← Chapters

ဓားချက်တစ်ချက်.....လေဟုန်စီးခြင်း.....

Vol. 4 Ch. 47

ဓားချက်တစ်ချက်.....လေဟုန်စီးခြင်း.....

Vol. 4 Ch. 47

အားလုံး၏အကြည့်များက ဆရာတော် ထျန်းကန်ရှေ့က ဓားပေါ်စုပြုံကျရောက်နေသည်။ နေရောင်အောက်တွင် တိုင်ဟန်ဓားသွားကနေ အေးစက်သောအလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ ဧကရာဇ် ကျန်းယွီ၊ ယန်စယ် နှင့်ကျန်ရှိနေသေးသော လုပ်ကြံသတ်ဖြတ်သူများ အားလုံးကြောက်လန့်သွားကြသည်။

"တိုင်ဟန်ဓား...ဒါဆိုလုံချီ ဘုရားကျောင်းက ဆရာတော် ချန်ရှန်း!”

ဧကရာဇ်ကျန်းယွီသည် ထျန်းကန် ၏စကားကိုကြားသောအခါ သူ၏အမူအရာ အလွန်ရုပ်ဆိုးသွားခဲ့သည်။

ကျုံးထျန်းဝူသည် ယခင်က သိုင်းလောက၏ နာမည်ကြီး ဓားဆယ်လင်ကို မြင်ဖူးသည့်အတွက် တိုင်ဟန်ဓားမှန်းချက်ချင်းသတိပြုမိလိုက်သည်။

"ဟားးးဟားးးကြည့်ရတာ ငါတို့တွေသေနေ့မစေ့သေးဘူးပဲ....."

ချင်ဝမ်သည်လည်း တိုင်ဟန် ဓားကို စိုက်ကြည့်ကာ မြေပြင်ပေါ်တွင် ကြက်သေသေနေ၏။

သူ အရွယ်ရောက်ပြီးကတည်းက ကျန်းချန်ရှန်းကိုမတွေ့ဖြစ်တော့ပေ။ ဒီလိုနဲ့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ ပိုပိုပြီးဝေးကွာလာခဲ့ပါသည်။ ဆရာတော်ချန်ရှန်း၏ ဒဏ္ဍာရီဆန်သောတိုက်ပွဲရလဒ်များအကြောင်းကို ရံဖန်ရံခါ ကြားသိရသော်လည်း ၎င်းတို့နှစ်ဦးသည် ကမ္ဘာတစ်ခုတည်းတွင်အတူနေထိုင်သော်လာ်း မသက်ဆိုင်တော့သလို ခံစားခဲ့ရသည်။

ဤအသေသတ်တိုက်ပွဲတွင် ဆရာတော်ချန်ရှန်း ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

“အစ်ကို ချန်ရှန်း…”

ချင်ဝမ် စိတ်လျှော့လိုက်တာနဲ့ သူ့ခြေထောက်တွေ အားနည်းသွားပြီး မြေပြင်ပေါ် ဒူးထောက်လျှက်လဲကျသွားသည်။

ဧကရာဇ်ကျန်းယွီက ဒေါသတကြီးဖြင့်....

" ဆရာတော် ချန်ရှန်း ၊ မင်းဘာလို့ ငါ့ကိစ္စတွေမှာ ဝင်စွက်ဖက်နေတာလဲ "

ထျန်းကန်၊ ယန်စယ်နှင့် အခြားသူများက ကျန်းချန်ရှန်းကို လှည့်ပတ်ရှာဖွေကြည့်သော်လည်း မတွေ့ခဲ့ကြပေ။

ဤအခိုက်အတန့်တွင် လေပြင်းတသုတ် ကောင်းကင်မှ ဆင်းသက်လာပြီး ပေထောင်ချီအကွာအဝေးအတွင်းရှိ သစ်ပင်များကို တုန်ခါသွားစေခဲ့သည်။ လူတိုင်း မော့ကြည့်လိုက်တော့ ကောင်းကင်က ဆင်းသက်လာတဲ့ လူရိပ်တခုကို တွေ့လိုက်ရသည်။ သူ့ခြေဖျားက တိုင်ဟန်ဓားရဲ့ဓာရိုးပေါ် အသာအယာဖိနင်းထားသည်။

ထျန်းကန်၏ ဘယ်လက်က အနည်းငယ်တုန်နေသည်ကို ဘယ်သူမှမသိလိုက်ပေ။

သူ မော့ကြည့်လိုက်တော့ ကျန်းချန်ရှန်းနဲ့ အကြည့်ချင်းဆုံသွားခဲ့သည်။

ကျန်းချန်ရှန်းသည် တိုင်ဟန် ဓားပေါ်တွင် ရပ်ကာ ထျန်းကန်ကို ငုံ့ကြည့်နေသည်။

သူ၏ အပြာရောင်တာအိုဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး အင်မော်တယ်နတ်ဘုရားတစ်ပါး ကောင်းကင်မှဆင်းသက်လာသည်နှင့်တူသည်။

ထျန်းကန်သည် ကျန်းချန်ရှန်း၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သော်လည်း မဟာရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားနေရသည်။

ဧကရာဇ်ကျန်းယွီသည် ထျန်းကန် ၏နောက်တွင် ရပ်လိုက်ပြီး.....

" ဆရာတော်ချန်ရှန်း ....လုံချီဘုရားကျောင်းကို ဧကရာဇ်ဟောင်းက မြှောက်စားခဲ့ပေမယ့် မင်းက ငါ့သားရဲ့ဆရာပါ.... အခုလုပ်ပုံက ငါ့ကို အာခံနေတာလား....."

ကျုံးထျန်းဝူကိုအရင်ရှင်းပစ်ချင်သော်လည်း ယခုတော့ ကျန်းချန်ရှန်း ကြိုပြီး ပေါ်လာတော့ သူ့အကြံအစည်ကို လုံးဝ ပျက်ယွင်းသွားခဲ့သည်။

ဒီနေရာက မြို့တော်နဲ့ မိုင်တစ်ရာဝေးသည်။ ဧကရာဇ်ကျန်းယွီသည် ကျန်းချန်ရှန်းရောက်လာမည်ကို ကြောက်သောကြောင့် လူသတ်ထောင်ချောက်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူအစိုးရိမ်ဆုံးအရာ ဖြစ်လာမည်ကို သူ မမျှော်လင့်ထားပေ။

လုံချီ ဘုရားကျောင်းက ပုန်ကန်ရန် ရည်ရွယ်ချက်ရှိနေပုံရသည်။

ကျန်းချန်ရှန်းက ဧကရာဇ်ကျန်းယွီ ကို လျစ်လျူရှုပြီး ထျန်းကန်ကို မထီမဲ့မြင် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“အရင်တုန်းက... ချင်ဝမ်က ငါ့ကို နန်းတော်ထဲကမုန့်တွေ အများကြီးပေးခဲ့ဖူးတယ်..... ဒီကျေးဇူးကို ငါပြန်ဆပ်ရမယ်....."

အဆာပြေမုန်းအတွက်တဲ့လား?

ဧကရာဇ်ကျန်းယွီနှင့် အခြားသူများက ဤစကားကို ရယ်စရာကောင်းသည်ဟုသာ ခံစားခဲ့ရသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ?!

ဧကရာဇ်ကျန်းယွီက နက်နဲသော အသံဖြင့် .....

" ဆရာတော်ထျန်းကန် ခင်ဗျား သူ့ကိုရှင်းပစ်ဖို့ ယုံကြည်ချက်ရှိလား.... "

ထျန်းကန်၏ "မရှိဘူး"ဆိုသော စကားလုံးများက ဧကရာဇ်ကျန်းယွီ၏နှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။

ထိုစဉ် ယန်စယ်က.....

“ဆရာတော်ချန်ရှန်း၊ မင်းဘယ်သူ့ကိုရန်လာစနေတာလဲ....ကိုယ့်ဘာသာကိုယ် ဘုရားကျောင်းပြန်ပြီး ကျမ်းစာသာရွတ်နေလိုက်စမ်းပါ....."

ထိုအချိန်တွင် ကျန်းချန်ရှန်းသည် ဘယ်လက်ကို မြှောက်လိုက်ကာ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

ဝှစ်.....

တောနက်ကြီးမှဓားတစ်ချောင်း ပျံထွက်လာသည်။ ထိုဓားသည် သေဆုံးသွားသောကွေ့လိုင်၏ဓားဖြစ်သည်။ ဓားသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာပြီး ယန်စယ် မတုံ့ပြန်မီတွင် ပခုံးကို ထိုးဖောက်ကာ အဆက်မပြတ်နောက်ဆုတ်သွားစေခဲ့သည်။

ယန်စယ် အလွန်ထိတ်လန့်သွားသဖြင့် မျက်လုံးပြူးသွားကာ အသည်းနှင့် သည်းခြေအိတ်တို့ ကွဲလုလုနီးနီး ခံစားနေရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ကိုယ်တွင်းအင်္ဂါများ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။

"အဲ့ဒါမင်းပဲ!"

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က.....

"ဟုန်လဲ့ ပုန်ကန်တဲ့နေ့က အိမ်ရှေ့စံကို ကယ်တင်ခဲ့တာ မင်းပဲ!"

ထိုစကားကြားသည့်အခါ ဧကရာဇ်ကျန်းယွီ ရဲ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

ယခင်က သံသယရှိခဲ့သော်လည်း ကျန်းချန်ရှန်းသည် ယခင်အိမ်ရှေ့မင်းသားကို ကယ်တင်ရန် အကြောင်းမရှိပေ။ ထို့အပြင်၊ ထိုလျှို့ဝှက်ဆန်းကြယ်သောလူ ပြသသော ကိုယ်ရည်ကိုယ်သွေးသည် ကျန်းချန်ရှန်း နှင့် လုံးဝကွဲပြားသော်လည်း လက်ရှိအခြေအနေအတိုင်းသာဆို........

ကျန်းချန်ရှန်းက.... "အတူပေါင်းပြီးတိုက်လည်းရတယ်.....ဒီနေ့ ဒီနေရာမှာ ဧကရာဇ်ကလွဲရင် အားလုံးသေစေရမယ်....အတူတူပူးပေါင်းနိုင်ရင်တော့ အသက်ရှင်နိုင်လိမ့်မယ်...."

သူတို့ အတူတူ တိုက်ခိုက်ရင်ကျန်းချန်းအတွက် စနစ်မှပေးသည့် ရှင်သန်ခြင်းဆုလာဘ် ကြီးကြီးမားမားရရှိနိုင်သည်။

ကျန်းချန်ရှန်အနေဖြင့် ထျန်းကန်ကိုချက်ချင်းမသတ်ရသည့်အကြောင်းရင်းမှာ ရှင်သန်ခြင်းဆုလာဘ်ကြောင့်ဖြစ်သည်။

ဒါဆို ချင်ဝမ်နှင့်ကျုံးထျန်းဝူ အန္တရာယ်ကျရောက်နေချိန် အဘယ်ကြောင့် မတိုက်ခိုက်ခဲ့သနည်း..

ကျုံးထျန်းဝူသည် ရန်သူများကို ကိုင်တွယ်ရန် လုံလောက်သောကြောင့်ဖြစ်သည်။ သို့သော် ကျုံးထျန်းဝူ သတိလက်လွတ်ဖြစ်ပြီး အဆိပ်ခတ်ခံခဲ့ရသည်။

သူ့စကားတွေက ခံစားချက်မဲ့ပေမယ့် လူတိုင်းက သူ့ထံမှဖြာထွက်လာသည့် သတ်ဖြတ်လိုစိတ်ကိုအာရုံခံမိနေသည်။

ထျန်းကန် မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေ ရွှေရောင်ပြောင်းသွားပြီး အော်ရာကလည်း အရင်ကထက် ပိုမိုထက်ရှလာသည်။ သူ၏ ခြေအောက်တွင် ကြောက်မက်ဖွယ် လေပြင်းများ ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို လေဆင်နှာမောင်းကဲ့သို့ ဖုံးအုပ်ထားသည်။

"ထျန်းရှန်ကျင်းချွဲ့က မင်းလက်ထဲမှာ သေသွားခဲ့ပြီ.... ငါဒီနေ့သေရင် သူရဲကောင်းသင်္ချိုင်းမှာ မြုပ်ပေးလို့ရမလား"

ထျန်းကန်က ကျန်းချန်ရှန်းကို စိုက်ကြည့်ကာ အသံတိုးတိုးဖြင့် မေးသည်။

သူသည် သိုင်းလောကတွင် နှစ်တစ်ရာနီးပါး ကျင်လည်ခဲ့ပြီး သူ၏ ပင်ကိုယ်စွမ်းရည်မှာ ပုံမှန်ထက် ထက်မြက်နေခဲ့သည်။ ယနေ့တိုက်ပွဲက သူ့အဆုံးသတ်ဖြစ်မည်ကို သိနေသည်။

"ဂရမ်းမာစတာတွေရဲ့ခေါင်းဆောင်က သူရဲကောင်းသင်္ချိုင်းမှာ မြှုပ်နှံခံရဖို့ထိုက်တန်ပါတယ်...."

သူသည် ထျန်းကန်ကို ခွဲခြားမဆက်ဆံခဲ့ပေ။ လူတိုင်းမှာ ကိုယ်ပိုင်အတွေးအမြင်နှင့်ခံစားချက်တို့ ရှိစမြဲပင်.... ဂရမ်းမာစတာများက ချူမင်းဆက်ကို ပြန်လည်အသက်သွင်းလိုပါက ဤသည်မှာ ၎င်းတို့ရွေးချယ်မှုပင်ဖြစ်သည်။

ထျန်းကန်က ပြုံးပြီး ညာလက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။

သူ့လက်ဖဝါး ရိုက်ချက်ကြောင့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ကမ္ဘာကြီးကို တောက်ပစေခဲ့သည်။ အလွန်ကြောက်စရာကောင်းတဲ့ လေတိုက်သံများ ထွက်ပေါ်လာသဖြင့် ယန်စယ်၊ကျုံးထျန်းဝူနှင့် အခြားလူများ အံ့သြတုန်လှုပ်စွာဖြင့် ရှောင်တိမ်းသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက သစ်တောတခုလုံးကို မွှေနှောက်နေသည်။

သို့သော် ထျန်းကန်ကိုရင်ဆိုင်နေသည့် ကျန်းချန်ရှန်းသည် တောင်တန်းကဲ့သို့ပင် ငြိမ်နေခဲ့သည်။ သို့သော်၊ သူ့ရဲ့ဝတ်ရုံက လွတ်လွတ်လပ်လပ် လွင့်ပျံနေပြီး လက်ဖဝါးတစ်ချက်ဖြင့် မမြင်နိုင်သော ဝိညာဉ်စွမ်းအင်များသုံးကာ လေပြင်းများကို ပိတ်ဆို့ထားသဖြင့် ရှည်လျားသော ချီနဂါး ဒါဇင်ပေါင်းများစွာကို ကွဲအက်သွားစေသည်။

ဒါကိုမြင်တော့ ထျန်းကန်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ချွေးစေးပျံလာသည်။

တစ်ဖက်လူက အရမ်းသန်မာမှန်း သိပေမယ့် သူ့ရဲ့နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်တိုင် တစ်ဖက်သားကို မည်သို့မျှထိခိုက်အောင်မလုပ်နိုင်ခဲ့ပေ။

ဧကရာဇ်ကျန်းယွီသည်လည်း သေလုအောင်ထိတ်လန့်နေသည်။ အရင်က ထျန်းကန်ရဲ့ အင်အားကို မြင်ခဲ့ဖူးသည်။ လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် ထျန်းကန်ကို ချေမှုန်းနိုင်မည်မဟုတ်ပေ။ သူသည် ဂရမ်းမာစတာငါးပါး၏ ခေါင်းဆောင်ဖြစ်ပြီး စစ်မှန်သောပညာရှင်ဖြစ်သည်။ ထိုသို့သော ကျွမ်းကျင်သူသည် ဆရာတော်ချန်ရှန်း ကို လုံးဝမထိခိုက်စေနိုင်ခဲ့ပေ။

ကျန်းချန်ရှန်းသည် ဘယ်လက်ကို မြှောက်လိုက်ပြီးလက်ညိုးညွှန်ကာ တစ်မီတာခန့်သာကွာဝေးတော့သည့် ထျန်းကန်၏ နဖူးကို ထောင့်ဖြတ် ညွှန်ပြလိုက်သည်။

တခဏချင်းမှာပင် ထျန်းကန် ရုတ်တရက် ခုန်ထွက်သွားပြီး ကျန်းချန်ရှန်းနဲ့ ခပ်ခွာခွာနေလိုက်သည်။

ထျန်းကန် နောက်ဆုတ်သွားချိန်တွင် ဧကရာဇ်ကျန်းယွီသာလျှင် ကျန်းချန်ရှန်း ၏ရှေ့တွင်ရှိေ ပြီး သူ၏လက်ညိုးကို ထိတွေ့လိုက်ရလေသည်။ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များက သူ့ကို အေးခဲသွားစေခဲ့သည်။

ဒုန်းးးးး

ဧကရာဇ်ကျန်းယွီ အလွန်ထိတ်လန့်သွားပြီး ကျန်းချန်ရှန်းရှေ့တွင် ဒူးထောက်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့ပြီး မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေ ပြည့်နှက်နေသည်။

ကျန်းချန်ရှန်းက လက်ကို ပြန်ရုတ်လိုက်ပြီး.....

“ဧကရာဇ်.... မင်းဘာလို့ ဒူးထောက်နေတာလဲ။ ငါ မင်းကို မသတ်ဘူးလို့ ပြောထားတယ်လေ.... ကျန်တဲ့သူတွေကိုပဲ သတ်မှာပါ.... သူတို့ မလွတ်မြောက်နိုက်တာမို့ ဂရုဏာထားပေးဖို့ လာမတောင်းဆိုနဲ့......”

ဧကရာဇ်ကျန်းယွီ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ခေါင်းငုံ့ထားကာ အင်္ကျီလက်စများကို ဆုပ်ကိုင်ထားသည်။

ထျန်းကန်သည် သူ၏တည်ငြိမ်သောအသွင်အပြင်ကို မေ့ထားလိုက်ကာ ဒေါသတကြီးဖြင့်.....

. “အားလုံး အတူတူ တိုက်ခိုက်ကြ.... ဘယ်သူမှ မလွတ်မြောက်နိုင်တဲ့အတွက် သေခြင်းတရားကိုတိုက်ခိုက်ရင်း ရင်ဆိုင်ကြမယ်!”

ကျန်သော လုပ်ကြံသတ်ဖြတ်သူ ဆယ့်နှစ်ပါးနှင့်ယန်စယ်တို့က နုံအသူများမဟုတ်ကြပေ။ ကျန်းချန်ရှန်း၏ လှုပ်ရှားမှုကို မြင်နေသဖြင့် အတူမပူးပေါင်းရင် တစ်ယောက်ချင်းအမှည့်ချွေခံရတော့မည်ကို နားလည်ကြသည်။

ဤသို့ဖြင့် အားလုံးပူးပေါင်းပြီး ကျန်းချန်ရှန်းကို ပတ်လည်ဝိုင်းထားလိုက်ကြသည်။

ကျန်းချန်ရှန်းသည် မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်ပြီး တိုင်ဟန် ဓားကို ဆွဲထုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက နှေးကွေးနေပုံရပေမယ့် အခြားသူများ၏အမြင်တွင်၊ သူသည် မြေပြင်သို့ လျှပ်တပြတ်တည်နေရာကူးပြောင်းပြီးရောက်လာသလိုပင်....

"ငါ့ကိုစိတ်မပျက်စေနဲ့....."

ကျန်းချန်ရှန်း၏ စကားသံ သူတို့၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသည်။ သူသည် ဓားကိုမြှောက်ကာ ထောင့်ဖြတ်လွှဲခုတ်လိုက်သည်။ ချက်ခြင်းပင်၊ ဓားချီများသည်ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ပေါက်ကွဲပြီး အရပ်ရပ်သို့ စီးဆင်းသွားသည်မှာ ရပ်တန့်လို့မရသည့်နှယ်.....

ချင်ဝမ်နှင့်ကျုံးထျန်းဝူတို့သည် ကျန်းချန်ရှန်း ၏ အဆုံးမဲ့ဓားချီကိုသာ ဖြတ်ကနဲ မြင်လိုက်ရသည်။ ကျုံးထျန်းဝူက ချင်ဝမ် ရှေ့သို့ အလျင်အမြန်ရောက်လာပြီး ပိတ်ဆို့ထားပေမယ့် ဓားချီက သူတို့ကို မထိတာကြောင့် အံ့သြခဲ့ရသည်။

ကျယ်လောင်သော ပေါက်ကွဲသံများ နေရာပေါင်းစုံမှ ထွက်ပေါ်လာသည်။ ဓားချီကြောင့် သစ်ပင်များဆိုမထားနှင့် တောင်တန်းများပင် တဝုန်းဝုန်းပြိုကျနေပြီ......

သုံးစက္ကန့်လောက်အကြာတွင် ဓားချီ ပျောက်သွားသည်။

နှစ်ကီလိုမီတာအကွာအဝေးအတွင်းမှာရှိသမျှ အရာအားလုံးဟာ ဆိတ်သုဉ်းသွားခဲ့ချေပြီ.....

ထျန်းကန်၊ ယန်စယ်နှင့်လူသတ်သမား ၁၂ ယောက်တို့သည် တိုက်ခိုက်ရန်အသင့်အနေအထားဖြင့် မြေပြင်ပေါ်တွင် အမြစ်တွယ်နေကြဆဲဖြစ်သည်။ သူတို့ခန္ဓာကိုယ်ထဲက သွေးတွေ စိမ့်ထွက်လာပြီး မြေပြင်ပေါ်ရုတ်တရက်လဲကျသွားလေ၏။

အားလုံးသေကုန်ပြီ........

ဤမြင်ကွင်းက ချင်ဝမ်နှင့်ကျုံးထျန်းဝူ တို့ကို မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားစေခဲ့သည်။

သိုင်းလောက၏ ထိပ်တန်းပညာရှင်ဖြစ်သူ ကျုံးထျန်းဝူသည် မြင်ဖူးကြားဖူးသမျှအားလုံး ဖြိုခွဲခံလိုက်ရသည်ဟုသာ ခံစားခဲ့ရသည်။ ဤလောက၌ ထိုသို့သောပညာရှင်တစ်ယောက် မည်သို့ရှိနိုင်မည်နည်း။

ကျန်းချန်ရှန်းက တိုင်ဟန်ဓားကို ဓားအိမ်ထဲ မထည့်ခင် ဓားပေါ်က မြက်တွေကို ညင်သာစွာ သုတ်ဖယ်လိုက်သေးသည်။

ထို့နောက် သူက ဧကရာဇ်ကျန်းယွီထံသို့ တလှမ်းချင်း လျှောက်သွားခဲ့သည်။

ဧကရာဇ်ကျန်းယွီ၏ တစ်ကိုယ်လုံး တောင့်တင်းနေပြီး သူ့မျက်နှာပေါ်တွင် အေးစက်သော ချွေးများစီးကျနေသည်။ အလွန်အမင်းထိတ်လန့်နေသဖြင့် ကျန်းချန်ရှန်ကို မကြည့်ဝံ့ပေ။ ယခုချိန်တွင် ဧကရာဇ်တပါး၏ထည်ဝါမှုမျိုးလည်း ပျောက်ဆုံးနေလေ၏။

ကျန်းချန်ရှန်းက သူ့နဂါးဝတ်ရုံပေါ်က ဖုန်တွေကို ခါပေးရင်းပြုံးလိုက်သည်။

“မင်းကြီး.... ပြန်ဖို့အချိန်တန်ပြီ....."

ကျန်းဇီယုကြောင့် ဧကရာဇ်ကျန်းယွီကို မသတ်ခဲ့ပေ။ ဧကရာဇ် ကွယ်လွန်သွားသည်နှင့်

အခြေအနေများကပို၍ ကမောက်ကမ ဖြစ်သွားမှာ သေချာသည်။ ကျန်းဇီယုကို ပြန်ခေါ်ပြီး ဧကရာဇ်ဖြစ်လာအောင် ပံ့ပိုးပေးမယ်ဆိုရင်တောင် ပြည်နယ် အသီးသီးက ပုန်ကန်ဖို့ အခွင့်အရေးယူကြလိမ့်မည်။ ထို့အပြင် ရှေးဟောင်းဟန်မင်းဆက်၊ကျင်းမင်းဆက်နှင့် အနီးနားရှိ မင်းဆက်များက အချိန်မရွေး ကျူးကျော်ဝင်ရောက်နိုင်ပြီး ထိုသို့ဖြစ်လျှင် အခြေအနေ ဆိုးရွားသွားမည်ဖြစ်သည်။

ကျန်းချန်ရှန်း ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းဖြတ်သတ်ခဲ့ရင်တောင် သိုင်းပညာလောကကိုသာ အနိုင်ယူနိူင်ပြီး ဧကရာဇ်တပါး၏ အာဏာကို စုစည်းဖို့ အချိန်ယူရဦးမည်...

ယခု ကျန်းချန်ရှန်းသည် မဟာယာနနဂါးမျှော်စင်ကို မကြောက်တော့ပေ။နဂါးမျှော်စင်ကသာ ရူးမိုက်စွာနဲ့ ကျန်းဇီယု၏အရေးကိစ္စများကို ဝင်ရှုပ်လာလျှင် ရှင်သန်ခြင်းဆုလာဘ်တွေရအောင် ကျန်းချန်ရှန်းကိုယ်တိုင်ဖြေရှင်းရပေလိမ့်မည်။

ဧကရာဇ်ကျန်းယွီက မော့ကြည့်ပြီး ....

“ ဆရာတော် ပြောတာ မှန်ပါတယ်.... ငါ နန်းတော်ကိုပြန်ရမယ်...''

အချိန်အတော်ကြာ လမ်းလျှောက်ပြီးမှသာ ကျန်းယွီသည် သူ၏ အစစ်အမှန်ချီကို လှည့်ပတ်ကာ ချီနဂါးကိုစီးနင်း၍ တချိုးတည်းလစ်ပြေးလေတော့သည်။

ကျန်းချန်ရှန်းက မနီးမဝေးတွင်ရပ်နေသော ချင်ဝမ်ကို ကြည့်ကာ..... "လုံချီ ဘုရားကျောင်းမှာ ဧကရီရဲ့သင်္ချိုင်းဂူရှိတာမို့ ဂါရဝပြုဖို့ လာခဲ့နိူင်ပါတယ်....."

ထို့နောက် တိုင်ဟန်ဓားကိုစီးနင်းပြီး ပျံသန်းထွက်ခွာသွားခဲ့သည်။

ကျုံးထျန်းဝူက ကျန်းချန်ရှန်း၏ ကျက်သရေရှိမှုကို သဘောကျသဖြင့် သက်ပြင်းချကာ.... "လေထဲမှာ ဓားတစ်ချောင်းစီးပြီးပျံသန်းရတာ တကယ့်ကို ထူးခြားနေမှာပဲ"

ချင်ဘုရင်၏အမူအရာက အလွန်ရှုပ်ထွေးပြီး ဘာတစ်ခွန်းမှ မတုံ့ပြန်ခဲ့ပေ။

..................

တော်ဝင်စာကြည့်ခန်းထဲတွင်......

ဧကရာဇ်ကျန်းယွီသည် ဆံပင်စုတ်ဖွားဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ စားပွဲပေါ်တွင်ကြုံသလိုပစ်ထားသော သဝဏ်လွှာများကလည်း မနည်းလှပေ။

" ဟုန်လဲ့ ပုန်ကန်တဲ့နေ့က အိမ်ရှေ့စံကို ကယ်သွားတဲ့သူက ဆရာတော် ချန်ရှန်း ....ပြီးတော့ ထျန်းကန်နဲ့ယန်စယ် သေပြီ ???"

ကပ်ဘေးဗုဒ္ဓသည် ညီတော် ဘေးဆိုးဗုဒ္ဓအတွက် လက်စားချေချင်သော်လည်း တဖက်လူက အင်မတန်အစွမ်းထက်နေသဖြင့် အံသြထိတ်လန့်နေသည်။

ဧကရာဇ်ကျန်းယွီက ပြန်မဖြေနိူင်သေးဘဲ အတွေးထဲတွင်နစ်မြောနေသည်။

ကပ်ဘေးဗုဒ္ဓက အသက်ပြင်းပြင်းရှူပြီး.....

“အရှင်မင်းကြီး...အကူအညီတောင်းဖို့ မဟာယာနနဂါးမျှော်စင်ကို သွားလိုက်မယ်”

သူလှည့်ထွက်သွားတော့မည့်အချိန်တွင်.....

"ခဏနေဉီး...!"

ဧကရာဇ်ကျန်းယွီက ရုတ်တရက် အော်လိုက်သဖြင့် ကပ်ဘေးဗုဒ္ဓက တအံ့တသြ လှည့်ကြည့်နေသည်။

"မသွားနဲ့...မသွားနဲ့တော့....."

မဟာယာနနဂါးမျှော်စင်က သူ့ကို ထောက်ပံ ပေးလိုက်တာနဲ့ အနိုင်ရရင်တော့ ကိစ္စမရှိပေ။သို့သော် ရှုံးနိမ်ခဲ့လျှင် မဟာယာနနဂါးမျှော်စင်က လွတ်မြောက်နိုင်ပေမယ့် သူကတော့ မလွဲမသွေ အသက်ပေးရလိမ့်မည်။

ကျန်းချန်ရှန်းက အရမ်းသန်မာသည့်အတွက် မဟာယာန နဂါးမျှော်စင်တွင် မည်သူမျှ သူ့ကို မယှဉ်နိူင်ကြောင်း အလေးအနက် သံသယဖြစ်မိသည်။

ကျန်းချန်ရှန်းသည် မိုးကြိုးအတိဒုက္ခကို ကျော်လွှားပြီး ဝိညာဉ်မြွေကို မွေးမြူနိုင်ခဲ့သူဖြစ်သည်။ နှောင်းဧကရာဇ်သည် သူနှင့် ကောင်းမွန်စွာ ဆက်ဆံပြီးနောက် နှစ်အနည်းငယ်ကြာ အသက်ပိုရှည်ခဲ့သည်။ထိုအချက်တွေကြောင့် ကျန်းချန်ရှန်းက အင်မော်တယ်လူဝင်စားဖြစ်နေသလားဟုပင် ရုတ်တရက် ခံစားလိုက်ရသည်။

ကပ်ဘေးဗုဒ္ဓက ကျန်းယွီကို မယုံကြည်နိုင်စွာကြည့်ကာ.....

"အရှင်မင်းကြီး ဒီလိုပဲ သည်းခံတော့မှာလား....ဒီကောင်က နောက်ဆို တော်ဝင်တရားရုံးကို မျက်စိထဲတောင်ထည့်တော့မှာမဟုတ်ဘူး..... ဧကရာဇ်တစ်ပါးဖြစ်နေပါရက်နဲ့ ဒီလိုလူကို တသက်လုံးခေါင်းငုံ့ပေးတော့မလို့လား...."

“ဒါက အရှင်မင်းကြီးတစ်ယောက်တည်း ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်တော့ဘူး.... လုံချီ ဘုရားကျောင်းကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်ရမယ်....တကျန်းက မဟာယာန နဂါးမျှော်စင်ရဲ့ နယ်မြေပဲ.....”

ဤသို့ မိန့်တော်မူပြီးနောက် ကပ်ဘေးဗုဒ္ဓ ဒေါသတကြီး ထွက်သွားခဲ့သည်။

ဧကရာဇ်ကျန်းယွီက တစ်ခုခုပြောချင်သော်လည်း ချီတုံချတုံ ဖြစ်နေသည်။

အဘယ့်ကြောင့်ဆိုသော်တွေ့မြင်ခဲ့ရသည့်မြင်ကွင်းများက အတွေးထဲကနေ ထုတ်ပစ်လို့မရအောင်စွဲထင်နေသည်.......

All Chapters