ စစ်မှန်သောချီများ စိမ့်ဝင်သွားသည်။

ဝုန်းးးးးးးးးးးး

သူတို့နှစ်ယောက် ထိပ်တိုက်တွေဆုံရာဝယ် ကြောက်စရာကောင်းတဲ့ ချီမီးတောက်ကြီးလို ပေါက်ကွဲထွက်လာသည်။ တစ်ယောက်က အနက်ရောင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အဖြူရောင်ဖြစ်သည်။

ကျုံးထျန်းဝူသည် ဆရာတော်ယန်စယ်ကို စူးစိုက်ကြည့်နေပြီး ဆရာတော်ယန်စယ်ကလည်း ထိုနည်း၎င်းပင်။ သို့သော် ဆရာတော်ယန်စယ်က ထူးဆန်းသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

"တကျန်းရဲ့ သိုင်းပညာလောကထဲမှာ မင်းလိုလူတစ်ယောက်ရှိနေမယ်ထင်မထားဘူး.... နဂါးမျှော်စင်က ၁၃ စီရင်စုကို လျှော့တွက်မိခဲ့တာပဲ...."

ယန်စယ်သည် ထို့သို့ ကြွေးကြော်ကာ အစစ်အမှန်ချီကို အစွမ်းကုန် ဖြန့်ကြက်လိုက်သည်။ ၎င်းတို့နှစ်ဦးကို ဗဟိုချက်ပြု၍ မြေပြင်သည် ပင့်ကူမျှင်ကဲ့သို့ နေရာတိုင်းတွင် ပြိုကျစပြုလာသည်။ ပြင်းထန်သောလေပြင်းက သစ်ပင်ပန်းမန်များနှင့် ဖုန်မှုန့်များကို ဖြိုခွင်းခဲ့သည်။

တစ်ချိန်တည်းမှာပင် နှစ်ယောက်သား အနီးကပ်တိုက်ပွဲဆင်နွှဲပြီး လက်ဖဝါး၊ ဓားများဖြင့် အချင်းချင်း တိုက်ခိုက်ကြရာ လူရိပ်နှစ်ခုကခွဲမရအောင် ရောယှက်သွားကြသည်။ စစ်မှန်သောချီ ပေါက်ကွဲသံများ ပို၍ပြင်းထန်လာ၏။

လုပ်ကြံသတ်ဖြတ်သူများကလည်း ဒီအတိုင်းထိုင်ကြည့်နေကြမည်မဟုတ်ပေ။ သူတို့လည်း လျင်မြန်စွာဝင်ရောက်ကာ ကျုံးထျန်းဝူကို ဝိုင်းထားကြသည်။

ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်မှ ကျွမ်းကျင်သူ 13 ယောက်နှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ထက် သာလွန်သော ကျွမ်းကျင်ပညာရှင်တို့က ဝိုင်းရံထားသော်လည်း ကျုံးထျန်းဝူသည် အစွမ်းထက်သော အော်ရာကို ပြသနေဆဲဖြစ်သည်။ သူသည် သိုင်းပညာလောကတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးအဖြစ် ဂုဏ်သတင်းနှင့် ထိုက်တန်သူဖြစ်သည်။

ချင်ဝမ်နောက်ဆုတ်သွားခဲ့ပြီး သူ့မျက်နှာကို ညာလက်မောင်းနဲ့ အုပ်ကာ အံတင်းတင်းကြိတ်ထား၏။

ဤအဆင့်တိုက်ပွဲတွင် သူဝင်ရောက်မစွက်ဖက်နိုင်ပေ......

အရင်က စစ်မြေပြင်မှာလည်း ဤကဲ့သို့ပင်.... ကျုံးထျန်းဝူက ဂရမ်းမာစတာသုံးယောက်ကိုရင်ဆိုင်ပြီး ၎င်းတို့ တိုက်ပွဲဝင်ရန် စစ်မြေပြင်တွင် နေရာလွတ်ကို ရှင်းလင်းခဲ့သည်။ သူတို့ရဲ့ စစ်မှန်တဲ့ချီတွေ ကုန်ဆုံးသွားမှ စစ်သားတွေက သတ္တိရှိရှိ ထိုးဖောက်နိုင်ခဲ့သည်။

"စတုတ္တအစ်ကို၊ မင်း သူ့ကို မကူညီဘူးလား...."

နောက်ကွယ်မှ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ချင်ဝမ် လှည့်ကြည့်လိုက်တော့ ဧကရာဇ်ကျန်းယွီက လက်နောက်ပစ်ကာ အေးအေးလူလူ ပျံသန်းလာသည်ကိုမြင်လိုက်ရသည်။ နောက်ဆုံးသူ၏အစစ်အမှန်ချီသည် နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူ၏နဂါးဝတ်ရုံကလည်း တဖျပ်ဖျပ်ခတ်ကာ ဧကရာဇ်မင်းမြတ်၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပြသနေသည်။

ချင်ဝမ် ဓားကိုဆွဲထုတ်ပြီး ဧကရာဇ်ကျန်းယွီကို စိုက်ကြည့်နေသည်။

"ကျန်းယွီ၊ငါတို့ရဲ့ရန်ပွဲမှာ ဘာလို့ မဆိုင်တဲ့သူတွေဆွဲထည့်တာလဲ....."

ဧကရာဇ်ကျန်းယွီက မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး သူ၏စစ်မှန်သောချီများ ပျောက်ကွယ်သွားသည်။

"ရန်ပွဲတဲ့လား... ငါ နန်းတက်ပြီးပြီ... မင်းငါ့ကိုတိုက်ခိုက်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"

"ဒါဆို မင်းငါ့ကို ဒီမှာသတ်ချင်တာလား"

“ဘာပဲဖြစ်ဖြစ် မင်းက ငါ့အစ်ကိုပဲလေ... မင်းကို တောထဲမှာ ဘယ်လိုသေခိုင်းလို့ဖြစ်မလဲ... ကျုံးထျန်းဝူ သေတာနဲ့ မင်းကို မြို့တော်ကို ပြန်ပို့ပြီး နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲမယ်....."

ချင်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ရုတ်တရက် ဓားကို မြှောက်လိုက်ပြီး ဧကရာဇ်ကျန်းယွီကို စတင်တိုက်ခိုက်ခဲ့သည်။ သူသည် ကိုးကောင်းကင်နဂါး ခြေလှမ်းများကို အသုံးပြုကာ ဧကရာဇ် ကျန်းယွီ၏ညာဘက်သို့ ရွေ့လျားသွားပြီး ခေါင်းဖြတ်ဖို့ပင်ရည်ရွယ်ထားသည်။

သို့သော်လည်း ဧကရာဇ်ကျန်းယွီသည် ရှေ့တည့်တည့်ကို ကြည့်လိုက်ပြီး သူ၏ ဝမ်းဗိုက်ကို ညာဘက်လက်ဖဝါးဖြင့် အရှိန်ပြင်းစွာ ရိုက်ချလိုက်သည်.

ဘန်းးးးးး

ဖူးးးးးး

ချင်ဝမ် နောက်သို့ လွင့်စင်သွားပြီး သူ့ပါးစပ်မှ သွေးများစီးကျလာ၏။ ပေ ၁၀၀ ပြည့်အောင် လွင့်စင်သွားပြီး လူငါးဦးလောက် သိုင်းဖက်ထားရလောက်အောင် ကြီးမားတဲ့ သစ်ပင်ကြီးနဲ့ တိုက်မိသွားသည်။

မြေပြင်ပေါ် ကနေ ဓားကိုအမှပြုပြီး အတင်းကုန်းထလာသည်။

သူ့ကိုယ်တွင်းအင်္ဂါများ ထိခိုက်သွားသည်ကို ခံစားခဲ့ရပြီး အလွန်တရာ အဆင်မပြေဖြစ်ခဲ့ရသည်။ သူမော့ကြည့်လိုက်တော့ ဧကရာဇ် ကျန်းယွီက ကျုံးထျန်းဝူဆီသို့ သွားနေသည်ကို တွေ့လိုက်ရသည်။ သူ၏စစ်မှန်သောချီဓာတ်ကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သောလေပြင်းကြောင့် သူ၏နဂါးဝတ်ရုံကို လှုပ်ခတ်သွားစေသည်။ ဤဧကရာဇ်သည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကိုကျော်လွန်သည့် အသွင်အပြင်ကို အမှန်တကယ် ပြသနေသည်။

ကျန်းယွီက ဂရမ်းမာစတာဖြစ်နေပြီလား.....

ချင်ဝမ် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။

ရှေးဟောင်းဟန်မင်းဆက်၏ ဂရမ်းမာစတာ များကို စစ်မြေပြင်တွင် ယခင်က တွေ့ဖူးသည်။ သူတို့၏ အငွေ့အသက်များသည် အခြားသူများကို ကြောက်ရွံ့မှု တိုးလာစေရန်အတွက် လုံလောက်ပြီး ယခု ဧကရာဇ် ကျန်းယွီထုတ်ဖော်နေသည့် အော်ရာနှင့် အတူတူပင် ဖြစ်သည်။

ဧကရာဇ်ကျန်းယွီ သိုင်းပညာထက်မြက်ကြောင်း သူသိသော်လည်း မြို့တော်နှင့်အလှမ်းကွာနေသည်မှာအတော်ကြာနေပြီဖြစ်သောကြောင့် မည်မျှတိုးတက်လာကြောင်းမသိနိုင်သေးပေ။

ချင်ဝမ်က နာကျင်မှုကို တောင့်ခံပြီး မတ်တပ်ရပ်လိုက်သည်။ သူ့ဓားကို တုန်တုန်ယင်ယင် မြှောက်လိုက်ပြီး ဧကရာဇ် ကျန်းယွီဆီသို့ လျှောက်သွားသည်။ ဧကရာဇ် ကျန်းယွီ သည် အစစ်အမှန်နဂါးချီကို အသက်သွင်းထားပြီးဖြစ်ပြီး၊ နဂါးအစစ်နှင်တူသော ချီနဂါသုံးကောင်သည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ကာကာကွယ်ပေးထားသည်။

ဘန်းးးး ဘန်းးးးး

ဘေးနားက ရန်သူနှစ်ယောက်ကို လွင့်စင်အောင်တိုက်ခိုက်ပြီး ကျုံးထျန်းဝူက ဧကရာဇ်ကျန်းယွီဆီသို့ ပျံသန်းသွားခဲ့သည်။

ဧကရာဇ်ကျန်းယွီသည် ထိုတိုက်ခိုက်မှုကို လုံးဝမခုခံဘဲ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်နှင့်၊ သူသည် ဒါဇင်ပေါင်းများစွာသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး ကျုံးထျန်းဝူ ရှေ့သို့ရောက်လာခဲ့သည်။

ဝေါင်းးးးးး

ဧကရာဇ်ကျန်းယွီ၏ လက်ဖဝါးနှင့် ကျုံးထျန်းဝူကိုထိသွားသောအခါ နဂါးဟိန်းသံ ပေါက်ကွဲထွက်လာသည်။

နဂါးပုံသဏ္ဍာန် အစစ်အမှန်ချီ သုံးခုက ကျုံးထျန်းဝူကို ကိုက်ဝါးချင်သော်လည်း ၎င်းတို့သည် ချီဓာတ် အတားအဆီးကြောင့် မဖြိုခွဲနိုင်ခဲ့ပေ။

ထိုအခါ ဆရာတော်ယန်စယ်က ချက်ချင်းလှုပ်ရှားလိုက်ပြီး ကျုံးထျန်းဝူကို ဓားဖြင့်ထိုးလိုက်သည်။ ကျုံးထျန်းဝူက သူ့ဘယ်ဘက်လက်ဖဝါးကို မြှောက်လိုက်ပြီး ဆရာတော်ယန်စယ်၏တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ကျုံးထျန်းဝူသည် တစ်ဦးတည်းနှင့် ရန်သူနှစ်ယောက်ကို တိုက်ခိုက်နေသော်လည်း အော်ရာများ တဖြည်းဖြည်း မြင့်တက်လာပြီး သူ့မျက်နှာမှာ မောက်မာမှုတွေ ပြည့်နှက်နေသည်။

"မင်းငါ့ကို နှစ်ယောက်ပေါင်းပြီးတိုက်ခိုက်ချင်တာလား.... ဧကရာဇ်...ကျုပ် သိုင်းပညာလောကရဲ့ အထွတ်အထိပ်ဖြစ်လာချိန်မှာ မင်းက သိုင်းပညာကို စတင်သင်ယူနေတုန်းနေပဲရှိသေးတယ်...."

ဝုန်းးးးး

သူ၏အစစ်အမှန်ချီသည် လေဆင်နှာမောင်းကဲ့သို့ မြေပြင်မှ သဲများနှင့် ကျောက်တုံးများ ကိုလွင့်ပျံစေသည်။ထိုအချင်းအရာကိုမြင်ပြီး ဧကရာဇ်ကျန်းယွီနှင့် ဆရာတော်ယန်စယ်တို့ တုန်လှုပ်ချောက်ချားသွားခဲ့သည်။

"ငါတို့ဘက်မှာ နှစ်ယောက်ထက် ပိုရှိတယ်!"

ကွေ့လိုင်၏ အေးစက်စက် စကားသံထွက်လာသည်။ သူက ကျုံးထျန်းဝူ နောက်သို့ ခုန်ဝင်လာပြီး ခေါင်းဖြတ်ဖို့ပြင်ဆင်ထားသည်။

ကျုံးထျန်းဝူ ရုတ်တရက် ငုတ်တုတ်ထိုင်ချလိုက်ပြီး အင်အားကြီးသော စွမ်းအားတစ်ခုက ဆရာတော်ယန်စယ်နှင့် ဧကရာဇ်ကျန်းယွီ ကို ဟန်ချက်မပျက်စေရန် ဆွဲငင်လိုက်သည်။ ကျုံးထျန်းဝူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူများပင် နားမလည်နိုင်သော အရှိန်ဖြင့် လှည့်ပတ်ကာ ကွေ့လိုင်၏ရင်ဘတ်ကို ကန်လိုက်သည်။ အရိုးကျိုးသံထွက်ပေါ်လာပြီး ကွေ့လိုင်နောက်သို့လွင့်စင်သွားသည်။

ကွေ့လိုင်သည် မြှားတစ်စင်းကဲ့သို့ တောထဲသို့လွင့်စင်သွားကာ သစ်ပင်များကို ဝင်တိုက်မိပြီး အဆုံးတွင် ချွန်ထက်သောအကိုင်းအခက်ဖြင့် ရင်ဘတ်ကို ထိုးဖောက်ပြီး ပင်စည်ပေါ်တွင် ချိတ်ဆွဲခံခဲ့ရသည်။ မျက်လုံးများ ပြူးကျယ်သွားကာ နာကျည်းစွာဖြင့် သေဆုံးသွားခဲ့ပြီး ပင်စည်ပေါ်မှ သွေးများ စီးကျလာသည်။

ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားခဲ့ပြီ....

ချက်ခြင်းပင်၊ ကျုံးထျန်းဝူသည် ယန်စယ်ကို ကန်ထုတ်ပြီး ဧကရာဇ်ကျန်းယွီကို ဘယ်ဘက်လက်ဖဝါးဖြင့် တိုက်ခိုက်လိုက်သည်။

ဧကရာဇ်ကျန်းယွီဝည် နဂါးအစစ်ဖြင့် မိမိကိုယ်ကို ကာကွယ်ထားသော်လည်း နောက်သို့လွင့်စင်သွားပြီး ရှစ်လှမ်းခန့် နောက်ပြန်ဆုတ်ခဲ့ရသည်။

သူ့လက်တွေ ထုံကျင်သွားသလို ခံစားလိုက်ရပြီး ကျုံးထျန်းဝူကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်မိသည်။

ဒီလူ ဘယ်လိုများ ဒီလောက် အစွမ်းထက်နေရတာလဲ......

ကျုံးထျန်းဝူသည် လေပြင်းထဲတွင် ဂုဏ်ယူစွာ ရပ်နေလိုက်သည်။

“ငါတို့နှစ်ယောက်လုံးက နယ်ပယ်တစ်ခုတည်းမှာရှိကြပေမယ့် ငါက သိုင်းပညာကို အနှစ် ၆၀ လောက် လေ့ကျင့်ခဲ့တယ်...

မင်း နောက်ထပ် နှစ် 60 လောက် လေ့ကျင့်ရင်တောင် ငါ့ကိုမှီနိုင်မှာမဟုတ်ဘူး.... "

ထိုစဉ် ယန်စယ်က ကျောမတ်လိုက်ပြီး....

“တကျန်းက အားနည်းနေပေမယ့် သိုင်းပညာကတော့ အစွမ်းထက်သားပဲ.... ဒါပေမယ့်... ကျုံးထျန်းဝူ၊ မင်းတကယ်ကို အနိုင်ယူနိုင်စွမ်းမရှိဘူးလို့ ထင်နေတာလား...."

ကျုံးထျန်းဝူ မျက်မှောင်ကြုတ်ပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ဘယ်ဘက်လက်ဖဝါးကို မြှောက်လိုက်တော့ အနက်ရောင်ဖြစ်နေမှန်း သိလိုက်ရသည်။ သူ့ဘယ်ဘက်လက်မောင်းရှိ အပ်စိုက်ကုထုံးအမှတ်များကို ညာလက်ကို အလျင်အမြန်အသုံးပြုကာ အဆိပ်များ စိမ့်ဝင်နေခြင်းကို ရပ်တန့်လိုသော်လည်း အဆိပ်၏အရှိန်ကအလွန်မြန်လှသည်။

အံကြိတ်ကာ ဘယ်ဘက်ပခုံးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့ဘယ်ဘက်လက်မောင်းကို ဆုတ်လိုက်တော့ သွေးတွေ မြေပြင်ပေါ် ဒလဟောစီးကျနေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးတုန်လှုပ်သွားကြသည်။

မထင်မှတ်ထားသော နာကျင်မှုသည် ကျုံးထျန်းဝူကို ထိခိုက်ခြင်းမရှိပေ။ဧကရာဇ် ကျန်းယွီကို လှည့်ကြည့်ရင်း ....

"ဒီနေ့ ဧကရာဇ်ကို သတ်ပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ ငါ့ရဲ့ သိုင်းပညာကိုအသုံးပြုမယ်!"

ကျုံးထျန်းဝူက လက်ပြတ်ကြီးကို ဧကရာဇ် ကျန်းယွီထံ ရုတ်တရက်ပစ်လွှတ်လိုက်ပြီး အရှိန်ကလည်း အလွန်လျင်မြန်သည်။ ဧကရာဇ်ကျန်းယွီသည် တစ်ချိန်တည်းတွင် သူ၏ လက်ဖဝါးများကို တွန်းထုတ်လိုက်ရာ နဂါးအစစ်သည် ပြင်းထန်သော အင်အားဖြင့် လက်မောင်းပြတ်နှင့် တိုက်မိသွားသည်။ သို့သော်လက်မောင်းပြတ်ကို မတွန်းလှန်နိုင်ပေ။ လက်ပြတ်မှလက်ဖဝါးသည် ဧကရာဇ် ကျန်းယွီထံ တိုးဝင်နေစဉ် ဓားတစ်လက်ကဲ့သို့ ရုတ်တရက် ဖြောင့်တန်းသွားခဲ့သည်။

ဧကရာဇ်ကျန်းယွီ၏အမူအရာ သိသိသာသာပြောင်းလဲသွားပြီး..... "မဖြစ်နိုင်ဘူး .."

ဝုန်းးး

ရုတ်တရက် ဝတ်ရုံဖြူဝတ်ဆင်ထားသူတစ်ယောက် ကောင်းကင်မှဆင်းသက်လာပြီး ကျုံးထျန်းဝူ၏လက်မောင်းပြတ်ပေါ်သို့ တက်နင်းလိုက်သည်။ ဖုန်မှုန့်များငြိမ်သက်သွားသောအခါ ထိုသူ၏ရုပ်သွင်ကိုရှင်းရှင်းလင်းလင်းမြင်ရတော့သည်။

ထိုအဖိုးအို၏မျက်နှာ တစ်ဝက်လောက်မှာ အမာရွတ်တစ်ခု ရှိနေပြီး အလွန်ကြောက်ဖို့ကောင်းသည်။

ကျုံးထျန်းဝူ၏ ဘယ်ဘက်ပခုံးတွင် သွေးများ ရွှဲနေသေးသည်။ သူက မျက်မှောင်ကြုတ်ပြီး ဝတ်ရုံဖြူအိုကြီးကို စိုက်ကြည့်နေပြီး....

"မဟာသခင်ငါးပါးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆရာတော်ထျန်းကန်က ဧကရာဇ်ရဲ့လက်ပါးစေဖြစ်လာဖို့ မမျှော်လင့်ထားဘူး....ဧကရာဇ်....မင်းငါ့ကိုဖမ်းဖို့အတွက် အကောင်းဆုံးကြိုးစားနေတာပဲ"

ကျုံးထျန်းဝူက လှောင်ပြောင်လိုက်သည်။ ကောင်းကင်စံအိမ်၏လုပ်ကြံသတ်ဖြတ်သူဆယ့်သုံးပါး၏ ၏လက်ကျန် လုပ်ကြံသတ်ဖြတ်သူ ဆယ့်နှစ်ယောက်ကလည်း မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး လမ်းကြောင်းအမျိုးမျိုးမှ သူ့ထံ ချဉ်းကပ်လာခဲ့သည်။ယန်စယ်သည် လက်နှစ်ဖက်ကိုဖြန့်ကာ အဆိပ်ငွေ့ဖြင့် သူ့ခန္ဓာကိုယ်ကို တစ်ဆင့်ပြီးတစ်ဆင့် တွန်းကာ ဝန်းရံထားသည်။

ဧကရာဇ်ကျန်းယွီက မထီမဲ့မြင် ပြုံးပြီး....

"ကျုံးထျန်းဝူ၊ မင်းရဲ့ သိုင်းပညာသက်သက်နဲ့ ကမ္ဘာကြီးကို ဖိနှိပ်ချင်ရင် ကိုယ့်ကိုကိုယ် အထင်ကြီးရာကျမနေဘူးလား...."

ဆရာတော်ထျန်းကန်ကလည်း....

"ကျုံးထျန်းဝူ...ချူမင်းဆက်ကို ပြန်လည်ထူထောင်ခြင်းက ကောင်းကင်ဘုံရဲ့အလိုတော်ဖြစ်တာမို့ လုပ်ကိုလုပ်ရမှာပဲ.... ဒီမှာပဲအဆုံးသတ်လိုက်၊ မင်းရဲ့အလောင်းကို နဂိုအတိုင်းထားပေးမယ်...."

ကျုံးထျန်းဝူက အေးဆေးတည်ငြိမ်စွာဖြင့်....

"ချင်ဝမ်ကို လွှတ်ပေးပါ... ငါသေဖို့ ဆန္ဒရှိတယ်...."

ဧကရာဇ်ကျန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။

"မင်းမှာ ညှိနှိုင်းပိုင်ခွင့်ရှိသေးတယ်လို့ ထင်လား....ဒီနေ့ မင်းသေရမယ်၊ ချင်ဝမ်လည်း ဒီလိုပဲ...."

သူ့နောက်တွင် ချင်ဝမ်က တုန်တုန်ယင်ယင်နဲ့ လျှောက်လာသည်။ ညာလက်၌ ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး သူ၏မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။

“ကျုံးထျန်းဝူ၊ ငါမင်းကို နောက်ဆုံးအနေနဲ့

အမိန့်တစ်ခုပေးမယ်... အဲဒါ သတ်ဖို့ပဲ..... မင်းမသေခင် လူအနည်းငယ်ကို မင်းနဲ့အတူ ငရဲဆီဆွဲခေါ်သွားဖို့ မင်းအတတ်နိုင်ဆုံးကြိုးစားပါ....."

သေခြင်းတရားကိုကြုံတွေ့နေချိန်တွင် ချင်ဝမ်သည် ကြီးမားသော မျှော်လင့်ချက်များကို လျှော့ချထားပြီးဖြစ်သည်။

တိုက်ပွဲမှာ သေရတာ ကောင်းပါတယ်.....

"အကိုကြီး၊ ဖေဖေ၊ မေမေ...ကျွန်တော် လာပြီ..."

ချင်ဝမ် ခိုင်မာစွာဆုံးဖြတ်ချက်ချထားခဲ့ချေပြီ......

ကျုံးထျန်းဝူ ထိုစကားကိုကြားသောအခါ အားပါးတရ ရယ်မောလိုက်သည်။

"အရှင့်သား...ကျုံးထျန်းဝူ ဒီအမိန့်ကို လက်ခံပါတယ်...သိုင်းပညာ လေ့ကျင့်သူတွေအတွက် တိုက်ပွဲမှာ သေရတာ ရှက်စရာ မဟုတ်ဘူး....ကျူပ် အရင်သွားနှင့်မယ်.....”

အဲဒါနဲ့ သူ မဆိုင်းမတွဘဲ ဆရာတော်ထျန်းကန်ဆီကို လျှောက်သွားခဲ့သည်။

ဆရာတော်ထျန်းကန်က သက်ပြင်းချလိုက်ပြီး ညာလက်ဖဝါးကို ရင်ဘတ်ဆီသို့ မြှောက်လိုက်သည်။ စစ်မှန်သောချီဓာတ်များ သူ့လက်ဖဝါးမှ ထွက်လာပြီး သူ့လက်ဖဝါးတစ်လျှောက် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ့မျက်လုံးတွေက ရွှေရောင်ပြောင်းသွားပြီး အော်ရာလည်း ပြောင်းသွားခဲ့သည်။ တခဏချင်းမှာပဲ ပြင်းထန်တဲ့ လေပြင်းတွေ ရုတ်တရက်တိုက်ခတ်လာပြီး ကောင်းကင်မှာ မိုးခြိမ်းသံတွေ ထွက်ပေါ်လာသည်။

ကမ္ဘာကြီးက ရုတ်တရက် အရောင်ပြောင်းသွားခဲ့ပြီ.....

ထိုအချိန်တွင် ဓားအလင်းတစ်ခုသည် မိုးကြိုးတိမ်တိက်ြများကြားမှ ထိုးဖောက်ဝင်ရောက်လာပြီး ဆရာတော်ထျန်းကန် ရှေ့သို့ ဆင်းသက်လာသည်။ ဓားသည် မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်၌ မိုးကြိုးများ လွင့်စင်သွားသည်။

ဆရာတော်ထျန်းကန်က မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တော့......

“ဒါက တိုင်ဟန် ဓားမလား....?

All Chapters