← Chapters

ရွှေကြေးခွံကျောက်စိမ်းသစ်ရွက်...ရန်ထျန်းကယ်.....

Vol. 4 Ch. 48

ရွှေကြေးခွံကျောက်စိမ်းသစ်ရွက်...ရန်ထျန်းကယ်.....

Vol. 4 Ch. 48

[TN/ ရန်ထျန်းကယ်...Burning Sky Pavilion မြန်မာလိုရေးရင် စာရှည်ပြီးဖတ်ရတာထောက်လို့ပါ.....]

[ ကျန့်ယွီ တတိယနှစ်တွင်၊ ဧကရာဇ်သည် မဟာယာနနဂါးမျှော်စင်မှ ကျွမ်းကျင်သူများကိုဉီးဆောင်ပြီး သင့်ရဲ့ညီအရင်း ကျန်းယုကိုလုပ်ကြံခဲ့သည်။ သင်သည် သူ့ကို ကယ်တင်ပြီး ကျွမ်းကျင်တဲ့ အဖွဲ့တစ်ဖွဲ့၏ ဝိုင်းရံမှုမှ အောင်မြင်စွာ လွတ်မြောက်ခဲ့သည်။ သင်သည် ဘေးဆိုးတစ်ခုမှ လွတ်မြောက်ခဲ့ပြီး ရှင်သန်ခြင်းဆုလာဘ်အဖြစ် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက် မှော်ရတနာကိုရရှိသည်။ ]

အခန်းထဲရောက်တော့ ကျန်းချန်ရှန်းက စာသားတွေကိုကြည့်ပြီး ပြုံးနေသည်။

မှော်ရတနာတဲ့လား.....

ချီလင်သားမြီးနှင်တံသည် ဓမ္မလက်နက်တစ်ခုသာဖြစ်သည်။၎င်းသည် ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်နိုင်သည့် အသွင်ကူးပြောင်းရေးလက်နက်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် မှော်ရတနာများက ပိုမိုအားကောင်းသင့်သည်။

ရွှေကြေးခွံကျောက်စိမ်းသစ်ရွက်ကို ချက်ချင်းလက်ခံလိုက်သည့်အခါ ၎င်းနှင့်ပတ်သတ်သော မှတ်ဉာဏ်များ သူ့စိတ်ထဲတွင် ပေါ်လာသည်။

ရွှေကြေးခွံကျောက်စိမ်းသစ်ရွက်သည် နတ်သားရဲ၏ အကြေးခွံများဖြင့် ပြုလုပ်ထားသော မှော်ရတနာဖြစ်သည်။၎င်းတွင် ရန်သူများကိုသတ်နိုင်ပြီး ၎င်းတို့၏တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင်သည့် ကန့်သတ်ချက်ကိုးခုပါရှိသည်။ ၎င်း၏အသုံးပြုမှုအတိအကျနှင့် ပတ်သက်၍ စမ်းသပ်ပြီးနောက်မှသာ သိနိုင်မည်ဖြစ်သည်။

မှော်ရတနာတစ်ခုကို သန့်စင်ရန် ကန့်သတ်ချက်များကိုသိရန် လိုအပ်သည်။ ကျန်းချန်ရှန်းသည် အမွေဆက်ခံထားသည့် မှတ်ဉာဏ်များအတိုင်း မှော်ရတနာကိုစတင်သန့်စင်ခဲ့လေသည်။

ညချမ်းချိန်ခါတွင်.....

ကျန်းချန်ရှန်းသည် ရွှေအကြေးခွံကျောက်စိမ်းသစ်ရွက်ကို အောင်မြင်စွာ သန့်စင်ပြီးနောက်တွင် ၎င်းကို သိမ်းဆည်းကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ချင်ဝမ်၊ ကျုံးထျန်းဝူ၊ ဟွမ်းချွမ်၊ လင်းရှောင်နှင့် ဝမ်ချန်းတို့တတွေ ခြံဝင်းထဲတွင် စကားစမြည်ပြောနေကြသည်။

ချင်ဝမ်သည် သူ့မိခင်အား ဂါရဝပြုပြီးဖြစ်၍ ကျုံးထျန်းဝူ၏ဒဏ်ရာများကိုလည်း ပတ်တီးစည်းထားသည်။ လုံချီဘုရားကျောင်းကို ဒုက္ခမဖြစ်စေဖို့အတွက် သူတို့တစ်ရက် အနားယူပြီး မနက်ဖြန် တောင်ပေါ်ကို ဆင်းဖို့ စီစဉ်ထားကြသည်။

ကျန်းချန်ရှန်း လမ်းလျှောက်လာတာကိုမြင်တော့ ချင်ဝမ် နဲ့ ကျုံးထျန်းဝူ က အမြန်ထပြီး လက်သီးဆုပ်ကာအရိုအသေပြုလိုက်ကြသည်။ ဤအခိုက်အတန့်တွင် ကျုံးထျန်းဝူ သည် သူ၏မောက်မာမှုကို ထိန်းထားခဲ့သည်။

“ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး..... ရှေ့လျှောက် ဘာဆက်လုပ်ဖိ့ အစီအစဉ်တွေရှိလဲ...."

ချင်ဝမ်က မချိတင်ကဲ ပြုံးလိုက်ပြီး....

"ကျုပ် တကျန်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်.....ကျုံးထျန်းဝူကတော့ စစ်တပ်ကနေအနားယူပြီး သူ့မူလဂိုဏ်းဆီပြန်သွားမှာပါ....."

ဧကရာဇ်ကိုအပြစ်ပြုထားသည့်အတွက် နှစ်ယောက်စလုံး တကျန်းတွင်နေလို့မဖြစ်တော့ပေ။

သူသည် လုံလောက်သော ကြံ့ခိုင်မှု မရှိသောကြောင့် ကျုံးထျန်းဝူကိုပါ အန္တရာယ်တောထဲဆွဲမခေါ်ချင်တော့ပေ။ ဆွေမျိုးတွေ မရှိတော့တဲ့အတွက် အခုချိန်မှာ တော်တော်များများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ချေပြီ......

ဝမ်ချန်းကလည်း ဘာကိုမှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ နောက်ဆုံးတွင်၊ သူသည် အတိတ်ကို မေ့ပစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ကျန်းချန်ရှန်းက.... "မင်းက မင်းသားတစ်ပါးလေ....ဒါတွေကိုလွယ်လွယ်လွှတ်ချနိုင်လို့လား....."

"အရင်ကဖြစ်ခဲ့ဖူးတာပါ....အခုချိန်မှာမင်းသားဆိုတဲ့ဂုဏ်ပုဒ်က ဘာများအရေးကြီးတော့လို့လဲ...."

ကျုံးထျန်းဝူက ဘာမှပြန်မပြောခဲ့ပေဖယ ယနေ့တိုက်ပွဲအပြီးတွင် သူသည် သိုင်းဆက်လက်သင်ယူရန် လိုအပ်နေသေးသည်ဟု ခံစားမိသည်။

ကျန်းချန်ရှန်းက ဝမ်ချန်း ငှဲ့ပေးထားတဲ့ လက်ဖက်ရည်ကို ယူလိုက်ပြီး......

" မင်းဘာလို့ ဝေ့ဝမ်ဆီသွားပြီး ခိုလှုံဖို့ မလုပ်တာလဲ...ငါ မင်းအတွက် စာတစ်စောင်ရေးပေးလိုက်မယ်... ဝေ့ဝမ်ကို နန်းတင်လိုက်မယ်ဆို ဝေ့ဝမ်က မင်းကို ချင်ဘုရင်ရာထူးကို ဆက်ခံခွင့်ပေးမယ်..... ကျုံးထျန်းဝူ သူ့ဂိုဏ်းကိုပြန်သွားရင်တောင် နဂါးမျှော်စင်ကအလွတ်ပေးမှာမဟုတ်ဘူး...."

ချင်ဝမ်က မျက်မှောင်ကြုတ်ပြီး.... “ဝေ့ဝမ်က လက်ရှိဧကရာဇ်ရဲ့ သားတော်လေ.…”

မြောက်ပိုင်းနယ်မြေမှာ ကျန်းဇီယုနဲ့တွေ့ဖူးတာကို ပြန်အမှတ်ရလိုက်မိသည်။ ကျန်းဇီယု သည် အလွန်စိတ်အားထက်သန်ပြီး သူ့ကိုလည်း လေးစားသည်။ ဧကရာဇ်နှင့် သူ၏ဆက်ဆံရေးကို ဘေးဖယ်ထားလိုက်လျှင် ကျန်းဇီယုကို အမှန်တကယ် အားကိုးနိုင်သည်။

ကျုံးထျန်းဝူ ရုတ်တရက်နားလည်လာပြီး.....

"သိပြီ.... လုံချီ ဘုရားကျောင်းက ဝေ့ဝမ်ကိထောက်ခံတယ်...ဒါ့ကြေင့် ဝေ့ဝမ်ရဲ့လက်ရင်းဆရာဖြစ်တဲ့ ဆရာတော်ချန်ရှန်းက ဧကရာဇ်ကို တိုက်ခိုက်ရဲတာပေါ့.... ဧကရာဇ်က တရားမဝင်တဲ့သားတော်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်တယ်ဆိုတဲ့ ကောလဟာလတွေလဲရှိတယ်.... ဝေ့ဝမ်လည်း ဒါကိုကျေနပ်မှာမဟုတ်ဘူး......"

ချင်ဘုရင်က တုံ့ဆိုင်းနေပြီး.... “ဝေ့ဝမ် နန်းတက်ရင်တောင် ကျုပ်စိုးရိမ်တာက......"

ကျန်းချန်ရှန်းက ပြုံးပြီး....

“စိတ်မပူပါနဲ့...အနာဂတ်မှာ သူ့ရဲ့ စိတ်နေစိတ်ထား ပြောင်းလဲသွားရင်တောင် လုံချီ ဘုရားကျောင်းမှာ မင်းကိုဖွက်ထားပေးနိူင်ပါသေးတယ်.... ဝေ့ဝမ်ကို ငယ်ငယ်ကတည်းက သင်ကြားပေးခဲ့တာမို့ သူကကိုယ်ရေးကိုယ်တာ ဆက်ဆံရေးနဲ့ ယှဉ်ရင် တိုင်းပြည်နဲ့ ဖြောင့်မတ်မှုကို ပိုဂရုစိုက်တယ်....ဒီနှစ်တွေတလျှောက်လုံး မင်းရဲ့အောင်မြင်မှုတွေကြားပြီး မင်းကို အရမ်းအထင်ကြီးလေးစားနေတာ.... သူ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါဘူး..."

ချင်ဝမ်က ကျုံးထျန်းဝူကို ကြည့်လိုက်သည်။

ကျုံးထျန်းဝူက... " ဝေ့ဝမ်က ရိုးသားတယ်..... အရင်တစ်ခေါက်တွေ့ခဲ့တုန်းက ကြောင်သူတော်လိုလူစားမျိုးမဟုတ်မှန်းသိခဲ့ရတယ်.... ငါတို့ဘာလို့မစမ်းကြည့်တာလဲ..... ဧကရာဇ်က ဒိီနေ့ကိစ္စကြောင့် သေချာပေါက် ရန်ငြိုးထားနေမှာပဲ..... အခုလောလောဆယ် လွှတ်ထားပေးပေမယ့် နောင်တချိန် ပြသာနာမရှာဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး..... ဝေ့ဝမ်ဆီမှာ ခိုလှုံလိုက်ရင် ဧကရာဇ်လည်း ထိရဲမှာမဟုတ်တော့ဘူး....."

ချင်ဝမ်က အသက်ပြင်းပြင်းရှူပြီး.... "ကောင်းပြီ၊ ဆရာတော့် စကားကို နားထောင်ပါ့မယ်!"

ကျန်းချန်ရှန်းက ရယ်လိုက်ပြီး.....

"ဝမ်ချန်း... စာရွက်နဲ့ စုတ်တံယူလာပေးပါ...."

ကျုံးထျန်းဝူက သိုင်းပညာအတွက် လမ်းညွှန်မှုပေးရန် စတင်တောင်းဆိုခဲ့သည်။ ကျန်းချန်ရှန်းကလည်း ကျုံးထျန်းဝူ၏ သေသည်အထိ တိုက်ပွဲဝင်ရဲသော သတ္တိကို ကောင်းစွာ မှတ်သားထားသောကြောင့် လေးနက်သော လမ်းညွှန်မှုများ ပေးခဲ့သည်။

ကျန်းချန်ရှန်သည် အင်မော်တာအိုကျင့်ကြံသူဖြစ်သောလည်း အဆုံးစွန် သိုင်းပညာများစွာကို လေ့လာခဲ့ဖူးသည်။ စကြဝဠာနယ်ပယ် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သော သူ၏ အောင်မြင်မှုများကြောင့် ကျုံးထျန်းဝူကို လမ်းညွှန်ရန် လုံလောက်ခဲ့ပါသည်။

နောက်တစ်နေ့မနက်တွင် ချင်ဝမ်နှင့် ကျုံးထျန်းဝူတို့နှစ်ဉီး ဝေ့ဝမ်ထံ ခိုလှုံရန် တောင်ပေါ်မှဆင်းသွားခဲ့ကြသည်။

ကျုံးထျန်းဝူသည် လက်တစ်ဖက်ဆုံးရှုံးခဲ့သော်လည်း နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်နေဆဲဖြစ်သည်။ သူ့အကူအညီဖြင့် ဝေ့ဝမ်အတွက် အင်အား မြင့်မားလာမည်ဖြစ်သည်။

လုံချီဘုရားကျောင်း၏ ငြိမ်းချမ်းရေးသည် သူတို့နှစ်ဦးကြောင့် မပြိုကွဲခဲ့ပေ။ သို့ရာတွင်၊ သူရဲကောင်းဂူဗိမာန်တွင် နောက်ထပ်အုတ်ဂူတစ်ခုတိုးလာကြောင်း တပည့်အချို့သာ သတိပြုမိခဲ့သည်။

ဆရာတော်ထျန်းကန်.....

ကျုံးထျန်းဝူက သူ့အလောင်းကို လုံချီ ဘုရားကျောင်းသို့ သယ်ဆောင်ခဲ့သည်။ ရန်သူတွေဖြစ်ပေမယ့် ကျုံးထျန်းဝူက သူ့ကို လေးစားခဲ့သဖြင့် ကိုယ်တိုင်သင်္ဂြိုဟ်ပေးဖို့ ကျန်းချန်ရှန်းကို တောင်းဆိုခဲ့သည်။

လုံချီဘုရားကျောင်း၏တပည့်အများစုက ထျန်းကန် ၏အမည်ကိုမသိကြသော်လည်း ဘုရားဖူးလာကြသူများကတော့ သိနေကြသည်။

နှစ်လမပြည့်မီတွင် ထျန်းကန်ကို လုံချီဘုရားကျောင်းတွင်မြှပ်နှံထားသည့် သတင်းက နိုင်ငံတစ်ဝှမ်းပြန့်နှံ့သွားခဲ့သည်။

ဂရမ်းမာစတာ ငါးယောက်ထဲက နှစ်ယောက်ကို လုံချီဘုရားကျောင်းကသူရဲကောင်းဂူဗိမာန်မှာ မြှုပ်နှံထားသည့် သတင်းက သိုင်းလောကကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။

ကျန်းချန်ရှန်းကတော့ သိုင်းလောကအကြောင်း ဘာမှမသိခဲ့ဘဲ ဘုရားကျောင်းထဲတွင်သာ အေးချမ်းစွာကျင့်ကြံနေခဲ့သည်။

ဧကရာဇ်ကလည်း ပြဿနာမရှာတော့ဘဲသစ်သီးဝလံ၊ လက်ဖက်ခြောက်တို့ကို ပေးပို့ပြီးစေတနာကောင်းများကိုပြသခဲ့သည်။

ကျန်းယွီဘက်က ဘယ်လိုပင်သဘောထားနေပါစေ ကျန်းဇီယု တိုင်းပြည်တည်ထောင်လျှင် အာဏာပေးအပ်ရမည်သာ......

မကြာသေးမီက ရွှေအကြေးခွံ ကျောက်စိမ်းသစ်ရွက်မှော်ရတနာနှင့် ရင်းနှီးစေရန် မြို့အပြင်ဘက်က တောအုပ်သို့ မကြာခဏ ပျံသန်းခဲ့သည်။ ဒီမှော်ရတနာက တကယ်ကို အစွမ်းထက်လွန်းတာကြောင့် သူ့ကို ကျင့်ကြံသူတစ်ယောက်အဖြစ် အမှန်တကယ်ခံစားရစေသည်။

နှစ်လအကြာတွင်.......

ကျန်းချန်ရှန်းသည် မှော်ရတနာကို အပြည့်အဝသန့်စင်နိုင်ခဲ့ပြီး ၎င်း၏ အမျိုးမျိုးသောစွမ်းရည်များကို အသုံးပြုနိုင်ခဲ့ပြီဖြစ်သည်။

ချင်ဝမ်ကို ကယ်တင်ခဲ့စဉ်က တိုင်ချင်းဓားနည်းစနစ်ကိုသာ အသုံးပြုပြီး ရန်သူအုပ်စုကို တစ်ချက်တည်းဖြင့် အဆုံးသတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် အပြစ်မဲ့ပြည်သူများကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် မိမိကိုယ်ကို ချုပ်တည်းရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

တစ်နေ့သ၌....

ကျန်းချန်ရှန်းသည် လိုအပ်နေသော စွမ်းအားမြှင့်ဆေးများအပြင်၊ အခြားဆေးများကို သန့်စင်နေစဉ် ခြံဝင်းအပြင်မှ ဟွမ်းချွမ်၏အသံကိုကြားလိုက်ရသည်။

" ဒါက ဆရာတော်သီတင်းသုံးတဲ့ခြံဝင်း.....ခွင့်ပြုချက်မရှိရင် ဝင်လို့မရဘူး......"

“တချက်လောက်ပဲ အဝေးကကြည့်ပါရစေ...ပြီးရင်ထွက်သွားပါ့မယ်....."

အသက်ငါးဆယ်ကျော်အရွယ် အဘွားအိုတစ်ဉီးက ကလေးမလေး၏လက်ကို ဆုပ်ကိုင်ထားပြီး ကျန်းချန်ရှန်းကို အဝေးမှကြည့်နေသည်။

အဘွားအိုသည် သစ်ပင်အောက်တွင် ဆေးဝါးသန့်စင်နေသည့် ကျန်းချန်ရှန်းတွေ့သောအခါ သူမ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး ရှုပ်ထွေးသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကနဲ့ အတူတူပဲ… သူက တကယ်ကို အင်မော်တယ်တစ်ပါးပဲ...…”

ဟွမ်းချွမ်က တိုးညှင်းသောလေသံဖြင့်....

“ကြည့်ပြီးပြီဆိုလည်း မြန်မြန်သွားပါတော့....."

အဘွားအိုက ကျန်းချန်ရှန်း ကို ခဏလောက် ကြည့်နေပြီး ကလေးမလေးကိုခေါ်ကာ ပြန်ထွက်သွားလေတော့သည်။သို့သော်လည်း နောက်ကြောင်းပြန်လှည့်လာမည်စိုး၍ ဟွမ်းချွမ်က အနီးကပ်လိုက်ကြည့်ပေးနေသည်။

အဘွားအိုက ပိုက်ဆံအိတ်ကို ထုတ်ကာ ဟွမ်းချွမ်ကို ပေးလိုက်ပြီး...

."ငါ့သမီးကို ဒီကျောင်းမှာအပ်ခဲ့လို့ရမလား...."

ဟွမ်းချွမ်က ပိုက်ဆံအိတ်ကို ဖျစ်ညှစ်လိုက်ပြီး....

“မသင့်တော်ဘူးထင်တယ်.... လုံချီဘုရားကျောင်းက မိဘမဲ့ကလေးတွေကိုပဲ လက်ခံတာ....."

အဘွားအိုက မချိတင်ကဲ ပြုံးလိုက်ပြီး....

"ရပါတယ်....ငါလည်း ကြာကြာ အသက်ရှင်နိုင်မှာမှ မဟုတ်တာ....."

....................................

ဆေးသန့်စင်နေသော ကျန်းချန်ရှန်းသည် ထိုသားအမိရောက်လာသည်ကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ပေ။

လုံချီဘုရားကျောင်း ပိုမိုအားကောင်းလာနေပြီဖြစ်သောကြောင့် တပည့်များကို လက်ခံဖို့ ဆုံးဖြတ်ရန်မှာ မန်ချွဲ့ဆောင်ပေါ်တွင်သာ မူတည်သည်။

အဘွားအို မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိချင်ခဲ့ပေ။ နှစ်များတစ်လျှောက်တွင် လုံချီဘုရားကျောင်းသို့ မရေမတွက်နိုင်သော ဘုရားဖူးများရောက်လာကြပြီး သူ့ခြံဝင်းအတွင်းသို့ ခိုးဝင်သူအများအပြားရှိခဲ့သည်။ အများစုမှာ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များဖြစ်သည်။

ကျန်းချန်ရှန်း၏ ဘွဲ့အမည်သည်လည်း အင်မော်တယ်ဆရာတော်ချန်ရှန်းအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်သည်။

အင်မော်တယ်ချန်ရှန်းကိုတွေ့မြင်ရဖို့သည် လူအများ အိပ်မက်မက်ခဲ့သော အရာဖြစ်သည်။

ကျန့်ယွီ စတုတ္ထနှစ်တွင် ဝေ့ဝမ်သည် မြို့ပေါင်း ၂၇ မြို့ကို ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး တကျန်း၏ မြောက်ပိုင်းနယ်မြေကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ သူ၏ဂုဏ်သတင်းက ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့သွားပြီ ခိုလှုံသူအများအပြားရောက်ရှိလာသဖြင့် တပ်သားသုံးသိန်းကျော်စုဆောင်းနိုင်ခဲ့သည်။

ယခုတွင် ကျင်းမင်းဆက်တစ်ခုတည်းကသာ တကျန်းကို တိုက်ခိုက်နေပြီး ရှေးဟောင်းဟန်မင်းဆက်က ကျင်းမင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံရမည်ကို ကြောက်သောကြောင့် ၎င်း၏ ခွန်အားကို ထိန်းသိမ်းရန် ခပ်လျှိလျှိုငြိမ်နေခဲ့သည်။

တကျန်း၏ မြောက်ပိုင်းဒေသတွင်၏အဆုံးမဲ့လွင်ပြင်သည်ထဲတွင်အဝါရောင်သဲများဖြင့် ပြည့်နှက်နေသည်။ မြို့ကြီးတစ်မြို့သာ ဤနေရာတွင် ထီးထီးမားမားတည်ရှိနေသည်။

မြို့ထဲက တစ်ခုသောခြံဝင်းထဲတွင်.....

ပင်းအန်းသည် ရေအိုးများကဲ့သို့ကြီးမားပြီး ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် နတ်သားရဲပုံစံများ ရေးထွင်းထားသည့် တူကြီးနှစ်လက်ဖြင့်ဆော့ကစားနေသည်။ ခြံဝင်စအတွင်းရှိ စစ်သားများသည် ၎င်းတို့ထံသို့ ချဉ်းကပ်ရန် မဝံ့မရဲဖြစ်ကာ မျက်နှာများမှာလည်း ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။

ကျုံးထျန်းဝူက သက်ပြင်းချလိုက်ပြီး.

"ဒီကောင်လေးက လေးလံတဲ့ နတ်လက်နက်တွေနဲ့ပဲ သင့်တော်တယ်"

ရှုထျန်းကျိ က....“ဒီနတ်ဆိုးလေးက သွေးကိုမြင်ပြီးကတည်းက ပုံမှန်မဟုတ်တဲ့ အရာတွေ ပိုဖြစ်လာတယ်။ တစ်ခါတလေ စစ်မြေပြင်မှာ ရန်သူကို လက်ဗလာနဲ့တောင် ဆွဲဖြဲပစ်တာ....."

ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော ကျန်းဇီယုက ပင်းအန်းကို ကြည့်နေရာကနေ ထိုင်နေသော သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတကိုလှည့်ကြည့်လိုက်သည်။

“ပင်းအန်းက ဒီလက်နက်ကိုအတော်သဘောကျနေတယ်....စျေးနှုန်းလေးပြောပါ....”

ထိုလက်နက်ကို ရွှေဖြင့်သာ တိုင်းတာတန်ဖိုးဖြတ်နိုင်သည်။

သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတသည် မုတ်ဆိတ်ငုတ်တိုကို ပွတ်သပ်လိုက်ပြီး.....

“ဒီလိုနတ်ဘုရားလက်နက်မျိုးက သန်မာတဲ့စစ်သူကြီးလက်ထဲမှာပဲရှိသင့်တာ...အဲ့တာကြောင့် ....ပိုက်ဆံပေးစရာမလိုပါဘူး...."

ကျန်းဇီယုက ပြုံးလိုက်ပြီး.... "ဒါဆို ဘာလိုချင်လဲ"

“ဟားဟား၊ ဝေ့ဝမ်က တကယ်ကို အထင်ကြီးစရာပဲ....ကောင်းပြီလေ တည့်တိုးပဲပြောကြတာပေါ့.....ဝေ့ဝမ် ကမ္ဘာကြီးကို အုပ်စိုးဖို့ ကူညီပေးချင်ပါတယ်..... ဝေ့ဝမ် နန်းတက်ပြီးရင် မင်းငါ့ကို သားလေးတစ်ယောက် ပေးနိုင်မယ်လို့ပဲ မျှော်လင့်တယ်..... အဲဒီနောက်၊ ငါသူ့ကို သိုင်းလောကရဲ့သန့်ရှင်းတဲ့မြေဆီ ခေါ်သွားလိုက်မယ်”

ကျန်းဇီယု တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် ချင်ဝမ် ရောက်ရှိလာပြီး.....

"သိုင်းလောကရဲ့ သန့်ရှင်းတဲ့နယ်မြေက လုံချီ ဘုရားကျောင်းနဲ့ ယှဉ်နိုင်လို့လား...."

လုံချီ ဘုရားကျောင်းဆိုတဲ့ စကားလုံးကို ကြားလိုက်တဲ့အခါ သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတရဲ့အမူအရာတွေကို့ရို့ကားယားဖြစ်ကုန်သည်။

“ရှေးဟောင်းဟန်မင်းဆက်ထက်တောင် အလွန်ဝေးကွာတဲ့နေရာက သန့်စင်တဲ့နယ်မြေကိုပြောတာ....ထားပါတော့..... ဝေ့ဝမ်၊ မင်းသဘောတူဖို့ အလျင်လိုနေစရာ မလိုဘူး။ ငါ မင်းနဲ့အတူ နှစ်အနည်းငယ်ကြာအောင်ရှိနေမှာပါ.... ငါ့ရဲ့ အရည်အချင်းနဲ့ ငါ့ရဲ့ စရိုက်လက္ခဏာကို နားလည်လာတဲ့အခါမှ သဘောတူဖို့ ဆုံးဖြတ်လည်းရပါတယ်.....”

ကျန်းဇီယုက ခပ်ဖျော့ဖျော့ပြုံးကာ.... "ကျုပ်သဘောမတူမှာကို မစိုးရိမ်ဘူးလား....."

သမုဒ္ဒရာလေးစင်း၏ပဏ္ဍိတက ဘူးသီးခြောက်ထဲက အရက်ကိုမော့သောက်လိုက်ပြီး ......

"မင်း သေချာပေါက် သဘောတူလိမ့်မယ်...ဒီကမ္ဘာက သိုင်းပညာထွန်းကားတဲ့ကမ္ဘာလေ.... တိုင်းပြည်အာဏာကို လက်ဆင့်ကမ်းချင်ရင် သိုင်းပညာကိုလည်းအမွေဆက်ခံရမယ်..... တကျန်းရဲ့တော်ဝင်မိသားစုမှာ နောက်ထပ် သိုင်းပညာ အမွေဆက်ခံသူရှိရင် ပိုမကောင်းဘူးလား..... "

ကျန်းဇီယုက သူ့ကို လေးလေးနက်နက် ကြည့်နေသည်။

မနီးမဝေးတွင်....

ရှုထျန်းကျိက... “ဒီလူကြီးက အချဉ်တော့မဟုတ်ဘူး ငါ သူ့ကို လုံးဝ ခန့်မှန်းလို့မရဘူး”

ကျုံးထျန်းဝူက ခေါင်းညိတ်ပြီး ....."မင်းနဲ့ငါပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"

တောမီးလောင်လျှင် တောကြောင် လက်ခမောင်းခတ်စမြဲမို့မည်သူ့ကိုမျှတထစ်ချယုံကြည်ဖို့မဖြစ်နိူင်ပေ..........

လုံချီ ဘုရားကျောင်းတွင်........

ကျန်းချန်ရှန်းသည် သစ်ပင်တစ်ပင်အောက်တွင် ဆေးဝါးများ သန့်စင်နေပြီး ပိုင်လုံကညသူ့နံဘေးတွင် ပျင်းရိစွာအိပ်စက်နေသည်။

လီကုန်းကုန်းသည် ကျန်းချန်ရှန်းနှင့် မလှမ်းမကမ်းတွင် ထိုင်ကာ....

"ဧကရာဇ်က မနှစ်ကတည်းက အရက်သောက်လိုက် မိန်းမလိုက်စားလိုက်နဲ့ တော်ဝင်တရားရုံးကို လျစ်လျူရှုထားတယ် ...ဒီအတိုင်းသာဆို ဝေ့ဝမ် နန်းတက်ဖို့ ပိုပြီးမျှော်လင့်လို့ရပြီ......"

ကျန်းချန်ရှန်းက ဆေးကျိုအိုးကိုသာ ဂရုတစိုက်ကြည့်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

သူစိတ်မဝင်စားတာကိုမြင်တော့ လီကုန်းကုန်းက စကားလမ်းကြောင်း လွှဲလိုက်ပြီး.....

"မကြာသေးမီက သိုင်းလောကမှာ ရန်ထျန်းကယ်ဆိုတဲ့အဖွဲ့တစ်ခုပေါ်လာတယ်.... သူတို့က နေရာတိုင်းမှာ သိုင်းပညာဂိုဏ်းတွေကို တိုက်ခိုက်ပြီး နတ်ဆိုးဂိုဏ်းနဲ့ တောင်ခုနစ်လုံးဂိုဏ်းတို့ကို ဖယ်ရှားလိုက်ပြီ..... ဒီအဖွဲ့ကို

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ဧကရာဇ် ယန်ကျောက်က တည်ထောင်ခဲ့ပြီး သိုင်းလောကကို ပေါင်းစည်းဖို့ ရည်မှန်းချက်ရှိတယ်လို့ ဆိုကြတယ်......"

ကျန်းချန်ရှန်း မျက်ခုံးပင့်လိုက်သည်။

"နတ်ဆိုးဂိုဏ်း မရှိတော့ဘူးလား?"

ဟွမ်းချွမ်က ရုတ်တရက် ပြေးလာပြီး....

"နတ်ဆိုးဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုလဲ။ နတ်ဆိုးသခင်ဘယ်မှာလဲ....."

လီကုန်းကုန်းက သူ့ကို လှည့်ကြည့်ပြီး ပခုံးတွန့်လိုက်ကာ....“ဟုတ်တယ် နတ်ဆိုးဂိုဏ်း မရှိတော့ဘူး.....နတ်ဆိုးသခင်က မသေသေးဘူးဆိုရင်တောင် အတော်အသက်ကြီးနေပြီမို့ မကြာခင်သေတော့မယ်ထင်တယ်......"

ထိုစကားကို ပြောပြီးနောက် လီကုန်းကုန်းက ကျန်းချန်ရှန်းကို ထပ်မံကြည့်ရှုပြီး.....

“ရန်ထျန်းကယ်က ပိုအားကောင်းလာတယ်.... အနာဂတ်မှာ လုံချီ ဘုရားကျောင်းကို ပစ်မှတ်ထားနိူင်တယ်...သူရဲကောင်းသချိုင်းရဲ့ဂုဏ်သတင်းက တကယ်ကို ကြီးမားလွန်းတာမို့ 'ကမ္ဘာ့နံပါတ်တစ်'ဆိုတဲ့ဂုဏ်ပုဒ်ကို မက်မောတဲ့ ပညာရှင်တွေရောက်လာနိုင်တယ်......"

ကျန်းချန်ရှန်းက ရယ်မောပြီး ....“ဒါဆို သူတို့ကို လာခိုင်းလိုက်ပါ.... အရမ်းမညံ့ဖျင်းဖို့တော့ မျှော်လင့်တယ်.."

All Chapters