← Chapters

သိုင်းလောက၏တိုက်ပွဲ...နတ်ဆိုးထွက်ပေါ်လာခြင်း.....

Vol. 4 Ch. 49

သိုင်းလောက၏တိုက်ပွဲ...နတ်ဆိုးထွက်ပေါ်လာခြင်း.....

Vol. 4 Ch. 49

ကျန်းချန်ရှန်းသည် ရန်ထျန်းကယ်နှင့် ဧကရာဇ်ယန်ကျောက်တို့ရောက်လာဖို့ အမှန်တကယ်မျှော်လင့်နေသည်။ ရှင်သန်ခြင်း

ဆုလာဘ်များ ပိုမိုရရှိန်ုင်ရန် စိန်ခေါ်သူများက လုံလောက်စွာ အားကောင်းမည်ဟုလည်း မျှော်လင့်ခဲ့သည်။

ရန်ထျန်းကယ်သည် မဟာယာနနဂါးမျှော်စင်ထက် ပိုမိုသန်မာမည်ဟုတ်ပေ။ မဟာယာနနဂါးမျှော်စင်သည် နှစ်တစ်ထောင်သက်တမ်းရှိ သန့်ရှင်းသောနယ်မြေဖြစ်ပြီး ရန်ထျန်းကယ်က နှစ်အနည်းငယ်သာ သက်တမ်းရှိသေးသည်။ရန်ထျန်းကယ်နှင့်နဂါးမျှော်စင်ကို နှိုင်းယှဉ်ကြည့်ခြင်းမှာ ဉာဏ်မဲ့သောအတွေးအခေါ်တခုပင်.....အခြေနေမတူသောကြောင့် ရလာမည့်ရှင်သန်ခြင်းဆုလာဘ်တန်ဖိုးလည်းတူနိုင်မည်မဟုတ်ပေ။

'အကယ်၍ တူနေခဲ့ရင် ဘာဖြစ်မလဲ.....'

ကျန်းချန်ရှန်းရဲ့နှလုံးတခုလုံး တင်းကျပ်လာသည်။

"မဟုတ်ဘူး၊ ရန်သူကိုလျှော့တွက်လို့မဖြစ်ဘူး....."

ကျန်းချန်ရှန်း အတွေးထဲနစ်မြောနေစဉ် လီကုန်းကုန်းက ဧကရာဇ်ယန်ကျောက်နှင့် ရန်ထျန်းကယ်အဖွဲ့အကြောင်း ဆက်လက်ပြောပြနေသည်။

ဟွမ်းချွမ်ကတော့ တွေဝေငေးငိုင်နေသော အမူအရာဖြင့် ဘေးမှ နားထောင်နေသည်။ သူ့အဘိုးကို စိတ်ပူနေမှန်း ထင်ရှားနေသည်။

လီကုန်းကုန်း ထွက်သွားပြီးနောက် ကျန်းချန်ရှန်းက....... "ချွမ်အာ၊ မင်းအဘိုးကို သွားရှာချင်တာလား"

ဟွမ်းချွမ် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

"ဆရာ....ကျွန်တော့်ကိုခွင့်ပြုမှာလား.."

ဟွမ်းချွမ်သည် ယခုချိန်တွင် အသက် 19 နှစ်ရှိပြီဖြစ်ပြီး၊ ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်နှင့် တစ်လှမ်းမျှသာ ဝေးကွာသော်လည်း ဤခြေလှမ်းကို သူ နားမလည်နိူင်သေးပေ။

ကျန်းချန်ရှန်းက အဆောင်စာရွက်နှစ်ခုကိုထုတ်ပြီး ဟွမ်းချွမ်းကို ပေးလိုက်ကာ...

“ခွင့်ပြုတယ်... ဒါပေမယ့် တခုတော့ သတိထား....ပြသာနာနဲ့ကြုံရင် စိတ်အေးးအေးထားပြီးဖြေရှင်းပါ....အပြင်လောကကိုရောက်သွားရင် ငါ မင်းကိုလာကယ်နိူင်မှာမဟုတ်ဘူး....."

အဆောင်စာရွက်နှစ်ရွက်ကြောင့် ဟွမ်းချွမ် အလွန်ဝမ်းသာသွားသည်။ထိုအဆောင်များ မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်းသိသဖြင့် ချက်ချင်း ဒူးထောက်လိုက်ပြီး ကျန်းချန်ရှန်းကို ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထိုနေ့တွင် ဟွမ်းချွမ်တစ်ယောက် အလျင်အမြန် တောင်ပေါ်မှ ထွက်ခွာသွားခဲ့သည်။

ညနေပိုင်းတွင်.........

ဝမ်ချန်းက သစ်ပင်အောက်တွင်အေးအေးလူလူတရားထိုင်နေသော ကျန်းချန်ရှန်ဆီရောက်လာပြီး.....

" ဆရာတော် .... မင်း သူ့လုံခြုံရေးအတွက် စိတ်မပူဘူးလား.....လီကုန်းကုန်းပြောတဲ့အတိုင်းဆို အပြင်မှာ ရန်ထျန်းကယ်က ပညာရှင်တွေခြေချင်းလိမ်နေလောက်ပြီ....."

ကျန်းချန်ရှန်းက မျက်လုံးတောင်မဖွင့်ဘဲ.....

“နတ်ဆိုးဂိုဏ်းက လက်နက်ချပြီးပြီ..... သူသာ အေးအေးဆေးအေးနေရင် ဘာပြသာနာမှရှိလာနိုင်မှာမဟုတ်ဘူး.....ဒီတစ်ခေါက် ခရီးထွက်တာ သူ့အတွက်အတွေ့အကြုံရသွားတာပေါ့.....ဘဝမှာ မြတ်နိုးစရာတွေရှိရင် နောင်တမရအောင်ထွေးပိုက်ထားသင့်တယ်....."

ဧကရီနှင့်ကျန်းယွမ် ကွယ်လွန်ပြီးနောက် ကျန်းချန်ရှန်းသည် ဘဝနှင့် သေဆုံးခြင်းအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။

သူသည် နှစ်ဘဝနေထိုင်ခဲ့ရသော်လည်း ယခင်ဘဝတွင် မိမိကိုယ်တိုင် သေဆုံးခြင်းသာ ကြုံတွေ့ခဲ့ရသည်။ ဤဘ၀တွင် သူသည် သေခြင်းတရားနှင့် ခွဲခွာခြင်းကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည်။ ဒီဘဝမှာ သူ့မိဘတွေနဲ့ ဆက်ဆံရေးက အားနည်းနေပေမယ့် တွေးမိလိုက်တိုင်း လွမ်းဆွေးနေရဆဲပင်.....

သူတောင် ဒီလိုခံစားနေရရရင် ငယ်ငယ်လေးကတည်းက နတ်ဆိုးသခင်ကို အားကိုးခဲ့တဲ့ ဟွမ်းချွမ်တစ်ယောက် ဘယ်လိုများခံစားနေရမလဲ .....

ကျန်းချန်ရှန်းသည် လုံလောက်စွာ သန်မာလာလျှင် ဆက်လက်အသက်ရှင်နေထိုင်နိုင်သည်။ သို့သော် ဟွမ်းချွမ်သည် အနှစ်တစ်ရာကျော် အသက်မရှင်နိုင်သော သေမျိုးသာဖြစ်သည်။

ဝမ်ချန်းက သက်ပြင်းချလိုက်ပြီး ဆက်မမေးတော့ပေ။ ထို့နောက် ပိုင်လုံကို လိုက်ရှာဖို့ လှည့်ထွက်လာခဲ့လိုက်သည်။

ပင်းအန်း၊ ရှုထျန်းကျိနှင့် ကျန်းဇီယုတို့အပြင် ယခုဆို ဟွမ်းချွမ်းကပါ တောင်ပေါ်ကဆင်းသွားခဲ့ကြပြီ.....ဝမ်လီနှင့်မင်ယွဲ့တို့သည် အရွယ်ရောက်ကြီးပြင်းလာကြသည့်အလျောက် ဘုရားကျောင်းအတွက် တာဝန်အသီးသီးထမ်းဆောင်နေကြသည်။

နောက်ဆုံးတော့လဲ ဒီခြံဝင်းထဲတွင် လူနှစ်ယောက်နှင့်မြွေတစ်ကောင်သာ ကျန်ရစ်ခဲ့ချေပြီ...

ကျန့်ယွီ စတုတ္ထနှစ်၏အောက်တိုဘာလတွင်.....

ဝေ့ဝမ်သည် တပ်သား ၄၀၀,၀၀၀ နီးပါးကို ဦးဆောင်ကာ ကျင်းမင်းဆက်၏ နယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ကျင်းမင်းဆက်က ဂရမ်းမာစတာလေးဦးကို စေလွှတ်ခဲ့ပေမယ့် ဝေ့ဝမ် လက်အောက်က ကျွမ်းကျင်သူတွေနဲ့ မယှဉ်နိုင်ဘဲ ခုခံကာကွယ်ဖို့သာ ကြိုးစားခဲ့သည်။

တလအတွင်းမှာပဲ ဝေ့ဝမ်ဟာ မြို့ခြောက်မြို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့သော တိုက်ပွဲရလဒ်သည် တကျန်း ပြည်သူပြည်သားများကို စိတ်လှုပ်ရှားစေခဲ့သည်။ ဧကရာဇ်သည် ထိုသတင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးကို ဖိတ်ခေါ်ပြီး အခမ်းအနားတစ်ခုကျင်းပခဲ့သည်။

ဝေ့ဝမ်၏ ခွန်အားက သူတို့ကို ထိတ်လန့်စေသဖြင့် ရှေးဟောင်းဟန်မင်းဆက် ဒီအတိုင်းငြိမ်မနေနိုင်တော့ပေ... ကျင်းမင်းဆက် ရှုံးနိမ့်ခဲ့လျှင် ၎င်းတို့၏ ရှုံးနိမ့်မှုသည်လည်းသိပ်ဝေးတော့မည်မဟုတ်ပေ။

ထို့ကြောင့် ကျင်းမင်းဆက်ကို ထောက်ပံ့ရန် ၎င်းတို့၏တပ်များကို စတင်စည်းရုံးခဲ့သည်။

ယခုနှစ်တွင် ဝေ့ဝမ် (ကျန်းဇီယု) သည် အသက် 18 နှစ်သာ ရှိသေးသည်။ အသက် 18 နှစ်တွင် တိုင်းပြည်ကို အန္တရာယ်မှ ကယ်တင်ခဲ့ပြီး အိမ်ရှေ့မင်းသားနှင့် အခြားမင်းသားများကို ရင်ဘောင်တန်းနိုင်နေပြီ.....

ရွှမ်ကျိုးပြည်နယ် မြောက်ဘက်ရှိ မြို့စောင့်တပ်တွင်.......

အိမ်ရှေ့မင်းသား ကျန်းဇီဟန်က ခန်းမအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်လာပြီး စစ်သားများနှင့်ဗျူဟာမှူးကို ဒေါသတကြီးကြည့်ကာ......

“ဝေ့ဝမ်ရဲ့ လက်အောက်မှာ အရည်အချင်းရှိတဲ့ ယောက်ျားတွေ အများကြီးရှိနေပြီး ငါ့လက်အောက်ငယ်သားတွေအားလုံးက ဘာလို့သုံးစားမရတဲ့သူတွေဖြစ်နေရတာလဲ.... ပင်းအန်းဆိုတဲ့ကောင်က တိုက်ပွဲတစ်ခုတည်းမှာတောင် လူတစ်သောင်းကို သတ်နိုင်တယ်.... မင်းတို့တွေက စောက်သုံးမကျတဲ့ကောင်တွေပဲ....."

အားလုံးက ကြောက်လန့်တကြား ငြိမ်ခံနေကြရသည်။

ယန်မိသားစုနှင့် ချန်မိသားစုတို့က ဝေ့ဝမ်အတွက် စစ်သားစုဆောင်းပြီး မြင်းများဝယ်ယူရန် ကူညီပေးနေကြောင်း သူတို့နားလည်နိုင်သော်လည်း ပင်းအန်း၊ ရှုထျန်းကျိ၊ ကျုံးထျန်းဝူ နှင့် အခြားကျွမ်းကျင်သူများ အဘယ်ကြောင့် ဝေ့ဝမ်လက်အောက်တွင်ခိုလှုံနေကြသနည်း။ အထူးသဖြင့် ပင်းအန်း.... ဒီလို ဘီလူးတစ်ကောင် ဘယ်ကရောက်လာတာလဲ......

"အရှင့်သား...စိတ်မပူပါနဲ့"

တံခါးအပြင်ဘက်မှ ရယ်သံတစ်ခုထွက်လာသည်။ ကျန်းဇီဟန်ကို ကာကွယ်ရန် စစ်သားများကို ဓားဆွဲထုတ်ကာ အသင့်ပြင်ထားကြသည်။

ရယ်သံပိုင်ရှင်က အဖြူနဲ့ အနက်ရောင်စပ်ထားသည့်ဝတ်စုံကို ၀တ်ဆင်ထားပြီး ရုပ်သွင်ကလည်းချောမောခန့်ညားသည်။ ခေါင်းပေါ်တွင် ငွေသရဖူကို ဆောင်းထားပြီး ပြုံးတုံ့တုံ့အမူအရာဖြင့် ခေါက်ယပ်တောင်တစ်ချောင်းကိုလည်းကိုင်ဆောင်ထားသည်။

ထိုသူကာ အနီးနားရှိ စစ်သားများကို လုံးဝ ဂရုမစိုက်ဘဲ ကျန်းဇီဟန်ကိုသာ စိုက်ကြည့်နေသည်။

ကျန်းဇီဟန်က မျက်မှောင်ကြုတ်ကာ “ ဘယ်သူလဲ” ဟု မေးသည်။

“တူလေးက ဒီဉီးလေးကို မေ့သွားပြီလား..... မင်း နဂါးမျှော်စင်ထဲကို ပထမဆုံးဝင်တုန်းက မင်းရဲ့ခေါင်းကိုတောင် ငါထိခဲ့သေးတယ်လေကွာ....."

ကျန်းဇီဟန် အံ့အားသင့်သွားသည်။ သူ့ရှေ့က စစ်သားတွေကို တွန်းထုတ်ပြီး ရှေ့ကို ပြေးသွားကာ စိတ်လှုပ်ရှားစွာနဲ့....

"ဆရာတူဉီးလေးက ဘယ်လိုဖြစ်ပြီးဒီကိုရောက်နေတာလဲ...."

ထိုသူသည် မဟာယာနနဂါးမျှော်စင်တွင် ဧကရာဇ်ကျန်းယွီနှင့် ပညာအတူသင်ခဲ့သည့် စီနီယာရဲ့ကျယ်ဖြစ်သည်။

“ဉီးလေးရောက်လာတာ သိပ်ကောင်းတာပဲ......ဉီးလေးရဲ့သိုင်းပညာစွမ်းရည်က တပည့်မျိုးဆက်တွေထဲမှာ အမြင့်ဆုံးဖြစ်ကြောင်း ခမည်းတော်က တစ်ကြိမ်ထက်မကပြောဖူးတယ်.....အခုလိုရောက်လာတာ ကျွန်တော့်ကို ကူညီဖို့လား....."

ကျန်းဇီဟန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုတ်တယ်....မင်းဆက်သုံးဆက်ရဲ့စစ်ပွဲဟာ မင်းဆက်တွေကြားက တိုက်ပွဲမဟုတ်တော့ဘဲ သိုင်းပညာတိုက်ပွဲဖြစ်နေပြီ.... မင်းလက်အောက်က စစ်ဗိုလ်ချုပ်တွေနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး....."

ကျန်းဇီဟန် ခေါင်းညိတ်လိုက်သည်။ ကျင်းမင်းဆက်တွင် ကျွမ်းကျင်သူများစွာရှိနေသည်ဟုလည်း ခန့်မှန်းထားမိသည်။

ကျန်းဇီဟန်က ရဲ့ကျယ်ကို ထိုင်ခုံနေရာပေးလိုက်ပြီး ဗျူဟာမှူးများနှင့်စစ်ရေးကိစ္စဆွေးနွေးဖို့ကို ရွှေ့ဆိုင်းလိုက်သည်။

“ဉီးလေး... သိုင်းပညာတိုက်ပွဲဆိုတာ ဘာလဲ.. ဘာကိုဆိုလိုတာလဲ....ကျင်းမင်းဆက်နဲ့ ရှေးဟောင်းဟန်မင်းဆက်ကရော မဟာယာနနဂါးမျှော်စင်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတာလား....."

ရဲ့ကျယ်က ခေါင်းခါလိုက်ပြီး “အရင်တုန်းကတော့ဟုတ်ခဲ့ပေမယ့် အခု မဟုတ်တော့ဘူး..... မျှော်စင်သခင်က နတ်ဘုရားကျင့်စဉ်တခုကို နားလည်ထားပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာ နှစ် ၄၀ ရှိပြီ...ဒါ့ကြောင့် အခြားသော သိုင်းပညာ ဂိုဏ်းဂဏတွေက ရှေးဟောင်းဟန်မင်းဆက်နဲ့ကျင်းမင်းဆက်တို့မှာ အခြေကုပ်ယူပြီး ကြီးစိုးနေကြတယ်.... နှစ်လေးဆယ်အတွင်း သိုင်းပညာစစ်ပွဲမှာ နဂါးမျှော်စင်က ပညာရှင်ပေါင်းများစွာသေဆုံးခဲ့ရတယ်.....ဒီအချိန်ဟာ နှစ်ပေါင်းရာနဲ့ချီအတွင်း နဂါးမျှော်စင်ရဲ့ အအားနည်းဆုံးအချိန်မို့ ဂိုဏ်းခွဲအချို့က တိုက်ခိုက်ဖို့ အခွင့်အရေးကို ရယူချင်ကြတာ.....”

ကျန်းဇီဟန်က မျက်မှောင်ကြုတ်ပြီး “နဂါးမျှော်စင်က အခြေအနေကို ပြောင်းလဲပေးနိုင်မလား”

"ဟုတ်တယ်..မင်းဆက်သုံးဆက်ရဲ့. စစ်မြေပြင်ကို ထောင်ချောက်အဖြစ် သုံးချင်တာကြောင့် စစ်မြေပြင်မှာ သူတို့ကို အနိုင်ယူမယ်... အဲ့ဒါတွေကို ငါတို့ဖြေရှင်းပြီးရင် နဂါးမျှော်စင်က မြို့တော်မှာရှိတဲ့ ဆူးတွေကို ဆွဲထုတ်လိမ့်မယ်.....”

ကျန်းဇီဟန် က အံ့သြစွာဖြင့် “မြို့တော်မှာ ဘယ်လိုဆူးတွေရှိလို့လဲ”

လုံချီ ဘုရားကျောင်းရဲ့ ဆရာတော်ချန်ရှန်းက အရှင်ယန်စယ်၊အရှင်ထျန်းကန်နဲ့ ကောင်းကင်စံအိမ်ရဲ့ လုပ်ကြံသတ်ဖြတ်သူ ဆယ့်သုံးယောက်တို့ကို မင်းအဖေရှေ့မှာတင် သတ်ဖြတ်ခဲ့တယ်.... မင်းအဖေလည်း အဲ့ဒီ့ကတည်းက သတ္တိတွေ ဆုံးရှုံးသွားပြီး အခုတော့ တစ်နေ့လုံး အပျော်အပါးရှာပြီး အရှုပ်အထွေးတွေကို နဂါးမျှော်စင်ကို လွှဲပေးချင်နေတယ်.....”

ထိုအကြောင်းကို ပြောနေစဉ် ရဲ့ကျယ်၏ အကြည့်များ အေးစက်သွားသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဤမျှကြီးမားသော အဖြစ်အပျက်မျိုး ဖြစ်ခဲ့သည်ကို မသိခဲ့သော ကျန်းဇီဟန်ကတော့ နှုတ်ဆိတ်နေခဲ့သည်။

စင်စစ်သော်ကား နဂါးမျှော်စင်၌ ပညာသင်ဖူးသဖြင့် အရှင်ယန်စယ်၏ တန်ခိုးအစွမ်းသတ္တိကို သူသိသည်။ အခြားသော ကျွမ်းကျင်သူများနှင့်အတူ လက်တွဲတိုက်ခိုက်ခဲ့သည့်တိုင် သူ့တို့ကို ဆရာတော်ချန်ရှန်း တစ်ယောက်တည်းက သတ်ပစ်ခဲ့သည်။

“သူက သိုင်းပညာအကျော်အမော်တစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်ကျော်ကြားမှုနဲ့အညီ နေထိုင်နေတယ်.... ကျန်းဇီယု က သူ့တပည့်ဖြစ်ပြီး သူ့အရည်အချင်းက ကျွန်တော့်ထက် မနိမ့်ဘူး” လို့ ကျန်းဇီဟန် က မနာလိုစိတ်အပြည့်နဲ့ ပြောခဲ့သည်။

ကျန်းဇီယုအဘယ်ကြောင့် သူ့ကို အမှီလိုက်နိုင်သည်ကို နားမလည်နိုင်ခဲ့ပေ။

ရဲ့ကျယ်က.... “ ဆရာတော်ချန်ရှန်းက တကယ့်ကို အစွမ်းထက်တဲ့ ပါရမီရှင်တစ်ဦးပါ.... ဆယ်စုနှစ်အနည်းငယ်အတွင်း ဒီလောက်အတိုင်းအတာအထိ ကြီးထွားလာခဲ့တဲ့ ပါရမီရှင်တစ်ဦးကို လက်လွှတ်လိုက်ရတဲ့အတွက် နဂါးမျှော်စင်အတွက် ဆုံးရှုံးမှုကြီးမားတယ်လို့ဆိုရမယ်....."

"နဂါးမျှော်စင်ကို ထိရဲမှတော့ သူသေရမယ်.... နောက်ကြောင်းပြန်လှည့်စရာ မရှိဘူး.... စစ်ပွဲပြီးဆုံးတဲ့အခါ မျှော်စင်သခင်က နဂါးမျှော်စင်တစ်ခုလုံးအတွက် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လိမ့်မယ်.... ပြီးတော့ တလောကလုံးနဲ့ သိုင်းလောကအတွက် ရွှေခေါတ်တစ်ခေါတ်ကို ထူထောင်ပေးလိမ့်မယ်......နဂါးမျှော်စင်မှာလည်း ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ပြင်ဆင်ထားတယ်....”

ကျန်းဇီဟန် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နောက်အသစ်တက်မည့်ဧကရာဇ်ဖြစ်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရဲ့ကျယ် စကားကိုကြားတော့ နားမလည်နိုင်သလို ခံစားလိုက်ရသည်။ သူသည် အနာဂတ်တွင် ရုပ်သေးဖြစ်လာမည်ဟု ခံစားရသော်လည်း နောက်ထပ်မမေးဝံ့ပေ။ ယခုအချိန်တွင် နဂါးမျှော်စင်ကို ခုခံရန် အခွင့်အရေးမရှိပေ။

"လုံချီ ဘုရားကျောင်းကို ဖျက်ဆီးပြီးရင် ဒီလူယုတ်မာကျန်းဇီယုကို ကျွန်တော်

ကိုယ်တိုင် ကိုင်တွယ်နိုင်မှာပါ....... ....."

ကျန်းဇီဟန်၏စကားသံထဲတွင် သတ်ဖြတ်

ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။ ကျန်းဇီယု ကို ငယ်ငယ်ကတည်းက မုန်းတီးခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့မုန်းတီးမှုက ပိုပြင်းထန်လာသည်။

ကျန့်ယွီ ၅ နှစ်မြောက်တွင် အိမ်ရှေ့စံမင်းသားသည် ရှေးဟောင်းဟန်မင်းဆက်ဆီသို့ စစ်တပ်ကို ဦးဆောင်ကာ အောင်ပွဲသတင်းကို စီရင်စု ၁၃ ခုထံ ပေးပို့နိူင်ခဲ့သည်။

တကျန်းတွင် အန္တရာယ်ကြုံလာသောအခါတွင် မင်းသားနှစ်ပါးသည် အလံကိုယ်စီကိုင်ဆောင်ကာ တိုင်းပြည်အတွက်ကြိုးစားတိုက်ခိုက်ပေးသည့်အဖြစ်က ကမ္ဘာပေါ်ရှိလူတိုင်းကို အံ့အားသင့်ပြီး စိတ်ခံစားမှုများမြင့်တက်စေခဲ့သည်။ ဤသည်မှာ နဂါးနှစ်ကောင် ရောက်ရှိလာခြင်းနှင့် တကျန်း၏ ကြွယ်ဝခြင်း လက္ခဏာဖြစ်သည်ဟု စာပေလောကမှပညာရှင်များက တင်စားရေးဖွဲ့ခဲ့ကြသည်။

လုံချီ ဘုရားကျောင်းတွင်မူ..........

ကျန်းချန်ရှန်းနှင့် အခြားနှစ်ယောက် လက်ဖက်ရည်သောက်နေကြသည်။

လီကုန်းကုန်းက..... “မဟာယာန နဂါးမျှော်စင်ဘက်က လှုပ်ရှားနေပြီထင်တယ်.... အိမ်ရှေ့မင်းသားမှာ ကျုံးထျန်းဝူထက်တောင် အားကောင်းတဲ့ကျွမ်းကျင်သူတွေ ရှိတယ်..ဒါ့ကြောင့်လဲ ရှေးဟောင်းဟန်မင်းဆက်က ဂရမ်းမာစတာသုံးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တာပေါ့.... နဂါးမျှော်စင်က လုံချီ ဘုရားကျောင်းကိုလာမထိသေးဘဲအိမ်ရှေ့မင်းသားကိုထောက်ပံ့နေတယ်ဆိုတော့....တွေးရခက်ခက်ပဲ....."

ဝမ်ချန်းက..... "မဟာယာနနဂါးမျှော်စင်က ဆရာတော်ကိုကြောက်လို့ ဘေးကအကိုင်းအခက်တွေကို အရင်ရှင်းပစ်ချင်နေတဲ့သဘောလား....."

လီကုန်းကုန်းက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။

ကျန်းချန်ရှန်းကလည်း သက်ပြင်းချလိုက်ပြီး....

"ဘာလို့များအချိန်ကုန်ခံနေကြတာလဲမသိဘူး...အကြီးဆုံးကိုတောင်သတ်နိုင်မှတော့ ပမွှားလောက်လေးတွေကိုအေးဆေးသတ်နိုင်တယ်....နဂါးမျှော်စင်က လူဘယ်နှစ်ယောက်လာလာ တစ်ယောက်ချင်းစီ သတ်ပစ်မှာပဲကို......"

လီကုန်းကုန်း က ပြုံးပြီး “ဒီလိုဉာဏ်ကောင်းခဲ့ကြလို့လဲ နဂါးမျှော်စင်ကအနှစ်တစ်ထောင် ရပ်တည်နိုင်ခဲ့တာပေါ့..... မဟာယာနနဂါးမျှော်စင်ကို ရှင်းပစ်ဖို့ မင်းမှာယုံကြည်မှုရှိလား......"

ကျန်းချန်ရှန်း က လက်ဖက်ရည်ခွက်ကို စိုက်ကြည့်ရင်း “ကျွန်တော့်မှာ ယုံကြည်မှု တစ်ဝက်လောက်ရှိတယ်.....”

လီကုန်းကုန်းသည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး ပြုံးလိုက်မိသည်။

“မဟာယာနနဂါးမျှော်စင်ကို ဖြုတ်ချနိုင်ရင် ကွယ်လွန်သသူဧကရာဇ် အရမ်းပျော်နေမှာ.... နဂါးမျှော်စင်ရဲ့ထိန်းချူပ်မှုမရှိတော့ရင် တကျန်းကပိုပြီးတိုးတက်လာတော့မှာ....."

သူသည် ဘဝတစ်လျှောက်လုံး ကျန်းယွမ်ကိုသာ သစ္စာစောင့်သိခဲ့သည်။ ယခုတော့ သူသည် သေခြင်းတရားကို လုံးဝ မကြောက်တော့ဘဲ စောင့်မျှော်နေခဲ့ရချေပြီ......

ဝမ်ချန်ကလည်း မဟာယာန နဂါးမျှော်စင် တည်ရှိမှုကို သိလာကတည်းက အလွန်မုန်းတီးနေသူဖြစ်သည်။ မဟာယာနနဂါးမျှော်စင်က သူ့ဘဝသက်တမ်းတစ်ဝက်လောက်ကို လူရယ်စရာဖြစ်အောင် ထိန်းချူပ်ခဲ့သည့်အတွက် အခုလိုမုန်းတီးနေခြင်းဖြစ်သည်။

ကျန်းချန်ရှန်းက.... "ချွမ်အာ ပြန်မလာသေးဘူးလား..... လီကုန်းကုန်း၊ ကျုပ်ကို ချွမ်အာရဲ့သတင်းတွေစုံစမ်းပေးပါဉီး.... "

လီကုန်းကုန်းက ခေါင်းညိတ်ပြီး ချက်ချင်း သဘောတူလိုက်သည်။

လီကုန်းကုန်း ထွက်သွားပြီးနောက်ကျန်းချန်ရှန်းက ပိုင်လုံ ကို ကြည့်လိုက်သည်။ ပိုင်လုံသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်နံရံတစ်ခုလို မြေဝိညာဉ်သစ်ပင်အောက်တွင် ကုပ်တွယ်ထားသည်။

ပိုင်လုံ၏ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်တော့ ဝိဉာဉ်စွမ်းအားများပြည့်နှက်နေသည်ကိုတွေ့လိုက်ရသည်။

ဤကမ္ဘာပေါ်တွင် နတ်ဆိုးသားရဲများရှိသော်လည် ဘသိုင်းပညာကို နက်နဲစွာ နားလည်မှု မရှိကြပေ။ ထို့ကြောင့် နယ်ပယ် ခွဲထားမှန်းတောင် မသိကြပေ။

ဝမ်ချန်းက ကျန်းချန်ရှန်းကြည့်နေ့သည့်ဆီ ကြည့်လိုက်ပြီး "ဆောင်းရာသီ မဟုတ်ပေမယ့် တစ်လလောက် အိပ်နေတာ....တစ်ခုခုဖြစ်နေတာများလား...?"

“အဆင်ပြေပါတယ်...စောင့်ကြည့်ကြတာပေါ့.....”

နေဝင်ရီတရောအချိန်တွင်......

ကျန်းချန်ရှန်း တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ သူ့အကြည့်တွေက စူးရှလာသည်။

ဒါလူသားတွေရဲ့အော်ရာမဟုတ်ဘူး.....

နတ်ဆိုးတွေများလား.....

ကျန်းချန်ရှန်း၏ ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ သူမော့ကြည့်လိုက်တော့ မြို့တော်ရဲ့မြောက်ဘက် သစ်တောထဲမှာ အနက်ရောင်လေပြင်းနှင့်တူသော နတ်ဆိုးချီဘောလုံးကို တွေ့လိုက်ရသည်။

ဤအငွေ့အသက်က အလွန်ပြင်းထန်ပြီး သာမန်မြင့်မြတ်သောနယ်ပယ်မှ ကျွမ်းကျင်သူများကို ကျော်လွန်နေပြီဖြစ်သည်။ အရေးကြီးဆုံးကတော့ သာမန်လူတွေက ဒါကို လုံးဝ မမြင်နိုင်ခြင်းပင်.....

နတ်ဆိုးအော်ရာတွေရဲ့အောက်မှာ အဖွဲ့တစ်ဖွဲ့က ရထားလုံးများနှင့် မြို့တော်ဆီသို့ ကုန်ပစ္စည်းများ သယ်ဆောင်လာကြသည်။

All Chapters